← Chapters

ကြီးမြတ်သူများ၏ စစ်ပွဲ...

Vol. 35 Ch. 531

ကြီးမြတ်သူများ၏ စစ်ပွဲ...

Vol. 35 Ch. 531

အဋ္ဌမအလွှာတစ်ယောက်က အတွင်းကမ္ဘာတစ်ခုကို ဖွင့်လှစ်နိုင်သော်လည်း ထိုကမ္ဘာက ပင်မစကြာဝဠာအပေါ်တွင် လုံးဝ မှီခိုနေသည်။ ထို့အပြင် ဖွင့်လှစ်သူကိုယ်တိုင်ကလည်း အကြောင်းရင်းကို နားမလည်ပေ။

အသေးစားစကြာဝဠာကို နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က နှစ်တစ်သန်းကျော် ကြိုးစားအားထုတ်ပြီး ပြည့်စုံအောင် လုပ်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ အရွယ်အစားနှင့် ခွန်အားက ကြီးမြတ်သူ၏ အတွင်းစကြာဝဠာထက် အများကြီး နိမ့်ကျသော်လည်း သဘာဝက ဆင်တူလေသည်။

ထို့ကြောင့် ကျောက်ရုပ်တုရှန်းကျိက အသေးစားစကြာဝဠာကို ရွေးချယ်စေခဲ့ခြင်းဖြစ်သည်။ သူ၏ မျက်လုံးထဲတွင် အသေးစားစကြာဝဠာက ကြယ်ဆယ့်တစ်လုံးရတနာမဟုတ်တော့ပေ။ ၎င်းက လုံးဝလွတ်လပ်ပြီး နိယာမများက အလိုအလျောက်လုပ်ဆောင်နေကြပြီဖြစ်သည်။

သို့သော် မည်သည့်အဆင့်ဖြစ်စေ အချိန်နိယာမကို အပြည့်အဝ နားမလည်လျှင် သူတို့၏ အတွင်းကမ္ဘာများက ပင်မစကြာဝဠာပေါ်သာ မှီခိုနေရပေလိမ့်မည်။ အကယ်၍ ပင်မစကြာဝဠာပျက်စီးသွားလျှင် ၎င်းအား မှီခိုနေသော ကမ္ဘာများအားလုံး ပျက်စီးသွားပေလိမ့်မည်။

" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ " ရုတ်တရက် လင်းယွမ်က ဧကရာဇ်ရွှမ်ဟွမ်၏ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို တွေးမိသွားသည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ပင်စကြာဝဠာအပေါ် မှီခိုနေသော်လည်း ပင်မစကြာဝဠာ၏ သက်ရောက်မှုကို ရှောင်ရှားနိုင်ပုံရလေသည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှာ စကြာဝဠာခေတ်အများအပြားကို ဖြတ်သန်းခဲ့သည်ဟု လင်းယွမ်က သိထားလေသည်။

စကြာဝဠာခေတ်က စကြာဝဠာတစ်ခု၏ မွေးဖွားချိန်မှ ပျက်စီးအချိန်ထိကို ရည်ညွှန်းခြင်းဖြစ်သည်။ ထို့ကြောင့် စကြာဝဠာများ ပျက်စီးခဲ့သော်လည်း ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ရှိနေဆဲ ဖြစ်သည်။

" ဒါကလည်း ဧကရာဇ်ရွှမ်ဟွမ်ရဲ့ နည်းလမ်းပဲလား။ " လင်းယွမ်က သူ၏ အတွေးများကို ရပ်တန့်ပြီး အသေးစားစကြာဝဠာကို အာရုံစိုက်လိုက်သည်။

စကြာဝဠာ၏ ပျက်စီးခြင်းနှင့် မွေးဖွားခြင်းတို့နှင့် ပက်သက်သော ကိစ္စများက လင်းယွမ်နှင့် ဝေးကွာနေဆဲ ဖြစ်သည်။ ၎င်းတို့က ကြီးမြတ်သူတစ်ယောက်သာ ရင်ဆိုင်နိုင်သော ပြဿနာများဖြစ်ကြသည်။

