← Chapters

ကြီးမြတ်သူနှစ်ယောက်၏ ကာကွယ်မှု....

Vol. 35 Ch. 538

ကြီးမြတ်သူနှစ်ယောက်၏ ကာကွယ်မှု....

Vol. 35 Ch. 538

နဂါးငွေ့တန်းကြယ်နယ်မြေ။

ကြီးမြတ်သူရှချင်က တိတ်ဆိတ်စွာ ရပ်နေသည်။ နဂါးငွေ့တန်းကြယ်နယ်မြေနှင့် ပတ်ဝန်းကျင် ကြယ်နယ်မြေများသာမက ကြယ်မဟာမိတ်တစ်ခုလုံးက သူ၏ အမြင်မှ လွတ်မြောက်နိုင်ခြင်းမရှိပေ။

ကိုယ်ပွားတစ်ခုဖြစ်လျှင်တောင် သူက အလွှာဆယ်နှစ် အခြေခံတိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသည်။ ကိုယ်ပွားကို လမ်းညွှန်အမှတ်အဖြစ်အသုံးပြုပြီး မူလခန္ဓာကိုယ်က ချက်ချင်း ရောက်လာနိုင်လေသည်။

" နဝမအလွှာမှာ အချိန်နိယာမကို နားလည်နိုင်တာ မယုံကြည်နိုင်စရာပဲ။ " ကြီးမြတ်သူယုတိုင်၏ ပုံရိပ်က ထွက်ပေါ်လာသည်။

လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်တွင် ကြီးမြတ်သူယုတိုင်၏ တိုက်ခိုက်ရေးစွမ်းအားက အင်အားကြီးသည်ဟု မယူဆနိုင်သော်လည်း သူမက အဓိကနေရာတွင် ရှိနေသည်။ လူသားမျိုးနွယ်တစ်ခုလုံးကို ဖုံးလွှမ်းထားသော VR ကမ္ဘာကွန်ရက်က ကြီးမြတ်သူယုတိုင်မှ ဆင်းသက်လာခြင်းဖြစ်သည်။ VR ကမ္ဘာကွန်ရက်နှင့်အတူ ကြီးမြတ်သူယုတိုင်က လူသားမျိုးနွယ်၏ ဘယ်နေရာကိုမဆို ဆင်းသက်နိုင်လေသည်။

" အမှန်ပဲ။ " ကြီးမြတ်သူရှချင်က ကျေနပ်စွာဖြင့် ပြန်ဖြေလိုက်သည်။

ကြီးမြတ်သူတစ်ယောက်ကို မယုံကြည်နိုင်ဖြစ်စေခြင်းက အလွန်ရှားပါးသော ကိစ္စတစ်ခုပင်ဖြစ်သည်။

" နဂါးငွေ့တန်းကြယ်သခင် အဆင့်တက်တဲ့အခါ ဖရိုဖရဲဟင်းလင်းပြင်ရဲ့ မူလရင်းမြစ် ထည့်သွင်းမှုကို ဖြစ်ပေါ်စေလိမ့်မယ်။ " ကြီးမြတ်သူရှချင်က ပြောဘိုက်သည်။

မျိုးနွယ်ခြားများ၏ ကြီးမြတ်သူများက တစ်စုံတစ်ခုကို ခံစားရပေလိမ့်မည်။ သို့သော် လူသားမျိုးနွယ်၏ နယ်မြေအတွင်းမှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖရိုဖရဲဟင်းလင်းပြင်မှ မူလရင်းမြစ် ထည့်သွင်းခြင်း ခံယူနေသည်ဟုသာ သိကြပေလိမ့်မည်။ အတိအကျနေရာအတွက်က ခြေရာခံနိုင်မည်မဟုတ်ပေ။

" ကိစ္စမရှိဘူး။ " ကြီးမြတ်သူယုတိုင်က ခေါင်းညိမ့်လိုက်သည်။

ကြီးမြတ်သူရှချင် တစ်ယောက်တည်းနှင့် အချိန်နှင့် လေဟာနယ်ကို ပိတ်ဆို့နိုင်လေသည်။ သို့သော် ပို၍ သေချာစေရန် ကြီးမြတ်သူယုတိုင်ကိုလည်း ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ကြီးမြတ်သူနှစ်ယောက်က စောင့်ဆိုင်းနေရင်း စကားပြောနေကြသည်။

