← Chapters

အမိန့်ပေးခံရသော နာကျင်မှု

Vol. 4 Ch. 59

အမိန့်ပေးခံရသော နာကျင်မှု

Vol. 4 Ch. 59

ဖန်ကျင်းယန်၏ နှုတ်ခမ်းမှ ညည်းညူသံထွက်လာပြီး  နှုတ်ထောင့်၌ သွေးခဲပြင်အနည်းငယ်ကပ်လျက်ရှိနေသည်။

မျက်စိများက ပြာဝေနေ၏ ခန္ဓာကိုယ်တစ်ခုလုံး အရိုးအဆစ်တိုင်းမှ ထွက်ပေါ်လာသည့် ထိခိုက်နာကျင်သော စားမှုသည် သူ့အသက်မသေသေးကြောင်း ပြသနေသည်။

(အဲဒီအရာက… အိပ်မက်လား?)

ထိုအကြောင်းအရာသည် သူ့စိတ်အတွင်းသို့ ဝင်လာသည်။

သို့ရာတွင် သူ့ဦးခေါင်းကို အနည်းငယ် လှည့်လိုက်ချိန်တွင် သူ့မျက်နှာရှေ့၌ဖရိုဖရဲအရာ များကိုတွေ့ရသည်။

တိမ်တိုက်ခန်းမ ..တစ်ချိန်က ရိုးစင်းသော ကျောက်စိမ်းကြွေပြားများပြိုကျနေပြီး ကွဲအက်နေသော အပိုင်းအစများသည် ကွဲကြေနေသော ဖန်သားပြင်များကဲ့သို့ လွင့်ပျံသည်။ အမှုန်အမွှားတွေက လေထဲမှာ ပျံ့နေဆဲပင်

သူ၏အဝတ်အစားများ ပြဲသွားပြီး ချီဖရိုဖရဲ ဖြစ်သွားသည်။ အသက်ရှူတိုင်း သေလောက်အောင် နာကျင်မှုများက ရင်ဘတ်ထဲ ထပ်ခါထပ်ခါရောက်လာသည်။

(မဟုတ်ဘူး… အိပ်မက်မဟုတ်ဘူး)

ကြောက်ရွံ့မှုသည် သူ့အတွင်းသို့ ဝင်ရောက်လာပြီး ထိုအချိန်မှာ သူ့မျက်လုံးထဲ မြင်တွေ့ရသည့်သူက

ပိုင်ကျီဟန်

ဥယျာဉ်ကြားတွင် လွတ်လွတ်လပ်လပ် လမ်းလျှောက်သကဲ့သို့ ခန်းမကနေ ဆင်းကာ လက်ကိုနောက်ပစ်လျက် သူ၏အဝတ်အစားများ အနည်းငယ်ပျံလွင့်နေ၏

“နောက်ဆုံးတော့ နိုးလာပြီပေါ့”

ဖန်ကျင်းယန် မျက်လုံးများသည် ပြူးကျယ်သွားသည်။

“မ… မဟုတ်ဘူး မဟုတ်ဘူး”

သူ လန့်ပြီး နောက်ပြန်ဆုတ်ဖို့ ကြိုးစားလေသည်။

သူလှုပ်လိုက်တိုင်းမှာ ခန္ဓာကိုယ်တစ်ခုလုံး အရိုးအဆစ်တိုင်းမှ နာကျင်သော်လည်း ဂရုမစိုက်ပေ။

သူအဝေးကိုပြေးသွားချင်သည်။

ပိုင်ကျီဟန်၏ တည်ရှိမှုသည် သူ့ဝိညာဉ်အပေါ် တောင်တန်းတစ်ခု ဖိထားသလိုပင်

“မင်း မင်း ဝေးဝေးနေ”

ဖန်ကျင်းယန်၏ အသံသည် ကွဲအက်နေ၏

ထိုအချိန်တွင် သူ့မျက်လုံးတစ်ဖက်ထဲတွင် ခုန်ကျန်းဟုန်ကို တွေ့မိသည်။

သူ့နှလုံးသားအတွင်း မျှော်လင့်ချက်အသစ် တောက်ပလာသည်။

သူ လက်တစ်ဖက်ကို တုန်တုန်ယင်ယင်နဲ့ ထုတ်လိုက်သည်။

“ကျန်းဟုန်… ငါ့ကို ကယ်ပါ! ငါတို့အတူဆို သူ့ကိုနိုင်တယ်”

