ဖန်ချင်းကို အဆုံးသတ်ခြင်း...
Vol. 35 Ch. 526
နဂါးငွေ့တန်းကြယ်သခင်က ကြီးမြတ်သူဖြစ်လာရန် အခွင့်အရေးကို မြှင့်တင်ပေးနိုင်သော ရတနာမရှိနိုင်သည်ကို သူလည်း တွေးခဲ့လေသည်။ သို့သော် နဂါးငွေ့တန်းကြယ်သခင်က ပေးနိုင်ခဲ့လျှင် သူ့အတွက် ကြီးမားသော အခွင့်အရေးဖြစ်သည်။
နဂါးငွေ့တန်းကြယ်သခင်က ဘာမှမပေးနိုင်ခဲ့လျှင်လည်း သူက အခြားတောင်းဆိုမှုများ ပြုလုပ်နိုင်လေသည်။ နောက်ဆုံးတွင် ဖန်ချင်း၏ စိတ်အသိက သူ၏ လက်ထဲတွင် ရှိနေလေသည်။
" ဒီလိုလုပ်တာ မင်းက နဂါးငွေ့တန်းကြယ်သခင်က ဆန့်ကျင်တာ လူသားမျိုးနွယ်ကို ဆန့်ကျင်တာပဲမဟုတ်လား။ " ရှေးဟောင်းနတ်ဘုရားစစ်ကျုံးက ပြောလိုက်သည်။
ထိုဖြစ်စဉ်ပြီးလျှင် နောက်ဆုံးရလဒ်က မည်သို့ပင် ဖြစ်စေ ရှေးဟောင်းနတ်ဘုရားထို့ပါက နဂါးငွေ့တန်းကြယ်သခင်ကို ဆန့်ကျင်ပြီးဖြစ်သည်။ နဂါးငွေ့တန်းကြယ်သခင်ကို ဆန့်ကျင်ခြင်းက လူသားမျိုးနွယ်ကို ဆန့်ကျင်ခြင်းပင်ဖြစ်သည်။
" ငါ့ရဲ့ သက်တမ်းက သိပ်မကျန်တော့ဘူး။ ဘာကိုကြောက်စရာလိုသေးလို့လဲ။ " ရှေးဟောင်းနတ်ဘုရားထို့ပါက ပြောလိုက်သည်။ " နှစ်ပေါင်းတစ်သန်းကျော်အတွင်း ငါက ကြီးမြတ်သူအဆင့်ကို ရောက်ရှိဖို့ ကြိုးစားမယ်။ "
" အဲ့ဒီအချိန်မှာ ငါ ကျရှုံးခဲ့ရင် ငါ့ရဲ့တည်ရှိမှုက ပျောက်ကွယ်သွားလိမ့်မယ်။ နဂါးငွေ့တန်းကြယ်သခင်ကို ဆန့်ကျင်တော့ရော ဘာဖြစ်လဲ။ အကယ်၍ ငါအောင်မြင်ခဲ့ရင် ကြီးမြတ်သူတစ်ယောက်ဖြစ်လာလိမ့်မယ်။ ဒါဆို နဂါးငွေ့တန်းကြယ်သခင်က ဘာလုပ်နိုင်မှာမလို့လဲ။ "
ရှေးဟောင်းနတ်ဘုရားထို့ပါက ဆက်ပြောလိုက်သည်။ " စစ်ကျုံး မင်းက ပါရမီရှင်အမျိုးမျိုးနဲ့ မိတ်ဆွေဖြစ်ခဲ့တယ်။ အဲ့ဒါက အသုံးမဝင်ဘူးလို့ ငါထင်တယ်။ ကြီးမြတ်သူတစ်ယောက်ဖြစ်မလာဘဲ ဒီလောက်အဆက်အသွယ်များကြီးက ဘာအဓိပ္ပါယ်ရှိမှာလဲ။ "
" ငါ လုပ်တဲ့အရာတွေက မင်းနဲ့မဆိုင်ပါဘူး။ " ရှေးဟောင်းနတ်ဘုရားစစ်ကျုံးက ပြန်ပြောလိုက်သည်။ " ထို့ပါ ငါမင်းကို ထပ်မေးမယ်။ မင်း နဂါးငွေ့တန်းကြယ်သခင်ကို တကယ် ဆန့်ကျင်တော့မှာလား။ "
" ငါမင်းကို မလုပ်ဖို့ အကြံပေးချင်တယ်။ နဂါးငွေ့တန်းကြယ်သခင်ရဲ့ အလားအလာက ငါမြင်ဖူးသမျှထဲမှာ အကြီးမားဆုံးပဲ။ မင်းရဲ့ လုပ်ရပ်တွေက ပြဿနာတွေ ဖြစ်လာနိုင်တယ်။ "
