လင်းနန်ရဲ့ မိုးနတ်သမီး
Vol. 44 Ch. 650
"ဟားဟား သူ ဒီလိုပုံစံဖြစ်လာဖို့ကို နှစ်တစ်ထောင်ကျော်တောင် အချိန်ယူခဲ့ရတယ်၊ ကောင်မလေး.... နင်က တကယ့်ကို အသုံးမကျတဲ့ဟာပဲ"
"ဟားဟား ဒဌကောင်မလေးက တော်တော်ချောမှာပဲ၊ သူ့ကို ဖမ်းမိသွားရင် ငါတို့ညီအစ်ကိုတွေ ပျော်ပါးလို့ရတာပေါ့"
သူတို့စကားပြောနေစဉ်တွင် မိုးနတ်သမီးရုပ်တုထဲမှ အဖြူရောင်အလင်းတစ်ခု ရုတ်တရက်ထွက်ပေါ်လာပြီး အပြင်ဘက်ကို အရှိန်နှင့် ထွက်ပြေးသွားသည်။
သို့သော် အလင်းဖြူသည် လမ်းတစ်ဝက်လောက်ပင်မရောက်ခင် နတ်ဆိုးစစ်သည်တစ်ယောက်မှာ လက်ဖျောက်တစ်ချက်တီးလိုက်သည်။
ဘန်း...
အလင်းဖြူသည် ခန်းမကြီး၏ ထောင့်တစ်နေရာကို လွှင့်စင်သွားပြီး ရှေးဟောင်းဝတ်စုံနှင့် မိန်းကလေးတစ်ယောက် ပေါ်လာခဲ့သည်။
...
မိန်းကလေးတွင် နူးညံ့သော မျက်နှာသွင်ပြင်ရှိပြီး ကြောက်လန့်မှုကြောင့် တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။
"ဟားဟား သူက တော်တော်လေး ချောသားပဲ၊ ငါတို့ညီအစ်ကိုတွေ ဒီနေ့တော့ ကံကောင်းပြီ"
နတ်ဆိုးစစ်သည်အားလုံး ယုတ်မာစွာ ပြုံးကာ လှုပ်ရှားဖို့ပြင်လိုက်ကြသည်။
ထိုအချိန်တွင် အမိုးပေါ်မှ နားကွဲလုမတတ် ကျယ်လောင်သော အသံကြီးထွက်လာပြီး အမိုးကြွေပြားများ ပြုတ်ကျလာသည်။ တောက်ပလင်းလက်နေသော ဓားအလင်းတန်းတစ်ခုသည် ဖုန်မှုန့်များကို ထိုးခွင်းသွားပြီး နတ်ဆိုးစစ်သည်တစ်ယောက် ခေါင်းပေါ်ကို တန်းတန်းမတ်မတ် ထိုးစိုက်ကျလာခဲ့သည်။
နတ်ဆိုးစစ်သည် ဘာမှမတုံ့ပြန်နိုင်ခင် သူ့ခေါင်းအား ဓားနှင့် အဖြတ်ခံလိုက်ရသည်။
အနံ့ဆိုးထွက်နေသော သွေးများမှာ မြေပြင်အနှံ့ ပြန့်ကျဲသွားသည်။
ကျန်ရှိနေသော နတ်ဆိုးစစ်သည်များ ထိတ်လန့်တုန်လှုပ်သွားကြပြီး အလိုလို နောက်ဆုတ်လိုက်ကြသည်။
ဖုန်မှုန်များ လွင့်ပါးသွားသောအခါ ဖြူဖျော့နေသော မျက်နှာရှိသည့် လူငယ်တစ်ယောက်သည် သွေးများစွန်းထင်လျက် ခန်းမအလယ်တွင် မားမားမတ်မတ် ရပ်နေခဲ့သည်။
"ယွီမင်"
ထိုနတ်ဆိုးစစ်သည်များသည် မရေမတွက်နိုင်သော မိစ္ဆာများကို သတ်ဖြတ်ခဲ့ကြသော ဤဓားသိုင်းပညာရှင်ကို မှတ်မိသွားကြပြီး ဒေါသတကြီး အံကြိတ်လိုက်ကြသည်။
ယွီမင် သူ့ခေါင်းကိုလှည့်ကာ ထောင့်တွင်ရှိနေသော မိုးနတ်သမီးကို တစ်ချက်ကြည့်ပြီး ခေါင်းအသာငြိမ့်ပြလိုက်သည်။
ထိုအခါမှ ရှေးဟောင်းဝတ်စုံနှင့် မိန်းကလေးသည် တုန်ရီနေရာမီ တဖြည်းဖြည်း ရပ်တန့်သွားသည်။
