ကံကြမ္မာ လျှို့ဝှက်နယ်မြေ
Vol. 44 Ch. 651
ကောင်းကင်တာအိုရှေ့တွင်...
တောက်ပသော အလင်းတန်းများသည် အလယ်ဗဟိုကို အဆက်မပြတ် စီးဝင်နေခဲ့သည်။ မူလတွင် ကြီးမားလှသော ကံကြမ္မာချီကျောက်မျက်မှာ ယခုဆိုလျှင် ကုန်ခမ်းသွားခဲ့သည်။
ရုတ်တရက်ဆိုသလို...
အလင်းတန်းတစ်ခုသည် ကောင်းကင်ကို ထိုးတက်သွားပြီး လူတစ်ယောက် ကောင်းကင်ယံကို ပျံတက်လာခဲ့သည်။
...
ထို့နောက် မြေကြီးမှာ တုန်ခါသွားပြီး အလွှာလိုက်ဖြစ်နေသော ကောင်းကင်တာအို သံကြိုးများမှာ ထိုလူ့ကို ချည်နှောင်ဖို့ အရူးအမူး တိုးဝင်လာကြသည်။ သို့သော် ထိုလူသည် အေးစက်စွာပြန်ပြောလိုက်သည်။
"ထွက်သွားစမ်း၊ မင်း ထပ်ပြီးချဉ်းကပ် ရဲရင် ငါ မင်းရဲ့ ကောင်းကင်တာအိုကို ဖျက်ဆီးပစ်မယ်"
သူ တစ်ချက်မာန်မဲလိုက်ရုံဖြင့် သံကြိုးအားလုံးမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွား၍ လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
ထွက်လာသူမှာ ရွှယ်အန်းပင်ဖြစ်သည်။
သူသည် အမြင့်တွင်ရပ်လျက် လျှို့ဝှက်နယ်မြေတစ်ခုလုံးကို အပေါ်စီးမှ ကြည့်နေခဲ့သည်။ မြေပြင်ပေါ်တွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသော လျို့ခယ့်ခယ်၊ လျန်ယွင်ထင်နှင့် တခြားသူများအားလုံး မှင်သက်သွားကြသည်။
အဘယ့်ကြောင့်ဆို ရွှယ်အန်းသည် အဝေးကြီးတွင် ရပ်နေခဲ့သော်လည်း သူ၏ အဆုံးမရှိ ဖိနှိပ်နိုင်သော ကံကြမ္မာချီအငွေ့အသက်ကြောင့် လူတိုင်းကို အလိုလို ဦးညွှတ်ချင်စိတ် ပေါက်သွားစေသည်။
ထိုအခိုက်အတန့်တွင် လျှို့ဝှက်နယ်မြေထဲရှိ လူသားမျိုးနွယ်ဝင်အားလုံးလည်း ရုတ်တရက် စိတ်များ ကြည်လင်သွားကာ မြူခိုးတစ်လွှာ ဖယ်ရှားခံလိုက်ရသလို သူတို့တစ်ကိုယ်လုံး ကြည်လင်တောက်ပသွားခဲ့သည်။
ယခင်က စည်းမျဉ်းများ ချုပ်ချယ်မှုကြောင့် ကျင့်ကြံ၍ မရခဲ့ကြသော လူသားမျိုးနွယ်များ၏ လူငယ်ပါရမီရှင်များစွာသာ် ထိုမြူခိုးများ လွင့်စင်သွားပြီးနောက် သူတို့ ခန္ဓာကိုယ်လည်း တောက်ပစွာလင်းလက်လာကာ ကျင့်ကြံခြင်းအခြေအနေထဲကို ဝင်ရောက်သွားကြသည်။ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သော ဟူယွဲ့လည်း ကောင်းကင်အမြင့်တွင် ပေါ်လာခဲ့သည်။
