← Chapters

မဟာအင်ပါယာ၏ကိုယ်စား တရားစီရင်ခြင်း

Vol. 145 Ch. 2064

မဟာအင်ပါယာ၏ကိုယ်စား တရားစီရင်ခြင်း

Vol. 145 Ch. 2064

ဆေးအင်ပါယာက နတ်ဘုရားတစ်ပါးကဲ့သို့ တုန်းဟွာ၏ အထက်ကောင်းကင်တွင် ရပ်နေခဲ့သည်။ စောင့်ကြည့်မျှော်စင်နတ်ရတနာက ကောင်းကင်ဂိတ်တံခါးကဲ့သို့ သူ့ဘေးမှာ ရှိနေခဲ့သည်။ ၎င်းသည် အောက်ဘက်မှ အရာအားလုံးကို ဖိနှိပ်ထားခဲ့၏။ နယ်မြေသခင်အိမ်တော်မှ လူတိုင်းသည် ထိုကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိကြပေသည်။

ထင်ထားသလိုပင် ဆေးအင်ပါယာက ထိုသတင်းကို ကြိုတင်သိထားခြင်းပင် ဖြစ်လေသည်။ ထို့ကြောင့် သူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ အရင်ပြန်သွားကာ စောင့်ကြည့်မျှော်စင်နတ်ရတနာအား ယူဆောင်လာခြင်း ဖြစ်သည်။ သူက စစ်ပွဲဆင်နွှဲရန် ပြင်ဆင်ခဲ့လေသည်။

ထိုအချိန်တွင် တုန်းဟွာအခမ်းအနားအတွင်း ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်လာပေသည်။ မုန်တိုင်းက အစပျိုးလာပြီ ဖြစ်ပေသည်။

အခြားတန်ခိုးရှင်များက ၎င်းကို သတိပြုမိလိုက်သည်။ သူတို့က အဝေးမှ ကောင်းကင်ထက်ရှိ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ ပုံရိပ်ကို မော့ကြည့်လိုက်ကြသည်။ သူတို့က မည်သည်တို့ ဖြစ်နေသည်အား သိချင်နေကြ၏။ ဆေးအင်ပါယာက ဤနေရာသို့ စောင့်ကြည့်မျှော်စင်နတ်ရတနာအား သယ်ဆောင်လာခဲ့သည်။ သူသည် နယ်မြေသခင်အိမ်တော်၏ အထက်ကောင်းကင်မှာ ရပ်နေခဲ့ပြီး ကောင်းကင်အား ဖိနှိပ်ထားခဲ့သည်။

အင်ပါယာယန်က မပြောင်းလဲသောလေသံနှင့် စွပ်စွဲလိုက်သည်။ "နယ်မြေသခင် ကျုပ်ပြောတာ မှန်တယ်။ ဆေးအင်ပါယာ သူ့လူတွေ နယ်မြေသခင်ရဲ့ စည်းမျဥ်းကို ဖောက်ဖျက်ပြီး ယန်ပြည်ထောင်နဲ့ လင်းရှောင်နန်းတော်က တပည့်တွေကို သတ်ပစ်တာ အရင်ကတည်းက သိထားပုံပဲ။ ဒါကြောင့် သူက ကျုပ်တို့ကို ဖိအားပေးမလို့ ပြင်ဆင်ဖို့ တမင်သက်သက် ပြန်သွားခဲ့တာ။ သူက တုန်းဟွာအခမ်းအနားမှာ နယ်မြေသခင်ကို အလေးအနက်မထားခဲ့ဖူးပဲ။" သူ့လေသံက အေးစက်သော အရှိန်အဝါနှင့် ပြည့်နေခဲ့သည်။

ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က နတ်ရတနာတစ်ခုဖြစ်ပြီး အလွန်အစွမ်းထက်ပေသည်။ ၎င်းက ရှေးဟောင်းရတနာတစ်ခု ဖြစ်သည်ဟု ပြောကြသည်။ ကောလာဟလများက ထပ်ပြောကြသည်မှာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ကောင်းကင်လမ်းစဥ် မပြိုကျခင်တွင် ကောင်းကင်ဂိတ်တံခါးတစ်ခု ဖြစ်ခဲ့သည်ဟူ၍ ဖြစ်သည်။ အချို့သော အခွင့်အလမ်းများကြောင့် ဆေးအင်ပါယာက ၎င်းကို ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းတွင် အလွန် ကြောက်မက်ဖွယ် စွမ်းအားများပါဝင်သည်။ တန်ခိုးရှင်များက သူ့ကို သတိထားနေကြရသည်။ ထိုအကြောင်းရင်းကပင် သူတို့က တုံ့လိုင်နတ်ဘုရားအကြီးအကဲကိုသာ သတ်နိုင်ခဲ့ပြီး ဆေးအင်ပါယာအား မသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို သယ်ဆောင်လာသည့် ဆေးအင်ပါယာက သူတို့ကို ခြိမ်းခြောက်ရန် လုံလောက်နေပြီ ဖြစ်သည်။

"ဒီတစ်ကြိမ် နယ်မြေသခင်က တုန်းဟွာအခမ်းအနားကို ကျင်းပခဲ့ပြီး အင်အားစုတွေ အားလုံးကို စုစည်းခဲ့တယ်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ တပည့်တွေက စည်းမျဥ်းတွေကို ဆန့်ကျင်ပြီး လျှို့ဝှက်နယ်မြေမှာ ကျင့်ကြံသူတွေကို သတ်ဖြတ်ခဲ့တယ်။ အခု ဆေးအင်ပါယာက စောင့်ကြည့်မျှော်စင် နတ်ရတနာကို သယ်ဆောင်ပြီး တုန်းဟွာနယ်မြေမှာ မုန်တိုင်းထန်စေဖို့ ရည်ရွယ်ချက်ရှိနေတယ်။ မယုံနိုင်စရာပဲ။" လင်းရှောင်နန်းတော်သခင် လင်းယွင်ကျီက ပြောလိုက်သည်။ သူက တာဝန်အားလုံးကို ဆေးအင်ပါယာနှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ လူများအပေါ် ပုံချခဲ့သည်။

ထိုသည်ကို ကြည့်လျှင် သူတို့က ဤတစ်ကြိမ်၌ ဆေးအင်ပါယာ နှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ လူများကို အပြုတ်ဖြုတ်ရန် ကြံနေကြောင်း ထင်ရှားပေသည်။ မဟုတ်လျှင် ဆေးအင်ပါယာတို့က တဖြေးဖြေးနှင့် သူတို့အတွက် ဆူးငြှောင့်ခလုတ်များ ဖြစ်လာပေလိမ့်မည်။

"နယ်မြေသခင် ဆေးအင်ပါယာက တစ်ခုခု သိသွားတာဖြစ်နိုင်တယ်။" လင်းယွင်ကျီက နယ်မြေသခင်အား စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။ နယ်မြေသခင်နင်က ဆေးအင်ပါယာကို မော့ကြည့်လိုက်သည်။ ယခင်က နင်ဟွာသည် မည်သည်တို့ဖြစ်ခဲ့သည်အား အကြမ်းဖျင်းမျှသာ ရှင်းပြထားခဲ့ခြင်း ဖြစ်သည်။ သူ၏ ခန့်မှန်းချက်အရ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များနှင့် ဆေးအင်ပါယာက သူ့ကို ထပ်၍ ယုံကြည်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့က ချက်ချင်းပင် တိုက်ပွဲအတွက် ပြင်ဆင်ခဲ့ခြင်း ဖြစ်လေသည်။

ဆိုလိုသည်မှာ တစ်ဖက်လူက တစ်စုံတစ်ခုအား ရှာဖွေတွေ့ရှိသွားပြီ ဖြစ်သည်။ သူ ပိုင်ဆိုင်ထားသော စွမ်းရည်နှင့် အဆင့်အတန်းကြောင့် သူတို့က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလိမ့်မည် မဟုတ်ပေ။ သူတို့က အခုချိန်၌ သည်းခံထားရုံသာ တတ်နိုင်ပေသည်။

