← Chapters

ကြယ်အသက်ရှုခြင်းနည်းစနစ်

Vol. 4 Ch. 53

ကြယ်အသက်ရှုခြင်းနည်းစနစ်

Vol. 4 Ch. 53

“ကောင်းပြီ…သူ့ကိုရပြီ…”

ပိုင်ကျီဟန်သည် လင်းရွှမ်၏သဘောတူချက်ကိုကြားလိုက်ပြီး အထူးပျော်ရွှင်သွားသည်။

သူမအောင်မြင်ခင် ရက်အတော်ကြာ စောင့်ဆိုင်းရမည်ဟု ထင်ခဲ့သော်လည်း လင်းရွှမ်သည် ချက်ချင်ဍ သဘောတူလိုက်သည်။

လုံလုံလောက်လောက်ငွေသုံးနိုင်သရွေ့ဝယ်လို့မရသည့်အရာမရှိဟု သက်သေပြလိုက်သကဲ့သို့ပင်ဖြစ်သည်။

“ကဲလာ” ပိုင်ကျီဟန်သည် သူ့ပုခါးကိုဖက်လိုက်၏

“ငါ့အိမ်ကျ ဆက်ပြီးပြောကြမယ်”

လင်းရွှမ်သည်  ဆေးပုလင်းကိုကိုင်လျက် နောက်ကလိုက်ပြီး စိတ်ထဲတွင် မေးခွန်းများ များပြားနေ၏

ဘာဖြစ်ဖြစ် သူဆူံးဖြတ်ချက်ချလိုက်ချေပြီ။

ပိုင်ကျီဟန် သူ့ကိုမလှည့်စားပါစေနဲ့ဟု စိတ်ထဲတွင် ဆုတောင်းလိုက်သည်။

အနီးအနားရှိ ကျောင်းသားများနှင့် လက်လုပ်လက်စားများသည် နှစ်ဦးလျှောက်သွားရာကို မျက်စိမပြတ်ကြည့်နေကြသည်။

လက်လုပ်လက်စားများသည် အဖိုးတန်ဆေးအလွယ်တကူရသည့် လင်းရွှမ်ကို မနာလို ဖြစ်နေကြပြီး နောင်တရနေကြသည်။

အခြားတပည့်များကတော့  ခေါင်းကိုယမ်းကာ လင်းရွှမ်ကို ပိုင်ကျီဟန် အရုးလုပ်သွားသည်ဟု ယုံကြည်ကြသည်။

သူတို့၏အမြင်တွင် ပိုင်ကျီသည် ၎င်း၏ကတိကို အမှန်တကယ် ထိန်းထားနိုင်လိမ့်မည်မဟုတ်ပေ— မြေကမ္ဘာအဆင့် ကျင့်ကြံနည်းကို မျိုးနွယ်စု၏လျှို့ဝှက်ချက်များအဖြစ် သတ်မှတ်ခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ ပိုင်ကျီဟန်သည် ပိုင်မျိုးနွယ်၏ နည်းစနစ်ကို အပြင်လူကို ဘယ်တော့မှ သင်ပေးမည် မဟုတ်ကြောင်း သူတို့ယုံကြည်ခဲ့သည်။

“သဘောတူလိုက်တာကောင်းပါတယ်… ဒါပေမယ့် ဒါပေမဲ့ မင်း မယုံကြည်သေးတာကို သိတယ်”ပိုင်ကျီဟန်သည် လမ်းလျှောက်ရင်း ပြောလေ၏

လင်းရွှမ်သည် တိတ်ဆိတ်နေ၏

“အဆင်ပြေပါတယ်။ ငါက မျက်စိမှိတ် သစ္စာမခံခိုင်းပါဘူး။ ဒီဆုံးဖြတ်ချက်က မင်းဘဝရဲ့ အကောင်းဆုံးဆုံးဖြတ်ချက်ဆိုတာ သိလာမှာပါ”

အချိန်အတော်ကြာသည့်အထိ လင်းရွှမ်သည် ဘာမှမမေးဘဲ နှစ်ယောက်သား လမင်းတောင်ထိပ်သို့ တိတ်တဆိတ်သွားနေကြသည်။

“ဘာကြောင့် ကျွန်တော်ကိုရွေးတာလဲ…?”