ထို့နောက် ယွီမင်သည် သူ့အကြည့်ကို နတ်ဆိုးစစ်သည်များဘက် လှည့်လိုက်သည်။ သူ့မျက်လုံးတွေထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။
"မင်းတို့ မိုးနတ်သမီးကျောင်းတော်ကို စော်ကားရဲတဲ့ သတ္တိရှိမှတော့ တစ်ယောက်မှ အသက်ရှင်လျက်ပြန်ဖို့ မစဉ်းစားနဲ့"
"ယွီမင် မင်းတော်တာကို ငါတို့လက်ခံပါတယ် ဒါပေမဲ့ ငါတို့ရှေ့မှာက မင်း သောင်းကျန်းလို့ရမယ့် နေရာမဟုတ်ဘူး"
ထိုသို့ပြောပြီးနောက် နတ်ဆိုးစစ်သည်အနည်းငယ်ငည် သူ့ဆီကို ခုန်အုပ်လာကြသည်။
ယွီမင် သူ့ဓားကိုစွဲကိုင်ပြီး ရှေ့သို့လှမ်းတက်ကာ အလင်းတန်းအနည်းငယ် ဖြတ်ပြေးသွားသည်။
ယွီမင်သည် နတ်ဆိုးစစ်သည်များ နောက်ကျောဘက်တွင် ရောက်သွားခဲ့ပြီး ၎င်းတို့လည်ပင်းများတွင် သွေးစီးကြောင်း သေးသေးလေးတစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် ၎င်းတို့မျက်လုံးတွေထဲတွင် ထိတ်လန့်နေသော အမူအရာနှင့်အတူ သူတို့ ခန္ဓာကိုယ်သည် မြေပြင်ပေါ်ကို လဲကျသွားသည်။
ယွီမင်သည် နတ်ဆိုးစစ်သည်များ သေဆုံးသွားတာ မြင်ချိန် ယိုင်နဲ့သွားပြီး သွေးအိုင်ထဲ လဲကျမလိုဖြစ်သွားသည်။
ရှေးဟောင်းဝတ်စုံနှင့် မိန်းကလေးသည် သူ့ကို အမြန်ပြေးထူပြီး အလန့်တကြားအော်မိလိုက်သည်။
အဘယ့်ကြောင်ဆို ယွီမင် အဝတ်အစားတွေအောက်တွင် မရေမတွက်နိုင်သော ဒဏ်ရာများ ရှိနေလို့ပင်။
ယွီမင် ဖျော့တော့စွာပြုံးလိုက်ပြီး ပြောလိုက်သည်။
"မိုးနတ်သမီး... ခင်ဗျားကို မြန်မြန်ပုန်းနေဖို့ ကျွန်တော်ပြောခဲ့တယ် မဟုတ်လား၊ ဘာလို့ ဒီကို ခိုးပြီးပြန်လာတာလဲ"
မိုးနတ်သမီး ခေါင်းငုံ့ထားကာ မည်သည့်စကားမှပြန်မပြောဘဲ တိတ်ဆိတ်နေသည်။
ယွီမင်သည် သူမ စကားမပြောမည်ကို သိသောကြောင့် သက်ပြင်းတစ်ချက်သာ ညင်သာစွာချလိုက်သည်။
"ဒီနေရာက အရမ်း အန္တရာယ်များတယ်၊ ခင်ဗျား ဒီမှာနေရင် ဒုက္ခတွေပိုများလာလိမ့်မယ်၊ လိမ္မာလေ... ဒီပြဿနာတွေပြီးမှ ပြန်လာခဲ့နော်"
မိုးနတ်သမီး ခေါင်းမမော့ဘဲ သူ့ လေထဲတွင် 'ယွမ်' ဆိုသော စာလုံးကို ညင်သာစွာ ရေးပြလိုက်သည်။
ယွီမင် ခန္ဓာကိုယ်က တုန်ရီသွားပြီး ယနေ့သည် သူတို့ ဘိုးဘေးဖြစ်သူ ယွီမိသားစု၏ ဓားအင်မော်တယ် ယွီယွမ်ယိမွေးနေ့ဖြစ်ကြောင်းကို ရုတ်တရက် သတိရသွားသည်။
နှစ်တိုင်းတွင် ယနေ့လိုနေ့များဆို လင်နန်တွင် မိုးရွာလေ့ရှိသည်။
ယွီယွမ်ယိမြူခိုးအဖြစ် ပြောင်းလဲသွားပြီးနောက် ပိုလို့ပင် ဆိုးလာခဲ့သည်။
