← Chapters

ပိုင်ကျီဟန်၏ ငါးစာ

Vol. 4 Ch. 52

ပိုင်ကျီဟန်၏ ငါးစာ

Vol. 4 Ch. 52

ဝင်းတဝိုက်မှာ တိတ်ဆိတ်သွား၏

“မြေကမ္ဘာအဆင့် ကျင့်ကြံနည်းစနစ်” ဟူသော စကားလုံးသည်  လျှပ်စီးလျက်သွားသလိုပင်

တိုးတိုးတိတ်တိတ် စကားပြောနေကြသည့်တပည့်တွေသည် ယခု အံ့အားသင့်ပြီး မယုံနိုင်အောင်ဖြစ်နေ၏

“မြေကမ္ဘာအဆင့်…?နားကြားမှားတာ မဟုတ်ဘူးမလား”

“အဲ့တာ အမှန်မဟုတ်ဘူးထင်တယ်။ ပိုင် မိသားစုမှာ မြေကမ္ဘာအဆင့် ကျင့်ကြံနည်းစနစ်တွေရှိတယ်ဆိုတာ သေချာပေမယ့် အဲ့တာတွေက အရေးကြီးအဖွဲ့ဝင်တွေကိုပဲ ပေးတတ်တာ။ပိုင်ကျီဟန် အခြားသူကို ဘယ်လိုပေးနိုင်မလဲ။ အဲ့တာမျိုးပေးမယ်ဆိုရင် သူ့အနေနဲ့ မျိုးနွယ်ခေါင်းဆောင် ဆိုတောင် အမြန်ဆုံး မိသားစုကနေ ထုတ်ပစ်ခံရမှာ သေချာတယ် “

“အဲဒီကောင်က လိမ်နေတာ.. အဲ့တာ လှည့်စားနေတာ”

သူတို့စိတ်ထဲ လှည့်စားသည်ဟု  ထင်နေကြသည့်တိုင် ဘယ်သူမှ ကျယ်ကျယ်မပြောရဲချေ။

တကယ်တော့ အကြီးဆုံး လိမ်ညာသူတစ်ယောက်တောင် ‘မြေကမ္ဘာ” ဆိုသောစကားကို လူအများအား ဆွဲဆောင်ရန်အတွက် အလွယ်တကူ အသုံးမပြုနိုင်ပေ

အထူးအဆင့် ဆိုရင်တော့ ပိုင်မိသားစုဝင်တစ်ဦး တတ်နိုင်သည့် အရာဖြစ်တာကြောင့် အားလုံးအနည်းငယ်ယုံနိုင်သည်။  

ဒါပေမယ့် ‘မြေကမ္ဘာအဆင့်ကတော့…ဒါကလည်း တိုက်ခိုက်ရေး နည်းစနစ်မဟုတ်ဘဲ ကျင့်ကြံရေးနည်းစနစ်ပင်။ ဒါကို အလုပ်သမားတစ်ယောက်ကို ပေးမည်လော။ အစေခံ တစ်ယောက်ကို ပေးမယ်ဆိုတာကတော့ လွန်လှနေချေပြီ

တကယ် ဉာဏ်ရှိသူတိုင်း မယုံပေ

လင်းရွှမ်၏မျက်လုံးတွေ အနည်းငယ်ကျယ်သွားသည်။ 

အစောပိုင်းက  စိုးရိမ်မှုနဲ့ပြည့်နေသော နှလုံးသားသည်  ယခုအခါ  အခြားအကြောင်းပြချက်နဲ့ တုန်ခါသွားသည်။

မြေကမ္ဘာအဆင့်ကျင့်ကြံနည်းစနစ်သည် မရှားပါးသည့်တိုင် မှော်ဆန်သောအရာဖြစ်သည်။

ကောင်းကင်ဓားဂိုဏ်းတစ်ခုလုံးတွင်ပင် အထူးတပည့်များသာ အထူးအဆင့်နည်းစနစ်ကို အသုံးပြုနိုင်သည်။

အဓိကတပည့်တွေတောင် အထူးအဆင့်အထိပဲ ရနိုင်သည်။ဒါပေမယ့် မြေကမ္ဘာအဆင့်နည်းစနစ် ဆိုတာကတော့

