← Chapters

ကောင်းကင်နဂါးမျိုးနွယ်ရဲ့ တတိယသခင်လေး

Vol. 44 Ch. 652

ကောင်းကင်နဂါးမျိုးနွယ်ရဲ့ တတိယသခင်လေး

Vol. 44 Ch. 652

ချင်းမန်မြို့..

ကမ္ဘာကြီးထဲတွင် ပရမ်းပတာအခြေအနေများ ကျရောက်လာချိန်မှ တစ်ချိန်က အေးချမ်းတိတ်ဆိတ်နေခဲ့သော ဤမြို့ငယ်လေးတွင် မတည်မငြိမ်မှုများကြောင့် မအေးချမ်းတော့ပေ။ ထွက်သွားနိုင်သော နည်းလမ်းရှိသူများသည် ထွက်ပြေးသွားကြပြီးဖြစ်ပြီး တစ်နေ့ပြီးတစ်နေ့ ရှင်သန်နေထိုင်ကြရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိသော ဆင်းရဲနွမ်းပါးသူများသာ ကျန်ရစ်ခဲ့သည်။

သို့သော် မမျှော်လင့်စွာ အချိန်အတော်ကြာသည်အထိ ချင်းမန်မြို့မှာ ဘေးမသီရန်မခဘဲ ရှိနေခဲ့သည်။ နတ်ဘုရားများနှင့် မိစ္ဆာများသည် ဤမြို့ငယ်လေးကို တမင်တကာ မေ့ထားသကဲ့သို့ပင် မြို့အနားမှ ဖြတ်သွားသောသူများပင် မြို့ကိုရှောင်ကွင်း၍ သွားလာကြသည်။

ထိုအဖြစ်ကြောင့် မြို့သူမြို့သားများ မျက်ရည်ကျမတတ် ကျေးဇူးတင်စေမိပြီး ဒေသခံစောင့်နတ်တစ်ပါး သို့မဟုတ် တခြားနတ်တစ်ပါးပါးသည် ချင်မန်မြို့ကို ကာကွယ်ပေးနေသည်ဟု ယုံကြည်သွားကြသည်။

...

ထိုစကားများကိုကြားသော် ရှောင်ရှက မထီမဲ့မြင်အမူအရာနှင့် နှာခေါင်းရှုံ့လိုက်သည်။

"ဒီမြို့ကို ငါ့ရဲ့နဂါးအရှိန်အဝါနဲ့သာ မကာကွယ်ထားရင် အဲ့ဒီနတ်ဘုရားတွေနဲ့ မိစ္ဆာတွေက ဒီမြို့ကို ချမ်းသာပေးမယ်ထင်နေလား၊ အခုတော့ သူတို့က နတ်ဘုရားတွေကို ကျေးဇူးတင်နေကြတယ်၊ တကယ့်ကို ငတုံးအုပ်စုပဲ"

အန်းယန်သည် ရှောင်ရှ ညည်းညူသံကို ကြားသောအခါ ပြုံးလိုက်မိသည်။

"ဒီလူတွေက နင် ရှိနေတာကို မသိကြဘူးလေ၊ ပြီးတော့ နင်ကရော တစ်နေ့လုံး ယဇ်ပလ္လင်ပေါ်မှာထိုင်ပြီး အဲ့လူတွေရဲ့ ကိုးကွယ်ပူဇော်မှုနဲ့ အမွှေးတိုင်မီးခိုးငွေ့တွေကို ခံချင်လို့လား"

ရှောင်ရှသည် အန်းယန် စကားကို စဉ်းစားကာ သူ့ကိုယ်သူ ယဇ်ပလ္လင်ပေါ်တွင် ထိုင်ကာ နေ့စဉ်နေ့တိုင်း အမွှေးတိုင် မီးခိုးငွေ့များကြားတွင် ကြက်ကင်တစ်ကောင်ပင် မစားရသောဘဝကို မြင်ယောင်လျက် ကြက်သီးမွေးညင်းများထသွားကာ ခေါင်းကို အကြိမ်ကြိမ် ခါယမ်းလိုက်သည်။။

