← Chapters

ကျွန်မက ရွှယ်အန်းရဲ့ ဇနီး၊ သူ့ကို ဒီနေရာမှာပဲ စောင့်မယ်

Vol. 44 Ch. 648

ကျွန်မက ရွှယ်အန်းရဲ့ ဇနီး၊ သူ့ကို ဒီနေရာမှာပဲ စောင့်မယ်

Vol. 44 Ch. 648

"မေမေ တကယ်လားဟင်"

ရှန်းရှန်းနှင့် နျန်နျန်တို့သည် မျက်ရည်စများစွန်းထင်းနေသော မျက်နှာလေးများဖြင့် မော့ကြည့်လာကာ နူးညံ့စွာ မေးလိုက်သည်။

အန်းယန် ခေါင်းညိတ်လိုက်သည်။

"ဒါပေါ့၊ မေမေက သမီးတို့ကို ဘယ်တုန်းက လိမ်ဖူးလို့လဲ"

ထိုအခါမှ ရှန်းရှန်းနဲ့ နျန်နျန်တို့ ငိုတာရပ်သွားကြပြီး ကုတင်ဘေးသို့ တိုးကပ်ကာ အန်ချင်းကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။ သူတို့ စိတ်ထဲတွင် အဒေါ်ဖြစ်သူ အမြန်ဆုံး နိုးထလာပါစေဟု တိတ်တိတ်လေး ဆုတောင်းနေကြသည်။ ထိုစဉ် အန်းယန်သည် အပြင်ခန်းသို့ တိတ်ဆိတ်စွာ လျှောက်လာကာ ချန်ဟောက်နှင့် အခြားသူများလည်း လိုက်ပါလာကြသည်။

"ဘာတွေဖြစ်ခဲ့တာလဲ"

သူမ သမီးနှစ်ယောက်ရှေ့မှ ထွက်လာပြီးနောက် အန်းယန် ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသလို ခံစားလိုက်လိုက်ရပြီး ကြမ်းပြင်ပေါ်သို့ လဲကျမလို ဖြစ်သွားသည်။

ကံကောင်းစွာ သူမဘေးတွင် ထန်ရွှမ်အာ ရှိသောကြောင့် အမြန် ထိန်းပေးလိုက်နိုင်သည်။

...

ချန်ဟောက်အလွန်အမင်း တောင်းပန်သော အမူအရာဖြင့် ဖြစ်ပျက်ခဲ့သည်ကို ပြန်ပြောပြပြီးနောက် အဖွဲ့ဝင်အားလုံးကို ဦးဆောင်ကာ ရှေ့သို့တက်ပြီး တညီတညွတ်တည်း ဒူးထောက်လိုက်ကြသည်။

"မဒမ်.. ကျွန်တော်တို့ အရည်အချင်းမရှိလို့ အန်ချင်းကို မကာကွယ်နိုင်ခဲ့ဘဲ ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့ပါတယ်၊ ကျွန်တော်တို့ အပြစ်ဒဏ်ကို လက်ခံဖို့ အသင့်ပါပဲ"

ချန်ဟောက်ပြောပြီးနောက် လူတိုင်း ခေါင်းကိုငုံ့ထားလိုက်ကြသည်။

ထိုအချိန်တွင် အန်းယန် မျက်နှာသည် စက္ကူတစ်ရွက်ပမာ ဖြူဖျော့နေပြီး သူမသည် မီးဖီးအဖွဲ့ဝင်တိုင်း၏ မျက်နှာကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သူမ ချန်ဟောက်ရှင်းပြချက်ကြောင့် ဖြစ်ပျက်ခဲ့သည်များကို နားလည်သွားပြီး မီးဖီးအဖွဲ့ဝင်ကိုယ်စီသည် စိတ်အခြေအနေလည်းမကောင်းကြသလို ဒဏ်ရာများ ရထားသည်ကိုလည်း သူမ သတိပြုမိလိုက်သည်။

"အဖွဲ့ခေါင်းဆောင်ချန်... ရှင်တို့ ဘာအမှားမှ မလုပ်ထားတာကို ကျွန်မက ဘာလို့ အပြစ်ပေးရမှာလဲ၊ အားလုံးပဲ ကျေးဇူးပြုပြီး ထကြပါ"

