အကျိုးအမြတ်များ ရိတ်သိမ်းခြင်း...
Vol. 35 Ch. 528
အင်းဆက်မျိုးနွယ်၊ ထျန်းယုမျိုးနွယ်နှင့် အခြားအထွတ်အထိပ်မျိုးနွယ်များ၏ အမြင်တွင် သူတို့က အနည်းငယ် လွတ်မြောက်နိုင်လျှင်တောင် လူသားမျိုးနွယ်ဘက်မှ ရရှိသော အကျိုးအမြတ်များက ကြီးမားပေလိမ့်မည်။ ထို့ကြောင့် သူတို့က လူသားမျိုးနွယ်ကို အကျိုးအမြတ်များ ပေးခြင်းထက် သူတို့ကိုသူတို့ ဆုံးရှုံးခံလိုက်ခြင်းက ပိုကောင်းလေသည်။
" နဂါးငွေ့တန်းကြယ်သခင် ဒါတွေအားလုံးက နဂါးငွေ့တန်းကြယ်သခင်ကြောင့်ပဲ။ " အထူးနဝမအလွှာက ပုံရိပ်တစ်ခုကို တွေးမိပြီး တုန်ယင်သွားသည်။
နဂါးငွေ့တန်းကြယ်သခင်သာမရှိလျှင် လူသားမျိုးနွယ်၏ နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများက သူတို့ကို ဝန်းရံရဲမည်မဟုတ်ပေ။
" ဒါပေမယ့် ငါ့ရဲ့ လျို့ဝှက်လက်နက်တွေနဲ့ အခွင့်အလမ်းတွေအားလုံးကို လျို့ဝှက်နယ်မြေရဲ့ တစ်နေရာမှာ ဝှက်ခဲ့တယ်။ လျို့ဝှက်နယ်မြေ နောက်တစ်ကြိမ် ပြန်ဖွင့်ရင် အဲ့ဒီမှာ ရှိနေဖို့ မျှော်လင့်ရမှာပဲ။ " အထူးနဝမအလွှာက တွေးလိုက်သည်။
သူ၏ လျို့ဝှက်လက်နက်များမရှိလျှင် တိုက်ခိုက်ရေးစွမ်းအားက လျှော့နည်းသွားပြီး လူသားမျိုးနွယ်၏ ပိတ်ဆို့မှုမှ လွတ်မြောက်နိုင်ခြေမရှိသလောက်ပင် ဖြစ်သည်။ အဓိကပြဿနာမှာ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက နေရာရွှေ့ပြောင်းခြင်းများကို ကန့်သတ်ထားခြင်းဖြစ်သည်။
ထို့အပြင် အပြင်ဘက်ဒေသသို့ ရောက်လျှင် လူတစ်ယောက်က ထုတ်ပယ်ခံရရန် သူတို့အနီးရှိ လေဟာနယ်က တည်ငြိမ်နေရမည်ဖြစ်သည်။
အချိန်များကုန်လွန်လာပြီး နောက်ထပ် တစ်နှစ်ခွဲကြာသွားခဲ့သည်။
လျို့ဝှက်နယ်မြေ၏ အပြင်ဘက်ဒေသတွင် လူသားမျိုးနွယ်မှ လင်းယွမ်နှင့် နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများက နောက်ဆုံးအခိုက်အတန့်တွင် လျို့ဝှက်နယ်မြေမှ အောင်မြင်စွာ ထုတ်ပယ်ခံခဲ့ရသည်။
ဝှစ်....
