← Chapters

နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေကို သုတ်သင်ရှင်းလင်းမှု အစပြုခြင်း

Vol. 44 Ch. 656

နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေကို သုတ်သင်ရှင်းလင်းမှု အစပြုခြင်း

Vol. 44 Ch. 656

ထိုအချိန်တွင် ထန်ရွှမ်အာနှင့် ကလေးမလေးနှစ်ယောက်သည် အပြင်ဘက်တွင် စကားပြောနေကြသည်။

"အန်တီရွှမ်အာ မေမေနဲ့ ဖေဖေက ဘာလို့အခုထိ ထွက်မလာသေးတာလဲဟင်"

နျန်နျန်သည် သူမ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ နားမလည်စွာ မေးလိုက်သည်။

"အမ်... အဲ့ဒါကလေ... သူတို့ အရေးကြီးတဲ့ကိစ္စတစ်ခုခုကို ဆွေးနွေးနေကြလို့ ဖြစ်မယ်"

ထန်ရွှမ်အာက ပါးပြင်လေးများ အနည်းငယ် နီရဲလျက် တိုးညင်းစွာ ပြောလိုက်သည်။

"ဟင်... အန်တီရွှမ်အာ... အန်တီ့မျက်နှာက ဘာလို့ နီနေတာလဲ" နျန်နျန်က ထပ်မေးသည်။

"ဟုတ်လား"

ထန်ရွှမ်အာက သူမပါးအား အမြန်ထိကြည့်လိုက်ပြီး ချောင်းတစ်ချက်ဟန့်လိုက်သည်။

"အရမ်းပူလို့ဖြစ်မယ်"

"အရမ်းပူလို့လား"

နျန်နျန်သည် ရှန်းရှန်းတို့သည် သူမကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။

...

ရှန်းရှန်းက တည်ကြည်သော မျက်နှာထားဖြင့် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ် အရမ်းပူတာပဲ၊ ဒါကြောင့် မေမေနဲ့ ဖေဖေ အခန်းထဲမှာ ဘာလုပ်နေလဲဆိုတာ သမီး သိပြီ"

ထန်ရွှမ်အာသည် ရှန်းရှန်းမှာ ထက်မြက်ကာ စနောက်တက်သော ကလေးဖြစ်သောကြောင့် သူမ စကားလမ်းကြောင်းလွှဲရန် ပြင်လိုက်သည်။ ထိုစဉ် ရှန်းရှန်းသည် နျန်နျန်၏ နားနားသို့ကပ်ကာ အလေးအနက် ပြောလိုက်သည်ကို သူမ ကြားလိုက်ရသည်။

"မေမေနဲ့ ဖေဖေက ရေခဲမုန့်တွေ ခိုးစားနေကြတာ၊ အဲ့ဒါ ငါတို့မြင်မှာစိုးလို့ အပြင်မထွက်လာကြတာပဲ"

ထိုစကားကိုကြားသောအခါ ထန်ရွှမ်အာ တိတ်တဆိတ် ရယ်မောမိလိုက်ပြီး သူမ မျက်နှာ ပိုပူလာသည်ကို ခံစားလိုက်ရသည်။

ငါ ခုနက ဘာတွေတွေးနေမိတာပါလိမ့်...

ဘယ်လိုပဲဖြစ်ဖြစ် ရှန်းရှန်းက ကလေးတစ်ယောက်ပဲလေ

ထိုအချိန်တွင် နျန်နျန်ကမူ ထိုစကားကို အလွန်အလေးအနက်ထားနေသည်။

"မဖြစ်ဘူး၊ သမီး တံခါးသွားခေါက်လိုက်မယ်၊ သမီးလည်း ရေခဲမုန့် စားချင်တယ်!"

ထိုသို့ပြောရင်း သူမသည် တံခါးသွားခေါက်ရန် ပြင်လိုက်သည်။

ထန်ရွှမ်အာသည် သူမကို တားရန် ပြင်လိုက်သော်လည်း အခန်းတံခါးပွင့်လာပြီး အန်းယန် ထွက်လာခဲ့သည်။

"မေမေ.. မေမေနဲ့ဖေဖေ ခုနက ရေခဲမုန့် ခိုးစားနေကြတာလားဟ"

နျန်နျန် နှုတ်ခမ်းဆူကာ မေးလိုက်သည်။

"ဟင် ဘာရေခဲမုန့်လဲ"

