← Chapters

သရဖူ အပိုင်းအစများ

Vol. 115 Ch. 1606

သရဖူ အပိုင်းအစများ

Vol. 115 Ch. 1606

သစ်တောဒေသ...

အလွန်တရာ ကြီးမားလှသည့် သစ်ပင်ကြီး တစ်ပင်၏ ပင်စည်ထဲတွင် ယီယွင်မှာ တိတ်ဆိတ်စွာ ပုန်းအောင်း နေခဲ့သည်။ သူက အာရုံခံစားမှုများအားလုံးကို ဖြတ်တောက်ထားကာ အသက်ရှူခြင်း ဖြစ်စဉ်ကိုပင် ရပ်တန့်၍ အော်ရာကို ဖုံးကွယ်ထားခဲ့သည်။ သူက သစ်ပင်နှင့် တစ်သားတည်း ဖြစ်နေခဲ့၏။

ဝှစ်... ဝှစ်...

အထက်ကောင်းကင်တွင်တော့ ပုံရိပ်များစွာမှာ တစ်စုံတစ်ရာကို ရှာဖွေနေသကဲ့သို့ ပျံသန်း နေကြသည်။ မည်သည့် မူမမှန်မှု တစ်ခုမှ မလွဲချော်စေရန် အတွက် သူတို့က ဝိညာဉ်အာရုံဖြင့် နေရာတိုင်းကို ပိုက်စိပ်တိုက် ရှာဖွေ နေကြ၏။

“အဲဒီသောက်ကလေး ဘယ်ရောက်နေတာလဲ...”

ကြမ်းတမ်း ခန်ထန်သည့် အသံတစ်ခုမှာ ဒေါသတကြီးဖြင့် ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။

“သူက သစ်တောဒေသထဲမှာပဲ ရှိလိမ့်မယ်လို့ ရှင် ဟောကိန်း ထုတ်ခဲ့တာ မလား...”

နူးညံ့သည့် မိန်းကလေးသံ တစ်ခုက မေးလိုက်၏။

“ဟုတ်တယ်...”

အခြားအသံတစ်ခုက စိတ်မပါ့တပါဖြင့် ပြန်ဖြေလိုက်သည်။

“ချီးပဲ... ဒီလောကနယ်မြေမှာ သစ်တောဒေသ တစ်ရာ့နဲ့ ရှစ်ခု ရှိတယ်... ငါတို့က ဘယ်လိုလုပ်ပြီး ရှာမှာလဲ... အားလုံးကို ဖျက်ဆီးပစ်ရမှာလား...”

ပထမ အသံက ဒေါသတကြီးဖြင့်‌ အော်ဟစ်လိုက်၏။ အသံနှင့် အတူ လျှို့ဝှက် စွမ်းအင်လှိုင်းများက အာကာသနှင့် လေထုကိုပင် ရိုက်ခတ် သွားခဲ့သည်။

“ရပ်လိုက်...”

မိန်းကလေးက အော်ဟစ်လိုက်သည်။ သို့သော်လည်း... ၎င်းမှာ ကြမ်းတမ်း ခက်ထန်သော အော်ရာကို တဖြည်းဖြည်း ပြန်လည် လျော့ကျသွားစေဖို့ လုံလောက်ပေသည်။

“ငါ သိတယ်...”

ခပ်ကြမ်းကြမ်း အသံပိုင်ရှင်က ဆိုလိုက်၏။ သူတို့ သစ်တောကို ဖျက်ဆီးပစ်လိုက်လျှင်ပင် ထိုကလေး ရှိနေပါက သူတို့ သူ့ကိုပါ ဆုံးရှုံးရလိမ့်မည်။

တဖြည်းဖြည်းနှင့် သူတို့၏ အော်ရာများမှာ ပျောက်ကွယ်သွားခဲ့လေသည်။

“...”

ယီယွင်ကတော့ တိတ်ဆိတ်စွာ ရှိနေခဲ့၏။

သုံးနာရီ...

ဆယ့်ခြောက်နာရီ...

ဝှစ်... ဝှစ်... ဝှစ်...

သုံးဆယ့်တစ်နာရီ ကြာမြင့်ပြီးနောက် လျှို့ဝှက် အော်ရာ သုံးခုမှာ ထွက်ပေါ်လာကာ ပျံသန်း သွားကြ၏။

“သောက်ချိန်ကုန်တာပဲ အဖတ်တင်တယ်...”