သူက ထိုသို့ တွေးလိုက်မိသည့်အခါ နယ်မြေသခင်နင်က ဆုံးဖြတ်ချက်ချလိုက်သည်။ ဆေးအင်ပါယာနှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ လူများကို အမြစ်ဖြတ်သုတ်သင်ပစ်ရန် လိုပေသည်။ နယ်မြေသခင်အိမ်တော်မှ နတ်ရတနာ ကောင်းကင်ချိပ်ပိတ်စာလိပ်က ဖျက်ဆီးခံလိုက်ရသည်။ သူတို့က နယ်မြေသခင်အိမ်တော်၏ အင်အားကို ခိုင်မာစေရန် နောက်ထပ် နတ်ရတနာတစ်ခု အစားထိုးရန် လိုပေသည်။ ထိုစောင့်ကြည့်မျှော်စင် နတ်ရတနာက နယ်မြေသခင်၏ ကျင့်ကြံခြင်းနှင့် မလိုက်ဖက်သော်လည်း ၎င်းကို နတ်ရတနာတစ်ခုအဖြစ် ဆုံးဖြတ်နိုင်ဆဲပင် ဖြစ်သည်။

နယ်မြေသခင်က ပြောလိုက်သည်။ "ဆေးအင်ပါယာ ဒါက တုန်းဟွာအခမ်းအနားပါ။ ဒီနေရာကို စောင့်ကြည့်မျှော်စင် ယူလာတာ ခင်ဗျားက ကျုပ်ရဲ့ နယ်မြေသခင်အိမ်တော်နဲ့ တုန်းဟွာနယ်မြေရဲ့ အင်အားစုတွေကို ဖိနှိပ်ဖို့ ကြံနေတာလား။ ဘယ်လောက် ရဲတင်းလိုက်သလဲ။" သူ၏ လေသံမှနေ၍ မည်သူကမှ သူ့ခံစားချက်အား မသိနိုင်ပေ။ သူက အလွန်တည်ငြိမ်ပုံရသော်လည်း သူ၏ စကားလုံးများက သူ့ရပ်တည်မှုကို ဖော်ပြခဲ့ပြီး ဖြစ်သည်။

ယခင်က သူသည် နှစ်ဖက်လုံးက အချင်းချင်း ဖြေရှင်းသင့်သည်ဟု ပြောလိုက်သည်။ သို့သော် ကြည့်ရသည်မှာ တစ်ခုခု ပြောင်းလဲသွားပုံရလေသည်။ ထိုစကားလုံးများက ဆေးအင်ပါယာကိုဝေဖန်ပြစ်တင်နေသည်။ ဆေးအင်ပါယာ မရောက်ခင် အင်ပါယာယန်က ရီဖူရှင်းကို တိုက်ခိုက်ချင်နေသည်။ နယ်မြေသခင်က မည်သည့်စကားမှ မဆိုဘဲ အင်ပါယာယန်ကို မရပ်တန့်ခဲ့ပေ။ ယခု ဆေးအင်ပါယာ ရောက်လာသောအခါ သူဖန်တီးခဲ့သော အခြေအနေက ပို၍ ကြီးမားလာသော်လည်း သူက နောက်ဆုံးဖြေရှင်းချက်အနေနှင့် ၎င်းကို ပြုလုပ်ရန်သာ တတ်နိုင်သည်။ သူက ထိုသို့ မလုပ်လျှင် အင်ပါယာယန်နှင့် လင်းယွင်ကျီတို့ အထွတ်အထိပ် ပုဂ္ဂိုလ်နှစ်ဦး၏ စွမ်းအားကို သူက ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူက စောင့်ကြည့်မျှော်စင်နတ်ရတနာကို ဤနေရာသို့ သယ်ဆောင်လာခြင်း ဖြစ်သည်။

