← Chapters

သဟွအား တည်ထောင်ခြင်း၊ ဝူကျူ၏ နှလုံးသား(၂)

Vol. 19 Ch. 277

သဟွအား တည်ထောင်ခြင်း၊ ဝူကျူ၏ နှလုံးသား(၂)

Vol. 19 Ch. 277

ချီနိုင်ငံ၏ တော်ဝင်မြို့တော်ရှိ ဧကရာဇ်၏ စာဖတ်ခန်းတွင် ဧကရာဇ်ချီသည် စစ်မှန်သည့် သိုင်းပညာကို ကျင့်ကြံနေ၏။ သို့ပေမယ့် အမြန်နှုန်းက နှေးကွေးသည်။

ဘာပဲဖြစ်ဖြစ် သူသည် အသက်ကြီးရင့်နေပြီး ဖြစ်ကာ  အဖိုးတန်ဆေးပင်များ၏ အာဟာရ ဖြည့်ပေးမှုနှင့်ပင်လျှင် သိုင်းပညာ၏ ခက်ခဲမှုကို ခံစားရဆဲ ရှိသည်။

အထူးသဖြင့် အရိုးများကို စတင်သန့်စင်ချိန်တွင် ဖြစ်၏။ သည်းမခံနိုင်လောက်သည့် ယားယံမှုနှင့် နာကျင်မှုက သန်မာသော စိတ်ခွန်အားမရှိသည့် လူများအတွက် တောင့်ခံရန် ခက်ခဲလှပါသည်။

သိုင်းပညာမှာ လူတိုင်းကျင့်ကြံနိုင်သည့်အရာ မဟုတ်ပေ။ သို့ရာတွင် ဒီအတောအတွင်းတွင် အခက်အခဲများစွာတို့ကို ကြုံတွေ့ပြီးနောက် ဧကရာဇ်ချီ၏ စိတ်ခွန်အားက သိသာစွာ တိုးမြင့်လာခဲ့၏။ သူ့ကို ယခုအချိန်အထိ တောင့်ခံနိုင်စေခဲ့သည်။

သူသည် အရိုးများကို စတင်သန့်စင်ပြီး ဖြစ်၏။ သို့ပေမယ့် ဤသည်မှာ နှေးကွေးသည်ဟု ဆိုနိုင်ပါသည်။

မင်းသားများအကြားတွင် အကြီးဆုံးမင်းသားမှာ စိတ်ဆန္ဒ အပြင်းပြဆုံးဖြစ်ကာ သိုင်းပညာ ကျင့်ကြံရန်အတွက် အသင့်တော်ဆုံး ဖြစ်၏။ သူသည် အရိုးသန့်စင်သည့် နာကျင်မှုကို အလွယ်တကူ ဖြတ်ကျော်နိုင်ခဲ့သည်။

တတိယမင်းသားမှာ များစွာ ပိုမို အားနည်း၏။ သူသည် အရိုးသန့်စင်တိုင်းတွင် ပေါ်လာတတ်သည့် မသက်မသာ ရှိလှသည့် ခံစားမှုကို အချိန်ကြာရှည်စွာ သည်းခံနိုင်ခြင်းမရှိပေ။ ထို့ကြောင့် တိုးတက်မှုနှုန်းက နှေးကွေး၏။

ယခုအချိန်၌ အကြီးဆုံးမင်းသား၏ အရိုးများကို ကြေးအရိုးအထိ ကျင့်ကြံခဲ့ကာ ထိုအဆင့်ကို ပြည့်စုံစေပြီးဖြစ်သည်။ သူသည် ကိုယ်တွင်းအင်္ဂါ သန့်စင်မှုကို စတင်နေ၏။

