ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ ပိတ်ခြင်း....
Vol. 35 Ch. 527
စကြာဝဠာ၏ အနက်ရှိုင်းဆုံးမှ လျို့ဝှက်နယ်မြေတစ်ခုတွင် ရှေးဟောင်းနတ်ဘုရားထို့ပါက ထိုင်နေသည်။ သူ၏ ခန္ဓာကိုယ်က ကြယ်တစ်လုံးနီးပါး ကြီးမားပြီး သူ၏ မူလခန္ဓာကိုသာ ထုတ်ဖော်ခဲ့လျှင် ကြယ်စနစ်တစ်ခုလောက် ကြီးမားပေလိမ့်မည်။
" နဂါးငွေ့တန်းကြယ်သခင်က အဲ့ဒါကို စဉ်းစားမယ်လို့ ပြောခဲ့တယ်။ ဘယ်လိုစဉ်းစားမှာလဲမသိဘူး။ " ရှေးဟောင်းနတ်ဘုရားထို့ပါက တွေးလိုက်သည်။
အမှန်တွင် သူ၏ ရည်ရွယ်ချက်က ကြီးမြတ်သူတစ်ယောက်ဖြစ်လာရန် အခွင့်အရေးကို မြှင့်တင်ပေးနိုင်သော ရတနာမဟုတ်ပေ။ လူသားမျိုးနွယ်တွင် ထိုရတနာရှိလျှင်တောင် သူတို့က နဂါးငွေ့တန်းကြယ်သခင်ကို ယူခွင့်ပေးမည်မဟုတ်ပေ။
သူက နဂါးငွေ့တန်းကြယ်သခင်နှင့် ညှိနှိုင်းရန် သာမန်အတိုင်း ပြောလိုက်ခြင်းဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားထို့ပါ၏ ရည်ရွယ်ချက်က လူသားမျိုးနွယ်တွင် သူ၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ခွင့်ပေးရန်ဖြစ်သည်။
သူ၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ခြင်းကလည်း ကြီးမြတ်သူဖြစ်လာရန် အခွင့်အရေးကို တိုးမြှင့်ပေးနိုင်လေသည်။ သို့သော် လူသားမျိုးနွယ်က ရှေးဟောင်းနတ်ဘုရားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ၏ ပြန့်ပွားမှုကို အမြဲတမ်း ဖိနှိပ်ထားခဲ့သည်။
" နဂါးငွေ့တန်းကြယ်သခင် မင်းက လူသားမျိုးနွယ်အတွက် တကယ် အရေးပါရင် ငါ့ရဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်နိုင်လိမ့်မယ်။ ဒါက ခက်ခဲတဲ့အလုပ်တစ်ခုမဟုတ်ဘူး။ " ရှေးဟောင်းနတ်ဘုရားထို့ပါက နဂါးငွေ့တန်းကြယ်သခင် ပြန်လည်ဆက်သွယ်လာမည်အချိန်ကို စောင့်နေခဲ့သည်။
ဝုန်း...
