ကောလဟာလ အလိမ်အညာနဲ့ ပေါင်းစပ်မှု
Vol. 4 Ch. 60
ရိုးရိုးသားသားပြောရလျှင် ဖန်ကျင်းယန်သည် ဘာမှ အသုံးမဝင်ခဲ့ပေ။
အရင်းအမြစ်အချို့နဲ့ လဲလှယ်ပြီး သူ့ကို ဒုက္ခရောက်အောင် လုပ်တဲ့ လုယုတ်မာပင်။
လိမ္မာပါးနပ်သောအစီအစဉ်မရှိပေ။ လျှို့ဝှက်အစီအစဉ်များ မရှိချေ။ ပုံမှန်စုတ်ပြတ်သတ်နေသော မှားယွင်းသွားသည့် မစ်ရှင်တစ်ခုမျှသာ။
ယခု ရှန်လျန့်၏ အစီအစဥ်သည် မီးတောက်လောင်သွားသဖြင့် မကြာမီတွင် ထိုကောင်သည် အခြားတစ်ခုခုကို စမ်းကြည့်နိုင်
မည်ဟု ပိုင်ကျီဟန် ထင်ခဲ့သည်။
ဖန်ကျင်းယန် သူ့ဘက်တွင်ရှိနေသည်ကို မသိပဲ ကျရှုံးသည်ကိုသာ သူသိထားလျှင်ကောင်းပေသည်။
ထိုကောင်လေးသည် လုံးဝအားနည်းသော်လည်း သူသည် လျှို့ဝှက်လမင်း တပည့်ခေါင်းဆောင်ဖြစ်နေသည်။
ထိုခေါင်းစဉ်သည် ၎င်းအတွက် ဩဇာသက်ရောက်မှု အနည်းငယ်ရှိသည်။ နောင်တွင် ၎င်းကို သူ့ကိုယ်ပိုင်ကဲ့သို့ အသုံးပြုနိုင်သည်။
လျှို့ဝှက်လမင်းတောင်ထိပ်တွင် သူ့၏လေလံဆွဲမှုကို အခုပဲလုပ်လိုက်ရမည်လား။ အဲဒါက အဆင်ပြေနိုင်သည်။
"ဒါဆို ရှန့်လျန်ကို သတင်းပို့တော့မယ် မလား"
ပိုင်ကျီဟန်သည် ပျင်းရိစွာ မေးလိုက်သည်။
ဖန်ကျင်းယန်သည် တစ်စက္ကန့်လောက် ချီတုံချတုံ ကြည့်နေသော်လည်း ပိုင်ကျီဟန် သိထားပြီးဖြစ်သောကြောင့် လိမ်ရန် အကြောင်းမရှိပေ။
"ဟုတ်ပါတယ်...ရှန်လျန့်က ဒါပြီးတာနဲ့ တွေ့ဖို့ တောင်းဆိုထားပလတယ်" ဟု သူက ဝန်ခံခဲ့သည်။
"ဟမ်... ဒါဆို မင်းဘာပြောရမလဲ သိတယ်မလား။ ပိုအရေးကြီးတာက ဘာမပြောဖို့ဆိုတာကို “ ပိုင်ကျီဟန်သည် ပြောလိုက်သည်။
"နည်းနည်းတော့ ခံစားခဲ့ရပေမဲ့ ဆန်းပြားတဲ့ ပစ္စည်းတစ်ခုကြောင့် လွတ်မြောက်ခဲ့တယ်၊ သူ့ကို အဲ့လို ပြောပြပါ။"
"နားလည်ပါပြီ”
" လူရှေ့သူရှေ့ရောက်ရင် မာနကြီးသလိုနေ” ပိုင်ကျီဟန်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
နောက်ဆုံးတွင် သူ လက်ပါးစေအဖြစ် စတင်လုပ်ဆောင်ပါက ရှန်လျန့်သည် တစ်ခုခုကို ချက်ချင်း ရှူရှိုက်မိမည်ဖြစ်သည်။
