နာလန် ရာထူးမှနှုတ်ထွက်သွားခြင်း...
Vol. 35 Ch. 530
ပင်မစကြဝဠာတွင် နှစ်တစ်သောင်းက အနက်ရောင်ဂြိုလ်၏ လျို့ဝှက်ချက်ကို ဖြေရှင်းရန် လုံလောက်ပေသည်။ ထိုအချိန်ထိ သူက ဖြေရှင်းနိုင်ခြင်းမရှိလျှင် ငှားရမ်းချိန်ကို ထပ်တိုးနိုင်လေသည်။
" ငှားရမ်းက စကြာဝဠာသလင်းကျောက် ရှစ်ထောင်ပါ။ အခုပေးချေချင်ပါသလား။ " အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။
" ပေးချေမယ်။ " လင်းယွမ်က ပြောပြီး စကြာဝဠာသလင်းကျောက် ရှစ်ထောင်ကို လွှဲပြောင်းပေးလိုက်သည်။
ထို့နောက် ကြယ်နယ်မြေက လင်းယွမ်၏ ပိုင်ဆိုင်မှုထဲသို့ ရောက်ရှိလာသည်။ ကြယ်နယ်မြေပိုင်ဆိုင်မှုများက ဆက်တိုက်ပြောင်းလဲနေသောကြောင့် ၎င်းက ပုံမှန်သာဖြစ်သည်။ ထို့အပြင် လင်းယွမ်က သူ၏ အချက်အလက်များကို ဖုံးကွယ်ရန် ရွေးချယ်ခဲ့သည်။
" ပြီးပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။ ယခု ထိုကြယ်နယ်မြေနှင့် အနက်ရောင်ဂြိုလ်၏ သခင်က သူဖြစ်သွားပြီဖြစ်သည်။
" ဒီအနက်ရောင်ဂြိုလ်အတွက် စကြာဝဠာသလင်းကျောက် ရှစ်ထောင်လား။ တန်ပါတယ်။ " လင်းယွမ်က ကျေနပ်နေလေသည်။
" တကယ်တော့ ဒီအနက်ရောင်ဂြိုလ်ကို ရှာတွေ့တာက ကံကောင်းမှုတစ်ခုပဲ။ အနည်းဆုံးတော့ ဒီကြယ်နယ်မြေအနီးက အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြတ်သွားရင် အနက်ရောင်ဂြိုလ်က မူမမှန်တာကိုတော့ သတိထားမိလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
လူသားမျိုးနွယ်တွင် အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူ ဘယ်နှစ်ယောက်တောင်ရှိလို့လဲ။ လူသားမျိုးနွယ်၏ နယ့မြေက အလင်းနှစ် ဘီလီယံပေါင်းများစွာ ဖြန့်ကျက်ထားလေသည်။ အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူအများစုက အလင်းနှစ်ထောင်ချီကို ဖြတ်ကျော်ပြီး မဟာရွှေ့ပြောင်းခြင်းနည်းစနစ်ဖြင့်သာ ခရီးသွားလေ့ရှိသည်။
ထိုအနီးတွင် မတော်တဆဆင်းသက်ရန် အလွန်ခက်ခဲလေသည်။ အနက်ရောင်ဂြိုလ်ကို ရှာတွေ့ခြင်းက လင်းယွမ်အတွက် ကံကောင်းခြင်းသာဖြစ်သည်။
ကြယ်နယ်မြေပိုင်ဆိုင်မှုကို အတည်ပြုပြီးနောက် လင်းယွမ်က အနက်ရောင်ဂြိုလ်အနီးတွင် စောင့်ကြည့်သော နည်းလမ်းတစ်ခုကို ချန်ထားခဲ့သည်။ ချဉ်းကပ်လာသော မည်သည့်သက်ရှိမဆို လင်းယွမ်က လျင်မြန်စွာ တွေ့ရှိပေလိမ့်မည်။ အနက်ရောင်ဂြိုလ်က ထူးဆန်းပြီး လင်းယွမ်ပင် ရွှေ့ပြောင်း၍ မရသောကြောင့် အခြားသူများဆိုလျှင် ပြောစရာပင်မလိုပေ။
မကြာမီ ထိုက်ယန်မူလစိတ်ဝိညာဉ်က နဂါးငွေ့တန်းပင်မကြယ်ပေါ်သို့ ပြန်ရောက်လာခဲ့သည်။ ခန်းမထဲတွင် လင်းယွမ်နှင့် ထိုက်ယန်မူလစိတ်ဝိညာဉ်တို့က တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေခဲ့သည်။
ထိုက်ယန်မူလစိတ်ဝိညာဉ်က ရွှမ်ဟွမ်သလင်းကျောက်များနှင့် ရတနာများကို မူလခန္ဓာကိုဆီသို့ ပေးခဲ့လေသည်။ တစ်ချိန်တည်းတွင် ထိုက်ယန်မူလစိတ်ဝိညာဉ်၏ လက်ထဲသို့ ဆန်းကြယ်သော ဘူးသီးခြောက်က ကျရောက်သွားသည်။