သူသည် ရွှယ်အန်း၏ တည်ကြည်သော မျက်နှာထားနှင့် အေးစက်မှုအလင်းရောင်များ လက်နေသော မျက်လုံးများကိုကြည့်ကာ အလွန်အံ့ဩမိသွားသည်။
"ဘာဖြစ်လို့လဲ"
ရွှယ်အန်း ခေါင်းခါလိုက်သည်။
"ဘာမှမဖြစ်ပါဘူး၊ ငါ မြင်ကွင်းတချို့ကို မြင်လိုက်ရုံပဲ"
ဟူယွဲ့သည် လိမ္မာပါးနပ်စွာသာ ပါးစပ်ပိတ်နေလိုက်သည်။ အဘယ့်ကြောင့်ဆိုတော့ ရွှယ်အန်းသာ မဖြေချင်ပါက သူ့ကိုမေးလည်း အလကားပဲဆိုတာ သူသိသောကြောင့်ဖြစ်သည်။
ထိုအချိန်တွင် ရွှယ်အန်း ဒေါသများမှာ ပွက်ပွက်ဆူနေခဲ့သည်။
အဘယ့်ကြောင့်လဲဆို သူ မထွက်လာခင် ကံကြမ္မာချီကျောက်မျက်ထဲမှ မြင်ကွင်းအချို့ကို ရုတ်တရက် မြင်လိုက်ရသောကြောင့်ဖြစ်သည်။ ထိုမြင်ကွင်းအား ရှေးခေတ်ကတည်းမှ အမွေဆက်ခံလာခြင်းဖြစ်ပြီး နောက်ခံကိုကြည့်ပါက ကမ္ဘာမြေပေါ်တွင် ဖြစ်ပျက်ခဲ့သည်များ ဖြစ်နိုင်သည်။ ထို့အပြင် ပုံဖော်ထားတသော မြင်ကွင်းများမှာ သွေးထွက်သံယိုများလွန်းပြီ ရက်စက်ကြမ်းကြုတ်သော ဖြစ်ရပ်များဖြစ်သည်။
ထိုထဲတွင် လူသားမျိုးနွယ်၏ မရေမတွက်နိုင်သော ဘိုးဘေးများနှင့် မျိုးနွယ်စုအချိုမှာ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသော မြင်ကွင်းများ ပါဝင်နေသည်။
ဤသို့သတ်ဖြတ်မှုများတွင် ကလေးများကိုတောင် မချန်ထားသည်အထိ ရက်စက်လွန်းသည်။
ထိုတစ်ခုတည်းနှင့်တင် ရွှယ်အန်း ဒေါသထွက်ရန် လုံလောက်သည်။
အဆုံးတွင်ရှိသေည ရှေးဟောင်းတံဆိပ်ခတ်ထားသည့် စာတစ်ပိုဒ်မှာ ရွှယ်အန်း စိတ်ထဲတွင် ရုတ်တရက် ပြန်ပေါ်လာခဲ့သည်။ထိုစာသားများမှာ ရွှယ်အန်း ရင်ထဲရှိ သတ်ဖြတ်လိုစိတ်ကို ပို့လို့ပင် လှုံ့ဆော်ပေးလာသည်။
စာသားများ အဓိပ္ပာယ်မှာ ရိုးရှင်းလှသည်။
ဤကပ်ဘေးကြီးအစသည် ယခုလိုပင်။ လောကပေါင်းထောင်သောင်း၏ ကံကြမ္မာမှာ မူလထဲက လူသားမျိုးနွယ်များ အပိုင်ဖြစ်သော်လည်း စကြာဝဠာပေါင်းများစွာ၏ အဓိကမျိုးနွယ်စုကြီးအချို့သည် လူမျိုးနွယ် အင်အားကြီးထွားလာမည်ကို မလိုလားကြပေ။ ထို့ကြောင့် ၎င်းတို့ ပူးပေါင်းကြံစည်ပြီး လူသားမျိုးနွယ်ကို ရုတ်တရက် တိုက်ခိုက်ခဲ့ကြသည်။
