← Chapters

အထွတ်အထိပ် စစ်ဘုရင်တို့ ပေါ်ပေါက်လာမှု(၂)

Vol. 19 Ch. 279

အထွတ်အထိပ် စစ်ဘုရင်တို့ ပေါ်ပေါက်လာမှု(၂)

Vol. 19 Ch. 279

ရွှီယန်သည် သစ်ပင်တစ်ခုထဲ၌ သူ့ကိုယ်သူ တိတ်ဆိတ်စွာ ပုန်းအောင်းကာ စောင့်စားနေ၏။

ရုတ်တရက် ငှက်တစ်ကောင် ပျံသန်းလာပြီး စိတ်ဝိညာဉ်ဆေးလုံး၏ ရှေ့သို့ သက်ဆင်းလာခဲ့သည်။

“အလုပ်ဖြစ်တယ်”

သူက ဝမ်းသာသွား၏။

ငှက်က ကောင်းကင်သို့ ထိုးတက်သွားမည့်အစား အနိမ့်တွင်သာ ပျံသန်းခြင်း ဖြစ်ရာ မည်သည့် အချက်ပေးသံမှ ပေါ်လာခြင်း မရှိပေ။ တောင်ကြားအတွင်းရှိ မည်သူမှ သတိထားမိခြင်း မရှိပါ။ ဘာပဲဖြစ်ဖြစ် ငှက်တို့သည် အမြဲတမ်း တစ်နေရာတည်း၌ နေနေမည် မဟုတ်ပေ။

အမြင့်သို့ ထိုးတက်ပျံသန်းမှသာလျှင် လူစိမ်းတို့ ချည်းကပ်လာသည် ဟူ၍ သတိပေးခြင်းဟု ဆိုနိုင်၏။

ရွှီယန်၏ လက်ချောင်းက လှုပ်ရှားသွားပြီး ဓါးဆန္ဒအမျှင်တစ်ခု လျှပ်တစ်ပြတ် ထွက်ပေါ်ကာ ငှက်ကို သတ်လိုက်သည်။ ပြာများအဖြစ် လွင့်ပျံသွားစေ၏။

ထိုဓါးဆန္ဒအမျှင်မှာ အလွန် သိမ်မွေ့ပြီး ချက်ချင်း ပျောက်ကွယ်သွား၏။ တောင်ကြားအတွင်းရှိ မည်သူကိုမှ သတိမဝင်စေပဲ ငှက်ကိုသာ သတ်ဖြတ်သွားခဲ့သည်။

တစ်ကောင်ကို သတ်ဖြတ်ပြီး မကြာခင်တွင် နောက်တစ်ကောင် ပျံသန်းလာခဲ့သည်။

ရွှီယန်က ဓါးဆန္ဒစွမ်းအားဖြင့် သတ်ဖြတ်လိုက်ပြန်၏။ ရောက်လာကြသည့် ငှက်အားလုံးတို့ တစ်ကောင်ပြီးတစ်ကောင် သေကုန်ကြသည်။

စုစုပေါင်း ငှက်ငါးကောင်တို့ သေဆုံးပြီးနောက် ထပ်မံပေါ်လာခြင်း မရှိတော့ပေ။

“ငှက်ငါးကောင်တည်းလား.. နည်းနေသလိုပဲ.. ဒီနေရာက အကိုင်းအခွဲ တစ်ခု သက်သက်လား။ ဒါမှမဟုတ် ဝတ်စုံနက်တွေ သိမ်းပိုက်ထားတဲ့ နေရာတွေထဲက တစ်ခုပဲများလား”

ရွှီယန်က ခြေမွထားးသည့် စိတ်ဝိညာဉ်ဆေးပင်တို့ကို ပြန်ထုပ်သည်။ ပြီးနောက် မုန့်ချုံတို့ဆီသို့ ပြန်လာပြီး ပြော၏။

“ငှက်တွေအားလုံးကို သတ်ပြီးပြီ။ အခု အကြောင်းကြားစာပို့လို့ မရဘူး။ ဒီနေရာက ဝတ်စုံနက်တွေရဲ့ အဓိကစခန်း မဟုတ်ဘူး။ အဖွဲ့ခွဲတစ်ခု ဖြစ်မယ်”

