လူသားမျိုးနွယ်၏ သမိုင်း....
Vol. 35 Ch. 534
အစပိုင်းတွင် လင်းယွမ်က ထူးဆန်းမှုကို မခံစားခဲ့ရပေ။ ထိုအချိန်က သူ့အတွက် နှစ်ပေါင်းနှစ်သန်းဆိုသည်မှာ အလွန်ရှည်လျားသော ကာလတစ်ခုဖြစ်ခဲ့သည်။
သို့သော် သူ၏ ခွန်အားမြင့်တက်လာသည်နှင့်အမျှ နောက်ကွယ်မှ အရေးကြီးမှုကို နားလည်လာခဲ့သည်။ နှစ်ပေါင်းနှစ်သန်းကျော်က သာမန်လူ သို့မဟုတ် ပထမအလွှာ၊ ဒုတိယအလွှာများအတွင် အမှန်တကယ် ရှည်လျားသော အချိန်တစ်ခုဖြစ်သည်။
သို့သော် အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူများအတွက် နှစ်ပေါင်းနှစ်သန်းက မရောက်နိုင်သော အချိန်ကာလတစ်ခုမဟုတ်ပေ။ အဋ္ဌမအလွှာများက နှစ်ပေါင်းသုံးသန်းအသက်ရှင်နိုင်ပြီး နဝမအလွှာများက သူတို့ထက် ပို၍ အသက်ရှည်ကြလေသည်။
အထူးသဖြင့် နောက်ဆုံး အလွှာတစ်ဆယ်နှင့် အလွှာဆယ့်တစ်တို့က အချိန်နိယာမကို နားလည်သွားလျှင် နှစ်သန်းပေါင်းများစွာ အသက်ရှင်နိုင်ကြလေသည်။
ကြယ်စကြာဝဠာ၏ နက်ရှိုင်းသော နေရာမှ ရှေးဟောင်းနတ်ဘုရားများက စကြာဝဠာ၏ အရုဏ်ဦးတွင် မွေးဖွားခဲ့ကြသူများဖြစ်သည်။ သူတို့က မယုံကြည်နိုင်လောက်အောင် ရှည်လျားသော ခေတ်ကာလများကို ဖြတ်သန်းခဲ့ကြသော်လည်း အလွှာဆယ့်တစ်တွင်သာ ရပ်တန့်နေခဲ့ကြသည်။
အချို့ အင်အားကြီးမားသော အလွှာဆယ့်တစ် ရှေးဟောင်းနတ်ဘုရားများက အလွှာဆယ့်တစ်တွင် ရပ်တန်နေခြင်းက အဆင့်မတက်နိုင်သောကြောင့် မဟုတ်ဘဲ အဆင့်မတက်ရဲခြင်းသာဖြစ်သည်။
အန္တိမအသိအမြင်ကို ကျရှုံးခြင်းက လုံးဝပျက်စီးခြင်းပင်ဖြစ်သည်။ ကြီးမြတ်သူများပင် ပြန်လည်ရှင်သန်စေနိုင်မည်မဟုတ်ပေ။
အန္တိမအသိအမြင်ကို ကြိုးစားရန်အတွက် အချိန်မြစ်ထဲမှ ခုန်ထွက်ရမည်ဖြစ်သည်။ ထိုခုန်ထွက်မှုက စကြာဝဠာထဲမှ အသက်တံဆိပ်အားလုံးကို ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ကျရှုံးလျှင် အားလုံး ပျောက်ကွယ်သွားမည်ဖြစ်သည်။
ကြီးမြတ်သူတစ်ယောက်က ယခင်အသက်ကို ပြန်လည်ရှင်သန်စေရန် ထိုအသက်တံဆိပ်ကို လမ်းညွှန်အမှတ်အသားအဖြစ် အသုံးပြုခြင်းဖြစ်သည်။