" အကြီးမားဆုံးအလားအလာ။ ငါက နှစ်ပေါင်းတစ်သန်းအတွင်း ကြီးမြတ်သူအဆင့်ကို ကြိုးစားမှာပဲ။ နဂါးငွေ့တန်းကြယ်သခင်က နှစ်ပေါင်းတစ်သန်းအတွင်း ကြီးမြတ်သူတစ်ယောက် ဖြစ်လာနိုင်ပါ့မလား။ " ရှေးဟောင်းနတ်ဘုရားထို့ပါက လှောင်ပြောင်လိုက်သည်။
" စစ်ကျုံး ကြားဝင်မနေနဲ့။ ငါ ထို့ပါက နဂါးငွေ့တန်းကြယ်သခင်ကို ဖမ်းဆုပ်ထားမိပြီ။ ငါတို့ အထူးသက်ရှိတွေက အရားအားလုံးရဲ့ အပေါ်မှာ ရပ်တည်နေတယ်။ နဂါးငွေ့တန်းကြယ်သခင်လို လူမျိုးကို ဘာလို့စိုးရိမ်နေရမှာလဲ။ "
" နဂါးငွေ့တန်းကြယ်သခင်က လူသားမျိုးနွယ်ရဲ့ ကြီးမြတ်သူတစ်ယောက်ကို အကူအညီတောင်းရင်လည်း ငါက အင်းဆက်မျိုးနွယ်နဲ့ ထျန်းယုမျိုးနွယ်ကို သစ္စာခံလိုက်ရုံပဲ။ သူတို့က ငါ့ရဲ့ ဘေးကင်းမှုကို အာမခံပေးနိုင်တယ်။ "
ရှေးဟောင်းနတ်ဘုရားထို့ပါက အရာအားလုံးကို ထည့်သွင်းစဉ်းစားခဲ့လေသည်။ နဂါးငွေ့တန်းကြယ်သခင်၏ အရည်အချင်းက ထူးချွန်နေလျှင်တောင် သူက ကြီးမြတ်သူတစ်ယောက်မဟုတ်ပေ။ လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်က နဂါးငွေ့တန်းကြယ်သခင်အတွက် အင်းဆက်မျိုးနွယ်၊ ထျန်းယုမျိုးနွယ်တို့နှင့် စစ်ပွဲတစ်ခု စတင်မည်မဟုတ်ပေ။
နောက်ဆုံးတွင် နဂါးငွေ့တန်းကြယ်သခင်ကိုယ်တိုင် ဘာမှဖြစ်မည်မဟုတ်ပေ။ ထို့ကြောင့် လူသားမျိုးနွယ်၏ ကြီးမြတ်သူများက များစွာဂရုစိုက်မည်မဟုတ်ပေ။
" အခု ငါက နဂါးငွေ့တန်းကြယ်သခင်ရဲ့ တုန့်ပြန်မှုကို စောင့်နေရုံပဲ။ အံ့အားသင့်စရာတစ်ခုခုရှိလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။ " ရှေးဟောင်းနတ်ဘုရားထို့ပါက မျှော်လင့်ချက်များနှင့် ပြောလိုက်သည်။
" ဒီလိုဆိုရင်ရော။ ထို့ပါ မင်းနောက်ထပ်အခြေအနေတစ်ခုပြောလေ။ ငါ အဲ့ဒါကို နဂါးငွေ့တန်းကြယ်သခင်ကိုယ်စား ဖြည့်ဆည်းပေးမယ်။ " ရှေးဟောင်းနတ်ဘုရားစစ်ကျုံးက ခဏစဉ်းစားပြီး ပြောလိုက်သည်။
" စစ်ကျုံး ဝင်မပါစမ်းနဲ့။ " ရှေးဟောင်းနတ်ဘုရားထို့ပါက စစ်ကျုံးကို ကြည့်လိုက်သည်။ " ငါ့အတွက် ဘယ်လောက်တန်ဖိုးရှိတဲ့ ရတနာဖြစ်ဖြစ် ကြီးမြတ်သူဖြစ်လာဖို့ အကူအညီမပေးနိုင်ရင် အဲ့ဒါက အသုံးမဝင်ဘူး။ "
လင်းယွမ်က သူ၏ ကိုယ်ပိုင်နေရာသို့ ပြန်ရောက်လာခဲ့သည်။
