အာဏာနဲ့ အမိန့်ပေးခြင်း
Vol. 4 Ch. 56
ဤကြေညာချက်သည် ပိုင်ကျီဟန်ကိုပြသနာရှာဖို့ ကြိုးစားနေကြသည့် ခုန်ကျန်းဟုန်နဲ့ ဖန်ကျင်းယန်တို့ကို လှုပ်ခါသွားစေသည်။
ထို့အတူ ပိုင်ကျီဟန် စကားကြောင့် သူ့ပတ်ဝန်းကျင်တွင် ရပ်နေသည့် တပည့်တွေ အားလုံးစိတ်ထဲမှာလည်း အဆင်မပြေဖြစ်သွားသည်။
သူတို့တိုက်ရိုက် မစော်ကားသည့်တိုင် ပိုင်ကျီဟန်ကို မကြောက်ကြတာတော့ အမှန်ပင်။ သူတို့မျက်စိထဲမှာတော့ ပိုင်ကျီဟန်သည် ကောင်းကင်ဘုံဓားဂိုဏ်းကို နောက်ကွယ်တံခါးကနေ ဝင်လာတဲ့သူသာပင်။
သို့တိုင် ပိုင်ကျီဟန်သည် သူ့မျိုးနွယ်နာမည်နဲ့ တိုက်ရိုက်ခြိမ်းခြောက်လာမည်ဟု မတွေးခဲ့ကြပေ။
ခွန်အားကြီးမားသော မိသားစုတွေမှ တပည့်တွေသည် မိမိတို့ အားကိုးရာနောက်ခံကို မသုံးချင်ကြပေ။ သူတို့ စွမ်းအားနဲ့သာ နေရာယူနိုင်တာကို ပြချင်ကြပြီး မိသားစုအားကိုးမှုမပါဘဲ ရပ်တည်ချင်ကြသည်။
သူ့တို့အနေနဲ့ မိသားစုအထောက်အပံ့ကို အားကိုးရမည်ဆိုလျှင်လည်း ထိုသို့ ကိစ္စကို ရှောင်ဖို့ ကြိုးစားကြသည်။
သို့တိုင် ပိုင်ကျီဟန်ကတော့ ပိုင်မိသားစုနာမည်ကို အသုံးချခဲ့သည်။
ဒါက သူရဲဘောကြောင်တာဟု မြင်နိုင်သည်။
သို့ပေမဲ့ ထိုအကြောင်းကို တိုက်ရိုက်ပြောမည့်သူရှိမလား ဆိုတော့ မရှိပေ။ အထူးသဖြင့် ခြိမ်းခြောက်ခံပြီးနောက်ပိုင်းမှာတော့ မပြောရဲတော့ချေ။
ပိုင်ကျီဟန်၏ အေးစက်သည့်အသံကြီးသည် တိမ်တိုက်ခန်းမ အတွင်း ပဲ့တင်ထပ်နေချိန်မှာတော့ ဖန်ကျင်းယန်၏ အပြုံးသည်
အေးငြိမ်းသွားခဲ့သည်။
သူလက်တွေကို နောက်မှာပစ်ထားရင်း တင်းတင်းကြပ်ကြပ်ဆုပ်ထားသည်။
အစောက ရယ်မောနေသည့် ခုန်ကျင်းဟုန်ကတော့ လည်ချောင်းခြောက်သွားသည်အထိ အံ့အားသင့်သွားသည်။
ပိုင်ကျီဟန် နောက်ခံနဲ့ နှိုင်းရလျှင် သူ့မိသားစုနောက်ခံသည် မရှိသလိုပင်။ပိုင်မိသားစုအကြီးအကဲတစ်ယောက်ကပင်
