← Chapters

အချိန်နိယာမကို အပြည့်အဝ နားလည်ခြင်း...

Vol. 35 Ch. 535

အချိန်နိယာမကို အပြည့်အဝ နားလည်ခြင်း...

Vol. 35 Ch. 535

လင်းယွမ်က အနက်ရောင်မျှော်စင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ ထိုအချိန်တွင် ကျောက်ရုပ်တုရှန်းကျိက ပဉ္စမအထပ်မှ မြင်ကွင်းများကို ဖွင့်ကြည့်လိုက်သည်။

ယွမ်ကျင်းက ဘေးတွင်ရပ်နေခဲ့သည်။ သူက ပဉ္စမအထပ်မှ အဖြစ်အပျက်များကို ကြည့်ရန် အခွင့်အာဏာမရှိဘဲ ထိုနေရာတွင် လေးစားစွာ ရပ်နေခဲ့သည်။

မကြာမီ ကျောက်ရုပ်တုရှန်းကျိက စိတ်မကောင်းစွာဖြင့် ခေါင်းခါလိုက်သည်။ " အရမ်းနီးစပ်နေပြီ။ "

" အရမ်းနီးစပ်နေပြီလား။ " ယွမ်ကျင်းက ထိတ်လန့်တုန်လှုပ်သွားသည်။

သူက ပဉ္စမအထပ်ကို အောင်မြင်လုနီးပါးဖြစ်ခဲ့တာလား။ အနက်ရောင်မျှော်စင်မှ အချက်အလက်များအရ အဖွဲ့ဝင်တစ်ယောက်က ပဉ္စမအထပ်ကို ဖြတ်ကျော်ရန် အချိန်နိယာမကို ကျွမ်းကျင်ထားရမည်ဖြစ်သည်။ အချိန်နိယာမကို ကျွမ်းကျင်ခြင်းက အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများကြားမှာပင် အင်အားကြီးသည်ဟုပြောနိုင်လေသည်။

" ငါ နသမအလွှာကို တက်လှမ်းပြီးတာတောင် ပထမအထပ်ကိုပဲ ဖြတ်ကျော်နိုင်ခဲ့တယ်။ " ယွမ်ကျင်းက ခါးသီးမှုကို ခံစားလိုက်ရသည်။

လင်းယွမ်က အနက်ရောင်မျှော်စင်၏ အပြင်ဘက်တွင် ပြန်ပေါ်လာသည်။

" နောက်ထပ် အချိန်နည်းနည်းပေးလိုက်ပါ။ ဒါဆို အဆင်ပြေသွားလိမ့်မယ်။ " ကျောက်ရုပ်တုရှန်းကျိက ပြောလိုက်သည်။

သူက အခြားအလွှာဆယ့်တစ်သက်ရှိတစ်ယောက်ဆိုလျှင် ထိုစကားကို ပြောမိမည်မဟုတ်ပေ။ အကြောင်းမှာ အချိန်နိယာမကို နားလည်ရန် နောက်ဆုံးအခက်အခဲက အင်အားကြီးသူများကိုပင် ပိတ်ဆို့ထားနိုင်လေသည်။ သို့သော် လင်းယွမ်ကိုတော့ ကျောက်ရုပ်တုရှန်းကျိက လုံးဝ သံသယမရှိပေ။

" အင်း " လင်းယွမ်က ဘေးတွင် လေးစားစွာ ရပ်နေသော ယွမ်ကျင်းကို ကြည့်လိုက်သည်။

သူက နတ်ဆိုးကျောက်စိမ်းနေရာသို့ ဝင်ရောက်ခဲ့သော်လည်း ယွမ်ကျင်းနှင့် စကားအနည်းငယ်သာ ပြောခဲ့လေသည်။ မည်သို့ပင်ဖြစ်စေ ယွမ်ကျင်းက လူသားမျိုးနွယ်မှ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်သောကြောင့် နှုတ်ဆက်ရန် သင့်တော်လေသည်။

လင်းယွမ်က ယွမ်ကျင်းအား လူသားမျိုးနွယ်မှ လာသည်ကို သိထားသော်လည်း ယွမ်ကျင်းက သူနှင့်ပက်သက်၍ ဘာမှမသိပေ။ သူတို့က တူညီသော စကြာဝဠာမှ လာသည်ကိုပင် မသိထားခဲ့ပေ။

" စီနီယာ " ယွမ်ကျင်းက စိုးရိမ်စွာ ပြောလိုက်သည်။

" မင်းအဲ့လိုလုပ်စရာမလိုဘူး။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။ " ငါတို့က နဝမအလွှာ ဆင့်ကဲပြောင်းလဲသူတွေပဲယာ ပုံမှန်အတိုင်း စကားပြောလို့ရတယ်။ "

