← Chapters

ထူးဆန်းသော အနက်ရောင်ဂြိုလ်....

Vol. 35 Ch. 529

ထူးဆန်းသော အနက်ရောင်ဂြိုလ်....

Vol. 35 Ch. 529

" အရင်က ငါက ရှေ့ကလူတွေကို အမှီလိုက်နိုင်ခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ ဂျူနီယာတစ်ယောက်က ငါ့ကို ကျော်တက်သွားခဲ့တယ်။ တကယ်ထူးခြားတဲ့ ခံစားချက်ပဲ။ " နာလန်က နဂါးငွေ့တန်းကြယ်သခင်အပေါ် မကျေနပ်ချက်မရှိပေ။

နဂါးငွေ့တန်းကြယ်သခင်က အချိန်နိယာမတွင် သူ့ကို ကျော်တက်သွားခြင်းမှာ သူ၏ အားနည်းမှုကြောင့်ဖြစ်သည်။ နာလန်က ထိုင်နေပြီး သူ၏ စိတ်က အသွင်ကူးပြောင်းမှုတစ်ခုကို ကြုံတွေ့နေရသည်။ သူ့ကို ပိတ်လှောင်ထားသော အတားအဆီးက လျင်မြန်စွာ ပြိုကျသွားခဲ့သည်။

" ငါ " နာလန်၏ အော်ရာက သိမ်မွေ့စွာ ပြောင်းလဲသွားသည်။

" ငါ ပေါင်းစပ်နိယာမကို နားလည်သွားတာလား။ အခု အလွှာဆယ့်တစ်ကို ချိုးဖျက်နိုင်ပြီလား။ " နာလန်က မယုံကြည်နိုင်ဖြစ်နေသည်။

အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်က အလွှာဆယ့်တစ်သို့ တက်လှမ်းရန်အတွက် ပေါင်းစပ်နိယာမများကို နားလည်ရန် လိုအပ်လေသည်။

နာလန်က ထိုအဆင့်တွင် ပိတ်မိနေခဲ့ပြီး ပြင်ပကုန်းမြေတွင် နှစ်ပေါင်းသန်းချီ ကုန်ဆုံးခဲ့သော်လည်း ချိုးဖျက်နိုင်ခြင်းမရျီခဲ့ပေ။ သို့သော် နဂါးငွေ့တန်းကြယ်သခင်၏ တွန်းအားပေးမှုက နာလန်ကို သူ့ကိုသူ နားလည်သွားစေခဲ့သည်။

" နဂါးငွေ့တန်းကြယ်သခင် " နာလန်၏ အမူအရာက စိတ်ရှုပ်ထွေးနေသည်။ တစ်နည်းအားဖြင့် နဂါးငွေ့တန်းကြယ်သခင်က သူ၏ ကျေးဇူးရှင်ဖြစ်သွားခဲ့သည်။

ကြယ်စကြာဝဠာထဲတွင် လင်းယွမ်က အနက်ရောင်ဂြိုလ်ကို သေချာကြည့်နေသည်။ သူ၏ ရိုက်ချက်က ခွန်အားအနည်းငယ်သာ ပါဝင်သော်လည်း အဆင့်မြင့်အသက်ဂြိုလ်တစ်ခုကို ပျက်စီးသွားစေနိုင်သည်။

သို့သော် အနက်ရောင်ဂြိုလ်က လုံးဝ ထိခိုက်ခြင်းမရှိခဲ့ပေ။ ထို့နောက် လင်းယွမ်က သူ၏ ခွန်အားကို တဖြည်းဖြည်း တိုး၍ စမ်းသပ်ခဲ့သော်လည်း သက်ရောက်မှုမရှိခဲ့ပေ။ လင်းယွမ်က လေဟာနယ်အလွှာ သန်းတစ်ရာ၏ စွမ်းအားကို ထုတ်ဖော်ခဲ့သော်လည်း အချည်းနှီးသာဖြစ်သည်။

လင်းယွမ်က ရပ်တန့်လိုက်သည်။ လေဟာနယ်အလွှာ သန်းတစ်ရာက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိပြီး ဆက်တိုးလျှင် အခြားသူများ သို့မဟုတ် လူသားမျိုးနွယ်၏ စောင့်ကြည့်ရေးဗျူရိုကို ဆွဲဆောင်မိသွားစေနိုင်လေသည်။