" နဂါးငွေ့တန်းကြယ်သခင်က ငါတို့လူသားမျိုးနွယ်မှာ နဝမအလွှာနဲ့ ဖရိုဖရဲဟင်းလင်းပြင်ရဲ့ မူလရင်းမြစ်ကို လက်ခံနိုင်တဲ့ လူတစ်ယောက်အနေနဲ့ သက်ရောက်မှုက ဘယ်လောက်တောင် ပြင်းထန်မလဲမသိဘူး။ " ကြီးမြတ်သူယုတိုင်က သိလိုစိတ်ဖြစ်မိလေသည်။

သူမက အလွှာဆယ့်တစ်များ၏ မူလရင်းမြစ် ထည့်သွင်းမှုများကို မြင်တွေ့ခဲ့ဖူးသော်လည်း နဝမအလွှာက သမိုင်းတစ်လျှောက်တွင် တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။

" ပုံမှန်ဆို အလွှာတစ်ဆယ်ကို တက်လှမ်းတာက မူလရင်းမြစ်ပေါင်းထည့်မှုကို ခွင့်ပြုဖို့ မိုင်တစ်သန်းကျော် ရှည်လျားတဲ့ အက်ကြောင်းတစ်ခုကို ဖြစ်ပေါ်စေလိမ့်မယ်။ "

" နဂါးငွေ့တန်းကြယ်သခင်က လေဟာနယ်အလွှာ သန်းနှစ်ရာကျော် ဖွင့်ထားတာဆိုတော့ မူလရင်းမြစ်က သာမန်နဝမအလွှာတစ်ယောက် လိုအပ်တာထက် အဆနှစ်ဆယ် ပိုလိမ့်မယ်။ ဒါပေမယ့် ဖရိုဖရဲဟင်းလင်းပြင်ရဲ့ မူလရင်းမြစ်က စကြာဝဠာမူလရင်းမြစ်ထက် အများကြီး ပိုသန်မာတယ်။ ဒါကြောင့် သူဖောက်ခွဲနိုင်တဲ့ အက်ကြောင်းက အနည်းဆုံး မိုင်ဆယ်သန်းကျော်တော့ ရှိလိမ့်မယ်။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။

မည်သို့ပင် ဖြစ်စေ အဓိကမှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ မူလရင်းမြစ် ပေါင်းထည့်ခြင်းပင်ဖြစ်သည်။ ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ ရုပ်ခန္ဓာနှင့် အတွင်းကမ္ဘာက ပို၍ သန်မာသည်နှင့် မူလရင်းမြစ်မှ ဖြစ်ပေါ်လာသော အက်ကြောင်းက ပို၍ ကြီးမားလာမည်ဖြစ်သည်။

" အင်း ဖြစ်နိုင်တယ်။ " ကြီးမြတ်သူ ယုတိုင်က ခေါင်းညိမ့်လိုက်သည်။

သူတို့က နဝမအလွှာတစ်ယောက် ဖရိုဖရဲဟင်းလင်းပြင်မှ မူလရင်းမြစ်အား လက်ခံခြင်းကို မမြင်ခဲ့ဖူးသော်လည်း သာမန်နဝမအလွှာတစ်ယောက်က စကြာဝဠာ၏ မူလရင်းမြစ် လက်ခံခြင်းကို ကြည့်ပြီး ခန့်မှန်းနိုင်လေသည်။

ပုံမှန်အားဖြင့် ဖရိုဖရဲဟင်းလင်းပြင်၏ မူလရင်းမြစ်က စကြာဝဠာ၏ မူလရင်းမြစ်ထက် အဆတစ်ရာ သာလွန်လေသည်။ နဂါးငွေ့တန်းကြယ်သခင်အဆင့်တက်ချိန်တွင် သူ ဖောက်ခွဲလိုက်သော အက်ကြောင်းက မိုင်ဆယ်သန်းကျော် ကျယ်ဝန်းပြီး စီးဆင်းလာသော ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်က စကြာဝဠာမူလရင်းမြစ်ထက် ဆယ်ဆ သာလွန်ပေလိမ့်မည်။