တစ်လကြာပြီးသောအခါ ထိုက်ယန်မူလစိတ်ဝိညာဉ်၏ အတွင်းကမ္ဘာက အကန့်အသတ်သို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် သူက ထိုက်ယင်မူလစိတ်ဝိညာဉ်နှင့် နေရာချင်းလဲရန် မျိုးနွယ်ခြားများ၏ စစ်မြေပြင်သို့ ထွက်ခွာသွားသည်။
လင်းယွမ်က ကျင့်ကြံပြီးနောက် အပန်းဖြေရန် VR ကမ္ဘာနှင့် ချိတ်ဆက်ခဲ့သည်။ သူက အရသာရှိသော အစားအသောက်များ သုံးဆောင်နေစဉ် အနက်ရောင်ကြယ်သခင်က သူ့ကို နေရာတစ်ခုသို့ ဖိတ်ခေါ်ခဲ့သည်။
မကြာမီ သူက ရှေးဟောင်းအိမ်ကြီးတစ်လုံးထဲသို့ ရောက်လာသည်။ ထိုနေရာတွင် အနက်ရောင်ကြယ်သခင်၊ လျိုလီကြယ်သခင်နှင့် အခြားအလွှာတစ်ဆယ်များက စကားပြောနေကြသည်။
" ဟားဟား နဂါးငွေ့တန်းကြယ်သခင် ရောက်လာပြီ။ " အနက်ရောင်ကြယ်သခင်က လင်းယွမ်ကို အပြုံးနှင့် နှုတ်ဆက်လိုက်သည်။
အနက်ရောင်ကြယ်သခင်က အနက်ရောင်ရင်းမြစ်မျှော်စင်နှင့် သက်ဆိုင်ပြီး လျိုလီကြယ်သခင်က အခြားဆင့်ကဲပြောင်းလဲခြင်းမျှော်စင်မှဖြစ်သည်။ လင်းယွမ်က ရှယိုဆင့်ကဲပြောင်းလဲခြင်းမျှော်စင်မှဟု ပြောနိုင်လေသည်။
" နဂါးငွေ့တန်းကြယ်သခင် နာလန်က သူ့ရဲ့ ရာထူးက နှုတ်ထွက်သွားပြီလို့ ငါကြားတယ်။ " လျိုလီကြယ်သခင်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
ရှယိုဆင့်ကဲပြောင်းလဲခြင်းမျှော်စင်၏ ဒုမျှော်စင်သခင်ဖြစ်သော နာလန်က လူသားမျိုးနွယ်၏ အလွှာတစ်ဆယ်အသိုင်းအဝိုင်းထဲတွင် ကျော်ကြားသူတစ်ယောက်ဖြစ်လေသည်။ ထို့အပြင် နာလန်က အလွန်အင်အားကြီးမားသောကြောင့် မျိုးနွယ်ခြားများ၏ အလွှာတစ်ဆယ် အဆင့်အေ ခြိမ်းခြောက်မှုစာရင်းတွင် အဆင့်တစ်ရာထဲ သတ်မှတ်ခံခဲ့ရလေသည်။
" နာလန်က ရာထူးက နှုတ်ထွက်သွားတာလား။ " လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
မကြာသေးမီက သူက နာလန်နှင့် အချိန်နိယာမအပေါ် နားလည်မှုတွင် ယှည်ပြိုင်ခဲ့ဖူးလေသည်။
" နဂါးငွေ့တန်းကြယ်သခင် ဒုမျှော်စင်သခင်တွေက အစားထိုးခံရတယ်ဆိုတာ မသိဘူးလား။ " အနက်ရောင်ကြယ်သခင်က ပြောလိုက်သည်။
" ဘာကိုဆိုလိုတာလဲ။ " လင်းယွမ်က စဉ်းစားနေသည်။
" ဒုမျှော်စင်သခင် နာလန်က အလွှာဆယ့်တစ်ကို တက်လှမ်းတော့မယ်။ " ဘေးမှ ပိန်ပိန်နှင့် အလွှာတစ်ဆယ် တစ်ယောက်က မနာလိုစွာ ပြောလိုက်သည်။
ဆင့်ကဲပြောင်းလဲခြင်းမျှော်စင်ကိုးခုတွင် ဒုမျှော်စင်သခင်များ၏ နေရာကို အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူများက တာဝန်ယူထားကြလေသည်။
ထို့အပြင် ဒုမျှော်စင်သခင်တစ်ယောက်က အလွှာဆယ့်တစ်သို့ ရောက်သည််နှင့် ရာထူးမှ အလိုအလျောက် နှုတ်ထွက်သွားမည်ဖြစ်သည်။ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများက ပိုအရေးကြီးသော တာဝန်များရှိနေသောကြောင့်ဖြစ်သည်။
အန္တိမအသိအမြင်အတွက် ပြင်ဆင်ခြင်း သို့မဟုတ် စစ်မြေပြင်ကြီးတစ်ခုကို ကြီးကြပ်ရန်တို့ဖြစ်သည်။ နာလန်က သက်တမ်းများစွာ ကျန်သေးပြီး အမှားများလည်း မပြုလုပ်ခဲ့ပေ။
