အကြီးအကဲချင်းလန်
Vol. 4 Ch. 46
ရှန်လျန့်၏ အမူအရာသည် အေးစက်သွားပြီး သူ့လက်များသည် လက်သီးများကို ဆုပ်ထားသည်။
သတ်ပစ်ချင်သည့် အရိပ်အယောင်တစ်ခုသည် သူ့မျက်လုံးများတွင် တောက်ပလာသော်လည်း ၎င်းကို လျင်မြန်စွာ ဖိနှိပ်လိုက်သည်။
ပိုင်ကျီဟန် မျက်နှာကို ဘယ်လောက်ပဲ ရိုက်ချင်နေပါစေ၊ တခြားတပည့်များရှေ့ တွင် မိုက်မိုက်ရိုင်းရိုင်း ပြုမူလို့ မဖြစ်ပေ။
နောက်ဆုံးတော့ ထိုနေရာသည် သူ၏နယ်မြေဖြစ်ပြီး ပိုင်မျိုးနွယ်တွင် သူမတရားခံခဲ့ရသည့်အရာအတွက် တရားမျှတမှုကို ရနိုင်မည်ဟု ယုံကြည်ခဲ့သည်။
တစ်ဖက်မှတော့ ပိုင်ကျီဟန်သည် ရှန်လျန့် လှုပ်ရှားလိုက် သကဲ့သို့ ခေါင်းကို အနည်းငယ် ငုံ့ကာ ငြိမ်သက်နေခဲ့သည်။
ကဲ့ရဲ့လှောင်ပြောင်မှုကို လက်ခံရန် ဆန္ဒမရှိသော အကြီးအကံလုသည် ဆက်ပြောလေ၏
"တော်ပြီ”
သူ့အသံသည် ခန်းမအတွင်း ကျယ်လောင်သွားသည်။
"ပိုင်ကျီဟန် ၊ မင်း အလျှော့မပေးချင်ဘူးဆိုတော့ မင်းရဲ့ ကောင်းကင်ဓားဂိုဏ်း ဝင်ခွင့်ကို ငြင်းပယ်လိုက်ပြီ။ မင်းကို ဒီမှာ မကြိုဆိုဘူး”
တပည့်တွေအကုန် တိတ်ဆိတ်ကုန်၏။
ဤသည်မှာ အများစုမျှော်လင့်သည့် ပိုင်ကျီဟန် နှင်ထုတ်ခံရသည်ကို မြင်လိုသည့်အတိုင်းဖြစ်သည်။
သို့တိုင် ပိုင်ကျီဟန်သည် စိတ်ပူနေမည့်အစား မျက်ခုံးပင့်လိုက်သည်။
"အိုး? ဒါပဲလား?"
ပိုင်ကျီဟန်သည် ဝမ်းသာအားရနဲ့ ပြောလိုက်
သည်။
ဒီလိုသာဆို ပိုင်ကျီဟန်သည် ပိုပျော်ရွှင်နေမှာပင်
သူသည် ကောင်းကင်ဓားဂိုဏ်းသို့ ဝင်ရန် စိတ်မ၀င်စားခဲ့ပေ။
သူသည် အခြားသူ၏အကူအညီကို မလိုအပ်ဘဲ စနစ်တစ်ခုတည်းနဲ့ပင် အိမ်တွင်ဖြည်းဖြည်းချင်း သန်မာလာနိုင်သည်။
ပြောစရာရှိလား ၊ မရှိလား စစ်ဆေးနေသလိုပင်
ပိုင်ရွှယ်ချင်းနဲ့ ချူကျီယန်ဆီသို့ လှည့်ကြည့်လိုက်သည်။
ပိုင်ကျီဟန်အနေနဲ့ ကောင်းကင်ဓားဂိုဏ်းသို့ဝင်ရောက်ရန် မည်သည့်အစပြုမှုမျှ မလုပ်ဆောင်တော့ဘဲ ပိုင်ရွှယ်ချင်းနဲ့ ချူကျီယန် ဘာလုပ်မည်ကိုသာ ကြည့်ဖို့ လိုတော့သည်။
ချုဇီယန်သည် မျက်မှောင်ကျုံ့လိုက်သည်။
“အကြီးအကဲလု၊ ဒီလိုနဲ့ သူ့ဝင်ခွင့်ကို ပယ်ချဖို့ အခွင့် မရှိဘူးနော်။ကျွန်မသခင်က ခွင့်ပြုပြီးသား”
အကြီးအကဲလုသည် လှောင်ပြောင်လေ၏
