တောင်နှင့်မြစ် ဓားတာအို၏ အကြီးစားကျွမ်းကျင်မှု၊ မိတ်ဆွေဟောင်း(၂)
Vol. 19 Ch. 283
ရွှီကျွင်းဟယ်အနေနှင့် ဆေးဖော်မြူလာကို အသုံးပြုကာ ထန်းပေါင်စံအိမ်ကို မျှားပြီး ချန်ချင်းစံအိမ်အတွက် ဆေးလုံးများကို ရောင်းချခြင်းဖြင့် စံအိမ်၏ ဂုဏ်သတင်းအား တည်ဆောက်ရန် ကိစ္စကို စုလင်းရှုံဆီမှ ခွင့်ပြုချက် ရထားပြီးဖြစ်၏။
ဘာပဲဖြစ်ဖြစ် ဆေးဖော်မြူလာမှာ အရေးကြီးပါသည်။ သေချာခြင်း မရှိပါက ရွှီကျွင်းဟယ်အနေနှင့် ၎င်းကို ဘယ်လိုလုပ်ပြီး လဲလှယ်မှု ပစ္စည်းအဖြစ် အသုံးပြုမည်လဲ။
"ထန်းပေါင်စံအိမ်ကို အသုံးပြုပြီး အရင်းအနှီးကို လျှင်လျှင်မြန်မြန် စုဆောင်းလို့ရတယ်။ ထန်းပေါင်စံအိမ်က တုံ့ပြန်လာရင် ငါတို့တွေ ဆွေးနွေးမှု စလို့ရပြီ။ အဲ့ဒီ့ကိစ္စမှာ ချန်ချင်းစံအိမ်က ယုံကြည်ချက်ရှိတယ်။ ခွန်အားနဲ့ ချန်ချင်းစံအိမ်ကို ဖိနှိပ်ဖို့ကတော့..."
လီရွှမ်က ခေါင်းကိုရမ်း၏။ ရွှီယန်မှာ ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ဖို့ နီးနေပြီ ဖြစ်သည်။ ထန်းပေါင်စံအိမ်မှာ မည်မျှပင် စွမ်းအားကြီးမား စေကာမူ မည်သည်ကို လုပ်ဆောင်နိုင်မည်နည်း။ ခွန်အားမှာ အဓိကဖြစ်သည်။
"သင်၏တပည့် ရွှီယန်သည် အထွတ်အထိပ် စစ်ဘုရင်ကို ဓား၃ချက်ဖြင့် ခုတ်ပိုင်းကာ သတ်ဖြတ်လိုက်သည်။ သင်၏ တောင်နှင့်မြစ် ဓားသိုင်းက အကြီးစား ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသွားသည်.."
ရုတ်တရက် ရွှေရောင်အလင်းက ပေါ်လာခဲ့၏။ ရွှေလက်ချောင်းမှ တန်ပြန်အကျိုးပြုမှု ရောက်လာလေသည်။
လီရွှမ်က ပြုံး၏။ ရွှီယန်သည် အမြဲတမ်းလိုလိုပင် ကြမ်းတမ်းလှ၏။ အထွတ်အထိပ် စစ်ဘုရင်များကို စတင်သတ်ဖြတ်နေပြီး ဖြစ်သည်။
"သင်၏တပည့် မုန့်ချုံသည် စစ်ဘုရင်၃ယောက်တို့ကို အောင်မြင်စွာ သတ်ဖြတ်ခဲ့သည်။ သင်၏ ဓားတာအိုအပေါ် နားလည်သဘောပေါက်မှုတို့ မြင့်တက်လာခဲ့သည်။ နတ်ဘုရားသတ်ဖြတ်ခြင်း ဆေဘာ၏ အတွေ့အကြုံတို့ မြင့်တက်လာခဲ့သည်.."