" ကျေးဇူးတင်ပါတယ် စီနီယာ။ " ယွမ်ကျင်းက ပြောလိုက်သော်လည်း ရုတ်တရက် ထိတ်လန့်သွားသည်။

စီနီယာက ဘာပြောလိုက်တာလဲ။ ငါတို့နှစ်ယောက်လုံးက နဝမအလွှာ ဆင့်ကဲပြောင်းလဲသူတွေပဲဆိုတာ ဘာကိုဆိုလိုတာလဲ။ အနက်ရောင်မျှော်စင်၏ ပဉ္စမအထပ်ကို ဖြတ်ကျော်လုနီးပါးဖြစ်နေသောလူ အချိန်နိယာမကို နားလည်တော့မည်လူက နဝမအလွှာလား။

ယွမ်ကျင်းက အချိန်အတော်ကြာထိ တုန့်ပြန်နိုင်ခြင်းမရှိခဲ့သည်။ သူအသိဝင်လာသောအခါ လင်းယွမ်က ထွက်သွားပြီဖြစ်ပြီး ကျောက်ရုပ်တုရှန်းကျိသာ ရှိတော့သည်ကို တွေ့လိုက်ရသည်။

" ကျွန်တော် ပုံရိပ်ယောင်နယ်ပယ်ထဲကျရောက်သွားတာလား။ " ယွမ်ကျင်းက မေးလိုက်မိသည်။

နဝမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ စိတ်ဝိညာဉ်နှင့် စိတ်အသိက အလွန်သန်မာသည်ကို သူသိထားသော်လည်း ယခုလေးတင်ကြားခဲ့ရသောစကားများက မယုံကြည်နိုင်စရာကောင်းလှသည်။

" သံသယဝင်စရာမလိုဘူး။ " ကျောက်ရုပ်တုရှန်းကျိက အနည်းငယ် ပြုံး၍ ပြောလိုက်သည်။ " အစောကတစ်ယောက်က တကယ် နဝမအလွှာတစ်ယောက်ပဲ။ဒါပေမယ့် ငါမြင်ဖူးသမျှထဲမှာ အသန်မာဆုံး နဝမအလွှာပဲ။ "

" အသန်မာဆုံးနဝမအလွှာလား။ " ယွမ်ကျင်းက ရေရွတ်လိုက်သည်။

ဒါဆို သူကြားခဲ့ရသော စကားများက အမှန်တွေပေါ့။ ပြောမပြနိုင်လောက်သော တုန်လှုပ်မှုက ယွမ်ကျင်း၏ စိတ်ထဲတွင် ပြည့်နှက်သွားသည်။

အချိန်နိယာမကို နားလည်ခါနီးတဲ့ နဝမအလွှာလား။

လူသားမျိုးနွယ်အတွင်းမှ အသန်မာဆုံးပါရမီရှင် နဂါးငွေ့တန်းကြယ်သခင်ပင် ၎င်းကို မအောင်မြင်နိုင်လောက်ဘူးဟု သူက ထင်မိလေသည်။

နဂါးငွေ့တန်းပင်မကြယ်တွင် လင်းယွမ်က ထိုင်နေသည်။ အနက်ရောင်မျှော်စင်၏ ပဉ္စမအထပ်ကို ကြိုးစားပြီးနောက် အချိန်နိယာမကို သူ၏ နားလည်မှုက နောက်တစ်ကြိမ် မြင့်တက်လာခဲ့သည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ၂၀၄၁ခုမြောက် အချိန်နိယာမပုံစံကို နားလည်သွားပါပြီ။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ၂၀၄၃ ခုမြောက် အချိန်နိယာမပုံစံကို နားလည်သွားပါပြီ။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ၂၀၄၅ ခုမြောက် အချိန်နိယာမပုံစံကို နားလည်သွားပါပြီ။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ၂၀၄၈ ခုမြောက် အချိန်နိယာမပုံစံကို နားလည်သွားပါပြီ။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ၂၀၅၀ ခုမြောက် အချိန်နိယာမပုံစံကို နားလည်သွားပါပြီ။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အချိန်နိယာမကို အပြည့်အဝ နားလည်သွားပါပြီ။ ]

လင်းယွမ်၏ ရှေ့မှကမ္ဘာက ဖြည်းညင်းစွာ ပြောင်းလဲသွားခဲ့သည်။

" နောက်ဆုံးတော့ ငါ အချိန်နိယာမကို နားလည်သွားခဲ့ပြီ။ "