" အလွှာဆယ့်တစ် " အနက်ရောင်ကြယ်သခင်က သက်ပြင်းချလိုက်ကြသည်။
အလွှာတစ်ဆယ်များအနေဖြင့် သူတို့အားလုံးက အလွှာဆယ့်တစ်ကို မျှော်လင့်ထားကြလေသည်။ သို့သော် မျှော်လင့်ချက်ရှိခြင်းက တစ်ခုဖြစ်ပြီး အဆင့်တက်ခြင်းက တစ်ခုဖြစ်လေသည်။
" နာလန်က ပေါင်းစပ်နိယာမတွေရဲ့ အရေးကြီးတဲ့ အကန့်အသတ်တစ်ခုမှာ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့တာပါ။ ဘယ်လိုလုပ်ပြီး ရုတ်တရက် ကျော်လွှားသွားနိုင်ခဲ့တာလဲ။ " လျိုလီကြယ်သခင်က ပြောလိုက်သည်။
" ဘယ်သူသိမလဲ။ ဖြစ်နိုင်တာ သူက တွန်အားတစ်ခုခုကြုံတွေ့ခဲ့တာ နေလိမ့်မယ်။ "
" နဂါးငွေ့တန်းကြယ်သခင် မင်းအချိန်ရရင် ငါတို့အတွက် မေးပေးပါဦး။ နာလန်က အဲ့ဒီအတားအဆီးကို ဘယ်လိုကျော်လွှားနိုင်သွားလဲမသိဘူး။ " လျိုလီကြယ်သခင်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
လင်းယွမ်က ရှယိုဆင့်ကဲပြောင်းလဲခြင်းမျှော်စင်၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်လေသည်။ နာလန်က ဒုမျှော်စင်သခင်ဖြစ်သောကြောင့် သူတို့က နီးစပ်မှုရှိလေသည်။
" ကောင်းပြီ။ ငါ နာလန်နဲ့ တွေ့တဲ့အခါ သေချာပေါက်မေးကြည့်ပါမယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ သူလည်း နာလန်အဆင့်တက်သွားသည့်အကြောင်းကို သိချင်လေသည်။
" ပြောရရင် နဂါးငွေ့တန်းကြယ်သခင် မင်းလည်း အလွှာတစ်ဆယ်ကို ဝင်ရောက်တော့မှာပဲ။ " အနက်ရောင်ကြယ်သခင်က ပြောလိုက်သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် လင်းယွမ်ပြသခဲ့သော ခွန်အားအရ အလွှာတစ်ဆယ်သို့ ဝင်ရောက်ခြင်းက ရိုးရှင်းသော ကိစ္စတစ်ခုသာဖြစ်သည်။
" မှန်တယ်။ နဂါးငွေ့တန်းကြယ်သခင်ရဲ့ အရည်အချင်းနဲ့ဆို ငါတို့ထက်အရင် အလွှာဆယ့်တစ်ကို ဝင်ရောက်သွားနိုင်တယ်။ " ပိန်ပိန်နှင့်လူက ပြောလိုက်သည်။
သူတို့က အလွှာတစ်ဆယ် အဆင့်အေများဖြစ်သောကြောင့် တစ်နေ့တွင် သူတို့က နာလန်အတိုင်း ပိတ်ဆို့မှုကို ကျော်လွှားပြီး အလွှာဆယ့်တစ်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။
လင်းယွမ်က အခြားသူများနှင့် စကားပြောပြီးနောက် VR ကမ္ဘာမှ ထွက်လာခဲ့သည်။
" နှစ်ထောင်မြောက် အချိန်နိယာမပုံစံက ကွင်းတစ်ကွင်းလား။ မြွေကွင်းတစ်ကွင်း။ "
အချိန်မြစ်၏ မြင်ကွင်း၏ မြင်ကွင်းများက လင်းယွမ်၏ စိတ်ထဲတွင် ပြည့်နှက်နေခဲ့သည်။ အချိန်မြစ်က အတိတ်မှ အနာဂတ်သို့ အဆက်မပြတ် စီးဆင်းနေသည်။ သို့သော် အချို့နေရာတွင် အချိန်က မြွေကွင်းတစ်ခုကဲ့သို့ အစနှင့်အဆုံးက ချိတ်ဆက်နေခဲ့သည်။
" ဆိုလိုတာက ဘယ်နေရာက စတင်တာပဲဖြစ်ဖြစ် နောက်ဆုံးမှာ တူညီတဲ့စမှတ်ကို ပြန်ရောက်လာတယ်။ " လင်းယွမ်၏ စိတ်ထဲသို့ အသိအမြင်များစွာ ဝင်ရောက်လာသည်။ အဆက်မပြတ် တွေးတောမှုနှင့်အတူ အချိန်နိယာမအပေါ် လင်းယွမ်၏ နားလည်မှုက လျင်မြန်စွာ တိုးတက်လာခဲ့သည်။
ဝှစ်....