သူ့မိသားစုတစ်ခုလုံးကို အမြစ်ပြတ် ချေမှုန်းနိုင်ကြောင်း သူသိလေ၏
သူ့မျက်လုံးများသည် ဖန်းကျင်းယန်ဆီ ရောက်သွားပြီး အကူအညီလိုချင်တဲ့သဘောနဲ့ အမူအရာပြလိုက်သည်။
(ချီး..တကယ်ပဲ၊ ကောလဟာလတွေအတိုင်း သူက အရှက်မရှိတဲ့သူပဲ။)
ဖန်ကျင်းယန်သည် သူ့အပြုံးကို ပြန်လုပ်ယူလိုက်ရသည်။
(သူက ပိုင်မိသားစုနာမည်ကို အသုံးချဖို့ စဉ်းစားနေတာ…)
အခုတော့ သေချာသွားချေပြီ—ပိုင်ကျီဟန်သည် ကစားဖို့ အစီအစဉ်မရှိပေ
သူသည် ကျိုူကျိုးနွံ့နွံ့မရှိပေ၊ သူသည် မာနကြီးပြီး သူ့အရှိန်ကို သုံးဖို့လည်း မကြောက်ချေ
သို့တိုင် ဖန်ကျင်းယန်အဖို့ နောက်ဆုတ်မရတော့ပေ
(နောက်ပြန်မဆုတ်နိုင်ဘူး။ စီနီယာရှန်လျန့်ကို ကတိပေးထားပြီးသား…)
သူ့စိတ်ထဲတွင် မနေ့ကပြောသည့် စကားအကြောင်း ပြန်လည်အမှတ်ရသွားသည်။
“သူ့ကို အဆင့်ကျအောင်လုပ်လိုက်…” ရှန်လျနန်သည် မနာလိုမှုနဲ့ ပြောခဲ့သည်။
“ပိုင်ကျီဟန်ကို အားနည်းစေဖို့လိုတယ်။ သူ မှာ ပိုင်မိသားစုနောက်ခံရှိတောင် ဂိုဏ်းမှာ သူ့ကို ဘယ်သူမှ မကြောက်အောင် အားနည်းအောင်လုပ်ရမယ်”
ဖန်ကျင်းယန်သည် ထိုအချိန်တွင် အနည်းငယ်တုံ့ဆိုင်းသွားသည်။
“ဒါပေမယ့် သူက ပိုင်မိသားစုကလေ။ ပြသနာတွေ မဖြစ်မှာ သေချာလား”
ရှန်လျန့်သည် ရယ်လိုက်သည်။
“ပြသနာလာ”
သူသည် လျှို့ဝှက်စွာ ပြောလိုက်သည်။
“ပိုင်မိသားစုက အားကြီးတယ်၊ အဲဒါက မှန်တယ်။ ဒါပေမယ့် ကျီဟန်က သားတယောက်ပဲလေ။ သူ့ကို အလွန်အမင်း အားနည်းအောင်လုပ်ပြီး ဟာသဖြစ်အောင်လုပ်နိုင်ရင်… သခင်ချင်းလန်ကတောင် သူ့ကို ကယ်မယ် ထင်လား?”
ရှန်လျန့်က ဆက်ပြောလိုက်သည်။
"ပိုင်မျိုးနွယ်က သူတို့မျိုးနွယ်ရဲ့ 'အမှိုက်'အတွက်နဲ့ သူတို့မျက်နှာပျက်ခံပါ့မလား။ သူတို့အတွက် စိတ်ပူနေစရာ မလိုပါဘူး။"
ထို့နောက် သူသည် ဖန်ကျင်းယန်အား အဖိုးတန်ဆေးပြားများ၊ ရှားပါးအရင်းအမြစ်များပေးမည်ဟု ကတိပေးခဲ့ပြီးအရေးအကြီးဆုံးမှာ ဂိုဏ်းအတွင်း အကာအကွယ်ပေးမည်ဟူ၍ပင်
