← Chapters

လင်းယွမ်၏ ခွန်အားတိုးတက်မှု...

Vol. 35 Ch. 540

လင်းယွမ်၏ ခွန်အားတိုးတက်မှု...

Vol. 35 Ch. 540

" ကြီးမြတ်သူရှချင် " လင်းယွမ်က လေဟာနယ်အလွှာထဲမှ အပြင်သို့ ထွက်လိုက်သည်။

ကြီးမြတ်သူရှချင်က နဂါးငွေ့တန်းကြယ်နယ်မြေသို့ ရောက်ချိန်တွင် လင်းယွမ်ကို အသိပေးခဲ့လေသည်။ ထို့ကြောင့် လင်းယွမ်က အဆင့်တက်လှမ်းချိန်တွင် စိုးရိမ်မှုမရှိခဲ့ပေ။ ယခု သူက အလွှာတစ်ဆယ်သို့ ဝင်ရောက်သွားပြီဖြစ်သောကြောင့် ကြီးမြတ်သူရှချင်နှင့် တွေ့ဆုံရမည်ဖြစ်သည်။

ကြီးမြတ်သူရှချင်က နဂါးငွေ့တန်းကြယ်နယ်မြေကို နှစ်ပေါင်းနှစ်ဆယ်နီးပါး ကာကွယ်ပေးခဲ့သောကြောင့် လင်းယွမ်အတွက် အထူးအရေးပါလေသည်။

လင်းယွမ်က ရှေ့သို့ တစ်လှမ်းလှမ်းလိုက်ပြီး သူ၏ ပုံရိပ်က နဂါးငွေ့တန်းကြယ်နယ်မြေ၏ အပြင်ဘက်တွင် ပြန်ပေါ်လာသည်။ ထိုနေရာတွင် ပုံရိပ်နှစ်ခုရပ်နေခဲ့သည်။

" ကြီးမြတ်သူရှချင်.... ကြီးမြတ်သူယုတိုင်..." လင်းယွမ်က အနည်းငယ် အံ့ဩသွား၏။

လူသားမျိုးနွယ်တွင် ကြီးမြတ်သူကိုးယောက်ကို မမြင်ဖူးကြလျှင်တောင် သူတို့၏ သွင်ပြင်များကို သိထားကြလေသည်။

" လင်းယွမ် မင်းက ငါ့ကို တကယ်အံ့အားသင့်စေတာပဲ။ " ကြီးမြတ်သူရှချင်က ခံစားချက်များနှင့် ပြောလိုက်ပြီး ကြီးမြတ်သူယုတိုင်ကလည်း ခေါင်းညိမ့်လိုက်သည်။

အလွှာဆယ့်နှစ် ကြီးမြတ်သူများအနေဖြင့် အချိန်မြစ်မှ လွတ်မြောက်လာပြီး သူတို့က အဖြစ်အပျက်များစွာကို ကြုံတွေ့ခဲ့ရလေသည်။ သို့သော် ထိုကောင်လေးက သူတို့ကို တစ်ခုပြီးတစ်ခု အံ့အားသင့်စေခဲ့သည်။

" ကြီးမြတ်သူ ကျွန်တော်က.." လင်းယွမ်က အနည်းငယ် တုန့်ဆိုင်းစွာဖြင့် သူဖွင့်ထားသော လေဟာနယ်အလွှာအရေအတွက်ကို ပြောပြရန် ပြင်လိုက်သည်။

သို့သော် ဆန်းကြယ်သော ဘူးသီးခြောက်က အလွန်တန်ဖိုးကြီးမားသောကြောင့် မည်သည့်အခြေအနေဖြစ်စေ လင်းယွမ်က ၎င်းကို ထုတ်ဖော်၍ မရပေ။

" ရှင်းပြစရာမလိုဘူး။ " ကြီးမြတ်သူရှချင်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။ " မင်းမှာ လျို့ဝှက်ချက်တွေရှိတာ ပုံမှန်ပဲ။ ငါနဲ့ ယုတိုင်မှာလည်း ကိုယ်ပိုင်လျို့ဝှက်ချက်တွေ ရှိတာပဲ။ "

ကြီးမြတ်သူရှချင်က လင်းယွမ်ကို ကြည့်ပြီး ပြုံးလိုက်သည်။ သူ၏ အဆင့်နှင့် လင်းယွမ်ကို စစ်ဆေးရန် လွယ်ကူလွန်းလှသည်။ သို့သော် လင်းယွမ်က လူသားဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်နေရုံနှင့် ၎င်းတို့က မလိုအပ်တော့ပေ။