" ၂၀၁၁ခုမြောက် အချိန်နိယာမပုံစံ "

" ၂၀၂၂ခုမြောက် အချိန်နိယာမပုံစံ "

အချိန်နိယာမကို လင်းယွမ်၏ နားလည်မှုက လျင်မြန်စွာ တိုးတက်လာခဲ့သည်။ အချိန်နိယာမပုံစံအသစ် ငါးခုကို နားလည်ပြီးနောက် အချိန်နိယာမကို အပြည့်အဝ နားလည်ရန် ပို၍ နီးကပ်လာခဲ့သည်။

" အချိန်.... လေဟာနယ်...." လင်းယွမ်က အသေးစားစကြာဝဠာကို ဆက်လက်စောင့်ကြည့်နေခဲ့သည်။

လေဟာနယ်နိယာမကို နားလည်နေစဉ် အချိန်နိယာမကိုလည်း ထိုးထွင်းသိမြင်နေခဲ့သည်။ နက်ရှိုင်းသော အသိအမြင်များနှင့် လေဟာနယ်နိယာမက အသေးစားစကြာဝဠာ၏ အခြေခံအုတ်မြစ်မှ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်ကို နားလည်လာခဲ့သည်။

" လေဟာနယ် လေဟာနယ်...." လင်းယွမ်၏ မျက်လုံးများက ပို၍ တောက်ပလာသည်။

သူက လေဟာနယ်နိယာမအား လေ့လာခြင်းကို နှစ်ပေါင်းများစွာကြာသည့်တိုင် ရပ်တန့်ခြင်းမရှိခဲ့ပေ။ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်၏ လေဟာနယ်အနက်ဖွင့်ဆိုချက်ကို မကြာခဏ လေ့လာခဲ့သည်။

" လေဟာနယ်နိယာမ..... ရွှေနိယာမ..." လင်းယွမ်၏ စိတ်ထဲတွင် ထိုနိယာမနှစ်ခုနှင့် ပက်သက်သော အသိအမြင်များနှင့် ပြည့်နှက်သွားသည်။ လေဟာနယ်နိယာမက အဓိကနိယာမဖြစ်ပြီး ရွှေနိယာမက အခြေခံနိယာမဖြစ်သည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် နိယာမနှစ်ခုရဲ့ အနှစ်သာရများကို နားလည်ပြီး နိယာမနှစ်ခု ပေါင်းစည်းခြင်းကို စတင်လိုက်ပါပြီ။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် နိယာမနှစ်ခုရဲ့ အနှစ်သာရများကို နားလည်ပြီး နိယာမနှစ်ခု ပေါင်းစည်းခြင်းကို စတင်လိုက်ပါပြီ။ ]

လင်းယွမ်၏ ခန္ဓာကိုယ်အတွင်း နိယာမစွမ်းအားအသစ်တစ်ခု ထွက်ပေါ်လာပြီး ၎င်းက အဆုံးမဲ့လေဟာနယ်ကို ထိုးဖောက်နိုင်သကဲ့သို့ ထက်ရှလှသည်။

" ငါ ပေါင်းစပ်နိယာမတစ်ခုကို ဖန်တီးခဲ့တာပဲ။ " လင်းယွမ်က ဝမ်းသာသွားသည်။

ပေါင်းစပ်နိယာမက အလွှာတစ်ဆယ် သက်ရှိများသာ နားလည်သော နယ်ပယ်ဖြစ်လေသည်။ ပေါင်းစပ်နိယာမများကို အများအားဖြင့် သုံးမျိုးခွဲခြားထားသည်။

အခြေခံနိယာမများကြား ပေါင်းစပ်ခြင်း။အဓိကနိယာမနှင့် အခြေခံနိယာမတို့ ပေါင်းစပ်ခြင်း။ အဓိကနိယာမများပေါင်းစပ်ခြင်း။