ဘာပဲဖြစ်ဖြစ် အကြီးဆုံးမင်းသားသည် တုတ်ဖြင့် အကြိမ်ပေါင်းများစွာ ရိုက်နှက်ခံခဲ့ရ၏။ သူ၏ နာကျင်မှုကို ခံနိုင်သည့် စွမ်းရည်က ကျင့်သားရနေပြီး ဖြစ်ကာ အခြား ဇိမ်ခံမှုနှင့် စိတ်အလိုလိုက်မှုကို အသားကျနေသည့် မင်းသားများထက် များစွာ သာလွန်ပါသည်။

စာဖတ်ခန်းတွင် ကောရုန်ရှန်က ရောက်ရှိလာ၏။ သူ၏ လက်ထဲတွင် သေတ္တာလေးတစ်ခုကို ကိုင်ဆောင်ထားသည်။

"အကိုကော ဒီလောက်နောက်ကျနေပြီ။ ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ.."

ဧကရာဇ်ချီက သိလိုစွာမေးသည်။

ကောရုန်ရှန်က သေတ္တာလေးကို ဖွင့်ကာ စားပွဲပေါ်တွင် တင်၏။ အတွင်းထဲတွင် ကျောက်စိမ်းပုလင်း ၃ခုတို့ ပါရှိသည်။

"အရှင်မင်းကြီး... ဒါက ကျင့်ကြံဖို့အတွက် လိုအပ်တဲ့ ဆေးလုံးတွေပါ။ ဒါကတော့ အရိုးသန့်ရှင်းခြင်းဆေးလုံး၊ ဒါကတော့ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းဆေးလုံး ဖြစ်ပြီး ဒါကတော့ ချီနဲ့သွေးဆေးလုံး ဖြစ်ပါတယ်.."

ဧကရာဇ်ချီက သူ့ကိုမေးခွန်းထုတ်သည့် အကြည့်ဖြင့် ကြည့်၏။

ကောမိသားစု၏ ဆေးလုံးများအား ပိုင်ဆိုင်မှုကို သူသိပါသည်။ သို့ပေမယ့် ဤသည်မှာ ရွှီယန်က ပေးထားသည့်  ကိုယ်ပိုင် ပိုင်ဆိုင်မှုဖြစ်၏။ မည်သူမှ ကြံစည်ရဲခြင်း မရှိပေ။

ယနေ့တွင် ထိုဆေးလုံးများကို သူ့အား လာရောက် ပေးဆောင်နေသည်လား။

"အကိုကော... ဆွေးနွေးစရာ ကိစ္စတစ်ခုခုရှိရင် မင်းပဲဆုံးဖြတ်လိုက်ပါ။ ငါ့မှာ ငြင်းပယ်စရာ မရှိဘူး.."

ဧကရာဇ်ချီက ဂရုတစိုက်ဖြင့် ပြော၏။

ကောရုန်ရှန်က တည်ငြိမ်နေသည့် အသွင်ဖြင့် ဖြေညှင်းစွာ ပြောသည်။

"အပြင်ဘက်လောကက လူတွေက ငါ့ကို သူတော်ကောင်းတရားနဲ့ ပြည့်စုံတဲ့လူလို့ ခေါ်ကြတယ်။ ဒီလောက် မြင့်မားတဲ့ ဂုဏ်သတင်းနဲ့ဆိုတော့ ဖိအားကို ခံစားရတာပေါ့.. ဒါကြောင့် စိတ်ထဲမှာ အမြဲတမ်း စွန့်ပစ်ဒေသက လူတွေအတွက် လက်တွေ့ကျပြီး အသုံးဝင်တဲ့ ကိစ္စတစ်ခုကို လုပ်ဆောင်ပေးပြီး ငါတို့စွန့်ပစ်ဒေသကို စွမ်းအားကြီးလာစေချင်နေမိတယ်..."

