← Chapters

လက်သီး သုံးချက်

Vol. 115 Ch. 1598

လက်သီး သုံးချက်

Vol. 115 Ch. 1598

“...”

“ဒီမိန်းကလေးက...”

အဝါရင့်ရောင် မျက်လုံးပိုင်ရှင် မိန်းကလေးမှာ ဖွဖွလေး ရေရွတ်လိုက်မိ၏။ မိန်းမငယ်လေးမှာ အလွန် ချစ်စရာကောင်းသည်။ ငြင်းမရအောင်ပင် ချစ်စရာ ကောင်းသည်။ သို့သော်လည်း ထင်ထားသလောက် အလွန်တရာ အပြစ်ကင်းစင်မှု မရှိသည်မှာ သေချာလှသည်။

တရှန်းမှာ ပေ့ယင်ယင်၏ သေးငယ်သည့် လက်ကလေးထံမှ စိတ်လှုပ်ရှားမှုလှိုင်းများကို ခံစားလိုက်ရသည်။ သူမက တိတ်တဆိတ်ပင် ရွှေရောင် မျက်ဝန်းများကို ဝှေ့ယမ်းလိုက်ရင်း ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။ မည်သည့် အစီအရင် ဝင်္ကပါမှ ရှိမနေကြောင်း သေချာသွားသော အခါတွင်မှ သူမ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ထို့နောက် ပိုမို အေးစက်သည့် မျက်ဝန်းများနှင့် ၇၆ ယောက်မြောက် မင်းသားကို ကြည့်လိုက်၏။

“ပေ့ယင်ယင်... ဆံညှပ်ကို အသက်သွင်းလိုက်”

တရှန်းက ပေ့ယင်ယင်ကို ညွှန်ကြားလိုက်၏။

“ဟုတ်...”

ကလေးမလေး၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် တောက်ပလာခဲ့၏။ သူမ၏ လက်ချောင်းလေးများက အလွန် လျှင်မြန်စွာ လှုပ်ရှားလာကာ ဦးခေါင်းကို ထိဖို့ ကြိုးပမ်းလိုက်သည်။

၇၆ ယောက်မြောက် မင်းသားက ပေ့ယင်ယင်၏ ဦးခေါင်းထံ ကြည့်လိုက်ရာ သူမ၏ ဆံပင်များထက်တွင် လှပစွာ ဆင်ယင်ထားသည့် ငွေရောင် ဆံညှပ် တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ သာမန် အဆင်တန်ဆာ တစ်ခုဟု ထင်ရသော်လည်း မိန်းမငယ်လေး၏ လက်ချောင်းများနှင့် ထိတွေ့လိုက်သည်နှင့် လျှို့ဝှက် သင်္ကေတများ စတင်ကာ ထင်ရှားလာခဲ့လေသည်။

ကောင်းကင် မျိုးနွယ်ဝင် မိန်းကလေး သုံးဦးတို့၏ နှလုံးသားများမှာ မိုးခြိမ်းသကဲ့သို့ ခုန်လာခဲ့ကြ၏။ ကောင်းကင်နှင့် မြေကြီးတို့တွင် ထူးခြားသည့် ဖြစ်စဉ် တစ်ခု ဖြစ်ပေါ် မလာခဲ့သော်လည်း ပေ့ယင်၏ ခန္ဓာကိုယ်လေးကတော့ မဆိုသလောက် ပြောင်းလဲသွားပုံ ပေါ်သည်။ သို့သော်လည်း ၎င်းမှာ ခဏတာမျှသာ ဖြစ်ကာ ထင်ရှား ပြတ်သားခြင်း မရှိသည့် ဖြစ်စဉ် တစ်ခုမျှသာ ဖြစ်သည်။ သို့သော်လည်း... မိန်းကလေး သုံးဦးတို့၏ တုန့်ပြန်ပုံများက အလွန်တရာပင် ခြားနားကာ အသက်ရှူ ရပ်မတတ်ပင် ဖြစ်နေကြပြီ ဖြစ်သည်။

“ဟင်းလင်းပြင် ရတနာ...”