နဝမအလွှာဖြင့် အချိန်နိယာမကို နားလည်ခဲ့သောကြောင့် လင်းယွမ်က အလွန်ကျေနပ်နေခဲ့သည်။ ပင်မစကြာဝဠာမှာပင် ထိုကဲ့သို့သော အဖြစ်အပျက်မျိုး တစ်ခါမှ မဖြစ်ဖူးခဲ့ပေ။

နတ်ဆိုးကျောက်စိမ်းမျှော်စင်နှင့် ရွှမ်ဟွမ်မျိုးနွယ်၏ မှတ်တမ်းများထဲမှာပင် ဒဏ္ဍာရီလာအချိန်သက်ရှိအချို့သာ ၎င်းကို အောင်မြင်နိုင်ကြလေသည်။

" အချိန်နိယာမ " လင်းယွမ်က မျက်လုံးများကို မှိတ်လိုက်သည်။

အချိန်နိယာမကို နားလည်ပြီးနောက် သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က ဘာမှပြောင်းလဲခြင်းမရှိခဲ့ပေ။ သို့သော် သူက ကျယ်ပြောလှသော အချိန်မြစ်ကို ထိတွေ့ခံစားနိုင်ခဲ့သည်။

" ငါ အခု ငါ့ရဲ့ ကိုယ်ပိုင်အချိန်စီးဆင်းမှုကို နှေးကွေးအောင် လုပ်ဆောင်နိုင်ပြီ။ " လင်းယွမ်က တွေးလိုက်သည်။

အချိန်နိယာမကို နားမလည်မီ သူက ကိုယ်ပိုင်အချိန်စီးဆင်းမှုကို နှေးကွေးစေနိုင်သော်လည်း သိသိသာသာ မဟုတ်ပေ။ သို့သော် ယခု လင်းယွမ်က သူ၏ အချိန်စီးဆင်းမှုက အဆတစ်သောင်း သို့မဟုတ် အဆတစ်သိန်းအထိ နှေးကွေးစေနိုင်လေသည်။

၎င်းက ရှေးဟောင်းနတ်ဘုရားများ အသက်ရှည်ကြခြင်း၏ အဓိကနည်းလမ်းတစ်ခုဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားအနည်းငယ်က ကြီးမြတ်သူဖြစ်လာရန် ကြိုးစားနိုင်ကြသော်လည်း ကျရှုံးမည်ကို စိုးရိမ်သောကြောင့် ကြိုးစားရဲခြင်းမရှိကြပေ။ သူတို့က တစ်ခေတ်ပြီးတစ်ခေတ် သူတို့၏ အချိန်များကို နှေးကွေးစေပြီး အခွင့်အလမ်းကို ဆက်လက်စောင့်ဆိုင်းနေကြသည်။

" အချိန်စီးဆင်းမှုကို နှေးကွေးတာက ငါ့အတွက် ဘာအကျိုးမှ မရှိဘူး။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။ သူ၏ သက်တမ်းက များစွာကျန်ရှိနေဆဲ ဖြစ်သည်။

" အချိန်မြစ်လား " လင်းယွမ်က သူ၏ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အဆုံးမရှိသော မြူခိုးများက ရှည်လျားသော မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေခဲ့သည်။

အချိန်နိယာမကို နားလည်ပြီးနောက် အရေးကြီးဆုံးအချက်က အချိန်မြစ်အတွင်း မိမိ၏ ရုန်းကန်မှုကို သိရှိခြင်းဖြစ်သည်။ ကြီးမြတ်သူရှချင်က သူ့ကို အချိန်မြစ်အတွင်းမှ လွတ်မြောက်ရန် ခေါ်သွားသော ရှုထောင့်နှင့် ယှဉ်လျှင် လက်ရှိရှုထောင့်က အချိန်မြစ်အတွင်းမှ ဖြစ်သည်။

" ငါက အချိန်မြစ်အတွင်းမှာ အရမ်း သေးငယ်တာပဲ။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။

လူတစ်ယောက်၏ ခွန်အားက ပို၍ မြင့်မားသည်နှင့် အချိန်မြစ်ထဲတွင် သူတို့၏ ရောင်ပြန်ဟပ်မှုက ပို၍ ကြီးမားလေဖြစ်သည်။ လင်းယွမ်က အချိန်နိယာမကို နားလည်ထားသော်လည်း နောက်ဆုံးတွင် နဝမအလွှာတစ်ယောက်သာဖြစ်သည်။

အချိန်မြစ်အတွင်း သာမန်အလွှာဆယ့်တစ် သက်ရှိများက ငါးသေးသေးလေးများသာ ဖြစ်သည်။ အလွှာဆယ့်တစ်တွင် အချိန်နိယာမကို နားလည်ထားကြသူများကလည်း ငါးကြီးများဖြစ်ကြသည်။