ပေါင်းစပ်နိယာမများတွင် အသန်မာဆုံးမှာ အဓိကနိယာမများကြားပေါင်းစပ်ခြင်းဖြစ်ပြီး အလွှာတစ်ဆယ် အဆင့်အေအဖြစ် သတ်မှတ်နိုင်လေသည်။ အဓိကနိယာမနှင့် အခြေခံနိယာမတို့ကို ပေါင်းစပ်ခြင်းက အလွှာတစ်ဆယ် အဆင့်စီ သို့မဟုတ် အဆင့်ဘီသို့ ရောက်နိုင်ကြလေသည်။

ပုံမှန်အားဖြင့် နဝမအလွှာတစ်ယောက်က ပေါင်းစပ်နိယာမများကို နားလည်ရန် မဖြစ်နိုင်ပေ။ သူတို့၏ အဆင့်က နိမ့်ကျသောကြောင့်ဖြစ်ပြီး နဝမအလွှာများ၏ အဓိကဦးတည်ချက်က လေဟာနယ်အလွှာများကို ဖွင့်လှစ်ပြီး အတွင်းကမ္ဘာကို တည်ငြိမ်အောင် လုပ်ဆောင်ရန်ဖြစ်သည်။

" လေဟာနယ်နိယာမနဲ့ ရွှေနိယာမတို့ကို ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ နိယာမက လေဟာနယ်ပျက်စီးခြင်းနိယာမလား။ "

လင်းယွမ်က လူသားမျိုးနွယ်မှ ပေါင်းစပ်နိယာမများနှင့် သက်ဆိုင်သော အချက်အလက်များကို ရှာတွေ့ခဲ့သည်။ တူညီသော နိယာမနှစ်ခုကို ပေါင်းစပ်လျှင်တောင် မတူညီသော နိယာမများကို ဖြစ်ပေါ်စေနိုင်လေသည်။

ဥပမာ လေဟာနယ်နိယာမနှင့် ရွှေနိယာမကို ပေါင်းစပ်ခြင်းမှ ဖြစ်ပေါ်လာနိုင်သော နိယာမများက လေဟာနယ်ပျက်စီးခြင်းနိယာမ၊ လေဟာနယ်အပိုင်းအစနိယာမနှင့် လေဟာနယ်ရွှေဓား စသည်ဖြင့် ဖြစ်နိုင်လေသည်။

" လေဟာနယ်ပျက်စီးခြင်းနိယာမက တိုက်ခိုက်ရေးစွမ်းအားဘက် ဦးတည်ပြီး ဒုတိယအမျိုးအစား ပေါင်းစပ်နိယာမတွေထဲမှာ ထိပ်တန်းနိယာမတစ်ခုပဲ။ " လင်းယွမ်က တွေးလိုက်သည်။

လေဟာနယ်ပျက်စီးခြင်းနိယာမက လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအားကို များစွာမြှင့်တင်ပေးပြီး အလွှာတစ်ဆယ် အဆင့်ဘီနား နီးကပ်သွားစေခဲ့သည်။ သို့သော် အဆင့်ကွာခြားမှုကြောင့် လင်းယွမ်က စစ်မှန်သော အလွာတစ်ဆယ် အဆင့်ဘီကို ယှဉ်နိုင်ရန် ဝေးကွာနေဆဲ ဖြစ်သည်။ ဥပမာ တူညီသော ဓားတစ်ချောင်းကို ကလေးတစ်ယောက်နှင့် လူကြီးတစ်ယောက်တို့ ကိုင်ထားသကဲ့သို့ဖြစ်သည်။

" ငါသာ အလွှာတစ်ဆယ်ထဲ ဝင်ရောက်ပြီး အသွင်ပြောင်းလဲနိုင်ရင် အဆင်အေနဲ့ ယှဉ်နိုင်လောက်လား။ " လင်းယွမ်က အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