သူက အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်လာခြင်း ဖြစ်လေသည်။

"နယ်မြေသခင် သိပ်စိတ်ပူမနေပါနဲ့။ ယန်ပြည်ထောင်နဲ့ လင်းရှောင်နန်းတော်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို အမြဲ လိုက်ဆန့်ကျင်နေတာလေ။" ဆေးအင်ပါယာက ပြန်ဖြေလိုက်သည်။ "ဒါကြောင့် ကျုပ်က ရွေးစရာမရှိဘဲ အိမ်ပြန်ပြီး ပြင်ဆင်စရာ ပြင်ဆင်ရတာပေါ့။ ကျုပ် ဒီကို စောင့်ကြည့်မျှော်စင်နတ်ရတနာ ယူလာတယ်ဆိုတာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က တန်ခိုးရှင်တွေ ဒီကနေ ထွက်သွားနိုင်တာ သေချာအောင်လို့ပါ။" သူ့အသံက ကောင်းကင်ကို တုန်ခါသွားစေသည်။

"ဒီလိုဆိုရင် ခင်ဗျားရဲ့ စောင့်ကြည့်မျှော်စင် နတ်ရတနာကို သိမ်းလိုက်ပြီး ကျုပ်ကို ဒီကိစ္စကိုင်တွယ်ခွင့်ပြုလိုက်။" နယ်မြေသခင်နင်က ဆေးအင်ပါယာကို ကြည့်လိုက်သည်။

ရီဖူရှင်းနှင့် အခြားသူများက နယ်မြေသခင်အား ကြည့်လိုက်သည်။ သူက ဤပြဿနာကို ကိုင်တွယ်မည်လား။

ယခင်က သူသည် ပြဿနာကို မည်သို့ ကိုင်တွယ်မည်ဖြစ်ကြောင်း ပြသပြီးဖြစ်သည်။ သူက မည်သည့်ဘက်ကိုမှ ဝင်မစွက်ဘဲ နှစ်ဖက်လုံးကို ကိုယ်တိုင်ပြဿနာရှင်းရန် ခွင့်ပြုထားသည်။ အစောပိုင်းက ဆေးအင်ပါယာ အနားတွင် မရှိသောအခါ အင်ပါယာယန်က ရီဖူရှင်းအား တိုက်ရိုက်တိုက်ခိုက်ခဲ့သည်။ ကံကောင်းစွာဖြင့် အင်ပါယာရှီက အင်ပါယာယန်ကို ရပ်တန့်ခဲ့၏။

ယခု ဆေးအင်ပါယာက ပြန်ရောက်လာသောအခါ နယ်မြေသခင်နင်က သူ့အား စောင့်ကြည့်မျှော်စင်နတ်ရတနာကို သိမ်းထားစေချင်နေသည်။ ဤသည်မှာ နယ်မြေသခင်နင်၏ ကိစ္စများကို ကိုင်တွယ်သော နည်းလမ်းပင် ဖြစ်သည်။

"ဒီကိစ္စမှာ ကျုပ်တို့အင်အားစုတွေကြားက ရန်ငြိုးတွေ ပတ်သတ်နေတာပါ။ နယ်မြေသခင် စိတ်ပူဖို့မလိုဘူး။ ကျုပ်တို့ကိစ္စ ကျုပ်တို့ဘာသာ ဖြေရှင်းပါ့မယ်။" ဆေးအင်ပါယာက စောင့်ကြည့်မျှော်စင်နတ်ရတနာအား မည်သို့ အဝေးပို့ထားနိုင်ပါမည်နည်း။ သူက အောက်ဘက်သို့ ကြည့်ကာ ပြောလိုက်သည်။ "ကျုပ်တို့ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်နဲ့ ယန်ပြည်ထောင်၊ လင်းရှောင်နန်းတော်တို့ကြားမှာ ဘယ်အင်အားစုမှ ဝင်စွက်ဖက်ဖို့ မလိုပါဘူး။"

