အပိုင်း (၁၂၂)
Vol. 9 Ch. 122
ရှစ်ချင်းချင်း၏ စကားသည် အမှန်ပင် မှန်ကန်လွန်းလှချေ၏။ အိမ်ရှေ့စံသည် သူတို့အား လက်ရေးလှ စာတမ်း ပေးပို့ကာ ဂုဏ်ပြုခဲ့၏။ ထိုအရာသည် ရှစ်မိသားစု၏ တန်ဖိုးအကြီးဆုံးအရာ ဖြစ်၏။ ဦးထိပ်ထားရမည့် အရာမျိုးဖြစ်ပြီး ထိုအရာကသာလျှင် ဂုဏ်သိက္ခာ ဖြစ်၏။ ဂုဏ်သိက္ခာကိုရရှိရန် ဆိုသည်မှာ လွယ်ကူ၏။ သို့ပေမည့် ထိန်းသိမ်းထားရန် ဆိုသည်ဆိုသည်မှာတော့ ခက်ခဲ၏။
ရှစ်ချင်းချင်းသည် အသာပင် ပြောလိုက်သည်။ “အဖေ အခွင့်အရေး ရှိပါသေးတယ်။ ကျွန်မတို့ရဲ့ အလုပ်ရုံက မီးလောင်ကျွမ်းသွားပြီ။ ဒါပေမဲ့ ပြန်ပြီး တည်ဆောက်လို့ရသေးတယ်။ ရှမ့်လန်က ကျွန်မတို့ရဲ့ အလုပ်ရုံကို ဖျက်ဆီးခဲ့တယ်။ ဒါပေမဲ့ အနာဂတ်မှာ ကျွန်မတို့ လက်စားချေနိုင်သေးတယ်။ ကျွန်မတို့ရဲ့ အဓိကအခြေခံက ထိုက်ချူးစီရင်စုတစ်ခုလုံးပဲ။ ကျွန်မတို့ရဲ့နောက်ခံက အုပ်ချုပ်ရေးမှုရုံးပဲ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ဂုဏ်သိက္ခာ ပျက်စီးသွားပြီဆိုရင် ဘာမှ လုပ်လို့ရမှာ မဟုတ်တော့ဘူး။ အားလုံး ပြီးသွားလိမ့်မယ်”
ထိုအချိန်မှာတော့ ရှစ်ကွမ်းယွမ်သည် ပြန်လည်ကာ သတိရလာခဲ့၏။ သူ၏ သမီးပြောဆိုသည်မှာ အမှန်ပင် ဖြစ်၏။ အထူးသဖြင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် သူတို့၏ ဟန်ချက်ကို ပျက်ယွင်းသွားစေ၍ မဖြစ်ချေ။
ရှစ်ချင်းချင်းက ပြောလိုက်၏။ “အချိန်က အရမ်းကို ကပ်နေပြီ။ ပို့ဆောင်ရမယ့်နေ့ကလည်း နီးလာပြီ မဟုတ်လား။ ကျွန်မတို့ရဲ့ ကိုယ်ပိုင် ပိုးထည်ဆိုင်တွေမှာ ရောင်းချလို့ မဖြစ်နိုင်တော့ဘူး။ ရှိသမျှပစ္စည်းအားလုံးကို ဝယ်ယူပြီးတော့ ကုန်သည်တွေ လက်ထဲကို အရောပို့မှ ဖြစ်လိမ့်မယ်”
ရှစ်ကွမ်းယွမ်က ပြောလိုက်သည်။ “သမီး ပြောတာ မှန်တယ်။ မှန်တယ်။ အင်း .. ဘာဆက်လုပ်သင့်တယ်လို့ ထင်လဲ”
ရှစ်ချင်းချင်းက ပြောလိုက်၏။ “အင်း.. လင်းဝူဆီက အလုပ်ရုံတွေ ငှားရမှာပေါ့။ သူ့ရဲ့ အလုပ်ရုံတွေက မြေနေရာ ကြီးကြီးမားမား မဟုတ်ပေမဲ့ လုံလောက်ပါတယ်။ တူညီတဲ့ ရန်သူတစ်ယောက်ရှိနေတယ်ဆိုမှတော့ ကျွန်မတို့က သူနဲ့ ပူးပေါင်းပြီး အလုပ်လုပ်လို့ရတယ်လေ။ သူ ကျွန်မတို့ကို ကူညီမှာ သေချာတယ်”
ရှစ်ကွမ်းယွမ်က ပြောလိုက်သည်။ “သမီး.. ပြဿနာမရှိဘူး။ ဒါဆိုရင် ငါ လင်းဝူဆီကို ကိုယ်တိုင် သွားတွေ့လိုက်မယ်”
“မလိုပါဘူး”
