← Chapters

အဆင့်တက်ရန် ပြင်ဆင်ခြင်း....

Vol. 35 Ch. 536

အဆင့်တက်ရန် ပြင်ဆင်ခြင်း....

Vol. 35 Ch. 536

အချိန်မြစ်၏ ကမ်းခြေတွင် လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်က ထိုနေရာတွင် ရပ်နေကြသည်။ ထိုထဲတွင် ကြီးမြတ်သူရှချင်ကလည်း မြစ်၏ မျက်နှာပြင်ကို တိတ်ဆိတ်စွာ ကြည့်ရှုနေသည်။

ရုတ်တရက် ကြီးမြတ်သူရှချင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ အချိန်မြစ်၏ နက်ရှိုင်းသော နေရာမှ ထွက်ပေါ်လာသော လှိုင်းဂယက်တစ်ခုနှင့်အတူ သက်ရှိတစ်ယောက်က ကမ်းခြေဘက်သို့ ချောင်းကြည့်နေသည်ကို သတိထားမိလိုက်သည်။

" တစ်ယောက်ယောက်က အချိန်နိယာမကို နားလည်သွားတာလား။ " ကြီးမြတ်သူရှချင်၏ အတွေးများက ပျံ့နှံ့သွားသည်။

ယခင်က ဆိုလျှင် သူက ၎င်းကို အလေးအနက် ထားမည်မဟုတ်ပေ။ အချိန်မြစ်က အလွန်ကျယ်ပြောလှပြီး လက်ရှိသက်ရှိများကိုသာမက အတိတ်မှ သက်ရှိများစွာကိုလည်း လွှမ်းခြုံထားသည်။ အချိန်နိယာမကို နားလည်သွားသော သက်ရှိများက တစ်ခါတစ်ရံ ထွက်ပေါ်လာတတ်လေသည်။

သို့သော် ကြီးမြတ်သူရှချင်၏ စိတ်ထဲတွင် မရေရာသော ခံစားချက်တစ်ခုရှိနေသည်။

အချိန်နိယာမကို နားလည်သွားတာ အဲ့ဒီကောင်လေး ဖြစ်နိုင်မလား။

နဂါးငွေ့တန်းပင်မကြယ်တွင် လင်းယွမ်က ထိုင်နေပြီး သူ၏ စိတ်အသိကို အတွင်းကမ္ဘာသို့ ပို့လွှတ်လိုက်သည်။ အချိန်နိယာမကို အပြည့်အဝ နားလည်ပြီးနောက် အချိန်နိယာမက လေဟာနယ်နိယာမနှင့် အခြားနိယာမတို့၏ ဘေးတွင် အတွင်းကမ္ဘာ၏ ထောက်တိုင်တစ်ခု ဖြစ်လာခဲ့သည်။

ဝုန်း ဝုန်း.....

ပြောင်းလဲမှုတစ်ခုက အတွင်းကမ္ဘာထဲတွင် ဖြစ်ပေါ်လာခဲ့သည်။ အတွင်းကမ္ဘာက ကျယ်ပြန့်လာခြင်းမရှိသကဲ့သို့ လေဟာနယ်အလွှာကလည်း တိုးလာခြင်းမရှိပေ။ သို့သော် အချိန်နိယာမ၏ ပေါင်းစည်းမှုနှင့်အတူ သူ၏ အတွင်းကမ္ဘာက ပြည့်စုံသွားခဲ့သည်။

" ဒါက အတွင်းကမ္ဘာရဲ့ လွတ်လပ်မှုလား။ " လင်းယွမ်က တွေးလိုက်မိသည်။

ပြည့်စုံသော အချိန်နိယာမနှင့် လေဟာနယ်နိယာမတို့ နှစ်ခုလုံးကြောင့် အတွင်းကမ္ဘာက အချိန်နှင့် လေဟာနယ်ကို ပင်မစကြာဝဠာအပေါ်တွင် မှီခိုခြင်းမရှိတော့ပေ။ ပြောရလျှင် အတွင်းကမ္ဘာနှင့် ပင်မစကြာဝဠာတို့က တူညီသော အဆင့်တွင် ရှိနေကြသည်။

