← Chapters

အထွတ်အထိပ် စစ်ဘုရင်တို့ ပေါ်ပေါက်လာမှု

Vol. 19 Ch. 278

အထွတ်အထိပ် စစ်ဘုရင်တို့ ပေါ်ပေါက်လာမှု

Vol. 19 Ch. 278

သဟွ၏ တည်ထောင်မှသည် ရွှီကျွင်းဟယ်၏ ကြိုးစားအားထုတ်မှုများဖြင့် အမှန်တကယ် အကောင်အထည် ပေါ်လာခဲ့၏။ လီရွှမ် ခဏတာ အာရုံစိုက်လိုက်ချိန်၌ ချန်ချင်းစံအိမ် အတွင်းရှိ ရွှီကျွင်းဟယ်နှင့် ခုံရော့ကျစ်တို့၏ ပြောစကားများကို ကြားလိုက်ရသည်။

နှစ်ယောက်သားသည် အတွင်းဘက်နယ်မြေ၌ မည်ကဲ့သို့ ခြေကုပ်တစ်ခု ရယူနိုင်ရန် ဆွေးနွေးနေကြ၏။

ထယ်ရှန်းမြို့မှာ ယွဲ့နိုင်ငံ လန်းဖင်ဒေသ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ၎င်းသည် အတွင်းဘက်နယ်မြေတွင် သဟွ၏ အခြေခံတစ်ခု ရယူမည့် ပထမဆုံး စိန်ခေါ်မှု ဖြစ်၏။

သဟွ၏ အစပိုင်း တည်ထောင်မှုသည် စွမ်းအားကြီးထည်ဝါခြင်း မရှိသေးပေ။ သိုင်းသမား တစ်ရာပင် မပြည့်ခဲ့ပါ။

ယွဲ့နိုင်ငံ၏ ဖိနှိပ်ခြင်းကို ခုခံရန် ခက်ခဲလှ၏။ ထို့ကြောင့် နှစ်ယောက်သားအနေနှင့် ဖြည်းဖြည်းချင်း သတိဖြင့် ရှေ့ဆက်လျှောက်ရန် လိုအပ်ကြောင်းကို နားလည်လာကြသည်။ သဟွ၏ အမည်အား ကျော်ကြားလာအောင် မလုပ်သေးပဲ အင်အားတောင့်တင်းမှုကို စောင့်စား၏။

“အစ်ကိုရွှီ.. ဒါကို လောကကြီးရဲ့ စတင်မှုလို့ ပြောပြီး စွန့်ပစ်ဒေသကို မူလနယ်မြေသို့ ပြောတာက အတွင်းဘက်နယ်မြေက လူတွေစိတ်ကို ဆွပေးသလို ဖြစ်မှာပေါ့။ ဒီကစားပွဲက ကြီးလွန်းသွားပြီ မလား”

ခုံရော့ကျစ်က စိုးရိမ်မှုအချို့ဖြင့် ပြော၏။

ဤသည်မှာ အစက ဝေးလံခေါင်သီကာ ချောင်ကျသည့် စွန့်ပြစ်ဒေသတစ်ခု ဖြစ်သည်။ သို့ပေမယ့် နောက်ဆုံးတွင် လောကကြီး၏ စတင်မှုဟု ဆိုကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ မူလနယ်မြေဟု ကြေငြာခြင်းက အတွင်းဘက်ဒေသကို ရန်စသလို မဖြစ်ပေဘူးလား။

အစပိုင်းတွင် သဟွနှင့် ယွဲ့နိုင်ငံတို့အကြား ပွဲကို ထိုင်ကြည့်ရန် စိတ်ကူးထားသူများပင် သဟွကို ဆန့်ကျင်လာကြလောက်သည်။

သို့ရာတွင် ရွှီကျွင်းဟယ်က အနည်းငယ်သာ ပြုံးရင်းက ပြောသည်။

“မင်းပြောတာ မှန်တယ်။ ဒါပေမယ့် ငါပြောတဲ့ သဟွဆိုတာ စွန့်ပြစ်ဒေသပဲ မဟုတ်ဘူး။ အတွင်းဘက်နယ်မြေကလည်း သဟွ ဖြစ်နိုင်တာပဲ။ မဟုတ်ဘူးလား”

ခုံရော့ကျစ်၏ ပါးစပ်က တွန့်ကွေးသွားသည်။

“အဲ့လိုဆိုလည်း အတွင်းဘက်နယ်မြေက လက်ခံဖို့ လိုအပ်သေးတယ်မလား”

“သဟွသိုင်းပညာစနစ်ကို ကျင့်ကြံတဲ့လူတွေ ပိုများလာတာနဲ့အမျှ သဘောတူထောက်ခံသူတွေ များလာမှာပဲ။ ဒါက အချိန်တစ်ခုပဲ လိုမှာ”

