← Chapters

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ တိုးတက်မှု....

Vol. 35 Ch. 537

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ တိုးတက်မှု....

Vol. 35 Ch. 537

အလွှာတစ်ဆယ်သို့ တက်လှမ်းခြင်းက သေချာပေါက် အလုံခြုံဆုံးနေရာတွင် လုပ်ဆောင်ရန် လိုအပ်လေသည်။ လူသားမျိုးနွယ်တွင် အလုံခြုံဆုံး နေရာအနည်းငယ်ရှိလေသည်။

တစ်ခုမှာ အလယ်ပိုင်းကြယ်နယ်မြေဖြစ်လေသည်။ မျိုးနွယ်ခြားကြီးမြတ်သူများ ရောက်လာလျှင်တောင် ဘာမှတတ်နိုင်မည်မဟုတ်ပေ။ ဒုတိယတစ်ခုမှာ ကြီးမြတ်သူများ အခြေစိုက်ရာ ဆင့်ကဲပြောင်းလဲခြင်းမျှော်စင်များ ဖြစ်ကြသည်။ မျှော်စင်တစ်ခုအတွင်း ရှိခြင်းက ကြီးမြတ်သူတစ်ယောက်၏ ကာကွယ်မှုအောက်တွင် ရှိနေခြင်းဖြစ်သည်။

လင်းယွမ်၏ အတွင်းကမ္ဘာ ပြောင်းလဲမှုက အလွန်မြန်ပြီး အထွတ်အထိပ်သို့ ရောက်ရန် နှစ်နှစ်အောက်သာ လိုတော့လေသည်။ ဆင့်ကဲပြောင်လဲခြင်းမျှော်စင်ဖြစ်စေ အလယ်ပိုင်းကြယ်နယ်မြေဖြစ်စေ နဂါးငွေ့တန်းပင်မကြယ်နှင့် အလင်းနှစ်များစွာ ဝေးကွာလှသည်။

လင်းယွမ်က ထိုနေရာများသို့ သွားလျှင် လမ်းခရီးတွင် အချိန်များစွာ ယူရပေလိမ့်မည်။ ၎င်းက အဆင်မပြေနိုင်ဟု ကြီးမြတ်သူရှချင်က ခံစားရလေသည်။ လင်းယွမ်က နဝမအလွှာတွင် အချိန်နိယာမကို နားလည်ထားသော လူသားမျိုးနွယ်၏ တစ်ဦးတည်းသော တည်ရှိမှုဖြစ်သည်။ ဤစကြာဝဠာခေတ်တစ်ခုလုံးတွင် တစ်ဦးတည်းသော လူဖြစ်နိုင်လေသည်။

" ငါ နဂါးငွေ့တန်းပင်မကြယ်ကို ငါ့ရဲ့ ကိုယ်ပွားတစ်ခု စေလွှတ်လိုက်မယ်။ မင်းက အဆင့်တက်လှမ်းဖို့ပဲ အာရုံစိုက်ပါ။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။

နဂါးငွေ့တန်းကြယ်နယ်မြေက VR ကမ္ဘာကွန်ရက်နှင့် ဖုံးလွှမ်းထားပြီး ကြီးမြတ်သူယုတိုင်က အချိန်မရွေး ကိုယ်ပွားတစ်ခု ဆင်းသက်နိုင်သော်လည်း လင်းယွမ်က ကြီးမြတ်သူရှချင် စိတ်ဝင်စားသောလူဖြစ်လေသည်။

" ကျေးဇူးတင်ပါတယ် ကြီးမြတ်သူ။ " လင်းယွမ်က ပြောလိုက်သည်။

အဆင့်တက်လှမ်းနေချိန်တွင် ကြီးမြတ်သူတစ်ယောက် ကိုယ်တိုင် ကာကွယ်ပေးခံရခြင်းက လူသားမျိုးနွယ်တွင် ထိုအရာမျိုးကို အလွှာဆယ့်တစ်မှ အလွှာဆယ့်နှစ်သို့ တက်လှမ်းချိန်မှာပင် ရရှိနိုင်ပေလိမ့်မည်။

သို့သော် လင်းယွမ် ဖော်ပြခဲ့သော အလားအလာများအရ သူ၏ အရေးပါမှုမှာ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများအောက် နိမ့်ကျခြင်းမရှိပေ။

