← Chapters

သွေးနဂါး အကြီးအကဲနှင့် တိုက်ပွဲ၊ ကစဥ့်ကလျား မူလအစလောက ကျင့်ကြံသူလား?_၂

Vol. 28 Ch. 381

သွေးနဂါး အကြီးအကဲနှင့် တိုက်ပွဲ၊ ကစဥ့်ကလျား မူလအစလောက ကျင့်ကြံသူလား?_၂

Vol. 28 Ch. 381

စစ်မှန်သော ကမ္ဘာတွင် စုရှင်းသည် ထိုအကြောင်းကို ဖတ်ကာ ပြုံးလိုက်သည်-

“တစ်လကျော်ကျော်လေး အတွင်းမှာပဲ ပေါ်လာတယ်ပေါ့?”

“သွေးနတ်ဆိုးဂိုဏ်းမှာ ငါ့ကို ကာကွယ်ဖို့ နည်းလမ်းတွေရှိပုံပဲ။ အရင်တုန်းက အနည်းဆုံး သုံးလ၊ အများဆုံး ခြောက်လလောက် ကြာမယ်လို့ ပြောခဲ့တာ…”

“ဒါပေမဲ့ ဒီနဂါး စောင့်ရှောက်သူက သွေးနဂါး အကြီးအကဲ ဆိုတာတော့ သေချာသွားပြီ!”

ထိုအချိန်တွင် စုရှင်းသည် အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။

သူသည် ယခင်ကတည်းကပင် နဂါးစောင့်ရှောက်သူ၏ နတ်အာရုံ စွမ်းအင်သည် လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်း၏ ပြီးပြည့်စုံခြင်း အဆင့်တွင် ရှိနေကြောင်းကို သိထားပြီးသား ဖြစ်သည်။

သာမန် နဂါးစောင့်ရှောက်သူဆိုလျှင် စုရှင်းအတွက် စိုးရိမ်စရာ မရှိပါ။

ထိုသို့တွေးရင်း စုရှင်း၏အကြည့်သည် သရုပ်ပြခြင်း ဖန်သားပြင်ဆီသို့ ပြန်ရောက်လာသည်။

[သွေးနဂါး အကြီးအကဲ၊ နဂါးစောင့်ရှောက်သူ ဟုလည်း လူသိများသူသည် သင့်ထံသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။]

[သင့်ကို မြင်သောအခါ သွေးနဂါး အကြီးအကဲ၏ မျက်နှာတွင် မကောင်းဆိုးဝါး အပြုံးတစ်ခု ပေါ်လာသည်။]

[သူသည်လည်း သင့်အား ယခင်က လွတ်မြောက်ခြင်း ပိုင်နက်တွင် သူ၏ နတ်အာရုံကို ပြင်းထန်စွာ ထိခိုက်စေခဲ့သောသူ အဖြစ် မှတ်မိနေသည်မှာ ထင်ရှားသည်။]

[နဂါး စောင့်ရှောက်သူသည် သွေးနတ်ဆိုးဂိုဏ်း တစ်ခုလုံးကို သူ့၏ နတ်အာရုံဖြင့် လျင်မြန်စွာ ဖုံးအုပ်လိုက်သည်။ ကျင့်ကြံသူအားလုံး သေဆုံးနေသည်ကို သိလိုက်ရသည့်အခါ သူ့တွင် မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့ပါ။]

[သို့သော် သွေးနတ်ဆိုးဂိုဏ်း၏ တားမြစ်နယ်မြေကို သင် ဖျက်ဆီးပစ်လိုက်သည်ကို သူ သိလိုက်သည့်အခါ သူသည် ချက်ချင်းဆိုသလိုပင် ဒေါသအမျက် ခြောင်းခြောင်းထွက်သွားသည်။]