" ဟုတ်ကဲ့ " လင်းယွမ်က ပြန်ပြောလိုက်သည်။

" ငါက မင်းရဲ့ လက်ရှိခွန်အားကို မသေချာဘူး။ " ကြီးမြတ်သူရှချင်က လင်းယွမ်ကို ကြည့်ပြီး ခဏစဉ်းစားလိုက်သည်။ " ဒါပေမယ့် မင်းက အလွှာတစ်ဆယ် အဆင့်အေနဲ့ ယှဉ်နိုင်လောက်တယ်။ "

အလွှာတစ်ဆယ် အဆင့်အေ၏ စံနှုန်းက အဓိကနိယာမနှစ်ခုကို ပေါင်းစည်းခြင်းမှ ဖြစ်ပေါ်လာသော ပေါင်းစပ်နိယာမအသစ်ကို နားလည်ခြင်းဖြစ်သည်။ လင်းယွမ်က ထိုကဲ့သို့ ပေါင်းစပ်နိယာမကို နားမလည်သေးလျှင်တောင် သူ၏ အခြေခံက နက်ရှိုင်းလှသည်။

" သိပ်မကွာလောက်ဘူး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

အမှန်တော့ လင်းယွမ်က သူ၏ လက်ရှိခွန်အားကို သာမန် အလွှာတစ်ဆယ် အဆင့်အေထက် ကျော်လွန်သည်ဟုပင် ခံစားနေရသည်။ အချိန်နိယာမကို နားလည်ပြီး လွတ်လပ်သော အတွင်းကမ္ဘာတစ်ခုဖြင့် ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို စုပ်ယူပြီးနောက် လင်းယွမ်ရရှိသော တိုးတက်မှုများက မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်ခဲ့သည်။

" အရမ်းကောင်းတယ်။ " ကြီးမြန်သူရှချင်က ပြုံးလိုက်စည်။

လူသားမျိုးနွယ်၏ အင်အားနှင့် အလွှာတစ်ဆယ် အဆင့်အေ တည်ရှိမှုတစ်ခု တိုးလာခြင်းက ကြီးမားသော ကိစ္စတစ်ခုမဟုတ်ပေ။ အများဆုံး ၎င်းက စစ်မြေပြင်ကြီးများပေါ်တွင်သာ သက်ရောက်မှုရှိပေလိမ့်မည်။

သို့သော် အလွှာတစ်ဆယ် အဆင့်အေနှင့် ယှဉ်နိုင်သော လင်းယွမ်က မတူပေ။ လူသားမျိုးနွယ် သို့မဟုတ် အခြားမျိုးနွယ်များရှိ အလွှာတစ်ဆယ် အဆင့်အေ တည်ရှိမှုများ၏ ခွန်အားနှင့် အလားအလာက ကန့်သတ်ချက်သို့ ရောက်နေကြပြီဖြစ်သည်။ အလွှာဆယ့်တစ်သို့ တက်လှမ်းသည်မှ လွဲ၍ တိုးတက်မည့်နည်းလမ်းမရှိတော့ပေ။

သို့သော် လင်းယွမ်က အလွှာတစ်ဆယ်သို့ ဝင်ရောက်ခါစဖြစ်ပြီး အလွှာတစ်ဆယ် အဆင့်အေနှင့် ယှဉ်နိုင်နေခြင်းဖြစ်သည်။ သူက ပေါင်းစပ်နိယာမများကိုသာ နားလည်ခဲ့လျှင် အလွှာဆယ့်တစ်သက်ရှိတစ်ယောက် ဝင်ရောက်မစွက်ဖက်သရွေ့ လင်းယွမ်ကို ဘယ်သူမှ ယှဉ်နိုင်မည်မဟုတ်ပေ။

" ဒါပေမယ့် မပေါ့ဆနဲ့။ " ကြီးမြတ်သူရှချင်းက လေးနက်စွာ ပြောလိုက်သည်။ " မင်းအပေါ် ငါတို့ လူသားမျိုးနွယ် မျှော်လင့်ထားတာက အလွှာတစ်ဆယ် ဒါမှမဟုတ် အလွှာဆယ့်တစ်မဟုတ်ဘူး။ "

" အဲ့ဒါက အလွှာဆယ့်နှစ် ကြီးမြတ်သူပဲ။ "

ကြီးမြတ်သူရှချင်က လင်းယွမ်ကို ကြည့်လိုက်သည်။ ကြီးမြတ်သူယုတိုင်၏ အပြုံးကလည်း မှေးမှိန်သွားသည်။

ကြယ်စကြာဝဠာအတွင်းရှိ အထွတ်အထိပ်မျိုးနွယ်များ၏ ခွန်အားနှင့် အားနည်းချက်ကို တိုင်းတာခြင်းမှာ ကြီးမြတ်သူများသာ ဖြစ်သည်။