ထိုသည်မှာ နယ်မြေသခင်နင် ယခင်က ကတိပေးခဲ့သော အရာဖြစ်သည်။ နှစ်ဖက်လုံးက သူတို့ကြားတွင်သာ ဖြေရှင်းကြလိမ့်မည် ဖြစ်သည်။

နယ်မြေသခင်နင်၏ ခန္ဓာကိုယ်မှ ဖိအားတို့ကို ထုတ်လွှတ်ရင်း ဆေးအင်ပါယာကို စိုက်ကြည့်လိုက်သည်။ သူ့အကြည့်များက အေးစက်လာကာ ပြောလိုက်၏။ "ဒါက တုန်းဟွာနယ်မြေရဲ့ နယ်မြေသခင်အိမ်တော်ပဲ။ ပြီးတော့ ဒီနေ့က တုန်းဟွာအခမ်းအနားလည်း ဖြစ်တယ်။ ကြည့်ရတာ ခင်ဗျားက ကျုပ်စကားကို နည်းနည်းလေးတောင် အရေးမထားဘူး ထင်တယ်။"

ဆေးအင်ပါယာက နယ်မြေသခင်ကို ကြည့်လိုက်သည်။ ထိုစကားလုံးများက လုံးဝ ကျိုးကြောင်းဆီလျော်ခြင်း မရှိပေ။ သူ၏ သဘောထားမှ ဆေးအင်ပါယာသည် သူ ရပ်တည်မည့်ဘက်ကို ရွေးချယ်သွားပြီး သူတို့အား အတင်းအကျပ် ဖိအားပေးချင်နေကြောင်း နားလည်လိုက်သည်။

ထိုသည်ကို ကြည့်လျှင် သူတို့က အရှက်ရမှုအား သည်းခံပြီး နယ်မြေသခင် အိမ်တော်အား မဆန့်ကျင်မိစေရန် သူတို့၏ ဒေါသကို ထိန်းချုပ်ထားခဲ့ခြင်းမှာ အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။ တစ်ဖက်လူက သူတို့အား လွှတ်ပေးရန် ဆန္ဒမရှိချေ။

"ကျုပ်မှာ အဲဒီလို ရည်ရွယ်ချက် မရှိဘူး။" ဆေးအင်ပါယာက ပြန်ဖြေလိုက်သည်။ ဆေးအင်ပါယာက သူ့ရပ်တည်မှုကို ဖော်ပြခဲ့သော်လည်း နယ်မြေသခင်က အတင်းအကျပ် ပါဝင်လိုခဲ့လျှင် သူ လုပ်နိုင်သည့်အရာ မည်သည်မှ မရှိပေ။ နယ်မြေသခင် ပေးသော မည်သည့် အကြောင်းပြချက်မဆို လုံလောက်ပေလိမ့်မည်။

"ဟမ့်..." နယ်မြေသခင်က အေးစက်စွာ နှာမှုတ်လိုက်၏။

သူ့ခန္ဓာကိုယ်မှ ဖိအားက တဖြေးဖြေး အားကောင်းသန်မာလာကာ အလွန် ပြင်းထန်လာခဲ့သည်။ သူ့အကြည့်များက တည်ငြိမ်နေခြင်း မရှိတော့ဘဲ အေးစက်သည့် အကြည့်တို့ ဖြစ်လာခဲ့၏။ သူက ကောင်းကင်မှ ဆေးအင်ပါယာကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "ရီလျှို့နျန်က ကျုပ်ရဲ့ စည်းမျဥ်းတွေကို မနာခံဘဲ လျှို့ဝှက်နယ်မြေထဲမှာ ကျင့်ကြံသူတွေကို သတ်ဖြတ်ခဲ့တယ်။ သူ ဘာကြောင့် လုပ်တာပဲဖြစ်ဖြစ် လုပ်ခဲ့တာက လုပ်ခဲ့တာပဲ။ ကျုပ်က ခင်ဗျားနဲ့ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ မျက်နှာကို ထောက်ပြီး သူက ကျုပ်စည်းမျဥ်းတွေ ချိုးဖောက်ခဲ့တာတောင် ဝင်မစွက်ခဲ့ဘူး။ ဒါပေမယ့် ခင်ဗျားက စောင့်ကြည့်မျှော်စင် နတ်ရတနာကို ဒီထိယူလာပြီး နယ်မြေသခင်အိမ်တော်ကို အင်အားပြ ဝင်ရောက်လာတယ်ပေါ့။ ကြည့်ရတာ ခင်ဗျားက ရီလျှို့နျန်နဲ့ အတူတူပဲ။ ခင်ဗျားတို့က တုန်းဟွာအခမ်းအနားကို လုံးဝ အလေးအနက်မထားကြဘူး။"