အန်းယန်သည် သူမနားထဲသို့ ဆံပင်တစ်ချောင်းကို သပ်တင်လိုက်ပြ နားမလည်စွာ မေးလိုက်သည်။

"မမက ပြောတယ်၊ မေမေ့တို့ ရေခဲမုန့် ခိုးစားနေကြတာတဲ့၊ သမီးလည်း စားချင်တယ်"

နျန်နျန်သည် သူမ ဖောင်းအိအိ လက်ကလေးကို ဆန့်တန်းလိုက်ကာ သူမ မျက်နှာလေးမှာ တောင့်တမှုများဖြင့် ပြည့်နှက်နေသည်။ အန်းယန်သည် ရယ်ချင်မိသော်လည်း ၀မ်းလည်းနည်းမိပြန်သည်။

ဤကာလအတွင်းတွင် ကလေးမလေးနှစ်ယောက်သည် အလွန်လိမ္မာခဲ့ကြပြီး သူမရှေ့တွင် ၎င်းတို့ဖေဖေအကြောင်း တစ်ခွန်းမှမပြောခဲ့ကာ နေ့တိုင်း တိတ်ဆိတ်စွာသာ ဆော့ကစားနေတက်ကြသည်။

ထို့အပြင် ရွှယ်အန်း ထွက်သွားပြီးကတည်းက ကလေးမလေးနှစ်ယောက်သည် ရေခဲမုန့်ကို တစ်ဇွန်းပင် မထိခဲ့ချေ။

နျန်နျန် ပြောသည်ကို သူမ တစ်ခါကြားဖူးသည်။

သူတို့ ရေခဲမုန့်စားရင် ဖေဖေ့ကို သတိရလို့ မစားတော့ဘူးတဲ့လေ...

ထိုအကြောင်းကို သိလိုက်ရချိန် အန်းယန် အလွန်ပင် ဝမ်းနည်းခဲ့ရသည်။ ယခုအခါ ရွှယ်အန်းလည်း ပြန်ရောက်လာပြီဖြစ်သောကြောင့် ကလေးမလေးနှစ်ယောက်သည် တစ်ဖန်ပြန်ကာ တက်ကြွလန်းဆန်းလာခဲ့သဖြင် သူမကို အလွန်ပင် ပျော်ရွှင်စေခဲ့သည်။

ရွှယ်အန်းသည်လည်း ထိုအချိန်တွင် အခန်းထဲမှ ထွက်လာခဲ့ပြီး ထိုစကားများကို ကြားသောအခါ သူလည်း မျက်ရည်ကျလုမတတ် ခံစားသွားရာ ရေခဲမုန့်ဘူးကြီးများစွာကို ချက်ချင်း ယူဆောင်လာခဲ့သည်။

"ကဲ... ဖေဖေက မင်းတို့နဲ့ အတူတူစားမယ်"

"ဟုတ်၊ ဟုတ်"

အဖေနှင့် သမီးနှစ်ယောက်သည် တစ်ယောက် တစ်ဘူးစီကိုင်ကာ ပျော်ရွှင်စွာ စားသောက်ကြတော့သည်။

အန်းယန်သည် ဘေးတွင်ထိုင်ကာ ပြုံးကြည့်နေပြီး သူမတွင် ပျောက်ဆုံးနေသည်မှာကြာသော် ခြိမ်းချမ်းမှုကို ခံစားလိုက်ရသည်။

၎င်းတို့ ရေခဲမုန့်စားပြီးသောအခါ သူမသည် သမီးနှစ်ယောက်ကို ကိုယ့်ဘာသာ ဆော့ကစားရန် ချော့မော့လိုက်သည်။

ရွှယ်အန်း ထရပ်လိုက်သည်။

"ရှင် အခုသွားတော့မလို့လား"

အန်းယန် မေးလိုက်သည်။

ရွှယ်အန်း ခေါင်းညိတ်ပြသည်။

"ဒါဆိုရင် လမ်းမှာ သတိထားသွားနော်"

အန်းယန်သည် အကျင့်ပါနေသည့်အတိုင်း ရွှယ်အန်းမှာ သူမကို ဤနေရာတွင်သာ စောင့်ခိုင်းသည်ဟု ထင်လိုက်မိသောကြောင့် နှုတ်ဆက်လိုက်သည်။

ရွှယ်အန်း ပြုံးလိုက်ပြီး ခေါင်းခါပြလိုက်သည်။

"ကိုယ်နဲ့အတူတူ လိုက်ခဲ့ရမှာ"

"ဟင် ဒါပေမဲ့..."