ခြားနားချက်မှာ ပင်မစကြာဝဠာက အတွင်းကမ္ဘာထက် အဆများစွာ ကြီးမားခြင်းဖြစ်သည်။ သို့သော် ခြားနားချက်က မည်မျှကြီးမားသည်ဖြစ်စေ နှစ်ခုလုံးက ကမ္ဘာများသာ ဖြစ်သည်။

" လွတ်လပ်တဲ့ အတွင်းကမ္ဘာ ဘယ်လောက်တောင်အံ့ဩစရာကောင်းလဲ။ " လင်းယွမ်က တီးတိုးပြောလိုက်သည်။

လက်ရှိအချိန်တွင် အတွင်းကမ္ဘာက ပင်မစကြာဝဠာ၏ အာရုံခံစားမှုမှ ပိုင်းခြားထားသည်။ ပင်မကြာဝဠာက အတွင်းကမ္ဘာအတွင်းမှ အရာအားလုံးကို အာရုံခံစားနိုင်လေသည်။

လင်းယွမ်က စိတ်ဝိညာဉ်ကမ္ဘာ၏ ခရီးကို အဆုံးသတ်ပြီး စကြာဝဠာစွမ်းအားများကို ယူဆောင်လာချိန်တွင် အတွင်းကမ္ဘာက ၎င်းကို ခံစားမိခဲ့သည်။ စကြာဝဠာ၏ မူလစွမ်းအားက အတွင်းကမ္ဘာ၏ အပြင်ဘက်တွင် ရစ်ဝဲနေခဲ့သည်။

လင်းယွမ်က ၎င်းကို ဖွင့်ပြီး စကြာဝဠာစွမ်းအားများက အတွင်းကမ္ဘာနှင့် လိုက်လျောညီထွေဖြစ်အောင် စောင့်ဆိုင်နေရုံသာ ဖြစ်သည်။ သို့သော် ယခု သူ၏ အတွင်းကမ္ဘာထဲတွင် ပင်မစကြာဝဠာ လိုချင်သော ရတနာများ ရှိနေလျှင်တောင် ရှာတွေ့မည်မဟုတ်တော့ပေ။

" တိုက်ခိုက်ရေးစွမ်းအားက ပြောင်းလဲမှုမရှိရင်တောင် အခု ငါက ပိုပြီးလွတ်လပ်သွားပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။

တိုက်ခိုက်ရေးစွမ်းအားက ပြောင်းလဲမှုမရှိဟု ဆိုခြင်းမှာ လုံးဝတော့ မမှန်ကန်ပေ။ အချိန်နိယာမကို နားလည်ပြီးနောက် အချိန်ပေါ်တွင် လင်းယွမ်၏ ကျွမ်းကျင်မှုက ယခင်ထက် ပို၍ ခိုင်မာလာခဲ့သည်။

သူက တိုက်ခိုက်ရေးစွမ်းအားတွင် အလွှာတစ်ဆယ် အဆင့်အေနှင့် မယှဉ်နိုင်လျှင်တောင် အချိန်နိယာမကို အသုံးပြုပြီး သူတို့ကို ဆော့ကစားနိုင်လေသည်။ ဥပမာ ယခု လင်းယွမ်က အချိန်အကျဉ်ထောင်ကို တည်ဆောက်ပြီး အလွှာတစ်ဆယ် အဆင့်အေရှိသူများကို ပိတ်လှောင်ထားနိုင်လေသည်။ သူတို့က စွမ်းအားအားလုံး အသုံးချခဲ့လျှင်တောင် လွတ်မြောက်ရန်အတွက် အနည်းဆုံး နာရီဝက်ကြာပေလိမ့်မည်။

" အချိန်နိယာမကို နားလည်ပြီးတဲ့နောက်မှာ အတွင်းကမ္ဘာရဲ့ ပြောင်းလဲမှုအရှိန်က ပိုပြီးမြင့်တက်လာတယ်။ " လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