ခပ်ကြမ်းကြမ်း အသံပိုင်ရှင်က ဆဲဆိုလိုက်သည်။

“...”

နောက်ထပ် ဆယ့်နှစ်နာရီ ကြာသည် အထိ ယီယွင်မှာ မလှုပ်ရှားခဲ့ချေ။ ထို့နောက်မှသာ သူက သစ်ပင် ပင်စည်ထဲမှ မွေးကင်းစ ကလေးငယ် တစ်ဦးလို တဖြည်းဖြည်းချင်း တူးဆွ ထွက်လာခဲ့သည်။ မေပယ် သစ်စေးများမှာ သူ့ခန္ဓာကိုယ် အနှံ့ ပေကျံနေ၏။ သို့သော်လည်း... သူ၏ ပုံစံက အဆင်ပြေနေဆဲ ဖြစ်သည်။ ယီယွင် အကြောများကို လျှော့လိုက်ရင်း လေကောင်းလေသန့်ကို အပြည့်အဝ ရှိုက်သွင်းလိုက်၏။

သူ၏ ညာလက်လက်ထဲတွင်တော့ ထူးဆန်းကာ အံ့ဩဖွယ် ကောင်းသည့် အလင်းရောင် တစ်ခု ရှိနေခဲ့၏။ ယီယွင် ထိုအရာကို သတိထားမိကာ လက်ကို ငုံ့ကြည့်လိုက်သည်။ ၎င်းမှာ သတ္တုအပိုင်းအစတစ်ခု ဖြစ်သည်။ သို့သော်လည်း သာမန် သတ္တုအပိုင်းအစ တစ်ခု မဟုတ်ချေ။

ထာဝရသရဖူ အပိုင်းအစ တစ်ခုပင်...။

....

ရေခဲတောင်တန်း ဒေသများထဲမှ တစ်ခု၌ ကြမ်းတမ်းခက်စွာ တိုက်ခတ်နေသည့် လေအေးများ၏ ဒဏ်မှ ကာကွယ်ရန် ဝတ်ရုံထူထူ ဝတ်ဆင်ထားသည့် ပုံရိပ် တစ်ခုမှာ အသက်ဝင်ခြင်း မရှိတော့သည့် ရေပူစမ်း တစ်ခု၏ နှုတ်ခမ်းပေါ်တွင် ရှိနေခဲ့သည်။ သူက ရေပူစမ်း၏ မျက်နှာပြင်အောက်သို့ လက်ကို ထွင်းသွင်းထားကာ ၎င်း၏ ဘေးမျက်နှာပြင်များကို ထိတွေ့ဖို့ ကြိုးစား နေသကဲ့သို့ ရှိသည်။

“ရှိတယ်ဟ...”

စိတ်လှုပ်ရှားနေသည့် အသံတစ်ခု ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။ သူက လက်မောင်းကို ရေပူးစမ်းထဲမှ ဆွဲထုတ်လိုက်သည်။ ထူးဆန်းကာ တောက်ပသည့် အလင်းရောင်တစ်ခု လင်းလက်လာ၏။

“ထုတ်ယူခြင်း အပိုင်းအစ...”

မှန်ပေသည်။ ၎င်းမှာ အဂ္ဂိရတ် တာအို၏ လမ်းစဉ် ခုနစ်ရပ်ထဲမှ ထုတ်ယူခြင်းကို ကိုယ်စားပြုနေသည့် အပိုင်းအစပင် ဖြစ်လေသည်။

အဝတ်ထူများ ဝတ်ဆင်ထားသည့် ပုံရိပ်၏ မျက်လုံးများက အဖိုးတန် ပတ္တမြား ရတနာ ကဲ့သို့ တဖျပ်ဖျပ် တောက်ပနေခဲ့၏။

...

ဖုန်မှုန့်များနှင့် ညစ်ပတ်ပေရေနေသည့် တစ်နေရာတွင် ပုံရိပ် တစ်ခုမှာ တည်ငြိမ်စွာ ထိုင်နေခဲ့၏။ သူက ငွေရောင် ဆံပင် ခြေဗလာနှင့် ဖြစ်ကာ ဝတ်ရုံကို လျော့ရဲရဲ ဝတ်ဆင်ထားသည်။ ဝတ်ဖုံများက မြူများ သဖွယ် ဖုံးအုပ်နေသော်လည်း သူ့လက်အတွင်းရှိ သတ္တု အပိုင်းအစမှာ အံ့ဩဖွယ် အလင်းရောင်များကို ထုတ်လွှတ် နေခဲ့လေသည်။

...