မုန့်ချုံလည်းပဲ စစ်ဘုရင်များကို သတ်ဖြတ်ခဲ့လေသည်။ အားလုံးတို့မှာ လီရွှမ်၏ မျှော်လင့်မှု အတိုင်းအတာအတွင်း၌သာ ရှိနေ၏။
"အသေအချာပဲ... တပည့်တွေကို သိုင်းလောကမှာ လှည့်လည်စွန့်စား စေတာက ခွန်အားကို လျှင်လျှင်မြန်မြန် မြင့်တက်စေခြင်းရဲ့ အဓိကသော့ချက်ပဲ.."
လီရွှမ်က သက်ပြင်းချသည်။
ရက်အနည်းငယ်ကြာပြီးနောက် ရွှီယန်နှင့် မုန့်ချုံတို့ ပြန်လာခဲ့၏။ သူတို့နှင့်အတူ စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေသူ မုန့်ရှူရှူလည်း ပါလာခဲ့သည်။
သို့ရာတွင် ကျိုးယင်ကို တွေ့ရပြီးနောက် မုန့်ရှူရှူက ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။
"နင်က... အဲ့ဒီ့မိန်းကလေးလား.."
ကျိုးယင်လည်း အံ့ဩစွာဖြင့် မုန့်ရှူရှူကို မျက်မှောင်ကျုံ့ကာ ကြည့်သည်။ တစ်ဖက်လူကို မှတ်မိနေသည်ဟု ခံစားချက်တစ်ခု ရနေ၏။
"သူမကို သိလိုလား.."
မုန့်ချုံက အံ့ဩစွာမေး၏။
မုန့်ရှူရှူက ညှို့မှိုင်းစွာဖြင့် ရှင်းပြသည်။
"အဲ့ဒါက ဆေးဘုရင်စုကျန်း မွေးစားခဲ့တဲ့ မိန်းကလေးပဲ။ အရင်တုန်းက ငါသူနဲ့ တွေ့ခဲ့စဥ်က သူမ တော်တော်လေး ငယ်သေးတယ်။ ဒါပေမယ့် နှစ်တွေအများကြီး ကြာပြီးတာတောင် တစ်ချက်ကြည့်တာနဲ့ မှတ်မိနေတုန်းပဲ.."
ကျိုးယင်သည် သန်မာထွားကြိုင်သည့် အသွင်အပြင်ရှိပြီး စစ်မှန်သည့် သိုင်းသမားအမျိုးသမီး ဖြစ်၏။ ငယ်ရွယ်စဉ် ကတည်းကပင် ခန္ဓာကိုယ်က ထူးကဲစွာ တောင့်တင်းသည်။
ထို့ကြောင့် သူမကို မြင်တွေ့ဖူးသည့် လူတစ်ယောက်သည် နှစ်ပေါင်းများစွာ ကြာအောင် မမြင်ရတာ ဖြစ်လျှင်တောင်... သူမအနေနှင့် အသက်တို့ ကြီးရင့်လာလျှင်တောင် မှတ်မိနိုင်ဆဲ ရှိသည်။
ကျိုးယင်မှာ အသက်၃၀လောက်သာ ရှိပါသေးသည်။ မုန့်ရှူရှူမှာ သိုင်းသခင်တစ်ယောက် ဖြစ်သောကြောင့် ငယ်ရွယ်ပုံ ပေါ်၏။ သို့ပေမယ့် တကယ့်အသက်မှာ ၅၀ကျော်ပြီး ဖြစ်သည်။ ငယ်ရွယ်စဉ်က ပါရမီကောင်းခဲ့သည့် သိုင်းသခင်တစ်ယောက်သည် အိုမင်းရင့်ရော်မှု နှေးကွေး၏။
"ရှင်.. ကျွန်မရဲ့ အဘိုးကို သိတာလား.."
စုလင်းရှုံ၏ ပုံစံက ပြောင်းလဲသွား၏။ သူမ၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ရှေ့သို့ လျှောက်သွားသည်။
စုလင်းရှုံကို တွေ့ရပြီးနောက် မုန့်ရှူရှူ၏ မျက်လုံးများက မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်သွား၏။ ဝမ်းသာမှု၊ စိတ်သက်သာရာရမှုနှင့် ရှုပ်ထွေးမှုတို့ ပေါ်လာခဲ့သည်။
"နင်... အသက်ရှင်နေသေးတာလား.."