ဧကရာဇ်ချီ၏ မျက်နှာက လေးနက်သွား၏။ ကောရုန်ရှန်ပြောသည်မှာ ချီနိုင်ငံမဟုတ်ပေ။ စွန့်ပစ်ဒေသကို ဖြစ်၏။

ဆိုလိုသည်မှာ သူ၏အမြင်သည် ချီနိုင်ငံတွင် ကန့်သတ်မနေတော့ပေ။ စွန့်ပစ်ဒေသ တစ်ခုလုံးသို့ ရောက်ရှိနေပြီးဖြစ်၏။

ကောရုန်ရှန်က ဆက်လက်ပြောသည်။

"စွန့်ပစ်ဒေသဆိုတာ အတွေးဘက်နယ်မြေက လူတွေ ငါတို့ကိုခေါ်တဲ့ အမည်သက်သက်ပဲ။ ငါတို့နေတဲ့ နေရာက ဝေးလံခေါင်သီပြီး ဖြစ်ထွန်းမှု မရှိဘူး။ အဲ့ဒါကြောင့်မလို့ စွန့်ပစ်ဒေသဆိုပြီးတော့ ခေါ်ဆိုကြတာ။ ဒါပေမယ့် ဒီနေရာမှာ ငါတို့တွေ အမြဲတမ်း နေသွားတော့မှာလား.."

"ငါ့ရဲ့သားမက် ရွှီကျွင်းဟယ်ဆိုရင် အတွင်းဘက်နယ်မြေကို ဝင်ရောက်ပြီးတော့ ဖွံ့ဖြိုးမှုတွေ လုပ်နေပြီ။ အတွင်းဘက်နယ်မြေမှာ နေရာတစ်ခုကို ရှာပြီးခဲ့ပြီ။ ငါတို့က ဘယ်လိုလုပ်ပြီး စွန့်ပစ်ဒေသမှာပဲ နေလို့ဖြစ်မှာလဲ.."

"ငါတို့စွန့်ပစ်ဒေသက လူတွေ အတူတူ ပူးပေါင်းပြီး အတွင်းဘက်နယ်မြေမှာ ခြေကုပ်တစ်ခုကို အခိုင်အမာရရှိအောင် ကြိုးစားရမယ်။ စွန့်ပစ်ဒေသရဲ့ သိုင်းပညာကို သိုင်းဘိုးဘေးက ဂရုဏာတရားနဲ့ လက်ဆင့်ကမ်းပေးခဲ့တာ.."

"ငါတို့တွေ သိုင်းဘိုးဘေးရဲ့ လမ်းစဉ်အပေါ်မှာ ရှေ့ဆက်လျှောက်ဖို့အတွက် ယုံကြည်မှု ထားရှိပြီး အတွင်းဘက်နယ်မြေကိုလည်း သိုင်းပညာကို ဖြန့်ကျက်ပေးသင့်တယ်.."

"အဲ့ဒါကြောင့် စွန့်ပစ်ဒေသတွေက လူတွေရဲ့ နှလုံးသားကို စုစည်းဖို့အတွက် ချီနိုင်ငံနဲ့ ဝူနိုင်ငံကို တစ်ခုတည်းအဖြစ် ပေါင်းစည်းရမယ်။ ပြီးတော့ ငါတို့ရဲ့ စွန့်ပစ်ဒေသကို ချောင်ကျပြီး မဖြစ်ထွန်းတဲ့ စွန့်ပစ်ဒေသအစား သဟွဆိုပြီးတော့ ပြောင်းလဲခေါ်တွင်မယ်.."

ထိုစကားကို ကြားရပြီးနောက် ဧကရာဇ်ချီက  ကဗျာကယာ မတ်တပ်ရပ်သည်။ သူ၏ မျက်နှာက ကြီးစွာပြောင်းလဲသွားပြီး အံ့သြစွာ အသံပြု၏။

"အကိုကော... မင်းငါ့ရဲ့ ချီနိုင်ငံကို ဖျက်ဆီးတော့မှာလား.."

