← Chapters

လျှို့ဝှက်လမင်းတောင်ထိပ်

Vol. 4 Ch. 48

လျှို့ဝှက်လမင်းတောင်ထိပ်

Vol. 4 Ch. 48

ပိုင်ကျီဟန်သည်  အဓိက ဖွဲ့စည်းပုံအဆင့် အစပိုင်းမှာ ရောက်နေသည်ဟု  သိထားကြပြီး ယခုကျ အဓိကပေါင်းစည်းခြင်းအဆင့်သို့ ရောက်နေ၏

သူ့၏ လက်ရှိ အမြန်နှုန်းအရ သူတို့ခေါ်နေကျ ပိုင်ကျီဟန်လို အမှိုက်အနေဖြင့် အဓိက ပေါင်းစည်းခြင်းအဆင့်ကို ရောက်ဖို့ သုံးနှစ်နီးပါးကြာနိုင်သည်။

ပိုင်မိသားစု၏ အရင်းအမြစ်နဲ့အတူဆိုရင် အရည်အချင်း နည်းပါးသည့် ကျင့်ကြံသူပင် သူ့ အသက်အရွယ်တွင် အဓိကပေါင်းစည်းခြင်းအဆင့်ကို ရောက်နေမည်ပင်။

သို့တိုင် ပိုင်ကျီဟန်အနေနဲ့ ထိုအရာကို မလုပ်နိုင်ပေ။  ပိုင်မျိုးနွယ်နှင့် သူ့မိသားစု ဖြည့်ဆည်းပေးသည့် အရင်းအမြစ်တွေ အကုန်လုံး ဖြန်းတီးပစ်သလိုပင်

လူအားလုံးသည် ပိုင်ကျီဟန်ကို အဓိကဖွဲ့စည်းပုံ အဆင့်၌သာ ရှိသည်ဟု ယုံကြည်နေသော်လည်း အဓိကပေါင်းစည်းခြင်းကို ရောက်ပြီးသားဖြစ်တာကြောင့် ရွှေဗဟိုနယ်ပယ်ကို ရောက်ရန် ကြိုးစားရမည်ဟု အကြီးအကဲ ချင်းလန်က ပြောခဲ့သည်။

ထိုစကားအရ အဓိကပေါင်းစည်းခြင်းအဆင့်ကို ရောက်ပြီးသားဟု ကောက်ချက်ချနိုင်သည် ။ အကြီးအကဲ ချင်းလန်၏စကားကို သံသယဖြစ်စရာ မရှိပေ

မည်သို့ သိသည်ကို  သေချာမသိသည့်တိုင် ပိုင်ကျီဟန်လို အားနည်းသူ၏ စွမ်းအားအဆင့်ကို အကြီးအကဲချင်းလန်

မှားပြောတာ မဖြစ်နိုင်ပေ။

ထိုကြောင့်   ပိုင်ကျီဟန်သည် အမှန်တကယ် အဓိကပေါင်းစည်းခြင်း အဆင့်ကို ရောက်ပြီးသားဖြစ်ကာ ချူကျီယန်သည်လည်း ပိုင်ကျီဟန်အနေနဲ့ မည်သည့်အချိန်တွင် ထိုအဆင့်ကို ကျော်လိုက်ကြောင်း မေးချင်နေ၏

ချူကျီယန်အဖို့အဓိကပေါင်းစည်းခြင်းအဆင့်သည်  သိသာသောအဆင့် မဟုတ်သော်လည်း ထိုအဆင့်ကို ရောက်သွားသူသည် ပိုင်ကျီဟန်ဖြစ်တာကြောင့် အခြေအနေက မတူတော့သလိုပင်။

အကျဉ်းချုပ်ကြည့်ရလျှင် အဓိကပေါင်းစည်းခြင်းအဆင့်ကို ပိုင်ကျီဟန် ဝင်ရောက်နိုင်တာသည် တစ်နှစ်ပင် မပြည့်သေးပေ ။ 