အတန်ကြာ တိတ်ဆိတ်ပြီးနောက်  လင်းရွှမ်သည် မေးသည်။

ဤအရာသည် သူ့ကို အချိန်အတော်ကြာ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။

ပိုင်ကျီဟန် သူ့ကိူရှာဖွေ့ဖို့ သူ့တွင် ထူးထူးခြားခြားအရာတစ်ခုခု ရှိသည်ဟု သူမထင်ပေ

ပိုင်ကျီဟန်သည် ခေါင်းကို အနည်းငယ်ညိမ့်လိုက်သည်။

“ဘာလို့လဲဆိုတော့ အလားအလာကို မြင်လို့”သူက ရိုးရိုးရှင်းရှင်းပြောသည်။

(အရူး..မင်းက ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့သူပဲ။ အဲ့တော့ မင်းကို ငါလိုချင်တယ်လေ)

ပိုင်ကျီဟန်သည် တွေးလိုက်သည်။

"ဘာလို့လဲဆိုတော့ စောစောစီးစီး ရင်းနှီးမြုပ်နှံပြီး နောက်ကျ ဆုတွေပြန်ရမယ်လို့ ယုံကြည်လို့”

"ကျွန်တော်ကို အရည်အချင်းရှိတယ်လို့ ပြောနေတာလား။"

လင်းရွှမ်သည် မသေချာသလို မေးသည်။ သူ့ကိုယ်သူ ညံ့သည်ဟု မထင်ထားပေမယ့် အရည်အချင်းရှိသည်လည်း မထင်ပေ

လွန်ခဲ့သည့် (၅)နှစ်ခန့်ကတည်းက ပြင်ပတပည့်ဖြစ်ရန် ကြိုးစားခဲ့သော်လည်း အကြိမ်ကြိမ် မအောင်မြင်ခဲ့သည့်အတွက် သူ့အနေနဲ့  မသေချာပေ

ရှုံးနိမ့်မှုတွေ အများကြီးကြုံလာရသည့်အခါ မည်သူမဆို ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ဆုံးရှုံးသွားတတ်ကြသည်

သို့သော်လည်း  လင်းရွှမ်သည် သူ့ကိုယ်သူ မိသားစုမှ ပံ့ပိုးပေးသော အခြားသူများနှင့် နှိုင်းယှဉ်နေပြီး အကောင်းတကာ့ အကောင်းဆုံးနှင့် နှိုင်းယှဉ်နေခြင်းကြောင့်သာ ဖြစ်သည်။

ကောင်းကင်ဓားဂိုဏ်း၏ တပည့်တွေနဲ့ နှိုင်းယှဉ်လိုက်လျှင် သူသည် ဘာမျှ ထူးခြားတာ မရှိသလို အားနည်းသော တပည့်တောင်မှ သူ့ထက် အများကြီး သာလွန်နေသည်။

သို့သော် ထိုတပည့်များသည် ကောင်းကင်အင်ပါယာတစ်ခုလုံးရှိ  အကောင်းတကာ့ အကောင်းဆုံးဖြစ်ပြီး နှိုင်းယှဉ်ရန် အခြေခံအဖြစ် အသုံးမပြုသင့်ချေ

သို့သော် အခြားသူများထံမှ ပံ့ပိုးကူညီမှုမရှိဘဲ အသက်(၁၇) နှစ်တွင်  သာမာန်အဝါရောင်အဆင့် ကျင့်ကြံနည်းစနစ်ဖြင့် အဓိကဖွဲ့စည်းခြင်းအဆင့်သို့ရောက်နေတာကပင် လင်းရွှမ်သည်  အတော် ထူးချွန်နေခဲ့ပြီ ဖြစ်သည်။

"မင်းကြိုက်သလို နေလို့ရတယ်။"

ပိုင်ကျီဟန်သည်လည်း အများကြီး မပြောပေ

ပိုင်ကျီဟန် ပြောတာကို  လင်းရွှမ်တွေးနေရင်းနဲ့ နောက်တစ်ခါ ငြိမ်သွားသည်

တစ်ဖက်တွင် ပိုင်ကျီဟန်သည် သူ၏  စနစ် စျေးဆိုင်ကို ကြည့်နေသည်။

သူသည်  စနစ်စျေးဆိုင်မှ မြေကမ္ဘာအဆင့်ကျင့်ကြံနည်းကိုဝယ်ပြီး လင်းရွှမ်အား ပေးမည်ဖြစ်သည်။

ပိုင်ကျီဟန်သည် အနန္တ အသက်ရှုခြင်းနည်းစနစ်ကို သိသော်လည်း ၎င်းသည် ကောင်းကင်အဆင့်ဖြစ်ပြီး သူ့အနေနဲ့ စွန့်စားပြီး ၎င်း၏ရန်သူဖြစ်လာနိုင်သည့် လင်းရွှမ်အား သင်ကြားပေးမည်  မဟုတ်ပေ

ထို့အပြင် ထိုသို့သော ကျင့်ကြံနည်း သူ့တွင်ရှိသည်ကို  အခြားသူများ သိပါက  ၎င်းတို့သည် သူ့ကို လိုက်လံဖမ်းဆီးရန် သေချာပေါက် ရောက်လာကြပေလိမ့်မည်။