အနောက်ဘက်ဆီမှ လင်းဝူ၏ အသံက ထွက်ပေါ်လာခဲ့၏။ “ကျုပ် ကျိန်းသေပေါက် ငှားမှာပေါ့။ ကျုပ်ရဲ့ အလုပ်ရုံတွေကို ရှစ်မိသားစု ကြိုက်သလို အသုံးပြုဖို့ ခဏပေးထားမယ်”
ရှစ်ချင်းချင်းသည် ရှေ့ဆီသို့ လှမ်းတက်ကာ ဦးညွှတ်လိုက်သည်။ “သူဌေးလင်း... ဒါက စကားလုံးနဲ့ ထုတ်ဖော် ပြောဆိုလို့မရတဲ့ ကျေးဇူးတရားပါပဲ”
လင်းဝူက ပြောလိုက်၏။ “ကျုပ်တို့က တူညီတဲ့ ရန်သူရှိနေတာပဲ။ အခုချိန်မှာ အတူတူ ပူးပေါင်းထားသင့်တာပေါ့”
ရှစ်ကွမ်းယွမ်သည် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။ “ဒီအရေးကိစ္စတွေ ပြီးသွားရင် ကျုပ်တို့ အတူတူ ပူးပေါင်းပြီးတော့ ရှမ့်လန်ဆိုတဲ့ မိစ္ဆာကောင်ကို သတ်ပစ်ရမယ်။ ကျုပ်တို့ သူ့ကို အရေခွံခွာမယ်။ အကြောတွေကို လှီးဖြတ်ပစ်မယ်။ သူ့ရဲ့ မိသားစုတစ်ခုလုံးကိုလည်း သတ်ပစ်မှ ဖြစ်မယ်”
လင်းဝူ၏ မျက်နှာတစ်ခုလုံးက တုန်ယင်သွားခဲ့၏။ သူသည် အံကိုကြိတ်ကာဖြင့် ပြောလိုက်၏။ “ဟုတ်တယ်။ သူ့ရဲ့ မိသားစုတစ်ခုလုံးကို သတ်ပစ်မှ ဖြစ်မယ်။ ဒီခွေးကောင်လေးရဲ့ မိသားစုတစ်ခုလုံးကို သတ်ပစ်မှ ဖြစ်မယ်”
သူဌေးလင်း၏ ရှမ့်လန်အပေါ်တွင် ထားရှိသော အမုန်းတရားသည် ရှစ်ကွမ်းယွမ်ထက် မည်သို့မှ မနိမ့်ကျချေ။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်သည် သူ့၏သားကို အကွက်ချပြီး သူ့သား၏ အနာဂတ်တစ်ခုလုံးကို ဖျက်ဆီးလုနီးပါး ပြုလုပ်ခဲ့သည် မဟုတ်ပါလား။ သို့ပေမည့် သူသည် ထိုကဲ့သို့ ကြိမ်းဝါးနေသည်ဆိုလျှင်တောင်မှ အနည်းငယ် စိုးရိမ်လျက်တော့ ရှိနေသေးသည်။
ရှမ့်လန်.. ဤကောင်လေးသည် ရက်စက်လွန်းလှချေ၏။ ရှစ်ကွမ်းယွမ်ကို ဆိုးဆိုးရွားရွား ဒုက္ခရောက်အောင် ပြုလုပ်ခဲ့၏။ သူ့အလှည့် မည်သည့်အချိန်တွင် ရောက်ရှိလာမည်မှန်း မသိနိုင်ချေ။ ထို့ကြောင့် သူသည် ရှစ်ကွမ်းယွမ်ကို ကူညီပြီး ဤအရေးကိစ္စကို ကျော်ဖြတ်မှ ဖြစ်ပေလိမ့်မည်။ ယခု အလုပ်ရုံကို ငှားရမ်းလိုက်၏။
ရှစ်မိသားစုသည် ပိုမိုအရေးကြီးမားသည့် ကိစ္စရပ်ကို ပြုလုပ်ရန် လိုအပ်လျက်ရှိနေသေး၏။ ပိုးအိမ်ပင်။ ပိုးအိမ်သာ မရှိပါက ပိုးချည်များကို မည်ကဲ့သို့ ထုတ်ယူမည်နည်း။ ဤနှစ်တွင် ရှစ်မိသားစုသည် ထျန်းနန်စီရင်စုတစ်ခုလုံးတွင် ရှိနေသည့် ပိုးအိမ်များအားလုံးကို မောင်ပိုင်စီးထားခဲ့၏။ ယခု ပိုးအိမ်များအားလုံး မီးလောင်သွားခဲ့ပြီ ဖြစ်၏။ တခြားသော စီရင်စုများဆီသို့ သွားရောက်၍ ဝယ်ယူရန် မဖြစ်နိုင်တော့ချေ။