မယုံနိုင်စရာပဲ... ဒီမိုးနတ်သမီးက အမြဲတမ်း မှတ်မိနေတာပဲ
ထိုအခိုက်အတန့်တွင် ယွီမင် နှလုံးသားထဲလည်း ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်သွားပြီး ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ သို့သော် မိုးနတ်သမီးသည် သူမ လက်ကို ယွီမင် နဖူးပေါ် တိတ်တဆိတ်တင်လာသည်။ လက်ဆက်သော မိုးစက်လေးများသည် ယွီမင် ခန္ဓာကိုယ်ပေါ် တဖြည်းဖြည်းကျလာကာ သူ့အရေပြားထဲ စိမ့်ဝင်သွားသည်။
ယွီမင်သည် သူ့သွေးနှင့် စွမ်းအားများ ပိုမြန်ဆန်လာသလို ခံစားလိုက်ရပြီး သူ့ဒဏ်ရာများလည်း ဖြည်းဖြည်းချင်း ကျက်လာခဲ့သည်။
ခဏအကြာတွင် မိုးနတ်သမီး မျက်နှာသည် သေလောက်အောင် ဖြူဖျော့သွားပြီး နောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရကာ သူမ ပုံရိပ်လည်း ပိုဝေဝါးသွားသည်။
"မိုးနတ်သမီး..."
ယွီမင် အပြစ်ရှိစိတ်ကြောင့် တစ်ခုခုပြောချင်သဖြင့် စကားစလိုက်သည်။
ထိုအချိန်တွင် မယုံနိုင်လောက်အောင် ကြီးမားသန်မာသော နတ်ဆိုးအငွေ့အသက်တစ်ခု တိုးဝင်လာကာ ခန်းမကြီးတစ်ခုလုံးမှာ ကျယ်လောင်သောအသံနှင့်အတူ ပြိုကျသွားခဲ့သည်။
ထို့နောက် အရပ်သုံးပေမြင့်သည့် မျက်လုံးသုံးလုံးပါ နတ်ဆိုးတစ်ပါး ပေါ်လာပြီး ယွီမင်ကို ကြည့်ကာ မကောင်းဆိုးဝါးဆန်ဆန် ပြုံးနေခဲ့သည်။
"ယွီမင်... ဒီတစ်ခါ မင်းဘယ်ကိုပြေးမလဲ ကြည့်ကြသေးတာပေါ့"
ယွီမင် မျက်နှာအမူအရာငည် အလွန်လေးနက်နေခဲ့သည်။
ထိုမျက်လုံးသုံးလုံး နတ်ဆိုးမှာ လင်းနန်ရှိ နတ်ဆိုးများထဲတွင် အစွမ်းအထက်ဆုံးပင်။
သူ ယနေ့ ထိုနတ်ဆိုးနှင့် တိုက်ခိုက်ရင်း ရှုံးနိမ့်ခဲ့သောကြောင့် ယခုလိုပြင်းထန်သည့် ဒဏ်ရာများ ရခဲ့တာဖြစ်သည်။
"မိုးနတ်သမီးအရှင် ကျေးဇူးပြုပြီး အမြန်ပါတော့"
ယွီမင် ပြောလျက် မိုးနတ်သမီးကို သူ့နောက်ဆွဲပို့လိုက်ပြီး ကောင်းကင်ပေါ်ကို ပျံတက်ကာ သူ့ဓားနှင့် ထိုးစိုက်လိုက်သည်။
သို့သော် ထိုသို့ စွမ်းအားကြီးသော တိုက်ကွက်မှာ နတ်ဆိုး၏အရေပြားကိုတောင် မထိခိုက်ခဲ့ပေ။
နတ်ဆိုးသည် မထီမဲ့မြင်ပြုံးလိုက်သည်။
"ယွီမင် မင်း နတ်ဘုရားတွေနဲ့ မိစ္ဆာတွေ အများကြီးကို သတ်ခဲ့တယ်၊ အခု မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ့်အချိန်ပဲ"
သူ ထိုသို့ပြောပြီးနောက် လက်ဝါးနှင့် ရိုက်ချလိုက်သာ်
ယွီမင်လည်း ထိုရိုက်ချက်ကြောင့် လွှင့်ထွက်သွားပြီး မြေပြင်ပေါ်ကို ပြုတ်ကျကာ သွေးအန်ချမိလိုက်ရပြီး မထနိုင်တော့ချေ။
