← Chapters

ပေ့ယင်ယင်

Vol. 115 Ch. 1597

ပေ့ယင်ယင်

Vol. 115 Ch. 1597

အသက်စွမ်းအင် ကျင့်ကြံခြင်း

၎င်းမှာ အလွှာအပြင်က လောကတွင်ပင် အလွန့် အလွန် ရှားပါးသော ပညာရပ်တစ်ခု ဖြစ်သည်။ အလွန် ကျွမ်းကျင်သော အဂ္ဂိရတ် ပညာရှင်များသာ အသက် စွမ်းအင်ကို ကျင့်ကြံနိုင်သည်။ အဂ္ဂိရတ် စွမ်းအင် ကဲ့သို့ပင် အသက် စွမ်းအင်မှာ ဆေးလမ်းစဉ် ပညာရှင်များ သီးခြား ကျင့်ကြံထားသော စွမ်းအင်ဖြစ်သည်။ သူတို့မှာ သေမျိုးလောက၏ ဆေးပညာရှင်များ ကဲ့သို့ပင် ဖြစ်သည်။

သို့သော် ကျင့်ကြံသူ အများစုမှာ ထိုဂုဏ်သတ္တိ နှစ်ခုလုံးပါရှိသည့် ဝိညာဉ်များကို မည်သည့်အခါမှ မကျင့်ကြံကြပေ။ သို့သော်လည်း... ထူးဆန်းစွာပင် မိန်းမငယ်လေးမှာ အဂ္ဂိရတ် ဆေးဝိညာဉ်ကို ပိုင်ဆိုင်ထားပေသည်။ သူမမှာ အဂ္ဂိရတ် ပညာရှင် တစ်ယောက် အတွက် အကောင်းဆုံးသော ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားသည်မှာ ငြင်းမရပေ။

၇၆ ယောက်မြောက် မင်းသား၏ မျက်လုံးများမှာ အဆုံးမဲ့သော အလင်းတန်းများနှင့် တောက်ပနေခဲ့၏။ အနီရင့်ရောင် မျက်လုံးပိုင်ရှင် မိန်းကလေး၏ စကားများကို ကြားလိုက်ရသော အခိုက်၌ သူ့ နှလုံးသားအတွင်းရှိ လောဘများက ပိုမို၍ လောင်ကြွမ်းလာသည်။ သို့သော်လည်း သူ ခပ်မြန်မြန်ပင် ၎င်းတို့ကို ငြိမ်းသတ်လိုက်သည်။

ပုံမှန်ဆိုလျှင် သူ ထိုမိန်းကလေးငယ်ကို ရအောင် ဖမ်းဆီးမည် ဖြစ်သည်။ ဒဏ်ရာရရှိခဲ့လျှင်ပင် နောက်ဆုတ်လိမ့်မည် မဟုတ်ပဲ အသက်ကယ် ဝှက်ဖဲ တစ်ခု အဖြစ် ထားရှိပေလိမ့်မည်။ သို့သော်လည်း... ဤအဆင့်ထိ ရောက်အောင် ကျင့်ကြံထားသူ တစ်ယောာက် အနေဖြင့် မူမမှန်မှုများကို မသိ၊ မမြင်ရလောက်အောင် သူက မျက်ကန်းတစ်ယောက် မဟုတ်ပါချေ။

၇၆ ယောက်မြောက် မင်းသား ချက်ချင်း လှုပ်ရှားခြင်း မရှိသည်ကို တွေ့မြင်လိုက်ရသော အခါ အနီရင့်ရောင် မျက်လုံးပိုင်ရှင် မိန်းကလေးမှာ စိတ်ထဲမှ ကျိန်ဆဲလိုက်၏။

“သမီး...”

ပေ့ယင်ယင်က စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစား လိုက်ပြီးနောက် အကြောင်းပြချက်တစ်ခုကို ပေးလိုက်၏။

“သမီး မကြီးရဲ့ လက်စွပ်ထဲကို ခိုးဝင်နေခဲ့တာ... အဲ့တာကို မကြီးက သတိမထားမိခဲ့ပါဘူး... လုံးဝကို သတိမထားမိခဲ့တာ”

မိန်းမငယ်လေးက တောက်ပသည့် မျက်လုံးဝိုင်းလေးများကို မမှိတ်မသုန်ဘဲ သူမ၏ အစ်မကြီး ဖြစ်သူ ပေ့ဝေဝေ၏ ပေါ့ဆမှုကို အပြစ်ပုံချလိုက်သည်။