ဝယ်ယူနိုင်ခြင်း၊ မဝယ်ယူနိုင်ခြင်းကလည်း အရေးမကြီးတော့ချေ။ အဓိကသော့ချက်သည် အချိန်မရှိ သောကြောင့်ပင်။ တောင်ဘက်နိုင်ငံများနှင့် အနောက်ဘက်နိုင်ငံများဆီမှ ကုန်သည်များ ရောက်ရှိလာတော့မည် ဖြစ်၏။ ထိုလူအားလုံးသည် စရံငွေများကို ပေးအပ်ထားခဲ့ပြီး ဖြစ်၏။ ရှစ်မိသားစုသည်သာ ပိုးထည်များကို ထုတ်ပေးနိုင်ခြင်း မရှိပါက သူတို့၏ လက်ထဲတွင် ရှိနေသည့် ရွှေရောင်ဆိုင်းဘုတ်က ပျက်စီးသွားမည်ဖြစ်ပြီး သူတို့၏ ဂုဏ်သိက္ခာသည်လည်း ကြီးကြီးမားမား ဆုံးရှုံးမှာ ဖြစ်၏။
ထို့အပြင် စရံငွေများကို အဆပေါင်းများစွာ ပြန်လည်ကာ လျော်ကြေးပေးရမှာ ဖြစ်၏။ ရှစ်မိသားစု၏ လယ်ယာမြေနှင့် အိမ်များကို ရောင်းချပြီးသည် ဆိုလျှင်တောင်မှ လုံလောက်လိမ့်မည် မဟုတ်ချေ။ ယခု ပိုးအိမ်များ ရရှိရန် နေရာတစ်ခုတည်းသာလျှင် ရှိတော့၏။ ထိုအရာသည် ရွှမ်ဝူအိမ်တော်ပင်။ ၎င်းတို့၏ လက်ထဲတွင် ပိုးအိမ် ကတ်တီ သုံးသန်းနီးပါးခန့် ရှိနေ၏။ ဤပမာဏသည် မများလှဘူး ဆိုလျှင်တောင်မှ လက်ရှိ လိုအပ်လျက်ရှိနေသည့် ပမာဏနှင့်တော့ ကိုက်ညီလျက်ရှိနေသည်။
ရှစ်မိသားစုသည် ထိုအရာကို မြန်မြန်ဆန်ဆန်ဖြင့် သွားရောက်ကာ ဝယ်ယူမည် ဆိုလျှင်တောင်မှ အမြတ်အစွန်း များများ ရရှိလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ အမြတ်အစွန်းက လက်ရှိအခြေအနေ၌ အရေးမကြီးတော့ပေ။ အရေးကြီးသည်မှာ ဂုဏ်သိက္ခာတရားပင် ဖြစ်၏။ ပစ္စည်းများကိုသာ အချိန်ကိုက် ပေးအပ်နိုင်သည်ဆိုပါက မည်သည့်ဈေးနှုန်းကို ပေးရပေးရ သူတို့ ပေးရပေမည်။
ရှစ်ကွမ်းယွမ်နှင့် ရှစ်ချင်းချင်းတို့သည် သူတို့၏သွေးများ အေးစက်သွားသလိုပင် ထပ်မံကာ ခံစားလိုက်ရ၏။ သူတို့သည် ရှမ့်လန်ကို ထပ်မံကာ သွားရောက်တွေ့ဆုံရတော့မည် ဖြစ်၏။ သို့ပေမည့် ဤတစ်ကြိမ်မှာတော့ ရှမ့်လန်ကို တောင်းပန်ရန် ဖြစ်လာခဲ့ပြီ။
ဝဋ်လည်ခြင်းကလည်း မြန်ဆန်လွန်းလှချေသည်တကား။
ဟိုခွေးသူတောင်းစား ရှမ့်လန်သည် ဤမျှရက်စက်သနည်း။ သို့သော်ငြား ရက်စက်လွန်းလှသော ရှမ့်လန်ဆီသို့ သွားပြီး သူတို့ တောင်းပန်ရပေတော့မည်။ သိုးတစ်ကောင်အနေနှင့် ကျားခံတွင်းပေါက်ထဲသို့ လှမ်းဝင်သွားခြင်းနှင့် ဘာခြားနားတော့မည်နည်း။ သို့ပေမည့် ဤတစ်ကြိမ်မှာတော့ သိုးပင် မဟုတ်တော့ချေ။ စဉ်းတီတုံးပေါ်သို့ ရောက်ရှိနေသည့် အသားကဲ့သို့ပင်။
