← Chapters

အတွင်းတပည့်များနဲ့ တွေ့ဆုံခြင်း

Vol. 4 Ch. 55

အတွင်းတပည့်များနဲ့ တွေ့ဆုံခြင်း

Vol. 4 Ch. 55

နံနက်ခင်း နေမင်းကြီးမှ ရှည်လျားပြီး နွေးထွေးသော ရောင်ခြည်များဖြာထွက်ကာ တိတ်ဆိတ်သော ဝင်းအတွင်း  ကျရောက်ပြီး လျှို့ဝှက်လမင်းတောင်ထိပ်ပေါ်တွင် တဖြည်းဖြည်း မြင့်တက်လာသည်။

ပိုင်ကျီဟန်သည် လင်းရွှမ်နဲ့ စကားပြောပြီး ချီလှိုင်းလုံးကြီး လေထဲမှာ လှုပ်ခတ်သွားချိန်တွင် ယနေ့ ဘာလုပ်ရမည်ကို စဉ်းစားနေ၏

ခြေသံများ နီးကပ်လာသည် ။

သူသည်  ခြေသံကြားရာဆီသို့ တိတ်တဆိတ် လှည့်ကြည့်လိုက်သည်။

အတွင်းတပည့်တစ်ဦး၏  ဝတ်စုံဖြစ်သော စိမ်းပြာရောင်၀တ်စုံကို ဝတ်ထားသည့် လူငယ်တစ်ယောက်သည် ခြံဝင်းတံခါးကို ဖြတ်လျှောက်လာကာ တစ်နေရာ၌ ရပ်တန့်လိုက်သည်။

သူသည် ပိန်ပါးပြီး ထက်ထက်မြက်မြက်ရှိကာ လေသံက ခပ်မာမာနဲ့ပင်။

"ပိုင်ကျီဟန်”

တပည့်သည် လက်ခုတ်တီးလိုက်ပြီး သူ့လေသံသည်  ယဉ်ကျေးမှု မရှိလှပေ။

သူဘယ်သူနဲ့ စကားပြောနေလဲဆိုတာ သိထားတာကြောင့် တပည့်အနေနဲ့ လေးစားမှုပြခဲ့မယ်ဆိုလျှင်ပင် အံ့ဩစရာကောင်းနေချေပြီ။

"လျှို့ဝှက်လမင်းတောင်ထိပ် တပည့်ခေါင်းဆောင်က

 တိမ်တိုက်ခန်းမမှာ အတွင်းတပည့်အားလုံး တွေ့ဆုံဖို့ ဖိတ်ခေါ်ထားတယ်။ငါက ဒီကို  အကြောင်းလာကြားတာ ။ မင်း အမြန်လာဖို့ ပြောချင်တယ်”

ပိုင်ကျီဟန်၏ မျက်ခုံးများ အနည်းငယ် ကြွလာသည်။

"အိုး?"

မနေ့က  ချူကျီယန် သူ့ကိုပြခဲ့တာကြောင့် တိမ်တိုက်ခန်းမ ဘယ်မှာရှိသည်ကို ပိုင်ကျီဟန်သိပြီးသားပင်

ချူကျီယန် ရှင်းပြထားသည့်အတိုင်း ၎င်းသည် လျှို့ဝှက်လမင်းတောင်ထိပ်ပေါ်၏ အတွင်းတပည့်များ အားလုံးစုဝေးရာ နေရာဖြစ်သည်—ပုံမှန်အားဖြင့် တစ်လလျှင် တစ်

ကြိမ် သို့မဟုတ်  တိမ်တိုက်ခေါင်းဆောင်ချင်းလန်က  ၎င်းတို့ကို ခေါ်လာသောအခါတွင် စုရုံးရသည်။

"အတွင်းတပည့်သစ်တွေအတွက် စံနမူနာ ကျင့်ကြံဖို့အတွက်ပါ"

ပိုင်ကျီဟန်အနေနဲ့ ရုတ်တရတ်တွေ့ဆုံမှု ဘာကြောင့်ဖြစ်မှန်း မသိတာကြောင့်  တပည့်က ရှင်းပြသည်။

"တပည့်ခေါင်းဆောင် ဖန်းကျင်းယန်က တပည့်တွေကြား စည်းလုံးညီညွတ်မှုနဲ့ လေးစားမှုကို တန်ဖိုးထားလို့  အစည်းအဝေးတစ်ခု ပြုလုပ်ဖို့ တောင်းဆိုခဲ့တာ”

"ဟုတ်လား။"

