← Chapters

ကျွန်မ ယောက်ျားက ဘာဖြစ်ဖြစ်လုပ်နိုင်တယ်

Vol. 44 Ch. 655

ကျွန်မ ယောက်ျားက ဘာဖြစ်ဖြစ်လုပ်နိုင်တယ်

Vol. 44 Ch. 655

မီးတောက်များ ပျောက်ကွယ်သွားသည်နှင့် လင်းဖုန်းလည်း ပြာမှုန်အဖြစ် ပြောင်းသွားပြီး လေထဲတွင် မှိန်ဖျော့ဖျော့ အလင်းတန်းလေးတစ်ခုသာ ရစ်ဝဲကျန်ရစ်နေခဲ့သည်။

ထိုသည်မှာ လင်းဖုန်း၏ ကြွင်းကျန်နေသော ဝိညာဉ် အပိုင်းအစပင်ဖြစ်သည်။ ရွှယ်အန်းက ထိုအရာကို ယူလိုက်ပြီး ခေတ္တမျှ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူ့နှုတ်ခမ်းထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် ၎င်းဝိညာဉ်အပိုင်းအစကို ချေမွပစ်လိုက်သည်။

လုံစန်း သေဆုံးသွားသောကြောင့် ရှောင်ရှကို ချည်နှောင်ထားသော ဂါထာလည်း ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့် သူမသည် မြေပြင်မှထကာ လူ့ခန္ဓာကိုယ်အသွင်သို့ ပြန်လည်ပြောင်းလဲလိုက်သည်။

သခင်"

ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်ပြီး မေးလိုက်သည်။

"မင်းရဲ့ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ"

...

က

ရှောင်ရှက ရယ်မောလိုက်ကာ ပြန်ဖြေလိုက်သည်။

"အပေါ်ယံဒဏ်ရာလေးတွေပါပဲ၊ ဘာမှမဖြစ်ပါဘူး"

ရှောင်ရှ ထိုသို့ပြောသော်လည်း သူမ မျက်နှာမှာ အလွန်ပင် ဖြူဖျော့နေဆဲဖြစ်သည်။

ထိုမန္တာန်သည် နဂါးမျိုးနွယ်များအတွက် သီးသန့်ရည်ရွယ်ထားသော မန္တာန်ဖြစ်သောကြောင့် အလွန်ပင် အစွမ်းပြင်းလှသည်။ တစ်ကြိမ်ထိမိရုံဖြင့် သူမ အရိုးထဲ ကို ပိုးကောင် ထောင်ပေါင်းများစွာ ကိုက်နေသလိုခံစားပြီး ဖယ်ရှားရန် ခက်သည်။

ရွှယ်အန်း အပိုစကားမပြောတော့ဘဲ သူ့လက်ညှိုးကိုသာ ရွှေ့လျားလိုက်သည်။

သူမ ရင်ဘတ်ပေါ်ကို ဖိထားသော ကျောက်တုံးကြီးတစ်တုံး ဖယ်ရှားခံလိုက်ရသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးရှိ စွမ်းအင်များမှာ ချက်ချင်းပင် ချောမွေ့စွာ စီးဆင်းလာနိုင်ပြီး ဒဏ်ရာများမှာလည်း ကျက်လာတော့သည်။

ရှောင်ရှ၏ စိတ်ထဲတွင် အံ့အားသင့်မိသွားသည်။

သခင်က ဒီတစ်ခေါက် အပြင်ခဏလေးသွားတာနဲ့ အများကြီး ပိုစွမ်းအားကြီးလာတာလား...