“ဆုံးဖြတ်ပြီးသွားပြီလား။ဒါကိုလုပ်ချင်ရင် မင်းဆရာကိုခေါ်ခဲ့ ။”
ပိုင်ရွှယ်ချင်းသည် သက်ပြင်းချရင်း ခေါင်းငြိမ့်လိုက်သည် ။
“ကောင်းပြီ၊ ကျွန်မ ဆရာကြီးကို ခေါ်ရတော့မှာပေါ့”
အကြီးအကဲလုသည် ပိုင်ကျီဟန်ကို မှတ်ပုံတင်မပေးပါက သူမသည်လည်း ဆရာကြီးကို တိုင်ပင်ဖို့သာ ကျန်တော့သည်။
သူမ လှည့်တော့မည့်အချိန်တွင်
“မလိုတော့ဘူး”
ကြည်လင်ပြီး တည်ငြိမ်သည့်အသံတစ်ခုသည် ဝင်ပေါက်မှ ထွက်လာသည်။
လူတိုင်း ခေါင်းကို လှည့်ကြည့်ကြသည်။
ထို့နောက် သူမ ပေါ်လာသည်။
မြစိမ်းရောင် ဝတ်ရုံ ဝတ်ထားသည့် လှပသန့်ရှင်းသော အမျိုးသမီးတစ်ဦးသည် မိုးပေါ်ကနေ ဆင်းလာသလို အခန်းဝမှာ ရပ်နေခဲ့သည်။
သူမတည်ရှိမှုသည် လုအုပ်ကို တိတ်ဆိတ်သွားစေ၏
သူမ၏ ခြေလှမ်းတစ်လှမ်းစီတိုင်းသည် အာဏာနဲ့ ဂုဏ်သိက္ခာကို သယ်ဆောင်လာသည်။ ထိုမိနစ်ပိုင်းတွင်ပင် အကြွင်းမဲ့ မာနကြီးနေသော အကြီးအကဲလုသည်ပင် လျှပ်စီးနဲ့ ရိုက်ခတ်ခံရသလိုပင်
“ချပ် ၊ ချပ်”
သူမ ဝင်လာစဉ် ပေါ့ပါးသည့် ခြေသံသည် ခန်းမကို ပဲ့တင်ထပ်နေသည်။
မြစိမ်းရောင်ဝတ်ရုံကို ဝတ်ထားပြီး သူမ၏ နက်မှောင်သော ဆံပင်သည် ပိုးချည်မျှင်လို တွဲကျနေ၏ သူမ မျက်လုံးတွေသည် ကျောက်စိမ်းကဲ့သို့ ထက်မြက်နေပြီး မုန်တိုင်းလို ပြင်းထန်သည့် ဩဇာအာဏာတစ်ခုက ပျံ့နှံ့သွားသည်။
သူမ၏ တည်ရှိနေမှုသည် ကျက်သရေရှိမှုနဲ့အတူ ဓားအိမ်ထဲမှ ဓားတစ်လက်လို အန္တရာယ်ကို ဝှက်ထားသလို ခံစားရစေသည်။
“ဆရာ”
ချုကျီယန်နဲ့ ပိုင်ရွှယ်ချင်းတို့သည် ပြိုင်တူ ခေါ်လိုက်ပြီး လေးစားမှုနဲ့အတူ အနားကို အမြန်ဆက်ကပ်လိုက်သည်။
“ဆတာင်ထိပ် ဆရာကြီး ချင်းလန်”
တပည့်တွေ အားလုံး ခေါင်းငုံ့ပြီး လက်ထိပ် နှစ်ခုကပ်ကာ အရိုအသေပေးကြသည်။
ဆရာကြီးချင်းလန်သည် ကောင်းကင်ဓားဂိုဏ်းတင်မကဘဲ အင်ပါယာမှာပါ နာမည်ကြီးသူ
ဂိုဏ်း၏ ပါရမီရှင်တစ်ဦးအနေနဲ့ သူမသည် အသက် ၁၈ မတိုင်ခင်မှာပဲ ဝိညာဉ် အခြေတည်ကာစအဆင့်ထိ ရောက်ရှိပြီး သူမ မျိုးဆက်တွင် ပြိုင်ဘက်ကင်းသူဟု ပြောကြသည်။
သူမသည် ဂိုဏ်းခေါင်းဆောင်မှ တိုက်ရိုက်အသိအမှတ် ပြုပေးထားသည့် ကျင့်ကြံသူ အနည်းငယ်ထဲမှ တစ်ဦးလည်း ဖြစ်သည်။