အဓိကတပည့်ဖြစ်လာရန် သူ့ဦးလေး၏ အကြံပြုချက်ပင် တောင်းပေးမည်ပင်။
ရှန်လျန့်၏နောက်ကွယ်တွင် အကြီးအကဲရှန်နဲ့အတူ ၎င်းသည် သူလက်လွတ်မခံနိုင်သော အခွင့်အရေးတစ်ခုဖြစ်ကြောင်း ဖန်ကျင်းယန်သိခဲ့သည်။
သူသည် အတွင်းတပည့်အဖြစ် နှစ်အတော်ကြာ ပိတ်လှောင်နေခဲ့သည်။ လျှို့ဝှက်လမင်းတောင်ထိပ် တပည့်ခေါင်းဆောင်ဖြစ် သူ၏လက်ရှိရာထူးသည် ကန့်သတ်ချက်ထိ ရောက်ရှိနေချေပြီ
သို့သော် ရှန်လျန့်၏အကူအညီဖြင့် သို့မဟုတ် အကြီးအကဲရှန်၏အကူအညီဖြင့် သူသည် ပိုမိုမြင့်မားလာနိုင်သည်။
အကောင်းဆုံးကတော့ သူ ကိုယ်တိုင်ကိုယ်ကျ လုပ်ပြဖို့ မလိုအပ်ပေ။ သူသည် ညစ်ပတ်သောအလုပ်များကို လုပ်ဆောင်ရန် အခြားသူများကိုအသုံးချကာ အန္တရာယ်ကို လျှော့ချနိုင်သည်။
"တခြားတပည့်တွေက သူ့ကို မကြောက်ကြအောင်လုပ်။ သူ့ကို ပျော့ညံ့တယ်လို့ မြင်ရင် သူ့ကို ပိုပြီးတော့ ပစ်မှတ်ထားလာလိမ့်မယ်။ ငါက သူ့ကို အထီးကျန်ပြီး အစွမ်းအစ မရှိစေချင်ဘူး။ ဒါပဲ လိုချင်တာ။"
သူ နောက်ဆုတ်လို့ မရချေ ။ ပြီးတော့…
ပိုင်ကျီဟန်သည် သူမျှော်လင့်ထားသည်ထက် အက်ကွဲရန် ပိုမိုခက်ခဲသော အစေ့အဆန်ဖြစ်ကြောင်း သက်သေပြခဲ့သည်။
ဖန်ကျင်းယန်သည် သူ့ကို စိုက်ကြည့်နေသည်။
ပိုင်ကျီဟန်သည် တန်ခိုးကြီးသော မျိုးနွယ်စုများမှ တပည့်များစွာကို ခြိမ်းခြောက်ရင်း ၎င်း၏ အင်္ကျီလက်စများကို ခါနေခဲ့သည်။
သို့တိုင် ပိုင်မျိုးနွယ်နှင့် ယှဉ်ရင် သူတို့ မျိုးနွယ်စုတွေက အဲ့လောက် မဟုတ်တော့ပေ။
"ဂျူနီယာ ညီလေးပိုင် ၊ ငါတို့ရှေ့ဆက်တာကို ခွင့်လွှတ်ပါ။ မင်းကို ပိုသိစေချင်ရုံပဲ။ သူနည်းနည်းတော့ စိတ်လှုပ်ရှားချင်နေတာ ။"
ဖန်းကျင်းယန်သည် အစောပိုင်းတွင် အငြိုးအတေးတစ်ခုမျှမရှိသကဲ့သို့ ချောမွေ့စွာပြောသည်။
"စိတ်လှုပ်ရှားနေတာလား?"