ထိုအချိန်တွင် မမြင်နိုင်သော လှိုင်းတစ်ခုက ဖြတ်သန်းသွားသည်။
" ဟင် " ရှေးဟောင်းနတ်ဘုရားထို့ပါက အနည်းငယ် ထိတ်လန့်သွားသည်။
" အကြောင်းအကျိုးလား " သူ၏ အမူအရာက ပြောင်းလဲသွားသည်။ " မကောင်းတော့ဘူး။ "
ရှေးဟောင်းနတ်ဘုရားထို့ပါက သူ၏ ခန္ဓာကိုယ်အတွင်းမှ ဖန်ချင်း၏ စိတ်အသိက လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။
" ကျိန်စာတိုက်သတ်ဖြတ်တာလား။ တစ်ယောက်ယောက်က ဒီစိတ်အသိကို ကျိန်စာတိုက်သတ်ဖြတ်ခဲ့တာလား။ " ရှေးဟောင်းနတ်ဘုရားထို့ပါက မယုံကြည်နိုင်ဖြစ်နေသည်။
" ငါရှိနေတဲ့ လျို့ဝှက်နယ်မြေက ကြောင်းကျိုးနိယာမကို အားနည်းစေပါတယ်။ ကျိန်စာတိုက်သတ်ဖြတ်ချင်ရင် ရုပ်ခန္ဓာလိုမျိုး ကြားခံကို အသုံးပြုရလိမ့်မယ်။ "
" နဂါးငွေ့တန်းကြယ်သခင်က ဒီစိတ်အသိကို ကျိန်စာတိုက်သတ်ဖြတ်ခဲ့တာလား။ " ရှေးဟောင်းနတ်ဘုရားထို့ပါက လျင်မြန်စွာ နားလည်သွားသည်။ ထို့အပြင် နဂါးငွေ့တန်းကြယ်သခင်က ဖန်ချင်းအပေါ် ထားရှိသော အရေးပါမှုကို အထင်လွဲခဲ့ကြောင်း သိရှိသွားခဲ့သည်။ အကယ်၍ နဂါးငွေ့တန်းကြယ်သခင်က ဖန်ချင်းကို တန်ဖိုးထားခဲ့လျှင် အနည်းဆုံးတော့ သူနှင့် ညှိနှိုင်းပေလိမ့်မည်။
" နဂါးငွေ့တန်းကြယ်သခင်က ငါခြိမ်းခြောက်တာကို လုံးဝမခံချင်တာလား။ " ရှေးဟောင်းနတ်ဘုရားထို့ပါက နဂါးငွေ့တန်းကြယ်သခင်၏ အတွေးကို နားလည်သွားသည်။
ရှေးဟောင်းနတ်ဘုရားထို့ပါ၏ လက်ထဲတွင် ဖန်ချင်းသာမက နဂါးငွေ့တန်းကြယ်သခင်၏ မိသားစုဝင်များ ဖြစ်နေလျှင်တောင် အခြေအနေက အတူတူဖြစ်လိမ့်မည်ဟု သူက ခံစားမိလေသည်။
ဖန်ချင်း၏ ကိစ္စကို ဖြေရှင်းပြီးနောက် လင်းယွမ်က နဂါးငွေ့တန်းပင်မကြယ်သို့ လျင်မြန်စွာ ပြန်သွားခဲ့ကြသည်။ ကြယ်သခင်တစ်ယောက်အနေဖြင့် ပင်မကြယ်မှ အချိန်ကြာကြာ ထွက်ခွာခြင်းက အန္တရာယ်ရှိလေသည်။
" ကြီးမြတ်သူရဲ့ နောက်ထပ်ပြန်လည်အသက်သွင်းခြင်းဖြစ်စဉ်က နှစ်နှစ်ထောင်အတွင်း ဖြစ်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
ကြီးမြတ်သူများက သတ်မှတ်ထားသော အကြောင်းအရာနှင့် အရေအတွက်ပြည့်မှ အားလုံးကို ပြန်လည်အသက်သွင်းခြင်းဖြစ်သည်။ ထိုနည်းလမ်းက ကောင်းမွန်ပြီး ထိရောက်လေသည်။
" နှစ်နှစ်ထောင်၊ ပင်မကြာဝဠာရဲ့ နှစ်နှစ်ထောင်ဆိုရင် ငါက အဲ့ဒီအချိန်မှာ အလွှာဆယ့်တစ်ကို ရောက်နေလောက်ပြီ။ ဖန်ချင်းကို အသက်သွင်းပေးဖို့ ကြီးမြတ်သူကို တောင်းဆိုလို့ရပြီ။ "