ကြယ်စကြာဝဠာထဲတွင် လင်းယွမ်၏ ပုံရိပ်က ပေါ်လာခဲ့သည်။ ထို့နောက် လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများကလည်း သူ၏ ဘေးတွင် ပေါ်လာခဲ့ကြသည်။
" နဂါးငွေ့တန်းကြယ်သခင် ကျုပ်သွားလိုက်ပါဦးမယ်။ "
" နဂါးငွေ့တန်းကြယ်သခင်သာ မရှိရင် ကျုပ်တို့ လူသားမျိုးနွယ်က အဲ့ဒီမျိုးနွယ်ခြားတွေကို ဘယ်လိုလုပ်လွှမ်းမိုးနိုင်မှာလဲ။ "
" ဟားဟားဟား အဲ့ဒါက တကယ်စိတ်လှုပ်ရှားစရာကောင်းတယ်။ "
လူသားမျိုးနွယ်မှ ဆင့်ကဲပြောင်းလဲသူ တစ်ယောက်ပြီးတစ်ယောက်က လင်းယွမ်ကို နှုတ်ဆက်ပြီး ထွက်ခွာသွားကြသည်။
လင်းယွမ်ကလည်း နဂါးငွေ့တန်းပင်မကြယ်၏ ဦးတည်ရာသို့ ပျံသန်းရင်း လေဟာနယ်အလွှာများဖြင့် ပေါင်းစည်းသွားခဲ့သည်။ တစ်ချိန်တည်းတွင် လင်းယွမ်၏ စိတ်အသိ အပိုင်းအစတစ်ခုက ရွှမ်ဟွမ်တံဆိပ်မှတစ်ဆင့် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ ဆင်းသက်သွားသည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ သခင်တစ်ယောက်အနေဖြင့် လင်းယွမ်က ရုပ်ခန္ဓာဖြင့် မဝင်ဘဲ စိတ်အသိကိုယ်ပွားတစ်ခုကိုလည်း စေလွှတ်နိုင်လေသည်။
" သခင် " လက်ခြောက်ဖက်နှင့် ပုံရိပ်က လေးစားစွာ နှုတ်ဆက်လိုက်သည်။
" ဘယ်လိုလဲ " လင်းယွမ်က တိုက်ရိုက်မေးလိုက်သည်။
အတွင်းဘက်ဒေသမှ နဝမအလွှာ မျိုးနွယ်ခြားများကို ရှင်းလင်းရန် သူက လက်ခြောက်ဖက်နှင့် ပုံရိပ်ကို တာဝန်ပေးခဲ့လေသည်။
" သခင် အခု လျို့ဝှက်နယ်မြေအတွင်းမှ ပြင်ပလူတွေ မရှိတော့ပါဘူး။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ပြန်ပြောလိုက်သည်။
" ဒါက အဲ့ဒီပြင်ပလူတွေရဲ့ အလောင်းတွေပါ။ "
အလောင်းရှစ်ထောင်ကျော်က သူတို့နှစ်ယောက်၏ ရှေ့တွင်ပေါ်လာသည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် ဖယ်ရှားခြင်းနှစ်မျိုးရှိလေသည်။ တစ်ခုက ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်နှစ်ခုလုံးဖယ်ရှားခြင်းဖြစ်ပြီး တစ်ခုက စိတ်ဝိညာဉ်ကိုသာ ဖယ်ရှားပြီး ရုပ်ခန္ဓာကို ချန်ထားမည်ဖြစ်သည်။
ပုံမှန်အားဖြင့် လက်ခြောက်ဖက်နှင့် ပုံရိပ်က လုံးဝဖယ်ရှားခြင်းကိုသာ ရွေးချယ်ပေလိမ့်မည်။ ပြင်ပလူများ၏ ခန္ဓာကိုယ်များက သူ့အတွက် အသုံးမဝင်ပေ။ သို့သော် ယခုတစ်ကြိမ်တွင် လင်းယွမ်၏ ညွှန်ကြားချက်ကြောင့် သူက စိတ်ဝိညာဉ်များကိုသာ ဖယ်ရှားခဲ့လေသည်။
" ဒါတွေအားလုံး... " လင်းယွမ်က ရုပ်အလောင်းရှစ်ထောင်ကျော်ကို ကြည့်လိုက်သည်။