ပိုင်ကျီဟန်သည် သူ့အင်္ကျီလက်ရှိ ဖုန်မှုန့်အမှုန်အမွှားတွေ ခါရင်း ပြောလိုက်သည်။

တစ်ခုခုဖြစ်နေပြီဆိုတာကို သူ သိနိုင်ပြီး ပစ်မှတ်သည် သူ့ဖြစ်နိုင်၏ သို့တိုင် သူ သိပ်ပြီး မတွေးခဲ့ပေ။

သူတို့တွင် ဘယ်လိုလှည့်ကွက်တွေလာမည်ကို  သူသိချင်လို့လား ဒါမှမဟုတ် သူတို့သည် သူ့ကိုမဖြစ်နိုင်ဘူးဟု သိစေချင်နေတာလား။

သို့သော် ၎င်းသည် နောက်ကွယ်မှ လှည့်ဖြားနေသော ရန်သူများဖြစ်ပြီး တပည့်ခေါင်းဆောင်ဟု ခေါင်းစဉ်တပ်သည်ဟု သူယုံကြည်ခဲ့သည်။

နောက်ဆုံးတော့ သူသည် လျှို့ဝှက်လမင်းတောင်ထိပ်ရှိ မည်သူကိုမှ မစော်ကားခဲ့ချေ။

ပဋိပက္ခဖြစ်ရသည့် အကြောင်းရင်းတစ်ခုမျှ မရှိပေ။ သေချာသည်မှာ  ၎င်းတို့သည်  ဂျူနီယာအသစ်ကို စစ်ဆေးချင်နေတာလည်း ဖြစ်နိုင်၏

သို့တိုင် ဖန်ကျင်းယန်သည် အခြားသူတစ်ဦး၏ကိုယ်စား သရုပ်ဆောင်နေဖို့က ဖြစ်နိုင်ချေပိုများသည်။

ဥပမာ ရှန်လျန့်သည် ဂိုဏ်းအတွင်း သြဇာကြီးမားပြီး သူ့အား လက်စားချေလိုသည်မှာ ထင်ရှားသည်။

ရှန်လျန်လို ဩဇာမကြီးမားသည့် လျူထျန်းကဲ့သို့ တခြားသူတွေလည်း ဖြစ်နိုင်သည်။

ဘာပဲဖြစ်ဖြစ် ပိုင်ကျီဟန် မကြောက်ပေ။ နောက်ဆုံးတော့ သူတို့ထဲက တစ်ယောက်မှ ဇာတ်ဆောင်တွေ မဟုတ်ချေ။

"လမ်းပြပေး”

ပိုင်ကျီဟန်သည် အမိန့်ပေးလိုက်၏

တပည့်သည် နည်းနည်း အံ့ဩသွားလေသည်။ ပိုင်ကျီဟန်ကို ပိုပြီး ဆွဲဆောင်ဖို့ လိုမည် ထင်ခဲ့၏

သို့သော် သူ့အား ငြင်းပယ်ခြင်းမရှိတာကြောင့် တပည့်သည် လှည့်ကာ အကွေ့အကောက်ရှိသော ကျောက်တုံးလမ်းကနေ  ချောက်ကမ်းပါးအနီးတွင် တည်ဆောက်ထားသော မြင့်မားသည့် အဆောက်အအုံကြီးဆီသို့ လျှောက်သွားခဲ့သည်။

သူတို့ရောက်သည့် အချိန်မှာတော့ အတွင်းတပည့် တော်တော်များများ စုပြီးနေချေပြီ။

သူတို့၏အာရုံစူးစိုက်မှုသည် တပည့်များကြားတွင် နာမည်ဆိုးနဲ့ ကျော်ကြားသော လျှို့ဝှက်လမင်းတောင်ထိပ်၏ အသစ်ရောက်လာသူထံ ချက်ချင်းပြောင်းသွားသည်။

တော်တော်များများက မကျေနပ်ကြချေ။ တချို့က ဂရုမစိုက်ကြပေ။

အလယ်ဗဟိုတွင်ရပ်နေသူမှာ  လျှို့ဝှက်လမင်းတောင်ထိပ်၏ တပည့်ခေါင်းဆောင် ဖန်ကျင်းယန် ဖြစ်သည်။

သူက ချောမောပြီး ယုံကြည်မှုအပြည့်ရှိကာ နံဘေးတွင် ကျောက်စိမ်းဓားချိတ်ထားသည့် အပြာရောက်ဝတ်စုံကို ဝတ်ထားသည်။

ပိုင်ကျီဟန် ချဉ်းကပ်လာသည့်အခါ သူ့အပြုံးက နွေးထွေးလွန်းနေ၏

"အာ့ ဂျူနီယာ ညီလေး ပိုင်”

သူက နှုတ်ဆက်လေ၏ ။ သူ့အသံသည် ချောမွေ့ပြီး စိတ်အားထက်သန်နေသည်။

"ငါတို့ အခုပဲ မင်းအကြောင်း ပြောနေကြတာ။"

"ဟုတ်လား?"