ထိုတိုက်ပွဲတွင် လူသားမျိုးနွယ်မှာ ရုတ်တရက်တိုက်ခိုက်ခံရသောကြောင့် အကြီးအကျယ် ဆုံးရှုံးခဲ့ရပြီး လူများ စံအဖြစ် သတ်ဖြတ်ခံရကာ ၎င်းတို့ ကံကြမ္မာလည်းကို ထိုအဓိကမျိုးနွယ်စုများနှင့် ခွဲဝေယူခဲ့ရသည်။
ထိုအချိန်တွင် တခြားနည်းလမ်းမရှိတော့သည့်အဆုံး လူသားမျိုးနွယ် အစွမ်းထက်ပုဂ္ဂိုလ်များသည် သွေးမျိုးဆက်ကို ထိန်းသိမ်းရန် ကျန့်မူသစ်ပင်ကို ခုတ်လှဲပြီး ကမ္ဘာမြေပေါ်ရှိ ကောင်းကင်တာအို နိယာမများအဖြစ် ပြောင်းလဲကာ ကောင်းကင်နှင့်မြေကြီးကြားရှိ ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်ခဲ့ကြသည်။။
သူတို့ ဤသို့လုပ်ခြင်းမှာ နတ်ဘုရားများနှင့် မိစ္ဆာများ ဆင်းသက်လာမည်ကို တားဆီးရန်ဖြစ်ပြီး လူသားမျိုးနွယ်အတွက် အသက်ရှူချောင်အောင် အချိန်ဆွဲပေးဖို့ဖြစ်သည်။ အဆုံးတွင် ထိုနာမည်မသိသော လူမျိုးနွယ် အစွမ်းထက်ပုဂ္ဂိုလ်သည် သွေးမျက်ရည်များဖြင့် ရေးသားထားခဲ့သည်။
လူသားမျိုးနွယ် မျိုးဆက်သစ်များ၏ ရင်ထဲက ဒီသွေးကြွေးကို သတိရကြပါ၊ ပြီးတော့ ဒီမျိုးနွယ်စုတွေရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ လူသားမျိုးနွယ်ဝင်တွေအတွက် လက်စားချေပေးပါ...
ထိုအရာအားလုံးသည် ရွှယ်အန်း မျက်ခုံးများကို ပင့်မြှောက်သွားစေပြီး သူ့နှလုံးသားထဲရှိ သတ်ဖြတ်လိုစိတ်သည် ဤလျှို့ဝှက်နယ်မြေ၏ ရာသီဥတုကိုတောင် သက်ရောက်မှုရှိခဲ့သည်။
ကောင်းကင်တစ်ခုလုံး ငန်းမွေးပမာ နှင်းဖြူများ ကျဆင်းလာစေခဲ့သည်။
ဟူယွဲ့ တစ်ခုခုကို ခံစားမိသော်လည်း သူ့သူငယ်ချင်းအတွေးများကို လေးစားသဖြင့် မမေးမိတော့ပဲ ၎င်းရဲ့ ပခုံးကို ညင်သာစွာ ပုတ်လိုက်သည်။
"အဆင်ပြေပါတယ်၊ ဘာတွေပဲဖြစ်ဖြစ် ငါ့ရဲ့ ချင်ချိုးမြေခွေးဘုံက မင်းဘက်မှာပဲ ရပ်တည်ပေးသွားမှာ သေချာတယ်၊ ဒါက မင်းကိုပေးတဲ့ ငါ့ရဲ့ကတိပဲ"
ရွှယ်အန်း ဟူယွဲ့ကို လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများလည်း ဖြည်းညှင်းစွာ နွေးထွေးမှုများထုံလွှမ်းလာပြီး ပြုံးလိုက်သည်။
"မင်းရဲ့ ဒီကိုယ်ပွားက အချိန်မရွေး ပြိုကွဲသွားနိုင်တော့ ထွက်သွားပြီလို့တောင် ငါထင်နေတာ"
ဟူယွဲ့ ပခုံးတွန့်လိုက်သည်။