" ငါ အရင် ကမ်းခြေကနေ မြစ်ကို စောင့်ကြည့်တုန်းက မြစ်တစ်ဝက်ကို ဖုံးလွှမ်းနေတဲ့ ငါးကြီးတစ်ကောင်ကို မြင်ခဲ့ရတယ်။ အဲ့ဒါ ဘယ်အလွှာဆယ့်တစ်သက်ရှိလဲမသိဘူး။ " လင်းယွမ်က ရုတ်တရက် တွေးလိုက်သည်။

သူက အချိန်မြစ်ထဲတွင် ရှိနေသောကြောင့် အလွှာဆယ့်တစ်တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ သို့သော် မြစ်၏ တစ်ဝက်နီးပါးကို ဖုံးလွှမ်းနိုင်ခြင်းက ကြောက်စရာကောင်းသော အသက်အနှစ်သာရကို ဖော်ပြနေသည်။

" ကမ်းခြေ " လင်းယွမ်က ကမ်းခြေဘက်သို့ ကြည့်ရန် ကြိုးစားလိုက်သော်လည်း မှုန်ဝါးနေသည်ကို တွေ့လိုက်ရသည်။ မြစ်အတွင်းမှ သက်ရှိများအနေဖြင့် ကမ်းခြေကို မြင်နိုင်မည်မဟုတ်ပေ။

" ငါက မြစ်ထဲက ခဏ ခုန်ထွက်နိုင်နေပြီ။ ဒါပေမယ့် မလုပ်တာပဲ။ ကောင်းပါတယ်။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။

သူက အချိန်နိယာမကို နားလည်သွားပြီဖြစ်သောကြောင့် အချိန်မြစ်ထဲမှ ခဏတာ ခုန်ထွက်နိုင်လေသည်။ သို့သော် ထိုသို့လုပ်ခြင်းဖြင့် ကမ်းခြေမှ ကြီးမြတ်သူများ၏ အာရုံကို ဆွဲဆောင်မိသွားပေလိမ့်မည်။

လင်းယွမ်က လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်အတွက် စိုးရိမ်စရာမလိုပေ။ သို့သော် ဤစကြာဝဠာထဲမှ အချို့ကြီးမြတ်သူများက လူသားမျိုးနွယ်အပေါ် နက်ရှိုင်းသော ရန်လိုမှုများရှိကြလေသည်။

" ရေစီးကြောင်းကို ဆန့်ကျင်တယ်။ " လင်းယွမ်က ခေါင်းကိုလှည့်ပြီး အဝေးသို့ ကြည့်လိုက်သည်။

အတိတ်တွင် သေဆုံးခဲ့သော သက်ရှိများ၏ ပုံရိပ်များက ပေါ်လာကြသည်။ သူက အဝေးသို့ ပို၍ ကြည့်လေ သက်ရှိများ ပို၍ များလာလေဖြစ်သည်။ ထိုသက်ရှိများက ဆဋ္ဌမအလွှာ၏ အထက်တွင် ဖြစ်ပြီး ဆဋ္ဌမအလွှာအောက် သက်ရှိများကိုတော့ မြင်နိုင်ခြင်းမရှိပေ။

" သီအိုရီအရဆို ငါက လူတွေကို ပြန်အသက်သွင်းနိုင်ပြီ။ " လင်းယွမ်က တွေးလိုက်သည်။

သို့သော် သီအိုရီက သီအိုရီသာဖြစ်သည်။ လင်းယွမ်၏ လက်ရှိခွန်အားနှင့် အသက်အနှစ်သာရကြောင့် ဆဋ္ဌမအလွှာ သက်ရှိတစ်ယောက်ကို ပြန်အသက်သွင်းလျှင်တောင် ပင်မစကြာဝဠာနှင့် အချိန်မြစ်၏ တန်ပြန်မှုကြောင့် ချက်ချင်း အမှုန့်ဖြစ်သွားပေလိမ့်မည်။

အလွှာဆယ့်တစ် သက်ရှိတစ်ယောက်ပင် ဆဋ္ဌမအလွှာတစ်ယောက်ကို ပြန်လည်အသက်သွင်းခြင်းမှ တန်ပြန်မှုကို ခံနိုင်ရည်မရှိပေ။ ယခုအချိန်ထိ ကြီးမြတ်သူတစ်ယောက်သာ အချိန်မြစ်ကို ဆန့်ကျင်ပြီး အတိတ်မှ သေဆုံးခဲ့သူများကို ပြန်လည်အသက်သွင်းနိုင်လေသည်။

All Chapters