← Chapters

အပိုင်း (၁၂၀)

Vol. 9 Ch. 120

အပိုင်း (၁၂၀)

Vol. 9 Ch. 120

နေ့ခင်းဘက်အချိန် ဖြစ်သည်ဖြစ်သည်ဆိုလျှင်တောင်မှ ရှစ်ကွမ်းယွမ်သည် ပျော်ရွှင်စွာဖြင့် အရက်သေစာ သောက်စားလျက်ရှိနေ၏။ ယခင်က ဆုံးရှုံးခဲ့သမျှ အရာအားလုံး ပြန်လည်ကာ ရရှိခဲ့သကဲ့သို့ပင် ခံစားနေမိလေ၏။ “ရှမ့်လန်... မင်းက ဒါနဲ့ ထိုက်တန်တဲ့ကောင်ပဲ။ ဟား ဟား ဟား ဟား ဟား”

ထိုအချိန်မှာတော့ ရှမ့်လန်သည် ရုတ်တရက် ထကာ အော်ဟစ်လိုက်၏။ “ရွှမ်ဝူမြို့က လူတွေ ခင်ဗျားတို့ မြင်တယ်နော်။ ခင်ဗျားတို့အတွက် ကျုပ် ဒါတွေအကုန်လုံးကို လုပ်ခဲ့ပြီးပြီ”

ပြီးနောက် ရှမ့်လန်သည် နောက်ဘက်သို့ လန်ကျကာ သတိလစ် မေ့မျောသွားခဲ့၏။ သူ့အနေနှင့် အပို သရုပ်ဆောင်နေခြင်း မဟုတ်ချေ။ ထိုသို့ ဟန်ပါပါ သရုပ်ဆောင်မှသာလျှင် သူ၏ ကြိုးစားထားမှု၊ အနစ်နာခံထားမှုများသည် အားလုံးသောသူတို့၏ စိတ်ထဲတွင် ပိုမို ကြီးကျယ်မြင့်မြတ်လာမည် မဟုတ်ပါလား။

ရှစ်မိသားစုသည် နောက်ဆုံးမှာတော့ ရွှမ်ဝူအိမ်တော်၏ ပိုင်နက်ထဲတွင် ရှိနေသော အလုပ်သမားပေါင်း များစွာတို့၏ ပိုးအိမ်များကို စတင်ကာ ဝယ်ယူခဲ့၏။ ဟုတ်ပေ၏။ မူလဈေးနှုန်း၏ ၆၀ ရာခိုင်နှုန်းသာလျှင် ရှိ၏။ သို့သော်လည်း တောင်သူများသည် မျက်ရည်အဝိုင်းသားနှင့် ရောင်းချခြင်းကိုသာ ပြုလုပ်ရ၏။

အရေးအကြောင်းအခြေအနေမျိုးတွင် ရှစ်ချင်းချင်းသည် လှုပ်ရှားမှုကို ပြုလုပ်ခဲ့သေး၏။ သူမသည် ရုတ်တရက် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ခြင်းပင် ဖြစ်၏။ ကီလိုဂရမ် သုံးသိန်းကိုသာလျှင် ဝယ်ယူခြင်းဖြစ်ပြီး ကျန်သည့်အရာများကို နောက်မှ ထပ်မံဆွေးနွေးမည်ဟူသည့် အကြောင်းအရာပင်။ ထိုအရာကို ကြားသည့် အချိန်မှာတော့ အားလုံးသောသူတို့က စိုးရွံ့သွားမိ၏။

“ကီလိုဂရမ် သုံးသိန်းတဲ့လား”

ရွှမ်ဝူအိမ်တော်သည် ပိုးအိမ် ကီလိုဂရမ် ၃ သန်းနီးပါးခန့်ကို ထုတ်ဖော်ထားခဲ့ခြင်း ဖြစ်၏။ ယခုသည် နည်းနည်းလေးပင် ဖြစ်သည်။

ရှစ်ချင်းချင်းက ပြောလိုက်၏။ “စိတ်မပူနဲ့။ ကျန်တဲ့ပိုးအိမ်တွေကို ကျွန်မတို့ ဝယ်ပါ့မယ်။ ဒါပေမဲ့ သမက်တော် ရှမ့်လန်နဲ့ ဆွေးနွေးစရာ ရှိသေးတယ်”

သူမ၏ ဆိုလိုရင်းက ရှင်းလင်းလွန်းလှချေ၏။ ရှမ့်လန်အနေနှင့် ပူးပေါင်းမည်ဆိုပါက သူမသည် ကျိန်းသေပေါက် သဘောတူညီမှာ ဖြစ်၏။ အားနည်းမှုကို အခွင့်အရေးယူပြီး ဆက်တိုက်ဆိုသလို ဖိနှိပ်တိုက်ခိုက်ခြင်းပင် ဖြစ်၏။ တစ်သက်မှာ တစ်ကြိမ်ရသည့် အခွင့်အရေးမျိုးကို ကောင်းကောင်းအသုံးချနေခြင်းပင်။

ဟုတ်ပေ၏။ ရှစ်ချင်းချင်းသည် ရှမ့်လန်အား ကျိန်းသေပေါက် နှိပ်စက်ချင်နေ၏။ ရှမ့်လန်ကို သေမလို ခံစားရစေချင်သည်။

သတိမေ့ဟန်ဆောင်လျက်ရှိနေသည့် ရှမ့်လန်သည် အမှတ်မထင် တီးတိုးရေရွတ်လိုက်မိ၏။ “အင်း ... တကယ်ကို အံ့အားသင့်စရာ အခြေအနေမျိုးပဲ”

....