နယ်မြေသခင်က ပြောနေရင်း မဟာလမ်းစဥ် အရှိန်အဝါကို ထုတ်လွှတ်ကာ အဆုံးမဲ့ လေဟာနယ်အား လွှမ်းခြုံသွားစေသည်။ လူတိုင်းက သူထံမှ လာသော ဖိအားကို ခံစားမိကြပေသည်။

တုန်းဟွာနန်းတော်တွင် ထိပ်သီးအဆင့် ပုဂ္ဂိုလ်ကြီးများက နယ်မြေသခင်ကို ကြည့်လိုက်ကြသည်။ သူတို့၏ အကြည့်များတွင် အခြေအနေအား နားလည်သဘောပေါက်လာသည့် အရိပ်အယောင်များ ရှိနေပေသည်။

ဤသည်မှာ အဘယ့်ကြောင့် ထိုကိစ္စရပ်များ ပေါ်လာရသနည်းဟူသည့် အကြောင်းရင်းပင်။

အစကတည်းက တုန်းဟွာနယ်မြေကို အုပ်စိုးသော နယ်မြေသခင်သည် ဆုံးဖြတ်ချက်ချထားပြီး ဖြစ်၏။ သူသည် တစ်ဖက်လူက ရီဖူရှင်းအား ရင်ဆိုင်မည်ကို လွှတ်ထားခဲ့ပြီး တရားမျှတသူကဲ့သို့ ပြုမူကာ ဝင်မစွက်ခဲ့ပေ။ သို့သော် လက်ရှိအခြေအနေတွင် ဆေးအင်ပါယာက စောင့်ကြည့်မျှော်စင် နတ်ရတနာနှင့် ပြန်လာခဲ့ရာ သူက မျက်နှာဖုံး ဆက်ဝတ်မထားနိုင်တော့ဘဲ သူ၏ ရပ်တည်မှုကို မြင်သာအောင် ပြသလာရန်သာ တတ်နိုင်တော့သည်။

သူက ရီဖူရှင်းအား သေစေချင်နေသည်။

ရီဖူရှင်းက ထွက်ပြေးလွတ်မြောက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

ဆေးအင်ပါယာက နယ်မြေသခင်အား ကြည့်လိုက်သည်။ ထင်ထားသလိုပင် သူက မျက်နှာဖုံးအား ချွတ်ကာ ရည်ရွယ်ချက်ကို တိုက်ရိုက်ထုတ်ဖော်ပြသလာပြီ ဖြစ်သည်။

ဆေးအင်ပါယာက ခြိမ်းခြောက်လိုက်၏။ "ဘယ်သူက စည်းမျဥ်းချမှတ်လဲ ကျုပ် ဂရုမစိုက်ဘူး။ ကျုပ် သိတာတော့ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ တပည့်တွေက မမှားခဲ့ဘူး။ ဒီနေ့ ကျုပ် သူတို့နဲ့အတူ ထွက်သွားမယ်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ တန်ခိုးရှင်တစ်ယောက်ယောက်ကို ထိရဲတဲ့ ဘယ်သူမဆို ကျုပ် သတ်ရလိမ့်မယ်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ ဂျူနီယာတစ်ယောက်ကို သတ်တဲ့ ဘယ်သူမဆို ကျုပ်ကလည်း သူတို့ရဲ့ ဂျူနီယာတွေကို ပြန်သတ်ရလိမ့်မယ်။" သူက ရှေ့သို့ လျှောက်လာပြီး စောင့်ကြည့်မျှော်စင် နတ်ရတနာပေါ် လက်တင်လိုက်သည်။ ရုတ်ချည်းပင် ကြောက်မက်ဖွယ် ကျယ်လောင်သော တုန်ခါသံများကို ကြားလိုက်ရသည်။ မရေတွက်နိုင်သော နတ်ကျောက်စာချပ်များက ကောင်းကင်တွင် ထွက်ပေါ်လာ၏။ ၎င်းတို့သည် ကောင်းကင်ထက်မှ ကျဆင်းလာပြီး နယ်မြေသခင်အိမ်တော်ကို လွှမ်းခြုံထားသည်။

