တပည့်ခေါင်းဆောင်ကျရှုံးခြင်း
Vol. 4 Ch. 57
တပည့်တစ်ဦးသည် လေးနက်စွာ ခေါင်းငုံ့ပြီး ချက်ချင်းနောက်ဆုတ်သွားသည်။
“ကျွန်တော်… အခြားအရေးတကြီး လုပ်စရာရှိလို့ တောင်းပန်ပါတယ်၊ တပည့်ခေါင်းဆောင်”
“စဉ်းစားလိုက်တော့ ကျွန်တော့်သူငယ်ချင်းက သူ့နည်းနစ်ကို လေ့ကျင့်ပေးဖို့ ကျွန်တော်ကိုတောင်းထားတာပဲ”
တစ်ဦးနောက် တစ်ဦး လိုက်သွားခဲ့သည်။
မကြာခင်အချိန်အတွင်း တိမ်တိုက်ခန်းမမှ လူတိုင်းပြန်သွားပြီး သူတို့ပုခုံးပေါ်မှတဆင့် ကြောက်ရွံ့မှု၊ စူးစမ်းမှုတွေနဲ့ ကြည့်နေကြသည်။
သူတို့စိတ်ထဲတွေးမိတာက ထိုအကြီးမားဆုံးဘေးအန္တရာယ်ကို အစပြုတာက ဖန်ကျင်းယန်ပင် သူတို့နဲ့ ဘာမျှ မဆိုင်ပေ။
နောက်ဆုံးတော့ ပိုင်ကျီဟန်၊ ဖန်ကျင်းယန်နဲ့ ခုန်ကျန်းဟုန်သုံးယောက်ပဲ ကျန်ရစ်တော့သည်။
ခုန်ကျန်းဟုန်သည် အားလုံးနဲ့အတူ ထွက်ပြေးချင်လောက်အောင် ကြောက်နေပေမဲ့ ထို့သို့ပြေးသွားမည်ဆိုလျှင် ဖန်ကျင်းယန်ကို အပြစ်တင်သလို ဖြစ်သွားပေမည်။
ထိုကြောင့် သူ့အတွင်းစိတ်ထဲတွင် ထိုနေရာမှ လွတ်မြောက်ချင်နေသည့်တိုင် နေရာမှာပဲ ရပ်နေခဲ့သည်။
ထိုအချိန်တွင် ဖန်ကျင်းယန်က ဒေါသထွက်နေချေပြီ။
တပည့်ခေါင်းဆောင်အဖြစ် အာဏာတန်ခိုးတွေသည် ပိုင်ကျီဟန်ဆီမှ ဖျက်ဆီးခံရလေပြီ ။ သူ့ဂုဏ်သိက္ခာအများကြီးပျက်စီးသွားခဲ့သည်။
နောင်တွင် သူ့အမိန့်များကို အခြားသူတွေ ရိုသေလေးစားဖို့ မဖြစ်နိုင်တော့ပေ
“ပိုင်ကျီဟန်”
ဖန်ကျင်းဟန်သည် အော်ဟစ်လိုက်သည်။
“မင်း အတွင်းတပည့်အနေနနဲ့ စည်းဘောင်ကို ဘယ်လိုတောင် ချိုးဖောက်နိုင်တာလဲ?”
