← Chapters

ခရမ်းရောင် နေကြယ် (၂)

Vol. 115 Ch. 1602

ခရမ်းရောင် နေကြယ် (၂)

Vol. 115 Ch. 1602

မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် လောကချည်နှောင် ကြယ်တာရာ နယ်မြေ အကြောင်းကို လျှို့ဝှက် အာဏာရှင်များ အများစု သိရှိထားကြပေသည်။ သို့သော်လည်း ကြယ်ကြွေ စစ်ပွဲနောက်ပိုင်းတွင်တွင် ‘သဘာဝ’ နေကြယ် အရင်းအမြစ် ကုန်ခန်းသွားလေရာ ၎င်းအား ပိုင်ဆိုင်ခွင့် ရရှိရန်က ဒဏ္ဍာရီ တစ်ခု သဖွယ် ဖြစ်သွားခဲ့သည်။

ထိုအကြောင်းအရာနှင့် ပတ်သက်၍ လူကြီးများမှာလည်း လူငယ်များကို လက်ဆင့် မကမ်းခဲ့ကြတော့ချေ။ အကြောင်းပြချက်က ရှင်းပေသည်။ သူတို့ ထောက်ပံ့ပေးရန် မတတ်နိုင်သောကြောင့် ဖြစ်သည်။ ဤသို့နှင့် လောကချည်နှောင် ကြယ်တာရာ နယ်မြေနှင့် ပတ်သက်သည့် အချက်အလက်များမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် သေမျိုး အနည်းငယ်သာ သိနိုင်သည့် အကြောင်းအရာ တစ်ခု အဖြစ် ပြောင်းလဲ သွားခဲ့ရသည်။

ထာဝရသရဖူ အခမ်းအနား ကျင်းပရာ လောကနယ်မြေ၌...

လူအများစုမှာ အထက်ကောင်းကင်တွင် ပေါ်ထွန်းလာနေသည့် နေကြယ်ကို အံ့ဩ မှင်သက်စွာ မော့ကြည့် နေကြ၏။ သို့သော်လည်း အချို့ကတော့ တရှန်း၏ ဖြစ်ပေါ် ပြောင်းလဲနေသည့် အခြေအနေကိုသာ အာရုံစိုက် နေကြလေသည်။

သူတို့ထဲမှ အများစုကတော့ အာဏာရှင် အဖွဲ့ဝင်များ ဖြစ်ကြသည်။ သူတို့ အတွက် လောကချည်နှောင် ကြယ်တာရာ နယ်မြေမှာ မဖြစ်နိုင်လုနီးပါး ကျင့်ကြံခြင်း ရည်မှန်းချက်တစ်ခု မဟုတ်ချေ။ ၎င်းမှာ အာဏာရှင် အင်ပါယာ သတ်မှတ်ထားသည့် အခြေခံ အကျဆုံး လိုအပ်ချက်များထဲမှ တစ်ချက်သာ ဖြစ်သည်။ ၎င်းအား ကျင့်ကြံရန် အတွက်လည်း အာရုဏ်ဦး နေကြယ်မျိုးစေ့ ဆေးလုံးကို သူတို့ ရရှိထားပြီး ဖြစ်သည်။

တရှန်းမှာ ယခင်ကတည်းကပင် အရပ် ရှစ်ပေမျှ ရှည်လေရာ အလွန်ပင် ထွားကြိုင်းသူ တစ်ဦး ဖြစ်သည်။ သို့သော်လည်း... ကြယ်တာရာ အရိုးစု အမြုတေ အတွင်းရှိ စွမ်းအားများကို စတင် ထိတွ့လိုက်သော အခါ၌ တိုက်တန် မျိုးနွယ်စုနှင့် ခရမ်းရောင် တောင်တန်း နတ်ဆိုး မျိုးဆက်တို့မှ ဖြစ်ပေါ်လာသည့် မွေးရာပါ စွမ်းအင် အားလုံးမှာ ပေါ်ထွက်လာခဲ့တော့သည်။