ရှစ်ကွမ်းယွမ်က ပြောလိုက်၏။ “အင်း ... ကျန်းကျင်း ဘယ်ရောက်သွားလဲ”
ရှစ်ချင်းချင်းက ပြောလိုက်သည်။ “သူ အရေးကြီးကိစ္စရှိလို့ ထွက်သွားတယ်”
ကျန်းကျင်းသည် အရေးကြီးကိစ္စများကို သွားရောက်ကာ ပြုလုပ်လျက် ရှိနေ၏။ သူသည် သူ၏အဖေနှင့်အတူ လိုက်ပါပြီး ကျန်းပေနယ်စားဆီသို့ သွားနေခြင်း ဖြစ်၏။ ၎င်းတို့သည် ရွှမ်ဝူအိမ်တော်ကို နေရာအနှံ့ဆီမှ တိုက်ခိုက်ရန် စီစဉ်လျက်ရှိနေ၏။ ကျန်းပေနယ်စားသည် နောက်ကွယ်ဆီမှ ပံ့ပိုးခြင်းသာမက ပြောင်ကျကျ ပံ့ပိုးရန်လည်း သူတို့က မျှော်လင့်လျက်ရှိ၏။
ရှစ်ချင်းချင်း၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်လျက်ရှိသည်။ “အဖေ.. ရှမ့်လန်ဆီသို့ သွားပြီး ကျန်တဲ့ ပိုးအိမ်တွေ ရောင်းပေးဖို့ သွားပြောရတော့မယ်”
ရှစ်ကွမ်းယွမ်သည် နာကျင်မှုဖြင့် မျက်လုံးကို မှိတ်ထားမိ၏။ လောကကြီးတွင် အနာကျင်ရဆုံးကိစ္စက မည်သည့်အရာဖြစ်သနည်း။ ရှမ့်လန်သည် သူ၏ အလုပ်ရုံတစ်ခုလုံးကို မီးလောင်ကျွမ်းအောင် ပြုလုပ်ခဲ့သူဖြစ်ကြောင်း သူသိ၏။ သို့ပေမည့် ဖမ်းဆီးနိုင်ခြင်း မရှိသည့်အပြင် သွားရောက်ကာ တောင်းပန်ရ ပေဦးမည်။
ကောင်းကင်ဘုံ။ ဤကောင်သည် ရက်စက်လွန်းလှချေသည်တကား။
....
ရှစ်ချင်းချင်း၏ အခြေအနေ ဆိုးရွားနေသည် ဆိုလျှင်တောင်မှ အောင်မြင်မှု သရဖူးဆောင်းမည့် အခြေအနေဆီသို့ လှမ်းဝင်နိုင်သည့် တခြားသော လူတစ်ယောက် ရှိသေး၏။ ၎င်းသည် ဘေးဒုက္ခအန္တရာယ်ကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့၏။ ဝူကျောင်းယင်၏ သင်ပြပေးမှုအတိုင်း ပြုလုပ်ဆောင်ရွက်ပြီးသည့်နောက် သူသည် ဝူယုယုနှင့် စေ့စပ်ထားမှုကို မဖျက်သိမ်းရသေးသည့်အပြင် သူ၏ယောက္ခမကြီးဆီမှ အသိအမှတ်ပြု ချီးကျူးမှုကိုပင် ရရှိခဲ့၏။
ထိုတင်မကသေးဘဲ တခြားသော အောင်မြင်မှုများကိုလည်း ရရှိခဲ့၏။ သူ့အနေနှင့် စစ်တပ်၏ စစ်စခန်းထဲတွင် အခြောက်တစ်ယောက်နှင့်အတူတူ လိင်ဆက်ဆံခဲ့သည်ဆိုသည့် အကြောင်းအရာသည် ဘာမှ မဟုတ်သည့် အကြောင်းအရာ ဖြစ်လာခဲ့၏။ သူ့အား ချင်းကန်မြို့စားအိမ်တော်မှ ရှိနေသည့် မည်သူတစ်ယောက်မှ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ရှုတ်ချခြင်း၊ အပြစ်တင်ခြင်း မရှိကြချေ။