“အဲ့လိုဆိုရင် တစ်ခါတည်း သွားကြရအောင်။ စစ်ဘုရင်တွေကို ရိုက်သတ်ချင်နေပြီ”

မုန့်ချုံက လက်နှစ်ဖက်ကို စိတ်လှုပ်ရှားစွာ ပွတ်သည်။

ဝတ်စုံနက်နှင့် စစ်ဘုရင်၏ လိုက်သတ်ခြင်းကို အချိန်အတော်ကြာအောင် ခံထားရရာ လက်စားချေဖို့ရာ တာဆူနေပါပြီ။

“မုန့်ရှူရှူ.. သတိထား.. လွတ်သွားနိုင်တယ့် ဘယ်သူမဆိုကို ဂရုတစိုက်စောင့်ကြည့်”

ရွှီယန်က မုန့်ရှူရှူကို ကြည့်ကာ လေးနက်စွာ သတိပေးသည်။

“စိတ်မပူပါနဲ့ စီနီယာအစ်ကိုရွှီ.. ကျွန်တော် အစွန်ကနေ ကြည့်နေမယ်။ အဆင်ပြေရင် ထွက်ပြေးဖို့ ကြိုးစားသူ မှန်သမျှကို သတ်လိုက်မယ်”

မုန့်ရှူရှူက ခေါင်းညှိတ်သည်။

သူ့အနေနှင့် ထိုကဲ့သို့ ပြောပေမယ့် မည်သူမှ လွတ်မြောက်နိုင်မည်ဟု ယုံကြည်ခြင်း မရှိပေ။ ရွှီယန်နှင့် မုန့်ချုံတို့မှာ အလွန်ကြမ်းတမ်းလှပြီး တောင်ကြားအတွင်းရှိ မည်သည့် ဝတ်စုံနက်တွင်မှ အခွင့်အရေး မရှိလောက်ပါ။

တောင်ကြားက တိတ်ဆိတ်နေ၏။ ရေကန်အတွင်းသို့ စီးဆင်းနေသည့် ရေစီးသံကိုသာ ကြားနေရသည်။ တောင်ကမ်းပါးသည် နေရာအချို့တွင် ရေညှိတက်နေပြီး သတိမထားပါက အတွင်းထဲတွင် တစ်ယောက်ယောက် ရှိနေသည်ကို သတိထားမိမည် မဟုတ်ပေ။

တောင်ကမ်းပါးအတွင်းတွင် ဖုံးကွယ်နေသည့် စိတ်ဝိညာဉ် ဆေးပင်တို့ကိုလည်း ရှာတွေ့နိုင်မည် မဟုတ်ပေ။

“စီနီယာအစ်ကို.. ကျွန်တော် အရင်ဆုံး သူတို့ကို စမ်းကြည့်လိုက်မယ်”

ဤသည်မှာ ဝတ်စုံနက်များ၏ အဓိကစခန်း မဟုတ်သည်မှာ သေချာပေမယ့် အဖွဲ့ခွဲတစ်ခုသာ ဖြစ်လျှင်တောင် သတိလက်လွတ် ပြုမူလို့ မရပေ။

“ကောင်းပြီ”

ရွှီယန်က ခေါင်းညှိတ်သည်။

မုန့်ချုံက လေထဲသို့ မြင့်တက်သွား၏။ တောင်ကြားဆီသို့ ဦးတည်နေကာ သူ၏ တည်ရှိမှကို ဖုံးကွယ်ထားခြင်း လုံးဝမရှိ‌ပေ။

သူ၏ ပေါ်လာမှုနှင့်အတူ ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခု ပေါ်လာခဲ့သည်။ ကမ်းပါးမှ ကျောက်တုံးများ ပြိုကျကာ ဝတ်စုံနက်နှင့် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။

“လူစိမ်းလာနေတယ်”

စစ်ဘုရင်အဆင့် သိုင်းသမားတစ်ယောက် ဖြစ်၏။ ထို့အပြင် အကြီးစားကျွမ်းကျင်မှုအဆင့် ဖြစ်သည်။