ထိုစွမ်းအားနှစ်ခုမှာ သူမ၏ ခန္ဓာကိုယ်ထဲတွင် ပြီးပြည့်စုံစွာ သဟဇာတ ဖြစ်နေကြသည်။ ဥပမာပေးရပါက... သေမျိုးတာအို၊ လျှို့ဝှက် တာအိုနှင့် ထာဝရ တာအိုတို့ ပြီးပြည့်စုံစွာ ပေါင်းစည်း၍ လုပ်ဆောင် နေကြသလိုပင်...။

၇၆ ယောက်မြောက် မင်းသား၏ မျက်နှာက ဖြူရော်လာ၏။ သူက ချက်ချင်းလက်ငင်းပင် မတုန့်မဆိုင်းပဲ နောက်သို့ ဆုတ်ခွာလိုက်၏။

သို့သော်လည်း... သူ၏ မျက်လုံးများကတော့ တရှန်းကို မကြည့်ပဲ ကောင်းကင်တွင် ရုတ်တရက် ပေါ်လာသည့် ခရမ်းရောင် နေကြယ်ကိုသာ စိုက်ကြည့် နေခဲ့သည်။

လောကချည်နှောင် နေကြယ်...

လောကချည်နှောင် နေကြယ်...

အလွှာအလွန်က ရွေးချယ်ခံများအကြားတွင်ပင် လောကချည်နှောင် နေကြယ်မှာ အလွန် ရှားပါးသည်ဟု တွေးတောပါက အကြီးအကျယ် နားလည်မှုလွဲမှားခြင်း ဖြစ်ပေလိမ့်မည်။ အဇူရာ ကြယ်စင်စုမှ အင်အားစုများစွာမှာ ဘာဝ နေကြယ်ကို လွယ်ကူစွာ ရရှိနိုင်ကြလေရာ လောကချည်နှောင် နေကြယ်မှာလည်း အလွန် မပေါများလျှင်ပင် မရှားပါးသည့် ဖြစ်တည်မှု တစ်ခု ဖြစ်သည်။

ရွေးချယ်ခံ ဧကရာဇ် ဧကရာဇ် ပြိုင်ပွဲအတွင်း ဝင်ရောက်လာသည့် ရွေးချယ်ခံများထဲတွင်ပင် လောကချည်နှောင် ကြယ်တာရာ နယ်မြေကို မပိုင်ဆိုင်ထားသူ အဘယ်မှာ ရှိလို့နည်း။

အကယ်၍ သင်မှာ သူတို့ တစ်ဦးချင်းစီထံသို့ သွားရောက်ပြီး မေးမည်ဆိုပါက မကြာသေးမီက သေဆုံးသွားသူများနှင့် ယခုလက်ရှိ အသက်ရှင်သန်နေဆဲ လူများ၊ ၇၆ ယောက်မြောက် မင်းသားပင်လျှင် မဆိုင်းမတွဖြင့် “ငါ့မှာ ရှိပါတယ်” ဂုဏ်ယူဝံ့ကြွားပြီး ကျေနပ်နေသည့် လေသံများဖြင့် ဖြေကြားကြလိမ့်မည် ဖြစ်သည်။

သို့သော်လည်း...

၇၆ ယောက်မြောက် မင်းသား၏ မျက်နှာအမူအရာက ဖြူရော်နေ၏။ ခရမ်းရောင် ရောင်စဉ် အလင်းတန်းများမှာ ကောင်းကင်မှ ဆင်းသက်ကျ လာနေကာ သူ့ခန္ဓာကိုယ်ကို ဖိအားပေးနေသည်။ ဂြိုဟ်ကြီးတစ်လုံးကိုပင် ဖျက်ဆီးပစ်နိုင်သည့် အင်အားများက သူ့ပခုံကို ဖိထား၏။

“ဘယ်လိုလုပ်ပြီးတော့... သူက...”

