← Chapters

စီးဆင်းမှု အရှိန် မြှင့်တင်ခြင်း

Vol. 115 Ch. 1600

စီးဆင်းမှု အရှိန် မြှင့်တင်ခြင်း

Vol. 115 Ch. 1600

၇၆ ယောက်မြောက် မင်းသားမှာ လက်မောင်း တစ်ဖက် ပျက်စီးသွားခဲ့သည့်တိုင် သူ၏ မျက်နှာအမူအရာကတော့ နာကျင်မှု အရိပ်အယောင် အနည်းငယ်မျှပင် မရှိဘဲ ဆက်လက် တည်ငြိမ် နေခဲ့၏။ သူ၏ ရွှေရောင်ဖျော့ဖျော့ မျက်ဝန်းများက အံ့မခန်း အုပ်စိုးသူ တစ်ဦး၏ အရှိန်အဝါကို ဆက်လက် ထုတ်ဖော်ထားဆဲ ဖြစ်သည်။ သို့သော်လည်း... ထိုမျက်ဝန်းများ၏ အနက်ရှိုင်းဆုံး တစ်နေရာတွင် ပြင်းထန်သည့် တိုက်ခိုက်လိုစိတ် အချို့မှာ သိသာ ထင်ရှားစွာပင် ကိန်းအောင်း နေခဲ့၏။

ဝှစ်... ဝှစ်...

ရွှေရောင် အလင်းတန်း တစ်ချို့မှာ သူ၏ ပျက်စီးသွားသည့် လက်အောင်းထက်၌ ရစ်သိုင်း စွားခဲ့သည်။ ထို့နောက် မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် အချိန် နောက်ပြန် စီးဆင်းသွားသည့် အလား လက်မောင်းမှာ အကောင်း ပကတိ အခြေအနေသို့ ပြန်လည်၍ ရောက်ရှိသွားခဲ့၏။ အပိုင်းပိုင်း အစစ ဖြစ်နေသည့် ရွှေရောင် အင်္ကျီစများ ပင်လျှင် မူလ အတိုင်း ပြန်လည် ပေါ်လာခဲ့၏။

အချိန် နောက်ပြန်လှည့်ခြင်း...

လျှို့ဝှက် အာဏာရှင် တစ်ဦး ပိုင်ဆိုင်နိုင်သည့် စွမ်းအားများက ထူးခြားသည်။ မြေကြီးရှန့်ထိုအဆင့်သို့ ရောက်ရှိသွားကြသည့် အခါ သူတို့မှာ နိုးထခြင်း အဆင့် လျှို့ဝှက် ရည်ရွယ်ချက်ကိုပါ နားလည် လာကြလေရာ ထိုစွမ်းအား၏ ထိရောက်မှုနှင့် အကန့်အသတ်များကလည်း တိုးလာခဲ့သည်။ ခြွင်းချက်အနည်းငယ်မှ အပ... သူတို့မှာ အဆင့်နိမ့် ကျင့်ကြံသူများထံတွင် မရှုံးနိမ့်နိုင်သည့် ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ခံရသည်။

ပေ့ယင်ယင်၏ လှပသော မျက်လုံးဝိုင်းလေးများမှာ အာကာသ၊ အချိန် စွမ်းအင်များဖြင့် တောက်ပ နေခဲ့၏။ တရှန်းမှာ နားမကြားသည့် အစ်မကြီးကို ပြင်းထန်စွာ ထိုးနှက်နေကြောင်း သူမ မြင်တွေ့ နေရသည်။ ပေ့ယင်ယင် သေးငယ်သည့် လက်ကလေးများကို သုံးကာ လက်ခုပ်လက်ဝါးတီး၍ အားပေး နေခဲ့၏။ သို့သော်လည်း... သူမမှာ သီးခြား အလွှာ တစ်ခုတွင် ရှိနေလေရာ မည်သည့် အသံမှ ထွက်ပေါ် မလာခဲ့ပါချေ။ သူမအား သတိထား ကြည့်နေသူ မဟုတ်ပါက မည်သူမှလည်း ထိုအချင်းအရာကို သတိထားမိလိမ့်မည် မဟုတ်ပါချေ။

ထိုအခိုက်၌ များစွာသော ရွေးချယ်ခံများမှာ သတိလစ် မေ့မြော နေကြကာ အသိစိတ် ရှိနေသူများမှာလည်း ၇၆ ယောက်မြောက် မင်းသားနှင့် တရှန်းတို့ အပေါ်တွင်သာ အပြည့်အဝ အာရုံစိုက် နေကြသည်။