“မင်းတို့ရဲ့ စိတ်ဝိညာဉ်ပုံဆောင်ခဲတွေ ငါ့ကိုပေး။ စိတ်ဝိညာဉ်ဆေးပင်တွေ လက်လွှဲပေးစမ်း”

မုန့်ချုံ၏ ခန္ဓာကိုယ်က ရွှေရောင်ဖြင့် လင်းလက်နေပြီး အဖိုးတန်ဆေဘာကို ကြမ်းကြုတ်စွာ ဝှေ့ယမ်းသည်။

ဝတ်စုံနက်နှင့် လူ၏ အကြည့်က တဖြည်းဖြည်း အေးစက်လာ၏။ လူစိမ်းပေါ်လာပြီး စာပို့ငှက်များက အချက်ပေးခြင်း လုံးဝမရှိပေ။ သဲလွန်စပင် ပျောက်နေ၏။ သိသာစွာပင် ကျူးကျော်သူများသည် နည်းလမ်းအချို့ဖြင့် စာပို့ငှက်များကို ရှင်းလင်းပြီး ဖြစ်ပေလိမ့်မည်။

“မင်းနဲ့လား”

ဝတ်စုံနက်က ဂတုံးပြောင်နှင့် ထွားကြိုင်းသန်မာသည့် ပုံရိပ်ကို ကြည့်သည်။ ချက်ချင်းပင် မည်သူဟူသည်အား မှတ်မိသွား၏။

ဤသည်မှာ မုန့်ရှူရှူကို စစ်ဘုရင်၏ လိုက်လံဖမ်းဆီးခြင်းမှ ကယ်တင်ခဲ့သူ ဖြစ်၏။ နောက်ဆုံးတွင် လိုက်လံဖမ်းဆီးကြသည့် စစ်ဘုရင်အားလုံး အသတ်ခံခဲ့ရသည်။ ထို့အပြင် စိတ်ဝိညာဉ်ဆေးပင် ရတနာနယ်မြေလည်း အလုခံခဲ့ရ၏။

“သေချင်နေရင်လည်း ငါမင်းရဲ့ ဆန္ဒကို ဖြည့်တင်းပေးမယ်”

ဝတ်စုံနက်က ဓါးကောက်ကို ဆွဲထုတ်ကာ အကြီးစားကျွမ်းကျင်မှု စစ်ဘုရင်၏ အရှိန်အဝါက ထွက်ပေါ်လာခဲ့သည်။

တောင်ကြားအတွင်းတွင် မုန်တိုင်းကဲ့သို့ လေထုတစ်ခု ပေါက်ဖွာားလာစေ၏။ ကောင်းကင်၏ အမျက်ဒေါသကဲ့သို့ ရှိနေပါသည်။

မုန့်ချုံက သူ၏ ဆေဘာကို ကိုင်ဆွဲကာ ဂရုမစိုက်စွာ ပြောသည်။

“ဒီနေ့မှာ ငါမင်းကို ခုတ်သတ်ပြမယ်”

“ဘုန်း”

ကောင်းကင်ကို ဖြတ်သန်းကာ တောက်ပသည့် ဆေဘာအလင်းက ထွက်ပေါ်လာ၏။ မုန်တိုင်းနှင့် မိုးကြိုးတို့ ဖစ်ပေါ်ကာ ကြမ်းကြုတ်သည့် ခုတ်ပိုင်းမှုတစ်ခု ပြေးဝင်သွားသည်။

မုန့်ချုံ၏ ခန္ဓာကိုယ်၌ ပြင်းထန်သည့် အရှိန်အဝါတို့ လှိုင်းထန်နေပြီး ဝတ်စုံနက်၏ အရှိန်အဝါကို ဖျက်ဆီးပစ်တော့မည့်နှယ် ရှိသည်။

“မကောင်းတော့ဘူး”

ဝတ်စုံနက်မှာ အကြောက်တရားဖြင့် ဖြူရော်သွား၏။ ရန်သူ၏ ခွန်အားမှာ အလွန် ကြီးမားလှသည်။

“ဘုန်း”