သို့ပေမဲ့ သူသာ ကြမ်းကြမ်းတမ်းတမ်း ကစားလျှင် သူတို့ရှုရှိုက်မိသည့် အနံ့တွေ လွင့်သွားလိမ့်မည်ပင်
"ဒါဆို သွားတော့ သတင်းပို့”
ဖန်ကျင်းယန်သည် နှစ်ခါပြောစရာမလိုချေ။
သူသည် ထိုနေရာမှ ရုန်းထွက်ပြီးမှ သက်သာရာရသွားသည်။
သူ မသေသေးချေ။ သို့တိုင် သူ့ခန္ဓာကိုယ်ထဲတွင် အဆိပ်တွေရှိနေတာကြောင့် ရယ်မိရင်တောင် ချောင်းဆိုးသွေးပါသွားလိမ့်မည်ပင်။
ထိုအချိန်မှာတော့ ခုန်ကျန်းဟုန် တစ်ယောက်ပဲ ကျန်တော့ပြီး ခွေးလေးတစ်ကောင်လို နာခံမှုရှိစွာ ရပ်နေခဲ့သည်။
"မင်း…"
ပိုင်ကျီဟန်က ခေါ်လိုက်သည်
"ဟုတ်ကဲ့ သခင်လေး၊ ဘာပဲဖြစ်ဖြစ် လိုအပ်တာတွေကို ပြောပါ"
ခုန်ကျန်းဟုန်သည် ပြုံးပြပြီး ဖင်ကုန်းမတတ် ဦးညွှတ်ပြောလိုက်သည်။ ဒီကောင်က ဖင်ကို နမ်းဖို့ မွေးလာတာပင်
ပိုင်ကျီဟန် စိတ်မ၀င်စားချေ။ ရိုးရိုးသားသားပြောရလျှင် သူတို့နေရာမသိသည့် အရူးတွေထက် ထိုကဲ့သို့ ယောက်ျားလေးတွေကို ပိုသဘောကျသည်။
"ကောင်းကင်ဓားဂိုဏ်းနဲ့ သူ့အဖွဲ့တွေအကြောင်း ရနိုင်သမျှ အချက်အလက်အားလုံးကို စုဆောင်းခဲ့” ပိုင်ကျီဟန်က အမိန့်ပေးသည်။
(ပိုင်မျိုးနွယ်မှ တစ်ယောက်ယောက်ကို မေးဖို့စီစဉ်နေတာကို တစ်ခုထိ တစ်ယောက်မှ မတွေ့ရသေးဘူး)
"နောက်တစ်ခုက တခြား ပိုင်မျိုးနွယ် တပည့်တွေ ဘယ်မှာ ပုန်းနေလဲ ရှာကြည့်ပါ။"
(ဟမ်။ ငါ့ကို ရှောင်ဖို့ ကြိုးစားနေတာလား။)
"ဟုတ်ကဲ့ သခင်လေး
အရာအားလုံးကို စီမံပြီး ပိုင်ကျီဟန်သည် သူ့ခြံဝင်းဆီသို့ ပြန်သွားခဲ့သည်။
သူသည် ရင်းနှီးသော ကျောက်တုံးလမ်းပေါ်သို့ လျှောက်လာစဉ် သစ်သားတံခါး လျှောခနဲ ပွင့်သွားပြီး လူတစ်ယောက် ထွက်ပေါ်လာသည်။
"သခင်လေး ပြန်လာပြီ”
လင်းရွှမ်သည် စိတ်အားထက်သန်မှုအပြည့်နဲ့ ရိုသေစွာ ပြောလိုက်သည်။
မနေ့ကထက် ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်ခဲ့သည်။ သတိကြီးသောလေသံ၊ သတိထားသောအကြည့်များ မရှိတော့ပေ။
လင်းရွှမ်သည် ယခု မတ်တပ်ရပ်နေပြီး မျက်လုံးအနည်းငယ်မှေးမှိန်နေ၏ အသံတည်ငြိမ်သော်လည်း ရိုသေနေသည်။
