← Chapters

ဓားသုံးချက်ဖြင့် အထွတ်အထိပ်စစ်ဘုရင်အား သတ်ဖြတ်ခြင်း(၂)

Vol. 19 Ch. 281

ဓားသုံးချက်ဖြင့် အထွတ်အထိပ်စစ်ဘုရင်အား သတ်ဖြတ်ခြင်း(၂)

Vol. 19 Ch. 281

ညင်သာသည့် လေညှင်းက ဓားဆန္ဒအဖြစ် ပြောင်းလဲသွား၏။ တောင်နှင့်မြစ်တို့ ထွက်ပေါ်လာပြီး ထိုတောင်နှင့် မြစ်အတွင်းတွင် ရွှေရောင်နဂါးတစ်ကောင် လှည့်လည်နေပါသည်။

"ဂျူနီယာညီလေး... ဒီ၃ယောက်ကို မင်းတာဝန်ယူလိုက်.."

ရွှီယန်က အခြားဝတ်စုံနက်နှင့် လူသုံးယောက်တို့ကို ကြည့်ကာ ပြောသည်။

"စီနီယာအစ်ကိုကြီး စိတ်ချပါ... ကျွန်တော် သူတို့ကို အခုပဲ ခုတ်သတ်လိုက်ပါမယ်.."

မုန့်ချုံက ကောက်ကျစ်စွာ ပြုံးသည်။ စောင့်ရှောက်သူပိုင်ကို လျစ်လျူရှု့ကာ အခြား၃ယောက်တို့ကို တိုက်ခိုက်၏။

သိုင်းပညာ လျှို့ဝှက်အတတ်ကို အသုံးပြုပြီးနောက် ရန်သူများ၏ သိုင်းစွမ်းအားက များစွာအားနည်းသွားသည်။ သတ်ဖြတ်ရန်အတွက် ဓားချက်တစ်ချက်နှစ်ချက်လောက်သာ လိုအပ်မှာပါ။

စောင့်ရှောက်သူပိုင်၏ မျက်နှာက အနည်းငယ် အရောင်ပြောင်းလဲသွားသည်။ သို့ပေမယ့် သူ့အနေနှင့် ရွေ့လျားရဲခြင်းမရှိဘဲ သတိကြီးစွာသာ ရပ်နေ၏။ ရွှီယန်၏ နီးကပ်လာမှုကိုသာ စိုးထိတ်စွာ ကြည့်ရှု့နေသည်။

အန္တရာယ်အငွေ့အသက်က ပိုမိုသန်မာလာပြီး သေခြင်းတရား၏ ဖိအားက သူ၏ ရင်ဘတ်အတွင်းသို့ စိမ့်ဝင်လာသည့်ဟန် ရှိသည်။

ဤသည်မှာ အထွတ်အထိပ် စစ်ဘုရင်တစ်ယောက် ဖြစ်လာကတည်းက ဘယ်တုန်းကမှ မခံစားရသည့် ခံစားချက်ဖြစ်၏။

"ပြေးကြ.."

စောင့်ရှောက်သူပိုင်က အသံနိမ့်စွာ ပြော၏။

"ပြေးတော့ရော သူတို့က လွတ်မှာလား.."

မုန့်ချုံက နှာခေါင်းရှုံ့သည်။

သူ၏ ဆေဘာအလင်းက လက်သွားပြီး ကောင်းကင်ကို ဖြတ်ကျော်သွား၏။ ထွက်ပြေးရန် ကြိုးစားနေသည့် စစ်ဘုရင်၃ယောက်တို့ကို ခုတ်ပိုင်းလိုက်သည်။ ဓားတစ်ချက်က သူတို့၏ ဆုတ်ခွာမှုလမ်းကြောင်း အားလုံးတို့ကို ဖြတ်တောက်သွား၏။

"၃ချက်... ဓား၃ချက်နဲ့ မင်းကိုမသတ်နိုင်ရင် အသက်ရှင်ခွင့်ပေးမယ်.."