ထိုစကားနှင့် ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေပါသည်။ စုလင်းရှုံ၏ အကြည့်က မာကျောသွားပြီး အေးစက်စွာမေး၏။
"ဘာကိုဆိုလိုတာလဲ.."
မုန့်ချုံက မုန့်ရှူရှူ၏ ပုခုံးပေါ်သို့ လက်တင်ကာ မေးသည်။
"အဲ့ဒါက ဘာစကားလဲ။ ငါ့ရဲ့ ဂျူနီယာညီမလေးကို မင်းသိလို့လား.."
မုန့်ရှူရှူက ခါးသက်စွာ ပြုံးပြီးနောက် ပြောသည်။
"ဒါဆို သူမက မင်းတို့ရဲ့ ဂျူနီယာ ညီမလေးပေါ့.."
ကျိုးယင်က ရုတ်တရက် ဝင်ပြော၏။
"ငါနင့်ကို မှတ်မိပြီ... နင်က အကြီးအကဲမုန့်ရဲ့မြေး မဟုတ်လား.."
"ဟုတ်တယ်.. ငါပဲ.."
မုန့်ရှူရှူ၏ မျက်နှာပေါ်ရှိ အကြည့်က ရှုပ်ထွေးသွား၏။
မုန့်ချုံက ရုတ်တရက် တစ်ခုခုကို မှတ်မိလိုက်သည်။ မုန့်ရှူရှူ ပြောခဲ့ဖူး၏။ သူ၏ အဘိုးဖြစ်သူသည် မိတ်ဆွေဟောင်းတစ်ယောက်ကို သွားရောက်ကူညီရင်း နောက်ဆုံးတွင် သေဆုံးခဲ့ရ၏။ ဖြစ်နိုင်သည်မှာ စုလင်းရှုံ၏ အဘိုးဖြစ်သူကို သွားရောက် ကူညီခဲ့သည်လား။
ကျိုးယင်က ချက်ချင်းပင် တိတ်ဆိတ်သွားသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး သူမလည်းပဲ တစ်ခုနှစ်ခု သိ၏။
"ဒေါ်လေးကျိုး... သူကဘယ်သူလဲ.."
စုလင်းရှုံက မျက်မှောင်ကျုံ့ကာ မေး၏။
"သူက မုန့်မိသားစုရဲ့ မျိုးဆက်ပဲ။ စိတ်ဝိဉာဉ်ဆေးပင်လောကမှာ ဂုဏ်သတင်းရှိတဲ့ မိသားစုတစ်ခုပေါ့။ အကြီးအကဲမုန့်နဲ့ နင့်အဘိုးတို့က အရမ်းကို ရင်းနှီးတဲ့ မိတ်ဆွေတွေပဲ။ အရင်တုန်းက သခင်မလိုအပ်ခဲ့တဲ့ ဆေးပင်တွေကို အကြီးအကဲမုန့်ကပဲ ရှာပေးခဲ့တာ.."
ကျိုးယင်က သက်ပြင်းချသည်။
စုလင်းရှုံက ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြော၏။
"ဒါဆို.. သူက ကျွန်မရဲ့ ဦးလေးပေါ့... တွေ့ရတာဝမ်းသာပါတယ် ဦးလေး.."
မုန့်ရှူရှူက လျှင်မြန်စွာ လက်ကိုရမ်းပြီး ပြောသည်။ "ကျေးဇူးပြုပြီး ဦးလေးလို့ မခေါ်ပါနဲ့... မခံယူရဲပါဘူး.."
သူ၏အဘိုးနှင့် စုလင်းရှုံ၏ အဘိုးတို့မှာ မိတ်ဆွေများ ဖြစ်ကြ၏။ မျိုးဆက်ကို ခွဲခြားပါက သူနှင့် စုလင်းရှုံတို့မှာ တူညီနေပါသည်။
"ငါတို့က မျိုးဆက်တူတွေပဲ။ ငါက နည်းနည်းလောက် အသက်ပိုကြီးပေမယ့် လို့ပေါ့.."