ပိုင်မျိုးနွယ်၏ မြစိမ်းရောင် နဂါး အသက်ရှုနည်းကို  ပိုင်မျိုးနွယ်ခေါင်းဆောင်နှင့် ထူးချွန်သောသူများ အတွက်သာ သီးသန့်ထားသောကြောင့် ၎င်းကိုလည်း သင်ပေးမည်မဟုတ်ပေ

ထိုသို့မဟုတ်ပါက ပိုင်မျိုးနွယ် သိသည့်အခါ သူသေချာပေါက် အပြစ်ပေးခံရပြီး  ပိုင်မျိုးနွယ်ကနေ နှင်ထုတ်ခံရမှာ သေချာသည်။

မျိုးနွယ်ကို စွန့်ခွါသွားရခြင်းသည်  ဆိုးတော့ မဆိုးပေ။ သို့တိုင် ပြည်နှင်ဒဏ်မခံရခင်မှာ သူ ကျိုးပဲ့သွားမှာ သေချာသည်။

မည်သို့ပင်ဆိုစေကာမူ ကမ္ဘာမြေအဆင့် ကျင့်ကြံနည်းကိုဝယ်ရုံဖြင့် သူ့ဘက်တွင် ဇာတ်ကောင်တစ်ယောက် ရှိလာနိုင်ပါက ၎င်းသည် လုံးဝထိုက်တန်သည်ဟု သူခံစားမိသည်။

ထို့အပြင် နောင်တွင်  အခြားသူများအား ပူးပေါင်းရာတွင် ဆွဲဆောင်ရန်အတွက် ထိုတူညီသော ကျင့်ကြံနည်းစနစ်ကို အသုံးပြုနိုင်သည်။

သူသည် စနစ်မျက်နှာပြင်ကိုကြည့်လိုက်သည်။

လောလောဆယ်မှာ အမှတ် ၁၀၀၀၀ လောက်ရထားသေးသည်။

ပြီးတော့ ကမ္ဘာမြေအဆင့် ကျင့်ကြံနည်းအများစုသည် အမှတ် (၅၀၀၀) လောက် ကုန်ကျသည်။

ပိုင်ကျီဟန်သည် သူမြင်နိုင်ရုံမျှသာ တောက်ပနေသော အကန့်ကိုကြည့်ရင်း မျက်လုံးများသည်  စျေးဆိုင်ရှိ  ကျင့်ကြံနည်း

စနစ်တန်းများပေါ်တွင် လျင်မြန်စွာ ရွေ့လျားနေသည်။

သူအချိန်ဖြုန်းမှာမဟုတ်ပေ။

သူသည် ပြီးပြည့်စုံမှုကို မလိုအပ်ပေ။သူသည်  လင်းရွှမ် အံ့သြထိတ်လန့်သွားစေလောက်အောင် အစွမ်းထက်သော၊ ကောင်းမွန်သော အရာတစ်ခုသာ လိုအပ်ပါသည်။

စက္ကန့်အနည်းငယ်အကြာတွင် သူသည် တစ်စုံတစ်ခုကို တွေ့ရှိခဲ့သည်။

မဆိုင်းမတွဘဲ အမှတ် ၅ထောင်ကို သုံးစွဲခဲ့သည်။

ဝယ်ယူမှုပြီးသွားချိန်မှာတော့ ရွှေရောင်လှိုင်းလုံးကြီးသည် သူ့အမြင်အာရုံမှာ တောက်လောင်နေခဲ့သည်။

[ကြယ်ပွင့် အသက်ရှူခြင်းနည်းစနစ်- မြေကမ္ဘာအဆင့်]

ဖော်ပြချက်-

ကောင်းကင်ပဲ့တင်ထပ်သံကို အသုံးပြုပြီး ချီကို သန့်စင်ရသည့် မြေကမ္ဘာအဆင့်  ကျင့်ကြံနည်းစနစ်။ ၎င်းသည်  ကျင့်ကြံသူအား ကြယ်များ၏ စည်းချက်နှင့် လိုက်လျောညီထွေဖြစ်စေပြီး ချီလည်ပတ်မှုနဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာ တိုးတက်စေသည်။ 

စုပ်ယူမှု ထိရောက်မှု-  ချီစုပ်ယူမှုကို ၁၀၀% တိုးစေသည်။ ညအချိန်၌ ကျင့်ကြံမှုအရှိန်သည် နောက်ထပ်၅၀% တိုးလာသည်။

