← Chapters

အတွင်းဘက်နယ်မြေသို့ မသွားခင်တွင် ပြင်ဆင်ခြင်း(၂)

Vol. 19 Ch. 273

အတွင်းဘက်နယ်မြေသို့ မသွားခင်တွင် ပြင်ဆင်ခြင်း(၂)

Vol. 19 Ch. 273

စုလင်းရှုံ ဆုံးဖြတ်ချက်တစ်ခုအား ချလိုက်သည်။ 

ချန်ချင်းစံအိမ်သည် ချဲ့ထွင်ဖြန့်ကျက်မှုတစ်ခုကို တောင့်တနေ၏။ အထူးသဖြင့် ဆေးလုံးများကို မည်ကဲ့သို့ ရောင်းချမည်နှင့် အကျိုးအမြတ်များကို မည်ကဲ့သို့ အများဆုံး ရစေမည့် ကိစ္စများတွင် ခုံရော့ကျစ်တစ်ယောက်တည်း အပေါ်တွင်သာ မှီခိုလို့ မရပေ။ 

ထို့အပြင် သူမလည်းပဲ ထိုကိစ္စများအား အများကြီး စီမံနိုင်မည် မဟုတ်သလို ရင်းနှီးကျွမ်းဝင်ခြင်းလည်း မရှိပါ။ သံသယဝင်စရာ မကောင်းလောက်အောင် ရွှီကျွင်းဟယ်သာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်၏။ 

“ဟုတ်ပါပြီ”

ရွှီယန်က ခေါင်းညှိတ်သည်။ 

“ဒါနဲ့ ထယ်ရှန်းမြို့ကို ကျွန်တော်ရောက်တုန်းက ထန်းပေါင်စံအိမ် မန်နေဂျာနဲ့ စကားပြောခဲ့သေးတယ်။ သခင်လေးရွှီနဲ့ ပက်သက်တဲ့ သတင်းတစ်ခုကို အဲ့မှာ ကြားခဲ့သလိုပဲ”

ခုံရော့ကျစ်က ရုတ်တရက် ပြော၏။ 

“အိုး.. ဘာသတင်းများလဲ”

ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွားသည်။ သူသည် စွန့်ပြစ်ဒေသသို့ ပြန်ရောက်ခဲ့သည်မှာ အချိန်တစ်ခု ကြာခဲ့ပြီး ဖြစ်၏။ အတွင်းဘက်နယ်မြေမှ သတင်းသစ်များနှင့် လုံးဝ ပြတ်တောက်သွားလုနီးပါး ရှိနေပါသည်။ 

“ချန်းလန်ကျွန်းပါ”

ခုံရော့ကျစ်က ပြောသည်။ 

“အဲ့ဒီ မန်နေဂျာ ပြောတာတော့.. နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စစ်ဘုရင်တစ်ယောက် ချန်းလန်ကျွန်းမှာ သခင်လေးကို စိန်ခေါ်ပြီး သတ်ဖြတ်ချင်နေတယ်တဲ့”

“အဲ့ဒီအပြင် ပြောသေးတယ်.. စွမ်းအားကြီးမားတဲ့ စစ်ဘုရင်တစ်ယောက်လည်း သခင်လေးရွှီရဲ့ တည်နေရာကို လိုက်ရှာနေပြီး ချန်းလန်ကျွန်းကိုတောင် အကြိမ်ပေါင်းများစွာ သွားကြည့်လေ့ ရှိတယ်တဲ့”

ထိုစကားကို ကြားရပြီးနောက် ရွှီယန်က နှာခေါင်းရှုံ့သည်။ 

“ကြည့်ရတာ အထွတ်အထိပ် စစ်ဘုရင်တွေ ဖြစ်မယ်။ ဖြစ်နိုင်တာက ဝတ်စုံနက်နဲ့ လူတွေများလား”

ဝတ်စုံနက်နှင့် လူများ၏ နောက်ခံမှလွဲ၍ သူ့အနေနှင့် မည်သည့် စွမ်းအားကြီး အဖွဲ့အစည်းကိုမှ ထိပါးခဲ့ခြင်း မရှိသည့်ပုံ ရှိသည်။ 