"အဲ့လိုမျိုး လုံးဝမလိုချင်ဘူး"

"တွေ့လား... တကယ်တော့ ဒီလိုအခြေအနေက မဆိုးပါဘူး၊ မင်းက ဒီနေရာကို အေးအေးချမ်းချမ်းဖြစ်အောင် ကာကွယ်ပေးတယ်၊ သူတို့က သူတို့စိတ်ထဲမှာ နတ် ဘုရားတွေကို ကျေးဇူးတင်ကြတယ်၊ တစ်ဖက်နဲ့တစ်ဖက် အနှောင့်အယှက်မပေးကြဘူးပေါ့"

ရှောင်ရှလည်း ထိုစကားမှာ အတန်ငယ် ကျိုးကြောင်းဆီလျော်သည်ဟု တွေးလိုက်မိသည်။

မကြာသေးမီတွင် အန်းယန်သည် ဟိုတယ်မှာသာ နေထိုင်ပြီး သူ့ညီမ အန်းချင်ကို အနားကမခွာဘဲ အဆက်မပြတ် စောင့်ရှောက်နေခဲ့သည်။ အန်းချင်သည် အိပ်ပျော်နေဆဲဖြစ်သော်လည်း ၎င်း ခန္ဓာကိုယ်ပေါ်ရှိ ပိုးအိမ်လွှာသည် နေ့တိုင်း ကြီးထွား ပြောင်းလဲနေသည်ကို သူမ သတိပြုမိလိုက်သည်။ ထိုသည်မှာ ကောင်းသည်ဆိုးသည်ကို အန်းယန်မသေချာသော်လည်း အနည်းဆုံးအနေဖြင့် အန်းချင်မသေသေးကြောင်းပြနေသောကြောင့် သူမ အတန်ငယ်စိတ်အေးခဲ့ရသည်။

လမ်းများပြတ်တောက်၍ အရာရာတိုင်း ပရမ်းပတာဖြစ်နေသောကြောင့် ခရီးသွားဧည့်သည်များလည်း လုံးဝမလာတော့သောကြောင့် ဟိုတယ်ကိုလည်း ပိတ်ထားလိုက်ရသည်။ ရွှယ်လန်သည်မူ အန်းယန်နောက်ကို နေ့တိုင်းလိုက်ကာ မိစ္ဆာများရန်မှကာကွယ်ရန် ပတ်ဝန်းကျင်ကို ကင်းလှည့်ပေးနေသည်။

မူလတွင် အရာအားလုံးသည် အေးချမ်းနေခဲ့သည်။ သို့သော် တစ်နေ့တွင် ကားအချို့ ရောက်ရှိလာမှုမှာ မြို့လေး၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည့်အလားဖြစ်သည်။

Hummer အမျိုးအစား ကား ခုနစ်စီး၊ ရှစ်စီးပါသော ကားတန်းကြီးသည် မြို့အဝင်ဝတွင် ချထားသည့် လမ်းပိတ်အတားအဆီးများကို မောက်မာစွာ ၀င်တိုက်သွားပြီး မြို့လယ်ရင်ပြင်ထဲကို မောင်းဝင်လာခဲ့သည်။

အင်ဂျင်သံများ၏ဆူညံမှုသည် လူအများ အာရုံကို ဆွဲဆောင်နိုင်ခဲ့သော်လည်း ဘယ်သူမှ အပြင်ထွက်ကြည့်၀ံ့သူမရှိချေ။

