← Chapters

ကောင်းကင်ဓားဂိုဏ်းသို့ ဝင်ရောက်ခြင်း

Vol. 4 Ch. 47

ကောင်းကင်ဓားဂိုဏ်းသို့ ဝင်ရောက်ခြင်း

Vol. 4 Ch. 47

ပတ်ပတ်လည်ရှိ ဒေါသထွက်နေသော တပည့်များ၏  မျက်လုံးများကြားတွင်  အကြီးအကဲလုသည်  ပိုင်ကျီဟန်ကို ကောင်းကင်ဓါးဂိုဏ်း တပည့်အဖြစ် အမြန်  မှတ်ပုံတင်ပေးလိုက်ရသည်။

သို့သော် ကျောင်းသားများသည် အကြီးအကဲလုကိုပင် ကြောက်လန့်အောင်လုပ်နိုင်သည့် အကြီးအကဲချင်းလန် အရှေ့တွင် ကန့်ကွက်ဖို့ အကြံမပြုရဲကြပေ။

ရှန်လျန့်ပင် ကြားမဖြတ်ပဲ တိတ်တိတ်လေးနေရသည်။

သူ့လွှမ်းမိုးနိုင်သော ကောင်းကင်ဓားဂိုဏ်းနေရာတွင်  ပိုင်ကျီဟန် ဆက်ရှိနေမည် ဖြစ်သောကြောင့်  ကြိုက်တဲ့အချိန် လက်တုံ့ပြန်နိုင်မည်ဟု တွေးကာ မိမိကိုယ်ကို အားပေးလိုက်သည်။

အခြားကျောင်းသားများသည်လည်း ထိုသို့ပင် အတွေးတူရှိပြီး  ပိုင်ကျီဟန်ကို ဂိုဏ်းအတွင်း အခက်အခဲတွေ ရင်ဆိုင်စေကာ အနည်းဆုံး သူ့ဘာသာ ထွက်သွားအောင် ဖိအားပေးနိုင်မည်ဟု ထင်မြင်ကြသည်။

အကြီးအကဲချင်းလန်သည်  ချူကျီယန်နဲ့ ပိုင်ရွှယ်ချင်းဘက် ပြန်လှည့်ကြည့်ပြီးနောက်  ပိုင်ကျီဟန်ဆီ ကြည့်လိုက်သည်။

“အဲ့တာဆို ပြန်မယ်။”

အကြီးအကဲချင်းလန်သည် ကြေညာလိုက်

သည် ။

“ဟုတ်ကဲ့ ဆရာ”

သူတို့သည် တပြိုင်နက်တည်း  ပြောကြပြီး 

အကြီးအကဲချင်းလန်နောက် အတူလိုက်လာကြသည်။

ပိုင်ကျီဟန်သည်လည်း ထိုသို့လုပ်ပြီး ရှန်လျန့်နဲ့ တခြားသူတွေကို

အနိုင်ရသည့် အမူအရာမျိုး လုပ်ပြဖို့ မမေ့ပေ။

သေချာတာကတော့ ရှန်လျန့်နဲ့ အခြားသူတွေကို  ဒေါသထွက်သွားစေသည်။

ပိုင်ကျီဟန်ဘက်တွင် ချင်းလန် ရှိနေခြင်းကြောင့် သူတို့ဘာမှ မလုပ်နိုင်တာ သေချာသည်။

သူတို့ ထွက်ခွါသွားချိန်မှာတော့ အကြီးအကဲချင်းလန်သည် ပိုင်ကျီဟန်ဘေးက လျှောက်သွားလေ၏

သူမသည် သူ့ပခုံးပေါ် လက်တင်လိုက်ပြီး ပြော၏ “နင်က အပြင်မှာ မြင်ရသလို လွယ်ကူတဲ့သူ မဟုတ်ဘူး။”

ပိုင်ကျီဟန်သည် ခေါင်းညိတ်လိုက်သည်။

"ဆရာရောပါ”

သူသည် အကြီးအကဲ ချင်းလန်ကို မှတ်ချက်ပေးရန် အစွမ်းထက်သူလိုပင် မောက်မာစွာ ပြန်ဖြေသည်။

သူမက နူးညံ့စွာ ရယ်မောလိုက်သည်။

"ဖြစ်နိုင်တယ်၊ အဲဒါက ငါတို့နှစ်ယောက်လုံး ဖြစ်တယ်။"