အကယ်၍ ကိစ္စများချောမွေ့စွာ ဖြစ်သွားပြီး ကံကောင်းခဲ့လျှင် လင်းယွမ်က အန္တိမအသိအမြင်ကို ရရှိပြီး ကြီးမြတ်သူဖြစ်နေလောက်ပြီဖြစ်သည်။
ပင်မစကြာဝဠာမှ နှစ်နှစ်ထောင်က လင်းယွမ်အတွက် နှစ်နှစ်ထောင်သာ ကြာမည်ဟု မဆိုလိုပေ။ အနန္တကမ္ဘာများ၏ ဂိတ်တံခါး အကူအညီဖြင့် သူက နှစ်ပေါင်းသောင်းကျော် ကြုံတွေ့နိုင်လေသည်။
အချိန်များ ကုန်လွန်လာပြီး နောက်ထပ်နှစ်နှစ်ဆယ်ကြာသွားခဲ့သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် လင်းယွမ်က မျက်လုံးများဖွင့်လိုက်သည်။
" နှစ်တစ်ရာကုန်တော့မှာပဲ။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက မကြာခင်ပိတ်တော့မယ်။ " လင်းယွမ်က လျို့ဝှက်နယ်မြေ၏ တစ်နေရာသို့ ကြည့်လိုက်သည်။
နဝမအလွှာ မျိုးနွယ်ခြားအများအပြားနှင့် လူသားမျိုးနွယ်မှ နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများက အပြင်ဘက်ဒေသတွင် ရှိနေကြသည်။ အတွင်းပိုင်းဒေသတွင် နဝမအလွှာမျိုးနွယ်ခြားများစွာ စုဝေးနေကြသည်။
" လျို့ဝှက်နယ်မြေက ပိတ်နေပြီ။ ငါ ရိတ်သိမ်းရမယ့်အချိန်ရောက်ပြီပဲ။ " လင်းယွမ်က အတွင်းဘက်ဒေသရှိ စိတ်ပျက်အားငယ်သော အမူအရာများနှင့် မျိုးနွယ်ခြားများကို ကြည့်ပြီး ပြုံးလိုက်သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက နှစ်ပေါင်းနှစ်သိန်းလျှင် တစ်ကြိမ်ဖွင့်လှစ်လေသည်။ ဖွင့်လှစ်ချိန်က နှစ်ပေါင်းတစ်ရာ ကြာမြင့်လေသည်။
လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေဖွင့်ချိန်တွင် ချက်ချင်း မဝင်ဘဲ စွမ်းအားကြီးသူများကို ရှောင်ရှားရန် နှစ်ပေါင်း သုံးလေးဆယ်အထိ စောင့်ဆိုင်းခဲ့သည်။ ထို့အပြင် သူက လျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခြင်းမှာ ရတနာများ၊ အခွင့်အလမ်းများကြောင့် မဟုတ်ဘဲ ဆန်းကြယ်သော ခေါ်သံ၏ အရင်းအမြစ်ကို သိရှိရန် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
" လျို့ဝှက်နယ်မြေထဲမှာ ငါ့ရဲ့ တိုးတက်မှုကို ပြသခဲ့ပြီးပြီ။ " လင်းယွမ်က တွေးလိုက်သည်။
" ဒီနှစ်နှစ်ဆယ်အတွင်းမှာ ငါက အချိန်နိယာမကို လုံးဝ နားလည်လုနီးပါးဖြစ်နေပြီ။ " လင်းယွမ်က သူ့ကိုသူ အာရုံစိုက်လိုက်သည်။
ကြီးမြတ်သူရှချင်၏ အကူအညီနှင့် အချိန်မြစ်တစ်ခုလုံးကို လေ့လာပြီးနောက် လွန်ခဲ့သော နှစ်နှစ်ဆယ်အတွင်း အချိန်နိယာမအပေါ် လင်းယွမ်၏ နားလည်မှုက အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
