← Chapters

အတွင်းဘက်နယ်မြေသို့ မသွားခင်တွင် ပြင်ဆင်ခြင်း

Vol. 19 Ch. 272

အတွင်းဘက်နယ်မြေသို့ မသွားခင်တွင် ပြင်ဆင်ခြင်း

Vol. 19 Ch. 272

ကျန်ရှိသည့် ဆေးလုံးများထဲမှ အချို့ကို ရွှီယန်က သူ၏မိဘများနှင့် မိသားစုဝင်များကို ပေးရန် စီစဉ်ထားသည်။

တစ်လုံးကို ကျိုးယင်အား ပေး၏။ သနားစဖွယ်ကောင်းပုံပေါ်သည့် ရှီအာကိုလည်း စုလင်းရှုံက တစ်လုံးပေးလိုက်သည်။

ဒန်ဆေးလုံး ၃၀အတွင်းတွင် ၁၆ခု ကျန်ရှိ၏။ စုလင်းရှုံက ၎င်းတို့ကို သိမ်းဆည်းထားသည်။ ဒီကောင်းကင်ဝတ်ရည်ဆေးလုံး ၁၆လုံးတို့သည် အလွန် အဖိုးတန်လှ၏။

၎င်းတို့သည် လူတစ်ယောက်၏ မွေးရာပါ ပါရမီနှင့်  နားလည်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည်။ ထိုကဲ့သို့သော အာနိသင်နှင့် နောက်ထပ် အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင်ကို ရှာတွေ့နိုင်မည်လား ဟူသည်မှာ သိရှိနိုင်ခြင်း မရှိပေ။

ဒီဆေးလုံးများကို အရေးပေါ်အတွက် သိမ်းဆည်းထားရပေမည်။

ရွှီယန်မှာ သူ၏မိဘများနှင့် မိသားစုဝင်များကို ဒန်ဆေးလုံးတို့အား ပေးဆောင်ရန်အတွက် အလွန်စိတ်အားထက်သန်နေ၏။

ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့က နေရာတစ်ခုကိုရှာကာ သူတို့၏ ဆေးလုံးများကို စားကြသည်။ ကျိုးယင်နှင့် ရှီအာတို့လည်း တူညီစွာဖြစ်၏။

"ဝေါင်း.."

ကြောင်နီ၏ပုံက အလွန် စိတ်မချမ်းမြေ့စွာဖြင့် စုလင်းရှုံကို ကြည့်သည်။ သူ၏ မျက်လုံးများက ကျရှုံးဆေးလုံး ၆လုံးတို့အပေါ်တွင် ဆက်တိုက် ရစ်ဝဲနေ၏။

"ကြောင်နီ... နင့်ကိုကြည့်ရတာ ပိုပြီးတော့ ပါးနပ်လာပါလား.."

စုလင်းရှုံက အံ့သြစွာဖြင့် ကြောင်နီ၏ ဦးခေါင်းကို ပွတ်သပ်သည်။

"လာခဲ့.. တစ်လုံးစားလိုက်.."

သူမသည် ကျရှုံးဆေးလုံး တစ်လုံးကိုယူကာ ကြောင်နီ၏ ပါးစပ်ထဲသို့ ထည့်လိုက်၏။ ဦးခေါင်းကို ဆက်လက် ပွတ်သပ်သည်။

"နင်... ကျရှုံးဆေးလုံးတွေ အများကြီးကို စားပြီးနေပြီ။ အဲ့ဒါတောင်မှ မဟာနတ်ဆိုးကျင့်စဉ်ကို မကျင့်ကြံနိုင်သေးရင် ငါနင့်ကို ဖက်တီးကြောင် ဆေးလုံးဖြစ်အောင် သန့်စင်ပစ်မယ်.."

ကြောင်နီက လူးလွန့်ကာ သူ၏မျက်လုံးများက အလောတလျှင် ဖြစ်သွားသည်။ ဆေးလုံးတစ်လုံးအဖြစ် သန့်စင်ခံရမည်အား အမှန်တကယ်ကို  ကြောက်ရွံ့နေ၏။

ကြောင်နီကို ကြည့်ကာ လီရွှမ်က စဉ်းစားသည်။ ကျရှုံးခဲ့သည့် ကောင်းကင်ဝတ်ရည် ဆေးလုံးများမှာ  အာနိသင်အချို့ ရှိနေမှာပါ။

ကြောင်နီအနေနှင့် တစ်လုံးကို စားပြီးပါက  သူ၏ နားလည်နိုင်စွမ်းတို့ကို မြှင့်တင်နိုင်လောက်၏။ ကြောင်နီ၏ လက်ရှိပြောင်းလဲမှုများအရ ကြည့်ရတာ မဟာနတ်ဆိုးအဖြစ် ပြောင်းလဲလာသည့်ပုံ ရှိသည်။