၇၆ ယောက်မြောက် မင်းသားက မျက်မှောင်ကြုတ် လိုက်၏။ အာကာသ ဥပဒေသနှင့် အချိန် ဥပဒေသတို့၏ အငွေ့အသက်များက လေထုအတွင်း စိမ့်ဝင် ပျံ့နှံ့နေသည်ကို ခံစားမိလေရာ သူ၏ နှလုံးသားက ကျယ်လောင်စွာ ဟိန်းဟောက် နေခဲ့သည်။

သူ သူမကို မြင်နေရသည်။ သို့သော်လည်း လုံးဝ ခံစားလို့ မရတော့ချေ။ မိန်းမငယ်လေး၏ တည်ရှိမှုတစ်ခုလုံးမှာ သူ၏ ဝိညာဉ် အာရုံခံနိုင်စွမ်း အတွင်းမှ ပျောက်ကွယ်နေသည်။ မိန်းမငယ်လေးမှာ လက်ရှိ ရပ်တည်နေသည့် နေရာနှင့် လုံးဝ ခြားနားသည့် ဒိုင်မန်းရှင်း တစ်ခု အတွင်း ရွေ့လျား သွားသလိုပင် ဖြစ်သည်။

ပေ့ယင်ယင်က ဝေ့ဝူယင် လက်ဆောင် ပေးထားသည့် ရတနာအား အသက်သွင်းလိုက်သည်ကို မြင်တွေ့ပြီးနောက် တရှန်း တစ်ယောက် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။ ပေ့ယင်ယင်မှာ အာရုဏ်ဦး အာဏာရှင် အင်ပါယာထံမှ ရရှိထားသည့် ထို ‘လက်ဆောင်’ ကို သုံးရက်နှစ်ည ဆက်တိုက် အိပ်ပင် မအိပ်ပဲ တစ်ချိန်လုံး ပြောဆို ပြသခဲ့သည်။ သူမက ကောင်းကင်၊ မြေကြီး၊ အပင်များနှင့် ငှက်များကိုပင် ကြွားလုံးထုတ်ခဲ့ကာ မရေမတွက်နိုင်သော နှလုံးသားများ အတွက် အပြုံးများနှင့် ရယ်မောသံများကို ချန်ထားခဲ့ပေသည်။

အလွှာအပြင်က လောကမှ လူများ၏ မျက်လုံးများမှာ လောဘများနှင့် ပြည့်နှက် လာခဲ့၏။ ဟင်းလင်းပြင် ရတနာ တစ်ခု၏ တန်ဖိုးမှာ အဖိုးမဖြတ်နိုင်အောင် တန်သည်။ ထို့အပြင်... ၎င်းမှာ သာမန်ရိုးရိုး ဟင်းလင်းပြင် ရတနာ တစ်ခု မဟုတ်ချေ။ အာကာသနှင့် အချိန် ဥပဒေသများပါ ရောယှက်နေသည့် ရတနာ တစ်ခု ဖြစ်သည်။

ထိုမိန်းမငယ်လေးက မည်သူနည်း။

“...”

သဲကန္တာရထဲ၌ ၇၆ ယောက်မြောက် မင်းသားနှင့် ကောင်းကင် မျိုးနွယ်ဝင် သုံးဦးတို့မှာ ထိုအခြေအနေကို လေ့လာနေကြသည့် တစ်ဦးတည်းသောသူများ မဟုတ်ကြချေ။ ဆလင်ဒါကို ဖွင့်စဉ်က ထွက်ပေါ်လာခဲ့သည့် အလွန်တရာ ကျယ်လောင်လှသော အသံနှင့် တုန်ခါမှုများမှာ များစွာသော လူများ၏ အာရုံများကို အဆုံးစွန်ထိ ဆွဲဆောင်ခဲ့ကာ တမုဟုတ်ချင်းပင် လျှင်မြန်စွာ ပျံသန်း ချဉ်းကပ် လာစေခဲ့သည်။ သို့သော်လည်း သူတို့မှာ ၇၆ ယောက်မြောက် မင်းသားကို သတိပြုမိကြသည့် အခါ ထိတ်လန့် တုန်လှုပ်စွာဖြင့် ကိုယ့်ကိုယ်ကို ဖုံးကွယ်၍ ပုန်းအောင်း နေခဲ့ကြသည်။

လက်ရှိ ဆလင်ဒါ အနီးတစ်ဝိုက်တွင် ကျင့်ကြံသူ ဒါဇင်နှင့်ချီ၍ ရှိနေခဲ့ကာ သူတို့ အားလုံးမှာ ပုန်အောင်းကာ အဝေးမှသာ လေ့လာနေကြသည်။

၇၆ ယောက်မြောက် မင်းသားမှာ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ရင်း တရိပ်ရိပ် တက်လာနေသည့် လောဘများကို ထိန်းချုပ်လိုက်၏။ ထို့နောက် သူက ဂုဏ်သရေရှိစွာ ပြုံးလိုက်ရင်း...