အန်းယန်သည် ချင်းအာအကြောင်းနှင့် တခြားသူများလည်း အတူတူလိုက်ရမည်လားဟု မေးရန် ပြင်လိုက်သည်။

ရွှယ်အန်း လက်ကို ဆန့်တန်းလိုက်ပြီး သူ့ လက်ဖဝါးထဲတွင် နူးညံ့ကာ ကြည်လင်တောက်ပသော အဆောက်အအုံငယ်လေးတစ်ခု ပေါ်လာခဲ့သည်။

ထိုအဆောက်အအုံငယ်လေးသည် လက်တစ်ဝါးစာအရွယ်သာရှိပြီး လက်ရာမြောက်စွာ တည်ဆောက်ထားကာ ရွှယ်အန်း လက်ဖဝါးအထက်တွင် ပျံဝဲနေပြီး အလင်းရောင်များ တဖျပ်ဖျပ်လက်နေသည်။

"ဒါက ဘာလေးလဲ"

အန်းယန် မေးလိုက်သည်။

"ဒါက ကိုယ် စစ်မှန်သောအင်မော်တယ်တစ်ယောက်ရဲ့ အမွေအနှစ်ရတနာတိုက်ကနေ ရလာတာလေ၊ အရင်ကထက် နည်းနည်း ပျက်စီးနေပေမယ့် ရတနာတစ်ခုဖြစ်နေဆဲပဲ!"

ရွှယ်အန်း ပြောကာ သူ့လက်ကို မြှောက်လိုက်ချိန် အဆောက်အအုံငယ်လေးသည် ရုတ်တရက် ကြီးလာပြီး ချက်ချင်းပင် လူတစ်ရပ်ကျော်အထိ မြင့်တက်သွားသည်။

"ဒီဟာမှာ လောကကြီးရဲ့ အင်တွေကို စုစည်းနိုင်ပြီး အကာအကွယ်လုပ်ပေးလို့ အရမ်းလုံခြုံတယ်၊ ချင်းအာ၊ ရှန်းရှန်း၊နျန်နျန်နဲ့ ရွှမ်အာတို့ကို အထဲဝင်ခိုင်းလိုက်၊ သူတို့က ဒီထဲကကနေ ငါတို့နဲ့ အတူတူလိုက်လို့ရတယ်"

ကလေးမလေးနှစ်ယောက်သည် အသစ်အဆန်း ကစားစရာတစ်ခုကို တွေ့ရှိလိုက်သည့်ပမာ တောက်ပနေသော မျက်လုံးများဖြင့် အချိန်ကြာမြင့်စွာ စိုက်ကြည့်နေခဲ့ပြီး အနားသို့ လျှောက်သွားကာ ထိတွေ့ရန် ပြင်လိုက်ကြသည်။

ထိုစဥ် ရွှေရောင်အလင်းတန်းတစ်ချက် လက်သွားပြီး ကလေးမလေးနှစ်ယောက်၏ ပုံရိပ်များသည် သေးငယ်သွားကာ အဆောက်အအုံငယ်လေးထဲတွင် ပေါ်လာခဲ့သည်။

"ဝါး... မေမေ၊ ဖေဖေ၊ ဒီအထဲမှာ အရမ်းလှတာပဲ၊ အန်တီရွှမ်အာလည်း ဝင်လာပြီး သမီးတို့နဲ့ လာဆော့"

နျန်နျန်နှင့် ရှန်းရှန်းတို့သည် အတွင်းမှ ပျော်ရွှင်စွာ အော်ခေါ်လိုက်ကြသည်။

ထန်ရွှမ်အာလည်း တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ ရှေ့သို့တိုးလိုက်ချိန် ကလေးမလေးနှစ်ယောက်ကဲ့သို့ အဆောက်အအုံငယ်လေးထဲသို့ ရောက်သွားခဲ့သည်။

"တကယ့်ကို အံ့ဩစရာပဲ"

အန်းယန်လည်း အံ့ဩတကြီး ချီးကျူးလိုက်သည်။

"မင်း ကြိုက်လား" ရွှယ်အန်းက မေးလိုက်သည်။

"ဟမ်"

"ဒါက ကိုယ် မင်းအတွက် အထူးယူလာခဲ့တဲ့ လက်ဆောင်လေ"