သူ၏ခန္ဓာကိုယ်က ပိုမိုပိုမိုကာ ကြီးထွားလာနေပြီး  ခန္ဓာကိုယ်အတွင်းတွင် အများပြားလှသည့် ချီနှင့်သွေးစွမ်းအင်တို့ ရှိနေ၏။

ခန္ဓာကိုယ်ခွန်အားကလည်း ပိုမိုသန်မာလာနေသည်။ အသွင်အပြင်ကို ကြည့်ပါက ဖက်တီးကျား တစ်ကောင်ဟု အမြင် မှားနိုင်ပေလိမ့်မည်။ညသို့ပေမယ့် ခွန်အားအရာတွင် ၎င်းသာ် သာမန်သိုင်းသခင်အဆင့်ရှိ မည်သည့် သိုင်းသမားကိုမဆို  စိန်ခေါ်နိုင်၏။

ကြောင်နီက စံအိမ်၏ အပြင်ဘက်သို့ ပြန်ထွက်သွားသည်။ မြေပြင်ပေါ်တွင် သက်တောင့်သက်သာရှိစွာ  လဲလျောင်းရင်းမှ ကျရှုံးဆေးလုံး၏ အာနိသင်ကို  အစာချေနေ၏။

ကောင်းကင်ဝတ်ရည် ဆေးလုံးကို အောင်မြင်စွာ သန့်စင်ပြီးနောက် စုလင်းရှုံက စိတ်သက်သာရာ ရသွား၏။

သူမ၏ ကျင့်ကြံမှုကို ပြန်လည် အာရုံစိုက်သည်။ ဒန်ဆေးသိုင်းပညာကျမ်းကို ဆက်လက် လေ့လာကာ  ဟင်းလင်းပြင် ဒန်ဆေးသန့်စင်ခြင်းနှင့် ဆေးဖော်မြူလာများစွာတို့ကို ချင့်တွက်၏။

အတွင်းဘက်နယ်မြေသို့ ဝင်ရောက်ရန် ပြင်ဆင်ရာတွင်.... ယခုအချိန်၌ ခုံရော့ကျစ်သည် အတွင်းဘက်နယ်မြေသို့ ရောက်ရှိခဲ့တာ အချိန်တစ်ခု ကြာပြီးပါပြီ။

ပြန်လာသင့်သည့် အချိန်သို့ ရောက်ပြီဖြစ်၏။

ကျိုးယင်မှာ ကောင်းကင်ဝတ်ရည်ဆေးလုံးကို စုပ်ယူပြီးနောက် သူမ၏ ပါရမီတို့ တိုးမြင့်လာသည်ဟု ခံစားရသည်။

ကျင့်ကြံမှုက ပိုမို လွယ်ကူလာခဲ့၏။ ထို့အပြင် မူလအဆင့်သို့ ချိုးဖျက်ရာတွင်လည်း နားမလည်မှုများ မရှိတော့ပေ။

သူမသည် စိတ်လှုပ်ရှားစွာဖြင့် မူလအဆင့်၏ ကျင့်စဉ်ကို စတင်လေ့လာကာ အဆင့်ချိုးဖျက်ရန် ပြင်ဆင်သည်။

ရှီအာမှာလည်း အလွန်ပျော်ရွှင်နေ၏။ သူ၏ ပါရမီမြင့်တက်မှုကို သိသာစွာ ခံစားခဲ့ရသည်။ ကောင်းကင်ဝတ်ရည်ဆေးလုံးမှာ အမှန်တကယ်ကို  မှော်ဆန်လှ၏။

ရှဲ့လင်ဖုန်းမှာ ခြားနားမှုအများကြီးကို သတိထားမိခြင်း မရှိပေ။ သူ၏စိတ်တို့ အနည်းငယ် ပိုမိုရှင်းလင်းလာသည်ဟုသာ ခံစားရ၏။ ကြည့်ရတာ သူ၏နားလည်နိုင်စွမ်းတွင် တိုးတက်မှုတို့ ရှိလာသည်ဟု ဆိုလိုသည်ပင်။

သူ၏ ပါရမီမှာ အစကတည်းက အားနည်းခြင်းမရှိပေ။

ထို့ကြောင့် ကောင်းကင်ဝတ်ရည်ဆေးလုံးက ပိုမိုအားနည်းသည့် နေရာတွင် အာနိသင်ပိုပြ၏။

ဟူရှန်းမှာလည်း သိသာသည့် ပြောင်းလဲမှုတို့ကို သတိထားမိလိုက်သည်။ သူသည် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေ၏။ လက်ရှိအချိန်၌ ကြိုးစားစွာ ကျင့်ကြံနေပြီး မူလအဆင့်၏ နှောင်းပိုင်းသို့ အမြန်ဆုံး ချိုးဖျက်နိုင်ရန် ကြိုးစားသည်။

'သိုင်းပညာရှင် အယောက်၁၀၀ ဖြစ်ဖို့အတွက်  ၁၀ယောက်တောင် မလိုတော့ဘူး..'