ဓါးကောက်စွမ်းအင်က တောက်ပသည့် အလင်းနှင့် ဝင်ရောက်လာကာ မုန်တိုင်းအတွင်းတွင် အရာအားလုံးကို လွှမ်းခြုံသွာားသည်။ ထည်ဝါသည့် စွမ်းအားက ရှေ့ဆက်လာ၏။

“ဘုန်း”

တောင်စောင်းများက ထပ်မံပြိုကျကာ ဝတစုံနက်နှစ်ယောက် ပျံသန်းထွက်လာခဲ့သည်။ စစ်ဘုရင်များ ဖြစ်ကြ၏။ လက်ထဲတွင် ဓါးကောက်များကို ကိုင်ဆွဲကာ တိုက်ပွဲကြီးအတွင်းသို့ ဝင်ရောက်လာကြသည်။ သုံးယောက်ပေါင်းကာ မုန့်ချုံကို ဝိုင်းဝန်းတိုက်ခိုက်၏။

“ထွက်လာတာ ကောင်းတယ်”

မုန့်ချုံက အကြောက်တရား ကင်းမဲ့၏။ သူ၏ ကြီးမြတ်သောနေ ရွှေခန္ဓာအား အသက်သွင်းလိုက်သည်။ ကောင်းကင်ကြီးစိုးခြင်း ဆေဘာနှင့် လေမိုးကြိုး ဗာဂျရာလက်သီးတို့ဖြင့် သုံးယောက်ကို အရေးနိမ့်ခြင်း မရှိပဲ တိုက်ခိုက်၏။

ထို့အပြင် တိုက်ပွဲအတွင်း ပိုမိုကြမ်းတမ်းလာကာ စစ်ဘုရင် သုံးယောက်တို့ကို ဖိနှိပ်၍ပင် လာခဲ့သည်။

မူလအဆင့်သို့ ချိုးဖျက်ပြီးနောက် မုန့်ချုံသည် သူ့ကိုယ်သူ ရွှေခန္ဓာဆေးလုံးများဖြင့် အချိန်တစ်ခုကြာ အားဖြည့်ခဲ့၏။ ဤသည်က အခြေခံကို ပိုမိုခိုင်မာလာစေသည်။ သူ၏ စွမ်းအားက အစောပိုင်းကထက် များစွာ ပိုမိုသာလွန်၏။

အကြီးစားကျွမ်းကျင်မှု အဆင့် စစ်ဘုရင်တစ်ယောက်နှင့် စစ်ဘုရင်အသစ် နှစ်ယောက်တို့ကို မဆိုထားနှင့် အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင် သုံးယောက်တို့ ဝိုင်းဝန်းတိုက်ခိုက်လျှင်တောင် အသာစီး ရနိုင်သေးသည်။

“ခေါင်းကိုဖွက်ပြီး အမြီးပဲ ပြရဲတဲ့ ငကြောက်ကောင်တွေ.. ပုန်းမနေကြနဲ့.. မင်းတို့ထွက်မလာဘူးဆို ဒီသုံးယောက် သေရလိမ့်မယ်”

မုန့်ချုံမှာ အံ့ဩစရာ ကောင်းလောက်အောင် ကြမ်းကြုတ်လှ၏။ စစ်ဘုရင်အသစ် နှစ်ယောက်တို့၏ တိုက်ခိုက်မှုများဆိုလျှင် ခုခံ၍ပင် မနေပဲ ခန္ဓာကိုယ်အပေါ်သို့ ကျရောက်စေ၏။ သို့ပေမယ့် အထိအခိုက် ကင်းမဲ့နေဆဲ ရှိသည်။

ရုပ်ပိုင်းဆိုင်ရာ သိုင်းပညာ ကျင့်ကြံမှု စနစ်၏ စွမ်းအားကြီးမားသည့် ခံနိုင်ရည်ကို လှစ်ပြနေပါသည်။ အစောပိုင်းအဆင့် စစ်ဘုရင် နှစ်ယောက်တို့မှာ ထိတ်လန့်သွားကြသည်။