လေဟာနယ်ပျက်စီးခြင်းနိယာမကို နားလည်သွားခြင်းက လင်းယွမ်အတွက် အံ့အားသင့်သရာဖြစ်ခဲ့ရလေသည်။ သူက အချိန်နိယာကို နားလည်ရန် ကြိုးစားနေစဉ် ပေါင်းစပ်နိယာမကို နားလည်သွားခြင်းက စိတ်ကူးမယဉ်နိုင်သော အရာဖြစ်လေသည်။

" ဟမ် အနက်ရောင်ဂြိုလ်နဲ့ ပက်သက်တဲ့ အချက်အလက်တွေ ရှာတွေ့ပြီလား။ " လင်းယွမ်က အံ့ဩသွားပြီး ဉာဏ်ပညာနတ်ဘုရားနှင့် ဆက်သွယ်လိုက်သည်။

သူက အနက်ရောင်ဂြိုလ်ရှိသော ကြယ်နယ်မြေကို ငှားရမ်းပြီးနောက် အနက်ရောင်ဂြိုလ်နှင့် ပက်သက်ပြီး ဉာဏ်ပညာနတ်ဘုရားကို မေးမြန်းခဲ့လေသည်။

သူက လူသားမျိုးနွယ်၏ ကြီးမားသော မှတ်တမ်းကို အသုံးပြုပြီး အနက်ရောင်ဂြိုလ်၏ မူလဇာစ်မြစ်ကို ဖော်ထုတ်ရန် ရည်ရွယ်ခဲ့သည်။

" လေးစားရပါသော ပညာရှင်ယွမ် သင်မေးခဲ့တဲ့ အနက်ရောင်ဂြိုလ်ကို မှတ်တမ်းများနဲ့ နှိုင်းယှဉ်ပြီးတဲ့နောက် အဲ့ဒါက လူသားမျိုးနွယ်မတိုင်မီ စကြာဝဠာထဲကို ကျရောက်လာတဲ့ ရတနာတစ်ခုလို့ သံသယရှိပါတယ်။ " ဉာဏ်ပညာနတ်ဘုရာ၏ တည်ငြိမ်သော အသံက ထွက်ပေါ်လာသည်။

" လူသားမျိုးနွယ်မတိုင်မီ စကြာဝဠာထဲကို ကျလာတဲ့ ရတနာလား။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။

ပင်မစကြာဝဠာထဲရှိ ထာဝရလေဟာနယ်အက်ကြောင်းများက စကြာဝဠာအပြင်ဘက်နှင့် ချိတ်ဆက်နေပြီး တစ်ခါတစ်ရံ အရာဝတ္ထုများ ဝင်ရောက်လာတတ်လေသည်။

ဉာဏ်ပညာနတ်ဘုရားက အနက်ရောင်ဂြိုလ်နှင့် ပက်သက်သော အချက်အလက်များကို လင်းယွမ်ဆီသို့ ပေးပို့ခဲ့သည်။

" အဲ့လိုကိုး။ " လင်းယွမ်၏ အတွေးများက ရှင်းလင်းသွားသည်။

လူသားမျိုးနွယ်က နှစ်ပေါင်းနှစ်သန်းကျော် သမိုင်းသာရှိလေသည်။ ထိုမတိုင်မီ ကြယ်စကြာဝဠာထဲတွင် သန်မာသော ကြီးမြတ်သူများက အာဏာအတွက် တိုက်ခိုက်နေကြဆဲ ဖြစ်သည်။ ထိုအချိန်က စကြာဝဠာထဲသို့ အပြင်မှ ရတနာများ ကျရောက်လာခဲ့သည်။

