← Chapters

နဂါးချုပ်နှောင်မန္တန်

Vol. 44 Ch. 653

နဂါးချုပ်နှောင်မန္တန်

Vol. 44 Ch. 653

"စိတ်ဝင်စားစရာပဲ၊ သာမန်လောကမှာ ဒီလောက် လှတဲ့အမျိုးသမီးကို တွေ့ရလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး"

လုံစန်းသည် နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ သူ့တပ်မက်နေမှုမှာ အသံထဲတွင် အထင်းသားထင်ဟပ်နေသည်။

နဂါးများသည် ပင်ကိုသဘာဝအရ ရာမက်ကြီးကြလေသည်။ ထို့အပြင် သူက ကောင်းကင်နဂါးမျိုးရိုးပါရှိသည့် အစွမ်းထက်နဂါးမျိုးနွယ်မှ ဖြစ်သောကြောင့် အလှအပအပေါ် သူ့ တပ်မက်မှုသည် ပို၍ပင် ကြီးမားလှသည်။

အန်းယန်က မျက်မှောင်ကြုတ်လိုက်သည်။ လုံစန်း၏ အမူအရာနှင့် စကားလုံးများသည် သူမကို မသက်မသာဖြစ်စေသည်။

"ရှင်တို့က ဘယ်သူတွေလဲ၊ ချင်မန်မြို့ထဲကို ဘာလို့ ကျူးကျော်ဝင်ရောက်ပြီး ရှောင်ရှကို ဒဏ်ရာရအောင် လုပ်တာလဲ"

လုံစန်း စကားမပြောခင် လင်ဖုန်းသည် လှောင်ပြုံးပြုံးလျက် ပြောလာသည်။

"အမျိုးသမီးအန်း ဒီပုဂ္ဂိုလ်က ကောင်းကင်နဂါးမျိုးနွယ်က သခင်လုံစန်းပဲ၊ ကျွန်တော်ကတော့ ခင်ဗျားရဲ့ခင်ပွန်း ရွှယ်အန်းနဲ့ နှစ်ပေါင်းများစွာက သူငယ်ချင်းဟောင်းဖြစ်ခဲ့တဲ့သူပါ"

...

လင်ဖုန်းသည် "သူငယ်ချင်းဟောင်း" ဆိုသော စကားကိုပြောသောအခါ တမင်တကာ လေးနက်စွာပြောလိုက်သဖြင့် သူ့မျက်နှာပေါ်တွင် ဖုံးကွယ်မရနိုင်သော မုန်းတီးမှုများ ပြည့်နှက်နေသည်။

"ဘာလို့လာကြသလဲဆိုတော့... ဟားဟား၊ ခင်ဗျား ခင်ပွန်း ပျောက်နေတာ တော်တော်ကြာပြီလို့ ကြားတော့ ခင်ဗျား အထီးကျန်နေမှာစိုးလို့ အထူးသီးသန့် လာလည်တာ..."

သူ့စကားမဆုံးခင်ပင် အန်းယန် ဒေါသများ ဆူပွက်လာပြီး မျက်ခုံးများကို တင်းတင်းကြုတ်လျက် အေးစက်စွာ ပြောလိုက်သည်။

"အရှက်မရှိလိုက်တာ"

ထိုသို့ပြောပြီးနောက် သူမသည် လင်ဖုန်းဆီကို ပြေးဝင်သွားကာ ရိုက်ချရန် လက်ကို မြှောက်လိုက်သည်။ ထိုလက်ဖဝါးရိုက်ချက်သာ လင်ဖုန်းကို ထိသွားပါက မသေလျှင်တောင် အကြောသေသွားမည်မှာ သေချာသည်။ သို့သော် ထိုအချိန်၌ လုံစန်းသည် သူ့လက်ကို သာမာန်လျှံကာ ဝှေ့ယမ်းလိုက်သည်။

အန်းယန်သည် အားပြင်းသော တိုက်ခိုက်မှုတစ်ခု လာနေသည်ကို ခံစားလိုက်ရပြီး ရွေးချယ်စရာမရှိသောကြောင့် သူမ ခန္ဓာကိုယ်ကို တွန့်ကွေးလျက် ထိုရိုက်ချက်ကို ရှောင်တိမ်းလိုက်သည်။