အကြီးစား ကျွမ်းကျင်မှုအဆင့် စစ်ဘုရင်က ဒေါသတကြီး မာန်ဖီလိုက်၏။ စွမ်းအားအပြည့်ကို ထုတ်ဖော်ကာ စွမ်းအင်လှိုင်းတို့ မုန်တိုင်းထန်လာခဲ့သည်။ ကြောက်စရာကောင်းသည့် အားတစ်ခုကို သယ်ဆောင်လာ၏။ မုန့်ချုံကို ဖျက်ဆီးရန် တာဆူနေပါသည်။

သို့ရာတွင် နောက်ထပ် ကြီးစိုးသည့် ဆေဘာဓါးချက်က ထွက်ပေါ်လာကာ လေနှင့်မိုးကြိုးတို့ ပေါက်ကွဲလာပြီး တိုက်ခိုက်မှု အားလုံးတို့ကို ပြိုပျက်သွားစေသည်။ သတ်ဖြတ်ရန် ကြံရွယ်လာသည့် တိုက်ခိုက်မှု အားလုံးတို့ကို ဖြိုခွင်းခဲ့၏။

အစောပိုင်း စစ်ဘုရင် နှစ်ယောက်တို့ကို သွေးများ အန်ကျလာစေသည်။ သူတို့၏ မျက်နှာများက ချက်ချင်း ဖြူရောက်သွား၏။ သိုင်းပညာ လျှို့ဝှက်အတတ်ကို အသုံးပြုကာ မုန့်ချုံ၏ တိုက်ခိုက်မှုကို ကာကွယ်ခဲ့ရသောကြောင့် ဖြစ်သည်။

အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်က ဓါးကောက်ကို လေထဲသို့ လွှင့်ကာ သူ၏ စွမ်းအားအားလုံးတို့ကို ဓါးကောက်အတွင်းသို့ စီးဝင်စေသည်။ လေဆင်နှာမောင်းကဲ့သို့ ဆက်တိုက် ဝင်ရောက်သွား၏။ အခိုက်အတန့် ခဏအတွင်းတွင် ဓါးကောက်မှာ အေးစိမ့်လာခဲ့သည်။ ပတ်ဝန်းကျင်တွင် ညို့မှိုင်းအေးစက်သည့် စိတ်ဆန္ဒတစ်ခု ထိုးဖောက်လာ၏။

ဓါးကောက်က ခုတ်ပိုင်းလာပြီး လေထုကို ကြေမွသွားစေသည့်နှယ် ရှိသည်။ အေးစက်သည့် ဆေဘာအလင်းက သက်ဆင်းလာ၏။

ထိုဓါးချက်ကို ထုတ်ဖော်ပြီးနောက် အကြီးစား ကျွမ်းကျင်မှုအဆင့် စစ်ဘုရင်မှာ ချက်ချင်းပင် ဖြူရော်သွား၏။ အသက်ရှူမှုတို့ စည်းချက်ညီခြင်း မရှိကာ ခြေလှမ်းများက အနောက်သို့ အနည်းငယ် ယိုင်နဲ့သွားသည်။

သူ့အတွက် အရင်းအနှီးကြီးမားသည့် ဓါးချက်တစ်ခု ဖြစ်သည်မှာ သိသာ၏။

မုန့်ချုံက မျက်မှောင်ကြုတ်သွားသည်။ ထိုအခိုက်အတန့်လေးတွင် သူသည် အေးစက်သည့် မျက်လုံးတစ်စုံ၏ စိုက်ကြည့်ခြင်းကို ခံနေရသည်ဟု ခံစားလိုက်ရ၏။ ညို့မှိုင်းအေးစက်မှု တစ်ခုက သူ့ကို လွှမ်းခြုံလာကာ ပုန်းအောင်းရန်(သို့) ဆုတ်ခွာရန် မဖြစ်နိုင်အောင် ဖြစ်စေသည်။

“ဒါက မင်းရဲ့ ဝှက်ဖဲပေါ့”

မုန့်ချုံက ဆေဘာကိုကိုင်ဆွဲကာ နေတစ်စင်းကဲ့သို့ ရပ်နေ၏။ အေးစက်ညို့မှိုင်းမှုကို တွန်းလှန်ထားသည်။ သူ၏ရှေ့တွင် လေနှင့်မိုးကြိုးတို့ လှိုင်းထန်လာကာ ကြီးစိုးခြင်း ဆေဘာဆန္ဒက လေမိုးကြိုးအမျက်နှင့်အတူ ထွက်ပေါ်လာ၏။