မုန့်ရှူရှူက နေရခက်စွာ ပြောသည်။
"ဘာပဲဖြစ်ဖြစ် စီနီယာအစ်ကိုရွှီနဲ့ ညီလေးမုန့်တို့နဲ့ ငါက တန်းတူပဲ ဆက်ဆံကြတာ.."
"ဆွေမျိုးလေးပြောတာ မှန်တယ်.."
မုန့်ချုံက မုန့်ရှူရှူ၏ ပုခုံးကို ပုတ်၏။ သူ့အနေနှင့် မုန့်ရှူရှူကို စုလင်းရှုံနှင့် ပတ်သက်နေမည်ဟု ထင်မထားခဲ့ပေ။
ထိုသို့ဆိုပါက နောင်တွင် အရမ်းကြီး ဖိအားမပေးတာ ကောင်းပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် တစ်ဖွဲ့တည်း ဖြစ်၏။
"အကိုမုန့်... အဲဒီတုန်းက ကိစ္စတွေကို ရှင်သိတယ်မလား.."
စုလင်းရှုံက နက်ရှိုင်းသည့်အသံဖြင့် မေးသည်။
မုန့်ရှူရှူက ခဏတာ တုံ့ဆိုင်းနေ၏။ နောက်ဆုံး၌ သက်ပြင်းချကာ ပြောသည်။
"ငါလည်း အများကြီးမသိဘူး... ဒါပေမယ့် ငါ့ရဲ့အဘိုးက အကြီးအကဲစုမှာ ပြဿနာတက်နေတယ်လို့ ကြားပြီးနောက် သွားပြီးကူညီခဲ့တယ်။ နောက်တော့..."
"ကျွန်မ စိတ်မကောင်းပါဘူး.."
စုလင်းရှုံက ဝမ်းနည်းစွာ နှစ်သိမ့်၏။
"ဒါက နင့်ရဲ့အမှား မဟုတ်ပါဘူး.."
မုန့်ရှူရှူက ခေါင်းကိုရမ်းကာ ပြောသည်။
"ငါနင့်ကို လိုက်ရှာခဲ့သေးတယ်။ ဒါပေမယ့် ကြားခဲ့တဲ့သတင်းအရ ဆေးဘုရင်မိသားစု တစ်ခုလုံး အသတ်ခံခဲ့ရတယ်တဲ့.."
စုလင်းရှုံကို တွေ့လိုက်ပြီးနောက် မုန့်ရှူရှူသည် မနေနိုင်ဘဲ တင့်တယ်သည့် ပုံရိပ်နှင့် ညင်သာသည့် အမျိုးသမီးကို တွေးမိလိုက်သည်။ အချို့အရာများမှာ နှလုံးသားထဲတွင် ဖုံးကွယ်ထားရန် ကံပါလာခဲ့၏။ မည်သည်ကိုမှ ပြောပြလို့ မရပေ။
သူ၏ မိဘများကဲ့သို့ပင်။ သူတို့သည် စုလင်းရှုံ၏ မိခင်ကို ကုသရန်အတွက် ဆေးပင်များကို ရှာရင်းနှင့် မထင်မှတ်စွာ သေဆုံးခဲ့ကြ၏။
လီရွှမ်က မုန့်ရှူရှူကို ကြည့်သည်။ တစ်ဖက်လူသညိ တစ်ခုခုကို ဖုံးကွယ်ထား၏။ ဖြစ်နိုင်သည်မှာ စုလင်းရှူံ၏ နောက်ခံအကြောင်း ဖြစ်ပေလိမ့်မည်။
သို့ရာတွင် သူ့အနေနှင့် ဖုံးကွယ်ထား ကတည်းက ကိစ္စများက ပိုမို နက်ရှိုင်းလောက်ပါသည်။
"အကိုမုန့်... ကျွန်မအဘိုးကို သတ်တာ ဘယ်အဖွဲ့ကလဲ ဆိုတာကို သိလား.."