အထူးသဖြင့် လင်းယွမ်က လူသားမျိုးနွယ်၏ ပညာရှင်များ စုစည်းထားသော အချိန်နိယာမပုံစံ ၂၁၇၃ခုအပြင် နောက်ထပ် အချိန်နိယာမပုံစံ ၁၉၅၃ခုကိုလည်း ထပ်ဆင့်တည်ဆောက်နိုင်ခဲ့သည်။
လေဟာနယ်နိယာမပုံစံက တစ်သောင်းနီးပါးရှိသော်လည်း ၎င်းတို့ကို နားလည်လျှင် လေဟာနယ်နိယာမကို အပြည့်အဝ နားလည်ပြီဖြစ်သည်။ သို့သော် လူသားမျိုးနွယ်မှ အနှစ်ချုပ်ထားသော အချိန်နိယာမပုံစံများကို နားလည်ခဲ့လျှင်တောင် အချိန်နိယာမကို အပြည့်အဝ နားလည်ရန် ဝေးကွာနေဆဲ ဖြစ်သည်။
အချိန်နိယာမအပေါ် နားလည်မှုက လေဟာနယ်နိယာမအပေါ် နားလည်မှုထက် ပို၍ ခက်ခဲလေသည်။ သို့သော် လေဟာနယ်နိယာမ၏ အကန့်အသတ်က နိမ့်ကျလျှင်တောင် အဆုံးစွန်သော အလားအလာက အချိန်နိယာမနှင့် အတူတူပင် ဖြစ်သည်။
ကြီးမြတ်သူဟင်းလင်းပြင်နတ်ဘုရား သို့မဟုတ် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ကဲ့သို့ ကြီးမြတ်သူများပင် ရှိနေသည်။ အမှန်တွင် ကြီးမြတ်သူများအတွက် လေဟာနယ်နိယာမက နိယာမတစ်ခုသာမဟုတ်ဘဲ လေဟာနယ်မဟာတာအိုပင်ဖြစ်နေပြီဖြစ်သည်။
" ငါတည်ဆောက်ခဲ့တဲ့ အချိန်နိယာမပုံစံ ၁၉၅၃ခုက ငါ့ရဲ့ အချိန်နိယာမအပေါ် နားလည်မှုအတွက် သီးသန့်ပဲဖြစ်လိမ့်မယ်။ ရှိပြီးသား အချိန်နိယာမပုံစံတွေလောက် ကျယ်ပြန့်မှုမရှိဘူး။ " လင်းယွမ်က တွေးလိုက်သည်။
လူသားမျိုးနွယ်၏ ပညာရှင်များက အချိန်နိယာမကို အပြည့်အဝ နားလည်ထားကြသူများဖြစ်သည်။ သူတို့က အချိန်နိယာမပုံစံ ၂၁၇၃ခုတည်း တည်ဆောက်နိုင်ခြင်းမဟုတ်ပေ။ သို့သော် ၎င်းတို့က ဆင့်ကဲပြောင်းလဲသူတိုင်း နားလည်နိုင်သော အချိန်နိယာမ၏ အခြေခံများဖြစ်သည်။
သူတို့ကလည်း နောက်ထပ် ပို၍ နက်နဲသော အချိန်လေဟာနယ်ပုံစံများကို တည်ဆောက်နိုင်သော်လည်း ၎င်းက ဆင့်ကဲပြောင်းလဲသူတိုင်းနှင့် သင့်တော်မည်မဟုတ်ပေ။
" ငါ ၂၀၅၀မြောက် အချိန်လေဟာနယ်ပုံစံကို တည်ဆောက်နိုင်ရင် အဲ့ဒီအချိန်က ငါ အချိန်နိယာမကို အပြည့်အဝ နားလည်တဲ့အချိန်ဖြစ်လိမ့်မယ်။ "
လိုအပ်သော အချိန်က အနည်းဆုံး သုံးနှစ်မှ လေးနှစ်ဖြစ်ပြီး အများဆုံးက ခုနှစ်နှစ်မှ ရှစ်နှစ်အထိဖြစ်သည်။ ၎င်းက နှစ်သုံးဆယ်အတွင်း အချိန်နိယာမကို နားလည်ရန် သူ၏ မူလရည်ရွယ်ချက်နှင့် ကွာခြားခြင်းမရှိပေ။
ဝုန်း ဝုန်း ဝုန်း....