“မင်းရဲ့ ဆံညှပ်လေးက တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ... ကလေးလေး... မင်းနာမည် ဘယ်လိုခေါ်လဲ”

ဟု မေးလိုက်သည်။ အကယ်၍ ကလေးမလေးသာ သူမ၏ နာမည်ကို မဆင်မခြင် ထုတ်ဖော် ပြောဆိုလိုက်ပါက သူ ပိုင်ဆိုင်ထားသည့် အတွေ့အကြုံအရ သူမ၏ မူလဇာစ်မြစ်နှင့် ပတ်သက်သည့် သဲလွန်စအချို့ကို သိရှိနိုင်ပေလိမ့်မည်။ ထိုနည်းဖြင့် နောက်ထပ် လုပ်ဆောင်သင့်သည့် အရာကို ကောင်းစွာ ချိန်ဆနိုင်မည် ဖြစ်သည်။

ပေ့ယင်ယင်က ခေါင်းကလေးကို စောင်းရင်း ကြည့်လိုက်၏။

“ခုနတုန်းက အစ်မကြီးတရှန်း ခေါ်တယ်လေ...”

“...”

၇၆ ယောက်မြောက် မင်းသား၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားလေ၏။ ထိုအရာကို သူ လုံးဝမကြားလိုက်ပေ။

ဝှစ်...

တရှန်မှာ သုံးခု သတိပေးတတ်သူ မဟုတ်လေရာ စတင်ကာ လှုပ်ရှားလိုက်လေပြီ ဖြစ်သည်။ သူမက လက်သီးဆုပ်ကာ ၇၆ ယောက်မြောက် မင်းသား၏ ရင်ဘတ်ဆီသို့ ဦးတည် ထိုးနှက်လိုက်၏။

သူမ၏ လက်သီးထဲတွင် ကြယ်တာရာစွမ်းအား မပါရှိပေ။ ထို့အစား ရုပ်ပိုင်းဆိုင်ရာ အင်အားသက်သက်သာ ပါဝင်သည်။ လေထုက ချက်ချင်းပင် ပွက်ပွက်ဆူလာကာ ပြင်းထန်သည့် လေဟုန်တစ်ခုမှာ ၇၆ ယောက်မြောက် မင်းသား၏ ဝတ်စုံကို တိုက်ခတ်လာခဲ့၏။

“...”

ထိုအဖြစ်အပျက်ကို ကြည့်ရှုနေကြသည့် လူအားလုံး ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားကြလေသည်။ သူတို့၏ မျက်လုံးများထဲ၌ တရှန်းမှာ သေမျိုးတစ်ဦးမျှသာ ဖြစ်သောကြောင့် အများစုက လျစ်လျူရှု ထားခဲ့ကြသည်။

သို့သော်လည်း ယခု သူမ ဖော်ထုတ်လိုက်သည့် လက်သီး တိုက်ခိုက်မှုက လောကကို တုန်လှုပ်စေနိုင်ကာ စက်ဆုပ်ဖွယ် ကောင်းလောက်အောင် မြန်ဆန်လွန်းလှသည်။ လေထုသည်ပင် အရှိန်အဟုန်ကြောင့် ချက်ချင်း ပေါက်ကွဲသွားခဲ့၏။

ဘုန်း...

မိုးခြိမ်း သကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာကာ သဲများအားလုံး လွင့်စဉ် ထွက်ခွာသွားလေသည်။ သဲကန္တာရထဲတွင် ၁၀ မိုင်အကွာအဝေးအထိ ကျယ်ပြန့်လှသော ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

“အိုး...”

၇၆ ယောက်မြောက် မင်းသားက သူ၏ ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏ ကိုယ်ဟန်အနေအထားက ပေါ့ပေါ့ပါးပါးပင် ဖြစ်သည်။

ဘုန်း...