ပိုးအိမ် ကီလိုဂရမ် ၃ သိန်းကျော်ကို ဝယ်ယူခဲ့ပြီးပြီဖြစ်၏။ သူတို့သည် ၄၀ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်၏။ ရှစ်ကွမ်းယွမ်သည် တကယ်ပင် ပျော်ရွှင်လျက်ရှိနေ၏။ ရှမ့်လန်ကို နင်းချေနိုင်သည် သာမကပဲ ရွှမ်ဝူအိမ်တော်၏ မျက်နှာကို ပိတ်ရိုက်ခဲ့ခြင်းလည်း ဖြစ်၏။ ထို့ပြင် သူတို့သည် များပြားလွန်းသော ငွေကြေးများကို အမြတ်အစွန်းအဖြစ် ရရှိခဲ့သေးသည်။

ပြီးနောက်မှာတော့ ရှစ်ကွမ်းယွမ်သည် ကျန်သော ပိုးအိမ်များကို ၃၀ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ထပ်မံဝယ်ယူရန် စဉ်းစားခဲ့၏။ တကယ့်ကို ကြီးမားလွန်းသည့် အခွင့်အရေးနှင့် အကျိုးအမြတ်ပင်။ အတိတ်က ဆုံးရှုံးခဲ့သည့် အရာအားလုံးသည် တစ်နေ့တည်း ပြန်လည်ကာ ရရှိခဲ့ခြင်းပင်။

“ဟား ဟား ဟား ဟား ဟား။ ပိုးအိမ်ထည့်ထားတဲ့ ခြင်းတွေအကုန်လုံးကို သေသေချာချာ စစ်ဆေးကြ။ ရှမ့်လန်ဆိုတဲ့ကောင်က ဆိုးယုတ်တဲ့ကောင်။ သတိထားကြ။ ခြင်းတစ်ခုစီတိုင်းမှာ ရှိတဲ့ ပိုးအိမ် ၁၀ ခု ၁၀ ခုတိုင်းကို စစ်။ လက်ရာခြေရာ ပျက်နေတာမျိုး ရှိရင် ချက်ချင်း ဖယ်ရှားမယ်။ ဒီပိုးအိမ်ထဲမှာ အဆိပ်တွေ ဘာတွေ ထည့်ထားနိုင်တယ်။ အဆိပ်တွေလည်း သုတ်ထားနိုင်တယ်”

အလုပ်သမားပေါင်း ၁၀၀၀ကျော် တို့သည် မြို့စားအိမ်တော်မှ ရောက်ရှိလာခဲ့သည့် ပိုးအိမ်အားလုံးကို သေသေချာချာ စစ်ဆေးလျက်ရှိနေ၏။

ခြင်းတစ်ခုချင်းစီတိုင်းတွင် ပိုးအိမ်ပေါင်း ၁၀၀၀ ကျော်ခန့်ရှိ၏။ ထိုထဲတွင် နှစ်ခုသုံးခုလောက်သာလျှင် အဖြူရောင်ဖော့စဖရပ်စ် ထည့်ထားခြင်း ဖြစ်၏။ ထို့ကြောင့် စစ်ဆေးခံရရန်ဆိုသည်မှာ အလွန်ပင် နည်းပါးလွန်းလှ၏။ ရွေးချယ်ခံရသည်ဆိုလျှင်၊ ရွေးချယ်ကြည့်မိသည်ဆိုလျှင်တောင်မှ ဘာမှထူးထူးခြားခြား ရှာတွေ့လိမ့်မည် မဟုတ်ချေ။ ပိုးအိမ်သည် ယခင်အတိုင်း တည်ရှိနေသောကြောင့်ပင်။ မျက်နှာပြင်တွင်လည်း ဘာမှထူးထူးခြားခြား ပြုလုပ်မထားချေ။

“အင်း.. ကြုံရာပိုးအိမ်တစ်ရာကို ဆွဲထုတ်လိုက် ပြီးတော့ သေသေချာချာ အထဲကို ဖွင့်ကြည့်လိုက်”

ရှစ်ကွမ်းယွမ်၏ အမိန့်ကို လိုက်နာပြီးသည့်နောက် ပိုးအိမ် တစ်ရာကျော်တို့သည် ပိုင်းဖြတ်ဖွင့်လှစ်ခြင်းကို ခံရ၏။ အထဲတွင် ပုံမှန်အတိုင်း တည်ရှိနေ၏။ မည်သည့်အဆိပ်မှ မရှိသလိုမျိုး၊ မည်သည့် ထူးခြားချက်မှလည်း မရှိချေ။