တကယ့်နောက်ဆက်ခံကြီးမားသူတွေ ၊ ဂိုဏ်းခေါင်းဆောင်နဲ့ နောက်လာမည့် ဂိုဏ်းခေါင်းဆောင်သာ  ထိုပစ္စည်းကို တွေ့ဖူးမည်ပင်

ကောင်းကင်အဆင့် နည်းစနစ်ကတော့ ကောင်းကင်ဘုံအင်ပါယာမှာ ပိုင်ဆိုင်သူပင် မရှိပေ

ထို့ကြောင့် မြေကမ္ဘာအဆင့်သည်  အမြင့်ဆုံး အဆင့်နည်းစနစ် ဖြစ်နေခဲ့တာပင်။

ပိုင်ကျီဟန် တစ်ယောက်ကတော့…သူ့ဆီမှာပိုင်ဆိုင်ထားပြီး အခုလို အစေခံတစ်ယောက်ကိုပေးမယ်လို့ ပြောနေတာလား…?

သူက ဘယ်လိုဂိမ်းမျိုး ကစားနေတာလဲ။

လင်းရွှမ်သည် စကားမပြောချေ။သူမလုပ်နိုင်ပေ ။ပိုင်ကျီဟန် ရူးသွပ်တာလား၊ လိမ်နေတာလား ဒါမှမဟုတ် တကယ်လားဆိုတာ စုံစမ်းနေဆဲပင်

ပိုင်ကျီဟန်သည် အနားကို တိုးလာပြီး  သူ့လေသံသည် ငြိမ်သက်နေသည့်တိုင် ယုံကြည်မှုအပြည့်နဲ့ပင်

"ဒါတင်မကဘူး၊ မင်းကျင့်ကြံမှုအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ အားလုံးကို ငါပေးမယ်လို့ ကတိပေးတယ်။"

ထို့နောက် သူ၏ သိုလှောင်လက်စွပ်ထဲမှ တစ်ခုခုကို ထုတ်ယူလိုက်သည်။

"ဒီမှာ၊ ငါတို့ရဲ့ ပထမဆုံးတွေ့ဆုံမှုအတွက် ဒီလက်ဆောင်ကို မင်းကို ငါပေးမယ်။"

ပိုင်ကျီဟန်သည် အရည်အသွေးမြင့် အဓိကဖွဲ့စည်းပုံဆေးများပါရှိသော ကျောက်စိမ်းပုလင်းကို ထုတ်လိုက်သည်။

သူသည် အဓိကဖွဲ့စည်းပုံ အဆင့်ကိုဖြတ်ပြီးသွားတာကြောင့် အဓိကဖွဲ့စည်းပုံဆေးကဲ့သို့ ဆေးများသည် သူ့အတွက် အသုံးမ၀င်ပေ။

ပိုင်ကျီဟန် ဖြတ်ကျော်ပြီးသွားပြီဆိုတာကို သူ့အဖေသည် မသိခဲ့တာကြောင့် အရည်အသွေးမြင့် အဓိကဖွဲ့စည်းပုံဆေး ထောင်ပေါင်းများစွာ ပေးခဲ့သည်။

ထို့ကြောင့် ပိုင်ကျီဟန်အနေနဲ့ ၎င်းတို့ကို ပေးရခြင်းအပေါ် ဘာမှသိပ်ဂရုမစိုက်ပေ

သူ့ဖြတ်ကျော်မှုအတွက် ပြင်ဆင်ရာတွင် ကောင်းမွန်စော အဓိကဖွဲ့စည်းပုံဆေး အများအပြားကို လက်ဆောင်အဖြစ် ရရှိခဲ့သည်။

ထို့အပြင် သူမှာ ကုန်သွားရင်တောင်မှ သူ့မျိုးနွယ်ကို ရိုးရှင်းစွာ အသိပေးနိုင်ပြီး အသစ်တစ်သုတ်ကို လက်ခံရရှိနိုင်သည်။

လင်းရွှမ်သည် ကျောက်စိမ်းပုလင်းကို ကြည့်လိုက်ရာ  ၎င်းတို့သည် ဆေးပြားများဖြစ်ကြောင်း ချက်ချင်းသိသည်။ ၎င်းတို့သည် အနည်းဆုံး နှစ်ဆယ်လောက်ရှိပြီး တစ်ခုစီသည် ပုံမှန်မဟုတ်သော အရည်အသွေးများရှိသည်။