ထို့နောက် ချက်ချင်းပင် တစ်ယောက်ယောက်ကို တွေးမိလိုက်သည်။ 

‘နတ်ဆိုးအရှင်သခင် ဟော်ထူ’

နတ်ဆိုးဂိုဏ်း၏ နတ်ဆိုးအရှင်သခင် ကိုးယောက်ထဲမှ တစ်ယောက်ဖြစ်၏။ သူ၏ လက်အောက်ရှိ အစွမ်းအထက်သုံး ပုဂ္ဂိုလ်သုံးယောက်ထဲမှ သတ်ဖြတ်ခြင်း အရိုးကို ရွှီယန် သတ်ဖြတ်ခဲ့သည်။

“ငါ့ကို စိန်ခေါ်မယ်ဆိုတာ ဘယ်တော့လောက်လဲ ပြောခဲ့သေးလား”

ရွှီယန်က မေးသည်။ 

“အဲ့ဒါတော့ မသိဘူး”

ခုံရော့ကျစ်က ခေါင်းကိုယမ်းသည်။ 

ရွှီယန်က ခဏတာ စဉ်းစားပြီးနောက် ပြော၏။ 

“အဲ့ကိစ္စကို အာရုံထားမနေနဲဲ့။ အတွင်းဘက်နယ်မြေကို ငါပြန်ပြီးရင် သူတို့ကို သွားရှာလိုက်မယ်။ အထွတ်အထိပ် စစ်ဘုရင်လား.. ဟန့်.. ဓါးတစ်ချက်နဲ့ သတ်ပြမယ်”

သူသည် မူလအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပြီး ဖြစ်ကာ ထုံးရွှမ်အဆင့်သို့ အချိန်မရွေး ချိုးဖျက်နိုင်နေပါပြီ။ သို့ရာတွင် အဆင့်ချိုးဖျက်ရာတွင် ပြောင်းလဲမှုတစ်ခုအား ဖြစ်ပေါ်စေရန် အလျှင်စလို မပြုမူပဲ နေနေခြင်း ဖြစ်၏။ 

ထိုသို့ဆိုလျှင်တောင် သူ၏ ခွန်အားက ဆက်လက်မြင့်တက်နေပါသည်။ အထွတ်အထိပ် စစ်ဘုရင်လောက်က သူ့ကို အရေးတယူ စိတ်ပါဝင်စားစေခြင်း မရှိတော့ပါ။

ထိပ်တန်း အထွတ်အထိပ် စစ်ဘုရင်များထဲမှ တစ်ယောက် ဖြစ်လျှင်တော့ တစ်ချက်လောက် ကြည့်ချင် ကြည့်ပေလိမ့်မည်။ သို့ပေမယ့် သာမန် အထွတ်အထိပ် စစ်ဘုရင်များ ဆိုပါက ဓါးတစ်ချက်နှင့် သတ်လိုက်လို့တောင် ရပါသည။

“စီနီယာအစ်ကို.. ဝတ်စုံနက်နဲ့ လူတွေက လုံးဝ အားမနည်းဘူး။ နင်သတိပိုထားပါ။ သူတို့တွေ ချန်းလန်ကျွန်းပေါ်မှာ အလစ်အငိုက် တိုက်ခိုက်လာမှာကို ညီမ စိုးရိမ်တယ်”

စုလင်းရှုံက မျက်မှောင်ကြုတ်နေပြီး စိုးရိမ်စွာ

ပြောသည်။ 

“ဂျူနီယာညီမလေး… စိတ်မပူပါနဲ့။ အချိန်ကျလာရင် စီနီယာအစ်ကိုကြီးနဲ့အတူ ငါလည်း လိုက်သွားလိုက်မယ်။ ဒါက ငါ့ရဲ့ ဒေါသတွေကို ပုံချဖို့ စစ်ဘုရင်အချို့ကို သတ်ဖို့အတွက် အခွင့်အရေးတစ်ခုပဲ”