ငါလည်း နောက်ဆိုရင် သခင်နဲ့အတူတူ အပြင်ကို လိုက်သွားသင့်တယ် မဟုတ်ဘဲ အိမ်မှာအမြဲနေမယ်ဆို သခင့်စွမ်းအားကို အမှီလိုက်နိုင်တော့မှာမဟုတ်ဘူး။

ရှောင်ရှ တွေးနေစဉ် ရှောင်ယွီသည် သူမအနားသို့ ရောက်လာခဲ့သည်။

"သခင်မလေးရှောင်ရှ ၊အဆင်ပြေရဲ့လား"

ရှောင်ရှသည် ရှောင်ယွီ မျက်နှာမှာ သိပ်မူမမှန်သေးသည်ကို မြင်သောအခါ ရုတ်တရက် စိတ်တိုမိသွားကာ ဆူပူတော့သည်။

"ငတုံး၊ နင် ခုနက ဘာလို့ ပြေးဝင်လာတာလဲ၊ အဲ့ဒီကောင် ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ မမြင်ဘူးလား၊ ဒါကိုတောင် နင်က တိုက်ခိုက်ရဲတယ်။ နင် သေသွားရင် ဘယ်လိုလုပ်မလဲ"

ရှောင်ယွီသည် ရှောင်ရှထံမှ ဆူငေါက်ခြင်း ခံလိုက်ရသောကြောင့် မျက်ရည်များရစ်ဝိုင်းလျက် ခေါင်းကိုသာတွင်တွင်ငုံ့ထားပြီး စကားတစ်ခွန်းမှ မပြောရဲတော့ပေ။

ခဏအကြာတွင် ရှောင်ရှ သက်ပြင်းတစ်ချက်ချလိုက်ပြီး မဝံ့မရဲမေးလိုက်သည်။

"နင့်ရဲ့ လက်တံတွေကရော ဘယ်လိုလဲ၊ အဲ့လောက်အများကြီး ပြတ်ထွက်သွားတာ အဆင်ပြေရဲ့လား"

ထိုစကားကိုကြားသောအခါ ရှောင်ယွီ ရုတ်တရက် ရယ်မောလိုက်သည်။

"ကျွန်မလို ရေဘဝဲတစ်ကောင်ရဲ့ လက်တံတွေဆိုတာ ပြန်ပေါက်နိုင်တယ် သခင်မလေးရှောင်ရှရဲ့၊ ကျွန်မ ပျင်းနေရင် အဲ့ဒါတွေကိုဖြုတ်ပြီး ကိုယ့်ဘာသာတောင် ဆော့နေကျ၊ ဘာမှမဖြစ်ပါဘူး"

ရှောင်ရှ တစ်ခဏမျှ ကြောင်အသွားကာ သူမ မျက်လုံးများသည် အရောင်များတောက်ပလာသည်။

"ဒါဆိုရင် ဟော့ပေါ့လုပ်စားလို့ရော ရတာပေါ့ ဟုတ်တယ်မလား"

ရှောင်ယွီ: "…"

နတ်မိစ္ဆာနှစ်ယောက်သည် ဘေးဘက်တွင် တီးတိုးစကားပြောနေကြသည်။

ရွှယ်အန်း ပြုံးလိုက်ပြီး သူ့သမီးနှစ်ယောက်ကို ခေါ်ကာ အန်းယန်နှင့်အတူ ဟိုတယ်ထဒသို့ ၀င်လာခဲ့သည်။

သူသည် ပိုးမျှင်များ ဖုံးလွှမ်းကာ အိပ်ရာပေါ်တွင် လဲလျောင်းနေသော အန်းချင်းကို မြင်လိုက်ရသောအခါ မျက်လုံးများ တစ်ချက်လက်သွားပြီး တစ်ခုခုကို စဉ်းစားနေမိသည်။

အန်းယန် စိုးရိမ်သောကရောက်စွာ မေးလာသည်။

"ယောက်ျား၊ ချင်းအာ ဘာဖြစ်သွားတာလဲ... အန္တရာယ်တော့ မရှိပါဘူးနော်"