လှပကာ စွဲမက်ဖွယ်ကောင်းလှသည့် ပုံရိပ်သုံးခုမှာ တြိဂံပုံစံဖြင့် မျက်နှာချင်းဆိုင် ရပ်နေကြ၏။ သူတို့မှာ အလယ်တည့်တည့်ရှိ အရာဝတ္ထု တစ်ခုကို စိုက်ကြည့် နေခဲ့ကြခြင်း ဖြစ်သည်။ ၎င်းမှာ ပိရမစ် တစ်ခု ဖြစ်ပေသည်။

...

အလွန် အပြောကျယ်လှသော ထာဝရသရဖူ လုပွဲ နယ်မြေတစ်လျှောက်၌ မရေမတွက်နိုင်သော လူများမှာ တိုက်ခိုက်နေကြသည်။ ပြေးလွှားနေကြသည်။ ပုန်းအောင်းနေကြသည်။ ရုန်းကန်နေကြသည်။

အချို့မှာလည်း ကျင့်ကြံနေကြသည်။ ပရိယာယ်ဆင်နေကြသည်။

ထို့အတူပင် သေဆုံးနေကြသည်။

လောကနှစ်ခုမှ ထိပ်တန်း ပါရမီရှင်မှာ ထိပ်တိုက် ဆုံတွေ့ နေကြလေရာ ရှုပ်ထွေးကာ ပရမ်းပတာ ဖြစ်နေခဲ့လေသည်။ သို့သော်လည်း ဧကရာဇ် သရဖူကိုတော့ မည်သူမှ မမေ့ကြပဲ အလွန် အပြောကျယ်လှသော နယ်မြေ တစ်လျှောက် နေရာတိုင်းတွင် မျက်စိဒေါက်ထောက် ရှာဖွေနေကြသည်။

ထာဝရသရဖူ အခမ်းအနား လောကနယ်မြေကြီး၏ အကျယ်အဝန်းနှင့် အမျိုးမျိုးသော သွင်ပြင် လက္ခဏာများကို ဖော်ပြရန်မှာ ခက်ခဲလှသည်။ နေရာဒေသ တစ်ခုချင်းစီမှာ အရပ် မျက်နှာတိုင်းကို မိုင်ပေါင်း ထောင်ချီ၍ ရောက်ရှိနေကြသည်။ အလားတူ ပတ်ဝန်းကျင်မျိုးမှာ အနည်းဆုံး တစ်ရာရှစ်ကြိမ် အထိ ထပ်တလဲလဲ ပြန်၍ ဖြစ်ပေါ်နေပေသည်။ ထို့ကြောင့်ပင် နယ်မြေအားလုံး စုစုပေါင်းမှာ အဆုံး မရှိ သကဲ့သို့ မိုင်ပေါင်း သန်းနှင့်ချီကာ ကျယ်ပြန့်လွန်းလှသည်။

အကယ်၍ သေမျိုး အကန့်အသတ်ကို ကျော်လွန်သည့် ခွန်အားများ မရှိပါက၊ မိနစ်ပိုင်း အတွင်း မိုင်ပေါင်း ထောင်ချီ ခရီးသွားနိုင်စွမ်း၊ အာကာသ ဖြတ်ကျော်နိုင်စွမ်းများ မရှိပါက မည်သူမှ လောကနယ်မြေ တစ်ခုလုံးကို ဖြတ်သန်း ရှာဖွေနိုင်လိမ့်မည် မဟုတ်ပါချေ။

လျှို့ဝှက် အာဏာရှင်များ အဆင့်များနှင့် အလားတူ စွမ်းအားများကို ပိုင်ဆိုင်ထားသူများသာလျှင် ခြိမ်းခြောက်မှုများ ပြည့်နှက်နေသည့် နေရာတွင် လမ်းကြောင်းများကို ရှာဖွေ နိုင်ကြသည်။ ထို့အပြင်... ပြိုင်ပွဲဝင်များ ကိုယ်တိုင်မှာ ခြိမ်းခြောက်မှုများကို ထုတ်လွှတ်နေကြကာ သူတို့ ကိုယ်တိုင် အတွက်ပင် အသက် ဆုံးရှုံးနိုင်သည့် စိန်ခေါ်မှုများကို ဖန်တီးနေကြသည်။

...