ရွှီယန်၏ ခန္ဓာကိုယ်မှ ဓားဆန္ဒက စီးထွက်လာပြီး  ဓားအလင်းတစ်ခု ပေါက်ဖွားလာခဲ့သည်။ တောင်နှင့်မြစ်တို့က ထွက်ပေါ်လာကာ ၎င်းသည် တောင်ကြား၏ အထက်တွင် မြေမျက်နှာသွင်ပြင်တစ်ခု ဖွဲ့စည်းလာသည့်ဟန် ရှိ၏။

"မောက်မာလိုက်တာ.."

စောင့်ရှောက်သူပိုင်က အေးစက်စွာ နှာခေါင်းရှုံ့သည်။ တစ်ဖက်လူသည် သူ့ကို၃ချက်နှင့် သတ်ဖြတ်နိုင်မည်ဟု ထင်နေသည်လား။

ဓားသခင်ချောက်ကမ်းပါးမှ ရှဲ့ထန်းဟန်ပင်လျှင် ထိုကဲ့သို့ လုပ်ဆောင်နိုင်ခြင်း မရှိပေ။ ထို့အပြင်  အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်အနေနှင့် အနိုင်မရပါက ထွက်ပြေးလို့ မရပေဘူးလား။

"ဘုန်း.."

စောင့်ရှောက်သူပိုင်က လှုပ်ရှားမှုကို ပြုလုပ်၏။ အထွတ်အထိပ် ခွန်အားကို ထုတ်ဖော်ကာ အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်၏ အဆုံးစွန်သော စွမ်းအားကို ပြသသည်။

သို့ပေမယ့် ရွှီယန်၏ ဓားချက်က ကျရောက်လာ၏။

"ဝေါင်း.."

နဂါးဟိန်းခြင်းတောင်နှင့်မြစ်...

ထို့နောက် ဒုတိယဓားချက် ထွက်ပေါ်လာကာ တောင်နှင့်မြစ်အတွင်း၌ အဆုံးမဲ့ပုံရိပ်များ ပေါ်လာခဲ့သည်။

နဂါးတစ်ကောင်က ထိုအထဲတွင် ကူးလူးနေပြီး လောကကို အဆုံးသတ်မည့် ဓားချက်တစ်ခု ဖြစ်ထွန်းလာစေ၏။

တတိယဓားချက်ကို ထုတ်ဖော်လိုက်သည်။ တောင်နှင့်မြစ် အဆုံးမဲ့လောကအတွင်းရှိ ပုံရိပ်အားလုံးတို့က ဓားများကို ဆွဲကိုင်ကာ ခုတ်ပိုင်းလိုက်ကြ၏။

ရွှီယန် နားလည်သဘောပေါက်ထားသည့် တောင်နှင့်မြစ်ဓားသိုင်းမှာ အရင်ကနှင့် မတူတော့ပေ။ နဂါးဟိန်းခြင်း တောင်နှင့်မြစ်မှ အဆင့်မြင့်တက်ကာ ဒုတိယဓားချက် လောကပြိုလဲခြင်းနှင့် နောက်ဆုံးတွင် တောင်နှင့်မြစ် အဆုံးမဲ့ပုံရိပ်များ၏ ဓားချက် ဖြစ်လာခဲ့သည်။

ဓားချက်၃ချက်တို့ ထွက်ပေါ်လာ၏။ ကြီးမားလှသည့် စွမ်းအားက သဘာဝ၏ စိတ်ဝိဉာဉ်စွမ်းအင်ကို နှိုးဆွကာ အရာအားလုံး ပျက်သုန်းစေသည့်နှယ် ရှိသည်။

စောင့်ရှောက်သူပိုင်၏ မျက်လုံးများက မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်နေ၏။ သူ၏ ခန္ဓာကိုယ်က  အစိတ်စိတ်အမွှာမွှာ ပျက်စီးကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲပြီး လေထဲတွင် ပျောက်ကွယ်သွား၏။အထွတ်အထိပ် စစ်ဘုရင်တစ်ယောက် သေဆုံးခဲ့လေသည်။

တစ်ဖက်ရှိ ထွက်ပြေးနေသည့် စစ်ဘုရင်၃ယောက်ထဲမှ နှစ်ယောက်ကို မုန့်ချုံက သတ်ဖြတ်ပြီးဖြစ်သည်။နောက်ဆုံး စစ်ဘုရင်သည် မသေဆုံးခင်တွင်  စောင့်ရှောက်သူပိုင်၏ ဓားချက်၃ချက်ဖြင့် အသတ်ခံလိုက်ရပုံကို ထိတ်လန့်စွာ မြင်တွေ့လိုက်ရ၏။

အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်ကို ဓားချက်၃ချက်နှင့် သတ်ဖြတ်ဖို့ရာ မည်မျှ ကြောက်စရာကောင်းရန် လိုအပ်သနည်း။ ပိုမို ထိတ်လန့်ဖွယ်ကောင်းသည်မှာ တစ်ဖက်လူ၏ အသက်ဖြစ်သည်။ ၂၀ပင် မပြည့်လောက်သေးပါ။

"ဘုန်း.."

သူ၏ခန္ဓာကိုယ်က ဆေဘာအလင်းရောင်အောက်တွင် ပေါက်ကွဲကာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွား၏။

နောက်ဆုံး အခိုက်အတန့်တွင် သူ၏ ဒီသေဆုံးမှုအတွက် မှားယွင်းစွာ ခံစားရခြင်း မရှိတော့ပါ။ ဘာပဲဖြစ်ဖြစ် အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်ဖြစ်သည့် စောင့်ရှောက်သူပိုင်ပင်လျှင် ဓား၃ချက်ဖြင့် အသတ်ခံခဲ့ရ၏။ သူက ဘာအရေးနည်း။

တောင်ကြားအတွင်းတွင် ဝတ်စုံနက်နှင့် မည်သည့်လူမှ မရှိတော့အောင် ရှင်းလင်းလိုက်သည်။ ဤသည်မှာ ဝတ်စုံနက်များ၏ ပင်မစခန်း မဟုတ်ပေ။

သို့ပေမယ့် အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်၊ အကြီးစား ကျွမ်းကျင်မှုအဆင့် စစ်ဘုရင်တစ်ယောက်နှင့် အခြားစစ်ဘုရင် နှစ်ယောက်တို့ စုစုပေါင်း၄ယောက် စောင့်ကြပ်ကြသည့် နေရာဖြစ်၏။ ဒီနေရာ၏ အဖိုးတန်ပုံကို တွေ့မြင်နိုင်ပါသည်။

"စီနီယာအကို... ဟိုဟာက အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင်လား.."

မုန့်ချုံက စိတ်လှုပ်ရှားစွာဖြင့် တောင်နံရံအတွင်းရှိ  လျှို့ဝှက်ခန်းတစ်ခုကို ကြည့်သည်။

"ဟုတ်မယ်ထင်တယ်.."

ရွှီယန်လည်း အလွန် စိတ်လှုပ်ရှားနေ၏။ နှစ်ယောက်သားသည် အလောတလျင် ဝင်ရောက်သွားခြင်း မရှိပါ။ အဲ့ဒီ့အစား မုန့်ရှူရှူ၏ ရောက်လာမှုကို စောင့်စားနေ၏။

စိတ်ဝိဉာဉ်ဆေးပင်များနှင့် ပတ်သက်ပါက မုန့်ရှူရှူက ပိုမိုကာ ရင်းနှီးကျွမ်းဝင်ပါသည်။ မကြာခင် မုန့်ရှူရှူ ရောက်ရှိလာ၏။ သူလည်းပဲ တူညီစွာ စိတ်လှုပ်ရှားနေပါသည်။ စီနီယာအကိုရွှီမှာ အမြဲတမ်းလိုလိုပင် ပြိုင်ဖက်ကင်း၏။

အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်သည် ယခုမျှနှင့် သေဆုံးခဲ့ရလေသည်။ မည်မျှ ကြောက်စရာကောင်းအောင် သန်မာလိုက်သနည်း။

"သွားကြရအောင်... ဆေးပင်တွေ သွားကြည့်မယ်.."

မုန့်ရှူရှူ ရောက်ရှိလာသည်နှင့် ရွှီယန်က ဦးဆောင်ကာ စောင့်ရှောက်သူပိုင်၏ လျှို့ဝှက်ခန်းအတွင်းသို့ စတင် ဝင်ရောက်သွားသည်။

အခန်းအတွင်းသို့ ရောက်ရှိပြီးနောက် ပထမဆုံးတွေ့ လိုက်ရသည်မှာ မြေအက်ကြားမှ ကြီးထွားနေသည့် မီးခိုးရောင် အပင်တစ်ခု ဖြစ်၏။

"ဒါက အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင် တစ်ခုပဲ.."