အဖြူရောင် ဖော့စဖရပ်စ်များ ပါဝင်သည့် ပိုးအိမ်များသည် ရွေးချယ်ခြင်းကို မခံရချေ။ ရွေးချယ်ခြင်းခံရမည် ဆိုလျှင်တောင်မှ အထဲတွင် ရှိနေသည့် အရာများကို သေချာမြင်ရမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုတော့ ရှမ့်လန်နှင့် မူလန်တို့သည် ပိုးအိမ်၏ အသားအတွင်းပိုင်းဆီသို့ အဖြူရောင်ဖော့စဖရပ်စ်များကို ထည့်သွင်းထားခြင်း ဖြစ်သောကြောင့်ပင်။

ရှစ်ကွမ်းယွမ်နှင့် တခြားသောသူများသည် အဆိပ်ဖြစ်မည်ကို တွေးခဲ့ကြ၏။ အဖြူရောင်ဖော့စဖရပ်စ်ဟု တွေးလိမ့်မည် မဟုတ်ချေ။ ဤလောကကြီးတွင် မရှိသည့်အရာဖြစ်သောကြောင့်ပင်။

“သခင်ကြီး.. ဒီပိုးအိမ်တွေက ဘာမှမှားယွင်းနေပုံမပေါ်ဘူး” အလုပ်သမားတစ်ယောက်က လှမ်းကာပြောလိုက်၏။

ရှစ်ကွမ်းယွမ်က ပြောလိုက်သည်။ “ဒါဆိုရင် ဒါတွေအားလုံးကို မြို့ရဲ့အပြင်ဘက်မှာ ရှိနေတဲ့ အလုပ်ရုံတွေဆီကို ပို့လိုက်တော့။ သိုလောင်ခန်းအသီးသီးမှာ ခွဲပြီးတော့ ထားလိုက်ကြ”

“ကောင်းပါပြီ”

ပိုးအိမ်ပေါင်း တစ်ထောင်ကျော်တို့သည် ရှစ်မိသားစု၏ အလုပ်ရုံများဆီသို့ ပေးပို့ခြင်းကို ခံခဲ့ရ၏။ မတူညီသည့် သိုလှောင်ခန်းများအသီးသီးတွင် ပိုးအိမ်များကို အဆင့်အတန်းလိုက် ခွဲကာဖြင့် သိမ်းဆည်းထားခဲ့၏။ ရှစ်မိသားစု၏ ကြီးမားသည့် အလုပ်ရုံကြီးသည် မူတစ်ရာနီးပါးခန့်ပင် ကျယ်ပြော၏။ ပိုးအိမ်ပေါင်း သန်းနှင့်ချီကို အသုံးပြုကာဖြင့် ပိုးမျှင်များ ရက်လုပ်လျက်ရှိနေ၏။

ယခုပြုလုပ်နေသော စီးပွားရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံထားသည့် ရှစ်မိသားစု၏ ငွေကြေးပမာဏသည် ရွှေဒင်္ဂါးတစ်သိန်းနီးပါးခန့်ပင် ဖြစ်၏။ တကယ်ကို များပြားလွန်းသည့် ပမာဏမျိုးပင် ဖြစ်လေသည်။

အလုပ်ရုံတစ်ခုလုံးတွင် အလုပ်သမားများနှင့် ပြည့်နှက်လျက်ရှိနေပြီး ဆူဆူညံညံဖြင့် အလုပ်လုပ်လျက်ရှိနေကြ၏။ ကြီးမားသည့် ရေနွေးအိုးများကို ဆူပွက်အောင် ကြိုလျက်ရှိနေ၏။ ဝန်ထမ်းပေါင်း တစ်ရာကျော်တို့သည် နေ့နေ့ညည အလုပ်များလျက် ရှိနေ၏။

ဤနှစ်ပိုင်းအတွင်း အလုပ်ရှုပ်ဆုံးအချိန်ဟူ၍ သတ်မှတ်နိုင်ပြီ ဖြစ်၏။ သူတို့ကဲ့သို့သော အလုပ်သမား များသည် နွေရာသီနှင့် ဆောင်းဦးရာသီတို့တွင် တကယ်ကို အလုပ်များကြသည် မဟုတ်ပါလား။ ထို့ပြင် အချိန်ကာလက နည်းပါးလျက်ရှိနေသည်မို့ မြန်မြန်ဆန်ဆန် အလုပ်လုပ်ရပေမည်။