" ဒီဂြိုလ်မှာ တစ်ခုခုထူးခြားတာရှိရမယ်။ " လင်းယွမ်က အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

လေဟာနယ်အလွှာသန်းတစ်ရာ၏ စွမ်းအားက ပင်မစကြာဝဠာတွင် နဝမအလွှာများ၏ အင်အားအကြီးဆုံးအကန့်အသတ်ဟု ပြောနိုင်လေသည်။ အထူးသဖြင့် လင်းယွမ်၏ အတွင်းကမ္ဘာက အခြားနဝမအလွှာများထက် ပို၍ ကြီးမားနေသောကြောင့်ဖြစ်သည်။

" တစ်ချက်ဆင်းကြည့်တာပေါ့။ " လင်းယွမ်က အနက်ရောင်ဂြိုလ်ကို စိုက်ကြည့်လိုက်သည်။

ပုံမှန်အားဖြင့် လင်းယွမ်၏ ခွန်အားနှင့် လူသားမျိုးနွယ်၏ နယ်မြေအတွင်း အန္တရှိမည်မဟုတ်ပေ။ သို့သော် ထိုအနက်ရောင်ဂြိုလ်က လင်းယွမ်ကို စိတ်မသက်မသာ ခံစားရစေသည်။ လင်းယွမ်၏ လေဟာနယ်အလွှာ သန်းတစ်ရာစွမ်းအားကို အလွယ်တကူ တားဆီးနိုင်ခြင်းမှာ အသေးစားလျို့ဝှက်နယ်မြေများနှင့် ယှဉ်နိုင်နေပြီဖြစ်သည်။

" ဘာပဲဖြစ်ဖြစ် ဒါက မူလစိတ်ဝိညာဉ်တစ်ခုပဲ။ " ခဏစဉ်းစားပြီးနောက် လင်းယွမ်က သူ၏ ရတနာအားလုံးကို သီးခြားလေဟာနယ်အလွှာတစ်ခုအတွင်းသို့ ထည့်လိုက်သည်။ ထို့နောက် သူ၏ သွေးအဆီအနှစ်တစ်စက်ကို အခြားနေရာတွင် ထားလိုက်သည်။

ထိုနည်းဖြင့် ထိုက်ယန်မူလစိတ်ဝိညာဉ်က အနက်ရောင်ဂြိုလ်ပေါ်တွင် သေဆုံးခဲ့လျှင်တောင် သွေးပြန်လည်မွေးဖွားခြင်းဖြင့် ပြန်လည်ရှင်သန်နိုင်လေသည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ ယူဆောင်လာသော ရတနာများလည်း ဆုံးရှုံးမည်မဟုတ်တော့ပေ။

အားလုံးပြင်ဆင်ပြီးသောအခါ လင်းယွမ်က အနက်ရောင်ဂြိုလ်၏ အနီးသို့ ချဉ်းကပ်သွားသည်။ တစ်နေရာတွင် လင်းယွမ်က အချိန်နှင့်လေဟာနယ်၏ ပြောင်းလဲမှုကို ခံစားလိုက်ရပြီး သူ၏ ရှေ့မှ အနက်ရောင်ဂြိုလ်က ရုတ်တရက် ကြီးမားသွားခဲ့သည်။

" ဒီလိုနက်ရှိုင်းတဲ့ လေဟာနယ်နိယာမ။ " လင်းယွမ်က စိတ်ထဲမှ တုန်လှုပ်သွားသည်။

" အချိန်ကလည်း ပြောင်းလဲသွားတယ်။ " လင်းယွမ်က အချိန်စီးဆင်းမှုကွာခြားသွားသည်ကို ခံစားလိုက်ရသည်။ သို့သော် ပြင်ပနှင့် များစွာကွာခြားသွားခြင်းမရှိပေ။

ဝုန်း...