အန်းယန် အမူအရာလည်း တဖြည်းဖြည်း တည်ငြိမ်လာသည်။ ချန်ဟောက်နှင့် အခြားသူများ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ တုံ့ဆိုင်းစွာဖြင့် မတ်တပ်ထရပ်လိုက်ကြသည်။

ထိုစဉ် အန်းယန်သည် လူတိုင်းကို ဦးညွှတ်အရိုအသေပေးလာသည်။

"ကျွန်မ ညီမလေးကို ပြန်ခေါ်လာပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်"

ထိုအပြုအမူကြောင့် ချန်ဟောက်နှင့် အခြားသူများ အံ့အားသင့်သွားကြပြီး အန်းယန် ဦးညွှတ်မှုကို မခံယူဝံသောကြောင့် လျင်မြန်စွာ ရှောင်တိမ်းလိုက်ကြပြီး ကမန်းကတန်းပြောလိုက်သည်။

"မဒမ် ဘာလုပ်တာလဲ၊ နည်းပြ သိရင် ကျွန်တော်တို့ကို ဆူမှာ သေချာတယ်"

"ဟုတ်တယ်၊ ဒါ ကျွန်တော်တို့ လုပ်သင့်တဲ့အလုပ်ပါ"

အန်းယန်လည်း ပြုံးလိုက်သည်။

"ဒီလောကမှာ အလကားရတယ်ဆိုတာ ဘာမှမရှိပါဘူး၊ ရှင်တို့သာ မရှိခဲ့ရင် ချင်းအာလည်း အခုဆို သေလောက်ပြီ၊ ဒါကြောင့် ဒီဦးညွှတ်မှုက ရှင်တို့နဲ့ ထိုက်တန်ပါတယ်"

ချန်ဟောက်တို့ ရင်ထဲတွင် နွေးထွေးသော စီးကြောင်းတစ်ခု စီးဆင်းသွားသည်။

၎င်းတို့ ဤနေရာသို့ မလာမီ ၎င်းတို့အမှားများအား တောင်းပန်ရန် ပြင်ဆင်လာသော်လည်း မထင်မှတ်စွာ အန်းယန်သည် နားလည်ပေးခဲ့သည်။ ချန်ဟောက်လည်း အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် လေးနက်စွာ ပြောလိုက်သည်။

"မဒမ်... အခုအခြေအနေက ရှုပ်ထွေးနေ‌တော့ ဒီနေရာက မလုံခြုံတော့ပါဘူး၊ မဒမ် သခင်မလေးနှစ်ယောက်နဲ့ တခြားသူတွေကိုခေါ်ပြီး ကျုံးတုကို သွားသင့်ပါတယ်။ အဲဒီနေရာမှာဆို စစ်တပ်တွေက အထပ်ထပ်အခါခါ စောင့်ကြပ်နေသလို ဟွာနိုင်ငံက အင်အားကြီးသူတွေ အများအပြားလည်း စုဝေးနေကြတယ်၊ အဲ့နေရာက အလုံခြုံဆုံးနေရာပါ"

ထိုစကားကို ကြားသောအခါ အန်းယန် ခေါင်းခါလိုက်သည်။

"ဆက်မပြောပါနဲ့တော့၊ ကျွန်မ မသွားဘူး၊ သူ့ကို ဒီနေရာမှာပဲ ပြန်လာတဲ့အထိ စောင့်နေမယ်"

အမှန်တွင် လွန်ခဲ့သော ရက်အနည်းငယ်တည်းက ရွှယ်အန်း သူငယ်ချင်းကောင်းများနှင့် ချန်မိသားစုတို့သည် အန်းယန်အား အကြိမ်ကြိမ် ပြန်ရန် တိုက်တွန်းခဲ့သော်လည်း သူမ ငြင်းဆိုခဲ့သည်။

"ဒါပေမဲ့..." ချန်ဟောက်မှာ စိုးရိမ်မိဆဲပင်ဖြစ်သည်။

အန်းယန် ပြုံးလိုက်ပြီး ပြောလိုက်သည်။

"ရှင် တို့ မေ့နေကြပြီလား၊ ကျွန်မက ရှင်တို့ နည်းပြဆရာရဲ့ ဇနီးလေ၊ ပြီးတော့ နာမည်ကြီးတဲ့ ကျွမ်းကျင်သူတစ်ယောကပဲ၊ ဘယ်လို နတ်ဘုရားတွေ မိစ္ဆာတွေပဲဖြစ်ဖြစ် ဒီနေရာမှာ ပြဿနာရှာရဲရှာကြည့် သူတို့ ဒီကို ရောက်လာတာကို နောင်တရသွားစေမယ်"