အချိန်များကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း ဆယ်ရှစ်နှစ်ကျော် ကြာသွားခဲ့သည်။

နဂါးငွေ့တန်းပင်မကြယ်ပေါ်တွင် လင်းယွမ်က မျက်လုံးများကို ဖွင့်လိုက်သည်။

" ပြောင်းလဲမှုက အထွတ်အထိပ်ကို ရောက်သွားပြီ။ " လင်းယွမ်က သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။

သူ၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ် သို့မဟုတ် စိတ်စွမ်းအားတို့က ကန့်သတ်ချက်တစ်ခုသို့ ရောက်ရှိသွားပြီး ထပ်မံတိုးတက်ရန် ချုပ်နှောင်မှုများကို ချိုးဖျက်ပြီး အလွှာတစ်ဆယ်သို့ ဝင်ရောက်ရမည်ဖြစ်သည်။

ပုံရိပ်နှစ်ခုက သူ၏ ဘေးတွင် ထွက်ပေါ်လာခဲ့သည်။ သူတို့က လင်းယွမ်၏ ထိုက်ယန်မူလစိတ်ဝိညာဉ်နှင့် ထိုက်ယင်မူလစိတ်ဝိညာဉ်တို့ ဖြစ်ကြသည်။

လင်းယွမ်၏ အတွေးတစ်ချက်နှင့်အတူ မူလစိတ်ဝိညာဉ်နှစ်ခုက ပုံရိပ်ယောင်အစစ်အမှန် နည်းစနစ်ကို အသုံးပြုပြီး သွေးသားခန္ဓာကိုယ်များမှ စိတ်ဝိညာဉ်ခန္ဓာများအဖြစ် ပြန်လည်ပြောင်းလဲသွားကြသည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်၏ ထိုနည်းစနစ်က သက်ရှိတစ်ယောက်ကို ပုံရိပ်ယောင်နှင့် အစစ်အမှန်ကြား လွတ်လပ်စွာ ပြောင်းလဲနိုင်လေသည်။ လင်းယွမ်က ရုပ်ခန္ဓာနတ်စွမ်းရည်များကို အသုံးပြုနိုင်ရန်အတွက် မူလစိတ်ဝိညာဉ်များကို ရုပ်ခန္ဓာများဖြင့်သာ ထားရှိခဲ့သည်။

သို့သော် ယခု တည်ငြိမ်စွာ အဆင့်တက်နိုင်ရန်အတွက် လင်းယွမ်က သူ၏ မူလစိတ်ဝိညာဉ်နှစ်ခုကို မူလအခြေအနေသို့ ပြန်သွားစေခဲ့သည်။

" အဆင့်တက်မယ်။ " လင်းယွမ်၏ မူလစိတ်ဝိညာဉ်နှစ်ခုက မူလခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားကြသည်။ ထိုအခိုက်အတန့်တွင် မိုင်သန်းနှစ်ရာကျော်ကျယ်ဝန်းသော အတွင်းကမ္ဘာသုံးခုက အရာအားလုံးကို ဖိနှိပ်ထားခဲ့သည်။ လင်းယွမ်က လေဟာနယ်အလွှာ၏ အနက်ရှိုင်းဆုံးသို့ ဝင်ရောက်သွားသည်။

" အဲ့ဒီကောင်လေး အဆင့်တက်နေပြီ။ "

နဂါးငွေ့တန်းပင်မကြယ်ကို အာရုံစိုက်နေကြသော ကြီးမြတ်သူနှစ်ယောက်က လင်းယွမ်၏ အော်ရာပျောက်ကွယ်သွားပြီး နက်ရှိုင်းသော လေဟာနယ်အလွှာများတွင် ပြန်ပေါ်လာသည်ကို သတိထားမိလိုက်ကြသည်။

" ကဲ ငါတို့အပိုင်းကိုလည်း စလိုက်ကြစို့။ "

" အချိန်နဲ့လေဟာနယ်ကို ချိပ်ပိတ်မယ်။ "

ကြီးမြတ်သူနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး ချက်ချင်း လှုပ်ရှားလိုက်ကြသည်။ လျို့ဝှက်ဆန်းကြယ်သော အော်ရာမျှင်များက နဂါးငွေ့တန်းကြယ်နယ်မြေတစ်ခုလုံးနှင့် အနီးရှိ ကြယ်နယ်မြေများကိုပင် ပျံ့နှံ့သွားခဲ့သည်။