ဟူး...

ကောင်းကင်မှာ မုန်တိုင်းထန်နေ၏။ မိုးများက မရပ်မနား ဆက်တိုက် ဆိုသလိုပင် ရွာသွန်းနေသည်။ လှိုင်းလုံးကြီးများ ပြည့်နှက်နေသည့် ပင်လယ်ပြင်ထက်တွင် သင်္ဘောလေး တစ်စင်းမှာ တရိပ်ရိပ်ပင် ရွေ့လျား နေခဲ့သည်။ ထိုသင်္ဘောပေါ်တွင်တော့ ယောက်ျား နှစ်ဦး၊ မိန်းမ နှစ်ဦး စုစုပေါင်း ရွေးချယ်ခံ လေးဦး ရှိနေခဲ့၏။ သူတို့ အားလုံးမှာ လျှို့ဝှက် အာဏာရှင် အဆင့်များ ဖြစ်ကြကာ တည်ငြိမ်သည့် အော်ရာများကို ပိုင်ဆိုင်ထားကြသည်။

ထိုကျင့်ကြံသူ လေးဦးစလုံးမှာ အလွှာ အပြင်က လောကသားများ ဖြစ်ကြကာ အသက်အရွယ်အားဖြင့် နှစ်ပေါင်း လေးရာကျော်လောက် ရှိပေသည်။ ထို့အပြင်... သူတို့ တစ်ဦးချင်းစီမှာ အဆင့်ရှစ်နှင့် အဆင့်ကိုး လျှို့ဝှက် လမ်းစဉ် အဆင့်များကို ပိုင်ဆိုင်ထားကြောင်း ညွှန်းဆိုသည့် အရှိန်အဝါများကို လှစ်ခနဲ ထုတ်လွှတ်နေကြသည်။

ဆားငံရည်ငွေ့တို့ ပါဝင်နေသည့် မိုးစက်များနှင့် ပြင်းထန်သော လေမုန်တိုင်းများမှာ သူတို့၏ လျှို့ဝှက် အကာအကွယ်များကို တိုးဝှေ့ ရိုက်ခတ် နေခဲ့၏။

“ဒီနေရာမှာ ပုံးတစ်ခု ရှိနေတယ် ဆိုတာ သေချာရဲ့လား... ပြိုင်ပွဲက ဆယ်ရက်လောက်တောင် ကြာနေပြီ... သရဖူ အပိုင်းအစ တစ်ခုတောင် ပေါ်မလာသေးဘူး... နောက်ပြီး ဘယ်က ရောက်လာမှန်း မသိတဲ့ သေမျိုးတွေကလည်း နေရာတိုင်းမှာ လျှောက်သွားနေကြတယ်... ငါ သက်သက်မဲ့ အချိန်ကုန် မခံနိုင်ဘူး”

မိန်းကလေး ရွေးချယ်ခံ တစ်ဦးမှာ စိတ်ညည်ညူး ဟန်ဖြင့် ပြောလိုက်သည်။ သူမ လျှို့ဝှက် အကာအကွယ်ကို ခပ်ထူထူပင် ဖြန့်ကျက်ကာ ခန္ဓာကိုယ်ကို ရေတစ်စက်မှ မစိုအောင် ကာကွယ်ထားသည်။ သူမက ခန္ဓာကိုယ်ကို မိုးစက်များနှင့် ဖြစ်စေ၊ အဖော် အမျိုးသား နှစ်ယောက်၏ မျက်လုံးများနှင့် ထိတွေ့ရမှာ မလိုလားပုံ ရလေသည်။

“ရှိတာတော့ သေချာတယ်...”

ဒုတိယမြောက် မိန်းကလေးက အခိုင်အမာပင် ခေါင်းညိတ်လိုက်၏။ သူမ၏ မျက်လုံးများက အလွန်အမင်း အေးစက်နေကာ မည်သည့် ခံစားချက် အငွေ့အသက်ကိုမှ ထုတ်ဖော်ထားခြင်း မရှိချေ။ သို့သော်လည်း သူမ ပိုင်ဆိုင်ထားသည့် အလှတရားကတော့ မြင်သူတိုင်း၏ နှလုံးသားကို ဆွဲဆောင်နိုင်စွမ်း ရှိသည်။ မိန်းကလေး ဝတ်ဆင်ထားသည့် အဝတ်အစားများမှာ ခန္ဓာကိုယ်၏ အစိတ်အပိုင်း အတော်များများ အထိကိုပင် ထုတ်ဖော် ပြသထားည်။ အထူးသဖြင့် ယန်စွမ်းအင် သီးသန့်ဖြင့် ဖွဲ့စည်းထားကာ မြင်သူတိုင်း၏ မျက်လုံးများကို အစာကြွေးနေသည့် ထွားကြိုင်းသည့် ရင်သား တစ်စုံပင်။