ချင်းကန်မြို့စားအိမ်တော်၏ သခင်လေးများအားလုံးသည်လည်း ဤကိစ္စကို လျစ်လျူရှု ၊ မသိချင်ယောင် ဆောင်ထားခဲ့ကြ၏။ အားလုံးသော သူတို့သည် သူ့ကို ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံလျက် ရှိနေ၏။ အထူးသဖြင့် အထူးသဖြင့် တတိယသခင်လေးနှင့် ပဉ္စမသခင်လေးတို့ပင် ဖြစ်၏။ အတူတူ စားသောက်ရန် ပွဲအခမ်းအနားကိုပင် ဖိတ်ခေါ်ခဲ့၏။ တကယ်ကို ကြီးမားသည့် စားပွဲကြီးတစ်ခုပင် ဖြစ်၏။
လင်းကျိုးသည် တံခါးကို ဖွင့်လိုက်သည့်အချိန်မှာတော့ လောကသစ်တစ်ခုဆီသို့ ရောက်ရှိသွားခဲ့သကဲ့သို့ပင် အမြင်ပွင့်လင်းခဲ့သည်။ တော်ဝင်မျိုးနွယ်များသည် ဤနေရာတွင် စုဝေးလျက်ရှိနေ၏။ လှပလွန်းသည့် မိန်းကလေးများကလည်း အများအပြားပင်။
ပဉ္စမသခင်လေးသည် နှာခေါင်း ရှုံ့လိုက်၏။ “လင်းကျိုး.. ငါတို့လို ချမ်းသာပြီး အားကောင်းတဲ့ မိသားစုဝင်တွေအတွက် မိန်းမနဲ့ပဲ ပျော်ပါးပျော်ပါး၊ အခြောက်နဲ့ပဲ ပျော်ပါးပျော်ပါး ဘာပြဿနာမှ မရှိဘူး”
လင်းကျိုးသည် ဤနေရာတွင် နှစ်ရက်တိတိ အချိန်ဖြုန်းခဲ့၏။ သူသည် အရူးတစ်ယောက်ကဲ့သို့ပင် အရာအားလုံးကို ပြုမူခဲ့၏။ ပွဲအတွင်းရှိ ရှိရှိသမျှသော မိန်းကလေးများနှင့် လိင်ဆက်ဆံခဲ့သည်။ သူ၏ သိုင်းပညာသည် အလွန်မြင့်မားသည်ဆိုလျှင်တောင်မှ လက်ရှိ အခြေအနေတွင် သူ၏ခါးသည်ပင် နာကျင်လျက်ရှိနေ၏။
မထွက်ခွာခင်ပင် သူ၏ ယောက္ခမကြီး ချင်းကန်မြို့စားဝူကျောက်ကျုံးသည် လင်းကျိုးကို ခေါ်ယူတွေ့ဆုံခဲ့သည်။
“ကျန်းချုံးက ကျန်းကျင်းကို ကျန်းပေနယ်စားဆီကို ခေါ်သွားခဲ့တယ်။ ပြီးတော့ သူတို့က ကျင်းဟိုင်မြို့စား အိမ်တော်ဆီကိုလည်း သွားအုံးမှာ သေချာတယ်”
ဝူကျောက်ကျုံးက ပြောလိုက်၏။ “ဒါ ဘာအဓိပ္ပာယ်လဲ သိလား”
လင်းကျိုးက ပြောလိုက်သည်။ “ရွှမ်ဝူအိမ်တော်ကို ဒုက္ခပေးမယ့် အစီအစဉ်က နောက်ဆုံးမှာ စတော့မယ့် အဓိပ္ပာယ်ပေါ့။ ကျင်းမိသားစုက မကြာခင်မှာ ဖျက်ဆီးခံရတော့မယ့် အဓိပ္ပာယ်ပါပဲ”
ဝူကျောက်ကျုံးက ပြောလိုက်၏။ “ဒီတစ်ကြိမ် လီဝမ်ကျန့် သေဆုံးခြင်းက မမျှမတ ဖြစ်သလို ခံစားရတယ်။ သူ့ရဲ့ အိပ်ရာအောက်မှာ ရှိတဲ့ စာအရေးအသားက သူကိုယ်တိုင် ရေးထားတာ ဟုတ်ရဲ့လား မသိဘူး”
လင်းကျိုးက ပြောလိုက်သည်။ “အင်း.. ဒီကိစ္စကို လုပ်တာ ရှမ့်လန်ပဲ ဖြစ်ရမယ်”
ဝူကျောက်ကျုံးက အသာပင် ပြောလိုက်၏။ “သူ့ကို နတ်ဘုရားလို့ မင်းထင်နေတာလား”