လီရွှမ်က တိတ်တဆိတ် မျှော်လင့်နေမိ၏။

သိုင်းပညာကျင့်ကြံသည့်လူ ပိုမိုများပြားလာပြီး  ဆေးလုံးများ၏ အကူအညီရှိလာရာ စတင်ခြင်းအဆင့်သို့ ဝင်ရောက်သည့် သိုင်းသမားအရေအတွက်က ၁၀၀ကျော်ရန် ဝေးကွာခြင်း မရှိတော့ပါ။

လက်ရှိအချိန်၌ စွန့်ပစ်ဒေသတွင် သိုင်းသမားများသည် ရွှီမိသားစုနှင့် ချန်ချင်းစံအိမ်၌ အဓိက စုစည်းနေ၏။

အခြားကျင့်ကြံသူများသည် အခြေခံ၌သာ ရှိသေးပြီး  ချီနှင့်သွေးအဆင့်နှင့် အကွာအဝေးအချို့ ရှိနေပါသေးသည်။

ထိုနေ့တွင် ခုံရော့ကျစ် ပြန်လာခဲ့၏။ စုလင်းရှုံအား တာဝန်အကြောင်းကို တင်ပြမှုပြုသည်။ ထယ်ရှန်းမြို့တွင် ချန်ချင်းစံအိမ်၏ အကိုင်းအခွဲ တစ်ခုအား တည်ထောင်ပြီး ဖြစ်၏။ ၎င်းကို မြို့ထဲတွင် တည်ဆောက်ရန် မရွေးချယ်ခဲ့ပါ။ အဲ့ဒီ့အစား မြို့အပြင်ဘက်တွင် စံအိမ်တစ်ခုနှင့် မြင့်မားသည့် အဆောက်အအုံတို့ကို ဆောက်၏။

သူ၏ခွန်အားနှင့် ပိုင်နက်တစ်ခုကို အလွယ်တကူ ရရှိနိုင်ပါသည်။ စတင်မှုအနေနှင့် ချန်ချင်းစံအိမ်အတွက် အမည်တစ်ခု ပြုလုပ်ကာ ထယ်ရှန်းမြို့ရှိ ထန်းပေါင်စံအိမ်၏ မန်နေဂျာနှင့် ဆက်သွယ်ခဲ့သည်။

အနာဂတ် ပူးပေါင်းမှုများအတွက် အခြေခံတစ်ခုကို ချမှတ်ခဲ့၏။

"ဒီတာဝန်ကို နင်လုပ်တာကောင်းတယ်။ ဒါကဆုကြေး.."

စုလင်းရှုံက ကျေနပ်စွာ ခေါင်းငြိမ့်သည်။ ခုံရော့ကျစ်ကို ကျင့်ကြံခြင်းအတွက် ဒန်ဆေးလုံးတစ်ပုလင်းအား ပေးလိုက်၏။

"ကျေးဇူးတင်ပါတယ်။ စံအိမ်သခင်.."

ခုံရော့ကျစ်က ပျော်ရွှင်စွာဖြင့် ကျေးဇူးတင်သည်။

"ဆက်ပြီးတော့ ကြိုးစားထား။ ချန်ချင်းစံအိမ်သာ  ကြီးထွားဖွံ့ဖြိုးလာရင် နင်လည်းပဲ အကျိုးရှိလိမ့်မယ်။ ဥပမာ - ပါရမီနဲ့ နားလည်သဘောပေါက်နိုင်စွမ်းကို မြှင့်တင်နိုင်တဲ့ ဒန်ဆေးလုံးတွေလည်း ရလာနိုင်တယ်.."

စုလင်းရှုံက လေးနက်စွာဖြင့် ပြော၏။

"ဟုတ်ကဲ့ပါ။ စိတ်ချပါ စံအိမ်သခင်.."

ခုံရော့ကျစ်က ရင်ဘတ်ကိုပုတ်ကာ ချန်ချင်းစံအိမ်အား အကောင်းဆုံးဖွံ့ဖြိုးကာ ချဲ့ထွင်ရန် ကြိုးစားမည်ဟု အာမခံသည်။

"အတွင်းဘက်နယ်မြေကို ဝင်ဖို့ ပြင်ဆင်တော့... ဒန်ဆေးသန့်စင်မှုခန်းမက အရမ်းအရေးကြီးတယ်။ အဲ့ဒါကို နင်နားလည်မှာပါ။ အတွေးဘက်နယ်မြေကို  ဝင်ပြီးရင် ဒန်ဆေးလုံးတွေရဲ့ အကျိုးအမြတ်ကို ဘယ်လို အမြင့်ဆုံးအထိ မြှင့်တင်ရမလဲ ဆိုတာကို  စဉ်းစားထား။ အရင်းအမြစ်တွေကို ဘယ်လိုရမယ်။ ဘယ်လိုရောင်းချမယ်ဆိုတာ ငါ့ကိုအစီအစဉ်တစ်ခုလုပ်ပေး.."