" ရှေးဟောင်းနတ်ဘုရားထို့ပါ သူက ငါ့ကို ခြံထဲက သိုးတစ်ကောင်လို့ ထင်နေတာပဲ။ " လင်းယွမ်က တွေးလိုက်သည်။
ရှေးဟောင်းနတ်ဘုရားထို့ပါ၏ တောင်းဆိုမှုက လွန်ကဲသည်မှာ ထင်ရှားလေသည်။ သို့သော် သူက ဖန်ချင်း၏ စိတ်အသိကို အသုံးပြုပြီး လင်းယွမ်ကို အကျပ်ကိုင်ခဲ့လေသည်။
" အချက်အလက်တွေအရ ရှေးဟောင်းနတ်ဘုရားထို့ပါက ဂုဏ်မောက်ပြီး ဒေါသကြီးတယ်လို့ ကြားဖူးတယ်။ အခုတော့ သူက သတ္တိလည်း ကောင်းပုံရတယ်။ " လင်းယွမ်က တွေးလိုက်သည်။
လင်းယွမ်က ထိုအခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးခဲ့ပေ။ အင်အားကြီးသူအများစု၏ အမြင်တွင် သူ၏ အကန့်အသတ်က အလွှာဆယ့်တစ်ဖြစ်လေသည်။ ကြီးမြတ်သူဖြစ်လာခြင်းက ပါရမီအရည်အချင်းများနှင့် ဘာမှမဆိုင်ပေ။
အလွှာဆယ့်တစ်အင်အားကြီးသူများကို ကြီးမြတ်သူများသာ အလွယ်တကူ သတ်ဖြတ်နိုင်လေသည်။ ထို့အပြင် အလွှာဆယ့်တစ် အထူးသက်ရှိများက ကြီးမြတ်သူများကိုပင် ခုခံနိုင်ကြသည်။
ခဏကြာသောအခါ ရှေးဟောင်းနတ်ဘုရားစစ်ကျုံးက လင်းယွမ်ကို ဆက်သွယ်လာသည်။
" နဂါးငွေ့တန်းကြယ်သခင် ငါ စိတ်မကောင်းပါဘူး။ ငါ ထို့ပါကို မစည်းရုံးနိုင်ခဲ့ဘူး။ " ရှေးဟောင်းနတ်ဘုရားစစ်ကျုံးက ရှက်ရွံ့စွာ ပြောလိုက်သည်။
" ထို့ပါရဲ့ သက်တမ်းက နည်းနည်းပဲကျန်တော့တယ်။ သူက မကြာခင် ကြီးမြတ်သူအဆင့်ကို ချိုးဖျက်လိမ့်မယ်။ သူ့ရဲ့ အခွင့်အရေးကို တိုးမြှင့်ဖို့ ဘယ်အရာကိုမဆို ဖမ်းဆုပ်မှာပဲ။ " ရှေးဟောင်းနတ်ဘုရားစစ်ကျုံးက သက်ပြင်းချလိုက်သည်။
အကယ်၍ ၎င်းက နှစ်သန်းပေါင်းများစွာ စောခဲ့လျှင် သူက ထို့ပါကို စည်းရုံးနိုင်ပေလိမ့်မည်။ သို့သော် ယခု ထို့ပါ၏ မျက်စိထဲတွင် ကြီးမြတ်သူဖြစ်လာရန်သာ ရှိတော့သည်။
" ငါ ဒီကိစ္စကို ဆက်ကြိုးစားကြည့်မယ်။ ထို့ပါက သူရဲ့ စကားကို ပြန်ပြင်နိုင်ပါသေးတယ်။ " ရှေးဟောင်းနတ်ဘုရား စစ်ကျုံးက ပြောလိုက်သည်။
" ဒါဆို ရှေးဟောင်းနတ်ဘုရားစစ်ကျုံးကို ဒုက္ခပေးရဦးမယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ရှေးဟောင်းနတ်ဘုရားစစ်ကျုံးထွက်သွားပြီးနောက် လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။
" စကားကို ပြန်ပြင်ဖို့လား။ "
ရှေးဟောင်းနတ်ဘုရားထို့ပါက သူ၏ တောင်းဆိုမှုကို အလွယ်တကူ ပြောင်းလဲမည့်ပုံမပေါ်ပေ။