ထိုစဉ် ရှေ့ဆုံးမှ ကားတံခါးပွင့်လာပြီး ဝတ်စုံပြည့်၀တ်ထားကာ ဆံပင်ကို သပ်ရပ်စွာဖီးလိမ်းထားသော အမျိုးသားတစ်ယောက်သည် ကားပေါ်မှ အလျင်အမြန်ဆင်းလာကာ အလယ်ရှိ ကားဆီကို ပြေးသွားပြီး တံခါးကို ရိုသေစွာ ဖွင့်ပေးလိုက်သည်။ ထိုထဲမှ မျက်လုံးထောင့်များသည် အပေါ်သို့ ကော့တက်နေကာ မောက်မာထောင်လွှားပုံရသော လူငယ်တစ်ယောက်သည် တဖြည်းဖြည်း ဆင်းလာပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ အေးစက်စက် ပြုံးလိုက်သည်။

"တကယ်ပဲ ဒီနေရာမှာ နဂါးအရှိန်အဝါ ရှိနေတာပဲ၊ ဒါပေမဲ့ ဒီနဂါးအရှိန်အဝါက အရမ်းကို ဖရိုဖရဲဖြစ်လွန်းတယ်၊ သွေးနှောနဂါးတစ်ကောင်ဆီက ဖြစ်ရမယ်"

ထို့နောက် သူသည် ဆံပင်သပ်ရပ်စွာဖီးထားသော အမျိုးသားဘက်ကို လှည့်ကြည့်ပြီး မေးလိုက်သည်။

"ဒါ မင်းပြောတဲ့ ရွှယ်အန်းရဲ့ ဇာတိမြို့လား"

ဆံပင်သပ်ရပ်စွာဖီးထားသော အမျိုးသားသည် အလျင်စလို ခေါင်းညိတ်ပြလာသည်။

"ဟုတ်ပါတယ် လုံရှ၊ ဒါ ရွှယ်အန်းရဲ့ ဇာတိမြို့ပါ၊ သူ့မိန်းမနဲ့ ကလေးတွေ အခုဒီမှာနေနေပါတယ်"

လုံရှက ခေါင်းအသာညိတ်လိုက်သည်။

"မင်းရဲ့သတင်းအချက်အလက်က တိကျတဲ့ပုံပဲ၊ ဒီဟာကသွေးနှောနဂါးတစ်ကောင် ဖြစ်နေပေမယ့် အဖိုးကတော့တန်နေတုန်းပဲ၊ ဒါနဲ့ မင်း အဲ့ရွှယ်အန်းကို တော်တော်မုန်းတဲ့ပုံပဲ"

ဆံပင်သပ်ရပ်စွာဖီးထားသော အမျိုးသားသည် ခေါင်းငုံ့လိုက်ပြီး သူ့မျက်လုံးထဲတွင် အလွန်အမင်း နာကြည်းမုန်းတီးမှုများ တောက်လောင်နေသည်။

"လုံရှ အဲ့တုန်းက ရွှယ်အန်းက မောက်မာပြီး လူပုံအလယ်မှာ ကျွန်တော့်ကို သတ်ဖို့ တောင်းဆိုခဲ့တယ်၊ ကျွန်တော့်အဖေက ကျွန်တော့်အသက်ကိုကယ်ဖို့ တန်ဖိုးကြီးတဲ့ ဂျင်ဆင်းတစ်ပင်ကို ဆက်သခဲ့ရတယ်၊ အဲ့ဒီနောက်မှာ ကျွန်တော့်လင်မိသားစုက ချင်းယွီဆိုတဲ့ ခွေးမရဲ့ အကြိမ်ကြိမ် ပစ်မှတ်ထားတာကို ခံရလို့ နောက်ဆုံးမှာ ဒေဝါလီခံရပြီး ပြိုလဲသွားခဲ့တယ်၊ ကျွန်တော့်အဖေက အဲ့တာကြောင့် စိတ်ဓာတ်ကျပြီး သေဆုံးသွားခဲ့တယ်၊ ဒီကိစ္စတွေအားလုံးအတွက် ဒီရွှယ်အန်းမှာ တာဝန်ရှိတယ်၊ ကျွန်တော် သူ့ကို ဘယ်လိုလုပ် မမုန်းဘဲနေနိုင်မလဲ"

