လင်းရွှမ်
Vol. 4 Ch. 51
မကြာသေးမီက ဂိုဏ်းထဲရှိ လူတိုင်းပြောနေကြသည့် ပိုင်မျိုးနွယ်၏ နာမည်ဆိုးနှင့် ကျော်ကြားသော သခင်လေးကိုမြင်တော့ လင်းရွှမ်သည် အံ့ဩသွားသည်။
သူသည် တောက်တိုမယ်ရသာဖြစ်သော်လည်း တပည့်အများစု အဆက်မပြတ် ဆွေးနွေးနေချိန်တွင် ဂိုဏ်းအတွင်းပျံ့နှံ့နေသည့် ကောလာဟလနှင့် သတင်းများကို လျစ်လျူရှုနေသည်ဟု မဆိုလိုချေ
(သခင်လေးက ငါ့ဆီလာနေတာလား။)
ပိုင်ကျီဟန် သူဆီဦးတည်လာနေသည်ကို သတိပြုမိတော့ တုန်လှုပ်သွားသည်။ ပိုင်ကျီဟန်သည် အစေခံများအား နှိပ်စက်တတ်ပုံနဲ့ ပတ်သက်ပြီး ကောလဟာလတွေ အများအပြား ထွက်ပေါ်ခဲ့သည်။
ပိုင်ကျီဟန် နီးလာလေလေ၊ လင်းရွှမ်အနေနဲ့ သူ့ဆီ တကယ်လာနေကြောင်း ပိုသေချာလာလေပင်။
(ငါ သူ့ကို တစ်ခုခုများ စော်ကားခဲ့မိတာလား။)
လင်းရွှမ်သည် တုန်လှုပ်ချောက်ချားစွာ တွေးလိုက်သည်။
သို့သော် သူသည် ကောင်းကင်ဓားဂိုဏ်း၏ တပည့်များအတွက် အဆိုးရွားဆုံး အလုပ်များမှလွဲ၍ ဘာမျှ မလုပ်မိသေးကြောင်း
တွေးမိကာ ထိုစိတ်ကူးကို အမြန်ပယ်ချလိုက်သည်။
ပိုင်ကျီဟန်လိုမျိုး တစ်ယောက်ယောက်ကို စော်ကားခဲ့မည်ဆိုပါက သူသေချာပေါက် မှတ်မိနေမှာပင်
ထို့ကြောင့် သူ့အနေနဲ့ နောက်ထပ်အတွေးသည် ရိုးရှင်းပေသည်။ ပိုင်ကျီဟန်သည် အခြားတပည့်များလိုပင် သူ့ကို အနိုင်ကျင့်ဖို့ လာနေတာပင်။
သူ မမျှော်လင့်ထားသည့်အရာကတော့ နာမည်ဆိုးနဲ့ ကျော်ကြားသောသခင်ငယ်လေးသည် ဂိုဏ်းကို ရောက်ပြီးတာနဲ့ သူ့ကို ပစ်မှတ်ထားလာမည် ဆိုတာကိုပင်
လင်းရွှမ်သည် အဆိုးဆုံးအထိ ကိုယ်ကိုကိုယ် တွေးထားခဲ့သည်။
သို့သော် အချိန်အတော်ကြာအောင် စောင့်သည့်တိုင် ပိုင်ကျီဟန်သည် ဘာမှ မလုပ်ခဲ့ပေ။ သူသည် ရပ်ပြီး သူ့ကို စိုက်ကြည့်နေသည်။
(သူ့မှာ တစ်ခုခုမှားနေပြီလား။)
ပိုင်ကျီဟန်သည် ဘာမှမပြောဘဲ သူ့ရှေ့တွင် တိတ်တဆိတ် ရပ်နေတာကြောင့် လင်းရွှမ်စိတ်ထဲ ပထမဆုံး အတွေးဝင်လာခဲ့သည်။
ပိုင်ကျီဟန်သည် လင်းရွှမ်အား စိုက်ကြည့်ပြီး ရန်သူဖြစ်နိုင်သူလား သို့မဟုတ် မဟာမိတ်ဖြစ်နိုင်သူလား ခွဲခြားနေသည်။
လင်းရွှမ်ဆီမှ ရန်လိုမုန်းတီးမှု အရိပ်အယောင် မတွေ့ခဲ့ရတာကြောင့် ၎င်းတို့ကြားတွင် ရန်ငြိုးထားမှုမျိုး မဖြစ်သင့်ပေ။