ကြယ်ဆယ့်တစ်လုံး၊ ကြယ်ဆယ့်နှစ်လုံး ရတနာများက ထာဝရလေဟာနယ်အက်ကြောင်းများမှ စကြာဝဠာထဲသို့ ကျရောက်လာခဲ့ပြီး ကြီးမြတ်သူများကိုပင် ရူးသွပ်သွားစေခဲ့သည်။

ကြယ်ဆယ့်တစ်လုံးရတနာများက ကြီးမြတ်သူများကို စိတ်ဝင်စားမှုမပေးနိုင်သော်လည်း ကြယ်ဆယ့်နှစ်လုံးရတနာများက ကြီးမြတ်သူများကို အမှန်တကယ် တပ်မက်စေလေသည်။ ထို့ကြောင့် စကြာဝဠာတစ်လျှောက် ကြီးမြတ်သူအားလုံးနီးပါးကို သက်ရောက်စေသော စစ်ပွဲတစ်ခု ဖြစ်ပေါ်စေခဲ့သည်။

ထိုစစ်ပွဲက အလွန်ရက်စက်ခဲ့သည်။ အင်အားကြီးမျိုးနွယ်များစွာ ပျောက်ကွယ်သွားပြီး ကြီးမြတ်သူအများအပြားကလည်း ဒဏ်ရာများရရှိခဲ့ကြသည်။ ရတနာအများစုကလည်း စစ်ပွဲကြောင့် စကြာဝဠာတစ်လျှောက် ပျံ့ကြဲသွားခဲ့သည်။

လူသားမျိုးနွယ်၏ ပညာရှင်များက ထိုစစ်ပွဲကို အကြိမ်ကြိမ် လေ့လာခဲ့ပြီး အကြောင်းအရာအချို့ကို ကောက်ချက်ချနိုင်ခဲ့သည်။ လူသားမျိုးနွယ်ကလည်း ထိုစစ်ပွဲကြောင့် လျင်မြန်စွာ တိုးတက်လာခဲ့ခြင်းဖြစ်သည်။

ကြီးမြတ်သူများတိုက်ခိုက်ခဲ့ပြီး စကြာဝဠာထဲရှိ မျိုးနွယ်တစ်ဝက်နီးပါးကို ပျောက်ကွယ်စေခဲ့သော စစ်ပွဲမရှိလျှင် လူသားမျိုးနွယ်က ပြန်လည်ထွက်ပေါ်လာလျှင်တောင် အချိန်ယူရပေလိမ့်မည်။

လူးသားမျိုးနွယ်၏ လက်ရှိတိုးတက်မှုမှ ထိုစစ်ပွဲ၏ အကျိုးအမြတ်များဟု ပြောနိုင်လေသည်။ ထို့အပြင် အနက်ရောင်ဂြိုလ်ပေါ်ရှိ ဗိသုကာပုံစံများက ထိုခေတ်က စကြာဝဠာအတွင်း ကျလာခဲ့သော ရတနာများနှင့် ဆင်တူနေခဲ့သည်။

" ကြီးမြတ်သူတွေတောင် ဒဏ်ရာအပြင်းအထန်ရခဲ့တဲ့ စစ်ပွဲ..." လင်းယွမ်၏ စိတ်က အနည်းငယ် တုန်ယင်သွားသည်။

အချိန်မြစ်မှ ထွက်ပြီး ကြီးမြတ်သူများ၏ မူလခန္ဓာကိုယ်များကို မြင်လိုက်ရချိန်တွင် ထိုအလွှာဆယ့်နှစ်သက်ရှိများက မည်မျှသန်မာသည်ကို လင်းယွမ်က နားလည်ခဲ့လေသည်။

ကြီးမြတ်သူများပင် ဒဏ်ရာရရှိစေနိုင်သော စစ်ပွဲကို စဉ်းစားကြည့်နိုင်လေသည်။ ထို့အပြင် ၎င်းက စကြာဝဠာအပြင်ဘက်မှ ကျရောက်လာသော ရတနာများ၏ တန်ဖိုးကိုလည်း ပြသနေသည်။

All Chapters