[သူ့စိတ်ထဲတွင် ထောင်ပေါင်းများစွာသော ကျင့်ကြံသူများ၊ သွေးနတ်ဆိုးဂိုဏ်းရဲ့ သားစဉ်မြေးဆက်များသည် တားမြစ်နယ်မြေရှိ ကျင့်ကြံမှု အရင်းအမြစ်များလောက်ပင် တန်ဖိုးမရှိခဲ့သည်မှာ ရှင်းသည်။]

[နဂါး စောင့်ရှောက်သူသည် ကြိမ်းဝါးလိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော သွေးနီရောင် အရှိန်အဝါ တစ်ခုသည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သင့်ထံသို့ တဟုန်ထိုး တိုက်ခိုက်လာသည်။]

[ကြီးကျယ်သော တိုက်ပွဲ ဖြစ်ပွားတော့မည်!]

ဤအကြောင်းကို ဖတ်ပြီးနောက် စုရှင်းသည် သူ့နှုတ်ခမ်းထောင့်ကို အနည်းငယ် မြှင့်ကာ ပြောလိုက်သည်-

“တကယ်ကြီး ဒီနဂါးစောင့်ရှောက်သူက သွေးနဂါး အကြီးအကဲပဲကိုး!”

“ဟက်၊ ငါ့လက်ချက်ကြောင့် အရင်က ပြင်းထန်စွာ ထိခိုက်ထားတာ အခုလည်း သူ ငါ့ကို မယှဉ်နိုင်လောက်ဘူး ထင်တယ်!”

စုရှင်းသည် ထိုသို့တွေးပြီး သရုပ်ပြခြင်း ဖန်သားပြင်ဆီသို့ အကြည့် ပြန်ပို့လိုက်သည်။

[နဂါးစောင့်ရှောက်သူ သင့်ထံသို့ တဟုန်ထိုး တိုက်ခိုက်လာသည်ကို မြင်သောအခါ သင်သည် တည်ငြိမ်နေသည်။]

[သင်၏ ခန္ဓာကိုယ်ကို ကာကွယ်ရေးဂန်ချီ နှင့် မူလစွမ်းအင် သံချပ်ကာတို့က ချက်ချင်း ဖုံးလွှမ်းလိုက်သည်။]

[သင်သည် လက်သီးနှစ်ဖက်ကို မူလစွမ်းအင်နှင့် ဖုံးအုပ်လိုက်ပြီး နဂါးစောင့်ရှောက်သူစီ တိုက်ရိုက် ထိုးလိုက်သည်။]

[ဘုန်း! လက်သီးနှစ်ဖက် ထိခိုက်မိသွားသည်။]

[ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကြောင့် ကောင်းကင်နှင့်မြေကြီး အရောင် ပြောင်းလဲသွားသကဲ့သို့ ခံစားရပြီး မြေပြင်များ အလွှာလိုက် ကွဲအက်လာသည်။]

[သင့်စိတ်ထဲမှာ လုံးဝ မထင်ထားခဲ့ပေ။ သင့်၏ စွမ်းအားသည် နဂါးစောင့်ရှောက်သူထပ် အနည်းငယ် နိမ့်နေသည်။]

[သင်သည် အနောက်သို့ ပေ ဒါဇင်များစွာ လွင့်ထွက်သွားပြီး နဂါးစောင့်ရှောက်သူမှာ အနောက်သို့ အနည်းငယ်သာ ဆုတ်သွားသည်။ ထို့နောက် သူသည် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။]

[ပေဒါဇင်များစွာ အကွာရှိ နဂါးစောင့်ရှောက်သူကို ကြည့်ပြီး သင့်မျက်လုံးများသည် အလေးအနက် ထားလာသည်။]

[အဘယ်ကြောင့်ဆိုသော် ဤကျိန်စာသင့်နဂါးသည် လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ် ကျင့်ကြံသူ မဟုတ်ဘဲ ကစဥ့်ကလျား မူလအစလောက ကျင့်ကြံသူ ဖြစ်နေသောကြောင့် ဖြစ်သည်။]