နဝမအလွှာ အထူးသက်ရှိများ၏ ရုပ်ခန္ဓာမှ သွေး၊ အသားနှင့် အရိုးများက ကြယ်ကိုးလုံးရတနာများဖြစ်သည်။ ထို့အပြင် သူတို့က အထူးနဝမအလွှာများဖြစ်လျှင် ပို၍ တန်ဖိုးရှိပေလိမ့်မည်။
" ဒီအလောင်းတွေကို ရောင်းစားစရာမလိုဘူး။ အားလုံးကို ငါ့ရဲ့ ရွှမ်ဟွမ်မူလခန္ဓာကျင့်ကြံခြင်းအတွက် အသုံးပြုရမယ်။ " လင်းယွမ်က တွေးလိုက်သည်။
လင်းယွမ်က ထိုအလောင်းများကို ဝါးမျိုရန် မနှစ်မြို့ခြင်းမရှိပေ။ လူသားမျိုးနွယ်က တစ်ခါတစ်ရံ အထူးသက်ရှိများကို အမဲလိုက်ပြီး အစားအသောက်များ ဖန်တီးလေ့ရှိသည်။
ရွှမ်ဟွမ်မူလခန္ဓာကို ကျင့်ကြံခြင်းက ပြင်ပအရင်းအမြစ်များစွာ လိုအပ်လေသည်။ ၎င်းက ရွှမ်ဟွမ်သလင်းကျောက်များသာ ကန့်သတ်ထားခြင်း မရှိဘဲ စွမ်းအားရှိသော မည်သည့်အရာကိုမဆို စုပ်ယူနိုင်လေသည်။
" ပြီးတော့ လျို့ဝှက်ရတနာတွေရောပဲ။ "
လျို့ဝှက်ရတနာတစ်သောင်းကျော်ပေါ်လာသည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ ဝင်ရောက်သူများက တန်ဖိုးရှိသော လျို့ဝှက်ရတနာများကို ယူဆောင်လာမည်မဟုတ်သော်လည်း သူတို့၏ တိုက်ခိုက်ရေးစွမ်းအားကို ထိန်းသိမ်းရန်အတွက် ကောင်းမွန်သော လက်နက် တစ်ခုနှစ်ခုကိုတော့ ယူဆောင်လာပေလိမ့်မည်။ နဝမအလွှာမျိုးနွယ်ခြားများ၏ လျို့ဝှက်ရတနာများက နှစ်သောင်းနီးပါးရရှိခဲ့လေသည်။
" ငါ့ရဲ့ မူလစိတ်ဝိညာဉ်က ရွှမ်ဟွမ်မူလခန္ဓာကို ကျင့်ကြံနိုင်တာ တော်သေးတယ်။ မဟုတ်ရင် ဒီလျို့ဝှက်ရတနာတွေကို အပြင်ထုတ်ဖို့ ဘယ်လောက်တောင်ကြာမလဲမသိဘူး။ " လင်းယွမ်က တွေးလိုက်သည်။
နဝမအလွှာ မျိုးနွယ်ခြားများ၏ အလောင်းများနှင့် လျို့ဝှက်ရတနာများကို ထုတ်ယူ၍ မရပေ။ အကြောင်းမှာ တစ်ခုစီက ထူးခြားသော လက္ခဏာများရှိပြီး ထုတ်ယူလိုက်သည်နှင့် ပိုင်ရှင်မှာ အာရံခံမိနိုင်လေသည်။
၎င်းက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ သခင်ဖြစ်သော လင်းယွမ်၏ အထောက်အထားက ထွက်ပေါ်သွားနိုင်လေသည်။ သို့သော် လင်းယွမ်တွင် ၎င်းတို့ကို အသုံးပြုရန် အခြားနည်းလမ်းများလည်း ရှိလေသည်။
အလောင်းများနှင့် လျို့ဝှက်ရတနာများကို မူလစွမ်းအားအဖြစ် ပြောင်းလဲခြင်းဖြစ်သည်။ ယခင် ဆင်းသက်မှုများတွင် လင်းယွမ်က သူ၏ ခန္ဓာကိုယ်ကို မူလစွမ်းအားအဖြစ် ပြောင်းလဲပြီး ယွမ်ရှန်းကျင်းထဲသို့ ပေါင်းစည်းလိုက်ခြင်းဖြစ်သည်။