မုန့်ရှူရှူမှာ စိတ်လှုပ်ရှားသည်ထက်ပင် ကျော်လွန်နေပါပြီ။

"အဲ့ဒါက ဘယ်လို စိတ်ဝိဉာဉ်ဆေးပင် အမျိုးအစားလဲ.."

ရွှီယန်က သိလိုစွာ မေး၏။

အကြောင်းပြချက် အချို့ကြောင့် မီးခိုးရောင်မြက်ဆီသို့ ချဉ်းကပ်လာသည်နှင့်အမျှ စိတ်က ငြိမ်းချမ်းစွာ ရှိလာသည်ဟု ခံစားရသည်။

မုန့်ရှူရှူက ဂရုတစိုက်ဖြင့် ချဥ်းကပ်သွားပြီးနောက်  မီးခိုးရောင်မြက်ကို အချိန်အတော်ကြာအောင် စူးစမ်းသည်။ မျက်မှောင်ကျုံ့သွား၏။

"ကျွန်တော်လည်း မသိဘူး.."

"ဆွေမျိုးလေး... မင်းက စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေသူမဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး မသိရတာလဲ.."

မုန့်ချုံက မှင်သက်သွား၏။

"အတွင်းဘက်နယ်မြေမှာ အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင်တွေက ယေဘုယျအားဖြင့် ပျောက်ကွယ်ကုန်ကြပြီ။ မိသားစုက လက်ဆင့်ကမ်းပေးခဲ့တဲ့ မှတ်တမ်းကလည်း အကန့်အသတ်ရှိတယ်။ ဒါ့ကြောင့်မို့လို့ မသိတာက မထူးဆန်းပါဘူး.."

မုန့်ရှူရှူက ခေါင်းကိုရမ်း၏။

"မြန်မြန်လေး တူးယူရအောင်... ဒါက အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင် ဖြစ်တယ် ဆိုကတည်းက ထူးကဲတဲ့ အာနိသင်တွေ ရှိရမယ်။ အထူးသဖြင့် အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်ရဲ့ ဂရုစိုက်ခြင်းကို ခံထားရတာ.. မှော်ဆန်တဲ့ စွမ်းအားတွေ ရှိနေလောက်မှာ.."

ရွှီယန်က ပြော၏။

အိမ်သို့ ပြန်လည်ယူဆောင်သွားကာ စုလင်းရှုံကို စမ်းသပ်ခိုင်းရပေမည်။ သူမအနေနှင့် ဆေးပင်၏ အာနိသင်ကို သိရှိနိုင်၏။

"ကျွန်တော့ တာဝန်ထား.."

မုန့်ရှူရှူက စိတ်အားထက်သန်စွာဖြင့် မီးခိုးရောင်အပင်ကို စတင်တူးယူသည်။

ရွှီယန်နှင့် မုန့်ချုံတို့က လျှို့ဝှက်အခန်းကို စတင်ရှာဖွေ၏။ စောင့်ရှောက်သူပိုင် ချန်ထားခဲ့သည့် ပိုင်ဆိုင်မှုများကို အထူး ရှာဖွေသိမ်းယူသည်။

လျှို့ဝှက်ခန်းက ရိုးရှင်းသည်။ စိတ်ဝိဉာဉ်ဆေးပင်၏ အနီးအနားတွင် ကျောက်တုံးကို ထွင်းထားသည့် အိပ်ရာတစ်ခုရှိ၏။ ၎င်း၏ ထိပ်ဖျားတွင် စာအိတ်အချို့နှင့် အနည်းငယ် မညီမညာရှိနေသည့် အိတ်များရှိ၏။

ရွှီယန်က အိတ်တစ်ခုကို ဖွင့်ကြည့်ပြီးနောက် အတွင်းထဲတွင် ဆေးလုံးအချို့၊ အဆင့်၇ဆေးပင်၂ပင်နှင့် စိတ်ဝိဉာဉ်စာရွက်များပါသည့် အိတ်တစ်ခုတို့ကို တွေ့ရ၏။

"အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်အတွက် တကယ့်ကို မွဲတေတယ်လို့ ဆိုရမှာပဲ.."