ပြီးနောက် ဝူကျောက်ကျုံးက ပြောလိုက်သည်။ “ဒီကိစ္စက ဘယ်သူလုပ်တာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ အဓိကသော့ချက်က ဒုတိယမင်းသားကို အရေးကိစ္စတွေထဲ ဝင်မပါစေချင်တာပဲ။ နန်းတွင်းမင်းသားတွေ အနေနဲ့ အချင်းချင်း သွေးကွဲလို့မဖြစ်ဘူး။ ဒီတော့ လီဝမ့်ကျန့် က သေရုံအပြင် မရှိဘူး။ လူမြင်ကွင်းမှာ ချမ်းသာခွင့်ပေးခဲ့ပြီး နောက်ကွယ်မှာ ရက်ရက်စက်စက် သတ်ခဲ့တာကို ကြည့်ရင် ဘုရင်မင်းမြတ် ဘယ်လောက်ထိ အမျက်ထွက်ခဲ့လဲ ဆိုတာ သိသာတယ်”
လင်းကျိုးက ပြောလိုက်၏။ “ဘာပဲပြောပြော မူဝါဒအသစ်ရဲ့ ဆုံးဖြတ်ချက်ကို သိရှိပြီးပြီဆိုတော့ ဘုရင်မင်းမြတ်ရဲ့ သဘောထားကို ကျုပ်တို့အားလုံး နားလည်ပြီးသားပါ။ အုပ်ချုပ်ရေးမှူး ကျန်းချုံးနဲ့ ကျင်းကျွင်း.... ဒီလူတွေက ဘုရင်မင်းမြတ်ရဲ့ စိတ်ဆန္ဒကို ကောင်းကောင်းနားလည်ကြတယ်။ သူတို့က ရွှမ်ဝူအိမ်တော်ကို ဒုက္ခရောက်အောင် အချိန်မရွေး ပြုလုပ်ကြမှာ သေချာတယ်”
ဝူကျောက်ကျုံးက ပြောလိုက်၏။ “အင်း.. ဒါက စားသောက်ပွဲကြီးတစ်ခုဆိုတာကို မင်းသိရဲ့လား”
ဟုတ်ပေ၏။ ကျိန်းသေပေါက် စားသောက်ပွဲကြီးတစ်ခုပင် ဖြစ်၏။ ရွှမ်ဝူအိမ်တော်ကို ဖျက်ဆီးပစ်ခြင်းသည် ကြီးမားသည့် အကျိုးသက်ရောက်မှုကို ထမ်းဆောင်ရုံသာမက များပြားလွန်းသည့် ချမ်းသာကြွယ်ဝမှုများကို ရရှိမည်ဟူသည့် အဓိပ္ပာယ်ပင်။
“ဒီစားပွဲကြီးမှာ ငါတို့ ချင်းကန် မြို့စားအိမ်တော်အနေနဲ့ အဓိကနေရာမှာ မပါဝင်ရဘူး ဆိုရင်တောင်မှ အသားတုံး တစ်တုံးတော့ ကိုက်နိုင်ရမယ်”
ဝူကျောက်ကျုံးက ပြောလိုက်သည်။ “ဒီတော့ မင်း ရွှမ်ဝူမြို့ကို ပြန်တဲ့အချိန်ကျရင် ဘာလုပ်ရမယ်ဆိုတာ နားလည်လား”
လင်းကျိုးက ပြောလိုက်၏။ “ရွှမ်ဝူမြို့ကို ဘေးတစ်ဖက်ဆီကနေ တိုက်ခိုက်ဖို့ ကျန်းကျင်းနဲ့ ပူးပေါင်းရမယ်။ ပြီးတော့ ဆက်တိုက်ဆိုသလိုပဲ ရွှမ်ဝူအိမ်တော်ကို ဒုက္ခပေးရမယ်။ သူတို့ အသက်ရှင်သန်ချင်စိတ် မရှိအောင် လုပ်ရမယ်”
“ကောင်းပြီ”
ဝူကျောက်ကျုံး၏ မျက်လုံးများတွင် ချီးကျူးမှုများနှင့် ပြည့်နှက်သွားခဲ့လေ၏။ သူ၏သမက်သည် သူ့ကို စိတ်မပျက်စေရပေ။
လက်ရှိအခြေအနေမှာတော့ လင်းကျိုးသည် စိတ်ထဲတွင် သက်ပြင်းချလိုက်မိ၏။ ဤဦးရီးတော် ဝူကျောင်းယင်သည် တကယ်ကို အံ့အားသင့်စရာ ဖြစ်၏။ ၎င်း သင်ပြပေးလိုက်သည့် စကားလုံး တစ်ခုချင်း စီတိုင်းသည် သူ့ယောက္ခထီးကြီး၏ နှလုံးသားတစ်ခုလုံးကို အရည်ပျော်သွားစေခဲ့၏။
ဝူကျောက်ကျုံးက ပြောလိုက်သည်။ “လုပ်သာလုပ်လိုက်တော့။ ဘာမှ စိုးရိမ်မနေနဲ့”
“ကောင်းပါပြီ” လင်းကျိုးသည် ယုံကြည်ချက် ရှိစွာဖြင့် ပြောလိုက်၏။
...........
