← Chapters

အန္တရာယ်ယူပြီး စွမ်းအင် ဘီလီယံအနည်းငယ် ရှာဖွေခြင်းလား?

Vol. 28 Ch. 386

အန္တရာယ်ယူပြီး စွမ်းအင် ဘီလီယံအနည်းငယ် ရှာဖွေခြင်းလား?

Vol. 28 Ch. 386

“ဟမ်? ဟာကွာ!”

“စွမ်းအင် သန်းသုံးရာကျော်တောင်လား”

စုရှင်း မျက်လုံးပြူးသွားသည်။

ဒီကြေးခေါင်းတလားက ဒီလောက်တောင် တန်ဖိုးရှိနေမယ်လို့ လုံးဝ မထင်ထားခဲ့ဘူး။

ထိုအချက်က ဤခေါင်းတလားသည် သာမန်ကြေးနှင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ ကြီးမားသည့် စွမ်းအင်များ ပါဝင်သော အထူးသတ္တုနှင့် ပြုလုပ်ထားကြောင်း ပြသနေသည်။

“နောက်ပြီး… နတ်ဘုရား စစ်စစ်တိုင်းက ဒီကြေးခေါင်းတလားကို သုံးကြတယ်။ ခန္ဓာကိုယ်ကို ထိန်းသိမ်းထားတဲ့ အစွမ်းလည်း ရှိနိုင်တယ် မဟုတ်လား”

စုရှင်း စဉ်းစားခန်းဝင်သွားသည်။

ဤကြေးခေါင်းတလား၏ အသုံးဝင်ပုံကို အတိအကျ မသိသေးသည့် ယခုအချိန်တွင် စွမ်းအင်အဖြစ် မပြောင်းလဲသေးရန် ဆုံးဖြတ်လိုက်သည်။

အသုံးဝင်လာခဲ့လျှင် မည်သို့လုပ်မည်နည်း။

စုရှင်းသည် ခေါင်းတလားကို ဝိညာဉ်စိုက်ခင်းဂူထဲတွင် ယာယီ ထားလိုက်ပြီး သူ၏ နေ့စဉ် ဆေးဖော်ခြင်း လုပ်ငန်းကို စတင်ခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် နောက်ထပ် ခြောက်ရက် ကုန်လွန်သွားသည်။

စုရှင်းသည် အဆာခံ ဆေးလုံးပေါင်း ခြောက်ထောင်ကျော်ကို ဖော်စပ်နိုင်ခဲ့သည်။

ယနေ့သည် ကျင်းချုံးရွှယ်နှင့် ချိန်းထားသောနေ့ ဖြစ်သည့်အတွက် စုရှင်းသည် သူ့ကိုယ်သူ အသွင်ပြောင်းပြီး စွမ်းအင်ကို ဖုံးကွယ်လိုက်ကာ ဗီလာဆီသို့ ဦးတည်သွားခဲ့သည်။

ကျင်းချုံးရွှယ်သည် ဒီနေ့တွင် အနက်ရောင် “ကိုယ်ကျပ်ဝတ်စုံ” ကို ဝတ်ဆင်ထားရာ သူမ၏ ခန္ဓာကိုယ် အချိုးအဆစ်များကို ပြည့်စုံစွာ ပေါ်လွင်နေစေသည်။

“အိုး၊ အလုပ်များတဲ့လူက ဒီနေ့တော့ စောစောရောက်လာပါလား၊”

ကျင်းချုံးရွှယ်သာ် စုရှင်းအတွက် လက်ဖက်ရည်တစ်အိုး ငှဲ့ပေးရင်း ရွှင်လန်းစွာ ပြောလိုက်သည်။

ဤစကားကိုကြားသည့်အခါ စုရှင်းလည်း ပြုံးလိုက်သည်။ သူတို့နှစ်ဦးသည် မျက်နှာချင်းဆိုင်ထိုင်ကာ စကားပြောကြရင်း စားပွဲပေါ်က ဟင်းလျာများကို စားသောက်ကြသည်။

မကြာခင်မှာပင် သူတို့သည် အဓိက အကြောင်းအရာသို့ ရောက်သွားကြသည်။

ကျင်းချုံးရွှယ်သည် အဆာခံ ဆေးလုံးတစ်လုံးကို ထုတ်ယူပြီး စုရှင်းကို အလေးအနက်ထားသည့် အမူအရာနှင့် မေးလိုက်သည်-

