ရွှမ်ယွမ်မျိုးနွယ်ခေါင်းဆောင်....
Vol. 35 Ch. 533
" ငါလည်းမသိဘူး။ " လင်းယွမ်က ခေါင်းခါလိုက်ပြီး သူနှင့် နာလန်တို့၏ ယှဉ်ပြိုင်မှုကို ထုတ်မပြောရန် ရွေးချယ်ခဲ့သည်။
အကြောင်းရင်းတစ်ခုက နာလန်၏ ဂုဏ်သိက္ခာအတွက်ဖြစ်သည်။ နောက်တစ်ခုမှာ အချိန်နိယာမအပေါ် သူ၏ နားလည်မှုကို ထုတ်မပြောချင်သောကြောင့်ဖြစ်သည်။
လင်းယွမ်၏ အဖြေကို ကြားသောအခါ အနက်ရောင်ကြယ်သခင်က ထပ်မမေးတော့ဘဲ သူတို့ကြားမှ စကားဝိုင်းက အခြားတစ်ခုသို့ ပြောင်းလဲသွားခဲ့သည်။
" လူသားမျိုးနွယ်မှာ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်အတွက် ဂုဏ်ပြုပွဲက နောက်ဆုံး ဘယ်တုန်းက ကျင်းပခဲ့တာလဲ။ "
" အင်အားကြီးသူတွေ အများကြီးပဲ။ "
အနက်ရောင်ကြယ်သခင်က စကားပြောရင် ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည်။
လင်းယွမ်ကလည်း ခေါင်းညိမ့်လိုက်သည်။ မကြာသေးမီက သူ၏ ညီမ လင်းယိ၏ လက်ထပ်ပွဲတွင် အင်အားကြီးသူများ တက်ရောက်ခဲ့သည်။ သို့သော် လက်ရှိဂုဏ်ပြုပွဲနှင့် ယှဉ်လျှင် များစွာနိမ့်ကျနေဆဲ ဖြစ်သည်။
မင်္ဂလာပွဲတွင် ရှမိသားစု၏ အလွှာဆယ့်တစ် ဘိုးဘေးမှလွဲ၍ အခြားအလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများ တက်ရောက်ခြင်းမရှိခဲ့ပေ။ သူတို့၏ ဂုဏ်ပြုစကားများသာ ပေးပို့ခဲ့သော်လည်း ယခုဂုဏ်ပြုပွဲတွင် အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများက တစ်ယောက်ပြီး တစ်ယောက် ပေါ်လာကြသည်။
" နဂါးငွေ့တန်းကြယ်သခင် " ဆံပင်ဖြူအဘိုးအိုတစ်ယောက်က ချဉ်းကပ်လာသည်။
" မစ္စတာလော " အနက်ရောင်ကြယ်သခင်နှင့် အခြားသူနျားက လေးနက်သော အမူအရာများနှင့် နှုတ်ဆက်လိုက်ကြသည်။
လောမျိုးရိုးနှင့် ထိုအဘိုးအိုက ပိလောအဖွဲ့အစည်း၏ ဒုတိယဥက္ကဋ္ဌဖြစ်ပြီး အလွှာတစ်ဆယ် အဆင့်အေ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်လေသည်။
ပိလောအဖွဲ့အစည်းက လူသားမျိုးနွယ်ရှိ ဆင့်ကဲပြောင်းလဲခြင်းမျှော်စင်ကိုးခုပြီးလျှင် ဒုတိယအင်အားအကြီးဆုံး အင်အားစုများထဲမှ တစ်ခုဖြစ်ပြီး ဥက္ကဋ္ဌက အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်သည်။
" မစ္စတာလော " လင်းယွမ်ကလည်း နှုတ်ဆက်လိုက်သည်။
" ကျုပ်က နဂါးငွေ့တန်းကြယ်သခင်ရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ။ " မစ္စတာလောက ဖော်ရွေစွာ ပြောလိုက်သည်။ " ကျုပ်တို့ လူသားမျိုးနွယ်ရဲ့ ဒီနေ့ခေတ်က နဂါးငွေ့တန်းကြယ်သခင်ကြောင့် မယုံကြည်နိုင်လောက်အောင် တောက်ပလာလိမ့်မယ်။ "
အနာဂတ်တွင် လင်းယွမ်က မည်သည့်အဆင့်ကို ရောက်သည်ဖြစ်စေ သူက အဋ္ဌမအလွှာနှင့် နဝမအလွှာတို့တွင် ဒဏ္ဍာရီများကို ဆက်တိုက်ချိုးဖျက်ခဲ့ပြီး လူသားမျိုးနွယ်၏ သမိုင်းတွင် မှတ်တမ်းတင်ခံရရန် ထိုက်တန်လေသည်။
" ကျုပ်က ကံကောင်းရုံပါပဲ။ " လင်းယွမ်က ရိုးသားစွာ ပြန်ဖြေလိုက်သည်။