ထိုစကားကိုကြားသောအခါ ရွှယ်အန်း ပြုံးလိုက်ပြီး ခေါင်းခါပြလိုက်သည်။

"စိုးရိမ်စရာမလိုဘူး၊ ဒါက အန္တရာယ်မရှိတဲ့အပြင် သူ့အတွက် အခွင့်ကောင်းကြီးတစ်ခုတောင် ဖြစ်လာလိမ့်မယ်"

"အခွင့်ကောင်းကြီးဟုတ်လား"

အန်းယန် အနည်းငယ် အံ့အားသင့်သွားသည်။

ရွှယ်အန်း ခေါင်းညိတ်ပြလိုက်သည်။

"အန်းချင်း အရင်က ပိုးကောင်မျိုးနွယ် လျှို့ဝှက်နယ်မြေမှာ ပိုးကောင်မျိုးနွယ်ဘုရင်မ သွေးမျိုးဆက်နဲ့ ပေါင်းစပ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ လူနဲ့ ပိုးကောင်ဆိုတာ မတူညီကြဘူးလေ၊ ဒီသွေးမျိုးဆက်စွမ်းအားက အပေါ်ယံလောက်ပဲရှိပြီး တကယ်က ပေါင်းစပ်နိုင်ခဲ့တာ မဟုတ်ဘူး"

"ဒါပေမဲ့ ဒီတစ်ခါတော့ ကံကောင်းတာက သူ့ ဝိညာဉ်က အသက်အန္တရာယ်ကို ခံစားလိုက်ရလို့ ပိုးကောင်မျိုးနွယ်သွေးမျိုးဆက်က သူ့မူလခန္ဓာကိုယ်ကို ကာကွယ်ပေးဖို့ အန်းချင်း ဝိညာဉ်နဲ့ ပထမဆုံးအကြိမ် တက်တက်ကြွကြွ ပေါင်းစပ်လာတာပဲ"

"ဒါကြောင့် သူ့ခန္ဓာကိုယ်ကို ပိုးအိမ်တွေနဲ့ ဖုံးနေတာ၊ သူက အခု ပြောင်းလဲခြင်းဖြစ်စဉ်ကို ဖြတ်သန်းနေတယ်၊ သူတောင် အောင်မြင်သွားခဲ့ရင် ပိုးကောင်မျိုးနွယ်ဘုရင်မရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်တဲ့ ပထမဆုံး လူသားမျိုးနွယ်ဝင် ဖြစ်လာလိမ့်မယ်"

အန်းယန်သည် ရွှယ်အန်း၏ ရှည်လျားသော ရှင်းပြချက်ကြောင့် အနည်းငယ် ကြောင်ငေးသွားခဲ့သည်။

သို့သော် အန်းချင်း ဘာမှမဖြစ်ကြောင်း အတည်ပြုနိုင်တော့မှ သူမ သက်ပြင်းချနိုင်တော့သည်။

မည်သို့ပင်ဖြစ်စေ သူမ ညီမလေး ဘေးကင်းသရွေ့ အားလုံး အဆင်ပြေသည်။

သူမ စိတ်ထဲတွင် ကံတရားကို ကျေးဇူးတင်မိနေချိန် သန်မာသော လက်တစ်စုံသည် သူမကို ဆွဲဖက်လိုက်သည်ကို ခံစားလိုက်ရသည်။

အန်းယန် ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး မျက်နှာမှာလည်း နီရဲသွားတော့သည်။

"ကလေးတွေနဲ့ ရွှမ်အာတို့က အပြင်မှာ ရှိသေးတယ်လေ"

အန်းယန်သည် ခြင်တစ်ကောင်လို တိုးညှင်းသောလေသံဖြင့် ခပ်တိုးတိုးပြောလိုက်သည်။

ရွှယ်အန်း ပြုံးလိုက်ပြီး သူမ နားအနီးသို့ကပ်ကာ ပြောလိုက်သည်။

"ကိုယ် ဒီအခန်းမှာ အစီအရင်တစ်ခု ချထားပြီးပြီ၊ ဒါကြောင့် မင်း အဆုတ်ကွဲမတတ် အော်ရင်တောင် အပြင်က ဘာသံမှ ကြားရမှာ မဟုတ်ဘူး"