မုန့်ချုံက ရှေ့သို့တက်လာကာ ကြမ်းကြုတ်စွာ ပြုံး၏။ 

သူသည်် စစ်ဘုရင်များ၏ လိုက်လံသတ်ဖြတ်မှုကို အချိန်တစ်ခုကြာ ခံခဲ့ရပြီး ဒေါသတို့ကို မြိုချထားရ၏။

ယခုအချိန်၌ ခွန်အားအဆင့်တို့ မြင့်တက်လာရာ ထိုဒေါသတို့ကို ပုံချန်ရန် နေရာမတွေ့မည်အား စိုးရိမ်လာခဲ့သည်။ သို့ပေမယ့် ပစ်မှတ်များက သူတို့ကိုယ်သူတို့ ကိုယ်ထင်ပြလာခဲ့၏။ 

“ဂျူနီယာညီမလေး.. စိတ်ချပြီးနေ.. အကြွင်းမဲ့ ခွန်အာကို ရင်ဆိုင်ရတဲ့အခါ ချောင်းမြောင်းတိုက်ခိုက်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာထက် မပိုဘူး”

ရွှီယန်မှာ ထိုကဲ့သို့ ပြောနေပေမယ့် နှလုံးသားထဲ၌ ပေါ့ဆစွာ နေရဲခြင်း မရှိတော့ပေ။ ဆရာဖြစ်သူ၏ သင်ကြားချက်များက စိတ်ထဲတွင် တံဆိပ်ရိုက်ခတ်ပြိးသား ဖြစ်နေ၏။ များပြားလှသည့် အနှိုင်းမဲ့ ပုဂ္ဂိုလ်များသည် ရန်သူကို အထင်သေးခြင်းကြောင့် သေဆုံးခဲ့ရ၏။ သူ ရွှီယန်မှာ အရူးမဟုတ်ပေ။ 

“စီနီယာအစ်ကိုတို့ကို ကျွန်မ ပြဿနာဖြစ်စေပြီ”

စုလင်းရှုံက တောင်းပန်စွာ ပြော၏။ 

“ဘာကို ပြဿနာ ဖြစ်မှာလဲ။ ဝတ်စုံနက်နဲ့ လူတွေဆိုတာ ငါ့မျက်စိထဲမှာ ပိုက်ဆံလာပေးတဲ့ ငွေထုပ်တွေပဲ”

ရွှီယန်က လက်ကိုဝှေ့ကာ ပြော၏။ 

“ပြီးတော့ တစ်ခု ရှိပါသေးတယ်”

ခုံရော့ကျစ်က ပြောလာပြန်၏။

“ဘာလဲ”

ရွှီယန်က သူ့ကို ကြည့်သည်။ 

ခုံရော့ကျစ် အကြောက်ဆုံးလူမှာ စုလင်းရှုံမဟုတ်ပေ။ ရွှီယန်သာ ဖြစ်၏။ ထို့ကြောင့် ရွှီယန်၏ ရှေ့တွင် သူသည် အမြဲတမ်း သတိထားနေပြီး စိတ်မကျေမနပ် ဖြစ်သွားမည်အား စိုးရိမ်နေပါသည်။

“ထယ်ရှန်းမြို့မှာ သခင်လေးတို့ နှစ်ယောက်နဲ့ ပက်သက်တဲ့ သတင်းကို ရှာဖွေနေတဲ့လူတစ်ယောက် ရှိတယ်။ တော်တော်‌လေး အလောတလျှင် နိုင်ပုံပဲ”

ရွှီယန်နှင့် မုန့်ချုံတို့က မျက်မှောင်ကြုတ်သွားသည်။ ထယ်ရှန်းမြို့တွင် မည်သူက သူတို့၏ အချက်အလက်များကို ရှာဖွေနေသည်လဲ။ 

‘မုန့်ရှူရှူ’

“ဆွေမျိုးလေးက ဘာဖြစ်တာလဲ.. ဝတ်စုံနက်တွေ လိုက်သတ်တာ ခံရပြန်ပြီလား”

မုန့်ချုံက သိလိုစွာ မေးသည်။ 

“ကျွန်တော်လည်း မသိပါဘူး”