ပိုင်ကျီဟန်အသံသည် ခြောက်ကပ်ပြီး ပဲ့တင်ထပ်နေ၏
"အဲဒါက ကောင်းတဲ့ ဆင်ခြေပါပဲ။ ဒါပေမယ့် သေခြင်းတရားကို ရှာဖို့ မလုံလောက်ဘူး မလား"
ဖန်ကျင်းယန်၏ အပြုံးသည် တုန်လှုပ်သွားသည်။ ယဉ်ကျေးသောလေသံကြားမှ ပိုင်ကျီဟန်သည် သူတို့ကို ဆက်ပြီး ခြိမ်းခြောက်ခဲ့သည်။
" မင်းရဲ့အထက်လူကြီးကိုတော့ မခြိမ်းခြောက်ဘူးမလား"
ဖန်ကျင်းယန်က မေးသည်။
"ဟားဟား... ဒါဆို ဘာလဲ"
ပိုင်ကျီဟန်က အေးအေးဆေးဆေး ပြန်ဖြေ၏
"တပည့် ခေါင်းဆောင် ငါသာ မင်းနေရာမှာဆိုရင် ငါ့ရဲ့ပစ်မှတ်မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေမှာ။ ဒါပေမယ့် မင်းက ကိုယ့်သေလမ်းကို တူးနေတာပဲ”
သူ အနားကို ကပ်လာပြီး အသံက အနည်းငယ် တိုးနေ၏
ဖန်ကျင်းယန်သည် မျက်မှောင်ကြုတ်လိုက်သည် ။ပိုင်ကျီဟန်လို အားနည်းပြီး သူ့နောက်ခံကို ရိုးရိုးရှင်းရှင်း အလွဲသုံးစားလုပ်နေတဲ့ ပိုင်ကျီဟန်မပြောနဲ့ ၊ ရှန်လျန့်တောင် သူ့ကို ထိုသို့မခြိမ်းခြောက်နိုင်ပေ
"ဂျူနီယာ ညီလေးပိုင် မင်းစကားက နည်းနည်းလွန်နေပြီမလား"
"ဟား။ မင်းက ငါ့ကို ပြသနာရှာနေတာ မလား ။ မင်းရဲ့ ကြောက်စရာကောင်းတဲ့ အပြုံးရဲ့ နောက်ကွယ်က မင်းရဲ့ အပြုအမူလေးတွေကို မမြင်ရလောက်အောင် ငါက ရူးနေတယ် မထင်နဲ့။"
ပိုင်ကျီဟန်က စော်ကားသလို ပြော၏
"ဒါက ဘယ်လိုလဲ၊ မင်းကို ဘယ်သူညွှန်ကြားတာလဲပြော ။ ဒါဆို ငါ မင်းကို လွှတ်ထားလို့ရတယ်။"
ဖန်ကျင်းယန်သည် မျက်တောင်ခတ်လိုက်သည်။
"ဘာကိုဆိုလိုတာလဲ ဂျူနီယာ ညီလေးပိုင် "
သူ၏ ကြောက်ရွံ့သော အမူအရာသည် သူ့စကားထဲမှ မုသားကို သစ္စာဖောက်ခဲ့သည်။
"မင်းကိုကြည့်ရသလောက် ငါ့အတွက် ဒုက္ခဖန်တီးဖို့ တစ်ယောက်ယောက်က စေလွှတ်ထားတာ သေချာတယ်... အဲ့တာက ရှန်လျန့် ဖြစ်နိုင်မလား?"
ပိုင်ကျီဟန်သည် ထင်ကြေးပေးလိုက်သည်။
ဖန်ကျင်းယန်၏ မျက်လုံးများ ပြူးသွားသည်။
(ဒီနတ်ဆိုး..သူဘယ်လိုသိနေတာလဲ)
"ဂျူနီယာ ညီလေးပိုင် ၊ ဒီလို အခြေအမြစ်မရှိတဲ့ စွပ်စွဲမှုတွေကို ရပ်လိုက်ပါ။ ငါတို့ရဲ့ တပည့်တွေကို ဆက်ဆံရေးခိုင်မာအောင် ကူညီဖို့ပဲ ကြိုးစားခဲ့တာ။"
ဖန်ကျင်းယန်က ငြင်းလိုက်သည်။
"အဲဒါက မင်းကို အဆင်မပြေစေရင် ထားလိုက်ပါ"
ဖန်ကျင်းယန်သည် နောက်ဆုံးတော့ နောက်ဆုတ်ဖို့ ဆုံးဖြတ်လိုက်သည်။ နောက်ထပ်တိုးလာမှုတစ်ခုသည် ရှန်လျန့် နှင့် သူ၏ ချိတ်ဆက်မှုကို ဖော်ထုတ်လာမည့် အန္တရာယ်ရှိသည်။