လင်းယွမ်က အနက်ရောင်ဂြိုလ်ပေါ်သို့ ဆင်းသက်သွားသည်။

ပတ်ဝန်းကျင်က အနက်ရောင်ကျောက်တုံးများနှင့် ပြည့်နှက်နေပြီး အားလုံးက ပျက်စီးနေကြသည်။ လင်းယွမ်က လှည့်ပတ်ကြည့်ပြီးနောက် အသုံးဝင်သော အချက်အလက်မတွေ့ခဲ့ရပေ။

နေ့တစ်ဝက်ကြာသောအခါ လင်းယွမ်က ဂြိုလ်၏ အလယ်သို့ ရောက်လာသည်။ ထိုနေရာတွင် ရှေးကျသော အနက်ရောင်ချိုင့်ဝှမ်းတစ်ခု ရှိနေသည်။ လျို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းအော်ရာတစ်ခုက လေထဲတွင် ပျံ့နှံ့နေသည်။

ချိုင့်ဝှမ်းထဲသို့ လမ်းလျှောက်ဝင်လာသော လင်းယွမ်က ကြီးမားသော တံခါးဆယ့်နှစ်ချပ်ကို တွေ့လိုက်ရသည်။ တံခါးများက တင်းကျပ်စွာ ပိတ်ထားပြီး ၎င်းတို့၏ မျက်နှာပြင်များက ရှုပ်ထွေးသော ပုံစံများ ထွင်းထုထားသည်။

လင်းယွမ်က ဘယ်ဘက်တွင်ရှိသော ပထမဆုံး အနက်ရောင်တံခါးပေါ်မှ ပုံစံကို ကြည့်လိုက်သည်။ ခဏအတွင်း လင်းယွမ်က သိမ်မွေ့သော အသိပေးချက်တစ်ခုကို ရရှိလိုက်သည်။

" သေခြင်းရှင်ခြင်းနိယာမကို နားလည်ထားသူများသာ ဝင်ရောက်နိုင်တယ်။ "

" ဟင် " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။

သေခြင်းရှင်ခြင်းနိယာမက သေခြင်းနိယာမနှင့် အသက်နိယာမတို့ကို ပေါင်းစည်းထားသော ပေါင်းစပ်နိယာမတစ်ခုဖြစ်သည်။ အသက်နိယာမနှင့် သေခြင်းနိယာမတို့က အဓိက နိယာမနှစ်ခုဖြစ်သည်။ သေခြင်းရှင်ခြင်းနိယာမကို နားလည်ချိန်တွင် အလွှာတစ်ဆယ် တိုက်ခိုက်ရေးစွမ်းအားကို ရရှိပေလိမ့်မည်။

" အလွှာတစ်ဆယ်တွေပဲ ဒီအနက်ရောင်တံခါးကို ဝင်နိုင်လမ့်မယ်။ " လင်းယွမ်က မျက်မှောင်ကြုတ်သွားပြီး ဒုတိယတံခါးကို ကြည့်လိုက်သည်။

မကြာမီ နောက်ထပ်အသိပေးချက်တစ်ခု ရရှိလိုက်သည်။

" မဟာဖျက်ဆီးခြင်းနိယာမကို နားလည်ထားသူများသာ ဝင်ရောက်နိုင်ပါတယ်။ "

" မဟာဖျက်ဆီးခြင်းနိယာမ " လင်းယွမ်က သက်ပြင်းချလိုက်သည်။

၎င်းကလည်း အဓိကနိယာမနှစ်ခုကို ပေါင်းစည်းထားခြင်းဖြစ်ပြီး သတ်ဖြတ်ခြင်းတွင် ကျွမ်းကျင်လေသည်။

လင်းယွမ်က နောက်ထပ် တံခါးဆယ်ချပ်ကို စစ်ဆေးခဲ့သည်။ ခြွင်းချက်မရှိ တံခါးများထဲသို့ ဝင်ရောက်နိုင်ရန် အခြေအနေများက ပေါင်းစပ်နိယာမတစ်ခုကို နားလည်ခြင်းဖြစ်သည်။

" အလွှာတစ်ဆယ်တွေတောင် အနက်ရောင်တံခါးတွေထဲဝင်ဖို့ အကန့်အသတ်ရှိတယ်။ တစ်ယောက်ယောက်က ဝင်နိုင်မလားဆိုတာ နားလည်ထားတဲ့ ပေါင်းစပ်နိယာမအပေါ်မှာပဲ မူတည်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