သို့သော် ပိုင်ကျီဟန်သည် ကောင်းကင်ဘုံ၏အလိုတော်အရ
ဗီလိန်ဖြစ်ကောင်းဖြစ်နိုင်တာကြောင့် လင်းရွှမ်သည် နာကြည်းမှုအချို့ကို ခံနိုင်ရည်ရှိနိုင်သည် သို့မဟုတ် အာဃာတများကို ဖုံးကွယ်ထားနိုင်သည်ဟု တွေးတောခဲ့သည်။
သို့တိုင် အနည်းဆုံးတော့ ယခုတွင် ထိုအခြေအနေ မရှိသေးပေ
သို့သော် သူသတိပြုမိသည်မှာ လင်းရွှမ်သည် သူ့အား ကြောက်ရွံ့နေပုံပေါ်သည်။ ယိမ်းယိုင်သွားသည့်အထိမဟုတ်ဘဲ သေချာပေါက် သတိထားရမည့်အရာတစ်ခုအဖြစ်ပင်။
အေးအေးဆေးဆေး ကိုင်းညွှတ်ရန် လုံးဝငြင်းဆန်သည်။
ထိုအရာတစ်ခုတည်းကြောင့် လင်းရွှမ်သည် အလုပ်သမားအများစုနှင့် ကွဲပြားသွားခဲ့သည်။ သာမာန်အားဖြင့် သူတို့သည် သူ့ကိုမြင်လျှင် ချက်ချင်း ပြေးသွားတတ်သည် သို့မဟုတ် ဦးညွှတ်နေတတ်သည်။
(တကယ် ဇာတ်ဆောင်တစ်ယောက်ပဲ)
သူတို့၏တည်ရှိမှုသည် တခြားသူတွေနဲ့ အတော်လေး ကွာခြားသည်။
ပိုင်ကျီဟန်အနေနဲ့ လင်းရွှမ် သူ့ကို စိတ်ဆိုးစေမည့် မည်သည့်အရာမျှ လုပ်မည်မဟုတ်ပေ။
လင်းရွှမ်သည် ခြိမ်းခြောက်မှုတစ်ခုဟု သူကောက်ချက်ချခဲ့မည်ဆိုလျှင်ပင် ယခုအချိန်တွင် မဖြစ်နိုင်ပေ။
(ဒါဆိုရင် လင်းရွှမ်ကို ဘယ်လိုနည်းနဲ့
အနိုင်ယူရမလဲ…)
ထိုအတွေးနဲ့ပင် သူသည် အချိန်ကြာကြာ နေရာ မပြောင်းဘဲ ရပ်နေသည် ။ ထို့ကြောင့် လင်းရွှမ်ကို အကြောင်းမဲ့ ရပ်ကြည့်နေသည်ဟု ထင်သွားတာပင်
အချိန်ကြာကြာ တွေးပြီးနောက်မှာ ပိုင်ကျီဟန်သည် လင်းရွှမ်ကို သူ့ဘက်ပါအောင် ခေါ်ဖို့ ဆုံးဖြတ်လိုက်သည်။
သူ့အနေနဲ့ ဒီကမ္ဘာတွင် တကယ့်အဓိကဇာတ်ကောင်နဲ့ တွေ့သည့်အခါ ဘယ်လိုမျိုး ကိုင်တွယ်ရမည်ကို အတိအကျ မသိသေးပေ။
ထိုဇာတ်ကောင်တစ်ယောက်ကို သူ့ဘက် ဆွဲခေါ်ဖို့ ကြိုးစားခြင်းသည် အကျိုးမရှိဘူးဆိုလျှင်ပင် အနာဂတ်တွင် အခြားသူတွေ လုံးဝ မစွက်ဖက်သင့်ဘူးဆိုတာ သိသွားနိုင်မည်။
ထိုအပြင် လင်းရွှမ်သည် အခုတော့ အားနည်းနေသည်။ သူ နောက်မှ တွေ့မည့် အခြား ဇာတ်ကောင်တွေနဲ့ မတူပေ
ထို့ကြောင့် “ကောင်းကင်ဘုံရွေးချယ်သူ” ဆိုသည့် အဓိပ္ပါယ်ကို နားလည်ဖို့နဲ့ သူတို့ကိုကိုင်တွယ်နိုင်ဖို့ ထိုအခွင့်အရေးကို အသုံးချချင်တာကြောင့် လင်းရွှမ်ကိုကြည့်နေမိသည်။
“မင်းက လင်းရွှမ်လား?”