“စုရှင်း၊ ဒီဆေးလုံးကို ရှင် ဖော်စပ်ခဲ့တာလား”

စုရှင်းက ခေါင်းအနည်းငယ်ညိတ်ပြီး ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်- “ဟုတ်တယ်လေ၊ ဘယ်ကလာမှာမို့လို့လဲ၊ ကောင်းကင်က ကျလာမှာမို့လို့လား”

ကျင်းချုံးရွှယ်က မျက်စောင်းထိုးကာ ပြောလိုက်သည်-

“ရှင်နဲ့ စနောက်နေဖို့ အချိန်မရှိဘူး! ကျွန်မ အရေးကြီးတဲ့ကိစ္စ ပြောနေတာ… ဒီဆေးလုံးရဲ့ အရေးပါပုံကို ရှင် သိလား”

စုရှင်းက မျက်ခုံးပင့်ပြီး လက်ဖက်ရည် သောက်လိုက်ရင်း ပြောသည်-

“သာမန်ဆေးလုံးပဲ မဟုတ်လား? အရင်ကလည်း မျက်နှာအာဟာရပြု ဆေးလုံး ရှိခဲ့တာပဲလေ? အတူတူပဲ ဖြစ်မှာပါ”

ကျင်းချုံးရွှယ်၏ အသံသည် ချက်ချင်းဆိုသလို စိတ်လှုပ်ရှားလာပြီး ပြောလိုက်သည်-

“ဘယ်လိုလုပ် အတူတူဖြစ်နိုင်မှာလဲ? မျက်နှာအာဟာရပြု ဆေးလုံးက ချမ်းသာတဲ့ အသက်ကြီး အမျိုးသမီးတွေ အတွက်ပဲ အသုံးဝင်တာ!”

“ဒါပေမဲ့ ဒီအဆာခံ ဆေးလုံးက စစ်မြေပြင်ကို ပြောင်းလဲနိုင်ပြီး လူသားမျိုးနွယ်တွေရဲ့ စွမ်းအားကိုပါ မြှင့်တင်ပေးနိုင်တယ်!”

စုရှင်းသည် ခပ်ဖြည်းဖြည်း ရယ်မောလိုက်သော်လည်း ဘာမှတော့ ထွေထွေထူးထူး မပြောခဲ့ပါ။

သို့သော်လည်း ကျင်းချုံးရွှယ်က ဆက်ပြီး အလေးအနက်ထား ပြောလိုက်သည်-

“ရှင်က ဒီဆေးလုံးကို ဖော်စပ်နိုင်တယ်ဆိုတာ ရှား စစ်တပ်က သိသွားရင် ဘာဖြစ်လာမယ်ဆိုတာ ရှင် သိလား”

“ကျင်းကုန်သည်အသင်းရဲ့ ပညာရှင်ကြီး အကဲဖြတ်ထားတဲ့ အတိုင်းဆို ဒီဆေးလုံးက မဟာမာစတာအဆင့် ကျွမ်းကျင်သူ တစ်ဦးရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကို ဆာလောင်ခြင်း မရှိဘဲ သုံးလကနေ ခြောက်လအထိ ထိန်းထားနိုင်စေတယ်လို့ ဆိုတယ်!”

“ကောင်းကင်ဘုံ ဘုရင်အဆင့် ကျွမ်းကျင်သူ တစ်ဦးတောင်မှ တစ်လလောက်အထိ သူ့ရဲ့ စွမ်းအားကို ထိန်းထားနိုင်တယ်!”

ခဏရပ်ပြီးနောက် ကျင်းချုံးရွှယ်က ဆက်ပြောသည်-

“နတ်ဆိုးနှိမ်နှင်းရေး စခန်းအကြောင်း ရှင် သိတယ် မဟုတ်လား? နှစ်စဉ်နှစ်တိုင်း နတ်ဆိုးနှိမ်နှင်းရေး စခန်းက စစ်သားတွေက အစားအသောက် အတွက် အကုန်အကျ အရမ်းများတယ်!”

“အထူးသဖြင့် ကျွမ်းကျင်သူအဆင့် မြင့်လာတာနဲ့အမျှ သူတို့ရဲ့ ခန္ဓာကိုယ်စွမ်းအားတွေက ပိုမိုပေါများလာပြီး အသက်ဆက်ရှင်ဖို့အတွက် အစားအသောက် ပိုမိုလိုအပ်လာတယ်!”