" မဆိုးဘူး မဆိုးဘူး။ " လင်းယွမ်က ကျေနပ်သွားသည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ အကျိုးအမြတ်များက ကြီးမားလှသည်။ အနာဂတ်တွင် အချိန်အတော်ကြာထိ သူက အရင်းအမြစ်များအတွက် စိတ်ပူရန် မလိုအပ်တော့ပေ။
ကြယ်စကြာဝဠာထဲတွင် လင်းယွမ်က လေဟာနယ်အလွှာများစွာကို ဖြတ်ကျော်ပြီး သွားနေသည်။ ယခု ပုံမှန်အချိန်ဖြစ်သောကြောင့် လင်းယွမ်က အချိန်လေဟာနယ်ခြေလှမ်းကို အသုံးမပြုပေ။
" ငါယူလာတဲ့ ရွှမ်ဟွမ်သလင်းကျောက်တွေနဲ့ လျို့ဝှက်ရတနာတွေက မူလခန္ဓာကိုယ်နဲ့ ထိုက်ယင်မူလစိတ်ဝိညာဉ်တို့ ရွှမ်ဟွမ်မူလခန္ဓာကို ကျင့်ကြံဖို့ လုံလောက်သင့်ပါတယ်။ " လင်းယွမ်က နောက်ထပ် အစီအစဉ်များကို စဉ်းစားနေခဲ့သည်။ ရွှမ်ဟွမ်မူလခန္ဓာကဲ့သို့ အသက်ကယ်နည်းစနစ်ကို သူက ခန္ဓာကိုယ်သုံးခုလုံး ကျင့်ကြံရန် စီစဉ်ထားသည်။
ဝှစ်....
လင်းယွမ်က မဟာရွှေ့ပြောင်းခြင်းနည်းစနစ်ကို အသုံးပြုပြီး ရှေ့သို့ တစ်လှမ်းလှမ်းလိုက်သည်။ ထိုက်ယန်မူလစိတ်ဝိညာဉ်၏ အတွင်းကမ္ဘာထဲတွင် ကမ္ဘာသစ်ပင်မရှိသောကြောင့် ပုံမှန်ထက် အနည်းငယ် နှေးကွေးနေသည်။ သို့သော် အခြားနဝမအလွှာဆင့်ကဲပြောင်းလဲသူများထက် များစွာ ပိုမြန်နေဆဲ ဖြစ်သည်။
လင်းယွမ်က အလင်းနှစ်ထောင်ချီကို ဖြတ်သန်းပြီး နောက်တစ်ကြိမ် ရွှေ့ပြောင်းရန် ပြင်လိုက်ချိန်တွင် ရုတ်တရက် အနက်ရောင်ဂြိုလ်တစ်လုံးကို တွေ့လိုက်ရသည်။
ကြယ်စကြာဝဠာတွင် ဂြိုလ်အများစုက ယိုယွင်းပျက်စီးနေပြီး အသက်ဂြိုလ်များက အလွန်ရှားပါးလေသည်။ ထိုအနက်ရောင်ဂြိုလ်က သာမန်သာဖြစ်ပြီး ဂြိုလ်သေများထဲမှ တစ်ခုဖြစ်ပုံရလေသည်။ လင်းယွမ်က ထိုသို့တွေးပြီး အနက်ရောင်ဂြိုလ်ကို တစ်ချက်ကြည့်လိုက်သည်။
" အဲ့ဒါဘာလဲ။ " လင်းယွမ်က အနက်ရောင်ဂြိုလ်ကို ကြည့်လိုက်ချိန်တွင် ၎င်းက လေဟာနယ်အလွှာများစွာအား သက်ရောက်နေသည်ကို တွေ့လိုက်ရသည်။
" လေဟာနယ်အလွှာတွေကို သက်ရောက်နိုင်တယ်။ ဒီဂြိုလ်မှာ ဘာလျို့ဝှက်ချက်တွေ ရှိနေတာလဲ။ " လင်းယွမ်က ချက်ချင်း မချဉ်းကပ်သွားဘဲ အကွာအဝေးတစ်ခုမှ လေ့လာနေသည်။
" ငါ့ရဲ့ အာရုံကိုလည်း ကာကွယ်ထားနိုင်တယ်။ ငါ ဒီအနက်ရောင်ဂြိုလ်နားကသာ ဖြတ်မသွားရင် ဒါကို သတိထားမိမှာ မဟုတ်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။ သူက အနက်ရောင်ဂြိုလ်ကို သေချာမသိသေးသော်လည်း သူ၏ အာရုံကို တားဆီးထားနိုင်ခြင်းမှာ သာမန်တော့မဟုတ်ပေ။
" ပထမဆုံး ဒါကို စမ်းသပ်ကြည့်ရအောင်။ " လင်းယွမ်က အဝေးမှ အနက်ရောင်ဂြိုလ်ကို လက်တစ်ဖက်နှင့် ရိုက်လိုက်သည်။
ဝုန်း....