[ရုပ်ပိုင်းဆိုင်ရာ စွမ်းအားသက်သက်အရ နဂါးစောင့်ရှောက်သူ၏ စွမ်းအားသည် သင့်ထက် ၅၀% ကျော် ပိုများနေသည်။]

[ယင်းမှာ မူလစွမ်းအင်နှင့် အုပ်ထားတာတောင်မှ ဖြစ်သည်။ ထိုအချက်က နဂါးစောင့်ရှောက်သူသည် အလယ်အလတ်အဆင့် ကစဥ့်ကလျား မူလအစလောက ကျင့်ကြံသူ ဖြစ်နိုင်ကြောင်းကို ဖော်ပြနေခြင်း ဖြစ်သည်။]

[နဂါးစောင့်ရှောက်သူက လက်သီးတစ်ချက်တည်းနှင့် သင့်အား မဖယ်ရှားနိုင်ကြောင်းကို မြင်သည့်အခါ သူ့မျက်နှာတွင် အံ့သြမှုအရိပ်အယောင် ပေါ်လာသည်။]

[သူသည် သင့်ကို ကစဥ့်ကလျား မူလအစလောက ကျင့်ကြံသူအဖြစ် မှားယွင်းစွာ ယူဆနေသည်။ အဘယ့်ကြောင့်ဆိုသော် ကစဥ့်ကလျား မူလအစလောက ကျင့်ကြံသူများသာ ယခုကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအားမျိုးကို ပိုင်ဆိုင်နိုင်သောကြောင့် ဖြစ်သည်။]

[နဂါးသောင့်ရှောက်သူသည် ဆက်လက်ထိန်းထားဖို့ မစဉ်းစားတော့ဘဲ ကြိမ်းဝါးလိုက်ပြီး လုံးဝ အသွင်ပြောင်းလဲတော့သည်။]

[သူ၏ ခန္ဓာကိုယ်သည် အဆများစွာ ပိုမိုကြီးမားလာသည်။ အရေပြားအနှံ့ အကြေးခွံများ စတင်ထွက်ပေါ်လာပြီး လက်များသည် နဂါးလက်သည်းများအဖြစ် ပြောင်းလဲသွားသည်။]

[ခဏလေးအတွင်းမှာပင် နဂါးစောင့်ရှောက်သူသည် အနီနှင့်အနက်ရောင် အကြေးခွံများနှင့် ဖုံးအုပ်ထားသည့် အရှည်ပေ ရာနှင့်ချီရှိသော နဂါးကြီးအဖြစ် ပြောင်းလဲသွားသည်။]

[သမင်၏ ဦးချိုများ၊ နွား၏ ဦးခေါင်း၊ ယုန်၏ မျက်လုံးများ၊ မြွေ၏ ကိုယ်၊ လင်းယုန်၏ လက်သည်းများ!]

[ယင်းမှာ အရှေ့တိုင်း ဒဏ္ဍာရီများထဲမှ တကယ့်နဂါးစစ်စစ် ဖြစ်သည်မှာ သံသယ ဖြစ်စရာ မလိုတော့ပေ။]

[ယင်းသည် ယခင်က သင် တွေ့ဖူးသည့် ဝိညာဉ်အမြစ်များမှ ဖြစ်ပေါ်လာသော နဂါးဝိညာဉ်များလို မဟုတ်ပါ။ နဂါးစောင့်ရှောက်သူ၏ ခန္ဓာကိုယ်ထဲတွင် တကယ့်နဂါးသွေးများ ရှိနေကြောင်းကို သင် ခံစားနိုင်သည်။]

[ကြောက်မက်ဖွယ် ဖိအားကြောင့် သင့်ရင်ခုန်နှုန်း အနည်းငယ် မြန်လာသည်။]

[သို့သော် အခြေအနေအရ နောက်ဆုတ်ဖို့လည်း မတတ်နိုင်တော့ပါ။]