တိမ်တိုက်ခန်းမရှိ ကျောင်းသားတွေ နောက်ဆုံးလုံးဝထွက်သွားသည့်အချိန်မှာတော့ ဖန်ကျင်းယန် မျက်နှာသည် တွန့်လိမ်နေ၏ ထိုသို့အလျှိုလျှို ထွက်သွားခြင်းသည် သူ့မျက်နှာကို ရိုက်ခတ်ခံရခြင်းပင်
သူ အပြည့်အဝ စော်ကားခံရလေသည်။
တပည့်ခေါင်းဆောင်အနေနဲ့ သူ့အဆင့်အတန်းကို ပိုင်ကျီဟန်က တိုက်ရိုက်နင်းကျော်သွားတာကြောင့် ယဉ်ကျေးမှုရှိဟန်ပင် မဆောင်တော့ပေ
သူသည် အမြင့်ကရပ်ပြီး ဖန်ကျင်းယန်ကို ငုံ့ကြည့်နေသလို ခံစားရစေသည်။
ဒါကတော့ ဖန်ကျင်းယန်အတွက် အဆုံးစွန်သော အရာဖြစ်သွားသည်။
ဖန်ကျင်းယန်လက်သည် သူ့ခါးနားကို ကိုင်လိုက်ပြီး ချီအာရုံစွမ်းအားတစ်ခုက မြင့်တက်လာသည်။
“မင်းက စည်းကျော်သွားပြီ ပိုင်ကျီဟန်။”
သူသည် ဒေါသနဲ့ ပြောလိုက်သည်။
"အထွတ်အထိပ်ကိုရော ငါ့ကိုရော ဆက်ပြီး မထီမဲ့မြင်ပြုဖို့ ခွင့်မပြုနိုင်ဘူး”
သံမဏိ၏ အော်ဟစ်သံနှင့်အတူ ဆီးနှင်းလေသံသည် ၎င်း၏ဓားခွံ့ကို ချန်ထားခဲ့ကာ သန့်စင်ထားသော ဝိညာဉ်လက်နက်သည် ရေခဲပြာရောင် အလင်းရောင်ဖြင့် တောက်ပနေခဲ့သည်။
အငွေ့အသက်များ အပြင်သို့ ပေါက်ကွဲထွက်နေချိန်တွင် လေသည် ခန်းမအတွင်းမှ လွင့်ပျံလာသည်။
၎င်းသည် ရှန်လျန့်မှ သူ့အား လက်ဆောင်ပေးသော အထူးအဆင့်လက်နက်ဖြစ်သည်—မူလကလာမည့် အဓိကတပည့် အကဲဖြတ်မှုအတွင်း ထုတ်ဖော်ပြသရန် ရည်ရွယ်ထားသည်။
သို့သော် ယခုတော့ ဒေါသကြောင့် မျက်စိကွယ်သွားကာ သူစဉ်းစားနိုင်သမျှသည် ပိုင်ကျီဟန်ကို ချေမှုန်းရန်နှင့် သူ့အာဏာကို ပြန်လည်အတည်ပြုရန် ၎င်းကို အသုံးပြုခဲ့သည်။
ခုန်ကျန်းဟုန်သည် ဖိအားတွေကနေ ရုန်းထွက်ပြီး အမြန်နောက်ဆုတ်လိုက်သည်။
သူ ပြေးဖို့ စဉ်းစားနေပေမယ့် ဖန်ကျင်းယန် ဦးဆောင်နေတာကို မြင်လိုက်ရတော့ စိတ်သက်သာရာ ရသွားသည်
(ကောင်းလိုက်တာ၊ သူကိုယ်တိုင် ကိုင်တွယ်တာပဲ။ ဆိုလိုတာကတော့ငါ ဘာမှလုပ်စရာ မလိုပါဘူး။)
သူသည် မုန်တိုင်းဗဟိုချက်မှ ဝေးကွာသော ဘက်သို့ တိတ်တဆိတ် ရွေ့သွားကာ ဤအရာတွင် သူ့ မပါဝင်တော့ကြောင်း ပြသလိုတာကြောင့် လက်များကို မြှောက်ထားသည်။
ပိုင်ကျီဟန်သည် သူ့ဝတ်ရုံကို လေက တွန်းတိုက်နေသည့်တိုင် ဖန်ကျင်းယန်ကို ငြိမ်သက်စွာ ငေးကြည့်နေသည် ။
ထို့နောက် ချောမွေ့သော ရွေ့လျားမှုဖြင့် သူ့လက်စွပ်ထဲနှိုက်ပြီး သူ့လက်နက်ကို ဆွဲထုတ်လိုက်သည်။
ဓားသွားပေါ်လာသည်နှင့် လေထုသည် ရွေ့လျားသွားသည်။
ပြင်းထန်ပြီး အသက်ရှူကျပ်သည့် ဖိအားတစ်ခုက ဒီရေလှိုင်းလုံးကြီးလို မဏ္ဍပ်ထဲကို ထိုးကျသွားသည်။