မျက်လုံးသုံးလုံး နတ်ဆိုးဘုရားလည်း ကြောက်မက်ဖွယ်ကောင်းသော အပြုံးကိုဆင်မြန်းလျက် ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေသည့်အလား ယွီမင်အား သတ်ပစ်ရန် လက်လှမ်းလိုက်သည်။
သို့သော် ထိုစဉ် မိုးနတ်သမီး ပေါ်လာပြီး သူမ၏ တုန်ရီနေသော လက်နှစ်ဖက်ကိုဆန့်တန်းကာ ယွီမင်ကို နောက်တွင် ကာကွယ်ပေးထားလိုက်သည်။ ထိုသည်ကိုမြင်သောအခါ ယွီမင်က ဒေါသနှင့်အတူ စိတ်ပူမှုများ ထုံးလွှမ်းသွားပြီး သွေးတစ်လုပ် ထပ်အန်ချလိုက်ပြီး နာကျင်စွာ အော်ဟစ်လိုက်သည်။
"မိုးနတ်သမီးအရှင်၊ အမြန်သွားပါ၊ ခင်ဗျား သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
သို့သော် မိုးနတ်သမီးသည် မလှုပ်မယှက်နှင့် မျက်လုံးသုံးလုံး နတ်ဆိုးနတ်ဘုရားကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
"ဟားဟား ဒီလောက်အားနည်းတဲ့ နတ်ဘုရားတစ်ပါးရှိနေမယ်လို့ ငါ မထင်ထားဘူး၊ ဒါက ငါတို့နတ်ဘုရားမျိုးနွယ်အတွက် တကယ့်ကို အရှက်ရစရာပဲ"
မျက်လုံးသုံးလုံး နတ်ဆိုးနတ်ဘုရားသည် အကြိမ်အနည်းငယ် ရယ်မောလိုက်ပြီး မိုးနတ်သမီးကို ချေမွရန် လက်ကို ဖြစ်ကတတ်ဆန်း မြှောက်လိုက်သည်။ မိုးနတ်သမီး၏ နုနယ်နေသေးသော မျက်နှာပေါ်တွင် ပြတ်သားသော ဆုံးဖြတ်ချက်ချလိုက်သည့်အလား သူမ ဆံပင်ရှိ ဆံထိုးကို ဆွဲဖြုတ်လိုက်သည်။
သူမ၏ ဆံနွယ်နက်များမှာ ရေတံခွန်များပမာ အောက်ကို ပျံ့ကျလာပြီး မိုးနတ်သမီးကို ပိုလို့ပင် လှပသွားစေသည်။ မျက်လုံးသုံးလုံး နတ်ဆိုးနတ်ဘုရားသည် ထိုမြင်ကွင်းကိုမြင်သောအခါ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဘာလဲ၊ ငါ့ကို မနိုင်မှန်းသိလို့ မင်းအလှနဲ့ ဆွဲဆောင်မယ်ပေါ့လေ"
သို့သော် သူ့စကားမဆုံးခင်တွင် မိုးနတ်သမီးသည် သူမ ဆံနွယ်နက်များကို ခါလိုက်ပြီး လက်ထဲရှိ ဆံထိုးမှာ လေထဲတွင် ရှည်ထွက်လာကာ မျက်စိတစ်မှိတ်အတွင်း ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားပြီး သူမလည်း မဆိုင်းမတွ ခုတ်လိုက်သည်။
ဓားထုတ်လိုက်သည့် အချိန်ဖြစ်စေ၊ သူမ နည်းစနစ်ဖြစ်စေ၊ မိုးနတ်သမီးသည် ဓားသိုင်းပညာအား လုံးဝ အတွေ့အကြုံမရှိသည့် သူတစ်ယောက်သာဖြစ်သည်။
မျက်လုံးသုံးလုံး နတ်ဆိုးနတ်ဘုရားသည် ထိုသည်ကိုမြင်ချိန် ပိုလို့ပင် မထီမဲ့မြင် ဖြစ်သွားသည်။
"ဟားဟား နတ်သမီးလေး မင်း ငါ့ကို ရယ်ရအောင် လုပ်နေတာလား..."