နယ်မြေသခင်အိမ်တော်တွင် လူများစွာ ရှိသည်။ နယ်မြေသခင်နင်သည်ပင် သတိထားနေခဲ့သည်။ သူတို့က ဆေးအင်ပါယာကို ချက်ချင်း မဟန့်တားနိုင်ဘဲ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က အောက်သို့ ကျဆင်းလာလျှင် ကောင်းကင်နှင့် မြေကြီးက တစစီအက်ကွဲသွားနိုင်ကာ လူပေါင်းများစွာ သေဆုံးရပေလိမ့်မည်။

သူ၏ ဂျူနီယာများကို သတ်သည့် မည်သူမဆို သူတို့၏ ဂျူနီယာများကို ပြန်သတ်ရလိမ့်မည်ဟု ပြောသည်လား။ ထိုသည်မှာ နင်ဟွာ အပါအဝင် ဖြစ်နိုင်သလား။

"ဆေးအင်ပါယာက ဒီနေ့ အတော်လေး ပြင်းပြင်းထန်ထန် ပြုမူနေတာပဲ။" မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က အင်ပါယာရှီအား စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။ ဤတစ်ကြိမ်၌ ဆေးအင်ပါယာသည် နယ်မြေသခင်နှင့်ပါ ရင်ဆိုင်ရမည် ဖြစ်သည်။ သူက တုန်းဟွာနယ်မြေ အထွတ်အထိပ်တွင် ရပ်တည်နေသော နယ်မြေသခင်အပါအဝင် ထိပ်သီးအဆင့်ပုဂ္ဂိုလ် သုံးယောက်နှင့် ရင်ဆိုင်ရလျှင်ပင် ကြောက်ရွံ့ခြင်း မရှိပေ။

အင်ပါယာရှီက အတွေးကို ပြန်ဆက်သွယ်ကာ ပြောလိုက်၏။ "အရင်က လင်းယွင်ကျီ ဘာလို့ အမြဲ နယ်မြေသခင်နဲ့ ပလဲနံပသင့်နေသလဲဆိုပြီး ထူးဆန်းနေတာ။ အခု ကြည့်ရတာ ဘာကြောင့်ဆိုတဲ့ သဲလွန်စတချို့ တွေ့လာသလိုပဲ။ အခုကြည့်ရတာတော့ နယ်မြေသခင်နဲ့ လင်းယွင်ကျီတို့ ပူးပေါင်းထားတာ အချိန်အတော်ကြာပုံရပြီ။ သူတို့ရဲ့ ပတ်သတ်မှုက သာမန်ဟုတ်ပုံမရဘူး။ ပြီးတော့ ရှေးဟောင်းတော်ဝင် ယန်မိသားစုလည်း ရှိသေးတယ်။ ကြည့်ရတာတော့ တုံ့လိုင်နတ်ဘုရားအကြီးအကဲရဲ့ သေခြင်းက မျက်စိနဲ့ မြင်ရတဲ့ အကြောင်းတရားထက် ပိုမယ့်ပုံမယ့်ရတယ်။"

သူတို့အားလုံးက နယ်မြေ၏ အထွတ်အထိပ်တွင် ရပ်တည်နေသူများဖြစ်ပြီး အရူးမဟုတ်ကြပေ။ အခြားသော ထိပ်သီးအဆင့်ပုဂ္ဂိုလ်ကြီးများသည်လည်း မည်သည်တို့ ဖြစ်ပျက်နေသည်ကို မရေမရာ သတိပြုမိကြ၏။