စုလင်းရှုံက မေးသည်။
"မသိဘူး... ငါလည်း အဲ့သဲလွန်စကို ရှာနေတာ။ ဒါပေမယ့် ဘာမှမတွေ့ဘူး.."
မုန့်ရှူရှူက ခေါင်းကိုရမ်းသည်။
"ဝတ်စုံနက်တွေပဲ... သူတို့က ဂျူနီယာညီမစုရဲ့ရန်သူတွေဖြစ်တယ်.."
မုန့်ချုံက နက်ရှိုင်းသည့်အသံဖြင့် ပြော၏။
မုန့်ရှူရှူက အေးခဲသွားသည်။ သူသည် တစ်ခုခုကို နားလည်လိုက်သည့်ပုံပေါ်ပြီး ပြော၏။
"ငါသိပြီ... သူတို့တွေ စိတ်ဝိဉာဉ်ဆေးပင် ရတနာနယ်မြေတွေကို ရှာနေတာ အံ့ဩစရာမရှိဘူး.."
စကားအနည်းငယ် ပြောကာ ပြန်လည်စိတ်ကူးမှုအချို့ ပြုလုပ်ပြီးနောက် ဒီတစ်ကြိမ်၏ အကျိုးအမြတ်များကို ထုတ်၏။ အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင်ကို ထုတ်ပြကာမေးသည်။
"ညီမလေးစု... နင်ဒီစိတ်ဝိဉာဉ်ဆေးပင်ကို သိလား။ ဘာလို့လဲ မသိဘူး။ ဒီဆေးပင်ရဲ့ အနားကို ရောက်ရင် စိတ်အာရုံတွေ ကြည်လင်နေတယ်လို့ ခံစားရတယ်.."
ရွှီယန်က မီးခိုးရောင်မြက်ကို ထုတ်ကာပြောသည်။
လီရွှမ်က ထိုစကားကို ကြားရပြီးနောက် လှမ်းကြည့်လိုက်၏။ သူ၏ နှလုံးသားက လှုပ်ရှားသွားသည်။
ဒီစိတ်ဝိဉာဉ်ဆေးပင်က စိတ်ဝိဉာဉ်ကို အားဖြည့်နိုင်သည်လား။
"ဒါက... အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင် ကျောက်တုံးတစ္ဆေဆေးပင်ပဲ.."
စုလင်းရှုံက အံ့သြသွား၏။
"ကျောက်တုံးတစ္ဆေ ဆေးပင်က နက်မှောင်တဲ့ ကျောက်ကြားတွေမှာ ပေါက်ရောက်တယ်.."
"ရှာတွေ့ဖို့ အရမ်းကို ခက်ခဲပြီး အရမ်းလည်းရှားပါးတယ်။ အဆင့်၅ ကျောက်တုံးတစ္ဆေ ဆေးပင်ဆိုတာ မကြားဖူးသလောက်ပဲ.."
ထို့နောက် စုလင်းရှုံက မိတ်ဆက်ပေး၏။
"ကျောက်တုံးတစ္ဆေဆေးပင်မှာ စိတ်ဝိဉာဉ်ကို အားဖြည့်ပြီး စိတ်ကို တည်ငြိမ်စေတဲ့ အံ့သြစရာ အာနိသင်ရှိတယ်။ အဲ့ဒါက လူတစ်ယောက်ရဲ့ စိတ်အစဉ်ကို ကျောက်တုံးတစ်တုံးလိုပဲ ခိုင်မာစေတယ်။ အပြင်ဘက် လွှမ်းမိုးမှုတွေရဲ့ သက်ရောက်မှုကို မခံရစေဘူး။ ပုံရိပ်ယောင်တွေရဲ့ လွှမ်းမိုးမှုကိုလည်း မခံရနိုင်ဘူး..."