ပိုင်ကျီဟန်အဖို့ ၎င်းတို့ကို အများကြီး မစဉ်းစားသည့်တိုင် နောက်ခံမရှိသူ  လင်းရွှမ်နဲ့ တခြားသူတွေအဖို့တော့ မတူပေ

တခြားဘာမျှ မသုံးဘဲ အလုပ်သမားအဖြစ် တစ်နှစ်လောက် စုဆောင်းထားမယ်ဆိုလျှင်တော့ ထိုဆေးပြားတစ်ပြားကို တတ်နိုင်ပါလိမ့်မည်။

သို့သော် ပိုင်ကျီဟန်သည် တခဏတာ မဆိုင်းမတွဘဲ အခုနှစ်ဆယ်ကို ပေါ့ပေါ့တန်တန် ပေးပစ်ခဲ့သည်။

အခြားတပည့်များနှင့် လက်လုပ်လက်စားများသည် ဤအရာကိုမြင်ပြီး ထိတ်လန့်သွားကြသည်။

ပိုက်ဆံနဲ့ လွယ်လွယ်ဝယ်လို့ မရနိုင်သည့် ထိုကဲ့သို့ အရည်အသွေးမျိုးနဲ့ ဆေးကိုမပြောနဲ့၊ နောက်ခံ အတော်အသင့်ရှိသော တပည့်တွေတောင်  ထိုကဲ့သို့ဆေးမျိုး ပေးဖို့မတတ်နိုင်ပေ။

ပိုင်ကျီဟန် ပေးခဲ့သည့် အရာကို သိလိုက်ရသည့်အခါ အလုပ်သမားများသည် မနာလို ဖြစ်ကုန်ကြသည်။

လင်းရွှမ်သည်  ဒုက္ခအကြီးအကျယ်ရောက်တော့မည်ဟု အစတုန်းက ထင်ခဲ့ကြပေမယ့် ယခု သူရရှိခဲ့သော ပေါ့ပေါ့ပါးပါးလက်ဆောင်ကို မြင်တော့ မနာလို ဖြစ်ကုန်ကြသည်။

သူတို့၏အမြင်မှာတော့ လင်းရွှမ်သည် ကံဆိုးသူမှ အလွန်ကံကောင်းသူအဖြစ်သို့ ပြောင်းလဲသွားသည်။

လင်းရွှမ်သည်လည်း ထိုသို့ခံစားရသည်။

ထိုဆေးပြားများဖြင့် သူ၏ကျင့်ကြံမှုသည် သူမျှော်မှန်းထားသည်ထက် ကျော်လွန်သွားမည်ဖြစ်သည်။ လာမည့်ဂိုဏ်းအကဲဖြတ်မှုတွင် သူသည် ကောင်းကင်ဓားဂိုဏ်း၏ ပြင်ပတပည့်ဖြစ်လာရန် အခွင့်အလမ်းပင်ရှိပေမည်။

သို့သော် ဤကမ္ဘာပေါ်တွင် မည်သည့်အရာမှ အလကားမရနိုင်ကြောင်းကိုလည်း သူသိသည်။ သင့်လျော်သော  တန်ကြေးပေးရမည်။

"သခင်လေး ၊ ဒါက အရမ်းများလွန်နေပါတယ်၊ ​​ကျွန်တော် လက်မခံနိုင်ဘူး”

သူ့ဆန္ဒကို နှိမ့်ချကာ လင်းရွှမ်သည် ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့သည်။

ပိုင်ကျီဟန်သည် အလုပ်သမားတစ်ဦးကို အလေးပေးလွန်းနေသည်။ လူတိုင်းကို စိတ်ရှုပ်ထွေးစေသော အရာတစ်ခုကို မည်သူမဆို မြင်နိုင်သည်။

လင်းရွှမ်ဟာ တကယ်ပဲ အဖိုးတန်ခဲ့တာလား။

မြေကမ္ဘာအဆင့် ကျင့်ကြံနည်းကို မေ့ထားလိုက်ပါ—အရည်အသွေးမြင့်  အဓိက ဖွဲ့စည်းပုံဆေးပြားများတောင် ရက်ရောလွန်းနေပြီ။