အလွှာတစ်ဆယ်သို့ တက်လှမ်းခြင်းက နှေးကွေးသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ လင်းယွမ်၏ ခန့်မှန်းချက်အရ သူက ၎င်းကို နှစ်တစ်ရာလောက် ကြာလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် ယခု နှစ်ပေါင်း ခြောက်ဆယ် ခုနှစ်ဆယ်လောက်သာ ကြာတော့မည်ဖြစ်သည်။

" အချိန်နိယာမကို နားလည်တာက တကယ် အကျိုးကျေးဇူးများတာပဲ။ "

" ကြီးမြတ်သူ ရှချင်ရဲ့ စကားအရ လွတ်လပ်တဲ့ အတွင်းကမ္ဘာက ဖရိုဖရဲဟင်းလင်းပြင်ကနေ မူလရင်းမြစ်ကို လက်ခံရရှိလိမ့်မယ်။ "

၎င်းက ကြီးမြတ်သူအဆင့်ကို စိန်ခေါ်နေသော အလွှာဆယ့်တစ်သက်ရှိများသာ ရရှိနိုင်လေသည်။ သို့သော် လင်းယွမ်က ၎င်းကို အလွှာတစ်ဆယ်တွင် ရရှိမည်ဖြစ်ပြီး အလွှာဆယ့်တစ်များကိုပင် မနာလိုဖြစ်စေနိုင်လေသည်။

" ကြီးမြတ်သူရှချင်ကို သွားတွေ့ရမယ်။ " လင်းယွမ်က သူ၏ စိတ်အသိကို VR ကမ္ဘာနှင့် ချိတ်ဆက်လိုက်သည်။

ကြီးမြတ်သူရှချင်က နဝမအလွှာတွင် အချိန်နိယာမကို နားလည်သွားလျှင် သူ့ကို နောက်တစ်ကြိမ် ထပ်ရှာရန် ပြောထားခဲ့သည်။

လင်းယွမ်၏ အချိန်နိယာမကို နားလည်သွားခြင်းက ကြီးမြတ်သူ၏ အကူအညီများစွာ ပါဝင်ခဲ့သည်။ ကြီးမြတ်သူရှချင်က သူ့ကို အချိန်မြစ်ထဲမှ ခေါ်မထုတ်ခဲ့လျှင် အချိန်နိယာမကို နားလည်လျှင်တောင် နောက်ကျပေလိမ့်မည်။

VR ကမ္ဘာ။

ကြီးမြတ်သူ ရှချင်က သူ၏ ပလ္လင်ပေါ်တွင် ထိုင်နေသည်။

" ဟမ် ကောင်လေးက ငါ့ကို လာရှာတာလား။ " ကြီးမြတ်သူက အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူက ယခုလေးတင် အချိန်မြစ်ထဲမှ ထွက်ပေါ်လာသော မှိန်ဖျော့သည့် လှိုင်းတစ်ခုကို သတိရသွားသည်။

" အဲ့ဒီလှိုင်းဂယက်တွေက လင်းယွမ်ဆီက လာတာလား။ " ကြီးမြတ်သူရှချင်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။

" ကြီးမြတ်သူ " မကြာမီ လင်းယွမ်က ပေါ်လာပြီး နှုက်ဆက်လိုက်သည်။

" မင်း အချိန်နိယာမကို နားလည်သွားပြီလား။ " ကြီးမြတ်သူရှချင်က တိုက်ရိုက်မေးလိုက်သည်။

" ဟုတ်ကဲ့" ကြီးမြတ်သူရှချင်က ဘယ်လိုသိသွားမှန်း သူမသိသော်လည်း အမှန်တိုင်းပြန်ဖြေလိုက်သည်။