ဖန်ဟုန်ဟုန်က ထိတ်လန့် တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်၏။ အထက်ကောင်းကင်မှ ကျဆင်းလာသည့် ခရမ်းရောင် ရောင်စဉ်များ အောက်တွင် အစဉ်အမြဲ တောက်ပနေတတ်သည့် သူမ၏ အနီရင့်ရောင် မျက်ဝန်းများပင် မှိန်ဖျော့သွားသယောင် ခံစားရသည်။

တိုက်တန် နတ်ဆိုး မျိုးစပ် တစ်ဦးမှာ လောကချည်နှောင် နေကြယ်ကို မည်ကဲ့သို့ ရရှိထားသနည်း။ ပိုမို၍ အရေးကြီးသည်က...။

“အဲဒီ လောကချည်နှောင် နေကြယ်က ဘီလူး အရွယ်အစားမှာတောင် ရှိနေတယ်...”

ဖန်းလန်လန်က ထိန်းချုပ်၍ မရနိုင်သည့် လေသံဖြင့် အော်ဟစ်လိုက်လေ၏။ သူမ မှန်ပေသည်။ တရှန်း၏ လောကချည်နှောင် နေကြယ်မှာ ဘီလူး အရွယ်အစားတွင်ပင် ရှိနေခဲ့လေသည်။

ကျင့်ကြံသူများမှာ ဟိုးယခင် ခေတ်ဟောင်းများကတည်းက စကြဝဠာ အတွင်းရှိ နေကြယ်များကို အရွယ်အစားနှင့် စွမ်းအား အလိုက် အဆင့်များ ခွဲခြားခဲ့ကြသည်။ အသေးဆုံး အရွယ်ကို နေကြယ်ပု ခေါ်ကာ ထိုမှတစ်ဆင့် တိုက်တန်၊ ဘီလူး၊ ဧရာမနှင့် အကြွင်းမဲ့တို့ အဖြစ် အဆင့်ဆင့် မြင့်တက်သွားသည်။ တစ်ချိန်တစ်ခါက ကျော်ကြားခဲ့သည့် ကြယ်တစ်လုံး နေကြယ်ကြီးမှာ အကြွင်းမဲ့ အရွယ် နေကြယ်ကြီး ဖြစ်ပေသည်။

“...”

အလွှာအပြင်က လောကမှ ကျင့်ကြံသူများစွာမှာ ဆွံ့အ တိတ်ဆိတ် နေကြ၏။ သူတို့၏ မျက်လုံးများက မယုံကြည်နိုင်ခြင်းများနှင့် ပြည့်နှက် နေကြသည်။ ကျင့်ကြံခြင်း လမ်းစဉ်မှာ အဆုံးမရှိတာ မှန်သည်။ သို့သော်... ကျော်ဖြတ်လို့ မရနိုင်သည့် အကန့်အသတ်များ ရှိပေသည်။ ဤသည်က...။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... လောက ချည်နှောင် နေကြယ်တွေက အပြင် ပုံသဏ္ဌာန်ပဲ ပါပြီး အမြုတေ မပါဝင်တာ များတယ်... ဒါပေမဲ့ ဒီ… ဒီ နေကြယ်က နှစ်မျိုးလုံး ပါနေတယ်...”

ဖန်ဟောင်ဟောင်က ကိုယ်ပိုင် အမြင်အာရုံကိုပင် သံသယ ဝင်နေသည့် လေသံဖြင့် ရေရွတ်လိုက်၏။ သေမျိုး တာအို၏ အထွတ်အထိပ်သို့ ရောက်ရှိရန် လောကချည်နှောင် ကြယ်တာရာ နယ်မြေကို လိုအပ်သည်။ သို့သော်လည်း... လူတိုင်းမှာ ကောင်းကင်၏ ချစ်မြတ်နိုးခြင်း ခံရသူများ မဟုတ်သလို မွေးရာပါ ကမ္မအမှတ် များစွာဖြင့် မွေးဖွားလာကြသူများလည်း မဟုတ်ကြချေ။ ထို့ကြောင့်ပင် အထွတ်အထိပ်ကို ရောက်ရှိရန် အခြား ရွေးချယ်စရာများ လိုအပ်သည်။