"အရှင်မင်းကြီး ဘာလို့ ချီနိုင်ငံဆိုပြီး အရမ်းကြီး စိတ်စွဲနေမှာလဲ။ ဒါက စွန့်ပစ်ဒေသက သေးငယ်တဲ့ နိုင်ငံလေးတစ်ခုပဲလေ။ သဟွကမှ မှန်ကန်တဲ့ လမ်းကြောင်းဖြစ်တယ်။ အတွင်းဘက်နယ်မြေကို ဝင်ရောက်ပြီး အဲ့ဒီ့မှာ ခြေကုပ်တစ်ခု တည်ဆောက်တာကပဲ ကြီးမားတဲ့ အောင်မြင်မှု ဖြစ်တယ်.."

"ချီနိုင်ငံရဲ့ အမည်က ပျောက်ကွယ်သွားတာ ဖြစ်လိမ့်မယ်။ ဒါပေမယ့် အရှင်မင်းကြီးကတော့ အုပ်စိုးသူ ဖြစ်နေဦးမှာပါ.."

ကောရုန်ရှန်က ဧကရာဇ်ချီကို တည်ငြိမ်စွာ ကြည့်သည်။ စာဖတ်ခန်းအတွင်းတွင် အားလုံးက တိတ်ဆိတ်သွားခဲ့၏။

ဧကရာဇ်ချီ၏ မျက်နှာက အမျိုးမျိုးပြောင်းလဲနေပြီး တစ်ခုခုကို စဉ်းစားနေဟန် ရှိသည်။ ခဏအကြာ၌ အသက်ကို နက်ရှိုင်းစွာရှူပြီး ပြော၏။

"ဧကရာဇ်ဝူရော ဒီကိစ္စကို သဘောတူမှာလား.."

"သူ့သဘောတူမှာပါ.."

ကောရုန်ရှန်က တည်ငြိမ်စွာဖြင့် ဖြေ၏။

"ဒီကျယ်ပြောတဲ့မြေမှာ ချီတွေဝူ‌တွေ မရှိတော့ရင် ဘယ်လို အုပ်ချုပ်တော့မှာလဲ.."

ဧကရာဇ်ချီက လေးနက်စွာမေး၏။

"သဟွကို ပထမဆုံး တည်ထောင်ချိန်မှာ လောကကြီးကို အုပ်စိုးဖို့ ဧကရာဇ်၂ပါး ရှိလာလိမ့်မယ်။ မင်းကတော့ မြောက်ပိုင်းဧကရာဇ်ဖြစ်ပြီး ဧကရာဇ်ဝူက တောင်ပိုင်းဧကရာဇ် ဖြစ်လိမ့်မယ်။ မြောက်နဲ့တောင်အကြား ကြားစေ့ဖို့အတွက် ကောင်စီတစ်ခုကို ဖန်တီးဖို့ ငါစီစဉ်ထားတယ်။ ငါက ကောင်စီရဲ့ ပထမ မဟာအကြီးအကဲ အဖြစ် တာဝန်ယူမယ်.."

ကောရုန်ရှန်က သူ၏သဘောထားကို ထုတ်ဖော်ပြောကြားသည်။ ဧကရာဇ်ချီကို အချက်အလက် စာရွက်အား ထုတ်ပေးကာ ကြည့်စေ၏။

ဧကရာဇ်ချီက အတွေးနက်သွားသည်။ ကောရုန်ရှန်မှာ ပုန်ကန်ခြင်း မပြုပေ။ သူသည် အတွင်းဘက်ကောင်စီ၏ မဟာအကြီးအကဲ ဖြစ်လာလို၏။

သဟွတွင် ဧကရာဇ်၂ပါးရှိပြီး တောင်နှင့်မြောက်ကို အုပ်စိုးကာ သူက အလယ်တွင် ကြားစေ့ပေးမည် ဖြစ်၏။  သူ၏နေရာမှာ ဧကရာဇ်နှစ်ပါး၏ အထက်တွင် ရှိနေပါသည်။

ဧကရာဇ်ဝူမှာ သူ့ထက် ပိုမိုငယ်ရွယ်ကာ ရည်မှန်းချက်ကြီးမား၏။ ထိုကိစ္စကို သဘောတူမည်လား....