ချန်ဟောက်နှင့် အခြားသူများမှာမူ စိတ်မအေးနိုင်ကြသေးပေ။

မည်သို့ပင်ဖြစ်စေ အန်းယန်၊ ရှန်းရှန်းနှင့် နျန်နျန်တို့သည် နည်းပြဆရာအတွက် အရေးအကြီးဆုံး မိသားစုဝင်များ ဖြစ်ကြသည်။ ၎င်းတို့ တစ်ခုခု မှားယွင်းသွားပါက သူတို့လည်း တာဝန်မကင်း ဖြစ်လိမ့်မည်။

ရှောင်ရှလည်း တိတ်ဆိတ်စွာ နားထောင်နေရာမှ မနေနိုင်တော့ဘဲ ပြောလိုက်သည်။

"စိတ်မပူနဲ့၊ ငါဆိုတဲ့ ရှောင်ရှ ဒီမှာရှိနေရင် မဒမ်နဲ့ တခြားသူတွေရဲ့ လုံခြုံရေးကို အာမခံတယ်"

ရှောင်ရှ နောက်တွင်ရပ်ကာ ပခုံးနှိပ်ပေးနေသော ရှောင်ယွီလည်း လက်သီးကိုဆုပ်ကာ ပြတ်သားသော အမူအရာဖြင့် ပြောလိုက်သည်။

"ကျွန်မလည်း ရှောင်ရှ ပြောတဲ့အတိုင်းပဲ"

ရှောင်ရှက မျက်လုံးဝေ့ကြည့်ကာ အမိန့်ပေးလိုက်သည်။

"ဆက်နှိပ်"

"ဟုတ်ကဲ့ပါ၊ သခင်မလေး ရှောင်ရှ"

ရှောင်ယွီက အလျင်အမြန် ပခုံးကို ပြန်နှိပ်ပေးလိုက်သည်။

ရှောင်ရှသည် ကျောက်လုံ(ရေနဂါး)မှ အသွင်ပြောင်းလာသောသူ ဖြစ်သောကြောင့် သူမ အလွန်အစွမ်းထက်သည်ကို ၎င်းတို့သိသဖြင့် ချန်ဟောက်တို့လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။

"ဒီလိုဆိုရင်တော့ မဒမ် ဂရုစိုက်ပါ၊ ကျွန်တော်တို့ သွားလိုက်ပါဦးမယ်"

အန်းယန် ခေါင်းညိတ်ပြပြီးပြောလိုက်သည်။

"ရှင်တို့လည်း အတူတူပါပဲ၊ ဂရုစိုက်ကြပါ"

မီးဖီးနစ်အဖွဲ့များသည် အလွန်ပင်ပန်းကာ ကြီးမားသော တာဝန်များရှိသည်။ ယခုအခါ နေရာတိုင်းတွင် အားဖြည့်ကူညီမှုများ လိုအပ်နေသည်။ ထို့ကြောင့် အန်ချင်းကို ချင်းမန်မြို့သို့ ပြန်ပို့ပြီးနောက် သူတို့ နောက်မစ်ရှင်တစ်ခုကို ဖြေရှင်းရန် အလျင်စလို သွားရမည်ဖြစ်သည်။

ထန်ရွှမ်အာသည် ထွက်ခွာသွားသော အမျိုးသားများ၏ ကျောပြင်များကို ကြည့်ပြီး သက်ပြင်းဖွဖွချလိုက်သည်။

"သူတို့ ထွက်သွားတာနဲ့ ဘယ်နှစ်ယောက်များ ပြန်လာနိုင်ပါ့မလဲ မသိဘူး"

ထိုစကားကို ကြားသောအခါ အန်းယန် တစ်ချက် တုန်သွားပြီး သူမ မျက်လုံးများထဲတွင် ပြတ်သားသော အရောင်တစ်ခု ဖြည်းညင်းစွာ အကောင်အထည်ပေါ်လာသည်။