မှန်သည်…

ဆံပင်ကို သပ်ရပ်စွာဖီးထားသော မျက်နှာ ပြင်ထားသော ထိုအမျိုးသားသည် တစ်ချိန်က ရွှယ်အန်း ဆုံးမခြင်းကို ခံခဲ့ရဖူးသော လင်မိသားစု သခင်လေး လင်ဖုန်းဖြစ်သည်။

ထိုအချိန်တွင် ရွှယ်အန်းသည် ပြန်လည်မွေးဖွားခါစဖြစ်ပြီး လမ်းတွင် သူနှင့် မတော်တဆ ဆုံတွေ့ခဲ့သည်။

ထို့နောက် လင်ဖုန်း လှောင်ပြောင်မှုများကြောင့် ရွှယ်အန်း ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး လင်မိသားစုလည်း ပျက်စီးခြင်းကို ဦးတည်သွားခဲ့သည်။

သို့သော် လင်ဖုန်းသည် ပေ့ကျန်းမှ ထွက်မသွားခဲ့ဘဲ လက်စားချေရန် အခွင့်အရေးကိုစောင့်ကာ ပုန်းအောင်းနေခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ ချင်းမိသားစု အာဏာသည် ပိုလို့ပင် ကြောက်စရာကောင်းလာခဲ့ပြီး ရွှယ်အန်း နာမည်ဂုဏ်သတင်းလည်း မိုးထိုးအောင် ကျော်ကြားလာခဲ့သည်။

ရွှယ်အန်းအကြောင်းမှာ ပိုလို့ပင် ဒဏ္ဍာရီဆန်လာသောကြောင့် လင်ဖုန်းမှာ မျှော်လင့်ချက်မဲ့နေရသည်။

သို့သော် သူ ဤဘဝတွင် လက်စားချေဖို့ မဖြစ်နိုင်တော့ဘူး ထင်နေချိန်မှ ကောင်းကင်နှင့်မြေကြီး၏ ရုတ်တရက်ပြောင်းလဲမှုများကြောင့် နတ်ဘုရားများနှင့် မိစ္ဆာများ လောကထဲကို ဆင်းသက်လာခဲ့ကြသည်။

လင်ဖုန်းလည်း အလွန်အမင်း ဝမ်းသာသွားပြီး တွန့်ဆုတ်မနေတော့ဘဲ အကြံအစည်များကို စတင်ခဲ့ကာ သူသည် နဂါးမျိုးနွယ်၏ ထင်ရှားသော သခင်လေးနှင့် သိကျွမ်းသွားခဲ့သည်။

ထိုနဂါးသခင်လေး၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားသည် လင်ဖုန်းကို ပျော်ရွှင်စေခဲ့ပြီး ရွှယ်အန်းကို လက်စားချေလိုသော သူ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ သို့သော် လင်ဖုန်း စုံစမ်းကြည့်သောအခါ ရွှယ်အန်းသည် နှစ်စကတည်းက ပျောက်ဆုံးနေ ၍ သူ့ဆီမှ မည်သည့်သတင်းမှ မကြားရဘူးဟု သိလိုက်ရသည်။

သို့သော် ရွှယ်အန်း၏ ဇနီးနှင့် ကလေးများမှာ ချင်မန်မြို့တွင် ရှိနေကာ ထိုနေရာတွင် အလွန်အမင်း အစွမ်းထက်သော အစောင့်တစ်ယောက်လည်း ရှိနေသည်ဆိုတာ သူလိုက်ရသည်။