ကြီးမြတ်သူတစ်ယောက် ဖြစ်မလာသော သက်ရှိတစ်ယောက်က နောက်ဆုံးတွင် အချိန်မြစ်အတွင်းမှ ငါးတစ်ကောင်သာဖြစ်သည်။ သက်တမ်း၏ ကန့်သတ်ချက်များနှင့် ချုပ်နှောင်ခံရပြီး တစ်နေ့ သက်တမ်းကုန်လျှင် သေဆုံးရမည်ဖြစ်သည်။

လင်းယွမ်၏ ပါရမီနှင့် အရည်အချင်းက မည်မျှသန်မာသည်ဖြစ်စေ အလွှာဆယ့်နှစ်သို့ ဝင်ရောက်နိုင်မှသာ သူက ထာဝရတည်ရှိနိုင်ပေလိမ့်မည်။

" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ သူကလည်း ကြီးမြတ်သူဖြစ်လာရန် စိတ်အားထက်သန်နေခဲ့သည်။

" အလွှာတစ်ဆယ်ကို ရောက်ပြီးတော့ မင်းရဲ့ အတွင်းကမ္ဘာက စကြာဝဠာရဲ့ မူလရင်းမြစ်နဲ့ ချိတ်ဆက်ပြီး တဖြည်းဖြည်း ပြောင်းလဲလာလိမ့်မယ်။ အခု မင်းလုပ်ဖို့လိုတာက ပေါင်းစပ်နိယာမတွေကို နားလည်ပြီး အတွင်းကမ္ဘာထဲ ပေါင်းထည့်ဖို့ပဲ။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။

" ပေါင်းစပ်နိယာမတွေကို နားလည်ဖို့။ " လင်းယွမ်က နားလည်လေသည်။

အလွှာတစ်ဆယ် သက်ရှိများက ပေါင်းစပ်နိယာမများကို နားလည်လာသည်နှင့်အမျှ သူတို့၏ စွမ်းအားက တိုးတက်လာမည်ဖြစိသညိ။ ၎င်းက အလွှာတစ်ဆယ် အဆင့်အေများကြားမှာပင် ကွာခြားမှုရှိလေသည်။

ထို့အပြင် အဓိကနိယာမသုံးခုကို ပေါင်းစပ်ပြီး နိယာမအသစ်တစ်ခု ဖန်တီးခြင်းက ခွန်အားကို များစွာ ကွာခြားသွားပေလိမ့်မည်။ အချိန်နိယာမကို အခြေခံနိယာမများနှင့် ပေါင်းစပ်ခြင်းက အလွှာတစ်ဆယ် အဆင့်အေ တစ်ယောက်၏ နည်းလမ်းများကို သိသိသာသာမြှင့်တင်ပေးနိုင်လေသည်။

အချိန်နိယာနှင့် အခြေခံနိယာမတစ်ခု ပေါင်းစပ်ခြင်းက အဓိကနိယာမနှစ်ခု ပေါင်းစပ်ခြင်းထက် သာလွန်သော စွမ်းအားကို ထုတ်လွှတ်နိုင်လေသည်။

" တကယ်တော့ ပေါင်းစပ်နိယာမတွေက အလွှာဆယ့်တစ်မှာတောင် အရေးပါတယ်။ ဒါပေမယ့် အလွှာဆယ့်တစ်သက်ရှိတစ်ယောက်က အချိန်နိယာမကို လေဟာနယ်နိယာမနဲ့ ပေါင်းစပ်ရတယ်။ အဓိကနိယာမတွေကို ပိုပြီး ပေါင်းစပ်တာက အကျိုးကျေးဇူးပိုရတယ်။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။

" ဖရိုဖရဲနိယာမကရော။ " လင်းယွမ်က မေးလိုက်သည်။

" မင်းက ဖရိုဖရဲနိယာမအကြောင်း သိနေတာလား။ " ကြီးမြတ်သူရှချင်က အနည်းငယ် အံ့ဩသွားသည်။

စကြာဝဠာအပြင်မှ ကျလာသော အခွင့်အလမ်းများမရှိလျှင် လူသားမျိုးနွယ်က ဖရိုဖရဲနိယာမအကြောင်း သိမည်မဟုတ်ပေ။

"ကျွန်တော် အရင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်းက အခွင့်အလမ်းတစ်ခုမှာ ဖရိုဖရဲနိယာမအကြောင်း နည်းနည်းသိခဲ့ရတယ်။ " လင်းယွမ်က အမှန်အတိုင်း ပြောလိုက်သည်။