"ကျွန်မက ဘာလို့ အဆုတ်ကွဲမတတ် အော်ရမှာလဲ"

အန်းယန် နားမလည်စွာ မေးလိုက်သည်။ ရွှယ်အန်းသည် ရွှတ်နောက်နောက် ပြုံးလိုက်ပြီး သူမနားကပ်ကာ တစ်စုံတစ်ခုကို တိုးတိုးလေး ပြောလိုက်သည်။ အန်းယန်၏ မျက်နှာတစ်ခုလုံး သွေးထွက်တော့မည့်အလား နီရဲသွားကာ ရွှယ်အန်းကို မျက်စောင်းအကြီးကြီးထိုးလိုက်သည်။

"မကောင်းတဲ့အကောင်"

ရွှယ်အန်းက ရယ်မောလိုက်ပြီးနောက် အန်းယန်ကို ရုတ်တရက် ပွေ့ချီကာ ညင်သာစွာ ပြောလိုက်သည်။

"ယန်အာ၊ မကြောက်နဲ့တော့ ကိုယ်ပြန်ရောက်ပြီ"

အန်းယန်၏ တောင့်တင်းနေသော ခန္ဓာကိုယ်သည် ရွှယ်အန်း၏ ရင်ခွင်ထဲတွင် ပျော်ဝင်သွားတော့သည်။

"ကျွန်မ မကြောက်ပါဘူး၊ ဘာလို့လဲဆိုတော့ ရှင် တစ်နေ့နေ့မှာ သေချာပေါက် ပြန်လာမယ်ဆိုတာ ကျွန်မ သိနေလို့လေ"

"ဒါပေမဲ့ ကျွန်မ အရမ်းဝမ်းနည်းတာပဲ"

ထိုသို့ပြောလိုက်စဉ် အန်းယန် ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ယင်လာခဲ့သည်။

"သာ့နျို သေသွားပြီ၊ သူက နတ်ဆိုးကို သုတ်သင်နိုင်ဖို့အတွက် သူ့ နတ်ဘုရားဝိညာဉ်ကိုတောင် ကိုယ်တိုင် ဖျက်ဆီးခဲ့တာ၊ မီးဖီးနစ်အဖွဲ့ဝင်တွေအားလုံးလည်း ဒဏ်ရာရခဲ့ကြတယ်၊ ချင်းအာလည်း အသက်ရှင်သေရှင် မသေချာခဲ့ဘူး၊ ပြီးတော့ ကမ္ဘာကြီးတစ်ခုလုံးကလည်း ပရမ်းပတာတွေ ဖြစ်နေပြီ၊ အပြစ်မဲ့တဲ့ လူပေါင်းများစွာလည်း သေဆုံးခဲ့ရတယ်၊ ဒီအကြောင်းတွေ စဉ်းစားမိတိုင်း ကျွန်မ အရမ်းဝမ်းနည်းမိတယ်"

ထိုစကားများကိုကြားသောအခါ ရွှယ်အန်း မျက်လုံးထဲတွင် အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားသော်လည်း အန်းယန်ကိုသာ တိတ်ဆိတ်စွာ ပွေ့ဖက်ထားပြီး ဘာမှပြန်မပြောခဲ့ပေ။