ခုန်ကျန်းဟုန်၏ မျက်လုံးသည် ဖန်ကျင်းဟန်ကို လူရွှင်တော်လိုကြည့်နေသည်။

(ရူးနေတာလား.. သူကိုယ်တိုင် ဘယ်လိုပုံစံနဲ့ ရှုံးတာကို မမှတ်မိဘူးလား)

ဖန်ကျင်းယန်၏ အသံသည့် ကြောက်ရွံ့မှုကြောင့် ပိုမိုမြင့်မားလာသည်။

“သူက တစ်ယေညက်တည်း။ ငါတို့နှစ်ဦးပေါင်းနေရင် သူ့ကို နိုင်တယ်.. မင်းကို ရွှေအနှစ်သာရဆေး ငါးလုံးပေးမယ်”

ခုန်ကျန်းဟုန်သည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်သည်။

"အာာ တပည့်ခေါင်းဆောင်ဖန်၊ မင်း ခေါင်းကိုထိတာ ပြင်းသွားတယ် ထင်တယ်"

ဖန်ကျင်းယန် မျက်လုံးများသည် ကျုံ့သွားကြသည်။

"ဘာ-ဘာလဲ?"

ခုန်ကျန်းဟုန်သည် သတိထားပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ကာ သူ့နဖူးပေါ်မှ ချွေးများထွက်နေသည်။

"မြင်တဲ့အတိုင်းပဲ" သူက သတိကြီးကြီးနဲ့ပြောလေ၏ "သခင်လေးပိုင်နဲ့ ဒါကို ဆွေးနွေးနေကြတာ။ မင်းရဲ့ဓား—ဆီးနှင်းလေးသံ  အဲ့တာ ရှန်လျန့်ပိုင်တဲ့ စုဆောင်းမှုထဲက တစ်ခုပဲ မလား"

ဖန်ကျင်းယန်၏ နှလုံးခုန်တက်သွားသည်။

"မင်း…"

"မင်းငါ့ကိုရောင်းစားလိုက်တာလား?”

တုန်လှုပ်ခြင်း၊ မယုံကြည်ခြင်းနှင့် ဒေါသအမျက်ထွက်ခြင်း တို့ကြောင့် သူ့မျက်နှာ မဲမှောင်သွားသည်။

"သခင်လေးပိုင်ကို ဆန့်ကျင်ဖို့ ဘယ်သူက ပြောတာလဲ။ သခင်လေးက မင်းကို  ချမ်းသာပေးဖို့ ဆုံးဖြတ်လိုက်တာ ကံကောင်းတယ်မှတ်။"

ခုန်ကျန်းဟုန်သည်  ပြုံးပြီး ပိုင်ကျီဟန် နောက်မှာ ရပ်ဖို့ နောက်ဆုတ်လိုက်

သည။

ခုန်ကျန်းဟုန်သည် ဘက်ပြောင်းသွားပြီဖြစ်ကြောင်း ဖန်ကျင်းယန် သဘောပေါက်ခဲ့ပြီး ယခု ပိုင်ကျီဟန် အကြိုက်လိုက်နေသည်။

ပိုင်ကျီသည် ရပ်လိုက်ပြီး လှည့်ကြည့်လိုက်ကာ 

နောက်ဆုံးမှာတော့ ဖန်ကျင်းယန်ဆီအပြည့်အဝ အာရုံစိုက်ခဲ့သည်။

သူက မျက်ခုံးပင့်လိုက်၏

"အိုး? မင်းက ငါ့ကို ထပ်ပြီး တိုက်ချင်နေတာလား။"

ဖန်ကျင်းယန် မျက်နှာသည် သေမင်းတမန်လို အရောင်ဖျော့သွားသည် ။

နှုတ်​ခမ်းလှုပ်​သွား​သော်​လည်း စကားတစ်​လုံးမှ ထွက်​မလာ​ပေ။

သေခြင်းတရားကို သူအရင်က မြင်ဖူးပေမယ့် ဒီလောက်နီးနီးကပ်ကပ် မခံစားဖူးချေ

ပိုင်ကျီဟန်သည် သူ့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာကာ ကွဲအက်နေသော ခန်းမကို ဖြတ်လျှောက်နေသည့် ခြေလှမ်းတိုင်းသည် သေမင်းတမန်သဖွယ် ပဲ့တင်ထပ်နေသည်။