သို့သော် ဆေးအင်ပါယာ ပြသလာသည့် အင်အားက လူတိုင်းကို အံ့အားသင့်စေသည်။ ထိုသို့သော အရှိန်အဝါမျိုးက ဆေးအင်ပါယာကဲ့သို့  အထွတ်အထိပ်၌ ရပ်တည်နေသော တန်ခိုးရှင်တစ်ယောက်သာ ပြသနိုင်ပေလိမ့်မည်။

လင်းယွင်ကျီနှင့် အင်ပါယာယန်က ဆေးအင်ပါယာ၏ စကားကို ကြားသောအခါ လှောင်ပြောင်ရယ်မောလိုက်သည်။ သူတို့က ဤသို့သော အဆုံးသတ်ရလဒ်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ နှမြောစရာကောင်းသည်မှာ လင်းဟယ်နှင့် ယန်တုန်းရန်တို့ အသတ်ခံခဲ့ရခြင်းသာ ဖြစ်၏။

သို့သော် ဆေးအင်ပါယာနှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ လူများလည်း သူတို့အား လိုက်လံ အဖော်ပြုပေးရတော့မည် ဖြစ်သည်။

ယနေ့ပြီးနောက် တုန်းဟွာနယ်မြေ၏ အထွတ်အထိပ်ရှိ အင်အားစုမှ တန်ခိုးရှင်တစ်ယောက် လျော့နည်းသွားတော့မည် ဖြစ်သည်။

ဆေးအင်ပါယာက ထိုသို့ ဆိုလိုက်ကတည်းက နယ်မြေသခင်နင်က နောက်ပြန်ဆုတ်တော့မည် မဟုတ်ပေ။

နယ်မြေသခင်က ဆေးအင်ပါယာကို မော့ကြည့်လိုက်သည်။ သူက ခန့်ညားထည်ဝါသော အပြုအမူနှင့် သူ့ အမူအရာက အေးစက်နေသည်။ သူက ပြောလိုက်၏။ "ကျုပ်က မဟာအင်ပါယာကိုယ်စား တုန်းဟွာနယ်မြေကို အုပ်ချုပ်ပေးနေတာ။ ကျုပ် အမြဲတမ်း တုန်းဟွာနယ်မြေ ပိုတိုးတက်လာပြီး ထူးချွန်တဲ့ တန်ခိုးရှင်တွေ ထွက်ပေါ်လာဖို့ မျှော်လင့်ခဲ့တယ်။ တုန်းဟွာနယ်မြေရဲ့ အင်အားစုတွေကြားမှာ ပဋိပက္ခတွေ ရန်ငြိုးတွေ ရှိပေမယ့် သူတို့တွေ အတူယှဥ်တွဲနေထိုင်နိုင်ဖို့ မျှော်လင့်ခဲ့တယ်။ ဒါကြောင့်ပဲ တုန်းဟွာအခမ်းအနားကို ကျင်းပခဲ့တာ။ သူတို့အားလုံး လျှို့ဝှက်နယ်မြေထဲ မဝင်ခင်မှာ ကျုပ် စည်းမျဥ်းတွေ ချမှတ်ခဲ့တယ်။ ဒါပေမယ့် ဆေးအင်ပါယာက တုန်းဟွာနယ်မြေရဲ့ ငြိမ်းချမ်းမှုကို ဖျက်ဆီးစေချင်နေတယ်။ ဒီလိုဆိုမှတော့ ကျုပ်က မဟာအင်ပါယာ အရှင်ဒွန်ဟောင် ကိုယ်စား ဥပဒေအတိုင်း ဆောင်ရွက်ရလိမ့်မယ်။ ဆေးအင်ပါယာ ခင်ဗျားမှာ အပြစ်ရှိတယ်လို့ ကျုပ်သတ်မှတ်တယ်။"

***

All Chapters