သူ့အနေနဲ့ ပိုင်ကျီဟန်ကဲ့သို့သော စိတ်ဝင်စားစရာကောင်းသော တပည့်တစ်ဦးကို ပထမဆုံးအကြိမ် ခေါ်ဆောင်မိတာ ဖြစ်သည်။ သူမ၏အခြားတပည့်များသည် အလွန်ရိုသေကြပြီး ထိုကဲ့သို့သောစကားမျိုးကို သူမအား မည်သည့်အခါမျှ မပြောခဲ့ပေ။

အစောပိုင်းတွင် ပိုင်ကျီဟန်အား သူမ၏  တပည့်အဖြစ်လက်ခံခြင်းသည်  ဂိုဏ်းခေါင်းဆောင်မှ လက်ခံရန် ပြောခြင်းကြောင့်ဖြစ်သည်။ 

ဂိုဏ်းခေါင်းဆောင်သည် ပိုင်ကျီဟန်ကို ပထမနေရာအဖြစ် ဂိုဏ်းတွင်လက်ခံရန် ရွေးချယ်ခဲ့သော အကြောင်းပြချက်သည် ပိုင်မျိုးနွယ်နဲ့ ပေးထားသည့် ကတိတစ်မျိုးမျိုးကြောင့် ဖြစ်ပုံရသည်။

သူမ၏ တောင်ထိပ်ကို ရွေးချယ်ရခြင်းမှာ  ပိုင်ကျီဟန်သည်  ပိုင်ရွှယ်ချင်းမောင်နှင့် ချူကျီယန်၏ စေ့စပ်ထားသူ ဖြစ်ပြီး နှစ်ဦးစလုံးမှာ သူမ၏ တပည့်များ ဖြစ်သောကြောင့် ဖြစ်သည်။

ပိုင်ကျီဟန်သည် သူ့၏ စေ့စပ်ထားသူနဲ့ သူအမနှင့်အတူ အထွတ်အထိပ်မှာ နေဖို့ပင်။ ထို့အပြင်  လျှို့ဝှက်လမင်း

တောင်ထိပ်သည် တောင်ထိပ်အသီးသီးတွင် တပည့်အနည်းစုသာ ရှိသော တောင်ထိပ် ဖြစ်သည်။

ဂိုဏ်းခေါင်းဆောင်၏တောင်းဆိုမှုကြောင့်  အကြီးအကဲချင်းလန်သည် သဘောတူခဲ့သည့်တိုင် တပည့်တစ်ယောက်ကို လွယ်လွယ်ကူကူ လက်ခံမည့်သူတစ်ယောက်တော့ မဟုတ်ပေ။

သူမရွေးချယ်သော တပည့်များအားလုံးသည် အလွန်ထက်မြက်သည် သို့မဟုတ် အလွန်ကြိုးစားအားထုတ် ကြသည်။

ပိုင်ကျီဟန်၏ စရိုက်လက္ခဏာကို သူမစိတ်မ၀င်စားပေ။ သို့တိုင်  သူ့အနေနဲ့ တိုးတက်မှုမရှိလျှင် တစ်နှစ်အတွင်း သူ့ကို ထုတ်ပစ်ရန် စီစဉ်ထားသည်။

ပိုင်ကျီဟန်သည်  လူသိများသော  ပါရမီရှင် လီဖန်းကို အနိုင်ယူနိုင်ခဲ့ကြောင်း မကြာသေးမီကပင် သူမကြားသိခဲ့ရသည်။ ဒါကလည်း ပိုင်ကျီဟန်အနေနဲ့ အများထင်သလို မျှော်လင့်ချက်မဲ့နေတာမဟုတ်ကြောင်း ပြသတာပင်

ယခုတော့ သူမသည် သူ့မျက်လုံးနှင့် မြင်လိုက်ရပြီး အခြားသူများပြောသလို မဟုတ်ကြောင်း ထပ်မံအတည်ပြုခဲ့သည်။

အစောပိုင်းက သူမလက်ကို  ပိုင်ကျီဟန် အပေါ်တင်လိုက်ချိန်တွင်

ရွှေဗဟိုနယ်ပယ် အလယ်အလတ်အဆင့် စွမ်းအားကို အသုံးပြုခဲ့သည့်တိုင် ပိုင်ကျီဟန်အဖို့ အဆင်မပြေသည့် လက္ခဏာမရှိခဲ့ပေ။