ပိုင်ကျီဟန်သည် အချိန်အတော်ကြာ တိတ်ဆိတ်ပြီးမှ မေးရလေသည်။
လင်းရွှမ်သည် ခေါင်းအနည်းငယ် ညိတ်လိုက်သည်။
“ချူကျီယန်ဆီက ကြားတာကတော့ မင်းက ကောင်းကင်ဓားဂိုဏ်းက အလုပ်အကြိုးအစားဆုံး အလုပ်သမားတယောက်တဲ့” ပိုင်ကျီဟန်သည် လီဆယ်ပြီး ပြောလိုက်၏
“ငါ့အိမ်ခြံဝန်းကို ကြည့်ရှု့ပေးမယ့် လူတယောက်တောင် မရှိသေးဘူး။ ဒါကြောင့် မင်းကို အဲဒီအခွင့်အရေး ပေးချင်တယ်။ ဘယ်လိုထင်လဲ?”
လင်းရွှမ်သည် နေရာမှာတင် အံ့ဩသွားသည်။ ထိုကဲ့သို့ စကား ကြားရမည်ဟု မမျှော်လင့်ချေ။
အနားက တခြားကျောင်းသားတွေသည်လည်း အံ့အားသင့်သွားကြသည်။
“ဘာလိုလဲ?ပိုင်ကျီဟန်ကလင်းရွှမ်ကို အမှုထမ်းစေချင်နေတာလား?”
“ဟာ… ဘယ်လောက်မာနကြီးလိုက်လဲ။ ပိုင်မျိုးနွယ်လို လုပ်ချင်တာလုပ်လို့ရတဲ့နေရာလို့ထင်နေတာလား”
“တနေ့တောင် မပြည့်သေးဘူး၊ အခုတင် အစေခံလိုချင်ပြီလား?”
လင်းရွှမ်ကို အနီးမှာထားလျှင် သူ့အခြေအနေကို သိနိုင်မည်ဟု ပိုင်ကျီဟန် တွေးလိုက်မိသည်။
ထိုအပြင် ကံကြမ္မာသည် လင်းရွှမ်အား မျက်နှာသာပေးလျှင် သူ့အတွက် ရည်ရွယ်ထားသော အခွင့်အလမ်းကို ကြားဖြတ်ယူနိုင်မည်ဟု ထင်နေ၏
လင်းရွှမ်သည် မမျှော်လင့်ထားသည့် အကြံပြုချက်ကြောင့် အံ့သြသွားသလို ပိုင်ကျီဟန်ချဉ်းကပ်လာသည့် အကြောင်းရင်းကိုလည်း အံ့ဩမိသည်။
ပိုင်ကျီဟန်ဆီမှ ရိုက်ခံရမှု သို့မဟုတ် အကန်ခံရမှုကို ပြင်ဆင်ထားပေမဲ့ ဒါက အလုပ်ကမ်းလှမ်းမှု ဖြစ်နေသည်။
သူ့ပါးစပ်ကို နည်းနည်း ဖွင့်လိုက်သော်လည်း စကားတစ်လုံးတောင် မထွက်နိုင်ပေ။
(ဘာတွေဖြစ်နေတာလဲ?ဒါက ထောင်ချောက်တမျိုးလား)
ဂိုဏ်းအတွင်း တော်တော်များများ ပြောကြသည့် အကြောင်းတွေကို သူသိပြီးသားပင်