တရှန်း၏ လက်သီးချက်များ နောက်ပိုင်းတွင် ကောင်းကင် မျိုးနွယ်ဝင် မိန်းကလေး သုံးဦးတော့ အချုပ်အနှောင်မှ လွတ်မြောက် သွားကြပြီ ဖြစ်သည်။ သူတို့မှာ ယခင်ကလို တစ်ကွဲတစ်ပြား ထွက်ပြေးဖို့ မလုပ်ကြတော့ပဲ တစ်စုတစ်စည်းတည်း ဆုတ်ခွာလိုက်ကြ၏။ သူတို့၏ မျက်လုံးများကတော့ တိုက်ပွဲ အပေါ်တွင် ဆက်လက် တည်ရှိနေဆဲ ဖြစ်ပေသည်။

“အဲ့ဒီ နတ်ဆိုးမျိုးဆက်က သေမျိုး အဆင့်မှာ ရှိနေသေးတာ မဟုတ်ဘူးလား... သူက ဘယ်လိုလုပ်ပြီး…”

အဝါရောင် မျက်ဝန်းများ ပိုင်ရှင် မိန်းကလေးက စိတ်များ ရှုပ်ထွေးကာ လုံးဝ စဉ်းစားလို့ မရနိုင်ဟန်ဖြင့် မေးလိုက်၏။

၇၆ ယောက်မြောက် မင်းသား၏ လက်တွင် အဖမ်းခံ နေရစဉ် အခါက ဤရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ သူမ ဘဝ တစ်သက်တာလုံး ထိန်းသိမ်းထားခဲ့သည့် အပျိုစင် ဘဝကို အဆုံးသတ်ရမည့် နေရာ ဖြစ်လာလိမ့်မည်ဟု တွေးတောကာ အလွန် ကြောက်လန့်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုအခါတွင်တော့ ထိုခံစားချက်များ အားလုံးက ကန္တာရထဲရှိ သဲများ ကဲ့သို့ပင် လွင့်ပျံ သွားခဲ့ပြီ ဖြစ်သည်။ လက်ရှိ မိန်းကလေး၏ အာရုံ စူးစိုက်မှု တစ်ခုလုံးက အရှေ့ရှိ တိုက်ပွဲထံတွင် ကျရောက်နေပေသည်။

တရှန်းက သူမ၏ လက်သီး သက်သက်ကို အသုံးပြုပြီး ၇၆ ယောက်မြောက် မင်းသား၏ လက်မောင်းအား အကြီးအကျယ် ထိခိုက်စေလိုက်နိုင်သည်ကို မြင်လိုက်ရခြင်းက သူမ အတွက်တော့ ဖော်ပြမရနိုင်လောက်အောင်ပင် နားမလည်နိုင်ဖွယ်ရာ ဖြစ်သည်။ ဘဝ တစ်လျှောက်လုံး၌ နှစ်ပေါင်း ရာချီ ကျင့်ကြံခဲ့ပြီး ဖြစ်သော်လည်း ထိုဖြစ်စဉ် အပေါ် ယုတ္တိဗေဒဆန်သည့် ဖြေရှင်းချက် တစ်ခု သူမ ရှာမတွေ့ပါချေ။

သေမျိုး တစ်ယောက်မှာ လျှို့ဝှက် အာဏာရှင်များနှင့် တိုက်ခိုက်ခဲ့ပြီး အနိုင်ရခဲ့သည့် ထိပ်သီး ပါရမီရှင်များ၏ ဒဏ္ဍာရီများ ရှိနေပေသည်။ သို့သော်လည်း ၎င်းအား ယုတ္တိရှိရှိ လက်ခံနိုင်သည့် အကြောင်းအချက် များစွာ ရှိပေသည်။ ထိုအထဲ၌... ပြိုင်ဘက်၏ ကျင့်ကြံခြင်းအဆင့် အခြေခံ အားနည်းမှုကလည်း တစ်ကြောင်းတစ်ချက် ဖြစ်ပေသည်။

သို့သော်လည်း... ၇၆ ယောက်မြောက် မင်းသားမှာ မည်သည့် ကျင့်ကြံခြင်း အခြေခံ အဆင့်တွင်မှ အားနည်းခြင်း မရှိသလို ရိုးရှင်းသည့် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ဦးလည်း မဟုတ်ပါချေ။ သူက အစစ်အမှန် မြေကြီးရှန့်ထို တစ်ယောက် ဖြစ်ပေသည်။

“ဖန်ဟုန်ဟုန်... နတ်ဆိုးမျိုးဆက်ရဲ့ လက်နက်တွေကို ကြည့်ကြည့်...”