ရွှီယန်တစ်ယောက် ကျောက်တုံးတစ္ဆေ ဆေးပင်မှာ သူ့အတွက် အများကြီး အသုံးမဝင်ပုံ ရှိကြောင်းကို ရုတ်တရက် နားလည်လိုက်သည်။ မည်သည့် အပြင်ဘက် လွှမ်းမိုးမှုနည်း။ မည်သည့် ပုံရိပ်ယောင်များနည်း။ ၎င်းတို့သည် သူ့အတွက် ခြိမ်းခြောက်နိုင်ခြင်း မရှိပေ။
သူသည် နှလုံးသားထဲတွင် မိန်းမ မရှိသည့် လျှို့ဝှက်ဆန်းကြယ်သည့် အခြေအနေသို့ ရောက်ရှိပြီး ဖြစ်ကာ မည်သည့် ပုံရိပ်ယောင်မှ သူ၏နှလုံးသားကို လှုပ်ရှားစေနိုင်ခြင်း မရှိပေ။
"ကျောက်တုံးတစ္ဆေ ဆေးပင်ကို ဆေးလုံးအဖြစ် ဘယ်လို သန့်စင်ရမလဲလို့ သုတေသန လုပ်ရမယ်.."
စုလင်းရှုံက စိတ်လှုပ်ရှားစွာ ပြော၏။
"ဒန်ဆေးလုံးတွေကို နင်သန့်စင်တာလား.."
မုန့်ရှူရှူ၏ မျက်လုံးများက ပြူးကျယ်နေပြီး မေးသည်။
"ဟုတ်တယ်လေ.."
စုလင်းရှုံက မုန့်ရှူရှူကို ကြည့်သည်။ သူသည် အဘိုးကြီးမုန့်မှ ထောက်ပံ့ခဲ့သည့် ကူညီမှုများကို မေ့လျော့ခြင်း မရှိပေ။ ထို့ကြောင့် ချီစုဆောင်းခြင်းဆေးနှင့် ခန္ဓာကိုယ် အားဖြည့်ခြင်းဆေး တစ်ပုလင်းတို့ကို မုန့်ရှူရှူအား ပေးပြီး ပြောသည်။
"ဒါတွေက ချီစုဆောင်းခြင်းဆေးနဲ့ ခန္ဓာကိုယ် အားဖြည့်ခြင်းဆေးပဲ.. ကျင့်ကြံရာမှာ အကူအညီပေးပြီး ခွန်အားကို တိုးမြင့်စေနိုင်တယ်.."
"ကျေးဇူးပါ... စိတ်မပူပါနဲ့။ စိတ်ဝိဉာဉ်ဆေးပင်တွေကို နင့်အတွက် ငါရှာပေးမယ်။ ဘယ်လို ဆေးပင်မျိုး လိုအပ်လဲဆိုတာပဲ ပြောလိုက်။ ငါက စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေသူ တစ်ယောက်ပဲ။ စိတ်ဝိဉာဉ်ဆေးပင်တွေကို ရှာဖွေရာမှာ.. အထူးသဖြင့် ရှားပါးတဲ့ ဆေးပင်တွေကို ရှာဖွေရာမှာ ထူးချွန်တယ်.."
မုန့်ရှူရှူက အလွန်စိတ်လှုပ်ရှားစွာဖြင့် ပုလင်းများကို ယူပြီး ကတိပေးသည်။
"ကောင်းပါပြီ.."
စုလင်းရှုံက ခေါင်းငြိမ့်၏။
စိတ်ဝိဉာဉ်ဆေးပင်များကို ပြန်လည်ပို့ဆောင်ပြီးနောက် ရွှီယန်နှင့် မုန့်ချုံတို့က အကြာကြီး နေမနေကြပါ။ ချန်းလန်ကျွန်းပေါ်တွင် နတ်ဆိုးအရှင်သခင် ဟော်ထူမှာ ပြဿနာရှာနေဆဲ ရှိ၏။ ဒီအချိန်က ထိုအကောင်ကို သွားပြီးတော့ စာရင်းရှင်းရန် အချိန်ကျပါပြီ။
နှစ်ယောက်သား ထွက်ခွာရန် ပြင်ဆင်ချိန်၌ ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့ အမြန် ရောက်လာကြ၏။
"မိန်းကလေးစု... ဒါတွေက စိတ်ဝိဉာဉ်ဆေးပင်တွေပါ.."