သိုလှောင်ခန်းထဲတွင် ရှိနေသည့် အပူချိန်သည် တဖြည်းဖြည်းနှင့် တိုးလာခဲ့၏။ ညသို့ ရောက်သည့် အချိန်မှာတော့ ၅၀ ဒီဂရီဆဲလ်စီးရပ်စ်ခန့်ပင် ပိုမိုကာ တိုးတက်လာခဲ့ပြီး တချို့သောနေရာမျိုးတွင် ၆၀ ဒီဂရီ ဆဲလ်စီးရပ်စ်ထက် ပိုမိုကာ တိုးလာ၏။ ပြောရမည်ဆိုလျှင် ထိုထဲတွင် သိမ်းဆည်းထားခဲ့သည့် ပိုးအိမ်များထဲမှ တချို့သည် ရှမ့်လန်နှင့် မူလန်တို့ ထည့်သွင်းထားသည့် အဖြူရောင်ဖော့စဖရပ်စ်များ ပါဝင်လျက်ရှိနေသည်။

အလုပ်ရုံတစ်ခုလုံးကလည်း သက်ဝင်လှုပ်ရှားစွာဖြင့် အလုပ်များလျက်ရှိနေ၏။ သိုလှောင်ရုံ၏ အတွင်းဘက်တွင် ရှိနေသည့် တစ်ခုတည်းသော အခန်းသည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေ၏။ ထိုအရာကြီးသည် မပေါက်ကွဲခင် ငြိမ်သက်နေသော ဗုံးကြီးကဲ့သို့ပင်။

ဖူး ...။

ပိုးအိမ်များထဲမှ တစ်ခုအတွင်းရှိ အဖြူရောင်ဖော့စဖရပ်စ်များက စတင်ကာ အသက်ဝင်လာခဲ့၏။ ရုတ်တရက် အစိမ်းရောင်မီးညွှန့်တစ်ခုသည် ထိုပိုးအိမ်ပေါ်တွင် ပေါ်ထွက်တောက်ပလာခဲ့လေ၏။ ပြီးသည့်နောက် တဖြည်းဖြည်းနှင့် စတင်ကာ ကျွမ်းလောင်တော့၏။ သိုလှောင်ခန်းထဲတွင် ရှိနေသည့် ပိုးအိမ်ပေါင်း တစ်သောင်းကျော်ခန့်သည် စတင်ကာ မီးလောင်ကျွမ်းခဲ့ပြီ ဖြစ်၏။ တကယ့်ဖျက်ဆီးခြင်းအစစ်အမှန်သည် စတင်လေပြီ။

ပိုးအိမ်များသည် မီးစွဲလောင်သည့်အရာမျိုး ဖြစ်၏။ ဝါးခြင်းများမှာလည်း မီးစွဲလောင်လေ၏။ သိုလှောင်ရုံထဲတွင် ရှိနေသည့် ထောက်တိုင်များ၊ အမိုးများသည်ကလည်း မီးစွဲလောင်သည့်အရာပင် ဖြစ်၏။ ထို့ကြောင့် မီးသည် ပြင်းပြင်းထန်ထန်နှင့် တောက်လောင်လျက် ရှိနေ၏။ ခဏအတွင်းမှာပင် သိုလှောင်ရုံတစ်ခုလုံးသည် မီးညွှန့်မီးတိုင်များဖြင့် တောက်ပစွာ ဖြစ်တည်နေခဲ့ပြီ ဖြစ်၏။

“မီး၊ မီးလောင်နေပြီ။ မီး၊ မီး”

ပထမဦးဆုံး ထိုအရာကို ရှာဖွေတွေ့ရှိသည့် အလုပ်သမားသည် ချက်ချင်းပဲ ထကာ အော်ဟစ်လိုက်သည်။

“မြန်မြန် မြန်မြန် မီးငြိမ်း၊ မီးငြိမ်း၊ မီးငြိမ်းကြဟေ့”

သိုလှောင်ရုံထဲတွင် အရာအားလုံး လိုအပ်လျှင် လိုအပ်ပေလိမ့်မည်။ သို့ပေမည့် ရေကတော့ ပေါများလွန်း၏။ နေရာအနှံ့တွင် ရေများ တည်ရှိနေ၏။

မကြာခင်မှာပဲ အလုပ်သမားပေါင်းများစွာတို့သည် ရေပုံးများကို သယ်ဆောင်ကာဖြင့် ရောက်ရှိလာခဲ့ပြီး မီးများကို ငြိမ်းသတ်ရန် ကြိုးစားခဲ့ကြ၏။ သိုလှောင်ရုံ၏ နံရံသည် ရွှံ့ဖြင့် ပြုလုပ်ထား၏။ ထို့ကြောင့် ထိုအရာကို မီးလောင်ရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။ သေသေချာချာ ငြိမ်းသတ်မည်ဆိုပါက မီးသည် မကြာခင် ငြိမ်းသတ်သွားမှာ သေချာသည်။