လင်းကျိုးသည် ရွှမ်ဝူမြို့ဆီသို့ ပြန်လာခဲ့ပြီးနောက် ချက်ချင်းပဲ သတင်းကောင်းတစ်ခုကို လက်ခံရရှိခဲ့၏။ ရာထူးတိုးခံရမည်ဆိုသော သတင်းပင် ဖြစ်လေ၏။ လောကကြီးသည် တကယ့်ကို အံ့အားသင့်စရာ ကောင်းလှချေ၏။ ကြီးမားသည့် အမှားအယွင်းကို ပြုလုပ်ခဲ့သည့် ဆိုလျှင်တောင်မှ ရာထူးတိုးခြင်းကို ခံရသေးသည်။
“ရှမ့်လန်.. ငါ လင်းကျိုးက လုံလုံခြုံခြုံနဲ့ ပြန်လာခဲ့ပြီ။ နောက်ဆုံးအကြိမ်တုန်းက မင်း ငါ့ကို မသတ်ခဲ့ဘူး။ အခု ငါမင်းကို သတ်ရလိမ့်မယ်” လင်းကျိုးသည် အံကိုကြိတ်လိုက်မိ၏။
ဤတစ်ကြိမ် သူ ရွှမ်ဝူမြို့ဆီသို့ ပြန်လာရာတွင် သူ၏ယောက္ခထီးပေးခဲ့သည့် တာဝန်မှာ ရိုးရှင်းလွန်း၏။ တပ်ဖွဲ့များကို ဦးဆောင်ပြီး ရွှမ်ဝူအိမ်တော်၏ ပိုင်နက်တည်နေရာများကို သွားရောက် တိုက်ခိုက်ရန်ပင် ဖြစ်သည်။
ရွှမ်ဝူအိမ်တော်၏ မြင်းသည်တော်များသည် ၎င်းတို့၏ ပိုင်နက် နေရာများကြားတွင် အမြဲတမ်း ကင်းလှည့်လျက် ရှိ၏။
လင်းကျိုး ဘာလုပ်ရမည်နည်း။ ရွှမ်ဝူအိမ်တော်၏ ပိုင်နက်နယ်မြေမှ လူများ အပြင်ဘက်သို့ထွက်ကာ ထင်းခုတ်ခြင်းကို ပြုလုပ်ပါက ဖမ်းဆီးရန်ပင်။ ရွှမ်ဝူအိမ်တော်မှ စစ်သည်တော်များ နယ်မြေကိုကျော်ကာ ကင်းလှည့်သည်ဆိုပါက ကျိန်းသေပေါက် ဖမ်းဆီးရန်ပင်။ ဘာလုပ်လုပ် ဖမ်းဆီးရန် စီစဉ်ထားခဲ့သည်။
အဆုံးမဲ့သော ပဋိပက္ခများ ဖြစ်ပွားလာသည်ဆိုပါက ကျိန်းသေပေါက် တိုက်ခိုက်ရန်သာ ရှိ၏။ တိုက်ခိုက်ရန် သူ့၌ အခွင့်အာဏာ ရှိလို့နေ၏။
“ရှမ့်လန်.. မင်းစောင့်နေ။ ငါ လင်းကျိုးက ခွေးရူးတစ်ကောင်လို ဖြစ်သွားခဲ့ပြီ။ မင်းရဲ့ မိသားစု အကုန်လုံးကို ကိုက်မယ်။ ကျိန်းသေပေါက် ရွှမ်ဝူအိမ်တော်က အိမ်မက်ဆိုးတွေ မက်ရလိမ့်မယ်။
စစ်တပ်စခန်းဆီသို့ ပြန်လာခဲ့ပြီဖြစ်သော လင်းကျိုးသည် မျက်နှာထက်တွင် အပြုံးတစ်ခု တည်ရှိလို့နေခဲ့၏။ သို့ပေမဲ့ ဘာမှန်းမသိဘဲ သူ၏ ပေါင်ခွကြားသည် ယားသလို ခံစားနေမိ၏။ ထို့ကြောင့် သူသည် အသာ ကုတ်လိုက်မိ၏။ သို့ပေမည့် သူသည် လေးလေးနက်နက်တော့ သဘောမထားခဲ့ချေ။ သူ၏ ခန္ဓာကိုယ်ထဲတွင် များပြားလွန်းသည့် အနာများ ပေါက်လာမည်ဖြစ်ကြောင်း ကောင်းကောင်း မသိရှိချေ။ မကြာခင်မှာပဲ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ထိုအနာများသည် ဗရပွ ပေါ်ပေါက်လာပေလိမ့်မည်။
.......
ရှစ်ချင်းချင်းသည် တစ်စုံတစ်ယောက်အား ရေမိုးချိုးဖို့ ပြင်ဆင်ထားရန် ခိုင်းစေလိုက်၏။ ရေနွေးပူပူထဲတွင် ဝင်ရောက်ကာ စိမ်ပြီးသည့်နောက် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပိုမိုကာ လန်းဆန်းသွားသလို ခံစားမိ၏။ သူမသည် ခန္ဓာကိုယ်တစ်ခုလုံး သင်းပျံ့မွှေးကြိုင်သွားစေရန် နှင်းဆီမွှေးရနံ့ အဆီများကို အသုံးပြုခဲ့၏။ ဝိုင်တစ်ခွက်ကို အသာသောက်ပြီးနောက် သူမသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျခဲ့၏။
လက်ရှိအခြေအနေတွင် သူမ လုပ်ရမည်မှာ မနက်ဖြန်တွင် တောက်ပစွာ လှပနေရန်သာ ဖြစ်၏။ ရှမ့်လန်နှင့် ရင်ဆိုင်ရန်အတွက် လုံလောက်သည့် အားအင် တည်ရှိမှ ဖြစ်ပေလိမ့်မည်။ ကြမ်းတမ်းသည့် တိုက်ပွဲကြီးသည် သူမကို စောင့်မျှော်လျက်ရှိနေသည်။
.............