သူက ဆေဘာကို လွှဲရမ်းလိုက်သည်။

ကြောက်စရာကောင်းသည့် ဆေဘာအလင်းက လေမိုးကြိုး မုန်တိုင်းတစ်ခုကဲ့သို့ မြည်တမ်းထွက်ခွာကာ အေးစက်သည့် ဓါးအလင်းကို တွေ့ဆုံသည်။

“ဘုန်း”

လေမိုးကြိုးမုန်တိုင်းသည် လျှပ်စီးနှင့်မိုးကြိုးတို့၏ စွမ်းအားကို သယ်ဆောင်ကာ ညို့မှိုင်းအေးစက်သည့် အမှောင်စွမ်းအင်ကို ချက်ချင်း ပြိုကွဲကုန်စေ၏။ အေးစက်မှုတို့ ပျောက်ကွယ်ကာ လေမိုးကြိုးဆေဘာအလင်းက ဝတ်စုံနက်ဆီသို့ ဆက်လက်ပြေးဝင်သွားသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ဝတ်စုံနက်က ထိတ်ဖြာသွားသည်။ သူသည် အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်တစ်ယောကက် ဖြစ်ပြီး ဓါးချက်တွင် ခွန်အားအားလုံးတို့ကို အသုံးပြုထားခဲ့သည်။ သို့ပေမယ့် ထိုဓါးချက်က ပျက်စီးပြီး ရန်သူ၏ တိုက်ခိုက်မှုစွမ်းအားက သူ့ဆီသို့ ဆက်လက်ဝင်ရောက်လာခဲ့၏။

သေခြင်း အငွေ့အသက်က ထွက်ပေါ်လာခဲ့သည်။

“ဘုန်း”

ထိုအချိန်၌ တောင်စောင်းတစ်ခု ပျက်စီးကာ ဓါးအလင်းတစ်ခု ထွက်ပေါ်လာ၏။ ထိုတိုက်ခိုက်မှုသည် ပတ်ဝန်းကျင်ရှိ သဘာဝ၏ စိတ်ဝိညာဉ်စွမ်းအင်ကို တလိပ်လိပ်ထလာစေကာ အခင်းအကျင်းတစ်ခုကဲ့သို့ ဖြစ်လာစေသည်။ ကြောက်စရာကောင်းသည့် စွမ်းအားက ကောင်ကင်၏ ထည်ဝါမှုဖြင့် ပြည့်နှက်နေ၏။

“ဘုန်း၊ ဘုန်း၊ ဘုန်း”

မုန့်ချုံ၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။

ဝတ်စုံနက်ကို ဝတ်ဆင်ထားပြီး ရင်ဘတ်တွင် အနီရောင် သစ်ရွက်ပုံကို ထိုးထားသည့် အထွတ်အထိပ်အဆင့် စစ်ဘုရင်တ်စယောက် ထွက်လာခဲ့သည်။

မျက်နှာဖုံး‌အောက်တွင် အဖြူရောင် ဆံမျှင်တို့ကို တွေ့မြင်နိုင်ပြီး တစ်လှမ်းချင်းစီ လျှောက်လှမ်းလာခဲ့၏။

သူ၏ ခြေလှမ်းတိုင်းသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအားကို နှိုးဆွနေပြီး ပတ်ဝန်းကျင်တွင် ထည်ဝါသည့် စွမ်းအားတစ်ခုကို ဖွဲ့စည်းလာစေသည်။

“စောင့်ရှောက်သူပိုင်”

အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်က လျှင်မြန်စွာ ဦးညွှတ်သည်။

“ဒီလူက မုန့်ရှူရှူကို ကယ်ခဲ့တဲ့လူပါ”

အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်က မုန့်ချုံကို လက်ညှိုးထိုးကာ ပြောသည်။

စောင့်ရှောက်သူပိုင်၏ မျက်လုံးများက ရေခဲတမျှ အေးစက်နေပြီး မုန့်ချုံကို ကြည့်၏။

“အညံ့ခံ”