အန္တိမအသိအမြင်ကို ကြိုးစားရန်အတွက် အလွှာဆယ့်တစ်သက်ရှိတစ်ယောက်က သူတို့၏ လမ်းပြအမှတ်အသားကို ဖျက်ပစ်ရမည်ဖြစ်သည်။ ထိုအခါမှသာ ကြီးမြတ်သူတစ်ယောက်ဖြစ်လာရန် အဆုံးစွန်သော ခုန်ပျံကျော်လွှာခြင်းကို ပြုလုပ်နိုင်မည်ဖြစ်သည်။
လူသားမျိုးနွယ်က နှစ်ပေါင်းနှစ်သန်းကျော်အတွင်း အထွတ်အထိပ်မျိုးနွယ်တစ်ခုဖြစ်လာပြီး ကြီးမြတ်သူကိုးယောက် ထွက်ပေါ်လာခြင်းက မယုံကြည်နိုင်စရာကောင်းလှသည်။
လူသားမျိုးနွယ်က မိခင်ကြယ်ပေါ်တွင် ကြီးမားသော အခွင့်အလမ်းတစ်ခု ကြုံတွေ့ခဲ့ရသည်ဟု ဆိုကြသည်။ ကြီးမြတ်သူတစ်ယောက် မထွက်ပေါ်လာမီ လူသားမျိုးနွယ်က ပြင်ပကမ္ဘာနှင့် အဆက်အသွယ်မလုပ်ရဲခဲ့ပေ။ သတင်းအချို့သာ ပေါက်ကြားသွားလျှင် စကြာဝဠာထဲမှ သက်ရှိများ၏ အမဲလိုက်ခြင်းကို ခံရပေလိမ့်မည်။
ကြယ်ပင်လယ်ခေတ်၏ ပထမနှစ်တွင် လူသားမျိုးနွယ်က ပထမဆုံး ကြီးမြတ်သူတစ်ယောက်ထွက်ပေါ်လာခဲ့သည်။
ကြယ်ပင်လယ်ခေတ်၏ ၁၃၀၀ပြည့်နှစ်တွင် ဒုတိယကြီးမြတ်သူ ထွက်ပေါ်လာခဲ့သည်။
ကြယ်ပင်လယ်ခေတ်၏ ၅၇၀၀ပြည့်နှစ်တွင် တတိယ ကြီးမြတ်သူ ထွက်ပေါ်လာခဲ့သည်။
ကြယ်ပင်လယ်ခေတ်၏ ၁၁၀၀၀ပြည့်နှစ်တွင် စတုတ္ထကြီးမြတ်သူ ထွက်ပေါ်လာခဲ့သည်။
ကြယ်ပင်လယ်ခေတ်၏ ၁၈၀၀၀ပြည့်နှစ်တွင် ပဉ္စမကြီးမြတ်သူ ထွက်ပေါ်လာခဲ့သည်။
ကြယ်ပင်လယ်ခေတ်၏ ၂၀၀၀၀ပြည့်နှစ်တွင် ဆဋ္ဌမကြီးမြတ်သူ ထွက်ပေါ်လာခဲ့သည်။
ကြယ်ပင်လယ်ခေတ်၏ ၂၅၀၀၀ပြည့်နှစ်တွင် သတ္တမကြီးမြတ်သူ ထွက်ပေါ်လာခဲ့သည်။
ကြယ်ပင်လယ်ခေတ်၏ ၃၈၀၀၀ပြည့်နှစ်တွင် အဋ္ဌမ ကြီးမြတ်သူ ထွက်ပေါ်လာခဲ့သည်။
ကြယ်ပင်လယ်ခေတ်၏ ၁၂၀၀၀၀ ပြည့်နှစ်တွင် နဝမ ကြီးမြတ်သူ ထွက်ပေါ်လာခဲ့သည်။
လူသားမျိုးနွယ်၏ သမိုင်းက နှစ်ပေါင်းနှစ်သန်းကျော်သာ ရှိသော်လည်း လူသားမျိုးနွယ်က နှစ်ပေါင်းနှစ်သန်းကျော်သာ ကြုံတွေ့ခဲ့ရသည်ဟု မဆိုလိုပေ။ အမှန်တွင် မိခင်ကြယ်၏ သမိုင်းက နှစ်ပေါင်းဘီလီယံကျော်လေသည်။