"လင်းရွှမ်၊ သေချာစဉ်းစား၊"  ပိုင်ကျီဟန်က ပြောသည် ။ "ငါ့ကို အမှုထမ်းတာက မင်းစိတ်ကူးထားတာထက် အများကြီး အကျိုးကျေးဇူးတွေ ယူဆောင်လာလိမ့်မယ်။ အဲဒီဆေးလုံးက ငါ့ကို အမှုထမ်းဖို့ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ မင်းယူထားနိုင်ပါတယ်။"

ပိုင်ကျီဟန်သည် အရမ်းဖိအားမပေးချင်ပေ ။ သူ၏ကမ်းလှမ်းချက်သည်ပင် သံသယဖြစ်လောက်အောင် ဖြစ်နေချေပြီ

ဒီနေ့မဟုတ်ရင်တောင် လင်းရွှမ်သည် အနာဂတ်တွင် စိတ်ပြောင်းသွားနိုင်သည်။

ထိုသို့ မဟုတ်ရင်တောင် ဆေးပြားတွေသည် လင်းရွှမ်အတွက် အဖိုးတန်နေပြီး ပြန်ဆပ်စရာ အကြွေးအဖြစ် တွေးထားမည်ပင်။

လင်းရွှမ်ကတော့ လေးလေးနက်နက် တွေးနေတုန်းပင်

ထိုဆေးပြားများ တစ်ခုတည်းသည်ပင် ကြီးမားသော အကူအညီဖြစ်လိမ့်မည်။

ပိုင်ကျီဟန်သာ တကယ်ပြောနေသည်ဆိုပါက လင်းရွှမ်သည် မြေကမ္ဘာအဆင့် ကျင့်ကြံနည်းကို  ကျင့်ကြံနိုင်လျှင် ကောင်းကင်ဓားဂိုဏ်း၏ အပြင်ဘက်တပည့် တစ်ယောက်ဖြစ်လာဖို့သည် ရိုးရှင်းသော ကိစ္စတစ်ခုပင်

နောက်ဆုံးတွင် သူနှင့် အခြားလက်လုပ်လက်စားများသည် အနှေးဆုံးဖြစ်သော သာမာန်အဝါရောင်အဆင့် ကျင့်ကြံနည်းများကိုသာ သုံးစွဲခွင့်ရခဲ့သည်။

ပိုကောင်းတဲ့အရာကို လိုချင်ရင် ကြီးကြီးကျယ်ကျယ် ဈေးပေးရမည်။ ဒါမှမဟုတ် ပြင်ပတပည့်တွေအဖြစ် အရည်အချင်းပြည့်မီရမည်ပင်

ဒါတောင် သူတို့ရနိုင်သမျှတွင် အထူးအဆင့်သည်  အကောင်းဆုံး အဆင့် မြင့်နည်းစနစ်ဖြစ်သည်။

သို့သော် ပိုင်ကျီဟန်သည် ဂိုဏ်းခေါင်းဆောင်ဖြစ်လာရန် လျာထားခြင်းမရှိပါက ရရှိရန် မဖြစ်နိုင်သောအရာကို  လင်းရွှမ်

ကဲ့သို့လူတစ်ဦးအတွက် ကမ်းလှမ်းနေသည်။

သူ အတွေးထဲတွင်  မျောလွင့်နေချန်၌ အခြားကြည့်နေသော လက်လုပ်လက်စားများသည်မနာလိုဖြစ်ကုန်၏။

"သ သခင်လေးပိုင်..ကျွန်တော် သခင်လေးကိုအစေခံဖို့ ဆန္ဒရှိပါတယ်”

"ကျေးဇူးပြုပြီး ကျွန်တော်ကို အခွင့်အရေးပေးပါ။ကျွန်တော် အလုပ်ကြိုးစားပါတယ်၊ သစ္စာရှိပြီး သခင်လေးခိုင်းတာမှန်သမျှ လုပ်ပေးပါမယ်”

"လင်းရွှမ် တုံ့ဆိုင်းနေတာပဲ။ ဘာလို့ တခြားသူကို အခွင့်အရေးမပေးတာလဲ။"