ပိုင်ကျီဟန်သည် မသိနားမလည်သောအပြုံးဖြင့် ပြန်ဖြေသည်။

“ မင်းတော်တော်နာမည်ကြီးနေပြီ" ဖန်ကျင်းယန်သည် ဆက်ပြောလေသည်။ 

"စံနမူနာ အကဲဖြတ်မှုမှာ မပါဝင်ဘဲ အတွင်းတပည့်အဖြစ် ဝင်လာသူတော့ မရှိဘူး။"

သူ့လေသံသည် ယဉ်ကျေးသော်လည်း ရွဲ့စောင်းသည်ကို သတိပြုမိလေသည်

ရယ်မောသံအချို့သည်  လူအုပ်ကြားထဲ လှိုင်းထနေသော်လည်း  ပိုင်ကျီဟန်သည် သူတို့ကို တစ်ချက်မျှ ဂရုမစိုက်ပေ။

" တောင်ထိပ်သခင် ချင်းလန်ကိုယ်တိုင်က ကျွန်တော့်ကို လျှို့ဝှက်လမင်းတောင်ထိပ်ရဲ့ တပည့်အဖြစ် အတည်ပြုလိုက်တာ.. ဒီလိုအကဲဖြတ်ဖို့ လိုအပ်တယ်ဆိုတာကို ကျွန်တော် မသိခဲ့ဘူး။"

ပိုင်ကျီဟန်က ပြန်ဖြေသည်။

"သခင်ချင်းလန်ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ချင်တာလား။"

ပြောပုံက ပေါ့ပေါ့ပါးပါးဆိုပေမယ့် ဖန်ကျင်းယန်အပြုံးသည် ဖျတ်ခနဲပေါ်လာသည်။

"...ဟုတ်ပါတယ်" ဖန်ကျင်းယန်က  ပြန်ဖြေလေသည်  "ဆရာကြီးရဲ့ ဆုံးဖြတ်ချက်ကို ငါတို့ ဘယ်တော့မှ မေးခွန်းထုတ်မှာ မဟုတ်ပါဘူး။"

သူက လက်ခုပ်တီး၏

"အဟမ်း၊ ဘာပဲဖြစ်ဖြစ်၊ ဂျူနီယာ ညီလေးပိုင်က လျှို့ဝှက်လမင်းတောင်ထိပ်ထဲဝင်ပြီးဆိုတော့  အားလုံးက တစ်ယောက်နဲ့တစ်ယောက် သိထားတာ အကောင်းဆုံးလို့ ထင်တယ်”

"ဟဲဟဲ... ကျွန်တော်ဘယ်သူလဲဆိုတာ မသိတဲ့လူရှိမယ် မထင်ဘူး"

ပိုင်ကျီဟန်သည် မောက်မာစွာပြောလေသည်။

အချို့စုရုံးနေသော တပည့်များသည် ပိုင်ကျီ၏၏ ပြောင်ပြောင်တင်းတင်း မောက်မာမှုကို  လှောင်ပြောင်ကြသည်။

အခြားသူများသည်လည်း စူးစမ်းလိုစိတ်ဖြင့် အကြည့်ချင်းဖလှယ်ကာ  ပိုင်ကျီဟန်ကို ကြည့်နေကြသည်။

ဖန်ကျင်းယန်၏ အပြုံးသည် သူ့မျက်လုံးများဆီသို့ မရောက်နိုင်သော်လည်း ကျယ်ပြန့်လာသည်။

“တကယ်ပါပဲ” ဟု ချောမောစွာပြောသည်။

"မင်းနာမည်က ပိုင်မျိုးနွယ်မှာထက်တောင် နာမည်ကြီးနေတာ။  ဒါပေမယ့် တစ်ယောက်ယောက်အကြောင်း ကြားတာနဲ့ မျက်နှာချင်းဆိုင်တွေ့တာနဲ့ လုံးဝမတူဘူးလေ။  မင်းကို စိတ်ဝင်စားတဲ့ တပည့်တွေအများကြီးရှိနေတယ်။"

သူက ဆက်ပြောလေ၏

"ဒါဆို သူတို့ကို မင်းအကြောင်းသိအောင် ပြရင်ရော ဘယ်လိုလဲ"

ထိုအချိန်တွင်ပင် အခြားတပည့်တစ်ဦးဖြစ်သော ပခုံးကျယ်ကျယ်၊ အသံကျယ်ကျယ်ဖြင့် ခုန်းကျန်းဟုန်သည် ရှေ့သို့ တိုးလာသည်။