" ပုန်းကွယ်နေတဲ့ကာလအတွင်းမှာ ကျုပ်တို့ လူသားမျိုးနွယ်ရဲ့ အင်အားကြီးသူတွေက မိခင်ကြယ်က ထွက်ခွာပြီး စကြာဝဠာထဲမှာ လှည့်လည်သွားလာသူတွေအဖြစ် ဟန်ဆောင်ခဲ့ရတယ်။ သေဆုံးရင်တောင်မှ ကိုယ့်ရဲ့ မူလဇာတ်မြစ်ကို ထုတ်ဖော်ခွင့်မရှိခဲ့ဘူး။ " လင်းယွမ်က ပြောလိုက်သည်။
" အမှန်ပဲ " နာလန်က ခေါင်းညိမ့်လိုက်သည်။
ထိုခေတ်ကာလတွင် လူသားမျိုးနွယ်၏ ပါရမီရှင်များက သူတို့ကိုသူတို့ ဖုံးကွယ်ရန် အလွန်နှိမ့်ချနေထိုင်ခဲ့ရသည်။ မဟုတ်လျှင် အခြားအင်အားကြီးအဖွဲ့အစည်းများက သူတို့ကို ဖမ်းဆီးကျွန်ပြုခြင်း ခံရနိုင်လေသည်။
ယနေ့ခေတ်တွင် လူသားမျိုးနွယ်က မရေတွက်နိုင်သော ပါရမီရှင်များ ထွက်ပေါ်လာကြပြီး မျိုးန်လယ်ခြားများက လုပ်ကြံသော်လည်း အောင်မြင်မှုက နည်းပါးလေသည်။
" မရေတွက်နိုင်တဲ့ ရတနာတွေ စကြာဝဠာထဲကို ကျဆင်းလာတာ ဘယ်လိုမြင်ရမလဲမသိဘူး။ " နာလန်က စိတ်ခံစားချက်များနှင့် ပြောလိုက်သည်။
" အဲ့ဒါက စကြာဝဠားထဲက မျိုးနွယ်တွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းကို ပျောက်ကွယ်သွားစေခဲ့တယ်မဟုတ်လား။ "
" နဂါးငွေ့တန်းကြယ်သခင်ကလည်း အဲ့ဒီကိစ္စကို သိနေတာလား။ " နာလန်က အနည်းငယ် အံ့အားသင့်သွားသည်။
သူက အလွှာဆယ့်တစ်သို့ ရောက်မှသာ ထိုလျို့ဝှက်ချက်များကို သိခဲ့ရပြီး ယခု နဂါးငွေ့တန်းကြယ်သခင်ကလည်း ၎င်းတို့ကို သိနေခဲ့သည်။ သို့သော် နာလန်က လင်းယွမ်အပေါ် ကြီးမြတ်သူရှချင်၏ အလေးထားမှုကို ပြန်သတိရလိုက်သည်။
" ငါတို့ လူသားမျိုးနွယ်ရရှိခဲ့တဲ့ ကြီးမားတဲ့ အခွင့်အလမ်းဆိုတာ အဲ့ဒီအဖြစ်အပျက်ကနေ လာခဲ့တာပဲ။ " နာလန်က ပြောလိုက်သည်။
" အဲ့လိုကိုး " လင်းယွမ်က အနက်ရောင်ဂြိုလ်နှင့် ပက်သက်ပြီး ဉာဏ်ပညာနတ်ဘုရားက မြန်မြန်ရှာတွေ့ခဲ့သည့် အကြောင်းရင်းကို နားလည်သွားသည်။
ထို့နောက် သူမက ကောင်းမှုအမှတ် သန်းငါးရာနှင့် ဝယ်ယူရန် ချက်ချင်းကမ်းလှမ်းခဲ့သည်။ သူမက အနက်ရောင်ဂြိုလ်နှင့် ပက်သက်ပြီး နားလည်မှုအချို့ရှိသည်မှာ ထင်ရှားလေသည်။
" ငါ့ရဲ့ ဘူးသီးခြောက်..." လင်းယွမ်က နဂါးငွေ့တန်းကြယ်နယ်မြေကို ရှင်းလင်းချိန်မှ ရရှိခဲ့သော ဘူးသီးခြောက်ကို သတိရသွားသည်။