အချက်အလက်များကို ဖတ်ကြားရင်းက ဧကရာဇ်ချီတစ်‌ယောက် စဉ်းစားနေပါသည်။ ဧကရာဇ်ဝူကို  တိတ်တဆိတ် ဆက်သွယ်ရမည်လား။

စာကို ဖတ်ကြည့်ပြီးနောက် ဧကရာဇ်ချီမှာ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွား၏။

"သဟွက ငါတို့လူတွေရဲ့ နှလုံးသားကို ပေါင်းစည်းလာစေလိမ့်မယ်။ စွန့်ပစ်ဒေသဆိုတဲ့ နာမည်က ကျယ်ကျယ်ပြန့်ပြန့် လူသိမများသေးဘူး။ ငါတို့တွေ ဒီအခွင့်အရေးကိုယူပြီး သဟွဆိုတဲ့ အမည်ကို တည်ဆောက်ရမယ်။ ငါတို့အားလုံးက သဟွရဲ့လူတွေပဲ။ သဟွက လောကကြီးရဲ့ မူလအစကို ကိုယ်စားပြုတယ်။ ဒါ့ကြောင့်မို့လို့ ငါတို့တွေက စစ်မှန်တဲ့ ဆက်ခံသူတွေပဲ.."

ကောရုန်ရှန်က ပြော၏။

"အရှင်မင်းကြီး... ဒါက ရှောင်လွှဲလို့မရတဲ့  လမ်းကြောင်းတစ်ခုပါ.."

ဧကရာဇ်ချီက လေပူများကို မှုတ်ထုတ်သည်။ သူ့အနေနှင့် ဆန့်ကျင်နိုင်စွမ်း မရှိတာကို သိ၏။ သိုင်းပညာ၏ ထွက်ပေါ်လာမှုနှင့်အတူ အနှိုင်းမဲ့သည် အင်အားစုတို့က ထိုလားရာအတိုင်း ရွေ့လျားသွားမှာ ဖြစ်၏။

ကောရုန်ရှန်နှင့် ရွှီကျွင်းဟယ်တို့က ထိုကိစ္စကို နောက်ကွယ်မှ တွန်းပို့နေတာ ဖြစ်ပေလိမ့်မည်။

တကယ်တော့ ဧကရာဇ်ချီသည် သဟွ၏ တည်ထောင်မှုမှာ ရွှီကျွင်းဟယ်၏ အကြံအစည် ဖြစ်မည်ဟု သံသယဝင်မိ၏။

"သဟွကို စတင်တည်ထောင်ချိန်မှာ တောင်ဧကရာဇ်နဲ့ မြောက်ဧကရာဇ်ဆိုပြီးတော့ ဧကရာဇ်နှစ်ပါး ရှိလိမ့်မယ်။ အဲ့ဒါဆိုရင် တောင်နဲ့မြောက်ကို အမြဲတမ်း ပိုင်းခြားထားမှာလား.."

ဧကရာဇ်ချီက နက်ရှိုင်းသည့်အသံဖြင့် မေး၏။

"သဟွရဲ့ ဒုတိယမျိုးဆက် ဧကရာဇ်ကို ချီနိုင်ငံရဲ့ ဝူနိုင်ငံရဲ့ မူလတော်ဝင် မျိုးဆက်တွေကနေပြီးတော့ ရွေးချယ်မယ်။ သဟွလူထုရဲ့ ထောက်ခံမှုကို အများဆုံးရပြီး ကောင်စီရဲ့ အသိအမှတ်ပြုမှုကို ရတဲ့သူက သဟွရဲ့ နောက်ဧကရာဇ် ဖြစ်လာလိမ့်မယ်.."