ပိုင်ကျီဟန်သည် ဂုဏ်မောက်နေပြီး အုပ်စိုးလိုစိတ်ကြီးကာ အခြားသူများအား သူ့ခြေထောက်အောက်ဘက်မှာရှိသည့် အညစ်အကြေးလိုပဲ ဆက်ဆံတတ်သည်။
အထူးသဖြင့် သူလို အလုပ်သသမားတွေအတွက် အခွင့်အလမ်းတွေကို ပေးတဲ့သူမျိုး မဟုတ်ပေ
(သူက ညှဉ်းပန်းနှိပ်စက်ဖို့ အခြားလက်ပါးစေကို ရှာဖွေနေပုံရတယ်)
လင်းရွှမ် တွေးလိုက်သည်။
နောက်ဆုံးတွင် သူသည် မိဘမဲ့ဖြစ်ပြီး နောက်ခံမရှိတာကြောင့် ပြီးပြည့်စုံသောပစ်မှတ်ဖြစ်ပေသည်။ ။ တစ်စုံတစ်ယောက်သည် သူ့ကို ညှဉ်းဆဲလျှင်ပင် သူ့အတွက် မည်သူပြောပေးမည်နည်း။
ပိုင်ကျီဟန်၏အမူအရာသည် တည်ငြိမ်ပြီး ယဉ်ယဉ်ကျေးကျေးဆိုသည့်တိုင် လင်းရွှမ်သည် အန္တရာယ်ကို မနှိုးဆွရဲပေ။
သူသည် ခေါင်းကို အနည်းငယ်ငုံ့ထားကာ တိုက်ရိုက် မျက်လုံးချင်းဆုံမည်ကို ရှောင်ရှားရန် ကြိုးစားနေသည်။
(ငါမလုပ်ဘူး ပြောရင် သူစိတ်ဆိုးနိုင်တယ်… ဒါပေမယ့် ငါပြောရင် ပိုဆိုးသွားနိုင်တယ်။)
ချွေးများသည် သူ့ပုခုံးမှ လိမ့်ကျလာသည်။
ပိုင်ကျီဟန်သည် ဂိုဏ်းထဲရောက်ရောက်ချင်း သူ့ကိုပစ်မှတ်ထားရသည့်အထိ ကံဆိုးမည်ဟု မမျှော်လင့်ထားပေ
"ကျွန်တော်... သခင်လေးပိုင်ရဲ့ ကမ်းလှမ်းမှုကို သဘောကျပါတယ်"
လင်းရွှမ်သည် သူ့စကားကို ဂရုတစိုက် ရွေးချယ်ပြီး ဖြည်းညှင်းစွာပြောသည်။
"ဒါပေမယ့် ကျွန်တော့်မှာ အတွင်းတပည့်တွေက ပေးအပ်တဲ့ အလုပ်တွေ အများကြီး ရှိပြီးသားပါ။ သခင်လေးရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး။"
ယင်းသည် ယဉ်ကျေးစွာ ငြင်းပယ်ခြင်းဖြစ်သည်—သို့သော် ငြင်းပယ်မှုတစ်ခုသာဖြစ်သည်။
အနီးနားရှိ အလုပ်သမားအချို့သည် ဖြည်းညှင်းစွာ သက်ပြင်းချကြသည်။
"သူတကယ်ငြင်းခဲ့တာလား?"
"လင်းရွှမ် အသက်ရှင်ရတာ ပင်ပန်းနေပြီလား"
"ဘာပဲဖြစ်ဖြစ် ဒါက သူ့အတွက် အခွင့်ကောင်းပဲ..."