ထိုကြီးမားသော နေရာတစ်ခုလုံး၏ အချိန်နှင့်လေဟာနယ်ကို ယာယီခွဲခြားထားသည်။ ထို့ကြောင့် အတွင်းတွင် ကြီးမားသော အရာတစ်ခုဖြစ်ပျက်ခဲ့လျှင်တောင် ပြင်ပကမ္ဘာက မူမမှန်မှုကိုသာ ခံစားနိုင်ပြီး အတိအကျဘာလဲမသိနိုင်ပေ။

နက်ရှိုင်းသော လေဟာနယ်အလွှာအတွင်း လင်းယွမ်က ထိုင်လိုက်သည်။ ပြောင်းလဲမှုက အထွတ်အထိပ်သို့ ရောက်နေပြီး လင်းယွမ်က သူ၏ ခန္ဓာကိုယ်အတွင်းမှ တွန်းအားတစ်ခုကို ခံစားရလေသည်။ ၎င်းက ချုပ်နှောင်မှုများနှင့် အတားအဆီးများကို ချိုးဖျက်ရန် ဖြစ်သည်။

ဝုန်း ဝုန်း....

လင်းယွမ်က သူ၏ ထိန်းချုပ်မှုကို ဖြေလျော့ပြီး အတားအဆီးများကို အပြည့်အဝ တိုက်ခိုက်လိုက်သည်။

ပြင်ပမှ စကြာဝဠာကလည်း တစ်စုံတစ်ခုကို ခံစားမိပုံရလေသည်။

ကြောက်စရာကောင်းသော အက်ကြောင်းတစ်ခုက လေဟာနယ်အလွှာကို ဖောက်ခွဲသွားခဲ့သည်။ စကြာဝဠာ၏ အလွန်ရှိ ဖရိုဖရဲဟင်းလင်းပြင်မှ မူလရင်းမြစ်စွမ်းအားများက လင်းယွမ်ဆီသို့ ရူးသွပ်စွာ စီးဆင်းလာကြသည်။

မူလရင်းမြစ်စွမ်းအားများက လင်းယွမ်ဆီကို အကန့်အသတ်မရှိသကဲ့သို့ စီးဆင်းနေသည်။ သာမန်နဝမအလွှာတစ်ယောက် အဆင့်တက်ချိန်တွင် မူလရင်းမြစ်စွမ်းအား အနည်းငယ်သာ လိုအပ်လေသည်။

မည်သို့ပင်ဖြစ်စေ ပုံမှန်အားဖြင့် နဝမအလွှာတစ်ယောက်၏ အတွင်းကမ္ဘာက မိုင်ဆယ်သန်းဝန်းကျင်သာ ရှိပြီး လေဟာနယ်အလွှာကလည်း ဆယ်သန်းကျော်သာရှိလေသည်။ လေဟာနယ်အလွှာ သန်းပေါင်းများစွာဖွင့်လှစ်ထားသော အထူးနဝမအလွှာတစ်ယောက်ကတော့ မူလရင်းမြစ်စွမ်းအား အနည်းငယ် ပိုလိုအပ်လေသည်။

သူတို့က မူလရင်းမြစ် ပေါင်းထည့်ခြင်းကို လွယ်ကူစေရန် မိုင်နှစ်သန်း သုံးသန်းကျယ်ဝန်းသော အက်ကြောင်းတစ်ခုကိုသာ ဖြစ်ပေါ်စေပေလိမ့်မည်။

သို့သော် လင်းယွမ်၏ အတွင်းကမ္ဘာက မိုင်သန်းနှစ်ရာကျော် ကျယ်ဝန်းပြီး ဖွင့်လှစ်ထားသော လေဟာနယ်အလွှာက ၂.၃ ဘီလီယံကျော်လေသည်။ ထိုအချက်ကို ကြည့်ရုံနှင့် လင်းယွမ်လိုအပ်သော မူလရင်းမြစ်က သာမန်နဝမအလွှာတစ်ယောက်ထက် အဆပေါင်းများစွာ သာလွန်ပေလိမ့်မည်။

ဝုန်း....