ထို့ကြောင့် အဆုံးတွင် လင်ဖုန်း၏ ဖော်လံဖားယားလုပ်မှုများကြောင့် ဤနဂါးမျိုးနွယ် သခင်လေးမှာ သူ့နောက်ကို လိုက်လာခဲ့သည်။ ထိုအချိန်တွင် နဂါးသခင်လေးသည် ပတ်၀န်းကျင်ကို ဝေ့ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်တွင် အေးစက်သော လှောင်ပြုံးတစ်ခု ပေါ်လာကာ သူ့မျက်လုံးများမှာ ရုတ်တရက် တောက်ပလာပြီး အားပြင်းလှသော ဖိနှိပ်နိုင်စွမ်းရှိသည့် အရှိန်အဝါတစ်ခု သူ့ပတ်ပတ်လည်တွင် ပျံ့နှံ့ထွက်ပေါ်လာသည်။

တစ်ချိန်တည်းပင် ဟိုတယ်အခန်းထဲတွင် ကြက်ကင်စားနေသော ရှောင်ရှားသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။။

"သခင်ရှောင်ရှ ဘာဖြစ်လို့လဲ" ရှောင်ယွီက စိုးရိမ်တကြီး မေးလိုက်သည်။

ရှောင်ရှ၏ မျက်နှာအမူအရာမှာ အလွန် တင်းမာနေသည်။

"သခင်မနဲ့ သခင်မလေးနှစ်ယောက်ကို ဘယ်လိုနည်းနဲ့မှ အပြင်ထွက်ခွင့်မပေးနဲ့"

သူ ထိုသို့ပြောပြီးနောက် အခန်း မှန်ပြတင်းပေါက်မှ တစ်ဆင့်ထွက်သွားကာ ချက်ချင်းပင် ရင်ပြင်အထက်ကောင်းကင်ယံကို ရောက်ရှိသွားသည်။

ရှောင်ရှ ရောက်လာသောကြောင့် နဂါးသခင်လေးလည်း အနည်းငယ် အံ့အားသင့်သွားကာ ကျေနပ်နေသောအမှုအရာနှင့် သူ၏ မောက်‌မာထောင်လွှားသော အပြုံးကိုသာ ပြန်ဆင်မြန်းလိုက်သည်။

"ငါ ထင်သလိုပဲ ဒေသခံ ရေနဂါးတစ်ကောင်ကနေ အသွင်ပြောင်းလာတာကိုး" နဂါးသခင်လေးက ပြောလိုက်သည်။

"မင်း ဘယ်သူလဲ၊ ချင်းမန်မြို့ကို ဘာလာလုပ်တာလဲ" ရှောင်ရှလည်း အေးစက်စွာ မေးလိုက်သည်။

နဂါးသခင်လေးမှာ ခပ်ဖွဖွရယ်မောကာ ခေါင်းခါလိုက်ပြီးနောက် သူ့မျက်လုံးများသည် ရုတ်တရက် နဂါးမျက်လုံးများအဖြစ် ပြောင်းလဲသွား၍ သြဇာအာဏာပြည့်လှသော လေသံဖြင့် ပြောလိုက်သည်။

"ငါက ကောင်းကင်နဂါးမျိုးနွယ်ရဲ့ တတိယသခင်လေးပဲ၊ အဆင့်နိမ့်နဂါး... မင်း ငါ့ကို အခုထိ ဒူးမထောက်သေးဘူးလား"

ထိုအမိန့်စကားနှင့်အတူ...

ရှောင်ရှ ခန္ဓာကိုယ်တစ်ခုလုံးကို ကြီးမားသော ဖိအားတစ်ခု ကျဆင်းလာကာ သူမလည်း မြေပြင်ပေါ်သို့ တဖြည်းဖြည်းနိမ့်ကျလျက် ဒူးများလည်း အလိုလို ကွေးညွှတ်ချင်လာသည်။

သွေးမျိုးဆက်ရဲ့ ဖိနှိပ်မှုပဲ

ထိုသည်မှာ မိစ္ဆာမျိုးနွယ်များကြားရှိသောအရာတစ်ခုဖြစ်သည်။

မိမိမျိုးရိုးကသာ တခြားတစ်ယောက်ထက် ပိုမြင့်ပြီး အားကောင်းပါက အဆင့်နိမ့် မိစ္ဆာများကို အမိန့်ပေးနိုင်သည်။ သို့သော် ရှောင်ရှသည် ထိုသို့ဖြစ်နေသည့်တိုင် ဒေါသတကြီး ပြောဆဲပင်ဖြစ်သည်။