သူတို့သည် လက်လုပ်လက်စားများပင် ဖြစ်သော်လည်း လင်းရွှမ်လက်မခံပါက ပိုင်ကျီဟန်သည် အခြားတစ်ယောက်ယောက်ကို ရွေးနိုင်သည်။ သူတို့ထဲက တစ်ယောက်ဖြစ်ကောင်းဖြစ်မည်ကို သိထားသည်။
ကောင်းကင်ဓားဂိုဏ်းသည် အလုပ်သမားများကို တပည့်တွေအား အစေခံဖို့ အတင်းအကြပ်မခိုင်းသည့်တိုင် အင်အားကြီးသော ပိုင်မျိုးနွယ် နောက်ခံနဲ့တစ်စုံတစ်ယောက် အမိန့်ပေးသည့် အခါမှာတော့ မတူညီတော့ချေ။
ပိုင်ကျီဟန်အား ငြင်းလျှင် မည်သို့ဖြစ်မည်ကို ဘယ်သူသိမည်နည်း
အထူးသဖြင့် တခြားသူကို ဘယ်လိုဆက်ဆံတတ်ကြောင်း ကောလာဟလတွေရှိသည့် ပိုင်ကျီဟန်ဆီမှာ အမှုမထမ်းဆောင်ချင်ကြပေ။
ထို့ကြောင့် လင်းရွှမ်သည် လက်ခံပြီး သူတို့ဒဏ်ကို ခံဖို့ တိတ်တဆိတ် မျှော်လင့်ခဲ့ကြသည်။
ပိုင်ကျီဟန်သည် ဒေါသမထွက်ဘဲ ပြုံးလိုက်သည် ။ ဖြစ်နိုင်ချေရှိသော ငြင်းပယ်မှုကို သူမျှော်လင့်ထားပြီးသားပင်။ နောက်ဆုံးတွင် သူသည် သူ၏ကိုယ်ပိုင်ဂုဏ်သတင်းကို သိရှိခဲ့သည်။
သို့တိုင် လင်းရွှမ်လက်ခံလာအောင်လုပ်ဖို့ တခြားနည်းလမ်းတွေရှိပါသေးသည်။
"အိုး? မင်း ငါ့ကို ငြင်းနေတာလား"
အဖြေကိုမစောင့်ဘဲ လှည့်လိုက်ပြီး ဘာမှမဖြစ်သလိုပဲ ထွက်သွားကာ သူ့အ၀တ်တွေက လွင့်နေ၏
လင်းရွှမ်နှလုံးသည် ခုန်သွားသည်။ သို့ပေမဲ့ ပိုင်ကျီဟန်ထွက်သွားသည်ကို ကြည့်နေချိန်မှာတော့ ဒုက္ခတွေ ပြီးသွားပြီဟုထင်ကာ သက်ပြင်းချလိုက်လေ၏
နာမည်ဆိုးနဲ့ ကျော်ကြားသော သခင်လေး ထွက်သွားပြီဟု ထင်နေချိန်တွင်
ပိုင်ကျီဟန်သည် နေရာတွင် ရပ်လိုက်သည်။
နောက်ဘာဆက်ဖြစ်မည်ကို သိသလို လေက ရပ်သွားချေပြီ ။သူတို့ပတ်ဝန်းကျင် လေဖိအားသည် အနည်းငယ် ပြောင်းသွားသည်။
ထို့နောက် ပိုင်ကျီဟန်သည် ခေါင်းကို တစ်ဝက်တစ်ပျက် လှည့်လိုက်ပြီး ပိုးသားကိုဖြတ်သော ဓါးကဲ့သို့ တည်ငြိမ်ပြီး ထက်မြက်သော အသံနဲ့ပြောလေ၏
"မင်း ငါ့ကို ငြင်းချင်တာ သေချာလား"
သူက ထပ်မေး၏
လင်းရွှမ်သည် ခေါင်းမမော့ဝံ့ပေ။ သူ့အသံသည် တိုးတိုးလေးနဲ့
"...ကျွန်တော် တကယ် မလုပ်နိုင်ပါဘူး။ ကျေးဇူးပြုပြီး တခြားသူကို ရှာပါ။"
(သခင်လေးပိုင်ကျီဟန်က ဘာလို့ ဒီလောက် တင်းတင်းမာမာ လုပ်နေတာလဲ၊ ဒီမှာ အကြံအစည်တစ်ခုခု ရှိရမယ်။)