သို့ပေမည့် သိုလှောင်ရုံနှင့် မီတာ ၁၀၀ အနီး၌ ထူးဆန်းသည့် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာခဲ့၏။အလုပ်သမားနှစ်ယောက်တို့သည် သိုလှောင်ရုံထဲတွင် တည်ရှိနေသည့် ပိုးအိမ်ထည့်ထားသည့် ခြင်းတစ်ခုကို သယ်ဆောင်ကာဖြင့် ခပ်ဝေးဝေးဆီသို့ ပို့လိုက်ကြ၏။ သို့ပေမည့် ရုတ်တရက် ဆိုသလိုပဲ ထိုအရာဆီမှ အစိမ်းရောင်မီးညွှန့်တစ်ခုက ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။

ထိုအရာသည် တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ထွက်ပေါ်သွားသကဲ့သို့ပင် အဖြူရောင် အငွေ့လေးများနှင့် ထွက်ခွာသွားခဲ့ခြင်း ဖြစ်၏။

ရေပုံးကို သယ်ကာ မီးငြိမ်းသတ်ရန် ပြင်ဆင်နေသည့် တခြားသော အလုပ်သမားများသည်လည်း ထိုအရာကို လှမ်းကာ မြင်လိုက်ရ၏။ ချက်ချင်းဆိုသလိုပဲ သူတို့သည် ကြက်သီးမွှေးချင်းများ ထသွားခဲ့ကြသည်။

“သရဲ၊ သရဲ၊ သရဲဗျို့ သရဲ၊ သရဲ”

မီးငြိမ်းသတ်ရန် ရောက်ရှိလာခဲ့သည့် လူပေါင်းများစွာတို့သည် ထိုအရာကို မြင်ပြီးသည့်နောက် ကြောက်လန့် တကြားဖြင့် ထကာ ထွက်ပြေးကြ၏။ ထို့ကြောင့် မီးကို မငြိမ်းသတ်နိုင်တော့ချေ။ အားလုံးသောသူတို့သည် လစာရရှိသောကြောင့် လာရောက်ကာ အလုပ်လုပ်ကြခြင်း ဖြစ်၏။ ထို့ကြောင့် အလုပ်ရှင်၏ ဆုံးရှုံးမှုကို မည်ကဲ့သို့ ထည့်ကာ တွက်ချက်မည်နည်း။

“သရဲ၊ သရဲ၊ သရဲ၊ အားလုံး ပြေးကြ၊ ပြေးကြ၊ ပြေးကြတော့ဟေ့။ အခုချိန်မှာ မပြေးဘူးဆိုရင် နောက်ကျသွားလိမ့်မယ်”

အလုပ်သမားပေါင်း တစ်ရာကျော်တို့သည် အလုအယက်ပင် ထွက်ပြေးကြတော့၏။ ၎င်းတို့သည် သိုလှောင်ရုံထဲမှ ထွက်ခွာသွားခဲ့ကြ၏။ အပြင်ဘက်တွင် လုံခြုံလျက်တော့ ရှိနေသေး၏။ အဘယ်ကြောင့်ဆိုသော် နံရံများက မြင့်မားသောကြောင့်ပင်။ ထိုအရာများသည် သူခိုးဝင်လာခြင်းကို တားဆီးရန်အတွက် ပြုလုပ်ထားခဲ့သည့် နံရံများ ဖြစ်၏။ ထို့ကြောင့်ပင်လျှင် အထဲတွင် ရှိနေသည့် မီးများသည် အပြင်ဘက်သို့ ကူးစက်မလာခြင်းပင်။

အလုပ်ရုံ၏ အပြင်ဘက်တွင် အလုပ်သမားပေါင်း ရာချီတို့သည် မတ်မတ်ရပ်လျက် ရှိနေကြ၏။ ဆောင်းဦး၏ လေပြေသည် တိုက်ခတ်လျက်ရှိနေ၏။ အလုပ်ရုံအား လောင်ကျွမ်းလျက်ရှိနေသည့်မီးသည် ကြမ်းကြမ်းတမ်းတမ်းဖြင့် လောင်ကျွမ်းလျက် ရှိနေ၏။ အချိန်အတိုင်းအတာတိုအတွင်း ဧက ရာနှင့်ချီ ကျယ်ဝန်းသော အလုပ်ရုံကြီးတစ်ခုလုံးသည် မီးပင်လယ်ကြီးဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ထိုကဲ့သို့ ကြီးမားလွန်းသည့်မီးကို မည်သူမှ ငြိမ်းသတ်နိုင်စွမ်း မရှိတော့ချေ။

များပြားလွန်းသည့် ပိုးအိမ်များ၊ အထဲတွင် ရှိနေသည့် ပိုးချည်မျှင်များ၊ ထို့အပြင် ပိုးထည်များ .... များပြားလွန်းလှချေ၏။ အရာအားလုံးတို့သည် ကျွမ်းလောင်ခြင်း ခံခဲ့ရ၏။ ဤအလုပ်ရုံကြီးတစ်ခုလုံးကို ဖန်တီးတည်ဆောက်ရန် အတွက် ရွှေဒင်္ဂါးတစ်သိန်းကျော် ကုန်ကျခဲ့၏။