ကျောက်တောင် ထူထပ်သည့် ဒေသတစ်ခုတွင်တော့ အာဏာရှင် အဖွဲ့၏ စတုတ္ထ ကွန်မန်ဒါမှာ နှာချေလိုက်မိ၏။ သူမ၏ ဓားက ရှေ့၌ ရှိသည့် ကျင့်ကြံသူ တစ်ဦး၏ လည်ပင်းကို ဖြတ်သွားကာ ဦးခေါင်းကို လွင့်စဉ် သွားစေခဲ့သည်။

တရှန်း တစ်ယောက် မပြုံးပဲ မနေနိုင်တော့ချေ။

“ဟုတ်တာပေါ့... မင်းလေးက ဘယ်နေရာကိုပဲ ဖြစ်ဖြစ် ခိုးဝင်နိုင်တဲ့ အရိပ်လိုပဲ... ဟုတ်တယ်မလား”

တရှန်းက ‘အရိပ်’ ဟူသော စကားလုံးကို အလေးပေးပြောဆိုလိုက်သောအခါ မိန်းမငယ်လေး၏ အမူအရာက သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။ သူမ၏ မျက်လုံးလေးများမှာ ပိုမို၍ တောက်ပသွားခဲ့၏။ မိန်းမငယ်လေးမှာ အလွယ်တကူပင် နားလည်သဘောပေါက်နိုင်ကာ ချစ်စရာကောင်းလှသည်။

တရှန်းသည် ထရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ သူမ၏ ရွှေရောင် မျက်လုံးများသည် ပတ်ဝန်းကျင်ကို လေ့လာ ဆန်းစစ်နေခဲ့သည်။ ပေ့ယင်ယင် ဤနေရာတွင် ရှိနေလျှင် ‘သူ’ သည်လည်း ရှိနေသင့်သည်။

“သွားကြမယ်”

တရှန်းက လက်ကို ဆန့်ထုတ်လိုက်ရာ ပေ့ယင်ယင်က ချက်ချင်းပင် လွှဲခိုလိုက်၏။ ထို့နောက် သူမက ဝိုင်းစက် တောက်ပသော မျက်လုံးများဖြင့် သဲကန္တာရကို ကြည့်လိုက်သည်။

“အရမ်းလှတာပဲ... အစ်မကြီး... အိမ်ကို နည်းနည်းလောက် ယူသွားလို့ ရမလား”

ပေ့ယင်ယင်က သဲများကို လက်ညှိုးထိုးပြလိုက်ရင်း တောင်းဆိုနေသည့် အမူအရာဖြင့် ပြောလိုက်သည်။ အခြားတစ်ဖက်၌.. ၇၆ ယောက်မြောက် မင်းသားမှာ တရှန်း၏ လုပ်ဆောင်ချက်များကို သတိပြုမိ နေခဲ့သည်။ သူက ပတ်ဝန်းကျင် တစ်ခုလုံးကို အလွန် လျှင်မြန်စွာ စစ်ဆေးဖို့ ကြိုးပမ်းနေခဲ့သည်။

ဤဖြစ်ရပ်တစ်ခုလုံးမှာ လုံးဝ ပုံမှန်မဟုတ်ချေ။ ဤမိန်းမငယ်လေးနှင့် တိုက်တန်-နတ်ဆိုး သွေးနှောတို့က မည်သူတွေနည်း။ ထိုသွေးနှောမှာ ဝိညာဉ်ယူနစ် သန်းနှစ်ဆယ်ကို အလွယ်တကူပင် ထုတ်လုပ်ပေးနိုင်သည်လား။ နောက်ပြီး သူမက အဘယ်ကြောင့် ဤနေရာတွင် ရှိနေရသနည်း။

စောစောက အာရုံ စူးစိုက်ရန် မထိုက်တန်ဟု ဟူသော ယူဆချက်များမှာ ကြက်ပျောက်ငှက်ပျောက်ပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။

ဝှစ်...

ခြေတစ်လှမ်းတည်းဖြင့်ပင် ၇၆ ယောက်မြောက် မင်းသားမှာ တရှန်းတို့ နှစ်ဦးရှေ့၌ ပေါ်လာခဲ့၏။ ထို့နောက်တွင်တော့ သူက လမ်းကို ပိတ်ဆို့လိုက်လေတော့သည်။

“...”