သူက ခရမ်းရောင် လက်သီးကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ဝတ်ရုံများ တဖျပ်ဖျပ် လွင့်စဉ်နေခြင်းမှ အပ သဲကန္တာရအထက်တွင် မြောလွင့်နေသည့် သူ၏ ခန္ဓာကိုယ်မှာ နောက်သို့ တစ်လှမ်းမျှ ဆုတ်လိုက်ရခြင်းမျိုးပင် မရှိခဲ့ချေ။

“ဒီလက်သီးက တော်တော်လေး ကောင်းတာပဲ”

သူက ပေါ့ပေါ့ပါးပါး မှတ်ချက်ပေးလိုက်၏။ တိုက်ခိုက်မှု တားဆီးခံလိုက်ရလေရာ တရှန်း၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွား၏။ သူမက ၇၆ ယောက်မြောက် မင်းသားကို စိုက်ကြည့်လိုက်သည်။ မိန်းကလေး၏ အကြည့်တွင် ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများ ဖြည်းဖြည်းချင်း ပေါ်လာလိမ့်မည်ဟု မျှော်လင့်ထားကြသော်လည်း ဆန့်ကျင်ဘက်ပင် သူမ၏ ရွှေရောင်မျက်လုံးများက တိုက်ခိုက်လိုစိတ်များနှင့်သာ တောက်လောင် လာခဲ့သည်။

တရှန်းက လက်သီးကို နောက်သို့ ဆွဲယူလိုက်၏။ ၇၆ ယောက်မြောက် မင်းသားက မတားဆီးခဲ့ချေ။ သူက လက်နှစ်ဖက်ကို နောက်ပစ်လိုက်ကာ ညင်သာစွာ ပြုံးလိုက်သည်။ သူ၏ မျက်လုံးများက တစ်ချိန်လုံး ပေ့ယင်ယင်ကိုသာ စိတ်ဝင်တစားဖြင့် လှမ်းကြည့်နေဆဲ ဖြစ်သည်။

“မင်းက ဝိညာဉ် အော်ရာ လုံလောက်တဲ့ အဆင့်အထိ မြှင့်တင်ဖို့ အဖိုးတန် ပစ္စည်းတစ်ခုကို သုံးလိုက်တာလား... ဒါမှမဟုတ် အခြားလူ‌တွေကို ချောက်လှန့်ဖို့ အရှိန်အဟုန်ကို အတုအယောင် မြှင့်တင်ပေးတဲ့ ပရိယာယ် ကျင့်စဉ် တစ်ခုကို သုံးလိုက်တာလား”

သူက တရှန်းဘက်သို့ လှည့်ကြည့်ခြင်း မရှိသော်လည်း မေးခွန်းတစ်ခုကို ဦးတည် မေးလိုက်သည်။ နတ်ဆိုးမျိုးစပ်အား လှည့်ကြည့်ခြင်းဖြင့် သူ၏ မျက်လုံးများနှင့် အဆင့်အတန်းကို ညစ်ညမ်းစေလိမ့်မည်ဟု သူက တွေးတောနေခြင်း ဖြစ်သည်။

“ဘယ်လောက်တောင် ယုံကြည်မှုတွေ ခိုင်မာနေတာလဲ”

တရှန်းက ရယ်မောလိုက်မိသည်။ ဤမင်းသားဆိုသူက သူမ၏ တိုက်ခိုက်မှုတွင် အလုံးစုံသော အင်အားများ ပါဝင်နေသည်ဟု တွေးတောနေသည်လား။

ဝှစ်...

သူမက ဒုတိယ လက်သီးတစ်လုံးကို ထပ်မံ ထိုးနှက်လိုက်သည်။ ဤတစ်ကြိမ်တွင်တော့ သူမက လက်သီးထဲတွင် သဲ၊ လေ၊ မန်နာ၊ အာကာသနှင့် အချိန်တို့အားလုံးကို ပုံပျက်စေသည့် ကိုယ်ပိုင် ဒြပ်ဆွဲအား တစ်ခုကို ဖန်တီးလိုက်သည်။ ယခုတစ်ကြိမ်တွင်လည်း ကြယ်တာရာ အင်အား မပါဝင်ပေ။ ၎င်းမှာ သူမ၏ သွေးသား ခန္ဓာကိုယ်က ကျောထောက်နောက်ခံ ပေးထားသည့် သန့်စင်သော အင်အားသက်သက်သာ ဖြစ်သည်။ သို့သော်လည်း ထိုလက်သီးချက်မှာ ဂြိုဟ်တစ်လုံး၏ အလေးချိန်နှင့် အတူ မင်းသားထံသို့ ကျဆင်း သွားခဲ့လေ၏။

၇၆ ယောက်မြောက် မင်းသား၏ မျက်လုံးများက ခဏတာမျှ အရောင် တောက်ပသွားကာ လက်သီးချက်၏ လမ်းကြောင်းပိတ်ဆို့ရန် သူ၏ လက်ဖဝါးကို တစ်ဖန် ရွှေ့လိုက်သည်။

ဘုန်း...

***

All Chapters