လင်းယွမ်၏ ရှေ့တွင် နတ်ဆိုးကျောက်စိမ်းမျှော်စင်မှ ရရှိခဲ့သော အသေးစားစကြာဝဠာက ပေါ်လာသည်။ လင်းယွမ်က ၎င်းကို လေ့လာရင်း အချိန်မြစ်၏ လျို့ဝှက်ချက်များကို သုံးသပ်နေခဲ့သည်။
အသေးစားစကြာဝဠာအတွင်းမှ ပြည့်စုံသော အချိန်နိယာမက အချိန်မြစ်နှင့် မယှဉ်နိုင်သော်လည်း လင်းယွမ်က အချိန်မရွေး လေ့လာနိုင်လေသည်။
" ငါ အချိန်မြစ်ကို နောက်တစ်ကြိမ် လေ့လာနိုင်ခဲ့ရင် အချိန်နိယာမကို လုံးဝနားလည်နိုင်လောက်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
ကြီးမြတ်သူရှချင်က သူ့ကို အချိန်မြစ်၏ ကန့်သတ်ချက်များမှ လွတ်မြောက်နိုင်ရန် ကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ရလေသည်။ ကြီးမြတ်သူတစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းအားက လူသားမျိုးနွယ်အတွက် အလွန်အရေးပါလေသည်။
ရှယိုဆင့်ကဲပြောင်းလဲခြင်းမျှောင်စင်က အထွတ်အထိပ်မျိုးနွယ်နှစ်ခု၏ နယ်မြေများနှင့် နီးစပ်နေသည်။ ထို့ကြောင့် လူသားမျိုးနွယ်၏ နယ်စပ်ဒေသတည်ငြိမ်မှုက ကြီးမြတ်သူရှချင်အပေါ်တွင် မူတည်နေသည်။
လင်းယွမ်၏ စိတ်အသိက အသေးစားစကြာဝဠာထဲသို့ ဝင်ရောက်သွားပြီး အချိန်နိယာမ၏ လုပ်ဆောင်မှုများကို စောင့်ကြည့်နေခဲ့သည်။
အသေးစားစကြာဝဠာအတွင်း အလင်းနှစ်ရာချီ ကျယ်ဝန်းပြီး ပင်မစကြာဝဠာနှင့် အနည်းငယ် ဆင်တူလေသည်။ ကြယ်များ၊ ဂြိုလ်များနှင့် ယိုယွင်းနေသော နေရာများလည်း ပါဝင်လေသည်။
" အချိန်နိယာမက ဒီလိုရှုထောင့်မျိုးလည်း ရှိနေတာပဲ။ " လင်းယွမ်က စောင့်ကြည့်ရင်းနှင့် ပို၍ နားလည်လာခဲ့သည်။
အချိန်မြစ်ကို ကြည့်ရှုပြီးနောက် အတိတ်တွင် အသေးစားစကြာဝဠာအတွင်းမှ နားလည်ခဲ့သောအရာများက လင်းယွမ်အတွက် လျင်မြန်စွာ ရှင်းလင်းလာခဲ့သည်။
" အချိန်နဲ့လေဟာနယ်အပြင် အခြေခံနိယာမတွေရဲ့ ပေါင်းစည်းမှုတွေလည်း ရှိနေတယ်။ ဒါက အသေးစားစကြာဝဠာကို ပြိုမကျအောင် ထိန်းသိမ်းပေးတဲ့ ဟန်ချက်တစ်ခုလား။ " လင်းယွမ်က တွေးလိုက်သည်။