တစ်နေ့တည်းနဲ့ အပြောင်းအလဲသည် သိသာနေသည်။ သူဟန်ဆောင်နေတာမဟုတ်ချေ..ပိုင်ကျီဟန်ကို သူ့သခင်အဖြစ် လက်ခံထားပြီးသားပင်
မနေ့ က သံသယ အစွန်းအထင်း နဲ့ လုံးဝ ခြားနားနေ၏
ပိုင်ကျီဟန်သည် သူ့ကို ဘေးတိုက် တစ်ချက် ကြည့်လိုက်သည်။
"အမ်”
လင်းရွှမ်သည် အလျင်အမြန် ထွက်သွားကာ တံခါးကိုဖွင့်ပြီး အစေခံတစ်ယောက်လို လတ်ဆတ်သော လက်ဖက်ရည် တစ်ခွက်ကို ကမ်းပေးလိုက်သည်။
"ကျွန်တော် ခြံကို သန့်ရှင်းရေးလုပ်ပြီးအမွှေးတိုင်တွေထွန်းပြီးပါပြီ ။ အေးအေးဆေးဆေး အနားယူချင်လား"
ဒါတွေအားလုံးက ပြောပြစရာမလိုပေ။ ပိုင်ကျီဟန်သည် မျက်ခုံးတစ်ချက်ပင့်ပြသော်လည်း ဘာမှမပြောပေ
(မဆိုးပါဘူး)
အနည်းဆုံးတော့ အရာအားလုံးကို အမိန့်ပေးရသည့် လောင်ချင်းထက် ပိုကောင်းသည်။
အထဲကို ဝင်လာပြီး လက်ဖက်ရည်သောက်ကာ သူ့ဘာသာ အဆင်ပြေသလိုနေလိုက်၏
ထိုအချိန်တွင် ကောင်းကင်ဓားဂိုဏ်းတွင် အတင်းအဖျင်း ပြောသံများကြားနေရသည်။
မြစ်ကမ်းဘေး လေ့ကျင့်ရေးကွင်းအောက်ရှိ အတွင်းတပည့် အဆောင်များ၌သာမက ဆေးသန့်စင်ရေးခန်းမ၌ပင် လူတိုင်း ပြောနေကြသည်။
"မင်းကြားလား? အဲ့ဒီ ပိုင်မျိုးနွယ်က လူအသစ်က သူ့ကိုယ်ရေးကိုယ်တာ အစေခံအဖြစ် အလုပ်သမားကို ခေါ်သွားတယ်။"
"မင်းပြောတာ လင်းရွှမ်မလား ။အပြင်ဘက်က တိတ်ဆိတ်နေတဲ့ ကောင်လေးမလား?"
"ဟုတ်တယ်။ ပြောစကားတွေအရ ပိုင်ကျီဟန်က သူ့ကို မြေကမ္ဘာအဆင့်နည်းစနစ်နဲ့ အဆင့်မြင့်ဆေးပြားတွေကို ပေးတယ်။"
"မဖြစ်နိုင်ဘူး၊ အဲဒါ ရူးတာပဲ”
"ကောင်လေး ၊ လင်းရွှမ်က အရူးပဲ ဖြစ်ဖြစ်၊ စိတ်ပျက်အားငယ်နေတဲ့သူ ပဲဖြစ်ဖြစ်၊ သူ အခု ဒုက္ခရောက်နေပြီဆိုတာ ငါယုံတယ်”
သို့တိုင် ထိုအရာသည် အကျော်ကြားဆုံး ကောလဟာလ မဟုတ်ပေ။
"အိုး၊ ဒါကို ထားလိုက်ပါ။ ပိုင်ကျီဟန်က တပည့်ခေါင်းဆောင် ဖန်ကျင်းယန်ကို တိုက်ခဲ့တယ်”
“ သူက အရှက်မရှိဘူးလား? ဘာဖြစ်တာလဲ?"
"သေချာတာတော့ ဖန်ကျင်းယန်က သူ့ဖင်ကို ကန်လိုက်မှာပဲ ။ ကြောက်နေတဲ့ ယုန်တစ်ကောင်လို ပြေးနေရမှာ သူက။"
"တကယ်လား?"