ကြောက်စရာကောင်းသော စွမ်းအားများက လေဟာနယ်အလွှာများစွာကို ဖြတ်သန်းပြီး အနက်ရောင်ဂြိုလ်ပေါ်သို့ ကျဆင်းသွားသည်။
လင်းယွမ်က သူ၏ စွမ်းအားကို ထိန်းချုပ်ထားသော်လည်း အဆင့်မြင့်အသက်ဂြိုလ်တစ်လုံးက အလွယ်တကူ ပျက်စီးနိုင်လေသည်။ သို့သော် အနက်ရောင်ဂြိုလ်ပေါ်သို့ ကျရောက်သွားချိန်တွင် မည်သည့်သက်ရောက်မှုမှ မရှိခဲ့ပေ။
" ဟမ် " လင်းယွမ်၏ အမူအရာက အနည်းငယ်ပြောင်းလဲသူများသည်။
လူသားမျိုးနွယ်၏ နယ်စပ်ဒေသတွင် ရှယိုဆင့်ကဲပြောင်းလဲခြင်းမျှော်စင်က ခမ်းနားစွာ ရပ်တည်နေသည်။ ရှယိုဆင့်ကဲပြောင်းလဲခြင်းမျှော်စင်သခင်ဖြစ်သော ကြီးမြတ်သူရှချင်က အထွတ်အထိပ်မျိုးနွယ်နှစ်ခုကို စောင့်ကြည့်နေလေသည်။
ဆင့်ကဲပြောင်းလဲခြင်းမျှော်စင်၏ ကျင့်ကြံခြင်းအခန်းတစ်ခုအတွင်း နာလန်က ခြေချိတ်ထိုင်နေသည်။
" မျိုးနွယ်ခြားတွေရဲ့ အဆင့်အေ ခြိမ်းခြောက်မှုစာရင်းထဲမှာတောင် အဆင့်တစ်ရာဝင်တဲ့ ငါ့လို အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်က နဂါးငွေ့တန်းကြယ်သခင်နဲ့ယှဉ်ရင် အချိန်နိယာမကို နားလည်မှုမှာ နိမ့်ကျနေလိမ့်မယ်လို့ ငါမမျှော်လင့်ခဲ့မိဘူး။ " နာလန်က ခါးသက်မှုကို ခံစားလိုက်ရသည်။
သူက နဂါးငွေတန်းကြယ်သခင်ထက် အသက်များစွာကြီးသော်လည်း အချိန်နိယာမကို နားလည်မှုတွင် နိမ့်ကျနေခဲ့သည်။ သူက အချိန်အကျဉ်းထောင်ထဲမှ လွတ်မြောင်နိုင်စွမ်းပင်မရှိခဲ့ပေ။ သူက အခြားစွမ်းအားများကို အသုံးပြုခဲ့ခြင်းမရှိသော်လည်း ရှုံးနိမ့်ခြင်းက ရှုံးနိမ့်ခြင်းသာဖြစ်သည်။