သူသည် ဤလောကသို့ ပြန်ရောက်လာချိန်တည်းက ဤလောကရှိ ချီစွမ်းအင်များမှာ တစ်ခုခု ဖောက်ပြန်နေသည့်ပမာ ပုံမှန်မဟုတ်သော အရာတစ်ခုကို ခံစားမိခဲ့သည်။ တစ်စုံတစ်ယောက်သည် ဤလောက၏ ချုပ်နှောင်မှုကို ဖြုတ်ချလိုက်သည့်ပမယ ကာလရှည်ကြာ ဖိနှိပ်ခံထားရသော ဝိညာဉ်စွမ်းအင်များမှာ ပေါက်ကွဲထွက်လာပြီး အရာအားလုံးကို ဂနာမငြိမ်ဖြစ်စေကာ လှုပ်ခတ်စေခဲ့သည်။

တစ်ချိန်တည်း၌ပင် ရွှယ်အန်းသည် အလွန်အစွမ်းထက်သော တည်ရှိမှုများစွာကိုလည်း ခံစားမိခဲ့သည်။

ဤအချိန်မှစ၍ ရွှယ်အန်း နားလည်သွားခဲ့သည်။ တစ်ချိန်က လူသားမျိုးနွယ်၏ စွမ်းအားရှင်ကြီးများစွာ ချိပ်ပိတ်ပေးခဲ့သော ကောင်းကျိုးကြောင့် လောကကြီးသည် ပြန်လည်ကောင်းမွန်လာခဲ့သော်လည်း ယခုအချိန်တွင် နတ်ဘုရားများနှင့် မိစ္ဆာများသည် ဤလောကသို့ အတားအဆီးမရှိ ဆင်းသက်လာနိုင်ပြီဖြစ်သည်။

ထိုအရာမှာ နတ်ဘုရားများနှင့် မိစ္ဆာများစွာ၏ လောဘမျက်လုံးများကို သဘာဝကျကျပင် ဆွဲဆောင်နိုင်ခဲ့သည်။

ယခုကဲ့သို့ ရှုပ်ထွေးနေသော အခြေအနေကို အခွင့်ကောင်းယူကာ ငါးတိုငါးစများ ဖမ်းချင်နေကြသော မကောင်းကြံနေကြသည့် တည်ရှိမှုများစွာလည်း ရှိပေလိမ့်မည်။ အတိုချုပ်ပြောရလျှင် ယခုအခြေအနေမှာ အလွန်ပင် ရှုပ်ထွေးနေပြီဖြစ်သည်။

ထို့ကြောင့်လည်း ရွှယ်အန်းသည် အန်းယန်အတွက် အလွန်ပင် အပြစ်ရှိသလို ခံစားရပြီး နာကျင်မိခဲ့သည်။

ဤမိန်းကလေးသည် ယခုလိုရှုပ်ထွေးနေသော အချိန်မျိုးတွင်တောင် သူပြန်လာမှာကို ချင်းမန်မြို့လေးထဲတွင် အမှန်တကယ် စောင့်နေခဲ့သည်။

သူမ တုံးအမှုသည် သူ့ကိုနာကျင်စေသည်။

ရွှယ်အန်းက အန်းယန် နဖူးကို ညင်သာစွာ နမ်းရှိုက်လိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။

"ကဲပါ ယန်အာရယ်... ဝမ်းမနည်းပါနဲ့တော့၊ ကိုယ်ပြန်ရောက်လာပြီပဲ၊ အဲ့ဆင်းသက်လာတဲ့ နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကို တစ်ကောင်မှ အလွတ်မပေးဘူး"

"ဟင့်"

"သာ့နျိုအတွက်ကတော့..."

ရွှယ်အန်း ညင်သာစွာ သက်ပြင်းချလိုက်သည်။

အန်းယန် ခေါင်းမော့လာပြီး စိုစွတ်နေဆဲ မျက်ဝန်းများဖြင့် ရွှယ်အန်းကို ကြည့်လာသည်။

"သူ့ကို ကယ်ဖို့ နည်းလမ်းရှိသေးလားဟင်"