[သင်သည် လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်၏ နောက်ဆုံးအဆင့်တွင်သာ ရှိသော်လည်း သင်၏ အခြေခံက ပြီးပြည့်စုံနေပြီး ပြီးပြည့်စုံသော မြေဓားပါ ရှိသည့်အတွက် အလယ်အလတ်အဆင့် ကစဥ့်ကလျား မူလအစလောက ကျင့်ကြံသူကိုပင် ယှဉ်ပြိုင်နိုင်သည်။]

[သင်သည် သင့်လက်ထဲရှိ မှင်ရေခဲဓားကို မြှောက်လိုက်ပြီး မူလစွမ်းအင်နှင့် ဖုံးအုပ်လိုက်ကာ အလွန်လျင်မြန်သော အရှိန်ဖြင့် နဂါးစောင့်ရှောက်သူ၏ စစ်မှန်သောပုံစံဆီသို့ တဟုန်ထိုး ဝင်သွားသည်။]

[အနည်းငယ် တိုက်ခိုက်ပြီးနောက် သင်သည် ကြီးမားသော အမှားတစ်ခုကို လုပ်မိကြောင်း လျင်မြန်စွာ သိလိုက်ရသည်။]

[နဂါးမျိုးနွယ်စုများ၏ သွေးထဲတွင် ကြောက်မက်ဖွယ် ကောင်းသော အလားအလာများ ရှိပြီး သူတို့၏ စစ်မှန်သောပုံစံတွင်မူ သူတို့၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားသည် နောက်ဆုံးအဆင့် ကစဥ့်ကလျား မူလအစလောက ကျင့်ကြံသူများနှင့်ပင် နှိုင်းယှဉ်နိုင်သည်။]

[ခဏလေးအတွင်းမှာပင် သင်၏ ကာကွယ်ရေးဂန်ချီ ပြိုလဲသွားသည်။]

[သင်၏ မူလစွမ်းအင် သံချပ်ကာလည်း လျင်မြန်စွာ စုတ်ပြဲသွားသည်။]

[နောက်ထပ် အချီ အနည်းငယ် ကြာပြီးနောက် သင့်၏ ရုပ်ခန္ဓာကိုယ်သည် ပြိုလဲလုနီးပါး ဖြစ်သွားသည်။]

[သင်သည် ကူကယ်ရာမဲ့စွာဖြင့် သင်၏ နတ်အာရုံအား ခန္ဓာကိုယ်မှ ထွက်ခွာစေလိုက်သည်။]

[ထိုအခါ သင့်၏ နတ်အာရုံသည် နဂါး စောင့်ရှောက်သူ၏ လက်ချက်ဖြင့် ငြိမ်းသွားခဲ့သည်။]

[သင် သေဆုံးသွားသည်။]

[ဒင်၊ သရုပ်ပြခြင်း ပြီးဆုံးသွားပါပြီ။]

သရုပ်ပြခြင်း ပြီးဆုံးပြီးနောက် စုရှင်းသည် သူ့ရှေ့ရှိ သရုပ်ပြခြင်း စာသားကို အချိန် အတော်ကြာသည်အထိ တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။

နောက်ဆုံးတွင် စုရှင်း၏ မျက်နှာပေါ်၌ ထိတ်လန့်မှုတစ်ခု ပေါ်လာသည်။

“ဒီနဂါး စောင့်ရှောက်သူက…ကစဥ့်ကလျား မူလအစလောက ကျင့်ကြံသူ ဖြစ်နေတာပဲ!”

“ခန္ဓာကိုယ် ကျင့်ကြံမှု ကစဥ့်ကလျား မူလအစလောက… ဒါက စွမ်းအင် ကျင့်ကြံမှု ပေါင်းစည်းခြင်း အဆင့်ထက်တောင် ပိုခက်ခဲတယ်!”