ဖန်လန်လန် တစ်ဖြစ်လည်း အပြာရောင် မျက်လုံး၊ ဆံနွယ်များနှင့် မိန်းကလေးက ထောက်ပြလိုက်သည်။ သူမ၏ မျက်ဝန်းများက ဝိညာဉ် အလင်းရောင်များနှင့် တဖျပ်ဖျပ် တောက်ပနေသည်။

ကုန်းပျံ့ချီ အိမ်တော်မှ မိန်းကလေး သုံးယောက်နှင့် မလှမ်းမကမ်း တစ်နေရာတွင် လူသားမျိုးနွယ် အာဏာရှင် အဖွဲ့ဝင် တစ်ဦးမှာ ပေါက်ကွဲမှုဒဏ်ကို ကြံ့ကြံ့ခံကာ ရပ်တည် နေခဲ့သည်။ မိန်းကလေးများထံမှ “နတ်ဆိုးမျိုးဆက်” ဆိုသည့် အသုံးအနှုန်းအား ပေါ့ပေါ့ပါးပါး သုံးနှုန်း နေသည်ကို ကြားလိုက်ရပြီးနောက် သူ၏ မျက်နှာအမူအရာက အလွန်အမင်း မှောင်မိုက်သွားခဲ့သည်။ သူ ထိုမိန်းကလေး သုံးဦးကို တိုက်ခိုက်ရန်ပင် စဉ်းစားလိုက်၏။ တရှန်းမှာ အာဏာရှင် အင်ပါယာ၏ တရားဝင် ချစ်သူ တစ်ယောက် ဖြစ်သည်။ သူမအား အထင်အမြင်သေးခြင်က သူတို့အား စော်ကားခြင်းနှင့် အတူတူပင် ဖြစ်သည်။

သို့သော်လည်း... မိန်းကလေးများ၏ သဘောထားက စော်ကားဖို့ ဦးတည် နေခြင်း မဟုတ်ကြောင်း ခံစားမိလေရာ သူ ချီတုံချတုံဖြစ်သွားခဲ့သည်။ နောက်ဆုံး၌ သူက အနည်းငယ် ထပ်မံ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အခြားတစ်ဖက်၌ ဖန်ဟုန်ဟုန်၏ အနီရင့်ရောင် မျက်ဝန်းများမှာ တရှန်း ဝတ်ဆင်ထားသည့် ခြေကာ၊ လက်ကာများနှင့် စစ်သုံးတူကြီးကို ကြည့််ရင်း တဖျပ်ဖျပ် တောက်ပလခဲ့သည်။

“အားလုံးက လျှို့ဝှက် အဆင့် ရတနာတွေချည်းပဲ...”

သူမက အာမေဋိတ်သံဖြင့် ရေရွတ်လိုက်သည်။ ထို့အပြင် ၎င်းတို့မှာ သာမန် လျှို့ဝှက် အဆင့် လက်နက်များ မဟုတ်ကြကြောင်း ရှင်းလင်းစွာ မြင်နိုင်ပေသည်။

ကုန်းပျံ့ချီ အိမ်တော်မှ မိန်းကလေး သုံးယောက်တည်းသာ တရှန်း၏ လက်နက်များကို သတိထားမိကြခြင်း မဟုတ်ချေ။ ၇၆ ယောက်မြောက် မင်းသားသည်လည်း အလားတူပင် သတိထားမိကာ သူ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရသည့် အကြောင်းရင်းကို သဘောပေါက် သွားခဲ့သည်။ အလွှာအပြင်က လောကတွင် လျှို့ဝှက် လက်နက်များမှာ အလွန် ရှားပါးခြင်း မရှိပါချေ။ သူ့ထံတွင်ပင် အလွန် ပေါများစွာ ရှိသည်။

သို့သော်လည်း... စူးရှသည့် အာရုံခံစားမှုများမှ တစ်ဆင့် ထိုလက်နက်ထံမှ ထွက်ပေါ်နေသော သွေးရနံ့များကို သူ သတိထားမိသည်။ ၎င်းတို့ကို အလွန်တရာ အစွမ်းထက်ကာ ကြောက်မက်ဖွယ် ကောင်းလှသည့် သတ္တဝါကြီး တစ်ချို့၏ သွေးများဖြင့် ပုံဖော် သန့်စင်ထားခြင်း ဖြစ်သည်။