ကောရုန်ရှန်က တည်ငြိမ်စွာဖြင့် ဖြေကြား၏။

ဧကရာဇ်ချီက တိတ်ဆိတ်သွားသည်။ ထိုသို့ဆိုပါက  သဟွ၏ ဧကရာဇ်မှာ အမည်ခံ အုပ်စိုးသူတစ်ယောက်သာဖြစ်ပြီး ကောင်စီ၏ ထိန်းချုပ်ကန့်သတ်မှုကို ခံနေရမှာပါ။ အရာအားလုံးကို စစ်မှန်စွာ အုပ်စိုးနိုင်ခြင်း မရှိပေ။ ဤသည်မှာ မျှခြေတစ်ခု ဖြစ်၏။

ကောရုန်ရှန်၏  တည်ငြိမ်သည့် အသွင်အပြင်ကိုကြည့်ကာ ဧကရာဇ်ချီက အံကြိတ်ပြီး ပြောသည်။

"အစ်ကိုကော... ငါတို့တွေက သွေးသောက် ညီအကိုတွေပဲ။ ဒါ့ကြောင့်မို့လို့ ကျေးဇူးပြုပြီး ချီနိုင်ငံရဲ့ တော်ဝင်မိသားစုကို ကြည့်ရှူ့ပေးပါ.."

"အရှင်မင်းကြီး စိတ်ချပါ... ချီနိုင်ငံဘက်မှာ ကျွန်တော်ရှိပါတယ်.."

ကောရုန်ရှန်က ခေါင်းငြိမ့်သည်။

"ဧကရာဇ်ဝူသာ မငြင်းဘူးဆိုရင် ငါလက်ခံတယ်။ ငြင်းဆန်စရာမရှိဘူး.."

ဧကရာဇ်ချီက လေးနက်စွာ ပြောသည်။

"အရှင်မင်းကြီးစိတ်ချပါ... ဧကရာဇ်ဝူ မငြင်းပါဘူး.." ကောရုန်ရှန်က ပြော၏။

ရက်အနည်းငယ်ကြာပြီးနောက် သတင်းတစ်ခုသည် စွန့်ပစ်ဒေသ တစ်ခုလုံး၌ ပျံ့နှံ့သွား၏။ ဧကရာဇ်ဝူက ဝူနိုင်ငံဟူသည့် အမည်ကို ဖျက်သိမ်းကာ ချီနိုင်ငံနှင့် ပေါင်းစပ်ပြီး သဟွကို တည်ထောင်မည်ဟု ကြေငြာ၏။

နောက်တစ်နေ့တွင် ဧကရာဇ်ချီကလည်း ချီနိုင်ငံဟူသည့် အမည်ကို ဖျက်သိမ်းကာ ဝူနိုင်ငံနှင့် ပေါင်းစည်းပြီး သဟွကို တည်ထောင်မည်ဟု ဆို၏။

ဤနည်းအားဖြင့် သဟွကောင်စီကို တည်ထောင်ကာ  ကောရုန်ရှန်က အကြီးအကဲခေါင်းဆောင် ဖြစ်လာခဲ့သည်။

တစ်ချိန်တည်းတွင် ဝူနိုင်ငံရှိ အရေးကြီးသည့် အမတ်ကြီးများစွာတို့လည်း ကောင်စီတွင် ဝင်ရောက်လာပြီး အဖွဲ့ဝင်များ ဖြစ်လာကြ၏။

တစ်ချိန်တည်းတွင် ချီနိုင်ငံ၏ စစ်တပ်ကို သဟွရှန်းဝိန်စစ်တပ်ဟု ပြန်လည်ခေါ်ဆိုကာ ကောင်စီ၏ အမိန့်အောက်သို့ ရောက်ရှိသွားသည်။ ၎င်းတွင် သဟွကို စည်းမျဉ်းတည်ဆောက်ရန် စွမ်းအားရှိပြီး သဟွကို ကာကွယ်ရန် တာဝန်ရှိ၏။