ရွှီယန်သည် မနေနိုင်ဘဲ စိတ်ပျက်သွားခဲ့သည်။

စိတ်ဝိဉာဉ်စာရွက်မှာ စုစုပေါင်း စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀၀၀ကျော် ပမာ‌ဏသာ ရှိပါသည်။ များသည်ဟု ထင်ရပေမယ့် အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်နှင့် ကိုက်ညီခြင်း မရှိပါ။

ထို့အပြင် မည်သည့် သိုလှောင်အိတ်မှလည်း ရှိမနေပေ။ သူသည် ပထမဆုံးအကြိမ် အထွတ်အထိပ်စစ်ဘုရင်တစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီးသည့်တိုင် သိုလှောင်အိတ်တစ်ခုကို ရှာတွေ့ခဲ့ခြင်း မရှိပေ။ ဤသည်က ထိုအိတ်များ၏ ရှားပါးမှုကို တွေ့မြင်နိုင်၏။

"စီနီယာအကိုရွှီ... အထွတ်အထိပ် စစ်ဘုရင်တွေက  အမြင့်ဆုံးမှာ ရှိတယ်။ သူတို့ကို ထန်းပေါင်စံအိမ်က အထူးခံစားခွင့်တွေ အများကြီး ပေးထားတယ်။ လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ငွေကြေးပိုင်းဆိုင်ရာတွေ အပါအဝင်ပဲ။ ဒါ့ကြောင့်မို့လို့ စိတ်ဝိဉာဉ်စာရွက်တွေ အများကြီး သယ်ဆောင်ထားလေ့ မရှိကြဘူး.."

စိတ်ဝိဉာဉ်ဆေးပင်ကို တူးယူရင်းမှ မုန့်ရှူရှူက ရှင်းပြ၏။

"ငါသိပြီ.."

ရွှီယန်တစ်ယောက် နားလည်သွားသည်။ မုန့်ချုံက စာအိတ်များကို စူးစမ်းနေ၏။ ဝတ်စုံနက်များ၏ အကြောင်းကို ပိုမို သဲလွန်စ ရှာလိုလေသည်။

ကံဆိုးစွာပင် စာစောင်များ၌ သူတို့၏ အဖွဲ့အစည်းအကြောင်းကို ပြောဆိုထားခြင်း မရှိပါ။ အချို့စာများဆိုလျှင် အထူးဆက်သွယ်ရေး စာလုံးများကို အသုံးပြုထားပြီး အတွင်းထဲရှိ အကြောင်းအရာများကို ပြည့်စုံစွာ နားလည်စေရန် မဖြစ်နိုင်အောင် ဖြစ်စေ၏။

ထိုအထဲတွင် စစ်ဘုရင်တစ်ယောက်၏ သတ်ဖြတ်ခံရမှုနှင့် အချိန်အတော်ကြာအောင် ထူးခြားလာခြင်း မရှိသည့် စုလင်းရှုံ၏ အကြောင်းကို စူးစမ်းမှုတို့လည်း ပါရှိသည်။

ကြည့်ရတာ စောင့်ရှောက်သူပိုင်သည် ဝတ်စုံနက်အဖွဲ့အစည်း၏ အဓိက ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည့်ဟန် ရှိသည်။ သူသည် အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်ဖြစ်ရာ ထိုကိစ္စမှာ အံ့သြစရာ မရှိပေ။

"ပြီးပြီ.."

မုန့်ရှူရှူက စိတ်ဝိဉာဉ်ဆေးပင်ကို တူးယူပြီးနောက် အိတ်အတွင်းတွင် သေသေချာချာ ချိတ်ပိတ်သည်။ ထို့နောက် ၃ယောက်သား နောက်ထပ် လျှို့ဝှက်အခန်းဆီသို့ သွားရောက်ကြ၏။

အခန်းတစ်ခုချင်းစီတိုင်းတွင် သေးငယ်သည့် မီးခိုးရောင်အပင် ရှိပါသည်။ အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင်နှစ်ခု၊ အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင် တစ်ခုလည်း ရလာ၏။ စိတ်ဝိဉာဉ်စာရွက်များ၏ ရရှိနိုင်မှုမှာ အထွတ်အထိပ်စစ်ဘုရင်ထက် ပိုမို များပြားပါသည်။

"သူတို့က စိတ်ဝိဉာဉ်ဆေးပင်တွေကို ပျိုးထောင်နေတာပဲ.."