ဆန်းကြယ်သော အနက်ရောင်အလင်းတန်းတစ်ခုက ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်သွားပြီး အတွင်းပိုင်းနှင့် ပင်မဒေသ ဧရိယာနှစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ထိုဒေသအတွင်းရှိ ပြင်ပသက်ရှိများအားလုံးက ထိုစွမ်းအားဖြင့် သုတ်သင်ခံရပေလိမ့်မည်။
အတွင်းပိုင်းဒေသ၏ ချိုင့်ဝှမ်းတစ်ခုအတွင်း လေဟာနယ်အလွှာ သန်းသုံးဆယ်နီးပါး ဖွင့်လှစ်ထားသော အထူးနဝမအလွှာတစ်ယောက်က ထိုနေရာတွင် ရပ်နေသည်။
ထိုအချိန်တွင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာမှ ဆန်းကြယ်သော အနက်ရောင်အလင်းက ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းပြီး သူရပ်နေသော ချိုင့်ဝှမ်းကို ဖုံးလွှမ်းတော့မည်ဖြစ်သည်။
" ငါ့ရဲ့ ခွန်အားနဲ့ဆို လျို့ဝှက်နယ်မြေမပိတ်ခင် လူသားမျိုးနွယ်ရဲ့ ပိတ်ဆို့မှုကို ထိုးဖောက်ပြီး ပြင်ပဒေသထဲကို ဝင်ရောက်နိုင်ဖို့ အနည်းဆုံး ၃၀ ရာခိုင်နှုန်း အခွင့်အရေးရှိတယ်။ " အထူးနဝမအလွှာက တွေးလိုက်သည်။
လူသားမျိုးနွယ်၏ နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများက အပြင်ဘက်ဒေသမှ အတွင်းဘက်ဒေသကို တင်းကျပ်စွာ ပိတ်ဆို့ထားကြသည်။ သူက အထူးနဝမအလွှာဖြစ်သောကြောင့် အခြားနဝမအလွှာ ဆင့်ကဲပြောင်းလဲသူများကို ဖြတ်ကျော်ရန် ယုံကြည်မှုရှိလေသည်။ နဂါးငွေ့တန်းကြယ်သခင် ထွက်ပေါ်လာမှုကိုသာ ထည့်မတွက်လျှင် သူထွက်ခွာနိုင်မည့်အခွင့်အရေးက ကိုးဆယ်ရာခိုင်နှုန်း ကျော်လွန်ပေလိမ့်မည်။
သို့သော် ၃၀ ရာခိုင်နှုန်းကလည်း မနည်းပေ။ အတွင်းဘက်ဒေသတွင် သေဆုံးရန် စောင့်ဆိုင်းနေခြင်းက ပိုကောင်းလေသည်။ သို့သော် အင်းဆက်မျိုးနွယ်နှင့်ထျန်းယုမျိုးနွယ်က သူ့ကို ထိုသို့လုပ်ခွင့်မပြုပေ။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ ထွက်နိုင်ရန် ၃၀ ရာခိုင်နှုန်းရှိခြင်းက လူသားမျိုးနွယ်များ၏ လက်ထဲတွင် သေဆုံးရန် ၇၀ ရာခိုင်နှုန်း ရှိသည်ဖြစ်သည်။ သူသေဆုံးလျှင် သူ၏ ရတနာများအားလုံးက လူသားမျိုးနွယ်ဆီသို့ ရောက်သွားပေလိမ့်မည်။
ထို့အပြင် သူ့လို အထူးနဝမအလွှာပင် ထွက်ခွာနိုင်ရန် ၃၀ ရာခိုင်နှုန်းသာရှိလျှင် နဝမအလွှာများက ၁၀ ရာခိုင်နှုန်းသာ ရှိပေလိမ့်မည်။