လုံစန်း ပြောလာသည်။

"ဒီလောက်နူးညံ့ပြီး ချောမောလှပတဲ့အလှကို ဖျက်ဆီးလိုက်ရရင် တကယ့်ကို နှမြောစရာပဲ၊ တကယ်လို့ မင်းသာ လိမ္မာရင် ငါမင်းကို ထိခိုက်အောင်မလုပ်ဘူး၊ ဘာပဲဖြစ်ဖြစ်... ငါက လှပတဲ့မိန်းမတစ်ယောက်ကို ဘယ်လို တန်ဖိုးထားရမလဲဆိုတာ သိတဲ့သူလေ”

အန်းယန်၏ မျက်လုံးများထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး စကားတစ်ခွန်းပင် ပြန်မပြောတော့ဘဲ တိုက်ခိုက်တော့သည်။ ကောင်းကင်ပေါ်ရှိ ရှောင်ရှလည်း သူ့သခင်မအပေါ် မလေးမစားပြုမှုသည်ကို မြင်သောအခါ သည်းမခံနိုင်တော့ဘဲ အလွန် ဒေါသထွက်နေသည်။ ရှောင်ရှအတွက် ထိုသည်မှာ သေရခြင်းထက်ပင် မခံမရပ်နိုင်ဖြစ်ရသည်။

ထို့ကြောင့် သူလည်း တွန့်ဆုတ်မနေဘဲ တိုက်ပွဲထဲကို ဝင်ရောက်လာသည်။

လူတစ်ယောက်နှင့်နဂါးတစ်ကောင်တို့ ပူးပေါင်းကာ ကောင်းကင်နဂါးမျိုးနွယ်၏ သခင်လေးကို တိုက်ခိုက်ကြသည်။ လုံစန်းသည် ထိုပူးပေါင်းတိုက်ခိုက်မှုကို ထိတ်တိုက်ရင်ဆိုင်လျက် ခပ်ဟဟရယ်လိုက်သည်။

"အသုံးမကျလိုက်တာ၊ ငါ ငြိမ်ငြိမ်လေးရပ်နေရင်တောင် မင်းတို့ငါ့ကို အနိုင်တိုက်နိုင်မှာ မဟုတ်ဘူး"

ထိုသို့ပြောနေရာမှာ လုံစန်း အရေပြားပေါ်တွင် ရွှေရောင်အလင်းတောက်နေသော နဂါးအကြေးခွံတစ်လွှာ ပေါ်ထွက်လာသည်။

ဘုန်း!

အန်းယန်၏ လက်ဖဝါးသည် လုံစန်း ခေါင်းထိပ်ကို ရိုက်လိုက်မိသော်လည်း သူ့ကို လုံးဝမလှုပ်ရှားသွားစေဘဲ သူမသာ အနောက်သို့လွင့်စင်သွားသည်။ ရှောင်ရှလည်း ထိုနည်းတူပင်ဖြစ်သည်။ သူ့ ကန်ချက်သည် လုံစန်းကျောပေါ်ကို ကျရောက်သွားသော်လည်း သူသာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည်။

လုံစန်းက ကျေနပ်နေသည့်ဟန်ဖြင့် မောက်မာစွာပြောလာသည်။

"ငါပြောသားပဲ၊ မင်းတို့က ငါ့ပြိုင်ဘက်မဟုတ်ဘူးလို့၊ အခုထဲက အရှုံးပေးလိုက်တာ ပိုကောင်းမယ်"

အန်းယန် မျက်နှာအမူအရာသည် ရေကဲ့သို့ ငြိမ်သက်နေကာ သိုလှောင်လက်စွပ်ထဲမှ ဒယ်ပြားတစ်ချပ်ကို ထုတ်လိုက်သည်။ လုံစန်းက စစချင်း ကြောင်အသွားသော်လည်း ကျယ်လောင်စွာ မရယ်မောဘဲမနေနိုင်တော့ပေ။

"မင်း ဒယ်ပြားကိုတောင် သယ်ထားတယ်၊ ဘာလဲ၊ မင်းငါ့ကို မနိုင်မှန်းတော့ ငါ့ကို ရယ်ရလွန်းလို့ သေသွားအောင် လုပ်မလို့လား"

သူ့စကားမဆုံးခင် အန်းယန်သည် သူ့ဆီကို ပြေးဝင်ဘာပြီး ဒယ်ပြားနှင့် လွှဲရိုက်ချလိုက်သည်။