ဤအရာအရ   သူ့ခန္ဓာကိုယ်သည် အနည်းဆုံး  ရွှေဗဟိုနယ်ပယ်အဆင့် ကျင့်ကြံသူအများစုထက် ပိုသန်မာကြောင်း ထင်ရှားသည်။

ဒါက သူတွင် ထူးကဲသည့် အရည်အချင်းတွေ ရှိတာကို ညွှန်ပြနေ၏

သူ့ကျင့်ကြံမှုသည် အများကြီး  မမြင့်မားသည်ကိုလည်း စစ်ဆေးပြီးသွားချေပြီ။

"မင်းရဲ့  အဓိကပေါင်းစည်းခြင်းနယ်ပယ်က လျှို့ဝှက်လမင်းတောင်ထိပ် တပည့်ဖြစ်ဖို့အတွက် နည်းပါးလွန်းပါတယ်။ မင်းရဲ့  ကျင့်ကြံမှုကို မလျော့ဘဲ ရွှေဗဟိုနယ်ပယ် အဆင့်ကို အမြန်ဆုံးရောက်ဖို့ ကြိုးစားမယ်လို့ မျှော်လင့်ပါတယ်။"

ချင်းလန်သည် ပိုင်ကျီဟန်အား တပည့်တိုကင်ကို လွှဲပြောင်းပေးလိုက်သည်။

"ငါလုပ်စရာရှိသေးလို့။   ချူကျီယန်နဲ့ ပိုင်ကျီဟန်က မင်းကို လျှို့ဝှက်လမင်းတောင်ထိပ်ကို လိုက်ပြဖို့  ကူညီပေးလိမ့်မယ်။"

သူမပြောပြီးသည်နဲ့ ပိုင်ကျီဟန် ရှေ့ကနေ မြန်မြန်ပျောက်ကွယ် သွားသည်။

အနောက်တွင်ရှိသော  ချူကျီယန်နှင့် ပိုင်ရွှယ်ချင်းတို့သည် ထိတ်လန့်တကြား မျက်လုံးများပြူးကျယ်သွားကြသည်။

ပထမအချက် သူတို့ဆရာ  သိပ်မဆိုးဘူးဟု ပြောခဲ့သည့်အချက်အရ ပိုင်ကျီဟန်သည် အတော်လေး အရည်အချင်းရှိသည်ဟု  အကြံပြုခဲ့တာပင်။

ပိုင်ကျီဟန် အရည်အချင်းမရှိခြင်းအကြောင်း ကောင်းကောင်းသိသူတွေအဖို့  ထိုအရာကို  ဘယ်လိုတောင် မအံ့သြဘဲ နေမည်နည်း။

ယုံရခက်သော်လည်း သူတို့၏ဆရာသည် သူတို့မမြင်နိုင်သောအရာကို မြင်ခဲ့ရကြောင်းကို သိခဲ့ကြသည်၊၊ တွေးဖို့ ခက်နေသေးသော်လည်း မေးခွန်းထုတ်ခံရသူမှာ ပိုင်ကျီဟန် ဖြစ်ကြောင်း ယူဆကြသည်။

တုန်လှုပ်ချောက်ချားရာမှ ပြန်လည်အသိဝင်လာပြီးနောက် ပိုင်ရွှယ်ချင်းသည် ပိုင်ကျီဟန်၏ ဦးခေါင်းနောက်ဘက်ကို ချက်ချင်း ရိုက်နှက်ခဲ့သည်။

"အိုး”

ပိုင်ကျီဟန်သည် သူ့အမ ရိုက်ချလိုက်သည့်  ခေါင်းကို တင်းတင်းဖိရင်း အော်လိုက်သည်။

"ဘာလို့ဒီလိုလုပ်တာလဲ?"

ပိုင်ကျီဟန်သည် နာကျင်သောအသံနဲ့ မေးလိုက်သည်။

“ နင်”

ပိုင်ရွှယ်ချင်း၏ မျက်နှာသည်  ဒေါသနဲ့ ဆက်ပြောသည်။

"ဆရာကြီးရဲ့ ခွန်အားကို မှတ်ချက်ပေးသင့်တယ်လို့ ထင်နေလား ။  'ဆရာရောပဲတဲ့လား။' နင့်ရဲ့ မာနကို တစ်စက္ကန့်လောက် ချုပ်ထားလို့မရဘူးလား"