ဟူရှန်းက စုလင်းရှုံအား အိတ်တစ်အိတ်ကို ပေးသည်။ ထိုအထဲတွင် အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင် ဆယ်နှင့်ချီပြီး ပါဝင်၏။
စုလင်းရှုံက အံ့သြသွား၏။ သူတို့သည် ဓားသခင်ချောက်ကမ်းပါးမှ ဖြစ်တာ အံ့သြစရာ မရှိပေ။ အမှန်တကယ်ကို နက်ရှိုင်းသည့် အခြေခံ ရှိနေ၏။
"စိတ်ဝိဉာဉ်ဆေးပင်တွေက တော်တော်လေး များတာပဲ.."
ယူဆောင်လာသည့် စိတ်ဝိဉာဉ်ဆေးပင်များသည် ကောင်းကင်ဝတ်ရည် ဆေးလုံးကို ဝယ်ယူရန်အတွက် လိုအပ်သည့် ပမာဏထက် ကျော်လွန်နေပါသည်။
"ပိုတဲ့ဆေးပင်တွေကို ဒန်ဆေးလုံးတွေ ဝယ်ဖို့အတွက် ကြိုတင် ငွေချေထားတာလို့ သတ်မှတ်လို့ ရတယ်.."
ဟူရှန်း၏ စကားဆုံးပြီးနောက်.. သူနှင့် ရှဲ့လင်ဖုန်းတို့ နှစ်ယောက်သား ရွှီယန်နှင့် မုန့်ချုံတို့ကို အလျှင်အမြန် သွားရှာကြသည်။
"ညီလေးရွှီ... ချန်းလန်ကျွန်းမှာ အန္တရာယ်ရှိတယ်။ မင်းအလျင်စလို သွားလို့မရဘူး.."
ရှဲ့လင်ဖုန်းက လေးနက်သည့် အကြည့်ဖြင့် ပြော၏။
"သူတို့ဆီမှာ စစ်ဘုရင် ဘယ်နှစ်ယောက်ရှိလို့လဲ.."
ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွားပြီး မေးသည်။ ရှဲ့
လင်ဖုန်းက မှင်သက်သွား၏။
"ညီလေးရွှီ သိတာလား.."
"စစ်ဘုရင် ဘယ်နှစ်ယောက်လို့လဲ..."
အလွန်အလွယ်တကူ ပြောနေရာ ကြည့်ရသည်မှာ စစ်ဘုရင်များကို အလေးအနက် မထားသည့်ဟန် ရှိသည်။
အချိန်မည်မျှ ကြာသေးလို့နည်း။ ညီလေးရွှီ၏ မျက်လုံးထဲတွင် စစ်ဘုရင်များသည် အလွန် သေးသိမ်နေပြီလား။
"ခန့်မှန်းကြည့်ပေါ့.."
ရွှီယန်က ပြုံးပြီးပြောသည်။
"ရထားတဲ့ သတင်းအရဆိုရင် ချန်းလန်ကျွန်းပေါ်မှာ နတ်ဆိုးအရှင်သခင် ဟော်ထူအပြင် အခြားစစ်ဘုရင် နှစ်ယောက်လည်း ပုန်းအောင်းနေတယ်.."
ရှဲ့လင်ဖုန်းက ညှို့မှိုင်းစွာ ပြောသည်။
"၃ယောက်လား.."
ရွှီယန်က ခဏတာ စဉ်းစားသည်။ ပြီးနောက် ပြော၏။
"အများကြီး မဟုတ်ဘူးပဲ... သူတို့ကို သတ်ဖို့ မခက်ခဲလောက်ဘူး.."
"အကိုကြီး... တစ်ယောက်ကို ကျွန်တော် ကျင့်ကြံဖို့အတွက် ချန်ထားပေးဦး.."
မုန့်ချုံက လက်ဝါးနှစ်ဖက်ကို ပွတ်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြော၏။