"ရှင့် ဘာသာ တတိယသခင်လေးဖြစ်ဖြစ်၊ စတုတ္ထသခင်လေးဖြစ်ဖြစ် ကျွန်မ စိတ်မဝင်စားဘူး၊ ကျွန်မ နယ်မြေကို ကျူးကျော်တဲ့ကောင်တွေ သေစမ်း"

ထိုသို့ပြောကာ ရှောင်ရှသည် သွေးမျိုးဆက် ဖိနှိပ်မှုမှ ရုန်းထွက်ပြီးနောက် လုံစန်းဆီကို တည့်တည့် ပြေးဝင်သွားကာ သူ့လက်နှစ်ဖက်ဖြင့် အားကုန်ရိုက်ချလိုက်သည်။

လုံစန်းက အနည်းငယ် အံ့ဩသွားသည့် ပုံဖြင့် စိတ်၀င်တစားကြည့်လာသည်။

"မင်းက ငါ့ရဲ့ဖိနှိပ်မှုကနေ ရုန်းထွက်နိုင်တယ်ပေါ့၊ မင်းရဲ့မျိုးရိုးက စိတ်ဝင်စားစရာကောင်းသားပဲ၊ ဒါပေမဲ့... ဒီလောက်ပါပဲ"

ထိုသို့ပြောရင်း လုံစန်းက သူ့လက်ကို ခပ်သာသာလေး ဝှေ့ယမ်းလိုက်သည်။ ရှောင်ရှသည် သူ့အား ကြီးမားသော အားတစ်ခု လာရိုက်ခတ်သကဲ့သို့ ခံစားလိုက်ရ၍ လေထဲတွင် လွင့်ထွက်သွားကာ အဆောက်အအုံတစ်ခုနှင့် ဝင်တိုက်မိတော့မလို ဖြစ်သွားသည်။

ထိုစဉ် သူ့နောက်မှ လက်တစ်ဖက်သည် ဖမ်းထိန်းပေးလာသည်။

"ရှောင်ရှ အဆင်ပြေရဲ့လား"

သူ့နားတွင် နူးညံ့သော အမျိုးသမီးအသံတစ်သံ ထွက်ပေါ်လာသည်။

ရှောင်ရလည်း လှည့်ကြည့်လိုက်သည်။

ထိုသည်မှာ အန်းယန်ဖြစ်သည်။

"သခင်...သခင်မ... ဘာလို့ ထွက်လာတာလဲ" ရှောင်ရှ အလွန်ထိတ်လန့်သွားသည်။

လုံစန်းသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အားကြီးသဖြင့် ရှောင်ရှပင် သူ့ကို မယှဉ်နိုင်ချေ။ ယခုအခါ အန်းယန် ပေါ်လာသောကြောင့် သူမအပေါ် အန္တရာယ်ကျရောက်နိုင်သည်။

အန်းယန်က ပြုံးလိုက်ပြီးနောက် စကားပြောရန် ဟန်ပြင်လိုက်သည်။ ထိုစဉ် လင်ဖုန်းသည် လုံစန်း ဘေးနားကို တဖြည်းဖြည်း ချဉ်းကပ်လာကာ ကောင်းကင်ပေါ်ရှိ အန်းယန်ကို လက်ညှိုးထိုးလျက် ပြောလိုက်သည်။

"နဂါးသခင်လေး အဲ့ဒီမိန်းမက ရွှယ်အန်းရဲ့ ဇနီးပဲ"

လုံစန်းသည် အလွန်အမင်း လှပသော အန်းယန်ကို ကြည့်လျက် သူ့မျက်လုံးထဲတွင် အံ့ဩမှုနှင့်အတူ တပ်မက်မှုများ ပြည့်နှက်သွားသည်။

All Chapters