လွန့်ခဲ့သော နှစ်အနည်းငယ်က တောင်ပိုင်းနယ်စပ်ကို ထိခိုက်စေဖို့ ကြိုးစားသည့် နတ်ဆိုးတွေကို တစ်ကိုယ်တည်း တိုက်ထုတ်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။
“ငါ့ကျောင်းသားအသစ်နဲ့ ပြဿနာရှိနေတယ်လို့ ကြားတယ်…”
ပိုင်ကျီဟန်သည် သူ့ဆရာဆိုသည့် သူဆီကို လာနေသော အမျိုးသမီးကို ကြည့်လေ၏ အတွင်းကျောင်းသားတစ်ဦးအနေနဲ့ ဆရာကို ရွေးချယ်ပြီး တောင်ထိပ်တက်ရမည် ဆိုတာပင်
သူ့ ဆရာသည် ချုကျီယန်နဲ့ ပိုင်ရွှယ်ချင်းတို့၏ ဆရာဖြစ်ပြီး ထိုသူက တရားဝင်လက်ခံပြီးသားဖြစ်နေချေပြီ။
အကြီးအကဲချင်းလန်၏ မျက်လုံးသည် တစ်ခန်းလုံးပတ်ကြည့်ပြီး နောက်ဆုံး ပိုင်ကျီဟန်ဆီ ရောက်သွားသည်။
“ဒါက ပိုင်မျိုးနွယ်ရဲ့ အမွေဆက်ခံသူ.. ငါ့ကျောင်းသားအသစ်လား…”ဟု ပြောလိုက်သည်။
သူမအနေနဲ့ ပိုင်ကျီဟန် အဝတ်အစားနဲ့ပုံစံကြောင့် မည်သူဆိုတာ သေချာစေသည်။ အရေးကြီးတာကတော့ ထိုအခန်းထဲတွင်
သူတယောက်တည်းသာ သူမကို အရိုအသေမပေးတာပင်
တကယ်တော့ ပိုင်ကျီဟန်ပုံစံအရ ထိုကဲ့သို့ အပြုအမူကို လုပ်ဖို့ မဖြစ်နိုင်ပေ။
သူ့ပုံစံသည် မောက်မာလွန်းသည်။ နာမည်ကြီးသော အကြီးအကဲချင်းလန် ၊ သူ၏အနာဂတ်ဆရာအပါအဝင် ကောင်းကင်ဓားဂိုဏ်း၏ အကြီးအကဲများရှေ့တွင်ပင် မာနကြီးလေ၏
သို့ရာတွင် ကောင်းစွာနှုတ်ဆက်ခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းမပြုသောအခါတွင် စိတ်အနှောင့်အယှက် ဖြစ်တတ်သည့် လူအချို့နှင့်မတူတာက သူမသည် သူ့၏ ယဉ်ကျေးသိမ်မွေ့မှုကင်းမဲ့ခြင်း သို့မဟုတ် ဂရုမစိုက်တတ်ခြင်းတို့ကို စိတ်မ၀င်စားပေ။
အာဏာရှိသူတွေသာ ထိုအရာကို တောင်းဆိုလေ့ရှိသည်။ သို့သော် အကြီးအကဲချင်းလန်သည် ထိုအရာများကို လျစ်လျူရှုထားပုံရပြီး အခြားသူများအပေါ် လေးစားခြင်းအကြောင်း ဘာမှမသိသော ပိုင်ကျီဟန်အဖို့ ကံကောင်းချေသည်။
အကြီးအကဲချင်းလန်သည် အကြီးအကဲလု ဘက်သို့ လှည့်သွားသည်။
“အခုရှင်းပြပါဦး… ပိုင်ကျီဟန်ရဲ့ ဝင်ခွင့်ကို ဘယ်သူက ငြင်းပယ်ခဲ့တာလဲ”
အကြီးအကဲလုသည် စိတ်တည်ငြိမ်မှုရရန် ကြိုးစားခဲ့သည်။
"ကျွန်တော်-သူ့စရိုက်ကို ရိုးရိုးရှင်းရှင်းပဲ အကဲဖြတ် လိုက်တာပါ။ သူက ကျွန်တော့်လို ကောင်းကင်ဓားဂိုဏ်းရဲ့ အကြီးအကဲတစ်ဦးကိုတောင် စော်ကားရဲတယ်။"
"အဲဒါ အကြောင်းပြချက်လား?"