"မင်းကံကြမ္မာစွမ်းအင်ကို စုပ်ယူတာက ဆူညံလွန်းလို့ ဒီက ကောင်းကင်တာအိုတောင် မဖုံးကွယ်နိုင်ရင် စကြာဝဠာပေါင်းစုံက အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ယောက်များ ဆင်းသက်လာမှာစိုးတာနဲ့ ငါဒီမှာ ခဏစောင့်နေလိုက်တာ၊ အခု မင်း ကျင့်ကြံတာကနေ ထွက်လာပြီဆိုတော့ ငါသွားသင့်ပြီ"
"အဲ့လောက် မြန်မြန်ပြန်တော့မှာလား"
ဟူယွဲ့က ခါးသီးစွာပြုံးပြီး ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ အကြီးအကဲက ငါ့ကိုရှာဖို့ အစောင့်အရှောက်တွေ အများကြီး လွှတ်ထားတာ၊ ဟူရွှယ်ရှားကလည်း သတင်းပြန်ပို့ဖို့ သွားနှင့်ပြီ၊ ဘာတွေဖြစ်နေလဲဆိုတာ ငါပြန်သွားကြည့်ရမယ်၊ ပြီးတော့ ကောင်မလေးတစ်ယောက်ကို ပြန်အသက်သွင်းဖို့ နည်းလမ်းရှာဖို့လည်း စီစဉ်ထားလို့လေ"
"မင်းအမြဲဆောင်ထားတဲ့ ဝိညာဉ်အစအနလား"
ရွှယ်အန်း မေးလိုက်သည်။
ဟူယွဲ့ကခေါင်းညိတ်သည်။
"သူ့နာမည်က အားပေါင်လေ"
ရွှယ်အန်း သူ့ပခုံးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။
"ဒါဆို ဂရုစိုက်သွားဦး ညီအစ်ကို"
ဟူယွဲ့ ခန္ဓာကိုယ်တစ်ခုလုံး တုန်တက်သွားသည်။
"ဟေး၊ ဒါကြီးက မင်းပုံစံနဲ့ လုံးဝမတူဘူးနော်"
ရွှယ်အန်း ထိုသည်ကိုကြားချိန် ပြုံးလျက် ကျိန်ဆဲလိုက်သည်။
"သွားစမ်းပါကွာ၊ မင်းက ငါ့ဆဲသေးလေးကြားရမှ ပျော်မှာလား၊ သောက်
အရှက်မရှိတဲ့ကောင်ရဲ့"
ဟူယွဲ့ ရယ်လိုက်သည်။
"ရွှယ်အန်း ငါ မင်းကို အဆုံးမဲ့စကြာဝဠာတွေကနေ စောင့်နေမယ်"
ထိုသို့ပြောပြီးနောက် သူ့ကိုယ်ပွားလည်း ပြိုကွဲစပြုလာကာ နတ်ဘုရားအာရုံတစ်ခုသည် ကောင်းကင်တာအိုအလွှာကို ထိုးဖောက်သွားပြီး လျှို့ဝှက်နယ်မြေထဲမှ ပျောက်ကွယ်သွားခဲ့သည်။
ရွှယ်အန်းသည် ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်လျက် ခပ်ရေးရေးပြုံးလိုက်ပြီး မြေပြင်ပေါ်ကို ဆင်းသက်လာခဲ့သည်။ လျို့ခယ့်ခယ်နှင့် လျန်ယွင်ထင်တို့အပါအဝင် တခြားသူများအားလုံး သူ့ဆီ ဝိုင်းအုံလာကြသည်။ ဟွာယို့အန်းလည်း ရှိသော်လည်း ရှောင်ရွှေနှင့် လူတချို့တော့ မရှိကြပေ။
"စီနီယာ၊ စစ်သူကြီးနဲ့ အရာရှိတွေက ရှေးဟောင်းလူသားတိုင်းပြည်ကို ပြန်သွားကြပါပြီ"