ဓား၏ဒီဇိုင်းသည် ရိုးရှင်းသည်။ တန်ဆာဆင်ထားသော အလှဆင်မှုများမရှိ၊ အရောင်အသွေးမရှိ..သို့သော် ၎င်းသည် ဖိနှိပ်ချုပ်ချယ်မှုသဘောကို လွှမ်းမိုးထားသည်။
တိုက်ပွဲအတွက် ဆာလောင်နေသကဲ့သို့ ၎င်း၏အစွန်းသည် တဖျတ်ဖျတ်တောက်နေသည်။
မြေကမ္ဘာအဆင့်ဓား။
ခုန်ကျန်းဟုန်၏ ဒူးများ ပျော့ခွေသွားသည်။
နောက်ဆုံးတွင် ထိုအဆင့်၏လက်နက်များကို ကောင်းကင်ဓားဂိုဏ်းအတွင်းမှ အဆင့်မြင့်အကြီးအကဲများသာ ကိုင်ဆောင်လေ့ရှိသည်။
ပိုင်ကျီဟန်သာ ဒါကိုသိလျှင် "ဆင်းရဲသား" အကြီးအကဲတွေဟု လှောင်ပြောင်မှာ ဖြစ်
သလို သူ့မှာ မြေကမ္ဘာအဆင့် ဓားတစ်လက်သာ မကဘဲ မြေကမ္ဘာအဆင့် ရှေးဟောင်း ပစ္စည်းများကိုလည်း ခေါင်းကနေ ခြေဖျားအထိ အပြည့်အစုံ တပ်ဆင်ထားသည်။
ဒါကလည်း ရွှေဗဟိုနယ်ပယ်အဆင့် ဖန်ကျင်းယန်နဲ့ ရင်ဆိုင်ရာတွင် မကြောက်ရသည့် အကြောင်းရင်းတွေထဲက တစ်ခုဖြစ်သည်။
ဖန်ကျင်းယန် မျက်လုံးပြူးသွားသည်။
"မင်း-ဒါကို ဘယ်ကရလာတာလဲ?"
ပိုင်ကျီဟန်သည် မတုံ့ပြန်ခဲ့ပေ။ သူသည် ဓားကို ရိုးရှင်းစွာ မြှောက်လိုက်ပြီး ပခုံးပေါ်၌ ပေါ့ပေါ့ပါးပါး ထားလိုက်သည်။
"မင်း တိုက်ဖို့ အရမ်းစိတ်အားထက်သန်နေတာဆိုတော့ အချိန်ဖြုန်းမနေပါနဲ့”
ဖန်ကျင်းဟန်သည် ဒေါသတကြီးနဲ့ သူ့သွားတွေကို ကိုက်လိုက်သည်။
"ဒါဆို မင်း အားနည်းချက်ကို ဖုံးဖို့ လက်နက်ကို အားကိုးနေတာလား။ ထွီ”
"ဟမ် လက်နက်ဘယ်လောက်ပဲ ပြင်းထန်ပါစေ၊ ကိုင်ထားတဲ့သူက အစွမ်းထက်သလောက်ပဲ”
သို့သော် သူပြောပြီးသည်နဲ့ သူ့ရင်ဘတ်ထဲတွင် မသက်မသာဖြစ်မှု တိုးလာသည်။
ဤသည်မှာ မြေကမ္ဘာအအဆင့်လက်နက်ကို ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းဖြစ်သည်။ သူ ဘယ်လိုပဲ တိုက်ဖို့ ကြိုးစားနေပါစေ ထွက်လာတဲ့ ဖိအားက မနည်းပေ။
အဓိက ဖွဲ့စည်းပုံ အဆင့်ရှိတစ်စုံတစ်ယောက်သည်
ထိုလက်နက်ကို ကောင်းစွာ မကိုင်တွယ်နိုင်လောက်ဟု မိမိကိုယ်ကို တွန်းအားပေးရန် ကြိုးစားခဲ့သည်။
အော်သံနှင့်အတူ ဖန်ချင်းယန်သည် ရှေ့သို့ ပြေးသွားပြီး အေးစက်နေသော အလင်းတန်းတစ်ခုလို လျှပ်တစ်ပြက် နှင်းခဲများ ထွက်
လာသည်။
ရွှေဗဟိုနယ်ပယ်အဆင့် ကျင့်ကြံသူထံမှ အင်အားအပြည့်ဖြင့် တိုက်ခိုက်မှု။
သာမာန်ပြိုင်ဘက်သည် ချက်ချင်းပင် ချေမှုန်းခံရလိမ့်မည်။
သို့ပေမဲ့ ပိုင်ကျီဟန်သည် သာမန်ပြိုင်ဘက် မဟုတ်ပေ။
သူ့ဓားကို မြှောက်လိုက်လေသည်။
ကလန်!