ထိုအမြန်နှုန်းသည် အံ့အားသင့်စရာပင်။ ပိုင်ရွှယ်ချင်းလို ထူးချွန်သူတောင် အဓိက ဖွဲ့စည်းပုံ အဆင့်ကနေ အဓိကပေါင်းစည်းခြင်းအဆင့်ကို တစ်နှစ်ကျော်ကြာမှ ရောက်နိုင်ခဲ့သည်

သို့သော်လည်း  ပိုင်ကျီဟန်အသက်အရွယ်တွင် ပိုင်ရွှယ်ချင်းသည် ရွှေဗဟိုနယ်ပယ် ထိပ်ဆုံးအထိ တက်လှမ်းနေချေပြီ

ပိုင်ရွှယ်ချင်းသည်လည်း စိတ်ဝင်စားသောအကြည့်နဲ့ ပိုင်ကျီဟန်ကို လှည့်ကြည့်လေ၏ ထိုထက်ပင် ပိုနိုင်သည်။

သူမသည် ပိုင်ကျီဟန် အကြောင်းကိုတခြားသူများထက် ပိုသိပြီး အချို့သောလူများထင်သည့်အတိုင်း သူ၏ ကျင့်ကြံမှုကို ဖုံးကွယ်ထားခြင်းမရှိကြောင်း နားလည်သည်။

အစောကြီးကတည်းက ဖြတ်ကျော်ပြီး ဖုံးကွယ်နေတာမျိုး မဟုတ်ပေ

ပိုင်ကျီဟန် လုပ်ဆောင်ပုံသည် ရိုးရိုးရှင်းရှင်း မဟုတ်ပေ။  တစ်ခုခုဆို  အားနည်းသော ခွန်အားကို မပြသတာက ကောင်းပါသည်။

ပိုင်ကျီဟန်သည် ချူကျီယန်နဲ့ ပိုင်ရွှယ်ချင်းကို ဘာမှ မဖြစ်သလို ကြည့်လိုက်သည်။

လျှို့ဝှက်သော ဇာတ်ဆောင်များကဲ့သို့ သူ၏ ကျင့်ကြံမှု အဆင့်ကို ဖုံးကွယ်ရန် ကြိုးစားနေပုံမျိုး မဟုတ်ပေ။ ပြောပြဖို့ မလိုအပ်ဘူးဟု သူ မခံစားရပေ။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က စေ့စပ်ပြီးလို့ ငါတစ်ကိုယ်တော်ကျင့်ကြံဖို့ သွားခဲ့တာ မှတ်မိလား။ အဲဒီတုန်းက ငါ ဖြတ်ကျော်သွားခဲ့တယ်" ပိုင်ကျီဟန်သည် အမှန်အတိုင်း ပြန်ဖြေလေ၏

"လွန်ခဲ့တဲ့ရက်အနည်းငယ်က?"

ချူကျီယန်သည် ရေရွတ်လိုက်သည်။

စေ့စပ်ပွဲပြီးတော့ ပိုင်ကျီဟန် တံခါးပိတ်ကျင့်ကြံမည်ဟု ပြောခဲ့သည်ကို သူမ သတိရမိပေမဲ့ ထိုအရာသည် သူမကို ရှောင်ဖို့ အကြောင်းပြချက်တစ်ခုဟုသာ ယူဆထားသည်။

ပိုင်ကျီဟန်သည် တကယ်ပဲ ကျင့်ကြံနေမည်ဟု  သူမ မမျှော်လင့်ထားပေ။

ပိုင်ရွှယ်ချင်းသည်လည်း အလားတူ အတွေးတစ်ခုရှိခဲ့သည်။

သူ၏ "ကျင့်ကြံခြင်း" ဟူသည် ပျင်းရိခြင်းမျှသာ ဖြစ်ကာ တစ်ပတ်ကြာတံခါးပိတ်ကျင့်ကြံခြင်းသည်  ရလဒ်တစ်ခုထွက်လာမည်မဟုတ်ကြောင်း ယူဆခဲ့သည်။

သို့ပေမဲ့ သူမ မှားသွားခဲ့ချေသည် ။ ထိုတစ်ပတ်တာကာလအတွင်းတွင် သူမ၏မောင်သည်  အဓိက ပေါင်းစည်းခြင်းအဆင့်သို့ ဖြတ်ကျော်သွားခဲ့သည်။