သူ့စကားမဆုံးခင်ပင် ခန့်ညားထည်ဝါသော ဓားရည်တစ်ချောင်းသည် ကောင်းကင်ပေါ်သို့ တက်သွားပြီး မျက်လုံးသုံးလုံး နတ်ဆိုးဘုရားဆီ တန်းတန်းမတ်မတ် တိုးဝင်သွားခဲ့သည်။
"မဖြစ်နိုင်ဘူး၊ မင်း ဘယ်လိုလုပ်..."
ထိုမြင်ကွင်းကိုမြင်ချိန် မျက်လုံးသုံးလုံး နတ်ဆိုးလည်း ထိတ်လန့်တကြားအော်ကာ ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။
သို့သော် ထိုဓားရည်သည် ကိုးကောင်းကင်ပေါ်ရှိ အမြင့်မြတ်ဆုံး ဧကရာဇ်တစ်ပါး၏ အမိန့်တော်လိုပင် မည်သူမှ ဆန့်ကျင်လို့မရသည့် အာဏာကို ဆောင်ယူလာခဲ့သည်။
ခရက်ပ်...
ဓားရှည်သည် သူ့ခန္ဓာကိုယ်ထဲကို ဖောက်ထွက်သွားသည်။
မျက်လုံးသုံးလုံး နတ်ဆိုးမျက်နှာသည် ခဏတာ မှင်သက်နေလျက် သူ့ နတ်ဘုရားခန္ဓာကိုယ်ပေါ်တွင် အက်ကြောင်းငယ်လေးများ ပေါ်လာပြီး ကျယ်လောင်သောအသံနှင့်အတူ ကြေမွသွားခဲ့သည်
ဓားချက်မှာ တစ်ချက်တည်းသာဖြစ်သည်။
ဤသို့အစွမ်းထက်သော မျက်လုံးသုံးလုံး နတ်ဆိုးမှာ အနိုင်ယူခံလိုက်ရသည့်အပြင် သူ့ဝိညာဉ်လည်း လုံးဝပျောက်ကွယ်သွားခဲ့သည်။
ယွီမင် မှင်သက်စွာ ကြည့်နေပြီးနောက် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်လာခဲ့သည်။
အဘယ့်ကြောင့်ဆို သူ ထိုဓားချီကို မှတ်မိနေသောကြောင့်ပင်။
"ဒါ...ဒါက သခင်ရွှယ်ရဲ့ ဓားချီပဲ"
မိုးနတ်သမီး ခေါင်းငြိမ့်ပြလိုက်ပြီး မြေပြင်ပေါ် လဲကျသွားသည်။ သူမ လုံးဝအားအင်ကုန်ခမ်းသွားပြီး သူမ ဓားလည်း လက်ထဲမှ လွတ်ကျသွားကာ ဆံထိုးအဖြစ် ပြန်ပြောင်းသွားခဲ့သည်။
ယနေ့ လင်နန်တွင် မိုးနတ်သမီး လှုပ်ရှားခဲ့ရာ ရွှယ်အန်းပေးခဲ့သော ဓားကို အားကိုးကာ နတ်ဆိုးနတ်ဘုရားကို ချေမှုန်းခဲ့သည်။
ထိုတစ်ချက်တည်းသော ဓားချက်ကြောင့် လူတော်တော်များများလည်း ရွှယ်အန်းနှင့် ပတ်သက်သော အမှတ်တရများကို ပြန်လည်သတိရသွားကြသည်။
လူအများစု တိတ်တဆိတ် တွေးနေကြသည်။ တစ်ချိန်က အနိုင်မခံအရှုံးမပေးတဲ့ သခင်ရွှယ်သာ ပေါ်လာခဲ့ရင် ဒီသောင်းကျန်းနေတဲ့ နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကို သူတို့ မူလနေရာကို ပြန်မောင်းထုတ်နိုင်မှာပဲ မဟုတ်ဘူးလား...
ဒါပေမဲ့ အခု သူ ဘယ်မှာများလဲ…