တစ်ချက်လွှဲလိုက်၏
ရိုက်ခတ်မှုကြောင့် တိမ်တိုက်ခန်းမ၏ ကြွေပြားများ အက်ကွဲသွားသည်။
ဖန်ကျင်းယန်သည် မတ်တတ်ရပ်နိုင်ရန် ရုန်းကန်ရင်း ကြမ်းပြင်ပေါ်သို့ ချော်လဲသွားကာ နောက်ပြန်ဆုတ်သွားခဲ့သည်။
“အဲဒီဓား…”
ဖန်ကျင်းယန်၏လက်များ တုန်ခါသွားသည်။ သူ့လက်တွေ ထုံကျင်သွားလေ၏
ဓား၏ အစွမ်းဟု သူထင်သည်။ အမှန်တော့ အဓိကဖွဲ့စည်းပုံအဆင့် ကျင့်ကြံသူအဖို့ ဘယ်လိုမှ မဖြစ်နိုင်ပေ။
ဓားသက်သက်ချည်း မဟုတ်ပေ။
ပိုင်ကျီဟန်သည် သူ့ကျင့်ကြံမှုနယ်ပယ်ကို အံတုနိုင်သည် ပြင်းထန်သော ခွန်အားကို ပိုင်ဆိုင်ထားသည်။
သူ့ခန္ဓာကိုယ်ကို ကမ္ဘာဦး ဖရိုဖရဲ ခန္ဓာကိုယ် သန့်စင်ခြင်းနည်းဖြင့် သန့်စင်ထားပြီး သူ၏ ခန္ဓာကိုယ်သည် ရွှေဗဟိုနယ်ပယ် ကျင့်ကြံသူထက် သာလွန်နေသည်။
အနန္တအသက်ရှုခြင်းနည်းစနစ်နှင့် ပေါင်းစပ်ထားသော သူ၏ ချီသည် ကြောက်မက်ဖွယ်ကောင်းသော ထိရောက်မှုဖြင့် နည်းစနစ်များကို အကောင်အထည်ဖော်နိုင်စေသည်။
ဖန်ကျင်းယန် တုန်လှုပ်သွားသော်လည်း ပိုင်ကျီဟန်သည် သူ့အား ပြန်လည်နာလန်ထူရန် အခွင့်အရေးပေးမည်မဟုတ်ပေ။
သူသည် သူ့ပြိုင်ဘက်ကို ကဲ့ရဲ့ပြီး ပြန်တိုက်ခိုက်ခွင့်ပေးမည့် တတိယအဆင့် လူကြမ်းတစ်ယောက်တော့ မဟုတ်ပေ
အသာစီးရလာသောအခါတွင် တိုက်ပွဲကိုအဆုံးသတ်မည် ဖြစ်သည်။
"အရိပ်ကိုးပါး စီးဆင်းနေတဲ့ အလင်းဓား”
"တဖျတ်ဖျတ်တောက်နေသော အရိပ်ခြေလှမ်း - ပထမပုံစံ"
သူ ပျောက်ကွယ်သွားလေ၏
ပိုင်ကျီဟန်သည် သူ့ရှေ့သို့ ပြန်ပေါ်လာပြီး ဓားသည် ကျလာပြီဖြစ်သောကြောင့် ဖန်းကျင်းယန်၏ မျက်လုံးများသည် ကျုံ့သွားကြသည်။
ဘုန်း
ဖန်သည် အချိန်မီတားဆီးရန် ဆီးနှင်းလေသံကို မြှင့်တင်လိုက်သည်။ သို့သော် ပိုင်ကျီဟန် ၏တိုက်ခိုက်မှုနောက်ကွယ်မှ စွမ်းအားသည် သူကို လွှမ်းမိုးလွန်းသည်။
ဖန်ကျင်းယန်သည် နောက်သို့ ဆုတ်သွားပြီး သူ့လည်ချောင်းတွင် သွေးများ စီးကျလာသည်။