ဖရိုဖရဲနိယာမအကြောင်းကို သူက တကယ်ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်းမှ သိခဲ့ရခြင်းဖြစ်သည်။ သို့သော် အခွင့်အလမ်းနေရာမှ မဟုတ်ဘဲ လျို့ဝှက်နယ်မြေ၏ စိတ်အသိ လက်ခြောက်ဖက်ပုံရိပ်ဆီမှ ဖြစ်သည်။

" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက မယုံကြည်နိုင်လောက်အောင် အင်အားကြီးမားတဲ့ တည်ရှိမှုတစ်ခုဆီက ကျန်ရစ်ခဲ့တာဖြစ်လို့ ဖရိုဖရဲနိယာမအကြောင်း အချက်အလက်အချို့ ရှိတာ ပုံမှန်ပါပဲ။ " ကြီးမြတ်သူရှချင်က ၎င်းကို သိပ်မတွေးပေ။

အဆင့်တက်နေချိန်တွင် လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် သူ၏ ခွန်အားကို ထိန်းချုပ်ထားခဲ့ကြောင်း သိခဲ့ရလေသည်။ ထိုအခြေအနေအောက်တွင် သူက ကြီးမားသော အခွင့်အလမ်းနေရာတစ်ခုထဲသို့ ဝင်ရောက်ပြီး လျို့ဝှက်ချက်အချို့ သိခဲ့ရသည်မှာ ပုံမှန်သာဖြစ်သည်။

" အလွှာဆယ့်တစ် သက်ရှိတစ်ယောက်က ဖရိုဖရဲနိယာမကို နားလည်ထားရင် အလွှာဆယ့်နှစ်ကို တက်လှမ်းတဲ့အခါ ကြီးမားတဲ့ အကျိုးရှိလိမ့်မယ်။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။ " ဒါပေမယ့် ဒီကိစ္စကို အရမ်းမတွေးနဲ့။ အလွှာဆယ့်တစ် သက်ရှိတစ်ယောက်တောင် ဖရိုဖရဲနိယာမကို နားလည်ဖို့ မဖြစ်နိုင်သလောက်ပဲ။ "

" အဲလိုကိုး " လင်းယွမ်က ရေရွတ်လိုက်သည်။

" မင်း အလွှာတစ်ဆယ်ကို တက်လှမ်းတဲ့အကြောင်း ကြေညာဖို့က နောက်ထပ်နှစ်အနည်းငယ်လောက် စောင့်ရလိမ့်မယ်။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။ " မင်းအဆင့်တက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုက ကြီးမားလွန်းတယ်။ ပြင်ပက မျိုးနွယ်တွေက ငါတို့ လူသားမျိုးနွယ်မှာ အချိန်နိယာမကို နားလည်ထားတဲ့ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတစ်ယောက် ထွက်ပေါ်လာပြီလို့ပဲ ယုံကြည်ထားကြတယ်။ "

" ဒါက ငါက လက်ရှိအခြေအနေတိုင်း သွားဖို့ ရည်ရွယ်ထားတယ်။ ပထမဆုံးအနေနဲ့ လူသားမျိုးနွယ်ရဲ့ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က အချိန်နိယာမကို နားလည်ပြီး အလယ်ပိုင်းကြယ်နယ်မြေမှာ အဆင့်တက်ခဲ့တဲ့အကြောင်း ကြေညာလိုက်မယ်။ " ကြီးမြတ်သူရှချင်က လင်းယွမ်ကို ပြောလိုက်သည်။

အလွှာတစ်ဆယ်တွင် အချိန်နိယာမကို နားလည်ခြင်းက အံ့ဩစရာကောင်းသော်လည်း ယခင်က ထိုကဲ့သို့ ဖြစ်ခဲ့ဖူးလေသည်။ ထို့ကြောင့် မျိုးနွယ်ခြားများ၏ တုန့်ပြန်မှုမှာ အရမ်းပြင်းထန်မည်မဟုတ်ပေ။

သို့သော် နဝမအလွှာနှင့် အချိန်နိယာမကို နားလည်ခြင်းကို သိလျှင် မျိုးနွယ်ခြားများက လင်းယွမ်ကို ပစ်မှတ်ထားရန် နည်းလမ်းမျိုးစုံကို အသုံးပြုပေလိမ့်မည်။ လူသားမျိုးနွယ်က လင်းယွမ်ကို အပြည့်အဝ ကာကွယ်ပေးထားမည်ဖြစ်သော်လည်း ထိုကဲ့သို့ ဖြစ်ရပ်မျိုးကို ရှောင်ရှားခြင်းက အကောင်းဆုံးဖြစ်သည်။

All Chapters