စန်ယွန်းလီမှာ ထိုလမ်းကြောင်း၌ လျှောက်လှမ်းခဲ့ကာ ကိုယ်ပိုင် လောကချည်နှောင် နေကြယ် တစ်ခုကို ဖန်တီးခဲ့သည်။ အမြုတေ အတွက်တော့ ကြယ်တာရာ အမြစ်နှင့် အခြား အဖိုးတန် ပစ္စည်းများကို ပေါင်းစပ် အသုံးပြုဖို့ သူမ စဉ်းစားခဲ့သည်။ သို့သော်လည်း... လွန်ခဲ့သည့် နှစ်များက ဝေ့ဝူယင်မှာ သူ၏ အဂ္ဂိရတ် ကုန်စည်ပြပွဲတွင် အာရုဏ်ဦး နေကြယ်မျိုးစေ့ကို ထုတ်ဖော် ပြသခဲ့သည်။ ထိုထုတ်ကုန်၏ တည်ရှိမှုကြောင့်ပင် သူမ ကြိုးပမ်းခဲ့သမျှ အားထုတ်မှု အားလုံး အလဟသတ် ဖြစ်ခဲ့ရသည့် အတွက် ဖော်ပြ၍ မရနိုင်လောက်အောင် စိတ်ပျက်ခဲ့ရသည်။

ကောင်းကင်တာအို၏ ချစ်မြတ်နိုးမှုကို ခံထားရသည့် ကောင်းချီးခံ တစ်ယောက် ပင်လျှင် လောကချည်နှောင် ကြယ်တာရာ နယ်မြေ တည်ဆောက်ရန် နောက်ဆက်တွဲ ပြုပြင်စရာများ ရှိသည့် အခြား နည်းလမ်းတစ်ခုကို ရွေးချယ်ခဲ့ရခြင်းက သဘာဝ နေကြယ် တစ်ခုဖြင့် လောကချည်နှောင် ကြယ်တာရာ နယ်မြေ တည်ဆောက်ရန် မည်မျှ ခက်ခဲလှကြောင်းကို ဖော်ပြနေပေသည်။

လျှို့ဝှက် အာဏာရှင် အဆင့်များအတွက် နေကြယ်တစ်ခု ဖန်တီးခြင်းက မခက်ခဲလှချေ။ သူတို့၏ ကျင့်ကြံခြင်း အခြေခံပေါ် မူတည်ပြီး ဧရာမ အရွယ်အစား အထိ မြှင့်တင်ရန်ပင် ဆယ်စုနှစ် အနည်းငယ် သို့မဟုတ် ရာစုနှစ် အနည်းငယ် အတွင်း ဖြစ်နိုင်ချေ ရှိသည်။ သို့သော်လည်း လောကချည်နှောင် ကြယ်တာရာ နယ်မြေကို သေမျိုး တာအိုမှ ဖြစ်တည်လာသည့် နေကြယ်ဖြင့်သာ ဖန်တီးလို့ရသည်။

၇၆ ယောက်မြောက် မင်းသားမှာ အလွန်မြင့်မားသည့် ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားပေသည်။ ၎င်းက ငြင်းပယ်လို့ မရသည့် အချက်တစ်ချက် ဖြစ်သည်။ သို့သော်လည်း... သူ ကြယ်တာရာ သခင် အဆင့်မှာတုန်းက လောက ချည်နှောင် ကြယ်တာရာ နယ်မြေကို တည်ဆောက်ရန် အတွက် အစားထိုး နည်းလမ်း တစ်ခုကိုသာ ရွေးချယ်ခဲ့ရသည်။

သို့သော်လည်း ယခု တရှန်း၏ လောကချည်နှောင် နေကြယ်ကတော့...

ပုံသဏ္ဌာန်...

အမတေ...

သန့်စင်မှု...

တောက်ပမှု...