အလုပ်သမားရာချီတို့သည် ကြောက်လန့်မှုများနှင့် ပြည့်နှက်လျက် ရှိနေ၏။ ဤတစ်ကြိမ်တွင် ရှစ်မိသားစု ခေါင်းဆောင်သည် ဒုက္ခရောက်လေပြီ။ ထို့အတူ သူတို့သည်လည်း ဒုက္ခရောက်ပြီ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အလုပ်ရုံမရှိလျှင် သူတို့လည်း အလုပ်ရှိလိမ့်မည် မဟုတ်ချေ။

“ဝိညာဉ်မီး၊ ဝိညာဉ်မီး။ ဒါက သရဲရှို့သွားတဲ့မီးပဲ”

“ကြားဖူးတာက ဒီနေရာက အရင်တုန်းက သင်္ချိုင်းကုန်းကြီးတဲ့။ ဒါကြောင့် သရဲတွေက လာပြီး လက်စားချေတာပဲ ဖြစ်မယ်”

“ငါ့မျက်လုံးနဲ့ ဝိညာဉ်ထွက်သွားတာကို သေသေချာချာ မြင်လိုက်ရတယ်” အလုပ်သမားပေါင်း တစ်ရာကျော်တို့သည် သေသေချာချာ ဆွေးနွေးလျက်ရှိနေ၏။ မြင်ခဲ့ရသည့် ဝိညာဉ်၏ အကြောင်းကို တခုတ်တရ ပြောဆိုလျက် ရှိနေ၏။ တော်တော်များများတို့သည် ထိုအစိမ်းရောင်မီးတောက်ကြီး၏ ဝိညာဉ်ကို မြင်လိုက်ကြ၏။

ရုတ်တရက် အလုပ်သမားတစ်ယောက်က ပြောလိုက်သည်။ “အင်း၊ အနံ့လေးက ကောင်းလိုက်တာ။ ဗိုက်တောင် ဆာလာပြီ”

အားလုံးသောသူတို့သည် အနံ့ခံကြည့်လိုက်၏။ ဟုတ်ပေ၏။ ပိုးအိမ်ထဲတွင် ပိုးလောင်းများတည်ရှိနေခဲ့၏။ ထိုအကောင်များသည် မီးမြိုက်ခြင်းကို ခံရပြီးနောက် မွှေးပျံ့သည့်အနံ့များ ထွက်ပေါ်လာခဲ့ခြင်းပင်။ ဤအလုပ်သမားများသည် အကြင်နာတရားကင်းမဲ့လွန်းလှ၏။

အလုပ်ရုံ၏ စီမံခန့်ခွဲသူဖြစ်သော ရှစ်ကွမ်းယွမ်၏ အတိုင်ပင်ခံသည် ထိုမြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ ခြေထောက်တစ်ခုလုံး ပျော့ခွေသွားခဲ့၏။ သူသည် သေးထွက်ကျလု မတတ်ပင် ဖြစ်နေသည်။ “သွားပြီ၊ သွားပြီ။ အားလုံးသွားပြီပဲ။ မြန်မြန် ... မြို့ထဲကို သွားပြီးတော့ မိသားစုခေါင်းဆောင်ကို သတင်းပို့လိုက်တော့”

ပြီးနောက် အလုပ်ရုံ၏ အစောင့်ဒါဇင်ကျော်တို့သည် မြင်းများကို စီးနင်းကာဖြင့် ရှစ်မိသားစု၏ အိမ်တော်ရှိရာသို့ အသော့နှင်၏။

ရွှမ်ဝူအိမ်တော်၏ အမြင့်ဆုံးသော နေရာထက်တွင် ရှမ့်လန်သည် ညစာစားရင်း စောင့်ကြည့်လျက်ရှိနေ၏။ သူသည် အကောင်းဆုံးသော ပွဲကို၊ အကောင်းဆုံးသော ထိုင်ခုံတွင် ထိုင်ကာ ကြည့်ရှုရန် စီစဉ်ထားသည်။

လက်ဖက်ရည်ခွက်ကို အသာကိုင်ပြီးသည့်နောက် သစ်ကြားသီးကိုလည်း ကိုက်ခွာလျက် ရှိနေ၏။ ပွဲကြီး ပွဲကောင်းကို ကြည့်ရှုရန် စောင့်မျှော်နေခြင်းဆိုသည်မှာ အချိန်မည်မျှ ကြာမြင့်မြင့် စိတ်အားတက်ကြွလျက် ရှိနေစေ၏။

နှစ်နာရီကျော် ကြာမြင့်ပြီးနောက် အနောက်ဘက် ကောင်းကင်ယံတစ်ခုလုံး၌ မီးတောက်၏ အရောင်များ ထွက်ပေါ်လာခဲ့၏။ အလွန်ကြီးမားသည့် မီးလောင်ကျွမ်းမှုသည် တကယ်ကို ကြည့်ရှု၍ ကောင်းလှသည်။