အဓိကတပည့်ဖြစ်ဖို့ကို ထားလိုက်ပါ။ လျှို့ဝှက်လမင်းတောင်ထိပ်တွင် သူ၏ရာထူးကိုပင် ဆက်လက်ထိန်းသိမ်းထားနိုင်မည်မဟုတ်ပေ။
နောက်ဆုံးတွင် တစ်စုံတစ်ဦး၏အမိန့်ကြောင့် တောင်ထိပ်အဖွဲ့ဝင်များအားပစ်မှတ်ထားခြင်းသည် တောင်ထိပ်ကို သစ္စာဖောက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။
"ဟဲဟဲ... အခု ထွက်ပြေးဖို့ ကြိုးစားနေတာလား"
ပိုင်ကျီဟန် ပြုံးလိုက်သည်။
ထို့နောက် သူသည် စုဝေးနေသော တပည့်များထံ လှည့်၍ ကျယ်လောင် ပြတ်သားသော အသံနဲ့ အမိန့်ပေးလိုက်သည်။
"သူကလွဲပြီး ကျန်တဲ့လူအားလုံးကို သွားတော့”
အံ့အားသင့်စရာ တိတ်ဆိတ်မှုတစ်ခုသည် လူအုပ်အပေါ်ကို ကျဆင်းသွားသည်။
အတွင်းတပည့်များသည် ပတ်ပတ်လည်ကို မသေချာမရေရာ ကြည့်နေကြသည်။
"မင်းတို့ ကျင့်ကြံဖို့ ပြန်သွားလို့ရပြီ” ပိုင်ကျီဟန်က ပြတ်ပြတ်သားသားပြောသည်။
"မဟုတ်ရင်... မင်းတို့ ဒီခွေးနဲ့ အတူတူ တစ်ဖွဲ့တည်းဖြစ်ချင်တာလား”
ဘယ်သူမှ မလှုပ်ပေ
ဖန်ကျင်းယန်သည် တပည့်ခေါင်းဆောင်အဖြစ် အခွင့်အာဏာနဲ့ ခေါ်တာကြောင့် သူတို့ဒီကိုလာခဲ့ကြတာပင် ။ ယခုမူ ပိုင်ကျီဟန်သည် သူတို့ကို အမိန့်ပေးသူဖြစ်နေသည်။
"ဒါက ဒီအတိုင်းခြောက်လှန့်နေတယ်လို့ ထင်လား?"
သူ့အကြည့်တွေသည် လူတစ်စုကို လွှမ်းခြုံသွားသည်။
"ငါတစ်ခါပြောဖူးတယ်..မင်းတို့ဘယ်မျိုးနွယ်ကလဲဆိုတာ ငါဂရုမစိုက်ဘူး။ ငါ့ကို ဆန့်ကျင်ရင် လက်တုံ့ပြန်မယ်။ ပိုင်ကျီဟန် မဟုတ်ဘဲ ပိုင်မျိုးနွယ်ရဲ့ အမွေဆက်ခံသူအဖြစ်"
တပည့်များစွာ တောင့်တင်းသွားသည်။
ဖန်ကျင်းယန်သည် အံကို ကြိတ်လိုက်သည်။
"မင်းး”
ပိုင်ကျီဟန်သည် သူ့အား စိန်ခေါ်နေပြီဖြစ်ပြီး ပိုင်မျိုးနွယ်၏ အမွေဆက်ခံသူအဖြစ် သူ၏ သဩဇာအာဏာသည် ဖန်ကျင်းယန်၏ တပည့်အကြီးအကဲရာထူးထက် သာလွန်ကြောင်း ရှင်းရှင်းလင်းလင်း သိသာစေသည်။
အကယ်၍ သူတို့ နားထောင်ပါက တပည့်ခေါင်းဆောင်အဖြစ် သူ၏ အခွင့်အာဏာသည် ပိုင်ကျီဟန်ထက် နည်းပါးသည်ဟု မြင်လိမ့်မည်။
"မင်း ဒီထဲကို မပါချင်ဘူးမလား"
ပိုင်ကျီဟန်က ကြင်ကြင်နာနာနဲ့ မေးသည်။
"ဒါဆို ထွက်သွားလိုက်ပါ။ နောက်မှ မင်းတို့ရဲ့ အကြီးအကဲတွေ စီးပွါးရေးကိစ္စနဲ့ ပတ်သတ်ပြီး မငိုစေချင်ဘူး"