" အချိန်နိယာမကို နားလည်သွားပြီ...." ကြီးမြတ်သူ ရှချင်က ရေရွတ်လိုက်သည်။

" ကောင်းတယ် အရမ်းကောင်းတယ်။ " ကြီးမြတ်သူရှချင်က လင်းယွမ်ကို ကြည့်ပြီး ကျေနပ်စွာ ပြောလိုက်သည်။

ရှည်လျားသော နှစ်များအတွင်း သူက သူ၏ မျိုးနွယ်ဝင်အချို့ကို စိတ်ရောကိုယ်ပါ နစ်မြုပ်ပြီး ပျိုးထောင်ပေးခဲ့သည်။ ထိုမျိုးနွယ်ဝင်များက အလွှာဆယ့်နှစ်သက်ရှိ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး ကြီးမြတ်သူ၏ လမ်းညွှန်မှုကိုလည်း ရရှိကြသည်။

သူတို့က အရေးပါသော အောင်မြင်မှုများ ရရှိခဲ့ကြသော်လည်း လင်းယွမ်နှင့်ယှဉ်လျှင် ကြီးမြတ်သူရှချင်က အနည်းငယ်ပင် ရှက်ရွံ့မိလေသည်။ ယခုအချိန်ထိ ကြီးမြတ်သူရှချင်က လင်းယွမ်အတွက် လုပ်ဆောင်ပေးခဲ့သောအရာမှာ အချိန်မြစ်၏ ကမ်းခြေသို့ ခေါ်ဆောင်သွားခြင်းတစ်ခုသာ ရှိလေသည်။

ကြီးမြတ်သူရှချင်က အခြားသူများနှက့် မတူဘဲ လင်းယွမ်အတွက် လုပ်ပေးခဲ့သောအရာမှာ နဝမအလွှာတွင် အချိန်မြစ်တစ်ခုလုံးကို လေ့လာစေခဲ့ခြင်းသာဖြစ်သည်။ ၎င်းက ကြီးမားသော အခွင့်အလမ်းတစ်ခုတော့မဟုတ်ပေ။

သာမန်ပါရမီရှင်များအတွက် လေ့လာခြင်း မလေ့လာခြင်းက များစွာကွာခြားမှုမရှိပေ။ ပြိုင်ဘက်ကင်းပါရမီရှင်များအတွက်တော့ သူတို့၏ အချိန်နိယာမ နားလည်မှုကို အနည်းငယ် လွယ်ကူစေခြင်းသာ ဖြစ်ပေလိမ့်မည်။

သို့သော် လင်းယွမ်က ခဏလေ့လာခဲ့ပြီးနောက် နှစ်သုံးဆယ်မပြည့်မီ အချိန်နိယာမကို နားလည်သွားခဲ့သည်။ ထိုအောင်မြင်မှုက ကြီးမြတ်သူရှချင်ကို တွေဝေစေခဲ့သည်။ လင်းယွမ်က နဝမအလွှာတွင် အချိန်နိယာမကို နားလည်ရန် သူက မျှော်လင့်ထားသော်လည်း ယခုလောက်ထိ မြန်လိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။

လင်းယွမ်က ပလ္လင်ပေါ်မှ ကြီးမြတ်သူရှချင်ကို မော့ကြည့်လိုက်သည်။ ကြီးမြတ်သူရှချင်က သူ့ကို ပထမဆုံးခေါ်ယူချိန်တွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဖန်တီးသူဖြစ်သည်ကို သိခဲ့ရသော်လည်း သူ၏ မျက်လုံးထဲတွင် ကျေးဇူးတင်သော အရိပ်အယောင်အချို့သာ ပေါ်ခဲ့လေသည်။

ယခုတော့ သူက အလွန်စိတ်လှုပ်ရှားပြီး ကျေနပ်နေပုံရလေသည်။ ယနေ့မတိုင်ခင် ကြီးမြတ်သူတစ်ယောက်က ထိုကဲ့သို့ စိတ်ခံစားမှုအတက်အကျကို ထုတ်ပြလိမ့်မည်ဟု လင်းယွမ်က မတွေးခဲ့မိပေ။