“အဲဒီပုံးကို ဖွင့်ဖို့ အတွက် အနည်းဆုံး လမ်းစဉ် ရှစ်ခုကို ပိုင်ဆိုင်ထားတဲ့ ယောက်ျား နှစ်ယောက်၊ မိန်းမ နှစ်ယောက်ကို လိုအပ်တယ်လို့ ခင်ဗျား ပြောခဲ့တယ်နော်... ကျုပ် အဲဒီလို ပုံးတစ်ခု အကြောင်းကို တစ်ခါတုန်းက ကြားခဲ့ဖူးတယ်”

ခေါင်းပေါ်တွင် ပိုးသားကဲ့သို့ ကျန်းမာ သန်စွမ်းသည့် အစိမ်းရောင် ဆံပင်များ ပြည့်နှက်နေသော အရပ်ရှည်ရှည် ပိန်သွယ်သွယ် လူငယ်က စဉ်းစားရင်း ပြောလိုက်သည်။ သူ ထိုကဲ့သို့ ပြောလိုက်စဉ်မှာပင် အခြားတစ်ဖက်မှ ဝတ်ရုံဖြူ ဝတ်ဆင်ထားသော လူငယ်မှာ ယောက်ျား အချင်းချင်း မည်ကဲ့သို့ တွေးနေသည်ကို နားလည်သည့် အလား လျှို့ဝှက်စွာ ပြုံးလိုက်သည်။

ပုံးများမှာ ထူးဆန်းသော အခြေအနေများကို မကြာခဏ ဆိုသလို တောင်းဆိုလေ့ ရှိသည်။ ထိုအထဲ၌ ယင်ယန် နှစ်ကိုယ်တူ ကျင့်ကြံခြင်း အခြေအနေများပင် ပါဝင်လေ့ ရှိသည်။ တစ်ချိန်တုန်းက ပုံးတစ်ခုမှာ ယောက်ျား လေးဦး၊ မိန်းမ လေးဦး အဖွဲ့လိုက် ထူးဆန်းသော နည်းလမ်းများနှင့် လိင်ဆက်ဆံခြင်းဖြင့် အကြွင်းမဲ့ ယင်ယန် စက်လုံးတစ်ခု ဖန်တီးရန် တောင်းဆိုခဲ့ဖူးသည် ဆိုသည့် ကောလဟလများ ရှိခဲ့ပေသည်။ ထိုပုံးထဲတွင် အလွန် ထူးချွန်သည့် အဂ္ဂိရတ် ပညာရှင် တစ်ဦး ရှိနေခဲ့သည်ဟု ဆိုသည်။ ကံဆိုးစွာပင် ထာဝရ သရဖူ၏ အစိတ်အပိုင်းများကို တွေ့ရှိခဲ့ပြီးနောက်တွင် ထိုအဖွဲ့မှာ ပြိုကွဲသွားခဲ့ရသည်။

ခန္ဓာကိုယ်ကို ရေစက်များ မထိအောင် ကာကွယ်ထားသည့် မိန်းကလေးမှာ စိတ်ထဲမှ နှာခေါင်းရှုံ့ လိုက်မိ၏။ သူမက ထိုယောက်ျား နှစ်ဦးထဲမှ မည်သူနှင့်မှ အိပ်လိမ့်မည် မဟုတ်သလို၊ ဝတ်ဆင်ထားသည့် အဝတ်အစားများနှင့် မလိုက်မဖက် အေးစက် တည်ငြိမ်နေသည့် မိန်းကလေးမှာလည်း ထိုကဲ့သို့သော အချင်းအရာကို ခွင့်ပြုလိမ့်မည် မဟုတ်ကြောင်း သိရှိထားပေသည်။ သို့စေကာမူ... သူမ အချိန်ပြည့်ပင် သတိထား နေခဲ့၏။

***

All Chapters