မရေတွက်နိုင်သော လေဟာနယ်အလွှာများကို ဖြတ်၍ ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်များက ဧရာမစီးဆင်းမှုကို ဖြစ်ပေါ်စေခဲ့သည်။ အစတွင် အက်ကြောင်းက တစ်သန်းကျော်ကျယ်ဝန်းသော်လည်း လင်းယွမ်က မူလရင်းမြစ်ကို ခံနိုင်ရည်ရှိလာသည်နှင့်အမျှ အက်ကြောင်း၏ အရွယ်အစားက လျင်မြန်စွာ ကြီးထွားလာခဲ့သည်။

အလင်းနှစ် တစ်၊ အလင်းနှစ် နှစ်၊ အလင်းနှစ် ငါး။

လင်းယွမ်က ကြီးမားသော ပမာဏရှိသည့် မူလရင်းမြစ်ကို လိုအပ်လေသည်။ ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်များ၏ စီးဆင်းမှုနှင့်အတူ အက်ကြောင်းက အလင်းနှစ် တစ်ဆယ်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ပေါက်ကွဲလာသော စွမ်းအားအတက်အကျများက အလွှာတစ်ဆယ် တစ်ယောက် အလွှာဆယ့်တစ်သို့ တက်လှမ်းခြင်းထက် ပို၍ ကျော်လွန်သွားခဲ့သည်။

" ဘာဖြစ်တာလဲဟ။ "

" စကြာဝဠာက အက်ကွဲသွားတာလား။ "

" ဖရိုဖရဲဟင်းလင်းပြင်ရဲ့ မူလရင်းမြစ်တွေ စီးဆင်းလာတာလား။ "

တစ်ချိန်တည်းတွင် အလွှာဆယ့်တစ်သက်ရှိများက သတိပြုမိသွားကြသည်။ အလင်းနှစ်တစ်ဆယ်ကျော် ကျယ်ဝန်းသော အက်ကြောင်းတစ်ခုမှ ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်များစွာ၏ စီးဆင်းလာမှုက အလွန်ဝေးကွာသော နေရာမှ အလွှာဆယ့်တစ် သက်ရှိများပင် သိရှိနိုင်လေသည်။

ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်က အလွှာဆယ့်တစ်မှာ ကြီးမြတ်သူအဆင့်ကို တက်လှမ်းရန်အတွက် လိုအပ်သော စွမ်းအားပင်ဖြစ်သည်။ အလွှာဆယ့်တစ် သက်ရှိများစွာက ထိုစွမ်းအားကို အသည်းအသန် တောင့်တကြလေသည်။

" အလွှာဆယ့်တစ် တစ်ယေုက် အဆင့်ချိုးဖျက်နေတာလား။ "

" ကြီးမြတ်သူအဆင့်ကို စိန်ခေါ်ဖို့ ဘယ်လိုသက်ရှိမျိုးက ဒီလိုအချိန်ကို ရွေးချယ်လိုက်တာလဲ။ "

" မဟုတ်ဘူး။ အလွှာဆယ့်တစ်သက်ရှိတစ်ယောက် အဆင့်ချိုးဖျက်ဖို့ ကြိုးစားတာကို ငါမြင်ဖူးတာ်။ အဲ့ဒါက အခုထက် အများကြီးပိုပြင်းထန်တယ်။ "

" မှန်တယ်။ ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ် ပေါင်းထည့်မှုက အလွှာဆယ့်တစ်သက်ရှိတစ်ယောက် အဆင့်ချိုးဖျက်ဖို့ ကြိုးစားချိန်မှာ ဖြစ်ပေါ်တဲ့ အရာတွေထဲက တစ်ခုပဲ။ အခြားပိုပြီး ကြီးကျယ်တဲ့ ပုံရိပ်တွေလည်း ပေါ်လာသင့်တယ်။ "

အင်းအားကြီးမားသော ရှေးဟောင်းနတ်ဘုရားများက အချင်းချင်း ဆက်သွယ်နေကြသည်။ နက်ရှိုင်းစွာ အိပ်စက်နေကြသော ရှေးဟောင်းနတ်ဘုရားများကလည်း ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်၏ အငွေ့အသက်ကြောင့် နိုးထလာကြသည်။

All Chapters