စစ်သုံးတူကြီးအား အကဲခတ် နေစဉ်မှာပင် ၎င်း၏ ရိုးတံ တစ်ခုလုံး၌ အကြေးခွံများ ရှိနေသည်ကို သိထားလိုက်မိ၏။ ၎င်းတို့က မြွေအကြေးခွံများလော။ သို့တည်းမဟုတ်... မည်သည့် သတ္တဝါ၏ အကြေးခွံများနည်း။

ဝှစ်...

ရုတ်တရက် လေထုမှာ ဆိတ်ငြိမ်သွား၏။ အာကာသက ပေါက်ကွဲလာသည်။ မာနာတို့ကမူ စိတ်လှုပ်ရှားစွာ အော်ဟစ်လာကြ၏။

တရှန်း၏ လှုပ်ရှားမှုများက အလွန်ပင် လွှမ်းမိုးနိုင်စွမ်း မြင့်မားလှသည်။ လောကတစ်ခုလုံးအား တုန်ရီစေသည့် ခြေတစ်လှမ်းတည်းဖြင့်ပင် သူမ၏ ရှစ်ပေ ရှည်လျားသော ပုံရိပ်ကြီးမှာ မျက်တောင် တစ်ခပ်စာ အတွင် ၇၆ ယောက်မြောက် မင်းသား၏ ရှေ့သို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက်တွင်တော့ သူမမှာ ခေါင်အစ ခြေအဆုံး ပြားပြားဝပ် သွားစေရန် ရည်ရွယ်၍ စစ်သုံးတူကြီးဖြင့် အကြမ်းပတမ်း ရိုက်ချလိုက်တော့သည်။ သူမက ၇၆ ယောက်မြောက် မင်းသား၏ မြေကြီးရှန့်ထို အဆင့် ကျင့်ကြံခြင်း အခြေခံကိုပင် ထည့်သွင်း စဉ်းစားခြင်း မပြုပါချေ။

တရှန်း၏ အကြောက်အလန့် ကင်းမဲ့လှသည့် တိုက်ခိုက်မှုကို ကြည့်ရင်း အားလုံး၏ စိတ်၊ နှလုံးသားနှင့် ဝိညာဉ်များမှာ တုန်ရီသွားကြလေသည်။

ဝှစ်...

၇၆ ယောက်မြောက် မင်းသားက အနည်းငယ်မျှ လှုပ်ရှားလိုက်၏။ သို့သော် တစ်မီလီမီတာမျှလောက်သော ရွေ့လျားမှုတိုင်းမှာ မိုင်ပေါင်းများစွာသော အရှိန်အဟုန်ကို စုစည်းထားသည့် အလား ပြင်းထန်လှကာ လက်ဖဝါးကို မြှောက်၍ စစ်သုံးတူကို တားဆီးလိုက်တော့သည်။

အကယ်၍ သေချာ သတိထားကြည့်မည် ဆိုပါက ပင်ပင်ပန်းပန်း အလုပ် မလုပ်ဖူးသည့် အလား သူ၏ သွယ်လျသော လက်ချောင်းများတွင် တောက်ပသည့် ရွှေရောင် အလင်းများ လွှမ်းခြုံနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်လေသည်။

ဘုန်း...

ကမ္ဘာလောကမှာ တဟုန်းဟုန်း တုန်ရီ လာခဲ့၏။ သဲ၊ လေနှင့် မန်နာ မုန်တိုင်းများက မိုင်ထောင်ပေါင်းမျာစွာ တိုင်အောင် တိုက်ခတ် သွားကြသည်။ ပြိုင်ဘက်တစ်ဦးမှာ တိုက်ကွက်တစ်ခုတည်းကိုသာ ဖလှယ်လိုက်ကြခြင်း ဖြစ်သော်လည်း လူတိုင်း၏ အာရုံများကို ထုံကျင်သွားစေနိုင်သည့် စွမ်းအားများကို ထုတ်ဖော် ပြသနေကြလေသည်။