ဂြိုလ်၏ အခြားနေရာများတွင်လည်း ဧည့်သည်များက သူတို့၏ အဆင့်အတန်းအရ မတူညီသော နေရာများတွင် ထိုင်နေကြသည်။ အတွင်းဘက်ဒေသထဲမှ လူများကတော့ ရိုးရှင်းသော လူများမဟုတ်ကြပေ။
" အဲ့ဒါဘယ်သူလဲ။ အလွှာတစ်ဆယ် အဆင့်အေ ဆင့်ကဲပြောင်းလဲသူတွေနဲ့ ထိုင်နေတဲ့အပြင် ပိလောအဖွဲ့အစည်းရဲ့ ဒုဥက္ကဋ္ဌကတောင် သွားနှုတ်ဆက်နေတယ်။ "
" မင်းက သူဘယ်သူလဲမသိဘူးလား။ သူင လူသားမျိုးနွယ်ရဲ့ အထူးချွန်ဆုံးပါရမီရှင် နဂါးငွေ့တန်းကြယ်သခင်ပဲ။ အခု နာလန်က အလွှာဆယ့်တစ် ဂုဏ်ပြုပွဲကို ကျင်းပနေတယ်။ ဖြစ်နိုင်တာက အနာဂတ်မှာ အလွှာဆယ့်တစ်ဂုဏ်ပြုပွဲကို နဂါးငွေ့တန်းကြယ်သခင်က ကျင်းပနေလိမ့်မယ်။ "
" နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်တစ်နဲ့ ဝေးကွာတုန်းပါပဲ။ "
" နဂါးငွေ့တန်းကြယ်သခင်ရဲ့ ပါရမီနဲ့ဆို အလွှာဆယ့်တစ်ကို ဝင်ရောက်တာက အချိန်တစ်ခုပဲ လိုတယ်ဆိုတာ ငါယုံကြည်တယ်။ "
"အမှန်ပဲ။ နဂါးငွေ့တန်းကြယ်သခင်က အရမ်းငယ်သေးတယ်။ ဒါတောင် ဒီလောက်အောင်မြင်နေတာ အနာဂတ်မှာ သူက ငါတို့ လူသားမျိုးနွယ်ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်လိမ့်မယ်။ "
ဧည့်သည်များက နဂါးငွေ့တန်းကြယ်သခင်အပေါ် အလွန်အကောင်းမြင်နေကြလေသည်။ လက်ရှိသူ၏ တိုးတက်မှုနှင့် အလွှာဆယ့်တစ်သို့ ဝင်ရောက်ရန် ခိုင်မာသော အခွင့်အလမ်းများရှိသည်ဟု ယုံကြည်ကြလေသည်။
" နဂါးငွေ့တန်းကြယ်သခင် မင်းအချိန်ရရင် ငါတို့ ပိလောအဖွဲ့အစည်းကို လာရောက်လည်ပတ်ပါဦး။ ငါတို့ ဥက္ကဋ္ဌက မင်းအကြောင်းပြောဖူးတယ်။ " ပိလောအဖွဲ့အစည်း၏ ဒုတိယဥက္ကဋ္ဌ မစ္စတာပိလောက မထွက်သွားခင်ပြောလိုက်သည်။
" အခွင့်အရေးရှိရင် သေချာပေါက် လာခဲ့ပါမယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ပိလောအဖွဲ့အစည်းက ပိလောလျို့ဝှက်နယ်မြေဟုခေါ်သော အလယ်အဆင့် လျို့ဝှက်နယ်မြေကို ထိန်းချုပ်ထားသည်။ ထိုနယ်မြေရှိ ဒေသခံသက်ရှိများမှ ရရှိသော အရင်းအမြစ်များက ဆင့်ကဲပြောင်းလဲသူများအတွက် များစွာ အကျိုးရှိလေသည်။ မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူများက ပိလောအဖွဲ့အစည်းကို ဝင်ရောက်ချင်ကြသော်လည်း သူတို့တွင် အရည်အချင်း မပြည့်မီကြပေ။
ယခု ဒုဥက္ကဋ္ဌ မစ္စတာလောက လင်းယွမ်ကို ကိုယ်တိုင်ဖိတ်ကြားနေသောကြောင့် ပိလောအဖွဲ့အစည်းမှ လင်းယွမ်အပေါ် အလေးထားမှုကို မြင်နိုင်လေသည်။
ရုတ်တရက် အဝေးမှ အသံတစ်သံ ထွက်ပေါ်လာသည်။
" ရွှမ်ယွမ်မျိုးနွယ်ခေါင်းဆောင် ရောက်လာပြီ။ " အနက်ရောင်ကြယ်သခင်နှင့် လျို့လီကြယ်သခင်တို့က လှည့်ကြည့်လိုက်ကြသည်။
အဖြူရောင်ဝတ်ရုံနှင့် လူတစ်ယောက်က ဂြိုလ်ပေါ်သို့ တိတ်ဆိတ်စွာ ဆင်းသက်လာသည်။
" အဲ့ဒါ ရွှမ်ယွမ်မျိုးနွယ်ခေါင်းဆောင်လား။ "
" လူသားမျိုးနွယ်ရဲ့ အင်အားအကြီးဆုံး ဆင့်ကဲပြောင်းလဲခြင်းမိသာစုတွေထဲက တစ်ခု..."