ပိုင်ကျီဟန်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ကြယ်ပွင့် အသက်ရှူခြင်းနည်းစနစ်၊ အရမ်းမိုက်တယ်” ဟု သူ့ဘာသာ ရေရွတ်လိုက်သည်။

ထိုအချိန်တွင် သူတို့သည် ခြံဝင်းထဲသို့ ရောက်သွားကြသည် ။

သူလက်ဝှေ့ယမ်းတော့ တံခါးတွေပွင့်လာပြီး စားပွဲပေါ်ထိုင်ကာ သူ့ကျောက်စိမ်းစုတ်တံကို ထုတ်လိုက်သည်။

သူက ငြိမ်သက်စွာထိုင်ပြီး  လင်းရွှမ်ကို စောင့်ရန် လက်ဟန်ပြသည်။

ထို့နောက် လေ့ကျင့်ထားသည့်ပုံဖြင့် မှတ်ဉာဏ်မှ နည်းစနစ်ကို မျဉ်းကြောင်းတစ်ကြောင်းချင်းစီဆွဲကာ  စကားလုံးတစ်ခုစီသည် ချီဖြင့် မှုန်မှိန်ပျပျ တောက်ပလာခဲ့သည်။

လင်းရွှမ်သည် စောင့်ထိန်းထားသော မျက်လုံးများနဲ့ မနှောင့်ယှက်ဝံ့ဘဲ တိတ်တိတ်ဆိတ်ဆိတ် မတ်တပ်ရပ်နေသည်။

သိပ်မကြာခင်မှာပဲ ပိုင်ကျီဟန်သည်  ပြီးသွားသော စာလိပ်ကို စားပွဲပေါ်တင်ပြီး မော့ကြည့်လိုက်သည်။

"ဒါက ကြယ်ပွင့်အသက်ရှုခြင်း နည်းစနစ် ။  မြေကမ္ဘာအဆင့် ကျင့်ကြံနည်းစနစ်။"

လင်းရွှမ်၏ လည်ချောင်းထဲတွင် အသက်ရှုကြပ်လာသည်။

ပိုင်ကျီဟန်သည် သက်သေပြမည်ပြောခဲ့သည့်တိုင် သူပေးသည့် စာလိပ်ကို မရမချင်း မယုံခဲ့ပေ။

သို့တိုင် သူသည် သံသယဖြစ်မိသည်။

သူ မစမ်းသပ်သရွေ့ ပိုင်ကျီဟန် လိမ်နေတာလား ဒါမှမဟုတ် သူ့ကို မြေကမ္ဘာအဆင့် ကျင့်ကြံနည်းကို တကယ်ပေးနေတာလား 

  မသိချေ။

ပိုင်ကျီဟန်သည် စာလိပ်ကို ပေါ့ပေါ့ပါးပါး ပုတ်လိုက်သည်။

"ဒါကို ဘယ်သူ့ကိုမှ သင်ပေးလို့မရဘူရနော် ၊ မင်းရဲ့သူငယ်ချင်းတွေတောင် မပေးရဘူး။ မင်းခွင့်ပြုချက်မရှိဘဲ ကူးယူထားတာမျိုး ငါသိသွားရင်”

သူသည် အဆုံးမသတ်ဘဲ စကားကိုချန်ထား၏

သို့သော် လင်းရွှမ် နားလည်သည်။

"နားလည်ပါပြီ သခင်လေးပိုင်"

သူသည် စာလိပ်ကို လက်နှစ်ဘက်နှင့် ကိုင်ကာရိုရိုသေသေ  ဦးညွှတ်ပြီီး လေးလေးနက်နက် ပြောလိုက်သည်။

"ဘယ်သူ့ကိုမှ မပြပါဘူး"

ပိုင်ကျီဟန်သည် ကုလားထိုင်ပေါ် ပြန်လှဲလိုက်ပြီး အနည်းငယ် ပြုံးလိုက်သည် ။

"ကောင်းပြီ၊ မင်း ငါ့ခြံထဲမှာ ကျင့်ကြံပြီး စွမ်းဆောင်ရည်ကို စစ်ဆေးနိုင်တယ်။"

စာလိပ်ကို ဆုပ်ကိုင်ထားရင်း လင်းရွှမ်လက်များသည် အနည်းငယ်တုန်ယင်လာသည်။

သူသည် ဘာမှမဟုတ်သည့် အလုပ်သမားအနေနဲ့ ဤဝင်းထဲသို့ လျှောက်လာခဲ့သည်။

ယခုမူကား... မရေတွက်နိုင်သောလူများသာ အိပ်မက်မက်နိုင်သော အရာတစ်ခုကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည်။

ဒါက သူ့အခွင့်အရေးပင်

အသစ်စတင်ခြင်း။

All Chapters