တရှန်း မျက်မှောင်ကြုတ်လိုက်၏။ ပေ့ယင်ယင်၏ ဝိုင်းစက် လှပသည့် မျက်ဝန်းများကတော့ ရွှေရောင် ဝတ်စုံဝတ် ပုံရိပ်ကို သိလိုစိတ်ဖြင့် လှမ်း၍ ကြည့်နေခဲ့သည်။ ထိုလူမှာ ချောမောခြင်း၊ အရပ်ရှည်ခြင်း သို့မဟုတ် အလွန် ပြင်းထန်သည့် အရှိန်အဝါနှင့် အော်ရာတို့ကို ပိုင်ဆိုင်မထားသော်လည်း သူမအတွက် ထူးဆန်းစွာ ရင်းနှီးနေသယောင် ခံစားရသည်။

“တော်ဝင် အစ်မကြီးလား...”

ပေ့ယင်ယင်လေးက သိလိုစိတ်ဖြင့် ခပ်တိုးတိုးလေး မေးလိုက်သည်။ သူမက ကလေးငယ် တစ်ဦးမျှသာ ရှိသေးလေရာ ပထမဆုံး စိတ်ခံစားချက်အပေါ် အခြေခံ၍ ထိုကဲ့သို့ ကောက်ချက်ချခြင်းက ထူးဆန်းသည့် အရာတော့ မဟုတ်ပေ။

“ငါက ယောက်ျားလေးပါ”

၇၆ ယောက်မြောက် မင်းသားမှာ သူ့ကို မိန်းကလေး တစ်ယောက် ဟု ထင်မှတ်ခံရသည့်အတွက် ဒေါသထွက် နေသော်လည်း ကလေးငယ်ကို စိတ်ရှည်စွာ ပြောဆိုပေးနေသည့်အလား ပြုံးလိုက်သည်။

“မင်း ငါ့ကို တော်ဝင် အစ်ကိုကြီးလို့ ခေါ်နိုင်ပါတယ်...”

ပေ့ယင်ယင်၏ မျက်လုံးဝိုင်းလေးများက စိတ်ရှုပ်ထွေးမှု အနည်းငယ်ဖြင့် လင်းလက်သွားသည်။ တစ်ခဏ ကြာပြီးနောက် သူမက ခေါင်းခါလိုက်၏။

“မခေါ်ချင်ဘူး”

သူမက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။

“တော်ဝင် အစ်ကိုကြီးက အစ်မကြီးထက် အများကြီး ပိုချောတယ်... ပြီးတော့ သူ ဒေါသထွက်လိမ့်မယ်”

“...”

မိန်းကလေး သုံးဦးနှင့် ၇၆ ယောက်မြောက် မင်းသားတို့မှာ အံ့အားသင့်သွားကာ စကားမပြောနိုင် ဖြစ်သွားကြ၏။ သို့သော် တရှန်းကတော့ အနည်းငယ် ပြုံးရယ်လိုက်သည်။ ပေ့ယင်ယင်က “တော်ဝင် အကိုကြီး” ဆိုသည့် ဝေါဟာရကို ဝေ့ဝူယင် အတွက် အသုံးပြုနေသည်လား၊ ဝူယု အတွက် အသုံးပြုနေသည်လား သူမ သေချာ မသိ သော်လည်း မည်သူပင် ဖြစ်စေ ထိုနှစ်ဦးစလုံးမှာ ၇၆ ယောက်မြောက် မင်းသားထက် အများကြီး ပိုချောကြောင်း စိတ်ထဲမှ မှတ်ချက်ချလိုက်မိသည်။

ထို့နောက်တွင်တော့.... သူမ၏ မျက်နှာအမူအရာမှာ ဖြည်းဖြည်းစွာပင် ခံစားချက် ကင်းမဲ့သည့် အသွင်အပြင်သို့ ပြန်လည် ရောက်ရှိသွားခဲ့၏။ သူမ၏ ရွှေရောင် မျက်လုံးများက အေးစက်လာကာ နှုတ်ခမ်းထက်ရှိ အပြုံးစများမှာလည်း ပျောက်ကွယ်သွားခဲ့သည်။

“ဖယ်စမ်း...”

သူမ၏ အသံက တည်ငြိမ်နေသည်။ သို့သော်လည်း... ၎င်းက တောင်းဆိုမှု တစ်ခု မဟုတ်ပေ။

၇၆ ယောက်မြောက် မင်းသားက တရှန်းဘက်ကို ကြည့်လိုက်ရင်း ရိုးရှင်းစွာ ပြုံးပြလိုက်၏။ အစ်မကြီး ဟု အခေါ်ခံရသည့် အတွက် ထွက်လာသော ဒေါသကို ရင်ဘတ်ထဲတွင်ပင် သူ မြိုသိပ် ထားလိုက်သည်။