ဖြစ်ပျက်နေတာကို သူမယုံနိုင်ပေ။ အဓိက ဖွဲ့စည်းပုံအဆင့် ကျင့်ကြံသူသည် သူ့ကို ရှောင်တခင် အနိုင်ယူခဲ့သည်။
"ဒါမဖြစ်နိုင်ဘူး... သူငါ့ကို အနိုင်ယူနိုင်တယ်ဆိုတာ ငါမယုံဘူး”
ဖန်ကျင်းယန်သည် စိတ်ပျက်အားငယ်သွား၏
သူသည် ပြင်းထန်သော အရှိန်အဝါဖြင့် တောက်လောင်နေသော နည်းစနစ်များကို ထုတ်လွှတ်လိုက်သည်။ သို့သော် ပိုင်ကျီဟန်သည် တိုက်ခိုက်မှုတိုင်းကို တည်ငြိမ်တိကျစွာဖြင့် ရင်ဆိုင်ခဲ့သည်။
သူ၏ဓားသိုင်းသည် ပြေပြစ်ပြီး အဖျက်စွမ်းအားကောင်းကာ ကလေးကစားသလို တိုက်ခိုက်မှုတစ်ခုစီတိုင်းကို ရှောင်ရှားနိုင်သည်။
"အို၊ ဒါ စွမ်းအားကြီးတဲ့ တပည့်ခေါင်းဆောင်ရဲ့ ခွန်အားပဲ"
ပိုင်ကျီဟန်၏ အသံသည် လှောင်ပြောင်သရော်မှုဖြင့်ပင်။
"ဒီနှုန်းနဲ့ဆို ငါ မင်းရဲ့နေရာကို ယူနိုင်တယ်။ မင်းရဲ့ နာမည်နဲ့ မထိုက်တန်ဘူးဆိုတာ သိသာပါတယ်။"
ဖန်ကျင်းယန်၏ ဒေါသအရှိန် ပြင်းလာသည်။
ကဲ့ရဲ့ခြင်းသည် ရက်စက်တာကြောင့် မဟုတ်ဘဲ ထိုအရာက မှန်သည်ဟု ခံစားမိသောကြောင့်ဖြစ်သည်။
အကယ်၍ သူသည် အဓိကဖွဲ့စည်းပုံအဆင့် ကျင့်ကြံသူကိုပင် အနိုင်မယူနိုင်ခဲ့ပါက သူ၏ဂုဏ်သတင်းသည် ဘာကျန်တော့မည်နည်း
"မင်းကိုယ်မင်း အထင်ကြီးမနေနဲ့ ပိုင်ကျီဟန် မင်းမနိုင်သေးဘူး”
အသံကို ခွန်အားဖြစ်စေရန် သူအော်ချလိုက်သည့်တိုင် ၎င်းနောက်ကွယ်က စိတ်ပျက်အားငယ်မှုက ထင်ရှားသည်။
သူ ဘယ်လိုပဲ လှည့်ပတ်ကြိုးစားနေပါစေ ၊ပိုင်ကျီဟန်ကို အလှည့်တိုင်းတွင် မယှဉ်နိုင်ပေ
(အချိန်တန်ပြီ)
ပိုင်ကျီဟန်သည် သူ့ဓားကို လိမ်လိုက်ပြီး ဖန်ကျင်းယန်၏ ရပ်တည်ချက်ကို ရုတ်တရက် အနှောင့်အယှက်ပေးလိုက်သည်။
နောက်တော့ ဘုန်းကနဲ ဗိုက်ကို ရက်စက်စွာ ကန်လိုက်သည်။
ဖန်သည် နောက်ပြန်ဆုတ်သွားကာ သွေးများ တဟုန်ထိုး အန်ချလေ၏
"အလင်းရိုက်ခတ်မှု - ဒုတိယပုံစံ”
ဒါက အဆုံးသတ်ပဲ