လူသားမျိုးနွယ်က ဆန်းကြယ်သော ဘူးသီးခြောက်နှင့် ပက်သက်၍ အချက်အလက်များ ရှာမတွေ့ခဲ့လျှင်တောင် ၎င်းက စကြာဝဠာထဲသို့ ကျရောက်လာသော ရတနာများထဲမှ တစ်ခုဖြစ်လိမ့်မည်ဟု လင်းယွမ်က ခန့်မှန်းမိလေသည်။
နာလန်ထွက်သွားပြီးနောက် လင်းယွမ်က မတွေးနက်နေခဲ့သည်။
ယနေ့ခေတ်တွင် လူသားမျိုးနွယ်အများစုက ကြယ်ပင်လယ်ခေတ်၏ နှစ်ပေါင်းနှစ်သန်းကျော်အတွင်း မျိုးနွယ်ခြားများကို တိုက်ခိုက်မောင်းထုတ်ခဲ့သော လူသားမျိုးနွယ်၏ အောင်မြင်မှုကိုသာ အာရုံစိုက်ကြလေသည်။ သို့သော် အမှန်တွင် ကြယ်ပင်လယ်ခေတ်မတိုင်မီ ပို၍ ရှည်လျားခဲ့သော ခေတ်များလည်း ရှိခဲ့လေသည်။
" ငါက လက်ရှိကျင့်ကြံမှုကို တန်ဖိုးထားရမယ်။ " လင်းယွမ်က မျက်လုံးများ မှိတ်ပြီး ကျင့်ကြံခြင်းတွင် နစ်မြှုပ်သွားသည်။
မျက်စိတစ်မှိတ်အတွင်း နောက်ထပ်သုံးနှစ်ကြာသွားခဲ့သည်။
လင်းယွမ်က အချိန်နိယာမပုံစံ ၂၀၄၀ခုကို နားလည်ထားပြီဖြစ်သည်။ သူမျှော်လင့်ထားသကဲ့သို့ အချိန်နိယာမကို အပြည့်အဝ နားလည်ရန် ဆယ်ခုသာ လိုတော့လေသည်။
" ၂၀၄၁ ခုမြောက် အချိန်နိယာမပုံစံက ရေတွင်းတစ်တွင်းလား။ အချိန်ရေတွင်း။ " လင်းယွမ်၏ မျက်လုံးများက တွန့်သွားသည်။
သူက ထိုအချိန်နိယာမပုံစံကို တည်ဆောက်ရန် ကြိုးစားနေသော်လည်း မအောင်မြင်ခဲ့ပေ။
" အချိန်ရေတွင်း..." လင်းယွမ်က စဉ်းစားလိုက်သည်။
" အနက်ရောင်မျှော်စင်ရဲ့ ပဉ္စမအထပ်ကို သွားကြည့်ရမယ်။ " လင်းယွမ်၏ စိတ်အသိက နတ်ဆိုးကျောက်စိမ်းအမှတ်အသားမှတစ်ဆင့် နတ်ဆိုးကျောက်စိမ်းနေရာသို့ ဆင်းသက်သွားသည်။
အနက်ရောင်မျှော်စင်၏ ပဉ္စမအထပ်ကို ဖြတ်ကျော်နိုင်ရန် အချိန်နိယာမကို နားလည်ထားရမည်ဖြစ်သည်။
မကြာမီ လင်းယွမ်က အနက်ရောင်မျှော်စင်၏ ရှေ့သို့ ရောက်လာခဲ့သည်။ ထိုအချိန်တွင် ကျောက်ရုပ်တုရှန်းကျိက ထွားကျိုင်းသော လူနှင့် စကားပြောနေခဲ့သည်။
ထိုလူက ယွမ်ကျင်းဟုခေါ်ပြီး ဤစကြာဝဠာထဲတွင် နတ်ဆိုးကျောက်စိမ်းမျှော်စင်သို့ ဝင်ရောက်နိုင်သော ဒုတိယအဖွဲ့ဝင်ဖြစ်သည်။ သူက နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ပြည့်စုံအောင် လုပ်ပြီး သူက နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ သာမန်အဖွဲ့ဝင် ဖြစ်လာခဲ့သည်။
နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃ခုကို နားလည်ခဲ့သော လင်းယွမ်နှင့် ယှဉ်လျှင် များစွာနိမ့်ကျလေသည်။ သို့သော် ဖရိုဖရဲဟင်းလင်းပြင်မှာပင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြည့်စုံအောင်လုပ်ခြင်းက နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အဖွဲ့ဝင်များစုဆောင်ခြင်းအတွက် အဓိကနည်းလမ်းတစ်ခု ဖြစ်နေခဲ့သည်။
" မင်းရောက်လာပြီလား။ " လင်းယွမ်ကို မြင်သောအခါ ကျောက်ရုပ်တုရှန်းကျိက ပြုံး၍ ပြောလိုက်သည်။
ယွမ်ကျင်းက ဘာမှပြောရဲခြင်းမရှိပေ။ သူက ဤနေရာတွင်သာ အလွှာဆယ့်တစ် သက်ရှိတစ်ယောက်ကို မြင်တွေ့ဖူးခြင်းဖြစ်သည်။ ပြင်ပကမ္ဘာတွင် ယွမ်မိသားစုပင် အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်နှင့် တွေ့ဆုံရန် အလွန်ခက်ခဲလေသည်။
ယခု လူသားမျိုးနွယ်အတွင်း အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူအရေအတွက်က တစ်ထောင်မကျော်ပေ။ တစ်ထောင်က များသည်ဟု ထင်ရသော်လည်း လူသားမျိုးနွယ်တစ်ခုလုံးနှင့် ယှဉ်လျှင် အလွန်နည်းပါးသော အရေအတွက်ဖြစ်သည်။ လက်ရှိ လူသားမျိုးနွယ်၏ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူအများစုမှာ စစ်မြေပြင်ကြီးများကို စောင့်ကြည့်နေကြပြီး အနည်းစုမှာ အလယ်ပိုင်းကြယ်နယ်မြေတွင် အခြေစိုက်နေကြသည်။
အဓိကကြယ်ဒေသလေးခုမှ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများက ဆင့်ကဲပြောင်းလဲခြင်းမျှော်စင်ကိုးခုနှင့် သက်ဆိုင်လေသည်။
" ကျွန်တော် ပဉ္စမအထပ်ကို စိန်ခေါ်ချင်တယ်။ " လင်းယွမ်က ကျောက်ရုပ်တုရှန်းကျိနှင့် ရင်းနှီးပြီးသားဖြစ်သောကြောင့် တိုက်ရိုက်ပြောလိုက်သည်။
" ကောင်းပြီ။ သွားတော့။ " ကျောက်ရုပ်တုရှန်းကျိက ခေါင်းညိမ့်လိုက်သည်။ သူ၏ နောက်တွင် အနက်ရောင်မျှော်စင်၏ တံခါးပေါက်က ပွင့်သွားခဲ့သည်။