ဝူနိုင်ငံ၏ မူလ ထန်းရွှမ်အစောင့်များကိုလည်း ထန်းရွှမ်စစ်တပ်ဟု နာမည်ပြောင်းကာ သဟွကောင်စီ၏ လက်အောက်သို့ ရောက်လာခဲ့၏။ ၎င်းသည် ရှန်းဝိန်စစ်တပ်နှင့် ညီတူသည့် အခွင့်အာဏာနှင့် တာဝန်များရှိ၏။

ပြီးနောက် သဟွကောင်စီက စည်းမျဉ်းအသစ်များကို ထုတ်ပြန်သည်။ သဟွရှိ သိုင်းသမားအားလုံးတို့သည် သဟွသိုင်းဘိုးဘေးအပေါ် လေးစားရမည်ဖြစ်ပြီး သဟွသိုင်းပညာ၏ ဂုဏ်သတင်းကို မြှင့်တင်ကြရမည်ဖြစ်သည်။

သဟွသိုင်းလောကအတွက် စည်းမျဉ်းများစွာတို့ကို တည်ဆောက်ပြီး တစ်ချိန်တည်းတွင် သဟွရှိ လူများ၏ ခွန်အားကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် လူတိုင်းအား သိုင်းပညာ ကျင့်ကြံနိုင်စေ၏။

စွန့်ပစ်ဒေသတွင် သိုင်းပညာက ကျယ်ကျယ်ပြန့်ပြန့်  ပျံ့နှံ့သွားခဲ့သည်။ သဟွကို တောင်နှင့်မြောက်ဟူ၍ ပိုင်းခြား၏။ ချီနိုင်ငံ၏ ဧကရာဇ်မှာ ချီမြို့တော်တွင်သာ ရှိနေသေးပြီး ဝူနိုင်ငံ၏ ဧကရာဇ်မှာ ဝူမြို့တော်တွင်သာ ရှိနေသေးသည်။

နှစ်ယောက်စလုံးမှာ တစ်ယောက်နှင့်တစ်ယောက် ဝင်ပါခြင်း မရှိကြပေ။ သဟွကောင်စီသာလျှင် နိုင်ငံနှစ်ခုလုံး၏ အရေးကိစ္စများကို ကိုင်တွယ်၏။

စွန့်ပစ်ဒေသတွင် ခေတ်သစ်တစ်ခု ရောက်ရှိလာခဲ့ပါပြီ။ လူတိုင်းသည် သိုင်းသမားဖြစ်လာရန် မျှော်လင့်ကြပြီး သိုင်းဘိုးဘေး၏ သင်ကြားမှုအတွက် ကျေးဇူးတင်ကာ သဟွ၏ မြင့်တက်မှုအတွက် ရည်မှန်းကြသည်။

တဖြည်းဖြည်းနှင့် သဟွ၌ စကားတစ်ခု ပျံ့နှံ့လာခဲ့၏။

"အတွင်းဘက်နယ်မြေဆိုတာ အတွင်းဘက်နယ်မြေက လူတွေအတွက်ပဲ မဟုတ်ဘူး။ ငါတို့သဟွက လူတွေလည်း အဲ့ဒီ့မှာ နေရာတစ်ခု ရှိသင့်တယ်.."

"သဟွက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ မူလနယ်မြေပဲ။ ငါတို့သဟွက လူတွေကသာ လောကကြီးရဲ့ မှန်ကန်တဲ့ မျိုးဆက်တွေ ဖြစ်တယ်.."

