← Chapters

ကောင်းကင်ဓားဂိုဏ်းကို လည်ပတ်ခြင်း

Vol. 4 Ch. 49

ကောင်းကင်ဓားဂိုဏ်းကို လည်ပတ်ခြင်း

Vol. 4 Ch. 49

ဝင်းကြီးတစ်ခုလုံးကို ဖွဲ့စည်းပုံအချို့နဲ့ ကာကွယ်ထားပြီး သူ့၏ တပည့်တိုကင်နှင့် ထိလိုက်သည့်ချိန်တွင် အနည်းငယ် တုံ့ပြန်လာသည်။

ပိုင်ကျီဟန်သည် တောက်ပနေသော အတားအဆီးကို ကျော်ပြီး သူ့ အိမ်ရာအနားသို့ ဝင်လာသည့်အခါ ပတ်ပတ်လည်ကို သေသေချာချာ လေ့လာနေခဲ့သည်။

ဝင်းသည် ရိုးရှင်းပြီး ကျက်သရေရှိလှ၏

အလုံပိတ်ဝင်းအတွင်း မြှင့်တင်ထားသည့် ကာကွယ်ရေးနဲ့အတူ လေထဲရှိ ချီသည် ထူထပ်နေ၏။

ဖွဲ့စည်းပုံကိုချီးကျူးမိသည့်တိုင် ပိုင်မျိုးနွယ်တွင် သူနေခဲ့သောနေရာထက် ဆယ်ဆလောက် နိမ့်ကျနေသည်

အဆင့်မြှင့်ထားသည့်တိုင်  သူ့အတွက်တော့ အနည်းငယ် နိမ့်ကျနေသလိုဖြစ်နေပြီး တခြားအခြေအနေနိမ့်သူတွေ အတွက်တော့  ထိုနေရာဟာ ကြီးမားသော အခွင့်အရေးဟု တွေ့မြင်နိုင်မည်ပင်။

အိမ်အတွင်းပိုင်းတွင် အခန်းသုံးခု ခွဲထားပြီး အိပ်ခန်း၊ လေ့ကျင့်ရေးအခန်းနဲ့ ရေချိုးခန်းဟူ၍ ရှိနေသည်။

ပစ္စည်းများသည်လည်း ရိုးရှင်းသည့်တိုင် အရည်အသွေးကောင်းမွန်နေ၏  မာကျောသော သစ်သားကုတင်ပေါ်တွင် နူးညံ့သည့် ခေါင်းအုံးနဲ့ အိပ်ယာခင်းတွေလည်း ရှိပြီး သဘာဝအလင်းရောင် တိုက်ရိုက်ရရှိနိုင်ရန် တရားထိုင်သည့် ဖျာကို အခန်းအလယ်တွင် ချထားသေးသည်။

ပိုင်ကျီဟန်သည် အခန်းအလယ်သို့ လမ်းလျှောက်ရင်း သစ်သားစားပွဲပေါ်တွင် သူ့လက်ချောင်းများကို လှုပ်ယမ်းလိုက်သည်။

ပိုင်မျိုးနွယ်တွင် နေထိုင်ခဲ့သည့် အခန်းနဲ့ နှိုင်းယှဉ်လျှင် ဤနေရာသည်  သေးငယ်သော်လည်း ငြိမ်သက်လွန်းသည်။

ထိုတိတ်ဆိတ်မှုသည်လည်း သူ့လက်ခံနိုင်သည့်အရာပင်။

ကျင့်ကြံရေးဖျာပေါ်ထိုင်နေစဉ် နောက်ကိုမှီရင်း မျက်နှာကျက်ကို ကြည့်ကာ အတွေးလွင့်နေ၏

“ အခုကဘာလဲ”

သူ့အနေနဲ့ အခြားအကြောင်းအရာများကိုမတွေးဘဲ တည်တည်ငြိမ်ငြိမ်နဲ့ လေ့ကျင့်နိုင်မည်ဆိုလျှင် ကောင်းကင်ဓားဂိုဏ်း တပည့်တစ်ယောက်အနေနဲ့ နေထိုင်ရတာက မဆိုးလှပေ။

သို့သော် ကောင်းကင်ဓားဂိုဏ်းသည်  တကယ်တော့ ငြိမ်ချမ်းမှုနဲ့ အလွန်ဝေးသေးသည်ကို သူသိသည်။