လုံစန်းက လုံးဝအလေးမထားဘဲ နှာခေါင်းရှုံ့လိုက်သည်။

"အဲ့ဒယ်ပြားနဲ့သာ ငါ့ကို လှုပ်ရှားအောင်လုပ်နိုင်ရင် ဒီနေ့ကစပြီး ငါ့နာမည်လုံစန်းကို ပြောင်းပြန်ရေးလိုက်မယ်"

ဘုန်း

ကျယ်လောင်လှသောအသံနှင့်အတူ မျက်စိကျိန်းလောက်အောင် တောက်ပသော လျှပ်စီးအလင်းများ ထွက်ပေါ်လာသည်။ ယခင်က မထီမဲ့မြင်ပြုနေသော လုံစန်းသည် လေထဲသို့ လွင့်ထွက်သွား၍ သူ့ခန္ဓာကိုယ်တွင် လျှပ်စီးအလင်းများ ရစ်ပတ်လျပ် တဖျစ်ဖျစ်မြည်သံနှင့်အတူ ပြာလဲ့လဲ့မီးခိုးငွေ့များပင် ထွက်ပေါ်နေသည်။

သူ မြေပြင်ပေါ်သို့ ကျမှသာ လျှပ်စီးအလင်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သို့သော် ထိုအချိန်တွင် လုံစန်းသည် ယခင်ကကဲ့သို့ တည်ငြိမ်သောအမူအရာများ ပျောက်ဆုံးသွား၍ သူ့နဂါးအကြေးခွံများလည်း တောက်ပမှုမရှိတော့ဘဲ မီးလောင်ကျွမ်းထားသော အရာများစွာ ထင်ကျန်နေခဲ့သည်။

"ကောင်းကင်မိုးကြိုးကို ထုတ်လွှတ်နိုင်တယ်၊ မင်းလက်ထဲက အဲ့ဒီအရာက ဘာကြီးလဲ"

လုံစန်းသည် အန်းယန်ကို စူးစိုက်ကြည့်ကာ အေးစက်သောအသံနှင့် မေးလိုက်သည်။

အန်းယန်က လက်ကို ထပ်မြှောက်လိုက်သည်။

"ရှင်ပဲပြောတယ်လေ ဒါက ဒယ်ပြားတစ်ချပ်ပဲဆို"

လုံစန်း မျက်နှာအမူအရာအမျိုးမျိုး ပြောင်းလဲသွားပြီမှ ခဏအကြာတွင် ဖြည်းဖြည်းချင်း တည်ငြိမ်မှု ပြန်ရလာကာ လှောင်ပြုံးပြုံးလိုက်သည်။

"ကောင်းပြီလေ၊ ငါအစက မင်းကို ဖြည်းဖြည်းချင်း ညှင်းသတ်မယ်လို့ စဉ်းစားထားတာ၊ ဒါပေမဲ့ မင်းက ဒီလောက်တောင် ကျေးဇူးတင်ရမှန်းသိတော့ ငါ့ကိုရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့တော့"

သူ ထိုသို့ပြောကာ လုံစန်း ပုံရိပ်သည် အန်းယန် နောက်ကို ရောက်သွားပြီး လက်ဖဝါးတည်းတစ်ဖက်ဖြင့် သူမလည်ပင်းကို ဆုပ်ကိုင်ရန် လှမ်းလိုက်သည်။

အန်းယန် တုန်လှုပ်သွား၍ ထိုရိုက်ချက်ကို ရှောင်တိမ်းရန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း အနည်းငယ် နှေးသွားခဲ့သည်။ ပြင်းထန်သောလေတစ်ချက်သည် သူမ နားသယ်စပ်နားကို ပွတ်တိုက်သွားပြီး နီရဲသော သွေးအနည်းငယ် ထွက်လာသည်။

"သခင်မ"

ရှောင်ရှ၏ မျက်လုံးများသည် ဒေါသတို့ကြောင့် ကွဲထွက်မတတ်ဖြစ်နေပြီး အော်ဟစ်လိုက်ကာ သူ့အစစ်အမှန်ပုံစံကို ပြောင်းလျက် လုံစန်းနှင့် အသေအကြေတိုက်ခိုက်ရန် ရှေ့ကိုပြေးဝင်သွားသည်။