ဖန်ကျင်းယန်၏ အသက်ရှုသံများ မြန်လာသည်။

အမြန်ထွက်လမ်းရှာဖို့လို၏

သို့သော် သူ၏ လက်ရှိအခြေအနေတွင် ထိုသို့ပြေးရန် မဖြစ်နိုင်ပေ။

ခုန်ကျန်းဟုန်သည်  သူ့ကို သစ္စာဖောက်ပြီး သူ့ဘာသာ နေနေချေပြီ

အကူအညီတောင်းရဖို့လား။ခန်းမသည် တ်တ်ဆိတ်ပြီး  ဘယ်သူမျှ မကြားနိုင်ပေ တစ်စုံတစ်ယောက်က ကြားခဲ့ရင်တောင်… သူတို့ရောက်တဲ့အချိန်မှာ သူ အသက်ရှင်နေသေးပါ့မလား။

လဲကျနေသော ဖန်ကျင်းယန်အနီးသို့ ချဉ်းကပ်လာစဉ်တွင် ပိုင်ကျီဟန်၏ မျက်လုံးများသည် ရက်စက်သော အငွေ့အသက်များ တောက်ပလာသည်။

သူက ခြေလှမ်းအနည်းငယ်လှမ်းပြီး ရပ်လိုက်ကာ ဖန်ကျင်းယန်ကို ကြည့်လိုက်သည်။

ထို့နောက် ပိုင်ကျီဟန်သည် သူ၏ အင်္ကျီလက်ထဲ နှိုက်လိုက်ပြီး သေးငယ်သော အနက်ရောင် ဆေးပြားကို ထုတ်ယူလိုက်သည်။

၎င်း၏မျက်နှာပြင်သည် အနံ့စူးရှရှနဲ့ တောက်ပနေပြီး အဝေးမှပင် ၎င်းသည် ယုတ်ညံ့ပြီး အဆိပ်သင့်လုနီးပါးဖြစ်သော ချီကို ထုတ်ပေးသည်။

ဖန်ကျင်းယန်သည် နောက်ပြန်ဆုတ်ရန် အော်ဟစ်ခဲ့သည်။ သို့သော် သူ မလှုပ်ရှားမီတွင် ပိုင်ကျီဟန်သည် ရှေ့သို့ လှမ်းလာကာ ဒူးထောက်ပြီး ဆေးပြားကို ပါးစပ်ထဲသို့ လွယ်ကူစွာ ထည့်လိုက်သည်။

"ဖူးးး”

ဖန်ကျင်းယန်သည် ထွေးထုတ်ရန် ကြိုးစားသော်လည်း  ပိုင်ကျီဟန်သည် လက်ချောင်းတစ်ချောင်းကို ပွတ်ကာ သူ့ချီနဲ့ ပိတ်လိုက်

သည်။

ဆေးလုံးသည် ချက်ချင်းပင် လည်ချောင်းထဲ ကျသွားသည်။

နောက်တော့ ဝေဒနာတွေ ပေါ်လာ၏

မြေကြီးကွဲအက်ပြီး ဝိညာဉ်ထွက်သွားသလို နာကျင်မှုမျိုး

"အား”

ဖန်ကျင်းယန်သည် အော်ဟစ်လိုက်သည်။

သူ၏ ခန္ဓာကိုယ်သည် လျှပ်စီးလက်သကဲ့သို့ မြေပြင်ပေါ် ပြုတ်ကျသွားသည်။ သွေးကြောများသည် သူ့အရေပြားအနှံ့ ပေါက်ထွက်နေသည်။

သူ၏ ချီသည် အတွင်းဘက်သို့ မလှည့်မီတွင် ပြင်းထန်စွာ ပေါက်ကွဲထွက်ကာ လှောင်အိမ်ထဲမှ  သားရဲကဲ့သို့ အကြောဆွဲနေ၏

"အား”

သူသည် ရင်ဘတ်နဲ့ လည်ချောင်းကို ကုတ်ခြစ်ကာ နာကျင်ခံစားရသက်သာဖို့ မြေပြင်ကို ကုပ်တွယ်ထားသည်။