တိုက်တန် နတ်ဆိုး သွေးနှောနှင့် ဆလင်ဒါထဲမှ ကလေးမလေးတို့၏ ပတ်သက်မှုက မူမမှန်ကြောင်း သူ သဘောပေါက်ပေသည်။ သူတို့မှာ တစ်ဦးနှင့်တစ်ဦး သိနေကြသည်ဟု ထင်ရသော်လည်း တစ်ဦးက လူသားဖြစ်ပြီး နောက်တစ်ဦးက တိုက်တန်နှင့် သွေးနှောထားသည့် နတ်ဆိုးတစ်ယောက် ဖြစ်လေရာ သူတို့၏ မျိုးရိုးများမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် ကွာခြားလှသည်။

ထို့အပြင် ကလေးမလေးမှာ အဂ္ဂိရတ် ပညာရှင် တစ်ယောက် အတွက်ပင် မယုံကြည်နိုင်ဖွယ် လမ်းကြောင်း တစ်ခုကို လျှောက်လှမ်းနေခြင်း ဖြစ်သည်။ သူမက မွေးကင်းစ အရွယ်ကပင် စတင် ကျင့်ကြံခဲ့လေသလား မပြောတတ်ချေ။

ထို့အပြင် နတ်ဆိုးသွေးနှောမှာလည်း ဝိညာဉ် ယူနစ် နှစ်သန်း လိုအပ်သော ဆလင်ဒါကို တစ်နည်းနည်းဖြင့် ဖွင့်လိုက်သည်။

ထိုအရာ အားလုံးက မူမမှန်မှုများစွာဖြင့် ပြည့်နှက် နေလေရာ ၇၆ ယောက်မြောက် မင်းသားမှာ မိမိကိုယ်ကို ယုံကြည်ချက် ရှိသော်လည်း ပညာရှိစွာသာ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

သူက တရှန်း၏ အမိန့်ပေး စကားကို လျစ်လျူရှု၍ ခွင့်လွှတ်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက်… သူက စိတ်ရှည်စွာဖြင့် မေးခွန်းထုတ်ဖို့ ပြင်ဆင် လိုက်၏။

“မင်းတို့ ဘယ်ကို...”

“ဖယ်စမ်း…”

တရှန်းက ၇၆ ယောက်မြောက် မင်းသား၏ စကားကို ဆုံးအောင် နားမထောင်ပဲ ကြားဖြတ် ပြောလိုက်သည်။ သူမ၏ လေသံက အလွန်အမင်း အေးစက်နေသည်။

သူမ သူ့အား နှစ်ကြိမ်တိုင်တိုင် သတိပေးခဲ့ပြီး ဖြစ်ပေသည်။ သူမက သုံးကြိမ်မြောက် သတိပေးတတ်သူ မဟုတ်ချေ။

“အစ်မကြီး… သူက နားလေးနေတာလား… အချို့လူတွေက သေချာ နားမထောင်နိုင်ကြဘူး… ဒါကြောင့် သူတို့ကို တခြားနည်းလမ်းတွေနဲ့ သင်ကြားဖို့ လိုတယ်လို့ မကြီးက ပြောဖူးတယ်”

ပေ့ယင်ယင်၏ မျက်လုံးဝိုင်းလေးများက ၇၆ ယောက်မြောက် မင်းသားကို စိတ်ဝင်စားစွာ ကြည့်ရင်း ထူးဆန်းသော အလင်းတန်းများဖြင့် လင်းလက်သွားခဲ့သည်။

တရှန်း တစ်စုံတစ်ရာ မတုန့်ပြန်နိုင်မီမှာပင် သူမ၏ စွမ်းအင် အဆင့်က တဟုန်ထိုး တိုးလာကာ တရှန်း၏ လက်ကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

“မကြီးကတော့ သူရဲ့ ဓားကို သုံးရင် တခြားသူတွေကို နားထောင်အောင် လုပ်နိုင်တယ်လို့ ပြောတယ်… ဒါပေမဲ့ သူ အဲဒီလိုလုပ်တာကိုတော့ သမီး ကြည့်လို့မရဘူး… သမီးက ငယ်သေးတယ်လို့ ပြောတယ်… ဒါပေမဲ့ မမကတော့ သမီးကို ပြမယ် မလား… မမက အကောင်းဆုံးပဲ”

ပေ့ယင်ယင်မှာ ထိုစကားလုံးများကို အဖြူစင်ဆုံး လေသံ၊ အမူအရာတို့ဖြင့် ပြောဆိုနေခြင်း ဖြစ်သော်လည်း သွေးဆာမှု အငွေ့အသက် အနည်းငယ်က သူမ၏ ပတ်လည်တွင် ပေါ်လာခဲ့လေ၏။

***

All Chapters