လုံစန်း မူလတွင် အံ့အားသင့်မိသွားသော်လည်း လှောင်ပြုံးသာ ပြန်ဆင်မြန်းလိုက်သည်။

"သာမန်နဂါးတစ်ကောင်က ခြေငါးချောင်း ရွှေနဂါးအဖြစ် ပြောင်းလဲနိုင်ခဲ့တာပဲ၊ ငါ တကယ့်ကို အချိန်ကိုက်ရောက်လာတာကိုး"

လုံစန်း ပြောပြီးနောက် သူ့လက်များကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ရာ နဂါးအရှိန်အဝါများထွက်ပေါ်နေသော မန္တာန်သင်္ကေတတစ်ခုသည် လေထဲတွင် ပေါ်ထွက်လာသည်။

နဂါးချုပ်နှောင်မန္တာန်

နဂါးမျိုးနွယ်များထဲတွင် အဆင့်မြင့်မျိုးနွယ်များမှသာ ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်နိုင်ပြီး သုံးလို့ရသောသိုင်းပညာများရှိသကဲ့သို့ နဂါးချုပ်နှောင်မန္တာန်သည် ထိုထဲမှတစ်ခုဖြစ်သည်။

ယခုအချိန်တွင် ရှောင်ရှသည် အနားကို ရောက်လုနီးပါးဖြစ်နေပြီး နဂါးမီးလျှံကို မှုတ်ထုတ်တော့မည့်ဟန်ရှိသည်။ သို့သော် ထိုအချိန်တွင် နဂါးချုပ်နှောင်မန္တာန်သည် ရုတ်တရက် လင်းလက်လာကာ ရှောင်ရှ နဖူးပေါ်ကို တံဆိပ်ခတ်လိုက်သည်။

ကြည်လင်သော အသံတစ်ချက်ကို ပြတ်သားစွာကြားရနိုင်သည်။ ထိုမန္တာန်ထဲတွင် မရေမတွက်နိုင်လောက်အောင် သေးငယ်သော အလင်းကြိုးမျှင်များ ထွက်ပေါ်လာပြီး ရှောင်ရှား ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားကာ ရုတ်တရက် တင်းကျပ်လာသည်။

ဘုန်း

ရှောင်ရှက မြေပြင်ပေါ်ကို လဲကျသွားပြီး မလှုပ်ရှားနိုင်တော့ချေ။

ဤသို့ဖြစ်သည့်တိုင် ရှောင်ရှသည် အရှုံးမပေးဘဲ ပြင်းထန်စွာ ရုန်းကန်နေဆဲဖြစ်သည်။ သို့သော် သူရုန်းကန်လိုက်တိုင်း အလင်းကြိုးများသည် တစ်လက်မလောက် ပိုတင်းကျပ်သွားပြီး အဆုံးတွင် ရှောင်ရှ နဂါးအကြေးခွံများကို ဖောက်ထွင်းသွားကာ ခန္ဓာကိုယ်အောက်ရှိအအသားထဲကို ရက်စက်စွာ တိုးဝင်သွားပြီး သွေးများ စိမ့်ထွက်လာသည်။

"ရှောင်ရှ"

အန်းယန် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"အသုံးမဝင်တော့ဘူး၊ ငါ့ရဲ့ နဂါးချုပ်နှောင်မန္တာန်နဲ့ ချုပ်နှောင်ခံရရင် မင်းက ကိုးကောင်းကင်က နဂါးအစစ် ဖြစ်နေရင်တောင် ဒူးထောက်လည်း သေဖို့စောင့်နေရမှာ"

လုံစန်းသည် ဂရုမစိုက်စွာပြောလိုက်ပြီး အန်းယန်ဘက်ကို လှည့်ကြည့်လိုက်သည်။

"သူ့အသက်က အခု ငါ့လက်ထဲမှာရောက်နေပြီ၊ ငါ့ရဲ့အမိန့်တစ်ခွန်းနဲ့ သူ သေတဲ့အထိ ညှစ်သတ်ခံရလိမ့်မယ်။၊ဒါပေမဲ့ မင်းသာ ငါ့ဆီမှာ အရှုံးပေးရင်..."