ရွှယ်အန်း သူမ ဆံပင်ကို ဖွလိုက်ပြီး ပြန်ဖြေသည်။

"ကိုယ့်သံသယသာ မှန်ခဲ့မယ်ဆိုရင် မျှော်လင့်ချက် အလင်းတန်းလေးတစ်ခုတော့ ရှိနိုင်တယ်၊ ဒါပေမဲ့ အောင်မြင်မလားတော့ ကိုယ်လည်းမသိဘူး"

အန်းယန်သည် ရွှယ်အန်း ခါးကို ဖက်လိုက်ပြီး သူမ ခေါင်းကို သူ့ရင်ခွင်ထဲတွင် မြှုပ်နှံထားလိုက်သည်။

"ကျွန်မယောက်ျားက နည်းလမ်းတစ်ခုခုကို ရှာတွေ့မှာ သေချာတယ်၊ ဘာလို့လဲဆိုတော့ ကျွန်မမျက်စိထဲမှာ ရှင်က ဘာဖြစ်ဖြစ် လုပ်နိုင်တဲ့သူမို့လို့ပဲ"

ထိုစကားကိုကြားသောအခါ ရွှယ်အန်း ပြုံးလိုက်ပြီး အန်းယန် ပါးလေးကို ညင်သာစွာ ဆွဲညှစ်လိုက်သည်။

"အခုပြောဖို့က နည်းနည်းစောသေးတယ်၊ ဒါပေမဲ့ မင်းပြောတာ မှားတော့မမှားဘူး"

အန်းယန်သည် အသံခပ်တိုးတိုးသာ အသံပြုလိုက်ကာ ငှက်ကုလားအုတ်တစ်ကောင်ပမာ ရွှယ်အန်း ရင်ခွင်ထဲတွင် ခေါင်းကိုမြှုပ်ထားပြီး ထပ်မထွက်လာခတော့ပေ။

၎င်းတို့နှစ်ယောက်သည် ကာလကြာရှည် ခွဲခွာပြီးနောက် ပြန်လည်ဆုံတွေ့ရခြင်းဖြစ်သဖြင့် နွေးထွေးမှုနှင့် ပျော်ရွှင်မှုကို တိတ်ဆိတ်စွာ ခံစားနေခဲ့ကြသည်။

ခဏအကြာတွင် အန်းယန်သည် ညင်သာစွာ မေးလိုက်သည်။

"ယောက်ျား... ရှေ့ဆက် ဘာလုပ်ဖို့ စီစဉ်ထားလဲ"

ရွှယ်အန်း သာမာန်ဆန်စွာပြန်ဖြေသည်။

"အရင်ဆုံး ပေကျင်းကို သွားမယ်"

"ပေကျင်းကို သွားမယ် ဘာလို့အဲ့ကိုလဲ"

အန်းယန် အံ့အားသင့်စွာ မေးလိုက်သည်။

ရွှယ်အန်း မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ချက် လက်ခနဲ ဖြစ်သွားသည်။

"ခုန်ဆွခုန်ဆွလုပ်နေတဲ့ ပုရွက်ဆိတ်လေးတွေ အကုန်ထွက်လာကြပြီဆိုမှတော့ တစ်ခါတည်း ရှင်းပစ်လိုက်ရုံပေါ့"

အန်းယန် တိုးညင်းစွာ အသံပြုလိုက်ပြီးနောက် ရုတ်တရက် ခြေဖျားထောက်ကာ ရွှယ်အန်း နှုတ်ခမ်းကို နမ်းလိုက်သည်။

ထို့နောက် အန်းယန်သည် ရွှယ်အန်း ကြောင်ငေးနေသည်ကို အခွင့်ကောင်းယူကာ နီရဲနေသော မျက်နှာဖြင့် အခန်းအပြင်သို့ ပြေးထွက်သွားတော့သည်။

ရွှယ်အန်းသည် ထိုနေရာတွင် ရပ်လျက် သူ့ နှုတ်ခမ်းကို ထိကိုင်ကြည့်နေမိပြီး ပြုံးလိုက်မိသည်။

All Chapters