အကြီးအကဲချင်းလန်သည် သူ့ကို စကားစဖြတ်တောက်လိုက်ပြီး သူမ၏ လေသံမှာ တည်ငြိမ်သော်လည်း မမှားနိုင်သော ဖိအားများနှင့်ပင်
သူ့မရှေ့မှာတော့ အကြီးအကဲလုသည် ဘာမှမဟုတ်ပေ။ သူတို့ ရာထူးများသည် ကမ္ဘာတွေလို ကွာသည်။
တောင်ထိပ် သခင်တစ်ဦးအနေဖြင့် အကြီးအကဲချင်းလန်သည် အကြီးအကဲလုထက် အခွင့်အာဏာပိုရှိခဲ့သည်။
ဝင်ခွင့်ရုံး၏အကြီးအကဲ အကြီးအကဲရှန်တစ်ဉီးတည်းသာလျှင် ဂိုဏ်း၏အထက်တန်းအဆင့်တွင် သူမနှင့် တန်းတူဖြစ်သည်။
"သူ့ကို ငါက ထောက်ခံပေးပြီး ဂိုဏ်းခေါင်းဆောင်က ကိုယ်တိုင်ကိုယ်ကျ အသိအမှတ်ပြုထားတာ။ သူက မသင့်တော်ဘူးလို့ ယူဆရင် ဂိုဏ်းခေါင်းဆောင်ရဲ့ စီရင်ချက်ကို မေးခွန်းထုတ်နေတာပဲ၊ အဲဒီစကားလုံးတွေအတွက် မင်းတာဝန်ယူဖို့ ရည်ရွယ်ထားသလား"
ခန်းမကြီးသည် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
အကြီးအကဲလု၏ နှုတ်ခမ်းများ တွန့်သွားသည်။
"ကျွန်တော် မသိတော့ပါဘူး…"
ဆင်ခြေပေးဖို့ ကြိုးစားနေ၏
သို့သော် သူကို သတိပေးထားပြီးသားပင်..ချူကျီယန်နဲ့ ပိုင်ရွှယ်ချင်း နှစ်ဦးစလုံးသည် သူ့ကို အသိပေးထားသော်လည်း ပိုင်ကျီဟန်အား ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့သည်။
ရှန်လျန့် ကိုယ်စား ဒုက္ခရောက်စေရန် ရည်ရွယ်သည်။ ထို့နောက်မှာတော့ သူဘာမှလုပ်စရာ မလိုတော့ဘဲ ကျန်တာကို အကြီးအကဲရှန် ကိုင်တွယ်မှာပင်
သို့တိုင် ပိုင်ကျီဟန် ခက်ခဲအောင် တမင်တကာ ဖန်တီးနေချိန်တွင် အကြီးအကဲချင်းလန် ကိုယ်တိုင်ကိုယ်ကျ ပေါ်လာမည်ဟု ဘယ်သူမှ မျှော်လင့်မထားခဲ့ပေ။
ရှန်လျန့်ပင်လျှင် ခေါင်းငုံ့ထားရုံသာ တတ်နိုင်ပြီး နဖူးပေါ်မှ ချွေးများ စီးကျနေသည်။
" ငါ့အချိန်တွေကို မဖြုန်းချင်ဘူး။ သူ့ကို ငါ့ရဲ့ လျှို့ဝှက်လမင်းတောင်ထိပ်အောက်မှာ အတွင်းတပည့်အဖြစ် မြန်မြန် စာရင်းသွင်းလိုက်ပါ။"
အကြီးအကဲလု၏ ခြေထောက်များသည် အောက်တွင် ပြတ်လုနီးပါး ဖြစ်နေသည်။
သူသည် ခေါင်းညိမ့်လိုက်သည်။
"ကျွန်တော်နားလည်ပါပြီ”
အကြီးအကဲချင်းလန်သည် နောက်ထပ် အရေးယူမှု မလုပ်တာကြောင့် သက်ပြင်းချလိုက်၏ သည်
အမှန်တော့ အကြီးအကဲ ချင်းလန်သည် သူမနှင့် မသက်ဆိုင်သော ကိစ္စများ အထူးသဖြင့် ဂိုဏ်း၏ အတွင်းရေးတွင် သူမကိုယ်တိုင် ပါဝင်ပတ်သက်လေ့မရှိပေ။
သူမသည် ကျင့်ကြံခြင်းနှင့် တပည့်များကို လမ်းပြခြင်းအပေါ် သာ အဓိကအာရုံစိုက်ခဲ့သူဖြစ်သည်။