ခုံရော့ကျစ်က ခေါင်းကိုယမ်း၏။ 

“ကောင်းပြီ။ ဆွေမျိုးလေးဆီကို ငါသွားလိုက်မယ်။ ဒန်ဆေးလုံးကိုလည်း တစ်ခါတည်း ပေးလို့ ရတာပေါ့”

မုန့်ချုံက ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်သည်။ မုန့်ရှူရှူမှာ စိတ်ဝိညာဉ်ဆေးပင် ရှာဖွေသူ ဖြစ်၏။ နောက်ထပ် ဆေးပင် ရတနာနယ်မြေကို တစ်ခုကို ရှာတွေ့ပြီး တစ်ယောက်တည်း မဝင်ရောက်နိုင် ဖြစ်နေသည်လား။ 

ခုံရော့ကျစ်က အခြေအနေကို သတင်းပို့ပြီးနောက် အတွင်းဘက်နယ်မြေသို့ နောက်ထပ် ခရီးစဉ်အတွက် စတင်ပြင်ဆင်သည်။ 

စုလင်းရှုံလည်း အလုပ်များစွာ ရှုပ်နေ၏။ ရွှီယန်မှာ သုန်ဟယ်နှင့် ချီနိုင်ငံ၏ မြို့တော်တို့အကြား ကူးလူးကာ လှည့်လည်နေပါသည်။ သူတို့သည် အတွင်းဘက်နယ်သို့ ရွှေ့ပြောင်းကြမည် ဖြစ်ရာ မိသားစုများကိုလည်း ခေါ်သွားသင့်ပါသည်။ 

အတွင်းဘက်နယ်မြေမှာ စွန့်ပြစ်ဒေသလောက် ခြောက်သွေ့တိတ်ဆိတ်ခြင်း မရှိပေ။ သံတောင်မြို့တွင်တောင် သက်ဆိုင်ရာ အန္တရာယ်တို့ ရှိနေ၏။ သို့ရာတွင် ထိုအန္တရာယ်က သိသာခြင်း မရှိပါ။ ဘာပဲဖြစ်ဖြစ် ထယ်ရှန်းမြို့တွင် ရှိသည့် တစ်ဦးတည်းသော သိုင်းသခင်မှာ ထန်းပေါင်စံအိမ်မှ ဖြစ်သည်။ 

သံတောင်မြို့မှာ ခေါင်သီသည့် မြို့တစ်ခု ဖြစ်သည်။ ထို့ကြောင့် ထိုနေရာတွင် နေမည့် သိုင်းသခင်မှာ တတိယတန်းစား သိုင်းသခင်သာ ဖြစ်မှာပါ။ ကြောင်နီပင်လျှင် သူ့ကို အနိုင်ယူနိုင်၏။ 

ရွှီကျွင်းဟယ်မှာ ချီနှင့်သွေးအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး ဖြစ်သည်။ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိရန် မဝေးကွာတော့ပါ။ မူလအဆင့်သို့ ချိုးဖျက်ရန်မှာတော့ အချိန်များ ပိုမိုလိုအပ်ဦးမည် ဖြစ်၏။ 

ထိုသို့ဆိုလျှင်တောင် အထွတ်အထိပ် ချီနှင့်သွေးအဆင့်

ဖြစ်ခြင်းက သူ့ကို သံတောင်မြို့တွင် ထိပ်တန်းသိုင်းသမားတစ်ယောက် ဖြစ်လာစေနိုင်၏။ 

လီရွှမ်က သူ၏ အလုပ်များနေသည့် တပည့်များကို ကြည့်သည်။ အနည်းငယ် ဆွေးမြေ့စွာ ခံစားရ၏။ ဒီအချိန်သည် စွန့်ပြစ်ဒေသမှ ထွက်ခွာပြီး အတွင်းဘက်နယ်မြေသို့ ရွှေ့ပြောင်းရန် အချိန်ကျလာပြီ ဖြစ်၏။ 

“မြင်ကွင်းတွေ ပြောင်းလဲတော့မှာပဲ။ အတွင်းဘက်နယ်မြေမှာ သင့်တော်တဲ့ တပည့်တစ်ယောက်လောက် ရှာတွေ့နိုင်မလား မသိဘူး”