စုရှင်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သို့သော် နဂါးမျိုးနွယ်စု၏ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓာဆိုင်ရာ စွမ်းရည်ကို စဉ်းစားကြည့်သည့်အခါ သူတို့သည် ရေတွက်မရနိုင်သော မျိုးနွယ်စုများထဲတွင် အကောင်းဆုံး ဖြစ်သည်။

နဂါးစောင့်ရှောက်သူသည် အချိန်အတော်ကြာအောင် နေထိုင်ခဲ့ပြီး ကစဥ့်ကလျား မူလအစလောက အထိ ကျင့်ကြံနိုင်ခြင်းမှာ ဖြစ်နိုင်ခြေ ရှိသည်ဟု ထင်ရသည်။

“ဟာကွာ၊ ဒီတစ်ခါတော့ ငါ လျှော့တွက်မိသွားတယ်!”

“ငါက နဂါးစောင့်ရှောက်သူက စွမ်းအင်ကျင့်ကြံမှု လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်း ကျင့်ကြံသူပဲလို့ ထင်နေခဲ့တာ… သူ့ရဲ့ ခန္ဓာကိုယ် ကျင့်ကြံမှုအဆင့်က ဒီလောက် အားကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး!”

“ပြီးတော့ နဂါးမျိုးနွယ်စုရဲ့ စစ်မှန်တဲ့ပုံစံနဲ့ဆိုရင် သူတို့ရဲ့ ပြန်လည် နာလန်ထူနိုင်စွမ်းနဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားတွေက ထိပ်တန်းပဲ။ သူ့ကိုတိုက်ခိုက်ဖို့ ငါက ပေါင်းစည်းခြင်း အဆင့်နဲ့ ကစဥ့်ကလျား မူလအစလောက ကျင့်ကြံမှု အဆင့်နှစ်ခုလုံးကို ရောက်ဖို့ လိုအပ်လိမ့်မယ် ထင်တယ်!”

သို့သော် စုရှင်းသည် သူ ယခင်က ရရှိခဲ့ဖူးသည့် စွမ်းရည် တစ်ခုကို လျင်မြန်စွာ သတိရလိုက်သည်။

နဂါးသတ်သမား!

နဂါးသတ်သမားဆိုသော ခရမ်းရောင် စွမ်းရည်သည် နဂါးမျိုးနွယ်စုအား ပြင်းထန်စွာ ထိန်းချုပ်နိုင်သည်!

စုရှင်းသာ ဤစွမ်းရည်ကို အောင်မြင်စွာ ထုတ်ယူနိုင်လျှင် နဂါးစောင့်ရှောက်သူကို တိုက်ခိုက်ရန် အခွင့်အရေး ရှိနိုင်သည်။

“ဒါပေမယ့်လည်း နဂါး စောင့်ရှောက်သူကို တိုက်ခိုက်ဖို့ ငါက အနည်းဆုံး ခန္ဓာကိုယ် ပေါင်းစည်းခြင်း အဆင့်ကို ရောက်ဖို့ လိုအပ်လိမ့်မယ်?”

စုရှင်းသည် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

ထိုအရာများ အားလုံးသည် သရုပ်ပြခြင်းပေါ်တွင် အခြေခံခြင်း ဖြစ်သည်။ တကယ်တမ်းမှာ စုရှင်းသည် ပိုပြီး သတိထားရမည် ဖြစ်သည်။ သူ၏အဆင့်သည် နဂါးစောင့်ရှောက်သူကို ချေမှုန်းရန် လုံလုံလောက်လောက် မြင့်လာသည်အထိ စောင့်ပြီးမှသာ လုပ်ဆောင်ဖို့ရန် ရွေးချယ်နိုင်မည် ဖြစ်သည်။

“ဒါပေမဲ့… သွေးနတ်ဘုရား အကြောင်း သတင်းက မရသေးဘူး… သွေးနတ်ဘုရားနဲ့ ဆင်းသက်ဂိုဏ်းရဲ့ ခေါင်းဆောင်အကြောင်းက နဂါးစောင့်ရှောက်သူစီကနေပဲ သတင်း ရနိုင်လိမ့်မယ် ထင်တယ်!”

…

All Chapters