ချီခွန်ပင်မကြယ်တွင် လင်းယွမ်၏ ပုံရိပ်က ပေါ်လာသည်။ သူက အဋ္ဌမအလွှာတွင် နဂါးငွေ့တန်းပင်မကြယ်မှ ချီခွန်ပင်မကြယ်သို့ လာရန် တစ်နှစ် နှစ်နှစ်အထိ ကြာနိုင်လေသည်။ သို့သော် အချိန်လေဟာနယ်ခြေလှမ်းကို နားလည်ပြီးနောက် သူ့အတွက် ခြေတစ်လှမ်း နှစ်လှမ်းသာ လိုအပ်လေသည်။
လင်းယွမ်က ချီခွန်ပင်မကြယ်၏ ရှစ်စန်းတောင်ထိပ်သို့ ရောက်လာခဲ့သည်။ ထို့နောက် သူက ဖန်ချင်း၏ ကျင့်ကြံခြင်းအခန်းထဲသို့ ဝင်ရောက်သွားသည်။ ဖန်ချင်းက ကျင့်ကြံနေရင်း ရုတ်တရက် သတိလစ်သွားခဲ့သောကြောင့် ဘယ်သူမှမသိသေးပေ။
" ဖန်ချင်း " လင်းယွမ်က အခန်းထဲတွင် လဲလျောင်းနေသော ဖန်ချင်းကို တွေ့လိုက်ရသည်။
မုတ်ဆိတ်ဖြူအဘိုးအိုက ချက်ချင်း ပေါ်လာသည်။ " နဂါးငွေ့တန်းကြယ်သခင် ဘယ် ဘယ်လိုလုပ်ပြန်ရောက်လာတာလဲ။ "
" အဲ့ဒါကို သိဖို့ မလိုအပ်ဘူး။ " လင်းယွမ်က မုတ်ဆိတ်ဖြူအဘိုးအိုကို တစ်ချက်ကြည့်လိုက်သည်။ " ဖန်ချင်းကို ပြန်အသက်သွင်းပေးဖို့ ကြီးမြတ်သူတစ်ယောက်ကို ငါတောင်းဆိုပေးမယ်။ "
လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားသည်။ သူက ဖန်ချင်း၏ ခန္ဓာကိုယ်ကို ကြားခံအဖြစ် အသုံးပြုပြီး သူ၏ စိတ်အသိကို ကျိန်စာတိုက်သတ်ဖြတ်ရန် ကြောင်းကျိုးဆက်နွယ်မှုနောက်သို့ လိုက်သွားသည်။
ဖန်ချင်းက ယခုမှ ဆဋ္ဌမအလွှာသို့ ဝင်ရောက်ထားသူဖြစ်ပြီး လင်းယွမ်က နဝမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်လေသည်။ အဆင့်ကြီးသုံးခု ကွာခြားနေသည့်အပြင် ရုပ်ခန္ဓာကို ကြားခံအဖြစ် အသုံးပြုထားသောကြောင့် ဖန်ချင်း၏ အဆုံးသတ်က သေချာလေသည်။
ကြောင်းကျိုးနိယာမက စကြာဝဠာအတွင်း နက်ရှိုင်းသော နိယာမတစ်ခုဖြစ်သည်။ လင်းယွမ်က ထိုနိယာမကို နားလည်ရန် အချိန်တစ်ခုပေးခဲ့လေသည်။
အကယ်၍ ဖန်ချင်း၏ စိတ်အသိကို အတွေ့အကြုံအတွက် ရှေးဟောင်းနတ်ဘုရားထို့ပါက အသုံးပြုခဲ့လျှင် ဖန်ချင်း၏ မှတ်ဉာဏ်က ညစ်ညမ်းသွားပေလိမ့်မည်။ ၎င်းက မှတ်ဉာဏ်အဆိပ်မိခြင်းနှင့် တူလေသည်။ ပြန်လည်ရှင်သန်လာလျှင်တောင် ဆက်လက်သေဆုံးနေပေလိမ့်မည်။
ထိုအစား လင်းယွမ်အတွက် ဖန်ချင်းကို တိုက်ရိုက်သတ်ပစ်ခြင်းက ပိုကောင်းလေသည်။ ထိုသို့ သေဆုံးမှုက ဖန်ချင်းကို ကြီးမြတ်သူတစ်ယောက်က ပြန်လည်အသက်သွင်းနိုင်မည့် အခွင့်အရေးရှိနေလေသည်။