လီရွှမ်က စဉ်းစားသည်။ 

စွန့်ပြစ်ဒေသမှ သိုင်းသမားများ အတွင်းဘက်နယ်မြေသို့ ရွှေ့ပြောင်းလာသည်နှင့် အမျှ စစ်မှန်သည့် သိုင်းပညာလည်း အတွင်းဘက်နယ်မြေ၌ ပျံ့နှံ့သွားမှာပါ။ ဤသည်က သိုင်းပညာ လမ်းစဉ်အပေါ် အငြင်းပွားမှုတို့ ဖြစ်ပွားစေမည်လား။ 

အတွင်းဘက်နယ်မြေတွင် ရွှီယန်၏ စစ်ဘုရင်များကို သတ်ဖြတ်ခဲ့သည့် သတင်းက ပျံ့နှံ့သွားပြီး ဖြစ်သည်။ နေရာတိုင်းကို တုန်ခါသွားစေ၏။ 

ခုနစ်စင်ကြယ် အကယ်ဒမီတွင် ဖူယွင်ထန်းက နှလုံးသား

ထဲတွင် သက်ပြင်းချသည်။ ရွှီယန်မှာ စစ်မှန်သည့် မကောင်းဆိုးရွားတစ်ကောင် ဖြစ်၏။ ယခုအချိန်၌ တစ်ဖက်လူ၏ ခွန်အားမှာ သူ့ကို ကျော်လွန်သွားပြီ ဖြစ်သည်။ 

ထို့အပြင် အသက် မည်မျှ ရှိသေးလို့နည်း။ 

ထိုအချိန်၌ ရွှီယန်၏ သိုင်းပညာ ပညာရှင်တစ်စုနှင့် အငြင်းပွားခဲ့ပုံကို ပြန်လည် အမှတ်ရလိုက်သည်။ 

“သံအရိုး၊ ကြေးအရိုး၊ ရွှေအရိုး၊ ကျောက်စိမ်းအရိုး… မိုးကြိုးလို မြည်ဟည်းတယ်.. သွေးချီတွေ စီးဆင်းတယ်.. သွေးချီအဆင့်၊ မူလအဆင့်…”

ဖူယွင်ထန်းက ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။ ရွှီယန်ပြောခဲ့သည့် သိုင်းပညာမှာ စိတ်ကူးယဉ်ထားခြင်း မဟုတ်ပေ။ သူသည်် သိုင်းသခင်လေး တစ်ယောက်သာ မဟုတ်ပေ။ မူလအဆင့်ရှိ သိုင်းသမားတစ်ယောက် ဖြစ်၏။ 

ရွှီယန်နှင့် သိုင်းပညာ ဆွေးနွေးခဲ့သည့် လူများလည်း ထိုအချိန်ကတည်းက စတင်ကာ အငြင်းပွားခဲ့ကြသည်။ အားလုံးသည် ရွှီယန်ကို ကျပန်းသီအိုရီများနှင့် သိုင်းပညာစနစ် တစ်ခုအား လျှောက်ပြောခဲ့သည်ဟု စွတ်ဆွဲလာကြ၏။ 

အခြားလူများကလည်း ရွှီယန်၏ ဖော်ပြချက်များကို အခြေအမြစ် မရှိ မဟုတ်ဟု ပြန်လည်ချေပကြသည်။ အဲ့ဒီအစား စစ်မှန်စွာ တည်ရှိသည့် ပြည့်စုံသည့် သီအိုရီတစ်ခုဟု ပြောဆိုကြ၏။ 

ထိုသိုင်းပညာ ပညာရှင် အုပ်စုသည် ဆက်တိုက် အငြင်းပွားကာ ပိုမိုကာပင် ပြင်းထန်လာခဲ့၏။ ရွှီယန်ကို ရှာကာ နောက်ထပ်တစ်ကြိမ် ဆွေးနွေးငြင်းခုန်ရန် အော်ဟစ်နေကြသည်။ 

ရွှီယန်၏ သီအိုရီများအား အမှန်တကယ် ရှိမရှိ ကိစ္စဖြင့် ထိုသိုင်းပညာ ပညာရှင်များသည် အချင်းချင်း ဆွေးနွေးငြင်းခုန်မှု ပွဲများစွာကို စီစဉ်ခဲ့ကြ၏။