ကြီးမြတ်သူ၏ မျက်လုံးထဲတွင် သူက ပို၍ပင် အရေးပါနိုင်လေသည်။ သူတို့အတွက် အလွှာတစ်ဆယ်နှင့် အလွှာဆယ့်တစ်ဟူ၍ အရေးပါခြင်းမရှိပေ။ အဓိကမှာ အလွှာဆယ့်နှစ်သို့ ဝင်ရောက်ရန်အတွက် အလားအလာနှင့် ဖြစ်နိုင်ခြေပင်ဖြစ်သည်။

ယခုအချိန်ထိ လင်းယွမ်၏ စွမ်းဆောင်ရည်များက အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများထက် သာလွန်ခဲ့လေသည်။ အလွှာတစ်ဆယ်သို့ တက်လှမ်းချိန်တွင် ဖရိုဖရဲဟင်းလင်းပြင်၏ မူလရင်းမြစ် ထည့်သွင်းခြင်းကို ခံရလေသည်။ လင်းယွမ်က အလွှာဆယ့်တစ်သို့ ရောက်ချိန်တွင် သူ၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်၊ စိတ်စွမ်းအားနှင့် အတွင်းကမ္ဘာတို့က အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူအများစုကို နင်းခြေသွားပေလိမ့်မည်။

ထို့အပြင် လင်းယွမ်က အလွှာဆယ့်တစ်သို့ ဝင်ရောက်ပြီး အလွှာဆယ့်နှစ်သို့ တက်လှမ်းနိုင်သော အခွင့်အလမ်းက ပို၍ မြင့်မားလေသည်။ နောက်ဆုံး သူက လူသားမျိုးနွယ်၏ အထောက်အပံ့ကို ရရှိခဲ့လျှင် လင်းယွမ်က လူသားမျိုးနွယ်၏ အလွှာဆယ့်နှစ်သို့ ရောက်ရှိရန် အမြင့်ဆုံး အလားအလာ ရှိသော ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်သွားပေလိမ့်မည်။

" အဆင့်တက်နေချိန်မှာ နက်ရှိုင်းတဲ့ လေဟာနယ်အလွှာတွေထဲ ဝင်ရောက်ဖို့ ကြိုးစားပါ။ " ကြီးမြတ်သူရှချင်က သတိပေးလိုက်သည်။

" ကောင်းပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

၎င်းက အဆင့်တက်လှမ်းချိန်တွင် သက်ရောက်မှုကို အနည်းဆုံးဖြစ်အောင် လုပ်ခြင်းဖြစ်သည်။ အလွှာတစ်ဆယ်သို့ တက်လှမ်းခြင်းက သူ၏ သန်းပေါင်းများစွာ ကျယ်ဝန်းသော အတွင်းကမ္ဘာနှင့်ပင် သက်ရောက်မှုက ပြင်းထန်ပေလိမ့်မည်။ သက်ရောက်မှု၏ အကြီးမားဆုံးမှာ ဖရိုဖရဲဟင်းလင်းပြင်မှ မူလရင်းမြစ်များ လက်ခံခြင်းပင်ဖြစ်သည်။

လင်းယွမ်ပျောက်ကွယ်သွားပြီးသောအခါ ကြီးမြတ်သူရှချင်၏ အတွေးများက အနည်းငယ် လှုပ်ရှားသွားသည်။ ရှယိုဆင့်ကဲပြောင်းလဲခြင်းမျှော်စင်၏ အပြင်ဘက်တွင် ကိုယ်ပွားတစ်ခု ပေါ်လာပြီး နဂါးငွေ့တန်းကြယ်နယ်မြေရှိရာသို့ ထွက်ခွာသွားသည်။

နဂါးငွေ့တန်းပင်မကြယ်တွင် လင်းယွမ်က ထိုင်နေပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုကို အာရုံစိုက်နေသည်။ ပြောင်းလဲမှုက အတွင်းကမ္ဘာမှ စတင်ခဲ့ပြီး ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ကို တဖြည်းဖြည်း သက်ရောက်လာသည်။