သူတို့၏ ရုတ်တရက် စိတ်အားထက်သန်မှုသည် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပြီး ဒါဇင် သို့မဟုတ် ထိုထက်မကသော  လက်လုပ်လက်စားများသည် ရှေ့သို့ ပြေးလာပြီး အရိုးတစ်ခုတည်းကို ကိုက်မည့် အစာရေစာ ငတ်နေသည့် ခွေးတွေလို အချင်းချင်း အော်ဟစ်နေကြသည်။

အခွင့်အရေးရနံ့သည် မီးဖိုထဲသို့ ဆွဲခံရသော ပိုးဖလံများကဲ့သို့ပင်

မြေကမ္ဘာအဆင့် ကျင့်ကြံနည်းများနှင့် အရည်အသွေးမြင့် ဆေးပြားများအတွက် တံမြက်ခင်းပြင်များနှင့် ကြမ်းပြင်များကို ပွတ်တိုက်နေသည့် ဘဝမျိုးကို မည်သူက လဲလှယ်ချင်ကြမည်နည်း။

 ပိုင်ကျီဟန်နှင့်ပတ်သက်သည့် ကောလဟာလများကို သိရှိသော်လည်းထိုဆေးပြားတစ်ခုတည်းသည် အန္တရာယ်ကို ယူရန် လုံလောက်သောအကြောင်းပြချက်ဖြစ်သည်။

ပြီး​တော့ အန္တရာယ်​က ပိုကြီး​လေ၊ ဆု​လာဘ်​က ပို​ကြီး​လေပင်။

ပိုင်ကျီဟန်သည် စိတ်ဝင်တစားမရှိဘဲ သူတို့ကို တစ်ချက်ကြည့်လိုက်သည်။

"မင်းတို့?"

သူ့အသံသည် ငြိမ်သက်နေပေမယ့် စကားတွေက အေးစက်နေသည်။

"ငါ လင်းရွှမ်ကိုပဲ ကမ်းလှမ်းခဲ့တာ မင်းတို့ကိုမဟုတ်ဘူး"

ထိုစကားများ ဆုံးသွားချိန်တွင် ရှေ့သို့ တိုးလာနေသော လက်လုပ်လက်စားများ အေးခဲသွားသည်။

“အေး…” သူတို့ထဲက တစ်ယောက်ကရေရွတ်လေသည် "ဘာလို့လဲ၊ ဘာလို့လင်းရွှမ်လဲ?"

သို့ပေမဲ့ မည်သူမျှ  အသံကျယ်ကျယ် မပြောရဲကြပေ။

သူတို့သည် လင်းရွှမ်ကိုသာ  မနာလိုစိတ်အပြည့်နဲ့ စိုက်ကြည့်နိုင်ခဲ့သည်။

ပိုင်ကျီဟန်သည် လင်းရွှမ်ဘက်သို့ ပြန်လှည့်လာပြီး သူ၏အမူအရာသည် ပို၍ သက်တောင့်သက်သာ ဖြစ်နေသည်။

"မင်းမြင်တယ်နော် လင်းရွှမ်”

သူ့လေသံသည် လှောင်ပြောင်ခြင်းမရှိသော်လည်း ၎င်းတွင် သိမ်မွေ့သောဖိအားတစ်ခုရှိနေသည်။ ဤအခွင့်အရေးသည် မည်မျှရှားပါးသည်ကို အမှတ်ရစေသည်။

"စဉ်းစားပါ" ဟု သူက ဆက်ပြောသည်။ "အခြားသူတွေ မသေနိုင်တဲ့လမ်းကို ကျင့်ကြံနိုင်ဖို့ ကျန်နေတဲ့ ကျောက်တုံးလမ်းတွေကို ခြစ်ထုတ်ပေးရင်း မင်းဘဝရဲ့ ကျန်နေတဲ့အချိန်တွေကို တကယ်ပဲ ကုန်ဆုံးချင်နေတာလား။"