စောင့်ကြည့်နေသော လူအုပ်ကြီးသည် အသက်ရှုကြပ်သွားသည်။ တချို့က ခေါင်းယမ်းကုန်၏
"သူပြီးသွားပြီ။"
"ဘာလို့ မလုပ်နိုင်ဘူးလို့ ထပ်ပြောတာလဲ၊ သူက သတ်ပစ်ခံရဖို့ တောင်းဆိုနေတာ"
"အလုပ်သမားတစ်ယောက်က ပိုင်ကျီဟန်ကို ငြင်းဖို့ သတ္တိရှိတာလား။ သူက ဘာဖြစ်လာမလဲဆိုတာ ပိုပြင်ဆင်ထားသင့်ပြီ”
လင်းရွှမ်သည် ယခုအချိန်တွင် ဒုက္ခရောက်မည်ဟု လူတိုင်းက ယုံကြည်နေကြသည်။
တကယ်တော့ ကောလဟာလတွေ အရ ပိုင်ကျီဟန်သည် ပေါ့ပေါ့တန်တန် ငြင်းဆိုလို့ရသည့် အမျိုးအစား မဟုတ်ပေ။
သူ့အား ထိုသို့လုပ်သူတွေ၏ ကံကြမ္မာသည် ခွေးလေခွေးလွင့်တွေထက် ပိုဆိုးတတ်ပေသည်။
ပိုင်ကျီဟန်သည် ဤတစ်ကြိမ်တွင် ပြန်လှည့်ကာ လင်းရွှမ်ကို နောက်တစ်ကြိမ် မျက်နှာမူခဲ့သည်။
သူ့နောက်ထပ်စကားသည် မကျယ်လောင်ဘဲ အေးစက်သောလေနုအေးကဲ့သို့ ခြံဝင်းအတွင်း ဖြတ်သွားသည်။
"ဒါဆို ဘယ်လိုလဲ.."
သူသည် ရှေ့သို့ နောက်တလှမ်းတိုးလိုက်သည်။ သူတို့ကြားက ကွာဟချက်ကို တံတားထိုးရန် လုံလောက်ပေသည်။
"ဒီဂိုဏ်းမှာ ဘယ်သူမှ မရှိတဲ့အရာတစ်ခုကို မင်းကို ငါပေးမယ်။ ဂိုဏ်းခေါင်းဆောင်တောင် မပေးနိုင်ဘူး။"
လူအုပ်ကြီး၏ တီးတိုးသံများ တိတ်ဆိတ်သွားသည်။
လင်းရွှမ်သည်ပင် သံသယမျက်လုံးများဖြင့် အနည်းငယ် ကျဉ်းမြောင်းသွား၏။
ပိုင်ကျီဟန် မာနကြီးတာ လူတိုင်းသိပေမဲ့ ထိုမာနကတော့
ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်သည် ဆိတ်ငြိမ်ရာ ကောင်းကင်ဘုံအင်ပါယာတွင် အပြင်းထန်ဆုံး ကျင့်ကြံသူဖြစ်ပြီး တန်ခိုးအကြီးဆုံးဂိုဏ်းကို ဦးဆောင်သူဖြစ်သည်။
ပိုင်ကျီဟန်ကဲ့သို့သော ဂျူနီယာ လူတစ်ယောက်တွင် ဂိုဏ်းခေါင်းဆောင်ပင် မပေးစွမ်းနိုင်သော အရာတစ်ခု မည်သို့ရှိနိုင်မည်နည်း။
ပိုင်မျိုးနွယ်ခေါင်းဆောင် ပိုင်ထျန်းဟမ်ပင်လျှင် ထိုကဲ့သို့ အဓိပ္ပါယ်မဲ့သော စကားများကို မပြောနိုင်ပေ။
လင်းရွှမ်အပါအဝင် တော်တော်များများသည် ပိုင်ကျီဟန် ဟန်ဆောင်ပြီး လင်းရွှမ်ကို စကားလုံးတွေနဲ့ လှည့်စားဖို့ ကြိုးစားနေသည်ဟု ထင်နေကြချေပြီ။
ပိုင်ကျီဟန်သည် သူတို့ဘာတွေတွေးနေသည်ကို ဂရုမစိုက်ဘဲ ဆက်ပြောနေခဲ့သည်။
"ကမ္ဘာမြေအဆင့် ကျင့်ကြံနည်း”