အလွှာတစ်ဆယ်သို့ တက်လှမ်းရန် နှစ်နှစ်ဆယ်သာ လိုသော်လည်း လင်းယွမ်က အချိန်ကို ဖြုန်းတီးခြင်းမရှိပေ။ သူ၏ စိတ်ထဲတွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ပထမအလွှာမှ နဝမအလွှာထိ အသေးစိတ်အချက်အလက်များကို ပြန်လည်သုံးသပ်နေခဲ့သည်။

သူ၏ အခြေခံက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဖြစ်၏ အောင်မြင်မှုအားလုံး၏ အခြေခံဖြစ်သည်။

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြည့်စုံအောင်လုပ်နိုင်မလား ဒါမှမဟုတ် ထပ်ပြီး တိုးတက်နိုင်မလား။ " လင်းယွမ်က သေချာစစ်ဆေးနေသည်။

လင်းယွမ်က ကိုးကြိမ်းမြောက်ဆင်းသက်ပြီး ပြန်လာချိန်တွင် အဆင့်မြှင့်တင့်မှုများ ပြုလုပ်ခဲ့လေသည်။ အချိန်နိယာမကို နားလည်ပြီးမောက် ခွန်အားနှင့် နိယာမများအပေါ် အာရုံခံစားမှုက နက်ရှိုင်းစွာ ပြောင်းလဲသွားခဲ့သည်။

ယခု သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ပထမအလွှာမှ နဝမအလွှာထိ ကြည့်လိုက်သောအခါ လိုအပ်ချက်များကို နောက်တစ်ကြိမ် မြင်လိုက်ရလေသည်။

" ပထမအလွှာကဏ္ဍက အခြေခံတွေအပေါ် ပိုပြီး အလေးထားသင့်တယ်။ အသားက သိုင်းတာအိုရဲ့ အစဖြစ်ပြီးတော့ သန်မာတဲ့ ရုပ်ခန္ဓာသာ မရှိရင် သိုင်းတာအိုရဲ့ အဆုံးကို ရောက်ဖို့ ခက်ခဲလိမ့်မယ်။ "

" ဒုတိယအလွှာကဏ္ဍ...."

" တတိယအလွှာကဏ္ဍ..."

လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နောက်တစ်ကြိမ် ပြင်ဆင်ခဲ့သည်။ ထိုပြင်ဆင်မှုက အဓိကအပြောင်းအလဲဘာမှမရှိဘဲ သိုင်းတာအိုဆင့်ကဲပြောင်းလဲလမ်းစဉ်ကို ပို၍ ပြည့်စုံစေပြီး ကောင်းမွန်စွာ ချိန်ညှိပေးခဲ့သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံသောအခါ မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူများ၏ ရင်ဆိုင်ရသော အခက်အခဲများကို လျှော့ချပေးပေလိမ့်နည်။

နှစ်ဝက်ကြာပြီးသောအခါ လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ပြင်ဆင်မှု ပြီးသွားခဲ့သည်။

" အခု သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဆင့်ကဲပြောင်းလဲသူတွေအတွက် နားလည်ဖို့ ပိုလွယ်သွားပြီး အနှစ်သာရက ပိုပြီး ရှင်းလင်းသွားလိမ့်မယ်။ " လင်းယွမ်က ပြုံး၍ ရေရွတ်လိုက်သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဘာမှမရှိသောအရာမှ ဖန်တီးခဲ့ခြင်းဖြစ်ပြီး ကိုယ်ပိုင်လမ်းစဉ်ကို ထိုးဖောက်ရန်အတွက် ကျင့်စဉ်ပေါင်းများစွာနှင့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များစွာကို ကောက်နှုတ်ခဲ့သည်။ ယခု သိုင်းတာအိုက ပထမဆုံးဆင်းသက်ခဲ့သော ကမ္ဘာမှ သိုင်းတာအိုနှင့် လုံးဝကွဲပြားသွားခဲ့ပြီဖြစ်သည်။

" တိုက်ရိုက်တင်လိုက်တော့မယ်။ " လင်းယွမ်က ပြန်လည်ပြင်ဆင်ထားသော သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို တင်ပြလိုက်သည်။

တောင်ပိုင်းကြယ်ဒေသ၏ VR ကမ္ဘာတွင် ဆင့်ကဲပြောင်းလဲသူများနှင့် အဆင့်မြင့်နိုင်ငံသားများက စကားများ ပြောဆိုနေခဲ့ကြသည်။

" ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေ အပ်ဒိတ်လုပ်ပြီးသွားပြီ။ "

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဆင့် ၄၂ကို ရောက်သွားတာလား။ "

" ကြောက်စရာကောင်းတယ်။ နဝမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကြယ်ဒေသတစ်ခုလုံးရဲ့ အဆင့် ၄၂ နေရာကို ရောက်သွားခဲ့တယ်။ "

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ဖန်တီးသူက ငါတို့ လူသားမျိုးနွယ်ရဲ့ ထိပ်တန်း ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက်ဖြစ်ပြီး ဆင့်ကဲပြောင်းလဲခြင်းနယ်ပယ်မှာ စိတ်ကူးမယဉ်နိုင်တဲ့ အဆင့်ကို ရောက်နေလောက်ပြီ။ "

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ လက်ရှိအဆင့်အရ အလွှာတစ်ဆယ်ကဏ္ဍကို တင်လိုက်တာနဲ့ ထိပ်ဆုံးဆယ်နေရာထဲ ဝင်ရောက်သွားမှာသေချာတယ်။ "

ဆင့်ကဲပြောင်းလဲသူများနှင့် အဆင့်မြင့်နိုင်ငံသားများက တက်ကြွစွာ ဆွေးနွေးနေကြသည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က တောင်ပိုင်းကြယ်ဒေသ၏ ဒဏ္ဍာရီလာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု ဖြစ်လာခဲ့သည်။

၎င်း၏ သက်ရောက်မှုက ဆင့်ကဲပြောင်းလဲခြင်းအဆင့်၏ ထပ်ဆုံးဆယ်နေရာတွင် ရှိသော အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များထက် ကြီးမားလွန်းလှသည်။

နဂါးငွေ့တန်းပင်မကြယ်။

လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆင့်ကို ကြည့်လိုက်သည်။

" အဆင့် ၄၂ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြန်လည်ပြင်ဆင်ခဲ့ခြင်းက အဆင့် ၅၃မှ အဆင့် ၄၂ သို့ တက်သွားစေခဲ့သည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် အဆင့်တက်လာသည်နှင့် လင်းယွမ်က ကောင်းမှုအမှတ် ရှစ်သန်းကို ရရှိခဲ့သည်။

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကောင်းကောင်းမွန်မွန် တိုးတက်လာပြီ။ " လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲသူများအရေအတွက်ကို ကြည့်လိုက်သည်။

ပထမအလွှာ - ရှစ်ထရီလီယံ။

ဒုတိယအလွှာ - ၉၂၀၀ ဘီလီယံ။

တတိယအလွှာ - ၉ ဘီလီယံ။

စတုတ္ထအလွှာ - ၈၀ သန်း။

ပဉ္စမအလွှာ - ၁၂သန်း။

ဆဋ္ဌမအလွှာ - ၁ သန်း ၃ သောင်း။

သတ္တမအလွှာ - ၅၆၀၀။

အဋ္ဌမအလွှာ - သုည။

" ပထမအလွှာကနေ တတိယအလွှာထိက အများကြီးတိုးတက်လာပေမယ့် အထက်အဆင့်တွေကတော့ တိုးတက်မှုနှုန်း သိပ်မကြီးမားဘူး။ " လင်းယွမ်က အံ့ဩခြင်းမရှိပေ။

မည်သည့်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဖြစ်စေ ပထမအလွှာမှ တတိယအလွှာထိ တိုးတက်မှုက လျင်မြန်နေပေလိမ့်မည်။ စွမ်းအားနှင့် အရင်းအမြစ်များ ရှိနေသရွေ့ ပြဿနာမရှိပေ။ သို့သော စတုတ္ထအလွှာမှစ၍ နိယာမများအပေါ် နားလည်မှုက စတင်လေသည်။

" ဒီနှစ်တွေမှာ ငါက စကြာဝဠာသလင်းကျောက် ဆယ်သန်းကျော် စုဆောင်းမိလာပြီ။ " လင်းယွမ်က သိုင်းတာအို ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဝင်ငွေများကို ကြည့်လိုက်သည်။

All Chapters