ရွှီကျွင်းဟယ်က အားတက်သရော ပြော၏။

သူတို့၏ ဆွေးနွေးမှုကို နားထောင်နေသည့် လီရွှမ်က ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။ သဟွ၏ အတွင်းဘက်နယ်မြေသို့ ဒီစတင်ဝင်ရောက်မှုသည် သိုင်းလောကအတွက် မုန်တိုင်းတစ်ခုအား ဆောင်ကျဉ်းလာမှာ ဖြစ်၏။

တိုက်ပွဲတစ်သုတ်လောက် ပြီးပါက သူတို့သာ သဟွသိုင်းပညာကို အတွင်းဘက်နယ်မြေ၏ သိုင်းပညာထက် ပိုမိုသန်မာကြောင်း သိလာပါက အတွင်းဘက်နယ်မြေရှိ လူငယ်များ၏ သိုင်းပညာအပေါ် တောင့်တမှုကို စိတ်ကူးကြည့်လို့ ရပါသည်။ ရွေးချယ်စရာ နှစ်ခုအကြားတွင် သဟွသာလျှင် နံပါတ်တစ် ဖြစ်လာမှာ ဖြစ်၏။

လူသားများသည် သိုင်းပညာကို အဘယ်ကြောင့် ကျင့်ကြံကြသနည်း။ ခွန်အားအတွက်၊ ပိုမိုအသက်ရှည်ရန် အတွက်ပင် မဟုတ်ပါလား။ မည်သူမှ စွမ်းအားကြီးမားသည့် သိုင်းပညာကို စွန့်လွှတ်ကာ အားနည်းသည့် သိုင်းပညာကိုသာ သင်ယူလိုကြမှာ မဟုတ်ပေ။

ထို့ကြောင့် သိုင်းပညာနှစ်ခုအကြား အားပြိုင်ခြင်း အဆင့်တွင် အတွင်းဘက်နယ်မြေအား မုန်တိုင်းထန်လာစေမှာ ဖြစ်သည်။ သို့ပေမယ့် ထိုမုန်တိုင်းသည် သူနှင့် ဝေးကွာလွန်းလှ၏။ ရေတိုအတွင်း မည်သည့်ကိစ္စမှ ရောက်လာဦးမည် မဟုတ်ပေ။

ယခုအချိန်၌ သဟွမှာ အလွန် အားနည်းနေသေး၏။ ယခုအချိန်၌ သိုင်းသမား တစ်ရာဝန်းကျင်သာ ရှိသေးသည်။

“အတွင်းဘက်နယ်မြေ တစ်ခုလုံးသာ သဟွဖြစ်လာခဲ့ရင် ငါဖန်တီးထားတဲ့ သိုင်းပညာက တည်ရှိနေဆဲ သိုင်းပညာနေရာမှာ အစားထိုးသွားမှာ။ ဒါဆို ဘယ်လို တန်ပြန်အကျိုးပြုမှုတွေကို ရလာနိုင်မလဲ”

လီရွှမ်က ထိုအကြောင်းကို စဉ်းစားသည်။ မနေနိုင်ပဲ မျှော်လင့်နေမိ၏။

ရွှီကျွင်းဟယ်၊ ခုံရော့ကျစ်၊ ကောရုန်ရှန်၊ ဧကရာဇ်ချီနှင့် ဧကရာဇ်ဝူတို့မှာ အရူးများ မဟုတ်ကြပေ။ သဟွမှာ အားနည်းပြီး အတွင်းဘက်နယ်မြေနှင့် အလောတလျှင် ရင်ဆိုင်နိုင်ခြင်း မရှိသေးကြောင်းကို နားလည်ပါသည်။ အဲ့ဒီအစား နည်းနည်းချင်းစီ တိုးဝင်ကာ တဖြည်းဖြည်း ကိုယ့်ကိုယ်ကိုယ် မြှင့်တင်မည် ဖြစ်၏။

ရွှီယန်နှင့် မုန့်ချုံတို့မှာ သဟွသိုင်းပညာ၏ ကိုယ်စားလှယ်များ ဖြစ်လာမှာ အသေအချာ ဖြစ်သည်။

သူတို့နှစ်ယောက် ပိုမို ကျော်ကြားလေလေ ပိုမိုများပြားသည့် သိုင်းပညာရှင်များအား သဟွသိုင်းပညာစနစ်သို့ ဆွဲယူနိုင်လေ ဖြစ်သည်။