နောက်တစ်မနက်ခင်း
ရှစ်ချင်းချင်းသည် အလွန် လှပသည့် အဝတ်အစားများကို ဝတ်ဆင်ခဲ့ပြီးသည့်နောက် ကျက်သရေရှိလှသည့် သွင်ပြင်အမူအရာမျိုးဖြင့် လှမ်းလျှောက်သွားခဲ့၏။ သူမကို ကြည့်ရှုရသည်မှာ ဆွဲဆောင်မှုရှိလွန်းလှ၏။ သူမသည် အလွန်လှပစွာ ပြင်ဆင်ထားခဲ့၏။ ဤအရာသည် ရှမ့်လန်ကြောင့်ပင် ဖြစ်၏။ လှပလွန်းသည့် မိန်းကလေးများသည် ညှိနှိုင်းဆွေးနွေးရာတွင် တစ်ပန်းသာသည် မဟုတ်ပါလား။
သူမသည် ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ရှမ်လန်၏ မာယာမျဉ်းပြိုင်စာအုပ်ထဲမှ ပန်းချီများအတိုင်း ဝတ်စားခဲ့ခြင်းသာ ဖြစ်၏။
အဘယ်ကြောင့် ရှစ်ချင်းချင်း ထိုကဲ့သို့ ဝတ်ဆင်ရသနည်း။
အဘယ်ကြောင့် ဆိုသော် ရှမ့်လန်၏ အာရုံကို ဆွဲဆောင်ရန်ကြောင့်ပင် ဖြစ်သည်။
အသက်ကို ပြင်းပြင်းရှူပြီးနောက် ရှစ်ချင်းချင်းသည် ရထားလုံးပေါ်သို့ တက်လိုက်၏။ မကြာခင်မှာပဲ သူမသည် ရထားလုံးနှင့်အတူ ထွက်ခွာသွားခဲ့၏။ သူမသည် စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထား၏။ ထိုအရာသည် ရှမ့်လန်၏ မာယာမျဉ်းပြိုင်များပင်။
“ရွှမ်ဝူအိမ်တော်ကို သွားမယ်”
ရထားလုံး၏ အတွင်းမှာတော့ ရှစ်ချင်းချင်းသည် စာအုပ်ကို သေသေချာချာ ဖတ်ရှုနေခဲ့၏။ အဓိက အကြောင်းအရာများကို မျဉ်းတားကာဖြင့် မှတ်သားလျက်ရှိနေသေး၏။ ဤအရာသည် ရှမ့်လန်၏ လက်ရာ မဟုတ်ပါလား။
“ရှမ့်လန် .... ရှင် ရေးထားတဲ့ စကားလုံးတွေအတိုင်း ရှင့်ကို ကျွန်မ လာပြီး စကားပြောရတော့မယ်”
သူမသည် ထိုစာအုပ်ကို အကြိမ်ပေါင်းများစွာ ဖတ်ပြီးသည်သာ မကချေ။ အရေးကြီးစကားလုံး အားလုံးကိုလည်း မှတ်ထားပြီးသား ဖြစ်၏။ လက်ရှိအခြေအနေ၌ ရှစ်မိသားစုအတွက် အရေးအကြီးဆုံး ကိစ္စသည် ပိုးအိမ်ပေါင်း သုံးသန်းကျော်ကို ရရှိရန်ပင် ဖြစ်၏။ ထိုမှသာလျှင် ကုန်ပစ္စည်းများကို ပေးပို့နိုင်မှာ ဖြစ်၏။ မဟုတ်ပါက ရှစ်မိသားစု တစ်ခုလုံးသည် အလုံးစုံ ပျက်စီးသွားပေလိမ့်မည်။
ရွှမ်ဝူအိမ်တော်၏ ဂိတ်တံခါးဝဆီသို့ ရောက်ရှိပြီးနောက် ရှစ်ချင်းချင်းသည် ရထားလုံးပေါ်မှ ဆင်းသက်လိုက်၏။ “ကျေးဇူးပြုပြီး သမက်တော် ရှမ့်လန်ကို သတင်းပို့ပေးပါအုံး။ ရှစ်ချင်းချင်း လာပြီးတော့ တွေ့ပါတယ်။ မဟုတ်ဘူး .... မဟုတ်ဘူး။ ရှစ်ချင်းချင်း လာပြီးတော့ ဂါရဝပြုပါတယ်လို့ ပြောလိုက်။ ရှစ်ချင်းချင်းက သမက်တော် ရှမ့်လန်ကို လာပြီးဂါရဝပြုပါတယ်”