အနက်ရောင်တံခါးဆယ့်နှစ်ချပ်နှင့် ကိုက်ညီသော ပေါင်းစပ်နိယာမများက အဆင့်မြင့်များဖြစ်ပြီး တစ်ခုနားလည်သည်နှင့် အလွှာတစ်ဆယ်သို့ ဝင်ရောက်နိုင်ပေလိမ့်မည်။

" ငါ အတင်းဝင်ရင်လည်း အဆင်ပြေမှာမဟုတ်ဘူး။ "

ပေါင်းစပ်နိယာမများကို နားမလည်ဘဲ အနက်ရောင်တံခါးများထဲသို့ မဝင်ရောက်နိုင်သည်ကို လင်းယွမ်က ခန့်မှန်းမိလေသည်။ ထိုကဲ့သို့သော နိယာမများက အလွှာတစ်ဆယ် အဆင့်အေများကို ပစ်မှတ်ထားခြင်းဖြစ်ပြီး လင်းယွမ်၏ ခွန်အားက နိမ့်ကျနေဆဲ ဖြစ်သည်။

လင်းယွမ်က ဒုမျှော်စင်သခင် နာလန်ကို အနိုင်ယူနိုင်ခြင်းမှာ သူတို့၏ ပြိုင်ပွဲက အချိန်နိယာမတွင် ကန့်သတ်ထားသောကြောင့်ဖြစ်သည်။ အကယ်၍ သူတို့က နည်းလမ်းမျိုးစုံသုံးပြီး အစွမ်းကုန်တိုက်ခိုက်ခဲ့လျှင် လင်းယွမ်က နာလန်ကို အနိုင်ယူနိုင်မည်မဟုတ်ပေ။ သို့သော် နာလန်ကလည်း လင်းယွမ်ကို သတ်ရန် လွယ်ကူသော အလုပ်တစ်ခုတော့ မဟုတ်ပေ။

အချိန်လေဟာနယ်ခြေလှမ်းနှင့်ဆိုလျှင် လင်းယွမ်က အလွှာဆယ့်တစ် အင်အားကြီးသူတစ်ယောက်ကို ရင်ဆိုင်ရလျှင်တောင် လွတ်မြောက်နိုင်သည်ဟု ယုံကြည်မှုရှိလေသည်။

လင်းယွမ်က ဂြိုလ်ထဲတွင် အကြိမ်အနည်းငယ် လှည့်ပတ်ကြည့်ရှုပြီးနောက် အပြင်သို့ ပြန်ထွက်သွားသည်။

" ငါ့ရဲ့ အတွင်းကမ္ဘာထဲကို ထည့်နိုင်မလားကြည့်ရအောင်။ " လင်းယွမ်က တွေးလိုက်သည်။

အနက်ရောင်ဂြိုလ်ပေါ်မှ အချက်အလက်များကို အခြေခံ၍ ၎င်းက ကမ္ဘာသစ်ပင်ကဲ့သို့ စကြာဝဠာရတနာများထက် နိမ့်ကျခြင်းမရှိသည်ကို လင်းယွမ်က နားလည်လေသည်။ အလွှာတစ်ဆယ်များသာ ဝင်နိုင်သော အနက်ရောင်တံခါး ဆယ့်နှစ်ချပ်တွင် အခွင့်အလမ်းများ ပါဝင်နေသည်မှာ သေချာလေသည်။

လေဟာနယ်အတက်အကျများထွက်ပေါ်လာပြီး လင်းယွမ်က သူ၏ အတွင်းကမ္ဘာကို အစွမ်းကုန် အသုံးပြုသော်လည်း အနက်ရောင်ဂြိုလ်ကို ပေါင်းစည်းနိုင်ခြင်းမရှိပေ။ အနက်ရောင်ဂြိုလ်က မရေတွက်နိုင်သော လေဟာနယ်အလွှာများနှင့် ချိတ်ဆက်ထားသော ကျောက်ဆူးတစ်ခုကဲ့သို့ ဖြစ်နေသည်။