ထို့ကြောင့် လင်းယွမ်က စကားကို ပြတ်ပြတ်သားသား မပြောခဲ့ဘဲ ရှေးဟောင်းနတ်ဘုရားထို့ပါကို မျှော်လင့်ချက်ပေးခဲ့ခြင်းဖြစ်သည်။ သို့မှသာ သူက ချီခွန်ပင်မကြယ်သို့ ပြန်လည်ပြီး ဖန်ချင်းအပေါ်သို့ ကျိန်စာသတ်ဖြတ်ခြင်းကို အသုံးပြုနိုင်ပေလိမ့်မည်။
" ကြောင်းကျိုးဆက်နွယ်မှုတွေ ပျောက်ကွယ်သွားပြီ။ " ကျိန်စာသတ်ဖြတ်ခြင်းပြီးသောအခါ လင်းယွမ်က ဖန်ချင်းနှင့်ပက်သက်သော ကြောင်းကျိုးဆက်နွယ်မှုများ ပျောက်ကွယ်သွားသည်ကို ခံစားခဲ့ရလေသည်။ သူတို့၏ ကြားတွင် အဆင့်ကွာခြားမှုက ကြီးမားသောကြောင့် လင်းယွမ်က တန်ပြန်မှုကို မခံစားခဲ့ရပေ။
လင်းယွမ်က ကျိန်စာတိုက်သတ်ဖြတ်ခြင်းကို ကျရှုံးရန်အတွက်လည်း ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ရှေးဟောင်းနတ်ဘုရားတစ်ပါးတွင် ကြောင်းကျိုးဆက်နွယ်မှုကို ခွဲထုတ်နိုင်သော နည်းလမ်းများ ရှိနေနိုင်လေသည်။
ထိုအခြေအနေတွင် လင်းယွမ်က ကျိန်စာတိုက်သတ်ဖြတ်ပေးရန် ကြီးမြတ်သူရှချင်ကို တောင်းဆိုမည်ဖြစ်သည်။ ကြီးမြတ်သူတစ်ယောက်က ဆဋ္ဌမအလွှာတစ်ယောက်အား ကျိန်စာတိုက်သတ်ဖြတ်ခြင်းကို ရှေးဟောင်းနတ်ဘုရားတစ်ပါးလည်း တားဆီးနိုင်မည်မဟုတ်ပေ။ ယခုတော့ အရာအားလုံးအဆင်ပြေသွားခဲ့သည်။
" ပြီးမှ ပြန်အသက်သွင်းမယ်။ " မုတ်ဆိတ်ဖြူအဘိုးအိုက စိတ်မကောင်းစွာဖြင့် သက်ပြင်းချလိုက်သည်။
ဖန်ချင်းသတိလစ်သွားခြင်းမှာ ရှေးဟောင်းနတ်ဘုရားတစ်ပါးဖြစ်နိုင်ဟု လင်းယွမ်ဆီမှ ကြားချိန်တွင် သူက အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားခဲ့သည်။
ယခု ဖန်ချင်းက သေဆုံးသွားပြီး လင်းယွမ်က နောက်မှ ပြန်လည်အသက်သွင်းရန် ကြီးမြတ်သူတစ်ယောက်ကို တောင်းဆိုရန် စီစဉ်ထားလေသည်။
ဆဋ္ဌမအလွှာများနှင့် သူတို့၏ အသက်တံဆိပ်များကို စကြာဝဠာနှင့် ပေါင်းစပ်ကြလေသည်။ ထိုအသက်တံဆပ်မှ ပြန်လည်အသက်သွင်းဖြင်းဖြစ်သည်။
လူသားမျိုးနွယ်တွင် ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများစွာ ရှိလေသည်။ အကယ်၍ ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက် သေတိုင်း ကြီးမြတ်သူများက အသက်သွင်းပေးရလျှင် ကြီးမြတ်သူများက ဘာမှလုပ်နိုင်တော့မည်မဟုတ်ပေ။