သူ့၏ အတွင်းတပည့်အဖြစ် ခန့်အပ်ခံရခြင်းအဖြစ်အပျက်ကြောင့် မကျေနပ်နေသော တပည့်တွေမဆိုထားနဲ့။  ချူကျီယန်၏

စေ့စပ်ထားသူအပြင် သူ့အစ်မ၏ ရန်သူများကိုပါ လေ့လာထားရမည်။

ပိုင်ရွှယ်ချင်းလို  နာမည်ကြီးသူတစ်ဦးအနေနဲ့ သူ့ကို မကြိုက်သူတွေရှိနေနိုင်သည့်အပြင် သူ့အမအစား သူ့လိုအားနည်းသူကို ပစ်မှတ်ထားလာနိုင်သည်။

သူ့အစ်မ၏ အတိတ်မှ စေ့စပ်ထားသူအဟောင်းသည် လက်တုံ့ပြန်ဖို့ အချိန်တစ်ခုသာ ကြာနိုင်မည်ဟုလည်း သူ ယုံကြည်နေသေးသည်။

သို့ပေမဲ့ ကောင်းကင်ဓားဂိုဏ်းမှ အခြားသူများသည်  ထိုအချိန်ကို မစောင့်လောက်ပေ။

ကိစ္စတွေ  ခက်ခဲအောင်လုပ်တတ်သည့် ရှန်လျန့် ရှိသော်လည်း ပိုင်ရွှယ်ချင်းကို လိုက်နေသောကြောင့် မျက်နှာသာရဖို့ လက်တုံ့ပြန်တာမျိုး လုပ်မည်မဟုတ်ပေ

အကယ်၍ ပိုင်ကျီဟန် ကိုယ်တိုင်သာ တစ်စုံတစ်ယောက် ဖြစ်ခဲ့မည်ဆိုလျှင် အသေးစိတ် အစီအစဉ်များနဲ့ နှောက်ယှက်နေမည် မဟုတ်ပေ။  တခြားတစ်ဖက်သည် အားနည်းနေလျှင် သူတို့ကို ထိပ်တိုက် ချေမှုန်းပစ်မည်ပင်။

သို့တိုင် ပိုင်ကျီဟန်သည် ရှန်လျန့်ကို သတိထားရန် လိုအပ်ကြောင်း သိထားသည်။

လျူထျန်းလည်း ရှိသေးသည်။ ပိုင်ကျီဟန်အနေနဲ့ သူ့ကို ခြိမ်းခြောက်မှုဟု မယူဆထားသည့်တိုင် သူကတော့ ဖြစ်နိုင်ချေရှိသောပြဿနာတစ်ခုဖြစ်နေဆဲပင်။  တစ်ဖက်သတ်ချစ်ရသူ၏ စေ့စပ်မှုကို ရှင်းရှင်းလင်းလင်း မကျေမနပ်ဖြစ်နေ၏

"ဘာပဲဖြစ်ဖြစ်ပါ ကောင်းကင်ဓားဂိုဏ်းနဲ့ အခြားဂိုဏ်းတွေအကြောင်း နောက်ထပ်အချက်အလက်တွေ သိဖို့ လိုသေးတယ်"  ပိုင်ကျီဟန်သည် ရေရွတ်လိုပ်သည်။

"အခြား ပိုင်မျိုးနွယ် အဖွဲ့ဝင်တွေကို ငါရှာရမလား။"

သူနှင့် ပိုင်ရွှယ်ချင်းအပြင် အခြား ပိုင်မျိုးနွယ် အဖွဲ့ဝင်အများအပြားသည်လည်း ကောင်းကင်ဓားဂိုဏ်းတွင် ရှိနေခဲ့ကြောင်း သူမှတ်မိသည်။

သူသည် ၎င်းတို့အား သူ့အတွက် အချက်အလက် စုဆောင်းခိုင်းနိုင်သည်။

"ဒါပေမယ့် သူတို့ ဘယ်မှာလဲ"

သာမာန်အားဖြင့် သူတို့သည် သူ့ကို တွေ့ဖို့ လာသင့်သည်။  သို့တိုင် အစောပိုင်းအထိ သူတို့အရိပ်အယောင်ကို မတွေ့ပေ ။ပိုင်မျိုးနွယ် အဖွဲ့ဝင်တစ်ယောက်မှ ပေါ်မလာချေ။

ပိုင်ကျီဟန် လာမည်ကို သိထားတာကြောင့် သူ့လက်ပါးစေတွေ အဖြစ်နဲ့ ဘယ်လိုပေါ်လာနိုင်မည်နည်း