မည်သည့် ကဏ္ဍတွင်မှာမှ ဗလာဖြစ်နေခဲ့ခြင်း မရှိပါချေ။ ၇၆ ယောက်မြောက် မင်းသား တစ်ယောက် ခရမ်းရောင် နေကြယ်ပေါ်ထွန်းလာမှု အပေါ် တုန့်ပြန်နေချိန်တွင် တရှန်း၏ ခန္ဓာကိုယ်မှာ အလွန် လျှင်မြန်စွာ စတင် ကြီးထွား လာခဲ့လေသည်။

ဆယ်ပေ...

ပေနှစ်ဆယ်...

ပေငါးဆယ်...

မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် တရှန်းမှာ ပေပေါင်း ငါးထောင် အထိ ကြီးထွားလာခဲ့၏။ သူမ၏ အရပ်အမောင်းမှာ အလွန်မြင့်မား နေခဲ့သော်လည်း ဂြိုလ်၏ ကောင်းကင်အလွှာကိုတော့ ထိုးဖောက်ခြင်း မရှိပါချေ။ တရှန်း ဝတ်ဆင်ထားသည့် တံတောင်ကာ၊ ဒူးကာများနှင့် စစ်သုံးတူကြီးမှာလည်း သူမ၏ ခန္ဓာကိုယ်နှင့် အတူ လိုက်လံ၍ ကြီးမားလာခဲ့သည်။ ၎င်းတို့မှာ နေကြယ် အလင်းကြောင့် ခရမ်းရောင် အဆင်း အဖြစ် ပြောင်းလဲသွားကာ အသားအရည်နှင့် အံဝင်ခွင်ကျ လိုက်ဖက်နေခဲ့လေ၏။

တရှန်း တစ်ယောက် ဧရာမ အရွယ်အစား ဖြစ်လာကာ အော်ရာမှာလည်း လျစ်လျူ၍ မရနိုင်တော့သော အချိန်သို့ ရောက်သော အခါတွင်မှာ ၇၆ ယောက်မြောက် မင်းသားမှာ အကြည့်ကို သူမဘက်သို့ ပြန်လည် လှည့်လိုက်လေသည်။

သူ ပထမဆုံး မြင်လိုက်ရသည့် အရာက တောင်များနှင့် ဂြိုဟ်များကိုပင် မွမ်းကြပ်သွားစေနိုင်သည့် ကြွက်သားကြီးများ ဖြစ်သည်။ ထို့နောက်တွင်တော့ မိုးခြိမ်း သကဲ့သို့ တဝုန်းဝုန်း အသံတစ်ခု သူ၏ နားထဲတွင် ပဲ့တင်ထပ်လာပြီး ခရမ်းရောင်တောင်ကြီးတစ်လုံး ကျဆင်းလာသကဲ့သို့ ခံစားလိုက်ရသည်။ ချင်ချင်း ဆိုသလိုပင် မှောင်မိုက်သည့် အရိပ်တစ်ခုက သူ့ကို ဖုံးလွှမ်းသွားလေသည်။

“ဟမ့်...”

၇၆ ယောက်မြောက် မင်းသားက နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။ စီးဆင်းမှု အရှိန်မြှင့်ခြင်း စွမ်းအားကို အသုံးပြုပြီး နောက်၌ သူ၏ လျှို့ဝှက် စွမ်းအားများမှာ သိသိသာသာ ကုန်ခန်းသွားခဲ့သော်လည်း သူ့ထံတွင် ထုတ်ယူစရာ စွမ်းအားများစွာ ကျန်ရှိနေသေးဆဲ ဖြစ်သည်။ လျှို့ဝှက် ရည်ရွယ်ချက်မှာလည်း ရိုင်းစိုင်းစွာပင် နိုးထလာခဲ့၏။

ဝှစ်... ဝှစ်...

သူ၏ ပတ်ဝန်းကျင်တွင် လျှို့ဝှက် သင်္ကေတများစွာမှာ စက်ဝိုင်း တစ်ခု အသွင် ဝိုင်းပတ်လာကာ ကျိုင်းကောင်များကဲ့သို့ ရှုပ်ထွေးစွာ ပျံဝဲနေခဲ့သည်။ သူက လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကာ ထိုးနှက်လိုက်လေ၏။

ဘုန်း...

***

All Chapters