" နဝမအလွှာမှာ အချိန်နိယာမကို နားလည်တာက ငါထင်ထားတာထက် အကျိုးကျေးဇူး ပိုများမယ်ထင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

" ပြောင်းလဲမှုက ဘယ်တော့ပြည့်စုံမှာလဲ။ " ကြီးမြတ်သူရှချင်က လင်းယွမ်ကို ခဏကြည့်ပြီးနောက် မေးလိုက်သည်။

ကြီးမြတ်သူတစ်ယောက်ဖြစ်သောကြောင့် သူက အလွှာတစ်ဆယ်သို့ တက်လှမ်းခြင်း၏ အသေးစိတ်အချက်အလက်များကို သိထားလေသည်။ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်၊ စိတ်အသိနှင့် အတွင်းကမ္ဘာတို့က နှေးကွေးသော အသွင်ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ရလေသည်။

ပြောင်းလဲမှု နောက်ဆုံးအခိုက်အတန့်သို့ ရောက်သောအခါ အလွှာတစ်ဆယ်သို့ တက်လှမ်းသွားမည်ဖြစ်သည်။ ထိုကာလအတွင်း ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ခွန်အားများ ထုတ်ဖော်ခြင်းမပြုလျှင် အကောင်းဆုံးဖြစ်ပြီး မဟုတ်လျှင် ပြောင်းလဲမှုကို ထိခိုက်စေနိုင်လေသည်။

" အစကတော့ နှစ်ခြောက်ဆယ်လိုသေးတယ်။ အခုတော့ အများဆုံး နှစ်နှစ်ဆယ်ကြာရင် ကျွန်တော် ပြောင်းလဲမှုအထွတ်အထိပ်ကို ရောက်ပြီး အဆင့်တက်နိုင်လိမ့်မယ်။ " လင်းယွမ်က ပြောလိုက်သည်။

" မင်းက အချိန်နိယာမကို နားလည်ခဲ့ပြီးပြီ။ အခု အချိန်နဲ့ လေဟာနယ်ရဲ့ ထောက်ပံ့မှုကြောင့် မင်းရဲ့ အတွင်းကမ္ဘာက လွတ်လပ်သွားပြီး ပြောင်းလဲမှုက အရှိန်မြင့်သွားတာပဲ။ " ကြီးမြတ်သူရှချင်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

" အလွှာတစ်ဆယ်ကို တက်လှမ်းရင် သာမန်ဆင့်ကဲပြောင်းလဲသူတွေတောင် စကြာဝဠာရဲ့ မူလရင်းမြစ်ကို ခံနိုင်ရည်ရှိဖို့လိုတယ်။ အဲ့ဒီအချိန်မှာ အနှောက်အယှက်မရှိဖို့လိုတယ်။ " ကြီးမြတ်သူရှချင်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။

သာမန်ဆင့်ကဲပြောင်းလဲသူများက စကြာဝဠာ၏ မူလရင်းမြစ်ကို ခံနိုင်ရည်ရှိရန် လိုအပ်ပြီး လင်းယွမ်က ဖရိုဖရဲဟင်းလင်းပြင်၏ မူလရင်းမြစ်ကို ခံနိုင်ရည်ရှိရန် လိုအပ်လေသည်။

" ကျွန်တော် ဘယ်နေရာမှာ အဆင့်တက်ရန် အဆင်ပြေလောက်လဲ။ " လင်းယွမ်က မေးလိုက်သည်။ ကြီးမြတ်သူတစ်ယောက်က ထိုကိစ္စများကို ကောင်းကောင်းသိထားပေလိမ့်မည်။

" မင်းက နဂါးငွေ့တန်းကြယ်နယ်မြေမှာပဲ တက်လှမ်းသင့်တယ်။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။

" ပြီးတော့ အဆင့်တက်နေတုန်းမှာ မင်းရဲ့ ကိုယ်ပွားတွေကို ပြန်ခေါ်ပါ။ " သူက ခဏလောက်တွေးပြီး ပြောလိုက်သည်။

All Chapters