ရွှီယန်၏ စစ်ဘုရင်များကို သတ်ဖြတ်ခဲ့သည့် သတင်းတို့ နားထဲ ရောက်လာပြီးမှ ငြင်းခုန်မှုများ ရပ်တန့်ကာ ထိုပညာရှင်များသည် သူတို့၏ ရှင်သန်မှုကို ပြန်လည်မေးခွန်းထုတ်လာကြသည်။ အချို့ဆိုလျှင် ဖူယွင်ထန်းကိုပင် လာရောက်စိန်ခေါ်ကြ၏။ 

သူတို့၏ သိုင်းပညာကို စမ်းသပ်ကြည့်ကာ အဆင့်ကြီးတစ်ခု ပိုမိုမြင့်မားသူအား အနိုင်ယူနိုင်မည်လားဟု ကြည့်ချင်လေသည်။ ထင်ထားသည့်အတိုင်းပင်။ သူတို့အားလုံးကို ဖူယွင်ထန်းက လက်ဝါးတစ်ချက်နှင့်ပင် ဖိနှိပ်ခဲ့၏။ 

ထိုသတင်း ဖြည်းညှင်းစွာ ပျံ့နှံ့သွားပြီးနောက် အခြား သိုင်းပညာ ပညာရှင်များလည်း ဝင်ရောက် ဆွေးနွေးလာကြသည်။ သူတို့သည် နေ့နေ့ညည စဉ်းစားတွေးခေါ်ပြီး ရွှီယန်ပြောခဲ့သည့် သိုင်းပညာသီအိုရီများအား နားလည်အောင် ကြိုးစား၏။ 

ရွှီယန်၏ ရှင်းပြချက်အရ သူ၏ မူလအဆင့်မှ သီအိုရီများမှာ သိုင်းသခင်အဆင့်နှင့် ကိုက်ညီ၏။ သို့ပေမယ့် အဆင့်ကြီးတစ်ဆင့် ဖြတ်ကျော်ကာ စစ်ဘုရင်ကို အနိုင်ယူနိုင်လေသည်။ ထိုသို့ဆိုပါက ဤသည်မှာ သူတို့ကျင့်ကြံနေသည့် သိုင်းပညာထက် အစွမ်းထက်မနေပေဘူးလား။ 

ဖူယွင်ထန်းက လေပူများကို မှုတ်ထုတ်သည်။ ကိုယ့်ကိုယ်ကိုယ် ရေရွတ်၏။ 

“တစ်ခုခု ဖြစ်ပွားတော့မယ်လို့ ငါခံစားနေရတယ်။ ဒီလူတွေက သိုင်းပညာ ရူးသွပ်သူတွေပဲ။ သိုင်းပညာစွမ်းအားကို လိုက်လံရှာဖွေဖို့ ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူး”

ခုနစ်စင်ကြယ် အကယ်ဒမီမှ သိုင်းပညာ ပညာရှင်အားလုံးတို့သည် သိုင်းပညာအပေါ် အလွန် အစွဲအလန်း ကြီးကြ၏။ သူတို့အားလုံးတွင် အနက်ရှိုင်းဆုံးသော အသိပညာများ ရှိကြသည်။

အကယ်ဒမီကလည်း သူတို့အတွက် သုတေသန ပြုနိုင်ရန် ပြည့်စုံသည့် ပတ်ဝန်းကျင်ကောင်း တစ်ခုကို ထောက်ပံ့ပေးထား၏။ 

ထို့ကြောင့် ခုနစ်စင်ကြယ် အကယ်ဒမီတွင်သာ နေထိုင်ကာ မည်သည်၏ နှောင့်ယှက်ခြင်းကိုမှ ခံခြင်းမရှိပေ။ 

ထို့ကြောင့် တစ်ချိန်က အကယ်ဒမီကို ကြံစည်ခဲ့သည့် မင်းဆက်အား ဆုတ်ခွာနိုင်စေခဲ့ခြင်း ဖြစ်သည်။ 

ဖူယွင်ထန်းမှာ ပြဿနာများစွာ ခံစားနေရသည်။ သူ့အနေနှင့် ရွှီယန်ကို သိုင်းပညာ ပညာရှင်များနှင့် ဆွေးနွေးမည်အား အစကတည်းက တားဆီးခဲ့သင့်၏။ ယခုအချိန်၌ ဒီပညာရှင်များသည် အကယ်ဒမီမှ ထွက်ခွာကာ ရွှီယန်ကို လာရှာကြတော့မည် ထင်ရသည်။ 

“ငါ..