မိုင် ၂၀ အကွာအဝေးမျှ ကွာခြားသည်ဆိုလျှင်တောင်မှ သူသည် ထိုအရာကို သေသေချာချာ မြင်နိုင်၏။ သပ်ရပ်လွန်းသည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် မူလန်သည်လည်း ဘေးတစ်ဖက်မှ ကြည့်ရှုလျက်ရှိသည်။ ရှမ့်လန်သည် ဘေးတစ်ဖက်ဆီသို့ အသာကပ်သွားပြီး တရှုံ့ရှုံ့နှင့် အနံ့ရှူလိုက်၏။ သူ့မိန်းမ၏ ကိုယ်သင်းနံ့သည် မွှေးပျံ့လွန်းလှချေ၏။

ရှမ့်လန်၏ လက်သည် မူလန်၏ ခါးသေးသေးလေးပေါ်သို့ ရောက်သွားခဲ့၏။ မူလန်က မငြင်းပယ်ချေ။

ရှမ့်လန်၏ လက်က တဖြည်းဖြည်းနှင့် အောက်သို့ ကျဆင်းသွားခဲ့၏။ မူလန်က မငြင်းပယ်သေးချေ။

ရှမ့်လန်၏ လက်သည် အရေးကြီးဆုံး တည်နေရာဆီသို့ ရောက်ရှိသွားခဲ့၏။ မူလန်က မငြင်းပယ်သေးချေ။

ဤအရာမှာ ထုံးစံ မဟုတ်ချေ။ ရှမ့်လန်သည် သေချာကြည့်ရှုလိုက်သည်။ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်နှက်လျက် ရှိနေသည်ကို မြင်လိုက်ရ၏။ သူမသည် ရှစ်မိသားစုကို ကိုယ်ချင်းစာနာသောကြောင့် မျက်ရည်များ ကျဆင်းနေခြင်း မဟုတ်ချေ။ ဖျက်ဆီးခြင်းကို မုန်းတီးသောကြောင့်ပင်။

မည်သူလုပ်ခဲ့သနည်း။

မည်သူလုပ်ခဲ့သည်ပဲဖြစ်ဖြစ် ပြန်လည်တည်ဆောက်ဖို့ ဆိုသည်မှာ လွယ်ကူသည့်အရာ မဟုတ်ချေ။ အရာအားလုံး ကျွမ်းလောင်သွားခဲ့သည်ကို မြင်ရသည်မှာ နှလုံးကွဲအက်စရာပင် ဖြစ်၏။ ရှမ့်လန်သည် သူ၏လက်ကို တဖြည်းဖြည်းဖြင့် သူ့မိန်းမ၏ ခါးအထက်ဆီသို့ ပြန်လည်ကာ တင်လိုက်၏။

မူလန်သည် သူ၏လက်ကို အသာဆွဲကိုင်လိုက်သည်။

“မိန်းမ... ဘာပဲဖြစ်ဖြစ် ငါတို့ အသက်ရှင်သန်ခဲ့ပြီ”

ရှမ့်လန်က အသာပြောလိုက်၏။ “ဒီလောကကြီးထဲမှာ အသက်ရှင်သန်မှုထက် ပိုပြီး အရေးကြီးတဲ့အရာဆိုတာ ဘာမှမရှိဘူး။ ကောင်းမွန်တဲ့ ရည်မှန်းချက် ရှိတယ်ဆိုရင်တောင်မှ အရင်ဦးဆုံး အသက်ရှင်အောင် လုပ်ရမယ်”

“ကျွန်မသိပါတယ်”

မူလန်က ပြောလိုက်သည်။ “ဒါပေမဲ့ ကျွန်မ ဝမ်းနည်းနေတယ်”

ရှမ့်လန်သည် မူလန်၏ နဖူးကို အသာနမ်းရှိုက်ကာ ပြောလိုက်၏။ “ငါ့မိန်းမက အရမ်းအားကောင်းတယ်လေ။ မင်းရဲ့ ယောက်ျားကလည်း တစ်ခါတစ်လေမှာ ပြတ်သားရမှာပေါ့”

မူလန်က ပြောလိုက်သည်။ “အင်း.. အနာဂတ်မှာ ကျွန်မရဲ့ ဒီလိုပျော့ညံ့တဲ့ ပုံစံမျိုးကို ရှင် ပိုပြီး မြင်ရတော့မှာပေါ့”

ဤအရာသည် သူမ ပြုလုပ်မိသည့် အကြီးမားဆုံးသော ပေါက်ကွဲမှုတစ်ခုသာလျှင် ဖြစ်၏။ အားကောင်းလှသည့် လူတစ်ယောက်သည် အဘယ်ကြောင့် အားနည်းသွားရမည်နည်း။ အဖြေမှာ ရိုးရှင်းလွန်းလှချေ၏။ မှီခို၍ ရသည့် လူတစ်ယောက် ပေါ်လာသောကြောင့်ပင်။

.................