"ပြီးတော့ လူသားမျိုးနွယ်က ကြီးမြတ်သူတစ်ယောက်ရဲ့ တိုက်ရိုက်မျိုးဆက်က တည်ထောင်ခဲ့တဲ့ မိသားစုလေ။ "
" ရွှမ်ယွမ်မျိုးနွယ်ခေါင်းဆောင် " နာလန်က ကိုယ်တိုင်နှုတ်ဆက်လိုက်သည်။
ရွှမ်ယွမ်မျိုးနွယ်ခေါင်းဆောင်က အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူဖြစ်ပြီး အချိန်နိယာမကိုလည်း နားလည်ထားပြီးသားဖြစ်သည်။ သူ၏ အခွင့်အာဏာများကို ထည့်ပေါင်းလိုက်လျှင် နာလန်ပင် မလေးမစား မလုပ်ရဲပေ။
လင်းယွမ်က ရွှမ်ယွမ်မျိုးနွယ်ခေါင်းဆောင်ကို သေချာကြည့်လိုက်သည်။
"ငါ ဘယ်အချိန်မှ အချိန်နိယာမကို ကျွမ်းကျင်မှာလဲမသိဘူး။ " အနက်ရောင်ကြယ်သခင်က သက်ပြင်းချပြီး ပြောလိုက်သည်။
သူက အလွှာတစ်ဆယ် အဆင့်အေ တစ်ယောက်အနေဖြင့် အလွှာဆယ့်တစ်သို့ ဝင်ရောက်ရန် ယုံကြည်မှုရှိသော်လည်း အချိန်နိယာမကို နားလည်ရန် မရေရာပေ။
" အမှန်ပဲ။" လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" ငါ့တို့အတွက် ဒီအချိန်မှာ အချိန်နိယာမကို ကျွမ်းကျင်ဖို့က အတော်လေး စိန်ခေါ်မှုရှိနေသေးတယ်။ " လျို့လီကြယ်သခင်က ပြောလိုက်သည်။
" နဂါးငွေ့တန်းကြယ်သခင် မင်းက သိပ်မတွေးနဲ့။ " အနက်ရောင်ကြယ်သခင်က ကိုယ်ချင်စာစိတ်နှင့် ပြောလိုက်သည်။
သို့သော် သူ၏ ဘေးတွင် ထိုင်နေသော နဂါးငွေ့တန်းကြယ်သခင် သို့မဟုတ် လင်းယွမ်က အချိန်နိယာမကို နားလည်ရန် ခြေတစ်လှမ်းသာလိုတော့သည်ကိုတော့ သူမသိခဲ့ပေ။
နာလန်၏ ဂုဏ်ပြုပွဲက တစ်လခွဲကြာ ကျင်းပခဲ့သည်။ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ထွက်ပေါ်လာခြင်းက လူသားမျိုးနွယ်အတွက် အဓိက ဖြစ်ရပ်တစ်ခုဖြစ်သည်။
လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများစွာက ထိုဂုဏ်ပြုပွဲအတွင်း အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူ အများအပြားကို တွေ့ခဲ့ရလေသည်။
လင်းယွမ်က ဂုဏ်ပြုပွဲ ပထမနေ့တွင်သာ ပေါ်လာခဲ့ပြီး နောက်ပိုင်းတွင် သူ့ကို မတွေ့ရတော့ပေ။ အချိန်နိယာမကို နားလည်ရန် နီးကပ်နေပြီဖြစ်သောကြောင့် လင်းယွမ်က အချိန်တိုင်းကို အမိအရ ဖမ်းဆုပ်ရလေသည်။
" နဂါးငွေ့တန်းကြယ်သခင် " ဂုဏ်ပြုပွဲပြီးသောအခါ နာလန်က လင်းယွမ်ကို နှုတ်ဆက်လိုက်သည်။
" ငါ တကယ်ပဲ အလုပ်များနေခဲ့တယ်။ " နာလန်က တောင်းပန်သော လေသံနှင့် ပြောလိုက်သည်။
အလွှာဆယ့်တစ်သို့ တက်လှမ်းပြီးနောက် သူက စွမ်းအားအသစ်များနှင့် ရင်းနှီးအောင် လုပ်ဆောင်နေရလေသည်။ ထို့အပြင် အလွှာဆယ့်တစ်သို့ တက်လှမ်းပြီးနောက် အသွင်ပြောင်းလဲမှုများကိုလည်း အာရုံစိုက်ထားရလေသည်။ ထိုအရာများသာမရှိခဲ့လျှင် သူက လင်းယွမ်ကို ပထမဆုံး ကျေးဇူးတင်မိမှာ အမှန်ပင်ဖြစ်သည်။