ပိုင်ရွှယ်ချင်းသည် ပြစ်တင်ရှုတ်ချသည်။

သူ့ဆရာ၏ ပင်ကိုယ်စရိုက်ကို ကောင်းကောင်းသိပြီး သူမအနေနဲ့ ထိုသို့ မလေးစားသည့်အပေါ်  ဂရုမစိုက်ကြောင်း သိသော်လည်း အခြား အကြီးအကဲများဆိုလျှင် ကွာခြားသွားမည်ဖြစ်သည်။

ထိုသို့သောစကားများသည် တခြားသူအဖို့တော့ စော်ကားသလိုဖြစ်ပြီး ပိုင်ကျီဟန်သည် ပိုင်မျိုးနွယ်မှ ဖြစ်သောကြောင့် ချက်ချင်းတုံ့ပြန်မည်မဟုတ်သော်လည်း ၎င်းတို့သည် ရန်ငြိုးထားမည်မှာ သေချာပါသည်။

"ငါဘာအမှားလုပ်မိလို့လဲ၊ ငါထင်တာကို ရိုးရိုးသားသားပြောခဲ့တာ။  ငါချီးကျူးတာပဲလေ”

ပိုင်ကျီဟန်က ပြောလေ၏

"ဒီကောင်လေး…"

သူ အလေးအနက် ထားလား ၊ မထားလား မသိပေ။

" ပိုင်ကျီဟန် ၊ ဒါကို သတိရပါ။ အကြီးအကဲ  ချင်းလန်က ငါတို့ရဲ့ ဆရာ.. နင်သူ့ကို လေးလေးစားစား ပြောဆိုဖို့ လိုတယ်။ သူ့ကို အဲဒီလို မပြောပါနဲ့"

ပိုင်ရွှယ်ချင်းသည် ဆက်ပြောသည်။

ဆရာကြီးချင်းလန် စိတ်မ၀င်စားသည့်တိုင် သူမကတော့ ဂရုမစိုက်ဘူးဟု မဆိုလိုပေ။ သူမအတွက်တော့ သူတို့ လေးစားရသည့် သခင်ကို ရိုသေပြရမည်ပင်။

ထို့အပြင် ချင်းလန်သည် လျှို့ဝှက်လမင်းတောင်ထိပ် သခင်ဖြစ်နေသော်လည်း သူမ၏ ခွန်အားသည် ဂိုဏ်းခေါင်းဆောင်၏ အောက်တွင် မရှိဘဲ တန်းတူ သို့မဟုတ် ပိုမြင့်သည်ဟုပင် ပြောနိုင်သည်။

ဂိုဏ်းခေါင်းဆောင်အနေနဲ့ ထိုရာထူးကို ချုပ်ကိုင်ထားနိုင်သည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူသည် သူမ၏ စီနီယာဖြစ်ပြီး ဂိုဏ်းကို စီမံခန့်ခွဲရန်လည်း ချင်းလန်က  စိတ်မဝင်စားသောကြောင့် ဖြစ်သည်။

မဟုတ်ပါက ချင်းလန်သည် ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ဖြစ်လာနိုင်သည်ဟု ဆိုကြသည်။

ထို့အတွက်ကြောင့် တပည့်များစွာသည် သူမ၏တပည့်များ ဖြစ်လိုကြသော်လည်း သူမ၏ကြမ်းတမ်းသောစံနှုန်းများကြောင့် သူမအဖွဲ့ကို အများအပြား မပါဝင်ရဲကြပေ

"ဟေး ကျီယန်၊ ဒီအရူးကို တစ်ခုခုပြောပါဦး။ သူ့ရဲ့ ဒီလိုသဘောထားနဲ့ပါးစပ်ကြောင့်  ဘယ်လိုဒုက္ခမျိုးကြုံရမယ်ဆိုတာ  ငါမသိဘူး။"

ပိုင်ရွှယ်ချင်းသည် ချူကျီယန်ဆီ အကူအညီတောင်း၏ ယခု ချူကျီယန်သည်  သူ့မောင်ဖြစ်သူ၏ စေ့စပ်ထားသူဖြစ်တာကြောင့် ဝန်ထုပ်ဝန်ပိုးကို ခွဲဝေပေးသင့်သည်ဟု သူမထင်ခဲ့သည်။

သို့သော်  ချူကျီယန်သည် အတွေးထဲတွင် နစ်မြှပ်သွားပုံရသည်။

"ဟုတ်ပါတယ်-ဒါပေမယ့် ပိုင်ကျီဟန် ၊နင် ဘယ်တုန်းက အဓိက ပေါင်းစည်းခြင်း အဆင့်ကို ရောက်ခဲ့တာလဲ။"

All Chapters