ရှစ်ကွမ်းယွမ်သည် စားပွဲကြီးကို ပြင်ဆင်လျက်ရှိနေ၏။ ယခင်တုန်းက ရှစ်ချင်းချင်းနှင့် ကျန်းကျင်းတို့၏ စေ့စပ်ပွဲသည် တကယ်ကို ကြီးကြီးမားမား ပြုလုပ်ခဲ့ခြင်း ဖြစ်၏။ ရွှမ်ဝူမြို့၏ စီးပွားရေးသမားတစ်ယောက် ဖြစ်သော်လည်း ရှစ်မိသားစုနှင့် ပတ်သက်သည့် အမျိုးအဆွေများနှင့် မိတ်ဆွေအပေါင်းအသင်းအားလုံးတို့သည် ထိုစေ့စပ်ပွဲသို့ တက်ရောက်ရန်အရည်အသွေး မပြည့်မီခဲ့ချေ။

မူလအားဖြင့် သူတို့သည် စေ့စပ်ပွဲပြီးသည့်နောက် တကူးတက ဖိတ်ကြားကာ ထပ်မံကျွေးမွေးရန် စီစဉ်ထားခဲ့၏။ ထိုအတိုင်းပင် ယနေ့ည၌ စားပွဲကို ပြုလုပ်ခဲ့လေ၏။

ရှမ့်လန်ကို အနိုင်ရရှိခဲ့ပြီးသည့်နောက် သူတို့သည် ကျိန်းသေပေါက် ကြီးမားသည့် စားပွဲကြီးတစ်ခုကို ပြင်ဆင်ရမှာ ဖြစ်၏။ ရှစ်မိသားစုခေါင်းဆောင် သည် ချမ်းသာကြွယ်ဝသော ကုန်သည်များကို ဖိတ်ကြားကာ ဧည့်ခံ ကျွေးမွေးလျက် ရှိနေလေ၏။ ယနေ့.. ထိုခွေးသူတောင်းစားလေး ရှမ့်လန်သည် ကျိန်းသေပေါက် ဒုက္ခရောက်ခဲ့ရပြီ ဖြစ်သည်။

“အင်း.. ရှမ့်လန် ဒီနေ့ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကို ခင်ဗျားတို့တွေ မြင်ခဲ့တာ မဟုတ်လား။ သူ ဦးညွှတ်ရုံတင် မကဘဲ ရှစ်မိသားစုကိုလည်း တောင်းပန်ခဲ့ရတယ်။ သူ့စာအုပ်ထောင်ကျော်ကိုလည်း သူ့လက်နဲ့သူ မီးရှို့ခဲ့ရတယ်။ ဒီမြင်ကွင်းက တကယ်ကို စိတ်ကျေနပ်စရာပဲ။ အင်း.. အဲ့ခွေးကောင်လေး တစ်ခါတည်းတောင် မေ့မျောသွားခဲ့ သေးတယ်”

“ရွှမ်ဝူအိမ်တော်ကို ပြန်ပြီး သယ်သွားတဲ့အချိန်မှာ လမ်းမှာ သွေးအန်ခဲ့တယ်လို့တောင် ကြားခဲ့တယ်။ အင်း၊ ဒီရှစ်ဆရာကြီးကို ကြည့်၊ ငွေကြေးအမြတ်အစွန်းတွေ အများကြီးရအောင် လုပ်နိုင်ခဲ့တာပဲ။ ပိုးအိမ် သုံးသိန်း ကီလိုဂရမ်ကို ၄၀ ရာခိုင်နှုန်း လျှော့ဈေးနဲ့ ဝယ်ယူနိုင်ခဲ့တယ်ဆိုတာ ဒီလောက်ကောင်းတဲ့ စီးပွားရေး ဒီလောကကြီးထဲမှာ ဘယ်လိုလုပ် ရှိမှာလဲ”

ရှစ်ကွမ်းယွမ်သည် ပြုံးကာ ပြောလိုက်၏။ “ဒါ ဘာကိစ္စကြီးလဲ။ ကျန်တဲ့ အရာတွေအားလုံးကို ကျုပ်က ၃၀ ရာခိုင်နှုန်းနဲ့ ထပ်ဝယ်အုံးမှာ”

ပြောပြောပြီးချင်းမှာပဲ အားလုံးသောသူတို့သည် မနာလိုဝန်တိုစွာဖြင့် လှမ်းကာ ကြည့်မိခဲ့၏။ ရှစ်သခင်ကြီးသည် အစိုးရနှင့် မိတ်ဖက်အဖြစ် ပြုလုပ်ထားခဲ့၏။ ထို့ကြောင့် တကယ်ကို ကောင်းမွန်သည့် အခွင့်အရေးများ ရရှိနေခဲ့ခြင်းပင်။ အဆုံးမဲ့သော တွင်းထဲသို့ ငွေကြေးများ စီးဝင်သွားသလိုပင် အားလုံးသောသူတို့က ထင်မှတ်မိကြ၏။ ငွေကြေးနှင့် အာဏာပေါင်းစပ်ခြင်းသည် တကယ်ကို အစစ်အမှန် ဩဇာအာဏာပင် ဖြစ်သည်။

All Chapters