သူက ပြောလိုက်သည်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဝိညာဉ်စွမ်းအားက ပတ်ဝန်းကျင်တွင် လှိုင်းထန်လာကာ တောင်ကြားကို အရောင်ပြောင်းသွားစေသည်။ ကြောက်စရာကောင်းသည့် ဖိအားက ပျံ့နှံ့လာ၏။

ဤသည်မှာ အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်၏ ကြီးမြတ်မှု ဖြစ်သည်။

အထွတ်အထိပ်သို့ ရောက်ရှိပြီးပါက ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အရောင်ကို ပြောင်းလဲစေနိုင်သည်။ ဤသည်မှာ အတွင်းဘက်နယ်မြေ၏ အထွတ်အထိပ် တည်ရှိမှု ဖြစ်၏။

မုန့်ချုံ၏ မျက်နှာက လေးနက်သွားသည်။ အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်သည် အမှန်တကယ်ကို စွမ်းအားကြီးမား၏။ သူ၏ နက်ရှိုင်းသည့် အခြေခံကြောင့်သာ မဟုတ်ပါက ယှဉ်ပြိုင်နိုင်စွမ်းရှိမည် မဟုတ်ပေ။

ထိုသို့ဆိုလျှင်တောင် အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်ကို အနိုင်ယူရန်မှာ အလွန် စိန်ခေါ်မှု ကြီးလှ၏။

သို့ရာတွင် သူ၏ သန်မာအားကောင်းသည့် ခန္ဓာကိုယ်နှင့် ပြင်းထန်သည့် တိုက်ပွဲအပြီးတွင် အနိုင်ရရှိနိုင်မည်ဟု ယုံကြည်ချက်ရှိဆဲ ဖြစ်သည်။

သူ၏ အကြည့်က တောင်စောင်းဆီသို့ ရောက်ရှိသွားသည်။ ပျက်စီးသွားသည့် တောင်စောင်းထဲတွင် အခန်းအချို့ ပေါ်လာ၏။ အခန်းတစ်ခု၏ အတွင်းတွင် ကျောက်အက်ကြောင်းတစ်ခု၌ သေးငယ်သည့် အညိုရောင် မြက်ပင်တစ်ခု ပေါက်ရောက်နေ၏။ ကြည့်ရသည်မှာ အဆင့်ငါး စိတ်ဝိညာဉ်ဆေးပင်တစ်ခု ဖြစ်လောက်ပါသည်။

သူ့ကို ပိုမိုအံ့ဩစေသည်မှာ အခန်းအတွင်းရှိ အိတ်တို့ ဖြစ်သည်။ ဆိုလိုသည်မှာ ဝတ်စုံနက်၏ ပိုင်ဆိုင်မှုတို့သည် ခန္ဓာကိုယ်ပေါ်တွင် ရှိမနေပါ။ စွမ်းအား ထိန်းချုပ်မှု ကင်းမဲ့ကာ စိတ်ဝိညာဉ်လက်မှတ် အားလုံးတို့ကို ပျက်စီးစေမည်အား ကြောက်စရာ မလိုပေ။

ရန်သူသည် သူတို့၏ တံခါးဝသို့ တစ်ယောက်ယောက် လာရောက်သတ်ဖြတ်ရဲမည်ဟု ဘယ်တော့မှ ထင်ထားခြင်းမရှိသည့်ပုံ ရှိသည်။

ထို့ကြောင့် မုန့်ချုံ ရောက်ရှိလာချိန်၌ အမြန် ထွက်လာပြီး ပိုက်ဆံအိတ်နှင့် အထုပ်အပိုးတို့ကို သိုလှောင်ရန် အချိန်မရတော့ခြင်း ဖြစ်၏။

ဖြစ်နိုင်သည်မှာ အထွတ်အထိပ် စစ်ဘုရင်အပေါ်တွင် မှီခိုကာ မည်သည့်ရန်သူကိုမဆို သုတ်သင်နိုင်ပြီး ထွက်ပြေးရန် ပြဿနာတို့ ရှိလာမည်ကို ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ဟန် ရှိသည်။

All Chapters