ထယ်ရှန်းနိုင်ငံတွင် လီရွှမ်သည် ထန်းပေါင်စံအိမ် အတွင်းမှ လျှောက်ထွက်လာခဲ့၏။ ထန်းပေါင်စံအိမ်မှာ အမှန်တတယ်ကို စီးပွားရေးကို မည်ကဲ့သို့ လုပ်ရမည်အား နားလည်လှသည်ဟု ခံစားရသည်။ အတွင်းဘက်နယ်မြေ၏ အဓိက အဖွဲ့အစည်းကြီး ပီသလှ၏။

ချန်ချင်းစံအိမ်သို့ ပြန်ရောက်ကာ ကုလားထိုင်ပွဲတွင် ထိုင်ပြီးနောက် ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

"သင်ဖန်တီးထားသည့် သိုင်းပညာသည် သဟွတွင်  ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့သည်။ သင်သည်  သဟွ၏ သိုင်းဘိုးဘေးအဖြစ် လေးစားကိုးကွယ်ခြင်းကို ခံရ၏။ သင်သည် သိုင်းဘိုးဘေး၏ နှလုံးသားနှင့် အသွင်အပြင်ကို ရရှိသည်.."

လီရွှမ်က ချက်ချင်းပင် အံ့သြသွားပြီး စွန့်ပစ်ဒေသဘက်သို့ ခေါင်းလှည့်ကြည့်သည်။ ယခုမျှကြီးမားသည့် ပြောင်းလဲမှုတို့  ဖြစ်ပွားခဲ့သည်လား။

"သဟွ.."

နောက်ဆုံးတော့ စွန့်ပစ်ဒေသ ပေါင်းစည်းသွားပြီလား...

'သိုင်းဘိုးဘေးနှလုံးသား..."

လီရွှမ်က အလွန် စိတ်လှုပ်ရှားလာခဲ့သည်။

ရွှေလက်ချောင်းက အဘယ်ကြောင့် တန်ပြန်အကျိုးပြုမှု ပေးတာလဲ ဟူသည်ကို သူ့အနေနှင့် အနည်းငယ် နားလည်လာခဲ့၏။

စွန့်ပစ်ဒေသသည် သိုင်းပညာ ပျံ့နှံ့သွားပြီးနောက်  ခေတ်သစ်တစ်ခုသို့ ရောက်သွားခဲ့သည်။ သိုင်းပညာမှာ လူတိုင်း မျှော်လင့်တောင့်တသည့်အရာ ဖြစ်လာပြီး သူ့ကိုလည်း သဟွ၏ သိုင်းဘိုးဘေးအဖြစ် ကိုးကွယ်ကြ၏။

သိုင်းဘိုးဘေးနှလုံးသားသည် သိုင်းပညာများကို တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်သည့် စွမ်းရည်ရှိပြီး သိုင်းပညာအသစ် ဖန်တီးသည့် စွမ်းရည်ကို တိုးမြင့်လာစေသည်။

ခွန်အားအဆင့် ပိုမိုမြင့်မားလေလေ သိုင်းဘိုးဘေးနှလုံးသား၏ စွမ်းအားကို ပိုမိုအားကောင်းစွာ ပြသနိုင်လေ ဖြစ်သည်။

သိုင်းဘိုးဘေး၏ အသွင်အပြင်မှာတော့ သူဖန်တီးထားသည့် သိုင်းပညာကို ကျင့်ကြံသည့် သိုင်းသမားအားလုံး သူ့ကို ဦးညွှတ်ကာ လေးစားကြမည် ဖြစ်သည်။ နှလုံးသားအောက်ခြေမှ တရိုတသေ ရှိကြ၏။

"ဒါက ကိစ္စအကြီးကြီးပဲ။ အခုဆိုရင် ငါသိုင်းဘိုးဘေးတစ်ယောက် အမှန်တကယ် ဖြစ်လာခဲ့ပြီ.."

လီရွှမ်က အနည်းငယ် အံ့သြသွားသည်။ သဟွ၏ တည်ထောင်မှုကို ရွှီကျွင်းဟယ်၏ အကြံအစည် ဖြစ်မည်ဟု ခံစားရ၏။

All Chapters