ခုန်ကျန်းဟုန်သည် တုန်လှုပ်သွားပြီး ဝေးဝေးကို ကျောခိုင်းလိုက်သည်။

ဒါကို သူ မမျှော်လင့်ထားပေ

တစ်စုံတစ်ယောက် အတွင်းထဲတွင် ဖြည်းညှင်းစွာ ဆုတ်ပြဲသွားသည်ကို ကြည့်နေရသလိုပင်

ပိုင်ကျီဟန်ကို ကြည့်လိုက်တော့ ယခင်က ဝန်ခံဖို့ ဆုံးဖြတ်ချက်ချခဲ့တာ ဘယ်လောက်ပညာရှိလဲဆိုတာကို သူပြန်သိလိုက်ရသည်။

မဟုတ်လျှင် ဖန်ကျင်းယန်နဲ့အတူ နာကျင်စွာ အော်ဟစ်နေရမည်ပင်

ဆေးပြားတစ်ပြားတည်းဖြင့် ရွှေဗဟိုနယ်ပယ် ကျင့်ကြံသူအား ဒူးထောက်စေသည်ကို ကြည့်ရုံဖြင့် အနည်းဆုံး အဆင့်-၃အဆင့် အဆိပ်ဖြစ်ရမည်ဟု ခုန်ကျန်းဟုန် သိလိုက်သည်။

ပိုင်ကျီဟန်သည် ဖန်ကျင်းယန်၏အော်သံကို ဂရုမစိုက်ဘဲ ရပ်နေခဲ့သည်။

သူ့ကို ဒုက္ခပေးဝံ့တဲ့သူကို သနားနေစရာ မလိုပေ

"ကျေးဇူးပြုပြီး..."

ဖန်ကျင်းယန် တုန်လှုပ်သွားသည်။

"ငါ့ကို ချမ်းသာပေးပါ။ ကျေးဇူးပြုပြီး မင်းပြောသမျှ ငါလုပ်ပေးပါ့မယ်!"

သို့ပေမဲ့ ပိုင်ကျီဟန်သည် စိတ်မဝင်စားသလို အကူအညီတောင်းနေသော ဖန်ကျင်းယန်ကို စိုက်ကြည့်နေခဲ့သည်။

ခဏအကြာတွင် သူသည် ရွှေရောင်တောက်နေသော ဒုတိယဆေးလုံးကို ယူကာ ဖန်ကျင်းယန်ဆီ ပေးလိုက်သည်။

"မျိုချ”

ဖန်ကျင်းယန်သည် သိသိသာသာ တုံ့ဆိုင်းသွားသည်။

နောက်ဆုံး ဆေးလုံးသည် သူ့ကို မထင်မှတ်လောက်အောင် နာကျင်စေသည်။

ထိုအရာသည် သူအား သေခြင်းသို့ပို့နိုင်၏

“နာကျင်မှုကို မရပ်တန့်ချင်ဘူးဆိုရင်တော့”

ပိုင်ကျီဟန်က ဆက်ပြောသည်။

ဖန်ကျင်းယန်သည် တုံ့ဆိုင်းမနေတော့ပေ။

သူ့ခန္ဓာကိုယ်တွင် နာကျင်ကိုက်ခဲနေသည့်ဝေဒနာသည် မျှော်လင့်တာထက် လွန်ကဲလွန်းတာကြောင့် သူနာခံဖို့ လိုသည်။

တုန်တုန်ယင်ယင်လက်ဖြင့် ဆေးလုံးကို ပါးစပ်ထဲသို့ ထည့်လိုက်ကာ မျက်ရည်များ စီးကျလာပြီး မျက်လုံးများ နီရဲလာသည်။

နာကျင်မှုသည် တဖြည်းဖြည်း ထုံလာသည်။

သူ့အသက်ရှူသံတည်ငြိမ်သွားပေမယ့် ဝေဒနာက သူ့ဗိုက်မှာ မြှုပ်ထားသည့် တောက်လောက်နေသည့် ကျောက်မီးသွေးလို နာကျင်နေသေး၏

"မင်းငါ့ကိုဘာလုပ်လိုက်တာလဲ"