" အလွှာဆယ့်တစ်ကို ရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
" အလွှာဆယ့်တစ်လား။ နဂါးငွေ့တန်းကြယ်သခင် မင်းအတွက်တော့ အချိန်တစ်ခုပဲ လိုတာပါ။ " နာလန်က ပြောလိုက်သည်။
သူက အခြားသူများရှေ့တွင် ပြောမရသော အရာများစွာရှိလေသည်။ ကြီးမြတ်သူရှချင်က နဂါးငွေ့တန်းကြယ်သခင်နှင့် ပက်သက်သော ကိစ္စများကို လျို့ဝှက်ထားရန် အထူးညွှန်ကြားခဲ့လေသည်။
သို့သော် သီးသန့်နေရာတစ်ခုတွင် သူတို့က လွတ်လွတ်လပ်လပ် ပြောဆိုနိုင်လေသည်။ အသစ်တက်လှမ်းလာသော အလွှာဆယ့်တစ် တစ်ယောက်အနေဖြင့် နာလန်က အခြားသူများနှင့်ဆိုလျှင် သူ၏ မာနကို ထုတ်ဖော်ထားရလေသည်။
သူနှင့် ယခင်တန်းတူဖြစ်ခဲ့သော အလွှာတစ်ဆယ် အဆင့်အေ ဆင့်ကဲပြောင်းလဲသူများနှင့် တွေ့ဆုံချိန်မှာတောင် သူ၏ အဆင့်အတန်းကို မြှင့်ထားရလေသည်။
သို့သော် နဂါးငွေ့တန်းကြယ်သခင်၏ ရှေ့တွင် ထိုမာနများ မရှိတော့ပေ။ သူက ဘယ်သူရှေ့မှ ဂုဏ်မောက်နေရမှာလဲ။
နဝမအလွှာမှာ အချိန်နိယာမတစ်ခုလုံးကို နားလည်လုနီးပါးဖြစ်နေသော နဂါးငွေ့တန်းကြယ်သခင်လား။ နာလန်က နဂါးငွေ့တန်းကြယ်သခင်၏ ရှေ့တွင် အခြားဖိအားတစ်ခုကိုသာ ခံစားရလေသည်။ သူ့ကို အချိန်မရွေးကျော်တက်သွားနိုင်သော ဖိအားပင်ဖြစ်သည်။
" အနည်းဆုံးတော့ နဂါးငွေ့တန်းကြယ်သခင်က နောက်နှစ်တစ်သောင်းအတွင်း အလွှာဆယ့်တစ်ကို ရောက်နိုင်လောက်တယ်။ " နာလန်က ပြောလိုက်သည်။
" ကျုပ်လည်း အဲ့လိုပဲ မျှော်လင့်ပါတယ်။ " လင်းယွမ်က ပြောလိုက်သည်။
အလွှာဆယ့်တစ်က သူ့အတွက် မခက်ခဲပေ။ ပုံမှန်အတိုင်း သွားနေရုံဖြင့် ထိုအဆင့်သို့ ဝင်ရောက်နိုင်လေသည်။ အမှန်တကယ် ခက်ခဲသည်မှာ အလွှာဆယ့်နှစ် ကြီးမြတ်သူအဆင့်ပင် ဖြစ်သည်။
" နဂါးငွေ့တန်းကြယ်သခင် မင်းကို မြင်ရတာ အင်အားကြီးမားတဲ့ လူသားမျိုးနွယ်ကို မြင်နေရသလို ငါခံစားရတယ်။ " နာလန်က ခံစားချက်များနှင့် ပြောလိုက်သည်။ " ငါတို့ လူသားမျိုးနွယ်က ဒီနေရာကို ရောက်လာဖို့ လွယ်ကူခဲ့တာမဟုတ်ဘူး။ "
" အမှန်ပဲ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
လင်းယွမ်က ဆင့်ကဲပြောင်းလဲသူမဖြစ်မီ လူသားမျိုးနွယ်က နှစ်ပေါင်းနှစ်သန်းကျော် သမိုင်းသာရှိပြီး မိခင်ကြယ်မှ ထွက်ကာ ကြယ်စကြာဝဠာထဲတွင် အင်အားကြီးသော အထွတ်အထိပ် မျိုးနွယ်တစ်ခု ဖြစ်လာခဲ့သည်ကို သိခဲ့ရလေသည်။