လင်းယွမ်က အနက်ရောင်ဂြိုလ်ကို သူ၏ အတွင်းကမ္ဘာထဲသို့ ယူဆောင်ရန် ကြိုးစားခြင်းက ထိုဂြိုလ်နှင့် လေဟာနယ်အလွှာပေါင်းများစွာကို ယူဆောင်ခြင်းနှင့် တူလေသည်။

နောက်ဆုံးတွင် လင်းယွမ်က ၎င်းကို လုပ်နိုင်ခဲ့လျှင်တောင် လုပ်မည်မဟုတ်ပေ။ ထိုဂြိုလ်ကို ယူဆောင်သွားခြင်းက ကြီးမားသော ဆူပူမှုကို ဖြစ်ပေါ်စေပေလိမ့်မည်။

" အတွင်းကမ္ဘာထဲကို ယူသွားလို့မရဘူးပေါ့။ "

သူက အနက်ရောင်ဂြိုလ်ကို ထိုနေရာတွင်သာ ထားခဲ့ရပေလိမ့်မည်။ ၎င်းက နှစ်ပေါင်းများစွာကြာအောင် အခြားသူများမတွေ့သော်လည်း အနာဂတ်တွင် မတွေ့ဘူးဟု မပြောနိုင်ပေ။

" ငါ ဒီကြယ်နယ်မြေကို ငှားရမ်းနိုင်မလားမသိဘူး။ ဒါဆို ဒီကြယ်နယ်မြေမှာ ရှိတဲ့ ဂြိုလ်အားလုံးရဲ့ အသုံးပြုခွင့်ကို ပိုင်ဆိုင်လိမ့်မယ်။ " လင်းယွမ်က နည်းလမ်းတစ်ခုကို စဉ်းစားမိလိုက်သည်။

လူသားမျိုးနွယ်၏ ပိုင်နက်တွင် ရှိနေသရွေ့ ဆင့်ကဲပြောင်းလဲသူတိုင်းက လုပ်ပိုင်ခွင့်ဥပဒေများကို လိုက်နာရမည်ဖြစ်သည်။ လင်းယွမ်က ဤကြယ်နယ်မြေ၏ ယာယီပိုင်ရှင်ဖြစ်လာလျှင် အနက်ရောင်ဂြိုလ်ကလည်း သူနှင့်သာ သက်ဆိုင်ပေလိမ့်မည်။

" ဒီကြယ်နယ်မြေကို ငှားရမ်းခွင့်ရှိမရှိ ကြည့်ရအောင်။ " လင်းယွမ်က VR ကမ္ဘာနှင့် ချိတ်ဆက်ပြီး ဤကြယ်နယ်မြေ၏ အချက်အလက်များကို စစ်ဆေးလိုက်သည်။

ဤကြယ်နယ်မြေ၏ အစိတ်အပိုင်းများက ယိုယွင်းပျက်စီးနေပြီး ပုံမှန်အားဖြင့် ဘယ်သူမှ ၎င်းကို စိတ်ဝင်စားမည်မဟုတ်ပေ။ အဆုံးတွင် ကြယ်နယ်မြေတစ်ခုကို ငှားရမ်းခြင်းက စျေးသက်သာမည်မဟုတ်ပေ။ လင်းယွမ်က ဤကြယ်နယ်မြေ၏ ကိုဩဒိနိတ်များအတိုင်း ရှာဖွေလိုက်သည်။

" လေးစားရပါသော နဂါးငွေ့တန်းကြယ်သခင် ဒီကြယ်နယ်မြေကတော့ ငှားရမ်းသူမရှိသေးပါဘူး။ ငှားရမ်းချင်ပါသလား။ " အသံတစ်ခုထွက်ပေါ်လာသည်။

" ငှားရမ်းမယ်။ " လင်းယွမ်က ကျေနပ်သွားသည်။

" ဒီကြယ်နယ်မြေက အလင်းနှစ် ၁၂.၃၅ ရှိပါတယ်။ ကျေးဇူးပြုပြီး ငှားရမ်းမယ့်ကာလကို ရွေးချယ်ပေးပါ။ "

" နှစ်ပေါင်းတစ်သောင်း " လင်းယွမ်က ခဏစဉ်းစားပြီး ပြောလိုက်သည်။

All Chapters