အန်းယန် မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာပြီး မေးလိုက်သည်။

"ဒါပေမဲ့... ကျွန်မက ဒါကို ဘာအတွက်သုံးရမှာလဲ" ရွှယ်အန်းက ပြုံးလိုက်ကာ ပြန်ဖြေသည်။

"မင်း ဒါကို အလှပြင်ဖို့တာဝါလို သုံးလို့ရတာပေါ့"

ထိုအဆောက်အအုံကိုသိ‌သော အခြားတစ်ယောက်သာ ရှိနေခဲ့မည်ဆိုပါက အလွန်အံ့ဩသွားကြလိမ့်မည်။

စကြဝဠာပေါင်းများစွာရှိ ဂိုဏ်းကြီးများအားလုံးမှ အဖိုးတန်ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ထားသော ထိုအကာအကွယ်အဆောက်အအုံကို ရွှယ်အန်းသည် သူ့ဇနီးအား အလှပြင်ဖို့တာဝါအဖြစ် ပေါ့ပေါ့ပါးပါး ပေးလိုက်သည်တဲ့လား။

ဒါက အချစ်ကိုပြတဲ့ နည်းတစ်မျိုးလား။

ထိုအကာအကွယ်အဆောက်အအုံ၏ လုပ်ဆောင်ချက်မှာ အထဲတွင် နေထိုင်နိုင်ရုံသာ မဟုတ်ချေ။ အမှန်တကယ်တွင် ထိုသို့နေထိုင်နိုင်ခြင်းမှာ ထည့်ပြောရန်မသင့်သော အရာလေးတစ်ခုသာဖြစ်သည်။

၎င်း၏ အစစ်အမှန် အသုံးပြုပုံမှာ စစ်မြေပြင်အတွက် ဖြစ်သည်။

အချိန်ကျရောက်လာသောအခါ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ရေး စက်ယန္တရားအဖြစ် ပြောင်းလဲသွားနိုင်သည်။

အန်းယန်သည် ချင်းအာကိုလည်း အကာအကွယ်အ‌ဆောက်အအုံထဲသို့ ထည့်လိုက်သည်။

ထို့နောက် ရွှယ်အန်းသည် သူမအား ၎င်းကို မည်သို့အသုံးပြုရမည်ကို သင်ပေးခဲ့သည်။

ရွှယ်လန်သည် ဤနေရာကို စောင့်ကြပ်ရန် လိုအပ်သောကြောင့် ၎င်းတို့နှင့်လိုက်လာလို့မရပေ။ ထို့ကြောင့် ရွှယ်အန်းသည် သူ့ဓားဆန္ဒကိုသာ ချန်ရစ်ထားခဲ့သည်။

ထိုဓားဆန္ဒသာရှိနေသရွေ့ ဤနေရာသည် စိုးရိမ်စရာမလိုတော့ချေ။

ထို့နောက် ရွှယ်အန်းနှင့် အန်းယန်တို့နှစ်ယောက်လုံးသည် အလင်းတန်းများအလား ပေကျင်းမြို့သို့ ပျံသန်းသွားကြသည်။

နတ်ဘုရားနှင့် နတ်ဆိုးများအား သုတ်သင်ရှင်းလင်းခြင်းသည် ဤအချိန်မှစ၍ အစပြုခဲ့လေပြီ!

ပေကျင်းမြို့...

ချင်းမိသားစု အိမ်တော်တွင်

ချင်းယွီ မျက်နှာအမူအရာမှာ တည်ကြည်နေပြီး သူမ အခန်းထဲမှ ထွက်လာခဲ့သည်။

သူမ အဘိုးချင်းယွမ်နှင့် လောင်ဟေးတို့သည် အပြင်ဘက်တွင် သူမကို စောင့်နေကြသည်။

"အဘိုး ကျွန်မတစ်ယောက်တည်း သွားတာ အကောင်းဆုံးပဲ၊ အဘိုးက အိမ်မှာပဲ စောင့်နေသင့်တယ်" ချင်းယွီက ပြောလိုက်သည်။

ချင်းယွမ်က ပြုံးလိုက်ပြီး သူ့ခေါင်းကို ညင်သာစွာ ခါယမ်းကာ ပြောလိုက်သည်။

"ယွီအာ... ဒီစေ့စပ်ညှိနှိုင်းမှု မအောင်မြင်ခဲ့ရင် ဒီနေရာကို ဘယ်သူစောင့်စောင့် ဘာမှထူးမှာမဟုတ်ဘူး၊ ပြီးတော့ မင်းလို ကောင်မလေးတစ်ယောက်ကို ဒီကိစ္စတွေအားလုံး တစ်ယောက်တည်း ရင်ဆိုင်ခိုင်းဖို့ အဘိုး ခွင့်မပြုနိုင်ဘူး"