ဟွာယို့အန်း၏ မျက်နှာပေါ်တွင် လက်စားချေလိုက်ရသောကြောင့် ကျေနပ်နေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ ရွှယ်အန်း ကျင့်ကြံနေချိန် ဟူယွဲ့သည် နေရာကို စောင့်ကြပ်ပေးခဲ့ပြီး မိစ္ဆာမျိုးနွယ် တောင်တန်းရှိ မိစ္ဆာအုပ်စုကို လူစုခွဲပေးခဲ့သည်။
၎င်းတို့နှင့်အတူ ထွက်သွားကြသူများမှာ ရှောင်ရွှေ့နှင့် သူ့ သံချပ်ကာစစ်သည်တော်အုပ်စုဖြစ်သည်။
မျိုးနွယ်ပေါင်းစုံ ညီလာခံ သတင်းမှာ လျှို့ဝှက်နယ်မြေတစ်ခုလုံး ပျံ့နှံ့သွားပြီး ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
လူသားမျိုးနွယ်ကို အဆုံးမရှိ ဖိနှိပ်ခဲ့ကြသော ဂိုဏ်းများအားလုံးနှင့် မိသားစုများမှာ ကြောက်လွန်းသောကြောင့် အိပ်လို့ပင်မပျော်နိုင်ဖြစ်နေပြီး လူသားမျိုးနွယ်၏ အစွမ်းထက်ပုဂ္ဂိုလ် ကျင့်ကြံနေတုန်း အခွင့်အရေးကိုယူကာ ထွက်ပြေးချင်နေကြသည်။
ဥပမာအားဖြင့် ရှေးဟောင်းလူသားတိုင်းပြည်ကို မျိုးနွယ်စုပေါင်းစုံ ညီလာခံ မတက်ရောက်နိုင်အောင် ခြိမ်းခြောက်ခဲ့သော ဝံပုလွေလူသားတိုင်းပြည်ပင်ဖြစ်သည်။
သို့သော် ထိုလူများသည် ရှောင်ရွှေမှာ ရှေးဟောင်း လူသားတိုင်းပြည်ကို ပြန်ရောက်နေနှင့်ပြီဆိုတာ မမျှော်လင့်ထားကြသောကြောင့် တစ်မိသားစုပြီးတစ်မိသားစု လက်စားချေခြင်းကိုခံခဲ့ရသည်။
အရင်က သူတို့ ဘယ်လောက်ပဲ ကြောက်စရာကောင်းခဲ့ပါစေ...
သံချပ်ကာစစ်သည်တော်များ၏ တိုက်ခိုက်မှုအောက်တွင် ခုခံနိုင်စွမ်းမရှိဘဲ ခြွင်းချက်မရှိ အသတ်ခံခဲ့ရသည်။
ဝံပုလွေလူသားတိုင်းပြည်ဆိုပါက မျိုးတုံးရသော ကံကြမ္မာနှင့်တောင် အဆုံးသတ်ခဲ့ရသည်။ ဤသို့ကိစ္စများသည် ယခင်က ပြင်းထန်စွာ ဖိနှိပ်မှုခံခဲ့ရသော ဟွာယို့အန်းကို မကျေနပ်စေဘဲ နေမည်နည်း။
ရွှယ်အန်းက ထိုသတင်းကိုကြားသောအခါ ရယ်သာရယ်လိုက်သည်။
ယခုအခါ လောကအားလုံး ကံကြမ္မာမှာ သူ့အပေါ် စုစည်းနေပြီဖြစ်သောကြောင့် လူသားမျိုးနွယ် တောက်ကလာမည်ကို မည်သူမှ တားဆီးနိုင်မှာ မဟုတ်တော့သောကြောင့် သူခိုးအချို့ကိုတော့ စိတ်ပူရန် မလိုတော့ပေ။ လူသားမျိုးနွယ်၏ ပန်းတိုင်မှာ ဤကမ္ဘာငယ်လေးထဲတွင် မသေရုံတမယ် ရှင်သန်နိုင်ဖို့မဟုတ်ပဲ ကျယ်ပြောလှသော ကြယ်ပင်လယ်ကြီးတွင် ကျော်ကြားဖို့ဖြစ်သည်။