ကောင်းကင်ဓားဂိုဏ်းသို့ ပိုင်ကျီဟန် ဝင်ခွင့်ရသည့်သတင်းကို ကြားသည်နှင့်တပြိုင်နက် အများစုမှာ တံခါးပိတ် ကျင့်ကြံခြင်းသို့ ရောက်သွားကြသည် သို့မဟုတ် ရေရှည်မစ်ရှင်များ ယူသွားကြသည် ။

"မနက်ဖြန်တော့ သူတို့ဘယ်မှာရှိလဲဆိုတာ သိဖို့ကြိုးစားရမယ်။"

ပိုင်ကျီဟန်သည် အမှန်တရားကို မသိသေးသော်လည်း နောက်ဆုံးတွင် ၎င်းတို့ကို ရှာတွေ့မည်ဟု ယူဆခဲ့သည်။

နောက်နေ့မနက်ပိုင်းတွင်  ချူကျီယန်သည်  တောင်ထိပ်နှင့် အခြား အရေးကြီးသော နေရာတွေကို ပြသပေးရန် ပိုင်ကျီဟန်အား လာခေါ်ခဲ့သည်။

ပိုင်ကျီဟန်ကို ချူကျီယန် ဂရုစိုက် ပေးနေသောကြောင့်  ပိုင်ရွှယ်ချင်းသည် သူမကို မလိုအပ်ဟုထင်မိကာ ကျင့်ကြံနေတော့သည်။

ပိုင်ကျီဟန်အတွက်တော့ ထိုအရာက  ပြသနာမရှိပေ။ သူ့ကိုစိတ်အနှောက်အယှက်ဖြစ်စေမည့် သူ့အမ မရှိတာ ပိုကောင်းသည်။

ခရီးစဉ်ကို အစပြုသည့်နေရာသည် ကြေညာချက်များနှင့် တိုက်ပွဲများနဲ့ တာဝန်ဝတ္တရားများအတွက် တပည့်များစုဝေးရသည့် အလယ်ဗဟို နေရာဖြစ်သည်။

“ဒီနေရာမှာ တစ်နေကုန်  တပည့်တွေကို တွေ့ရမယ်။ ပြဿနာမဖြစ်စေချင်ရင် ဒီမှာ မနှောင့်ယှက်နဲ့၊ ပြသနာရှာရင် စီနီယာ တပည့်တွေက အပြစ်ပေးလိမ့်မယ်” ချူကျီယန်သည် ပြုံးစိစိနဲ့  သတိပေးလိုက်သည်။

လျှို့ဝှက်လမင်းတောင်ထိပ်မှ တပည့်တွေသည် အများအားဖြင့် အေးဆေးနေထိုင်သွားလာနေသော်လည်း ပိုင်ကျီဟန်၏ ဘဝင်မြင့်သည့် အကျင့်ကြောင့် သူတို့တောင် အေးဆေး နေကြမည် မဟုတ်ဟု သူမ ယူဆမိသည်။

သူ့ကို အေးဆေးနဲ့ ရင်ဆိုင်နိုင်သေူသူသည် သူတော်စင်သာ ဖြစ်ရမည်။

လမ်းတစ်လျှောက်တွင်  လျှို့ဝှက်လမင်းတောင်ထိပ်မှ တပည့်မျိုးစုံကို တွေ့ခဲ့ရပြီး  ချူကျီယန်အား  နှုတ်ဆက်သော်လည်း ပိုင်ကျီဟန်ကိုမြင်လျှင် မျက်မှောင်ကြုတ်ကြသည်။

သို့တိုင် သူတို့၏ စိတ်နေသဘောထားများသည် ယခင်နေ့များထက် များစွာ သာလွန်နေခဲ့သည်။

တစ်ချို့ကတော့ သူ့ကို လုံးဝဂရုမစိုက်ချေ။  ပိုင်ကျီဟန်သည်လည်း သူတို့ကို စိတ်မ၀င်စားပေ။

ထို့နောက် သဘာဝချီကို အသုံးပြု၍ တပည့်များ ကျင့်ကြံသော ဝိညာဉ်နွေဦးခန်းမ  သို့ ရောက်ရှိလာကြသည်။

အပြာဖျော့ဖျော့ မြူမှုန်များသည် လေထဲတွင် လှည့်ပတ်နေပြီး နေရာသည် မြင့်မားသော ချီဖြင့် ပြည့်နှက်နေသည်။