“အဲဒါပဲ လူတွေပြောနေကြတာ။ တချို့က သူ့ဝတ်ရုံစုတ်ပြဲနေတာကို မြင်လိုက်ရတယ်လို့တောင် ပြောကြတယ်”
"ချီး! အသုံးမဝင်တဲ့ကောင်။ ငါက အပြင်တပည့် ဖြစ်နေတဲ့အချိန်မှာ သူက ဘာလို့ အတွင်းတပည့်ဖြစ်နေရတာလဲ"
ထိုကောလဟာသည် အရှိန်အဟုန်ပြင်းလှ၏
အံ့ဩစရာပင်။ ထိုအားလုံးက ရှန်လျန်ဆီမှ ဖြစ်သည်။
သူသည် သူ၏ တပည့်ငယ်များမှတစ်ဆင့် အတင်းအဖျင်းများကို ဖြန့်ကာ အသေးစိတ်အချက်အလတ်အတုများဖြင့် မွှေပေးသူဖြစ်သည်။
ပိုင်ကျီဟန် အသနားခံရသလို ဒါမှမဟုတ် အရှက်တကွဲဆွဲထုတ်ခံရသလိုပင်။ သူ့တွင် မျက်မြင်သက်သေတွေလိုဟန်ဆောင်သည့် လက်ပါးစေတချို့တောင် ရှိသေးသည်။
ရှန်လျန့်သည် ပိုင်ကျီဟန်၏ ကြီးထွားလာနေမှုကို ဖယ်ထုတ်ချင်သည်။ သူ့ကို ပျော့ညံ့ပြီး ရယ်စရာ ဖြစ်စေချင်သည် ။
သူသည် ပိုင်ကျီဟန်ကို အထီးကျန်စေချင်ရုံမျှမကပေ ။ သူ့ကို ဟာသပါ ဖြစ်စေချင်သည်။
ထုံးစံအတိုင်း အမွေဆက်ခံသူအဖြစ် ပိုင်ကျီဟန်မှာရှိနိုင်သမျှ ဂုဏ်သိက္ခာနဲ့ သြဇာအာဏာကို ဆုံးရှုံးအောင်လုပ်လိုက်တာပင်။
သူ့ကတိအတိုင်း ဖန်ကျင်းယန်ကို ဆုချပြီး ပိုကြီးသည် ဆုလာဘ်တွေနဲ့ နောက်ထပ် အလုပ်တွေကို ပေးမည်ပင်။
"ဒါက သူစီစဉ်နေတာတွေလား”
ဖန်ကျင်းယန် နောက်ဆုံး စကားပြောပြီး ဦးညွှတ်ချိန်တွင် မပြည့်စုံသော ရှန်လျန့်၏ အမှိုက်အစီအစဥ်ကိုကြားပြီး ပိုင်ကျီဟန်သည် ခြောက်ကပ်စွာ ရေရွတ်လိုက်သည်။
ဖန်ကျင်းယန်သည် သူ့ကို ရိုက်နှက်ပြီး ကောလာဟလတွေ ဖြန့်နေရုံနဲ့ မလုံလောက်ဘူးဆိုတာ သိသာသည်။
ရှန်လျန့်သည် သူအား နာမည်ပျက်ကာ စေ့စပ်ပွဲပျက်ပြီး ဖြစ်နိုင်လျှင် ကောင်းကင်ဓားဂိုဏ်းရှိ သူ့အနာဂတ်တစ်ခုလုံးကို ပျက်စီးစေချင်ခဲ့သည်။
ပြီးတော့ ဒါက နောက်ဆုံးအစီအစဥ်လား။
ဖန်ကျင်းယန်အား ပိုင်ကျီဟန်အခန်းထဲသို့အမျိုးသမီး အတွင်းခံ တစ်ချို့
ခိုးယူထည့်ခိုင်းသည်။ ၎င်းတို့ကို သိသာထင်ရှားသောနေရာတွင် ထားခိုင်းလိုက်သည်။
ထို့နောက် သူနဲ့တွဲကစားလိုသော မိန်းကလေးအချို့ ရှိနေ၏ ပြီးတော့ ချူကျီယန်သည်လည်း သူတို့နဲ့အတူရှိနေအောင် လုပ်ရမည်။
သူ့ကို လူဆိုးအဖြစ် စွပ်စွဲရမည်။ သူချောင်းကြည့်နေသည် ဒါမှမဟုတ် ပိုဆိုးသည့် တစ်ခုခုကို ကြံစည်နေသည်ဟုပင် ဇာတ်လမ်းဆင်ကြမည်။
မိန်းကလေးများသည် တုန်လှုပ်ချောက်ချားစွာ ပြုမူကြပြီး ဟန်ဆောင်ကာ လူအုပ်ရှေ့တွင် လက်ညိုးထိုးပြကြမည်။
ထိုအစီအစဉ်အတိုင်းသာဆိုရင် ချူကျီယန်နဲ့ စေ့စပ်ပွဲက ပြီးသွားမှာ ဖြစ်ပြီး ပိုင်ကျီဟန်ကိုတောင် ထုတ်ပယ်သွားနိုင်သည်။
အနည်းဆုံးတော့ လူရှေ့သူရှေ့ထွက်ဖို့ မျက်နှာမပြရဲသည့်အထိ သူ့နာမည်ကို ရွှံ့ထဲဆွဲချပစ်မည်။
ရှန်လျန့်အတွက် ဆိုးဝါးတာက ပိုင်ကျီဟန်သည် အရာအားလုံးကို သိထားပြီးသား ဖြစ်နေတာပင်