ထိုအရာများအား နောင်တွင် စီစဉ်ရမည့် ကိစ္စများပင်ဖြစ်သည်။
မကြာသေးခင်ကမှ ရွှယ်အန်း၏ စိတ်သည် မတည်မငြိမ်ဖြစ်လာကာ ကမ္ဘာမြေပေါ်တွင် တစ်ခုခု ထပ်ဖြစ်လာမည်ကို စိုးရိမ်နေမိသည်။ ထို့ကြောင့် ဤကမ္ဘာကိစ္စများကို အကြမ်းဖျင်း ဖြေရှင်းပြီးသည်နှင့် ကမ္ဘာမြေကို ပြန်ရန်ပြင်ဆင်ရမည်။ လျို့ခယ့်ခယ်နှင့် လျန်ယွင်ထင်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး အနည်းငယ် ရှက်ကိုးရှက်ကန်းနှင့် ရှေ့ကို တိုးလာကာ မေးလိုက်သည်။
"ဆရာ"
"စီနီယာ"
"ကျွန်မတို့နှစ်ယောက်လုံး ဆရာနဲ့အတူ လိုက်လို့ရမလား"
ထိုသည်ကိုကြားသောအခါ ရွှယ်အန်းက ရယ်လိုက်သည်။
"မင်းတို့နှစ်ယောက် လောလောဆယ် ဒီမှာပဲ အခြေအနေတွေကို စီမံခန့်ခွဲနေလိုက်ပါ၊ ငါက ပြန်ပြီး ကြည့်ရုံပဲ၊ ပြီးတော့ နောက်ဆိုရင် လျှို့ဝှက်နယ်မြေကနေ ကမ္ဘာမြေကိုသွားဖို့ လမ်းပွင့်သွားမှာဆိုတော့ အဝင်အထွက်လုပ်ရတာ အရမ်းအဆင်ပြေသွားလိမ့်မယ်"
ရွှယ်အန်း စကားပြောနေစဉ် သူ့မျက်ခွံများလှုပ်ခတ်သွားသည်ကို ခံစားလိုက်ရပြီး ပြင်းထန်သော နိမိတ်တစ်ခုမှာ သူ့နှလုံးသားထဲကို စီးဝင်လာခဲ့သည်။
အဲ့တာ အန်းယန်ကြောင့်ပဲ...
ရွှယ်အန်း၏ မျက်နှာအမူအရာ ခဏတာ ခဲသွားပြီးနောက် ပြင်းထန်သော သတ်ဖြတ်ခြင်းအငွေ့အသက်များမှာ ကောင်းကင်ပေါ်သို့ကို ထိုးတက်သွားပြီး နယ်မြေတစ်ခုလုံးကို တုန်ခါသွားစေသည်။ လျို့ခယ့်ခယ်နှင့် တခြားသူများ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြပြီး ရွှယ်အန်း၏ တည်ကြည်သော မျက်နှာကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။ ရွှယ်အန်းက အချိန်မဆွဲတော့ဘဲ သူ့လက်ကို လေထဲ ဝှေ့ယမ်းကာ ဟင်းလင်းပြင်ကို တိုက်ရိုက် ခွဲဖွင့်ထုတ်လိုက်ပြီး လျှို့ဝှက်နယ်မြေထဲမှ ပျောက်ကွယ်သွားခဲ့သည်။
မိန်းမနဲ့ သမီးတို့… ဖေဖေ့ကို စောင့်နေနော်။
သမီးတို့ရဲ့ ဆံခြည်တစ်မျှင်ကိုတောင် ထိခိုက်ဖို့ ကြံရဲတဲ့သူ ရှိရင်...
ဖေဖေ အဆုံးစကြာဝဠာတစ်ခုလုံးကို ဆွဲဖြဲပစ်မယ်