ချင်းယွီ တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ညင်သာစွာ သက်ပြင်းချကာ ရေရွတ်လိုက်သည်။

"ဆရာသာ ဒီမှာရှိနေခဲ့ရင်..." ချင်းယွမ် တည်ငြိမ်စွာ ပြောလိုက်သည်။

"ဆရာက သေချာပေါက် ပြန်လာမှာပါ၊ စောတာနဲ့ နောက်ကျတာပဲ ကွာမှာ၊ ဒါကြောင့် ငါတို့ ချင်းမိသားစု လုပ်နိုင်တာက ငါတို့ရဲ့အင်အားကို ထိန်းသိမ်းထားဖို့ ကြိုးစားရမယ်၊ ဘယ်လောက်ပဲ အရှက်ရရ၊ အရှက်ကွဲကွဲ၊ လက်မလျှော့ရဘူး"

ချင်းယွီက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင် ထန်တုန်၊ ထန်ရှောင်းယွီ၊ ဟွာရှင်းယွီနှင့် ဟွာတင်းတင်းတို့ အလျင်အမြန် ရောက်ရှိလာကြသည်။

"နင်တို့..."

ချင်းယွီ အံ့အားသင့်သွားသည်။

ဟွာရှင်းယွီ ပြုံးလိုက်ပြီး ပြောလာသည်။

"တူမလေး မင်းက ချင်းမိသားစုကိုယ်စား အဲ့ဒီခွေးမသားတွေနဲ့ သွားညှိနှိုင်းမယ်ကြားလို့ ငါတို့ အမြန်လာခဲ့ကြတာ၊ ငါတို့လည်း မင်းဘေးကနေ ခြေလျင်တပ်သားအဖြစ်ပဲဖြစ်ဖြစ် အားပေးဖို့လိုက်ခဲ့မယ်၊ ငါတို့တက်နိုင်သလောက်ပံ့ပိုးပေးချင်တယ်၊

ထန်တုန် လည်း ခေါင်းညိတ်သည်။

"ဟုတ်တယ်၊ သခင်မလေးချင် စိတ်မပူပါနဲ့၊ ကျွန်တော်က အသက်နည်းနည်းကြီးနေပေမယ့် ကျွန်တော်တို့ကို သစ္စာဖောက်ပြီး နတ်ဘုရားတွေ နတ်ဆိုးတွေနဲ့ ပူးပေါင်းတဲ့သူတွေကို ရှင်းလင်းဖို့အတွက်တော့ အင်အားအလုံအလောက် ရှိသေးတယ်၊ အထူးသဖြင့် အဲ့ဒီ ချင်းထျန်ပဲ၊ အတိတ်တုန်းက သူ့ကို ချင်အဘိုးကြီးက သက်ညှာပေးခဲ့တာတောင် ကျေးဇူးပြန်ကန်းတယ်၊ သူက ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ပြဿနာရှာရဲတယ်၊ ကျွန်တော် အဘိုးကြီးထန်သာ သူနဲ့တွေ့ရင် သူ့ကို ရိုက်သတ်ပစ်မယ်"

ချင်းထျန်...

ထိုသည်မှာ ချင်းယွီ ဦးလေးဖြစ်ပြီး ချင်လုပ်ငန်းစု၏ ယခင် အထွေထွေမန်နေဂျာဖြစ်ကာ လွေ့ရှို့နှင့် ပူးပေါင်းပြီး ချင်းယွမ်ကို လုပ်ကြံရန် ကြိုးစားခဲ့သောကြောင့် ဟွာရှားမှ နှင်ထုတ်ခံခဲ့သူဖြစ်ကာ ထိုသို့နှင်ထုတ်သူမှာလည်း ရွှယ်အန်းကိုယ်တိုင်ဖြစ်သည်။

ဤတစ်ကြိမ်တွင် သူသည် ဆင်းသက်လာသော နတ်ဆိုးများနှင့် မဟာမိတ်ဖွဲ့ကာ ချင်းမိသားစုကို အဘက်ဘက်မှ ဆန့်ကျင်နေသူ ဖြစ်သည်။

All Chapters