"တပည့်တစ်ဦးက သုံးရက်တစ်ကြိမ်  ဒီနေရာမှာ တစ်နာရီဆီနေရတယ်။  ဆရာကြီးဆီက အထင်ကြီးမခံရရင် တခြားဘာမှ ထပ်မမျှော်လင့်နဲ့ “ ချူကျီယန်သည် ရှင်းပြသည်။

သူတို့သည် အဂ္ဂိရတ်ခန်းမ၊ လက်နက်ဖွဲ့စည်းပုံဝင်း နှင့် ပံ့ပိုးကူညီမှုအမှတ်များအတွက်မစ်ရှင်များကို  တပည့်များလက်ခံလို့ရသည့် တာဝန်ခွဲဝေရေးဌာနသို့ သွားခဲ့ကြသည်။

ဆေးပင်စုဆောင်းခြင်းမစ်ရှင်နှင့် အစောင့်အကြပ် မစ်ရှင်များမှစပြီး အဆင့်မြင့် တပည့်များအတွက် နတ်ဆိုး နှိမ်နင်းခြင်းအထိ လုပ်ဆောင်စရာများ ရှိနေသည်။

လျှို့ဝှက်လမင်းတောင်ထိပ် အပြင်ဘက်ရှိ ဒေသများသို့ သွားရောက်လည်ပတ်သောအခါမှသာ  တောင်ထိပ်သည် တပည့်အနည်းငယ်သာ ရှိသည်ကို ပိုင်ကျီဟန် သိရှိခဲ့သည်။

ထို့အပြင် ထိုအခြားဒေသများရှိ တပည့်များသည် ပို၍ရန်လိုကြသည်။ အချို့က သူ့ကိုပင် ကဲ့ရဲ့ရှုံ့ချကြသည်။

အများစုမှာ ပြင်ပတပည့်များဖြစ်ကြပြီး  ၎င်းတို့သည် ထိုသို့သောကံတရားနှင့် နှစ်ပေါင်းများစွာ ရုန်းကန်နေရဆဲဖြစ်သော်လည်း ပိုင်ကျီဟန်သည် အဆက်အသွယ်ကြောင့် အတွင်းတပည့်တစ်ဦးအဖြစ် ဝင်ရောက်လာသည့်အပေါ်  မကျေနပ်ကြပေ။

သို့သော် ချူကျီယန် သူ့အနားတွင် ရှိနေခြင်းကြောင့် မည်သူမျှ ဒေါသတကြီး မပြုဝံ့ပေ။

ထို့အပြင် မနေ့တစ်နေ့က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအကြောင်း သတင်းများ ပြန့်နှံ့နေပြီး အကြီးအကဲချင်းလန်သည် ပိုင်ကျီဟန်ကို သူ၏ တပည့်အဖြစ် ပုဂ္ဂိုလ်ရေးအရ လက်ခံခဲ့သည်။

ခရီးစဉ်ပြီးဆုံးချိန်မှာတော့ နေဝင်စပြုနေချေပြီ။

"ဒီလောက်ပဲ ။ တခြားနေရာတွေရှိပေမယ့် အဲဒါတွေက အရေးမကြီးပါဘူး။ သူတို့အကြောင်းကို နင် တဖြည်းဖြည်း သိလာလိမ့်မယ်" ဟု  ချူကျီယန်က ပြောသည်။

ပိုင်ကျီဟန်သည် ၎င်းကို စိတ်မဝင်စားပေ။ ခရီးစဉ်အတွင်း အခြား ပိုင်မျိုးနွယ် အဖွဲ့ဝင်များကို မတွေ့ရသော်လည်း သိပ်ပြီးတွေးမနေပေ။

သူ့ကို ရည်ရွယ်ချက်ရှိရှိ ရှောင်နေမှန်း သူမသိခဲ့ချေ။  မကြာခင် သို့မဟုတ် နောက်ပိုင်းတွင် သူတို့နဲ့ တွေ့နိုင်မည်ဟု  ထင်ခဲ့သည်။

ခရီးစဉ်ပြီးဆုံးပြီး သူ့နေအိမ်သို့ ပြန်တော့မည့်အချိန်တွင် စနစ်သတိပေးချက်တစ်ခု ပေါ်လာသည်။

(ကောင်းကင်ဘုံ ရွေးချယ်သူကို တွေ့ရှိခဲ့သည်)

All Chapters