သူ့လို နောက်ခံနဲ့ လူတစ်ယောက်အတွက် အထင်ကြီးစရာမဟုတ်သည့်တိုင် အနည်းဆုံးတော့ လူတွေ သူ့ကို လုံးဝအမှိုက်ဟုခေါ်တာကို တားနိုင်လောက်အောင်ပင်။

စွမ်းအားရှိသော ခန္ဓာကိုယ်နဲ့အတူ နှစ်ယောက်စလုံးသည်  သူတို့ဆရာမပြောသော ပိုင်ကျီဟန်သည် အပြင်မှာ မြင်ရသလို လွယ်ကူသည့်လူ မဟုတ်ဘူးဆိုသောစကားကို  တွေးမိလာသည်။

ပိုင်ကျီဟန် ပြောပြပြီးနောက် မိန်းကလေးနှစ်ယောက်စလုံးသည် တိတ်ဆိတ်ကုန်၏ စကားမပြောတော့ဘဲ ရပ်နေကြသည်။

“လျှို့ဝှက်လမင်းတောင်ထိပ်ကို မသွားဘူးလား?ငါ့အခန်းကို သွားကြည့်ချင်ပြီလေ”

စိတ်မရှည်သည့်လေသံနဲ့ ပိုင်ကျီဟန်သည် ပြန်ပြောလိုက်သည်။

သူ့အစ်မကို စိတ်ဆိုးစေမည့် အန္တရာယ်ရှိသော အရာကို မလုပ်ချင်သည့်တိုင် ဒီပုံစံအတိုင်းသာဆို တစ်နေ့လုံး ထိုနေရာတွင်  ရပ်နေရမည်ပင်

“ငါ့နောက်လိုက်ခဲ့” ပိုင်ရွှယ်ချင်းသည် အတွေးထဲက အနည်းငယ်ပြန်ထွက်လာပြီး ပြောလိုက်သည်။

သူမသည် ခေါင်းကိုမလှည့်မှီ ပိုင်ကျီဟန်အား ထူးဆန်းသော အကြည့်နဲ့ ကြည့်သွားလေ၏

(ဒီအရူးမောင်လေးက တကယ်ကို သူ့စွမ်းအားတွေကို လူအားလုံးဆီကနေ ကွယ်ဝှက်ထားတာလား?)

ပိုင်ကျီဟန်၏ ယခင်အပြုအမူတွေကို ပြန်လှမ်းတွေးကြည့်လိုက်တော့ သူ့အနေနဲ့ စွမ်းရည်များအား ထိုသို့ကွယ်ဝှက်ထားမည်ကို ယုံနိုင်ဖွယ် မရှိချေ။

သူ့သည် လေ့ကျင့်မှုအပေါ် အားစိုက်ထုတ်တာမျိုး မရှိခဲ့သော်လည်း မကြာသေးမှီ သူ့၏ ကျင့်ကြံမှုသည် ယခင်ကထက် တော်တော်များလာခဲ့တာတော့ အမှန်ပင်

သူ့တွင် ဒေါသတွေ လျော့နည်းလာသည့်အပြင် တခြားသူများနဲ့ စကားပြောသည့်အချိန်တွင်  ယခင်ကလို အောက်စိုက်မကြည့်တော့ဘဲ မျက်လုံးချင်း ဆုံနိုင်လာသည်ကို တွေ့ရသည်။

သို့တိုင် သူမအတွက်တော့ မယုံနိုင်သေးပေ။

အပြောင်းအလဲကောင်းတွေအများကြီးရှိသော်လည်း  ပိုင်ကျီဟန်သည် ယခင်ကလို မာနကြီးသည့် ကောင်လေးဖြစ်နေဆဲပင်

သူသွားလေရာတွင်  ပြသနာရှာပြီး ရန်သူများကို ဖန်တီးလျက်ပင်

ပိုင်ရွှယ်ချင်းသည် ပိုင်ကျီဟန်ကို ၎င်း၏အခန်းအား ပြသဖို့ဆုံးဖြတ်ပြီး လျှို့ဝှက်လမင်းတောင်ထိပ်၏ အရေးကြီးသောနေရာများကို ပြသကာ ကျင့်ကြံရေးအခန်းသို့ ပြန်သွားရန် ဆုံးဖြတ်ခဲ့သည်။