မုန့်ရှူရှူက နက်ရှိုင်းသည့် အသံဖြင့် ပြော၏။

ရွှီယန်က ခေါင်းငြိမ့်သည်။ လျှို့ဝှက်ခန်းများမှ ထုတ်ခွာပြီးနောက် ရွှီယန်က ဓားတစ်ချက်ကို ခုတ်ပိုင်းကာ တောင်နံရံကို တစ်လွှာ ပဲ့ကျလာစေသည်။

သို့ပေမယ့် နောက်ထပ် မည်သည့် လျှို့ဝှက်အခန်းကိုမှ မတွေ့ရတော့ပါ။ တောင်ကြားတလျှောက်ကို လှည့်လည်ကြည့်ရှု့ပြီးနောက် ဒီနေရာမှာ အမှန်တကယ်ကို ရတနာသိုက်တစ်ခု ဖြစ်ကြောင်းအား တွေ့လိုက်ရ၏။ သဘာဝ၏ စိတ်ဝိဉာဉ်စွမ်းအင်တို့ ကြွယ်ဝလှသည်။  စိတ်ဝိဉာဉ်ဆေးပင်များ ကြီးထွားနိုင်တာ အံ့သြစရာမရှိပေ။

တောင်ကြားတလျှောက်တွင် များပြားလှသည့် စိတ်ဝိဉာဉ်ဆေးပင်များ ပေါက်ရောက်နေ၏။ အများစုတို့မှာ အဆင့်၉များဖြစ်ကာ အဆင့်၈ အနည်းငယ်လည်း ပါရှိသည်။ အားလုံးတို့ကို တူးယူခဲ့၏။

အရာအားလုံးကို ပြောင်ရှင်းအောင် ရယူပြီးနောက် ရွှီယန်ကစဉ်းစား၏။

"ငါတို့တွေ ဒီမှာ ရက်အနည်းငယ်လောက် စောင့်ကြဦးမလား။ တစ်ယောက်ယောက်လာရင် ဖမ်းပြီး သတ်လို့ရတယ်.."

မုန့်ရှူရှူက ပြော၏။

"စီနီယာအကိုရွှီ... ဒီမှာ အထွတ်အထိပ်စစ်ဘုရင်တစ်ယောက် စခန်းချနေတာဆိုတော့ ဝတ်စုံနက်တွေ  မကြာခဏတော့ လာလေ့ရှိမှာ မဟုတ်ဘူး။ အချိန်အများစုမှာ စာပို့ငှက်တွေကိုပဲ အသုံးပြုပြီး ဆက်သွယ်လောက်မှာ.."

"အခု စာပို့ငှက်တွေလည်း ကုန်ပြီ။ အဆက်အသွယ်က ပြတ်တောက်သွားပြီ။ ရက်တွေ တော်တော်လေးကြာမှ လာကြည့်ပြီး ဒီကအဖြစ်အပျက်ကို နားလည်လောက်မှာ။ ဒ့ါကြောင့်မို့လို့ စောင့်နေရင် တော်တော်နဲ့ အကျိုးထူးမှာ မဟုတ်ဘူး.."

ရွှီယန်က ခဏတာ စဉ်းစား၏။ ချန်းလန်ကျွန်းပေါ်တွင် နတ်ဆိုးအရှင်သခင်ဟော်ထူက အော့အော့သောင်းနင်း လုပ်နေပါသည်။ ဒီအချိန်သည် ထိုအ‌ကောင်ကို ရှင်းလင်းရန် အချိန်ကျပြီ ဖြစ်၏။

"အဲ့လိုဆိုရင်လည်း ပြန်ကြရအောင်.."