လင်းရွှမ် လက်ချောင်းများသည် ကျောက်စိမ်းပုလင်းတဝိုက်ကို တင်းတင်း ကိုင်ထားသည်။

မဟုတ်ဘူးလို့ ပြောချင်သည်။မဟုတ်ဘူးလို့ ပြောရမည်။

ဘယ်အရာမှ အလကားမရပေ။ ဒါက ရက်ရောလွန်းနေ၏  ထူးဆန်းလွန်းသည်။

မြေကမ္ဘာအဆင့် ကျင့်ကြံနည်း။  ဒါဇင်နဲ့ချီတဲ့ အရည်အသွေးမြင့် ဆေးပြားများ။

၎င်းသည် သူမျှော်လင့်ထားသမျှထက် ကျော်လွန်နေသည်။ ၎င်းသည် ကောင်းကင်ဓားဂိုဏ်း၏ ပြင်ပတပည့် တစ်ဦးဖြစ်လာခြင်းထက် ပိုမိုကောင်းမွန်သည်။

ဖမ်းဆုပ်ဖို့သာ လိုသည်။

သို့သော် သူ့နှလုံးသားထဲတွင် သံသယစိတ်များ နစ်မြုပ်နေသော်လည်း တစ်စိတ်တစ်ပိုင်း ယုံကြည်ချင်သည်။

သူသည် လက်လုပ်လက်စားအဖြစ် ကောင်းကင်ဓားဂိုဏ်းသို့ စတင်ဝင်ရောက်သည့်နေ့မှစ၍ သန်မာသော ကျင့်ကြံသူဖြစ်လာရန် အိပ်မက်မက်ခဲ့သည်။

သူ့ကံကြမ္မာကို ပြောင်းလဲရန် အခွင့်အရေးတစ်ခုကို မျှော်လင့်ပြီး မမောမပန်း အလုပ် လုပ်ခဲ့ရသည်။

အခုက ဒီမှာပင်

အမှန်ဖြစ်နိုင်သောကြောင့် ငြင်းပယ်ဖို့ မဖြစ်နိုင်ပေ

"ကျွန်တော်သဘောတူရင်"  လင်းရွှမ်နောက်ဆုံးသည် သတိဖြင့် " ကျွန်တော် ဘာလုပ်ရမယ်ဆိုတာ အတိအကျ သိထားလို့ရလား။"

ပိုင်ကျီဟန်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ မာနကြီးသော ကဲ့ရဲ့ခြင်းအပြုံးမဟုတ်ဘဲ အေးဆေးပြီး စစ်မှန်သော အပြုံးတစ်ခုသာဖြစ်သည်။

"လောလောဆယ်တော့ ငါ့ခြံကို စောင့်ကြည့်ပေး။  လက်ဖက်ရည်ဖျော်ပေးရမယ်။   သန့်ရှင်းရေးဘာညာလုပ်ရမယ်။ အဲ့ထက် ဘာမှ မလုပ်ရဘူး။"

သူ အနည်းငယ် နီးကပ်လာ၏

"ဒါပေမဲ့ မင်းက ပြင်ပတပည့်တွေထက် ပိုမြန်အောင် ကျင့်ကြံရလိမ့်မယ်။ အချိန်တန်ရင်တော့ မင်းဆီက သစ္စာရှိမှုကို ငါမျှော်လင့်

တယ်။"

နောက်ဆုံးစကားသည်ပိုးထည်နဲ့ထုပ်ထားသော 

လျှို့ဝှက်ဓားလိုပင် လေထဲမှာ ပျံ့နှံ့သွား၏။

လင်းရွှမ်၏ အကြည့်များ စူးရှလာသည်။ သစ္စာစောင့်သိမှုတဲ့လား

သူ အရူးမဟုတ်ပေ။  စေတနာနဲ့ပေးတာမဟုတ်ဘဲ တစ်ခုခုကို ပြန်လိုချင်တာပင်

သို့တိုင် ထိုအရာသည် သူ့အသက်နဲ့မဟုတ်လျှင်.. ပြီးတော့သူ့ကံကြမ္မာကို​ပြောင်းလဲနိုင်လျှင်

"ကောင်းပါပြီ"  လင်းရွှမ်သည် အချိန်အတော်ကြာ ခေတ္တနားပြီးနောက် ပြောလိုက်သည်။

"ကျွန်​​တော်​ သခင်လေးကို အမှုထမ်းပါမယ် သခင်လေးပိုင်"

All Chapters