စုလင်းရှုံက အမိန့်ပေး၏။

"စိတ်မပူပါနဲ့။ စံအိမ်သခင်...ကျွန်တော့်စိတ်ထဲမှာ အစီအစဉ်တွေ ရှိနေပြီးပါပြီ.."

ခုံရော့ကျစ်က ခေါင်းငြိမ့်သည်။ ဤသည်မှာ သူထူးချွန်သည့် နေရာဖြစ်၏။ ခဏတာ တုံ့ဆိုင်းနေပြီးနောက် ခုံရော့ကျစ်က ဆက်လက်ပြောသည်။

"စံအိမ်သခင်... စီးပွားရေးကိစ္စတွေအတွက် ပိုပြီးတော့ သင့်တော်တဲ့လူ ရှိပါတယ်။ အဲ့ဒါက ရွှီကျွင်းဟယ်ပဲ။ သူက တကယ့်ကို ပါးနပ်တယ်..."

စုလင်းရှုံ၏ စူးစိုက်သည့် အကြည့်ကို တွေ့ရပြီးနောက် ခုံရော့ကျစ်က စိုးထိတ်စွာဖြင့် အမြန် ပြန်ပြောသည်။

"သူ့မှာ ထူးကဲတဲ့ စီးပွားရေးဆိုင်ရာ တတ်ကျွမ်းမှုတွေရှိပြီး အတွေ့အကြုံ ကြွယ်ဝတယ်။ အဲ့ဒီ့နေရာမှာ ကျွန်တော်တောင် သူ့လောက်မထူးချွန်ဘူး.."

စုလင်းရှုံက ငြင်းဆန်ခြင်းမပြုဘဲ ခေါင်းကိုငြိမ့်၏။ စီနီယာအစ်ကိုကြီး၏ဖခင် ရွှီကျွင်းဟယ်နှင့် ပတ်သက်ပြီး ပုံပြင်များကို သူမလည်းပဲ ကြားဖူးပါသည်။ ဤသည်မှာ အောက်ခြေမှ စတင်ကာ ချမ်းသာကြွယ်ဝလာခဲ့သည့် ဒဏ္ဍာရီပုဂ္ဂိုလ်တစ်ယောက် ဖြစ်၏။

"ဒီကိစ္စကို အစ်ကိုကြီးနဲ့ ဆွေးနွေးပြီး သူဖခင်ရဲ့အမြင်ကို မေးကြည့်ဦးမယ်.."

စုလင်းရှုံက ဆို၏။

"ကျွန်တော့်အထင်တော့ ရွှီကျွင်းဟယ်လည်း အတွင်းဘက်နယ်မြေကို ဝင်ရောက်ဖို့အတွက်  ပြင်ဆင်နေလောက်တယ်။ သူ့ကို ဆက်သွယ်ကြည့်ရမလား.."

ခုံရော့ကျစ်က ဆက်လက်မေးသည်။

"အတွင်းဘက်နယ်မြေကို အတူတူသွားကြတာပေါ့။ အချိန်ကျလာပြီ။ ထယ်ရှန်းမြို့က နေရာလေးတစ်ခုပဲ။ အန္တရာယ်အများကြီး မရှိပါဘူး.."

ရွှီယန်၏ အသံက ရောက်ရှိလာ၏။ သူဟာ အခုမှ ပြန်လာခါစ ရှိပါသေးသည်။

"အစ်ကိုကြီး...နင့်ရဲ့အဖေ အတွင်းဘက်နယ်မြေမှာ  စီးပွားရေးလုပ်ဖို့ စိတ်ဝင်စားလား.."

စုလင်းရှုံက မျှော်လင့်စွာဖြင့် မေး၏။

"သူစိတ်ဝင်စားလောက်မှာ...ထင်ရတာပဲ.."

ရွှီယန်မှာလည်း အရမ်းကြီး သေချာခြင်းမရှိပေ။

သူ၏ဖခင်သည် ယခုအချိန်၌ သိုင်းပညာအပေါ်  ပိုမိုနှစ်မြှုပ်ထားဟန် တူ၏။ စီးပွားရေးမှာတော့ အရမ်းကြီး အလေးအနက်ထားခြင်း မရှိတော့ပါ။

"ဒါဆိုရင် အချိန်ယူပြီး သူ့ဆီကို သွားမေးကြည့်ရမယ်..."

All Chapters