သဟွ၏ တည်ထောင်မှုနှင့် ချန်ချင်းစံအိမ်၏ ရောက်ရှိလာမှုကြောင့် ထယ်ရှန်းမြို့၏ တိတ်ဆိတ်သည့် ပြောင်းလဲမှုတို့ကို ရွှီယန်နှင့် မုန့်ချုံတို့ကတော့ သိရှိခြင်း မရှီပါ။ သူတို့သည် စိတ်ဝိညာဉ်ဆေးပင်များ၏ နေရာသို့ သွားရောက်နေကြ၏။

သုံးယောက်သား နောက်ဆုံးတွင် ရတနာနယ်မြေ၏ အပြင်ဘက်သို့ ရောက်ရှိလာကြသည်။

“စီနီယာအစ်ကိုရွှီ.. ရှေ့က တောင်လွှားကို တွေ့လား။ အဲ့မှာ နက်ရှိုင်းတဲ့ ကန်တစ်ခုနဲ့ တောင်ကြားတစ်ခု ရှိတယ်။ တောင်ကြားထဲမှာ စိတ်ဝိညာဉ်စွမ်းအင်တွေ စုစည်းနေပြီး စိတ်ဝိညာဉ်ဆေးပင်တွေ ကြီးထွားနိုင်တဲ့ ရတနာနယ်မြေတစ်ခု ဖြစ်တည်လာခဲ့တာ”

“ကန်ထဲက ရေက မြေအောက်ကနေ ထွက်လာပြီး မြေကမ္ဘာရဲ့ စိတ်ဝိညာဉ်စွမ်းအင်နဲ့ ကြွယ်ဝတယ်။ အဲ့ဒါက ဆေးပင်တွေ ကြီးထားဖို့အတွက် ပိုသင့်တော်လာစေတယ်။ တောင်ကြားထဲက တောင်ကမ်းပါးတွေမှာ ဝတ်စုံနက်တွေ နေကြတယ်”

“အဲ့တောင်ကမ်းပါးဂူတွေထဲက တစ်ခုမှာ အဆင့်ငါး စိတ်ဝိညာဉ်ဆေးပင်တစ်ပင် ပေါက်ရောက်နေတယ်လို့ ကျွန်တော်ထင်တယ်။ ပြီးတော့ တောင်ကမ်းပါးဂူတွေ အားလုံးထဲမှာ ဆေးပင်တွေ ပေါက်ရောက်နေတာ ဂူတစ်ခုတည်း ဖြစ်မယ်မထင်ဘူး။ ဖြစ်နိုင်တာက အဆင့်ငါး စိတ်ဝိညာဉ်ဆေးပင် တစ်ခုထက်ပိုပြီး ရှိနေနိုင်တယ်”

မုန့်ရှူရှူက ရှေ့ရှိ တောင်ကြောကို လက်ညှိုးထိုးကာ ပြော၏။

“ဒါသာ ဝတ်စုံနက်တွေရဲ့ စခန်း တကယ်ဖြစ်ရင် စွမ်းအားကြီး သိုင်းသမားတွေ အများအပြား ရှိနေမှာ။ ငါတို့တွေ သတိကြီးကြီးထားဖို့ လိုအပ်တယ်။ တစ်ယောက်မှ မလွတ်သွာားစေနဲ။ ပြီးတော့.. ဒါက သူတို့ရဲ့ အကိုင်းအခွဲတစ်ခုလေးပဲ ဖြစ်တယ်ဆိုရင် ဘာသတင်းမှ ပို့လို့မရအောင် လုံးဝ ပိတ်ဆို့ထားရမယ်”

ရွှီယန်က နက်ရှိုင်းသည့် အသံဖြင့် ပြော၏။

“စာပို့ငှက်တွေကို သတ်တာက သူတို့ရဲ့ ဆက်သွယ်ရေးကို ပြတ်တောက်သွားစေမှာ။ ဒါပေမယ့် အဲ့ငှက်တွေက အရမ်းမြန်ပြီး အာရုံခံနိုင်စွမ်း ကောင်းတယ်။ သူစိမ်းတွေ ချည်းကပ်မလာခင်မှာတင် အဝေးကို ပျံထွက်သွားပြီး ဖြစ်နေတတ်တယ်”

“ဒါက အဓိကအင်အားစုကြီးတွေ အသုံးပြုတဲ့ နည်းလမ်းတွေထဲက တစ်ခုဆိုတော့လေ”

မု့န်ရှူရှူက မျက်မှောင်ကြုတ်သွားသည်။

ရွှီယန်နှင့် မုန့်ချုံတို့လည်း မနေနိုင်ပြ မျက်မှောင်ကြုတ်သွားကြ၏။ ဆက်သွယ်ရေးကို ဖြတ်တောက်ရန်မှာ စာပို့ငှက်များကို သတ်ဖြတ်ရန် လိုအပ်ပါသည်။ သို့ပေမယ့် ၎င်းတို့ကို သတ်ဖြတ်ရန်လုပ်ပါက ဝတ်စုံနက်များက သေချာပေါက် တားဆီးလာမှာပါ။