အရာအားလုံး ပြီးဆုံးသွားသည်နှင့်အမျှ သူမသည် နောက်ကျကျန်နေပြီဟု ခံစားခဲ့ရပြီး သူမဆုံးရှုံးခဲ့သည့် အချိန်အတွက် ပြင်ဆင်ရန် လိုအပ်လာသည်။

ချူကျီယန်သည် ကွေ့ကောက်သော တောင်တက်လမ်းအတိုင်း ပိုင်ရွှယ်ချင်းနောက် လိုက်သွားစဉ် တိတ်ဆိတ်နေခဲ့သည်။

သူတို့ အမြင့် ရောက်လေလေ ရှုခင်းတွေက ပိုလို့ လှလေပင်။

လျှို့ဝှက်လမင်းတောင်ထိပ်သည် ၎င်း၏အမည်နှင့်အမှန်တကယ် ကိုက်ညီသည်။ အမှုန်အမွှားများသည် လေထုထဲတွင် လွင့်

နေပြီး ရှေးခေတ်ဆန်သည့် မြင့်မားသောသစ်ပင်များမှတစ်ဆင့် နေရောင်ခြည်သည် ဖျာကျနေကာ အဝေးမှ စီးဆင်းနေသော ရေစီးသံတို့သည် အရာအားလုံးကို ငြိမ်သက်အေးချမ်းစေသည်။

"ဒီမှာပဲ”

ပိုင်ရွှယ်ချင်းသည် သန့်စင်သော ဝင်းရှေ့တွင် ရပ်လိုက်သည်။ ၎င်း၏ တံခါးဝတွင် တဖျပ်ဖျပ် တောက်ပနေသော ဖွဲ့စည်းပုံ တစ်ခုရှိသည်။

"ဒါ နင့်ရဲ့အိမ်။"

ပိုင်ကျီဟန်သည် လှည့်ကြည့်လိုက်သည်။

"နည်းနည်းလေး သေးတယ်”

အိမ်​ကို​မြင်တော့ သူသည် ညည်းညူ​လိုက်သည်​။

၎င်းကို သန့်ရှင်းရေးလုပ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားလျှင်ပင် သူအသုံးပြုခဲ့သည့်နေရာနှင့် နှိုင်းယှဉ်ပါက တဲအိမ်တစ်ခုလို ခံစားရစေသည်။

ပိုင်ရွှယ်ချင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ နေအိမ်သည် သူမနှင့် အတူတူပင်ဖြစ်သော်လည်း  ပိုင်ကျီဟန်သည် ၎င်းအား စော်ကားနေသည်။

ပြင်ပတပည့်များသည်  ပိုင်ကျီဟန်လို  ကိုယ်ပိုင်ဇိမ်ခံဝင်းအတွင်း မနေကြရပေ။ တကယ်တော့ သူတို့သည် အခန်းကျဉ်းလေးများကို အခြားသူများနှင့် မျှဝေရလေ့ရှိကြသည်။

သို့တိုင် ပြင်ပတပည့်တစ်ယောက်၏ အခက်အခဲတွေကို တစ်ခါမျှ မကြုံဖူးသည့်အတွက် ပိုင်ကျီဟန်သည် ကျေးဇူးတင်သည့် အရိပ်အယောင်မပြခဲ့ပေ။

"ဒါပေမယ့်ရပါတယ်”  ပိုင်ကျီဟန်သည် ပိုင်ရွှယ်ချင်း၏အမူအရာကိုမြင်ပြီးနောက် အမြန်ထပ်ပြောသည်။

"နင် ဒါကို အရင်ရှင်းသင့်တယ်"  ချူကျီယန်က ပြောလေ၏ ။

"မနက်​ဖြန်​  နင့်ကို လျှို့ဝှက်လမင်းတောင်ထိပ်ကို​ ​ခေါ်သွားပေးမယ်။  ဒါ​မှ​ နင်​ဒီနေရာနဲ့ ရင်းနှီးမှာ”

All Chapters