အန်းယန်တစ်ကိုယ်လုံး သတ်ဖြတ်ချင်စိတ်များ စိမ့်ထွက်လာပြီး စကားပြောရန်ပြင်ချိန် အသံတစ်ခုကိုကြားလိုက်ရသည်။

"ခွေးသူတောင်းစား၊ သခင်မလေးရှောင်ရှကို ဒီလိုလုပ်ရဲတယ်ပေါ့၊ သေလိုက်စမ်း အားးးးး။"

ရှောင်ယွီသည် အော်သံနှင့်အတူ အဝေးမှ ပျံသန်းလာပြီး သူ၏ မရေမတွက်နိုင်သော လက်တံများဖြင့် လုံစန်းကို ရိုက်ချလိုက်သည်။

လုံစန်းသည် အလေးမထားစွာ သူ့လက်ကို ပေါ့ပါးစွာဝှေ့ယမ်းလိုက်ရုံဖြင့် ရှောင်ယွီ လက်တံအများစုမှာ ဖြတ်တောက်ခံလိုက်ရသည်။

ရှောင်ယွီသည် နာကျင်မှုကြောင့် သနားစဖွယ်ကောင်းစွာ အော်ဟစ်လိုက်ပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျမတတ်ဖြစ်သွားသည်။

ရှောင်ရှသည် ချုပ်နှောင်ခံထားရရာမှ ဒေါသတကြီး လှမ်းအော်သည်။

"ငတုံး၊ ဘယ်သူက နင့်ကို လာခိုင်းလို့လဲ"

ရှောင်ယွီ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လျှံနေသည်။

"သခင်မလေးရှောင်ရှ ချုပ်နှောင်ခံထားရတာတွေ့တော့ လာကယ်ချင်လို့ပါ"

"နင့်ရဲ့ အသုံးမကျတဲ့ ကယ်ဆယ်မှု ငါမလိုဘူး၊ သခင်မကို အမြန်ဆုံးခေါ်ပြီး ထွက်သွားစမ်း"

ရှောင်ရှ အော်ငေါက်လိုက်သည်။ လုံစန်း ခပ်ဖြည်းဖြည်း လက်ခုပ်တီးလိုက်သည်။

"ကျစ်ကျစ်... ရေသတ္တဝါနောက်တစ်ကောင်ပါလား၊ မင်း လာပြီးမှတော့ ငါ့ ဟော့ပေါ့အတွက် ပါဝင်ပစ္စည်းလုပ်ရမှပေါ့"

ထိုသို့ပြောကာ လုံစန်း လှုပ်ရှားရန် ပြင်လိုက်သည်။

ထိုအချိန် ပုံရိပ်ငယ်လေးနှစ်ခုသည် ယိုင်နဲ့ယိုင်နဲ့ လျှောက်လာကြသည်။

"မေမေ၊ ရှောင်ရှ"

ကလေးမလေးနှစ်ယောက်သည် အံ့ဩတကြီး အော်ခေါ်လာသည်။

ထိုသည်မှာ နျန်နျန်နှင့် ရှန်းရှန်းတို့ ဖြစ်သည်။

ထိုနောက် ရွှယ်လန်လည်း အမြန် ပျံသန်းလာပြီး ပြောလိုက်သည်။

"နျန်နျန်၊ ရှန်းရှန်း၊ သမီးတို့ အထဲပြန်သွားရမယ်လေ"

"ဟင့်အင်း၊ သမီးတို့ မသွားဘူး။ မေမေနဲ့အတူ အဲ့လူဆိုးတွေကို တိုက်ခိုက်မယ်"

နျန်နျန်နှင့် ရှန်းရှန်းတို့ ပြောလိုက်သည်။ ထိုအခိုက် လင်ဖုန်းသည် လုံစန်းကို လှမ်းပြောလာသည်။

"သခင်လေးလုံ၊ အဲ့ကလေးမလေးနှစ်ယောက်က ရွှယ်အန်းရဲ့ အမြွှာသမီးတွေပဲ"

လုံစန်းလည်း လှောင်ပြုံးပြုံးလိုက်သည်။

"ကောင်းတယ်၊ အားလုံးရောက်လာမှတော့ ဘယ်သူမှ ထွက်သွားခွင့်မရှိဘူး"

သို့သော် ထိုအချိန် ကြည်လင်နေသော ကောင်းကင်သည် ရုတ်တရက် အမှောင်ကျလာကာ မျက်စိတစ်မှိတ်အတွင်း နေ့မှ ညအဖြစ်သို့ ပြောင်းလဲသွားသည်။

All Chapters