၎င်းသည် သူမ စိတ်ထဲရှိ စကားကို ထုတ်ပြောလိုက်သလိုပင်ဖြစ်သည်။ သူမသည် ရွှယ်အန်း၏ ဇနီးဖြစ်သောကြောင့် ဘယ်သောအခါမှ နောက်ဆုတ်မည် မဟုတ်ချေ။

"ယောက်ျား... စိတ်မပူပါနဲ့၊ ကျွန်မက အဲ့ဒီ မောက်မာတဲ့ နတ်ဘုရားနဲ့ မိစ္ဆာတွေကို ကြောက်တတ်အောင် သင်ပေးလိုက်မယ်၊ ကျွန်မက ဒီမှာပဲ ရှင့်ပြန်လာတာ စောင့်နေမှာ"

အန်းယန် တိုးညှင်းစွာ ရေရွတ်လိုက်ပြီး အထူးလက်နက်အား လက်ထဲတွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် အခြေအနေများမှာ ပိုလို့ပင် ရှုပ်ထွေးလာတော့သည်။ နတ်ဘုရားမိစ္ဆာစစ်တပ် ဖြတ်သန်းသွားရာ နေရာတိုင်း သက်ရှိအားလုံး ပျက်စီးရပြီး မြက်ပင်တစ်ပင်ပင် မပေါက်နိုင်တော့ချေ။ သို့သော် ဤအခိုက်အတန့်တွင် လူသားမျိုးနွယ်လည်း မကြုံစဖူးသော ခံနိုင်ရည်နှင့် ကြံ့ခိုင်မှုကို ပြသလာသည်။

ဒူးထောက်ကာ အသက်ဘေးမှလွတ်မြောက်ရန် တောင်းဆိုသူများ ရှိသော်လည်း လူအများစုမှာ ဓားများကို တိတ်ဆိတ်စွာ ကောက်ကိုင်ပြီး စစ်မြေပြင်သို့ ခြေချလာကြသည်။

ဤအချက်သည်ပင် လူသားမျိုးနွယ်စု ယခုအချိန်အထိတိုင် ရှင်သန်နိုင်ခြင်း၏ အကြောင်းပြချက် ဖြစ်ကောင်းဖြစ်နိုင်သည်။

အမှောင်ရှေးဟောင်းရဲတိုက်တွင်...

အလင်းစွမ်းအားရှင်များ တိုက်ခိုက်မှုသည် ဆယ်ရက်တိတိ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဤစွမ်းအားရှင်များမှာ ပင်ပန်းနွမ်းနယ်ခြင်းလည်း မရှိသလို သေရမည်ကိုလည်း မကြောက်ကြပေ။

၎င်းတို့တစ်ယောက်ချင်းစီသည် ဗလာအတိအမူအရာနှင့် ရှေ့သို့ တဟုန်ထိုး ပြေးတက်လာကြကာ ၎င်းတို့တွင်ရှိသော မြင့်မြတ်သောအလင်းရောင်ကို အသုံးပြုပြီး အမှောင်ရှေးဟောင်းရဲတိုက်ကို ဖုံးလွှမ်းထားသော အကာအကွယ်စွမ်းအားကို တိုက်စားနေကြသည်။

ဤသည်မှာ Metatronမှ အစပြုခဲ့သော ဗျူဟာဖြစ်သည်။

အကယ်၍ ဤအကာအကွယ်စွမ်းအားကို အတင်းအဓမ္မ ဖျက်ဆီးပါက ဖန်းမင်ရွှယ်လည်း ပျောက်ကွယ်သွားလိမ့်မည်။ ထို့ကြောင့် သူသည် ထိုအသိအဉာဏ်မရှိတော့သော အလင်းတရားစွမ်းအားရှင်များကို အသုံးပြုကာ အကာအကွယ်ကို ဖောက်ထွင်းစေခြင်း ဖြစ်သည်။

ဤသို့ အချိန်ကြာမြင့်စွာ လုပ်ဆောင်ခြင်းတွင် အကျိုးသက်ရောက်မှု ရရှိခဲ့သည်။ အမှောင်အကာအကွယ်စွမ်းအားသည် တဖြည်းဖြည်း အားနည်းလာသည်။