၇၆ ယောက်မြောက် မင်းသားမှာ မူလ နေရာမှ မရွေ့မလျားပါချေ။ ဤတစ်ကြိမ်၌ သူက တရှန်း၏ အံ့အားသင့်ဖွယ် စွမ်းအားနှင့် လျှို့ဝှက် လက်နက်တို့ကြောင့်ပင် အပြည့်အဝ ပြင်ဆင်ကာ ခုခံခဲ့ခြင်း ဖြစ်သည်။ သူက ခြေတစ်လှမ်းမျှ နောက်မဆုတ်ခဲ့သလို အင်္ကျီလက်များပင် လေပြင်းများကြောင့် လှုပ်ရှားသွားခဲ့ခြင်းမျိုး မရှိခဲ့ပါချေ။

မင်းသား၏ အဆုံးစွန်သော တည်ငြိမ်မှုက တရှန်းအား နောက်ဆုတ်သွားစေဖို့ အတွက်တော့ မလုံလောက်ခဲ့ပါချေ။ ထို့အစား... သူမ၏ ရွှေရောင် မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုနှင့် တိုက်ခိုက်လိုသည့် အလင်းတန်းများသာ စီးဆင်း လာခဲ့၏။

သူမက လက်နှစ်ဖက်ဖြင့် စစ်သုံးတူကြီး၏ အရိုးကို ဆုပ်ကိုင်လိုက်ရာ အလွန်တရာ ကြီးမားလှသည့် ခရမ်းရောင် တောင်ကြီးက ကောင်းကင်တွင် နောက်တစ်ကြိမ် ပေါ်လာခဲ့ပြန်သည်။ လေထုတစ်ခုလုံးမှာ ချက်ချင်းပင် မွမ်းကြပ် လာခဲ့၏။ မြေပြင်ဖိအားသည် ဆယ်မိုင်အကွာအဝေးအထိ ကျဆင်းလာကာ ကန္တာရ အတွင်းရှိ သဲများကို ယခင်ကထက် ပိုမို သေးငယ်သည့် အစေ့ငယ်များအဖြစ် ဖိချေလိုက်လေသည်။

“ယား...”

တရှန်းက အော်ဟစ် မာန်သွင်းလိုက်ရာ လက်မောင်းများမှာ ကြွက်သားများဖြင့် ဖုထစ်လာခဲ့သည်။ ထို့နောက်... သူမ၏ တူမှာ မြောက်တက် သွားခဲ့၏။

တစ်ချိန်လုံး မလှုပ်မရှား ရှိခဲ့သည့် ၇၆ ယောက်မြောက် မင်းသား၏ ခန္ဓာကိုယ်မှာ နောက်သို့ တစ်စင်တီမီတာခန့် ဆုတ်ခွာ သွားခဲ့၏။ ထိုအချင်းအရာနှင့် အတူ လျှို့ဝှက် စွမ်းအင်များကို သုံး၍ သူ ခိုင်မာအောင် ဖန်တီးထားသည့် ပတ်ဝန်းကျင်ရှိ မန်နာများမှာ ကွဲလုနီးနီး ဖန်သားပြင်လိုမျိုး အသံများ ထွက်ပေါ်လာခဲ့သည်။

“…”

၇၆ ယောက်မြောက် မင်းသားက မျက်မှောင်ကြုတ်လိုက်၏။ ဤမျက်မှောင်ကြုတ်မှုက ကောင်းကင်နှင့် မြေကြီးကို ပြောင်းလဲသွားစေကာ အမတေ၊ မန်နာ၊ စွမ်းအင်နှင့် လေထုတို့ကို ရှုပ်ထွေးသွားစေခဲ့သည်။ သူက လက်မောင်းကို အနည်းငယ် မြှင့်လိုက်၏။

တရှန်းမှာ သူမ၏ စစ်သုံးတူကြီး နောက်ပြန် အတွန်းခံလိုက်ရသလို ခံစားလိုက်ရ၏။ ၎င်းက လှိုင်းများ အဖြစ် ရိုက်ခတ်လာကာ သူမ၏ ခန္ဓာကိုယ်ကို တွန်းပို့လိုက်သည်။

ထို့နောက်... ၇၆ ယောက်မြောက် မင်းသားက စတင်ကာ လှုပ်ရှားလိုက်၏။ ချက်ချင်းပင် လောကကြီး တစ်ခုလုံး အလွန် နှေးကွေး သွားကာ လေထု ကိုယ်တိုင်သည်ပင် ရပ်တန့် သွားခဲ့ရလေ၏။

စီးဆင်းမှု အရှိန်မြှင့်ခြင်း...

***

All Chapters