ရွှီယန်နဲ့ စကားပြောဖို့ လိုပြီ”

ဖူယွင်ထန်းက စဉ်းစားရင်းက သက်ပြင်းချသည်။ 

ရွှီယန်ကို ဖိနှိပ်ရန်မှာတော့…. ဤသည်မှာ ခုနစ်စင်ကြယ် အကယ်ဒမီ၏ စည်းမျဉ်းများကို ဆန့်ကျင်နေပြီး သူတို့အနေနှင့်လည်း လုပ်ဆောင်နိုင်မည့်ပုံ မရှိပေ။ 

ရွှီယန်သည် စစ်ဘုရင်များကို သတ်ဖြတ်ပြီးခဲ့တာ အချိန်တစ်ခု ကြာပြီးခဲ့ပါပြီ။ သူ၏ ခွန်အားတို့ ပိုမို မြင့်တက်လာပြီး ဖြစ်လောက်၏။ ရွှီယန်၏ ခွန်အားတို့ကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မှသာလျှင် သူတစ်ယောက်အနေနှင့် သူ၏ စွမ်းအားနှင့် ပုံမှန်မဆန်မှုကို နားလည်နိုင်ပေလိမ့်မည်။ 

ထို့နောက် နောက်ထပ် သတင်းတစ်ခု ရောက်ရှိလာခဲ့၏။ နတ်ဆိုးအရှင်သခင် ကိုးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ဟော်ထူက ရွှီယန်ကို ချန်းလန်ကျွန်းကျော်၌ သတ်ဖြတ်ရန် ကြေငြာခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ချန်းလန်ကျွန်းသို့ ရောက်ရှိပြီးနောက် ရွှီယန်ကို မတွေ့ခဲ့ရပေ။ အလွန် ဒေါသထွက်နေပြီး ရွှီယန်သာ ထွက်လာကာ အသေမခံပါက ချန်းလန်ကျွန်းကို ဖျက်ဆီးကာ ရွှီယန်နှင့် ပက်သတ်သူ အားလုံးတို့ကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်၏။ 

ဖူရွှမ်ထန်း၏ လက်ထဲတွင် ချန်းလန်ကျွန်းနှင့် ပက်သက်သည့် သတင်းတို့ ပါဝင်သည့် စာအိတ်တစ်ခု ရှိနေ၏။ 

“နတ်ဆိုးအရှင်သခင် ဟော်ထူနဲ့ အခြား အထွတ်အထိပ်

အဆင့် စစ်ဘုရင်နှစ်ယောက် ပေါင်းပြီး ရွှီယန်ကို သုတ်သင်ချင်တာပဲ။ ဝတ်စုံနက်နဲ့ လူတွေလား”

ခဏတာ စဉ်းစားပြီးနောက် ဖူယွင်ထန်းက စာပို့ငှက်တစ်ကောင်ကို ခေါ်ကာ စာတစ်စောင်ကို ရေးပြီး လွှတ်လိုက်သည်။ 

“ဒီလောက်စွမ်းအားကြီးတဲ့ အမှောင်အင်အားစုမျိုးက အတွင်းဘက်နယ်မြေ တစ်ခုလုံးမှာ အနည်းအကျဉ်းပဲ ရှိတယ်။ ဒီဝတ်စုံနက်တွေက ဘယ်သူ့အတွက် အလုပ်လုပ်နေတာပါလိမ့်”

ဖူယွင်ထန်းက အံ့ဩသွားသည်။ ဤသည်မှာ ရွှီယန်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရန်အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်၏။

All Chapters