ဤအရာအားလုံးကို အမှောင်ကောင်စီဝင်များသည် သဘာဝအတိုင်း ခံစားမိကြသည်။

သို့သော် ယခုအခါ အမှောင်ကောင်စီ၏ အရေးပါ ပုဂ္ဂိုလ်များအားလုံးမှာ ပြင်းထန်စွာ ဒဏ်ရာရနေကြပြီး တိုက်ခိုက်ရန် အင်အား မရှိတော့ပေ။

၎င်းတို့ လက်ပိုက်ပဲကြည့်နေမှာလား

လုံး၀မဟုတ်ဘူး

ထိုနေရာတွင် မည်သူ့ကိုမျှ ခေါင်းမငုံ့ဖူးသော မာနကြီးသည့် လူအိုကြီးတစ်စု ရှိနေသည်။

၎င်းတို့သည် XM806 စက်သေနတ်ကြီးဖြင့် ၎င်းတို့ထံ ပြေးဝင်လာသော စွမ်းအားရှင်များအပေါ် ကျည်ဆန်များ မိုးရွာသည့်ပမာ ပစ်လွှတ်နေရင်း ဟိန်းဟောက်လိုက်သည်။

များပြားလှသော ကျည်ဆန်များကြောင့် မြင့်မြတ်သောအလင်းရောင်ဖြင့် ကာကွယ်ထားသော စွမ်အားရှင်အတွက် ထိုးဖောက်ရန် ခက်ခဲနေသည်။

မကြာမီတွင်...

ဤ အလင်းစွမ်းအားရှင် တစ်သုတ်လုံး လုံးဝ ရှင်းလင်းနိုင်သွားသည်။

အရိုးခြောက်သည် သူ့ ဝတ်စုံကို တစ်ချက်ခါလိုက်ပြီး ဆေးပြင်းလိပ်တစ်လိပ် ထုတ်ကာ တောက်ပပူလောင်နေသော သေနတ်ပြောင်းတွင် ဖိကပ်လိုက်သည်။ ခဏအကြာတွင် ဆေးပြင်းလိပ်တွင် မီးစွဲသွားပြီး အရိုးခြောက်လည်း အားရပါးရ တစ်ချက်ဖွာလိုက်ပြီး ထိုစက်သေနတ်ကြီးကို ပုတ်လိုက်သည်။

"မြင်တယ်မဟုတ်လား၊ နည်းပညာရဲ့ စွမ်းအားဆိုတာ ဘာလဲ... ဒါပဲကွ"

အရိုးခြောက်နံပါတ်ခြောက်သည် ဆေးပလိပ်သောက်နေသော အရိုးခြောက် ဟန်ပန်ကို မကြိုက်သဖြင့် လှောင်ပြောဂ်လိုက်သည်။

"ဟုတ်တယ်၊ မင်းကတော့ ပျော်နေတာပေါ့ ဒါပေမဲ့ ပြဿနာက ငါတို့ ကျည်ဆန်တွေ မကြာခင် ကုန်တော့မှာ"

"ဘာမှမဖြစ်ဘူး၊ ဘာ သေနတ်မှမရှိဘဲနဲ့တောင် အဲ့လို ပြေးလာဖို့ပဲသိတဲ့ အရူးတွေကို ငါ ရှင်းနိုင်တယ်"

ဆေးလိပ်သောက်နေသော အရိုးခြောက်သည်မထီမဲ့မြင်ဖြင့် ပြောလိုက်သည်။

အရိုးခြောက်နံပါတ်ခြောက်လည်း လှောင်ပြောင်ရန် ပြင်လိုက်သည့်အချိန်တွင်...

ရုတ်တရက်ပင် အပြင်ဘက်တွင် မြူခိုးများ ထူထပ်စွာ ကျဆင်းလာသည်။

"သတိထားကြ... တစ်ခုခု ဖြစ်တော့မယ်"

အရိုးခြောက်တစ်ဦးက အော်လိုက်သည်။

အရိုးခြောက်များအားလုံးလည်း သတိဝင်လာကြသည်။

ထို့နောက် မြူခိုးများထဲမှ ကျောဘက်တွင် တောင်ပံတစ်စုံပါသော လူတစ်စုသညါ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

All Chapters