“စစ်မျက်နှာပြင်အတွက် ထောက်ပံ့ရေးက အခက်အခဲရှိတဲ့ ပြဿနာတစ်ခုပဲ…”

“ဒါပေမဲ့ ရှင့်ရဲ့ဆေးလုံးနဲ့ဆိုရင် နတ်ဆိုးနှိမ်နှင်း‌ရေး စခန်းမှာရှိတဲ့ ရှားနိုင်ငံရဲ့ စစ်တပ်တစ်ခုလုံးဟာ တစ်နှစ်ကို ဆေးလုံး ထောင်ပေါင်းများစွာနဲ့တင် လုံလောက်တဲ့ တိုက်ခိုက်ရေးစွမ်းအားကို ထိန်းထားနိုင်လိမ့်မယ်!”

“ပြီးတော့ ဒါက လူအသေအပျောက်များစွာကိုလည်း ကာကွယ်နိုင်တယ်… ရှင် နားလည်လား”

ကျင်းချုံးရွှယ်က ထိုအရာများကို တစ်ခါတည်း ပြောသွားသည်ကို မြင်သောအခါ စုရှင်းသည် ပြုံးရုံသာ ပြုံးပြီး ပြောလိုက်သည်-

“ငါနားလည်တာပေါ့၊ ဒါပေမဲ့ မင်းမှားနေတဲ့ အချက်တစ်ခုရှိတယ်”

“မဟာမာစတာအဆင့် ကျွမ်းကျင်သူတစ်ယောက်က ဆေးလုံးတစ်လုံးနဲ့ ခြောက်လစာ အစားအသောက် ထောက်ပံ့မှုကို အာမခံနိုင်တယ်!”

“မာစတာအဆင့်ကတော့ ဆေးလုံးတစ်ဝက်နဲ့တင် ခြောက်လစာ အစားအသောက် ထောက်ပံ့မှုကို အာမခံနိုင်တယ်…”

“ငါ့ရဲ့ဆေးလုံးအာနိသင်က မင်းထင်တာထက်တောင် ပိုကောင်းနိုင်တယ်…”

စုရှင်း၏ တည်ငြိမ်သော အမူအရာကို မြင်သည့်အခါ ကျင်းချုံးရွှယ်သည် အံ့သြသွားပြီး စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်-

“ဒီလို တန်ဖိုးရှိတဲ့ပစ္စည်းကို ရှင်က ဘယ်လိုလုပ်ပြီး ပေါ့ပေါ့ပါးပါး ထုတ်လာရတာလဲ”

“ဒီလိုလျှို့ဝှက်ချက်ကြီးကို ကျွန်မ ဖွင့်ချလိုက်မှာ ရှင် မကြောက်ဘူးလား? ရှင် ကျွန်မကို ဒီလောက်တောင် ယုံကြည်တာလား”

ဤစကားကို ကြားသောအခါ စုရှင်းသည် ခပ်ပါးပါးပင် ပြုံးလိုက်သည်။ သူသည် မည်သည့်အန္တရာယ်မှ မရှိစေရန် လေ့ကျင့်မှု လုပ်ထားသည် ဆိုတဲ့အချက်ကိုမူ ပြောမည်မဟုတ်ပါ။

အစားထိုးအနေနှင့် သူက ပြန်မေးလိုက်သည်-

“ဒီတော့… မင်း ငါ့ကို သစ္စာဖောက်မလား”

ဤမေးခွန်းကြောင့် ကျင်းချုံးရွှယ်သည် လုံးဝ စကား မပြောနိုင် ဖြစ်သွားသည်။ အလေးအနက် စဉ်းစားပြီးနောက် သူမက ခေါင်းခါပြီး ပြောလိုက်သည်-

“မလုပ်ပါဘူး၊ ရှင်က ကျွန်မကို ယုံကြည်တာကို ကျွန်မ သစ္စာမဖောက်နိုင်ဘူး!”

“ဒါ့အပြင်…ကျွန်မ ငှားထားတဲ့ ပညာရှင်က ယုံကြည်စိတ်ချရလို့ ကျွန်မ ကံကောင်းတာ၊ မဟုတ်ရင်တော့ လျှို့ဝှက်ချက် ပေါက်ကြားသွားလောက်ပြီ!”

“စိတ်ချပါ၊ အခုထိတော့ အဆာခံ ဆေးလုံးတွေ လုံခြုံပါတယ်!”