အတားအဆီးသာ ကြုံရပါက ငှက်အားလုံးတို့ကို သုတ်သင်နိုင်မည် မဟုတ်ပေ။ ထို့အပြင် ငှက်များကို မည်သည့်နေရာ၌ ဝှက်ထားလဲ ဟူသည်ကို သိရှိခြင်း မရှိပါ။

“အဲ့ငှက်တွေကို ဆွဲဆောင်နိုင်တာ တစ်ခုခုများ ရှိလား”

“စာပို့ငှက်တွေက ပုံမှန်ဆို စိတ်ဝိညာဉ် အစေ့တွေကို စားကြတယ်။ ဒါပေမယ့် သူတို့ကို အမည်မသိ အစေ့မျိုးနဲ့ ဆွဲဆောင်ဖို့က မဖြစ်နိုင်လု နီးပါးပဲ။ ဒီငှက်တွေက မရင်းနှီးတဲ့ စိတ်ဝိညာဉ်အစေ့တွေကို မစားဘူး”

မုန့်ရှူရှူက ခေါင်းကိုယမ်းသည်.

ရွှီယန်က ခဏတာ ရပ်တန့်သွား၏။ သေးငယ်သည့် ပုလင်းလေးတစ်ခုကို ထုတ်သည်။ ဆေးလုံးအချို့ကို သွန်ထုတ်လိုက်၏။

“ဒီဆေးလုံးတွေကရော ငှကတွေကို ဆွဲဆောင်နိုင်မယ် ထင်လား”

“ဒါက…”

လက်ဝါးပေါ်ရှိ ဆေးလုံးများကို ကြည့်ကာ မုန့်ရှူရှူ၏ မျက်လုံးများက လင်းလက်သွားသည်။ သို့ပေမယ့် ငှက်များကို ဆွဲဆောင်နိုင်မည်လားဟု မသေချာစွာ ရှီနေ၏။

“စမ်းကြည့်ရအောင်.. ဂျူနီယာညီမ ပြောတာတော့ ဒီဆေးလုံးက တောင်မြိုဖားကို ဆွဲဆောင်နိုင်လောက်တယ်တဲ့။ ဖားကို ဆွဲဆောင်နိုင်ရင် ငှက်ကိုလည်း ဘာလို့ မဆွဲဆောင်နိုင်ရမှာလဲ”

ရွှီယန်က စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏ လက်ထဲရှိ ဆေးလုံးများမှာ စုလင်းရှုံ ကျင့်ကြံရင်းနှင့် ဖန်တီးထားသည်ထဲမှ တစ်မျိုးဖြစ်၏။

၎င်းတွင် စိတ်ဝိညာဉ်သားရဲများကို ဆွဲဆောင်နိုင်သည့် အာနိသင်ရှိပြီး တောင်မြိုဖားကို ပုန်းအောင်းရာမှ ထွက်လာစေနိုင်သည်။ ၎င်းမှာ သိုလှောင်အိတ် ပြုလုပ်ရန်အတွက် အဓိကကုန်ကြမ်း ဖြစ်၏။

ရွှီယန်က ထိုဆေးလုံးများကို ယူဆောင်ခဲ့၏။ ဖြစ်နိုင်သည်မှာ သွားရင်းလာရင်း တောင်ဖြိုဖားတစ်ကောင်ကောင်ကို ဖမ်းမိလာနိုင်၏။

သုံးယောက်သား သတိဖြင့် ရှေ့သို့ တက်သွားကြသည်. တောင်မှ မိုင်၂၀အကွာသို့ ရောက်ရှိပြီးနောက် မုန့်ချုံနှင့် မုန့်ရှူရှူတို့က နေရာတွင် ရပ်တန့်သွားပြီး ရွှီယန်တစ်ယောက်တည်းသာ အသံမပေးပဲ ချည်းကပ်သွားသည်။

တောင်ကြား၏ အပြင်ဘက်တွင် သင့်တော်သည့် နေရာတစ်ခုကို တွေ့ရပြီး ဆေးလုံးတစ်လုံးကို ခြေလိုက်၏။ ထူးဆန်းသည့် ရနံ့တစ်ခု လေထဲတွင် ပျံ့လွင့်လာခဲ့သည်။

ထိုရနံ့သည် မြက်ပင်၊ သစ်ပင်များ၏ ရနံ့နှင့် ရောထွေးသွားပြီး လူသားတို့၏ နှာခေါင်းတွင် မသိသာကာ တောင်ကြားအတွင်းရှိ လူများကို သတိဝင်မလာစေလောက်ပေ။

All Chapters