သူက လက်သီးဆုပ်ပြီး ပြုံးပြလေသည်။

"ဂျူနီယာ ညီလေးပိုင် ၊ မင်းက ပါရမီရှင်လီဖန်းကို အနိုင်ယူလိုက်တယ်ဆိုတဲ့ ကောလဟာလတွေကို ငါကြားနေတယ်။ အဲဒါကို ကိုယ်တိုင်မြင်ချင်ပါတယ်။"

ခုန်ကျန်းဟုန်သည် အားကြိုးမာန်တက် စိန်ခေါ်လိုက်သည် ။

"မင်းက တ်ုက်ချင်တာလား။"

ခုန်ကျန်းဟုန်  ပြုံးလိုက်သည်။

"ဘာမှ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး၊မိတ်ဖြစ်ဆွေဖြစ်"

"မလုပ်ဘူး”

ခုန်ကျန်းဟုန် စကားမဆုံးမီတွင် ငြင်းဆိုချက်ထွက်ပေါ်လာသည်။

ပိုင်ကျီဟန်သည် အသံကျယ်ကျယ်မထွက်ပေမယ့် လေသံကငြိမ်နေပုံရသည်။

ဖန်ကျင်းယန်၏ မျက်ခုံးများတင်းကြပ်သွားသည်။

"ဂျူနီယာညီလေး၊ ဒါက ရင်းနှီးမှု လဲလှယ်တာပဲ ၊ မင်းက ယုံကြည်မှုမရှိလို့လား?"

သူသည်  နူးညံ့သော လေသံနဲ့ ပြောသည့်တိုင် မျက်နှာပြင်အောက်မှ ဒေါသသံကို ဘယ်သူမဆို ကြားနိုင်သည်။

ပိုင်ကျီဟန်သည် သူ့အကြည့်တွေကို တွေ့လိုက်သည်။

ထို့နောက် ခန်းမတစ်ခုလုံးကို ဖြတ်သွားသော အသံဖြင့် ပိုင်ကျီဟန်သည်

"ရှင်းရှင်းလေးပြောရရင် မင်းတို့ရဲ့ဂိမ်းလေးတွေကို ငါဂရုမစိုက်ဘူး"

သူသည် ရှေ့သို့ လှမ်း၍ စုဝေးနေသော တပည့်များကို မျက်လုံးများဖြင့် ကြည့်နေ၏။

"မင်းတို့အားလုံးက ဘာတွေတွေးနေမှန်းမသိဘဲ ငါဒီကိုလာခဲ့တယ်ထင်လား။ မင်းတို့ ကိုယ်ရေးကိုယ်တာ အစီအစဉ်တွေလုပ်နေတာလား ဒါမှမဟုတ် တခြားတစ်ယောက်ရဲ့ အမိန့်လားဆိုတာ  ငါဂရုမစိုက်ဘူး။"

တပည့်အချို့သည် တင်းမာနေ၏

ဖန်ကျင်းယန်၏ အပြုံးသည် အနည်းငယ် မှေးမှိန်သွားသည်။

ဒါပေမယ့် ပိုင်ကျီဟန်သည် မပြီးသေးချေ

"မင်းတို့ ငါ့ကို နှိုးဆော်ချင်ရင် သေချာစဉ်းစား”

သူ့အသံသည် ပြတ်သားပြီး စကားလုံးတိုင်းသည် သံမဏိကျောက်တုံးနဲ့တူလေသည်။

"ကိုယ့်ကိုကိုယ်မေးပါ။ မင်းတို့ရဲ့မျိုးနွယ်စုတွေ မနက်ဖြန်ရှိချင်သေးလား? မင်းတို့ရဲ့မိသားစုတွေက ဘယ်သူနဲ့ရန်ဖြစ်နေတယ်ဆိုတာရော သိကြရဲ့လား"

ထိတ်လန့်တုန်လှုပ်သော တိတ်ဆိတ်မှုတစ်ခု ထွက်ပေါ်လာသည်။

ပြီးတော့ သူက ပြုံးလေ၏

"မင်းတို့ကစားချင်ရင် ငါကစားပေးမယ်။ ဘုတ်ပြား မှောက်ကျပြီး မင်းတို့ရဲ့အပိုင်းအစတွေ လွှင့်ကုန်တဲ့အခါတော့ မငိုကြေးပေါ့”

ပိုင်ကျီဟန် အကြည့်တွေသည်  သူ့စကားတွေလို အေးစက်သွားသည် ။

"မ​မေ့ကြနဲ့ ။မင်းငါ့ကို  တိုက်ခိုက်တာက ငါ့ကို ရန်စနေတာမဟုတ်ဘူး။ ပိုင်မျိုးနွယ်ကို ရန်စနေတာပဲ"

All Chapters