ဤစကားကိုကြားသည့်အခါ စုရှင်းသည် ခေါင်းအနည်းငယ် ညိတ်လိုက်သော်လည်း သူ့စိတ်ထဲမှာတော့ တွေးမိသည်-

ဒီအဆာခံ ဆေးလုံးတွေ လောက်နဲ့ကို ဒီလောက်ထိ ဂယက်ရိုက်တာလား?

စုရှင်းသာ ဝိညာဉ်အနှစ်သာရ ဆေးလုံး၊ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းဆေးလုံး နှင့် အခြားဆေးလုံးများကို အများအပြား ထုတ်ပေးခဲ့ရင် ဘာတွေ ဖြစ်လာမလဲ?

ကျင်းချုံးရွှယ်က စုရှင်း တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဆက်ပြီး မေးလိုက်သည်-

“ဒီတော့ ရှင်က ဒီဆေးလုံးတွေကို ရှားစစ်တပ်နဲ့ ဘယ်လို ကုန်သွယ်ဖို့ စီစဉ်ထားလဲ”

စုရှင်း ခဏလောက် စဉ်းစားပြီး ပြန်ဖြေလိုက်သည်-

“ငါသာ အစွမ်းကုန် အလုပ်လုပ်မယ်ဆိုရင် တစ်လကို အဆာခံ ဆေးလုံး သုံးသောင်းလောက် ဖော်စပ်နိုင်တယ်…”

“ဒုတိယအဆင့် ထူးခြားသတ္တုသိုက် တစ်ခုကို လေလံပွဲမှာ ရဖို့အတွက် အဆာခံ ဆေးလုံး ငါးသောင်းဆိုရင် လုံလောက်မယ်လို့ မင်း ထင်လား”

ဤမေးခွန်းကို အလေးအနက် စဉ်းစားပြီးနောက် ကျင်းချုံးရွှယ်က ပြန်ဖြေလိုက်သည်-

“သေချာပေါက် လုံလောက်ပါတယ်!”

“လေလံပွဲမှာ ထိပ်တန်း ကုန်သည်အသင်းတွေက အများဆုံးဆိုမှ အနာကျက် ဆေးရည်တွေနဲ့ အလယ်အလတ်အဆင့် အဆင့်မြင့်ပစ္စည်းတွေပဲ ပေးနိုင်မှာ…”

“ရှား စစ်တပ်အတွက်ကတော့ ဒီပစ္စည်းတွေရဲ့တန်ဖိုးက ရှင် ပေးနိုင်တဲ့ အဆာခံ ဆေးလုံးတွေထက် အများကြီး နိမ့်ပါတယ်!”

ခဏရပ်ပြီးနောက် ကျင်းချုံးရွှယ်က ဆက်ပြောသည်-

“ကျွန်မ လေလံပွဲကို လုံးဝရှောင်ပြီး လျင်မြန်တဲ့ နည်းလမ်းတစ်ခု ရအောင် ကြိုးစားပေးနိုင်တယ်။ ဆေးလုံးငါးသောင်းနဲ့ဆိုရင် ဒုတိယအဆင့် ထူးခြား သတ္တုသိုက် လုပ်ပိုင်ခွင့်ကို တိုက်ရိုက် လဲလှယ်နိုင်တယ်!”

ဤစကားကိုကြားသည့်အခါ စုရှင်းသည် သိပ်ပြီး အံ့သြပုံမရပါ။

ကျင်းချုံးရွှယ်၏ အဘိုးသည် ရှားနိုင်ငံ၏ စစ်သေနာပတိအဆင့် ဖြစ်ပြီး ထောက်ပံ့ပို့ဆောင်ရေးကို တာဝန်ယူရသော လုယွမ်ဝူပက် ဖြစ်သည်။

ဤအဆာခံ ဆေးလုံးသည် လုယွမ်ဝူအတွက် သူ့၏ တာဝန်နှင့် လုံးဝကိုက်ညီသည်!

ကျင်းချုံးရွှယ်က ခဏ စဉ်းစားပြီး ပြောလိုက်သည်-

“ကျွန်မ ရှင့်ရဲ့ လျှို့ဝှက်ချက်ကို ဆက်ပြီး ထိန်းသိမ်းထားပေးပါ့မယ်။ ကျွန်မဘက်ကနေ ရှင့်ရဲ့ အချက်အလက်တွေ ပေါက်ကြားသွားမှာ မဟုတ်ဘူးလို့ အာမခံပါတယ်!”

…

All Chapters