သူ စကားပြောဖို့ပင် ခက်ခဲနေ၏

ပိုင်ကျီဟန်သည် သူ့ဘေးမှာ ရပ်နေပြီး အသံတိုးတိုးနဲ့ ခြိမ်းခြောက်နေသည်။

“ဒါကို  သွေးကြောတစ်ထောင် ကပ်ပါးကောင်ဆေးလို့ခေါ်တယ်” ဟု တိုးတိုးလေးပြောသည်။

"မင်းရဲ့ စွမ်းအင်သွေးကြော၊ မင်းရဲ့အရိုးနဲ့ ကြွက်သားတွေကို ကပ်တွယ်နေမဲ့ ထူးထူးခြားခြား အဆိပ်လေးတစ်ခု"

ဖန်ကျင်းယန် တုန်လှုပ်သွားသည်။

"မင်းကို ငါပေးခဲ့တာက အဆိပ်ကို သုံးရက်ကြာအောင် ပြေစေနိုင်တဲ့ ဆေးတစ်လက်ပဲ၊ ပြီးရင် ပြန်ပေါ်လာလိမ့်မယ်။"

"ဘာလဲ?"

သူ့ကို အဆိပ်ဖြေဆေး မပေးရသေးဘူးဆိုတာ ဖန်ကျင်းယန် သဘောပေါက်သွားပြီး နာကျင်မှုသည်  အိပ်ပျော်နေသည့် သားရဲတစ်ကောင်လို သူ့ခန္ဓာကိုယ်ထဲမှာ အဆက်မပြတ် ရစ်ပတ်နေဆဲပင်

ထိုဝေဒနာကို ထပ်ပြီး ခံစားလာရလျှငိ စိတ်လွတ်သွားနိုင်သည်။

"ငါ့ဆီကဘာကိုလိုချင်တာလဲ?"

ဖန်ကျင်းယန်သည် ကြောက်လန့်တကြားဖြင့် မေးလိုက်သည်။

ပိုင်ကျီဟန်သည် မတ်တပ်ထရပ်လိုက်ပြီး သူ့ဝတ်ရုံထဲက ဖုန်မှုန့်တွေကို ခါလိုက်၏

“မင်းကို ငါ့မျက်လုံးနဲ့ နားတွေ ဖြစ်လာစေချင်တယ်”ဟု  ရိုးရိုးရှင်းရှင်းပဲ ပြောလိုက်သည်။

"သစ္စာရှိတဲ့ သူလျှိုလေး.. ရှန်လျန့်အနားမှာ ထိုင်နေမယ်။  မင်းပြုံးပြမယ်၊ မြှောက်ပင့်ပေးမယ်၊ နာခံမယ်၊ အရာအားလုံးကို ငါ့ဆီ သတင်းပို့ရမယ်”

“ရတယ်မလား?"

ပိုင်ကျီဟန်အကြည့်တွေသည် ငြိမ်သက်နေပေမယ့် အေးစက်နေသည်။

ဖန်ကျင်းယန် တုံ့ဆိုင်းသွားသည်။

စင်စစ်သော်ငြား ရှန်လျန့်ကို ဆန့်ကျင်ရန်မှာ လွယ်ကူသော အလုပ်

မဟုတ်ပေ။ သူသာ သိလျှင် သေသွားလိမ့်မည်။

သို့ပေမဲ့ စိတ်ထဲတွင် စိတ်လွတ်ထွက်သွား မတတ်  နာကျင်ကိုက်ခဲနေသည့် ဝေဒနာကို သတိရသွားသည်။

အဲဒါနဲ့ ယှဉ်လျှင် ရှန့်လျန့်ကို သစ္စာဖောက်တာသည်  ကြောက်စရာကောင်းလောက်တဲ့ပုံမပေါ်ချေ။

"ဟုတ်ပြီ မင်းပြောတဲ့အတိုင်းလုပ်မယ်”

ဖန်ကျင်းယန်သည် သဘောတူပြီး သူ့အသံက တုန်တုန်ယင်ယင်နဲ့ ပင်

"အိုး၊ ဖန်ကျင်းယန်..."

ပိုင်ကျီဟန်သည် ခပ်ဖျော့ဖျော့ပြုံးကာ ပြန်လှည့်လာသည်။

ဖန်ကျင်းယန်သည် အားပျော့စွာ မော့ကြည့်လိုက်သည်။

"ရှန်လျန့် နဲ့ မင်းရဲ့ သဘောတူညီချက် အကျဉ်းချုပ်ကို ဘာလို့ မပြောပြတာလဲ "

All Chapters