၃ယောက်သား တောင်ကြားမှ ထွက်ခွာသွား၏။

"စီနီယာအစ်ကို... ကျွန်တော်တို့တွေ ချန်းလန်ကျွန်းကိုသွားပြီး နတ်ဆိုးအရှင်သခင်ကို သတ်ကြမလား.."

မုန့်ချုံက စိတ်အားထက်သန်စွာဖြင့် မေးသည်။

ရွှီယန်က ပြော၏။

"မလောပါနဲ့... ကြည့်ရတာ သူငါ့ကို အရမ်းကို လာစေချင်နေတယ် ထင်တယ်။ နည်းနည်းလောက် ပိုက်ဆံတောင်းဦးမှ သင့်မှာပေါ့။ ငါရွှီယန်က သူ့ကိုသတ်တော့မှာ ဆိုပေမယ့် အဲ့ဒီ့အတွက် ဝန်ဆောင်ခတော့  လိုသေးတာပေါ့.."

"ဒါလည်း ဟုတ်တာပဲ.."

မုန့်ချုံက ခေါင်းငြိမ့်သည်။

"နတ်ဆိုးအရှင်သခင် ဟော်ထူဆီကို အကြောင်းကြားလိုက်။ ငါ့ကို သူ့ကို ရင်ဆိုင်စေချင်ရင် စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်မီလီယံ ပြင်ဆင်ထားရမယ်လို့။ အဲ့ဒါက ဝန်ဆောင်ခပဲ။ ပြီးတော့ သူ့ရဲ့ပိုင်ဆိုင်မှုတွေ အားလုံးရောပဲ ပြင်ထားရမယ်.. အဲ့ဒါမှ သူ့ကိုသတ်ပြီးရင် အလွယ်တကူ ယူလိုက်လို့ရမှာ.."

ရွှီယန်က တက်ကြွစွာဖြင့် ပြော၏။ မိမိဆီသို့ ပိုက်ဆံပေးလာခြင်းကို မည်သူက ငြင်းဆန်နိုင်မည်နည်း။ နတ်ဆိုးရှင်သခင်ဟော်ထူမှာ အမှန်တကယ်ကို လူကောင်းတစ်ယောက်ဖြစ်သည်။ သူ၏ ပိုက်ဆံနှင့် အသက် နှစ်ခုစလုံးကို ပေးလို၏။ ထိုကဲ့သို့သော လူမျိုးမှာ ပေါ်ပေါက်လာရန် ခက်ခဲလှပြီး တန်ဖိုးထားသင့်ပါသည်။

မုန့်ရှူရှူ၏ ပါးစပ်က တွန့်ကွေးသွားသည်။ နတ်ဆိုးအရှင်သခင်ဟော်ထူအတွက် နှလုံးသားထဲတွင် သနားမိ၏။

ရှိနေကြသည့် လူအားလုံးတို့ထဲတွင် ရွှီယန်ကို ထိပါးရန် ရွေးချယ်ခဲ့လေသည်။ သူသာ ရွှီယန်နှင့် ထိပ်တိုက်တွေ့ဆုံလိုပါက စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်မီလီယံကို အမှန်တကယ် ပေးဆောင်ရမည် ဖြစ်၏။

ထိုကိစ္စအတွက် အလွယ်တကူ လက်ခံလိုက်မည်လား။ လက်ခံမည် ထင်ပါသည်။ ရွှီယန်သာ တိုက်ခိုက်မှုကို ရှောင်ရှားနေပါက နတ်ဆိုးအရှင်သခင် ဟော်ထူအနေနှင့် အကူအညီမဲ့နေမှာ ဖြစ်သည်။

သူသည် ရွှီယန်ကို သတ်ဖြတ်လိုကတည်းက ဆန္ဒမရှိလျှင်တောင် ပေးဆောင်ရမည် ဖြစ်၏။

"ချန်းလန်ကျွန်းပေါ်မှာ စစ်ဘုရင်တွေ ဘယ်လောက်များ ငါ့ကို စောင့်နေကြလဲ မသိဘူး.."

ရွှီယန်က တောက်ပစွာဖြင့် ပြုံးသည်။ သူ့အနေနှင့်  ခြင်္သေ့ဂူအတွင်းသို့ လျှောက်လှမ်းသွားရမည်ဟု ခံစားရခြင်း လုံးဝမရှိပေ။

All Chapters