ချန်ရီစစ်မှန်သောနတ်ဘုရား
Vol. 37 Ch. 545
“သူက ငါ့လက်အောက်ကမို့ ငါကာကွယ်ပေးရမှာပေါ့”
ဖီးနစ်စစ်မှန်သောနတ်ဘုရားသည် ထိုသို့ဆုံးဖြတ်ပြီးနောက်တွင် တုံ့ဆိုင်းမနေတော့ပေ။ သူသည် ရီထျန်ရှင်းအနားတွင် ရပ်ကာ နတ်ဆိုးကောင်းကင်မဟာသူတော်စင်၏ လျှပ်တပျက်တိုက်ခိုက်မှုများကို ကာကွယ်ရန် အသေအချာစောင့်ကြည့်နေသည်။
၎င်းကြောင့် အံ့ဩနေသူမှာ ရီထျန်ရှင်းဖြစ်သည်။ သူ၏ဘိုးဘေးရီဖန်တွင် မတူညီသည့်မိတ်ဆွေများ ရှိနေသည်ကိုလည်း အံ့ဩနေ၏။ သူသိထားသည့် ရီမိသားစုနှင့် ဆက်နွယ်သည့် တစ်ဦးတည်းသော စစ်မှန်သောနတ်ဘုရားမှာ အဘေးဖြစ်သော အဇူရာနတ်နဂါးမိသားစုမှ ဆင်းသက်လာသူ အိုးမန်စစ်မှန်သောနတ်ဘုရားသာဖြစ်သည်။
သို့သော် ကာကွယ်ပေးသူရှိခြင်းက ရီထျန်ရှင်းအတွက် အကျိုးရှိသည့်ကိစ္စဖြစ်ပြီး အနည်းဆုံး မထင်မှတ်သောတိုက်ခိုက်မှုများကို ထပ်မံစိုးရိမ်ရန် မလိုတော့ပေ။ ဖီးနစ်စစ်မှန်သောနတ်ဘုရား၏ မမျှော်လင့်ထားသည့် လှုပ်ရှားမှုကြောင့် နတ်ဆိုးကောင်းကင်မဟာသူတော်စင်သည် အစီအစဉ်များကို မူလအတိုင်း မဆောင်ရွက်နိုင်တော့ချေ။
နတ်ဆိုးကမ္ဘာစစ်မှန်သောနတ်ဘုရားသည် ကိုယ်ပိုင်ခန္ဓာမပါရှိဘဲ နတ်ဆိုးကောင်းကင်မဟာသူတော်စင်၏ ခန္ဓာကိုယ်ကိုတိုက်ရိုက်ထိန်းချုပ်ထားရုံဖြင့် ဖီးနစ်စစ်မှန်သောနတ်ဘုရား၏ကာကွယ်မှုကို ဖြတ်ကျော်ပြီး ရီထျန်ရှင်းကိုသတ်ရန် မလုံလောက်သည့်အပြင် ရီထျန်ရှင်း၏သွေးမျိုးဆက်ကို ယူဆောင်နိုင်ရန်လည်း မဖြစ်နိုင်ပါ။
“နတ်ဆိုးကမ္ဘာ၊ ငါကူညီမယ်”
ပေဟွမ်စစ်မှန်သောနတ်ဘုရားသည် အခွင့်အရေးကို အလွတ်မခံဘဲ နတ်ဆိုးကမ္ဘာစစ်မှန်သောနတ်ဘုရားဘက်သို့ ပူးပေါင်းလိုက်သည်။ ပေဟွမ်တို့ဘက်မှ နတ်ဘုရားသားတော် သတ်ခံခဲ့ရခြင်းသည် ပေဟွမ်စစ်မှန်သောနတ်ဘုရားအတွက် သည်းမခံနိုင်စရာကိစ္စတစ်ခု ဖြစ်သည်။
ထို့ကြောင့် ၎င်းသည် ယနေ့တွင် ရီထျန်ရှင်း၏ အမွေအနှစ်ကို မဖြစ်မနေထုတ်ယူပြီး သူ့ကိုပြာဖြစ်သည်အထိ မီးရှို့ကာ သူ၏စစ်မှန်သောစိတ်ဝိညာဉ်ကိုပါ ဖျက်ဆီးပြီး ပြန်လည်မမွေးဖွားလာနိုင်သည်အထိ လုပ်ပစ်ချင်နေသည်။
“ဆက်တိုက်ကြ”
နတ်စွမ်းအင်ကို တရှိန်ထိုးတိုးမြှင့်လိုက်ပြီး ပေဟွမ်စစ်မှန်သောနတ်ဘုရားသည် ရီထျန်ရှင်းထံ တိုက်ရိုက်ချီတက်သွားသည်။ အကယ်၍ ချီတက်လာသူမှာ ထိန်းချုပ်ခံထားရသည့် နတ်ဆိုးကောင်းကင်စစ်မှန်သောနတ်ဘုရားသာ ဖြစ်ခဲ့လျှင် ဖီးနစ်စစ်မှန်သောနတ်ဘုရား တားဆီးနိုင်မည်။ သို့သော် ၎င်းက သူ့ထက် ပို၍စွမ်းအားကြီးသောပေဟွမ်စစ်မှန်သောနတ်ဘုရားဖြစ်နေသဖြင့် မတားဆီးနိုင်တော့ပေ။
“ချန်ရီမဟာသူတော်စင် ငါတို့ဖီးနစ်မျိုးနွယ်စုအပေါ် မင်းအကြွေးတင်သွားပြီ”
ဖီးနစ်စစ်မှန်သောနတ်ဘုရားသည် ရီထျန်ရှင်းနှင့်အတူ လွတ်မြောက်ထွက်ပြေးရန် စိတ်ကူးထားသည်။ ဖီးနစ်မျိုးနွယ်စုသည် အလွန်မြန်ဆန်မှုအတွက် နာမည်ကြီးသူများဖြစ်သောကြောင့် သူသည် ရီထျန်ရှင်းနှင့်အတူ ထွက်ပြေးလျှင် လွတ်မြောက်နိုင်လိမ့်မည်။
“ဖီးနစ်တောင်ပံ!”
ဖီးနစ်စစ်မှန်သောနတ်ဘုရားသည် မျိုးနွယ်စုအမွေအနှစ်မှ နတ်စွမ်းအားအထူးကျွမ်းကျင်မှုကို အသုံးပြု၍ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး ရီထျန်ရှင်းနှင့်အတူ အလွန်မြန်ဆန်စွာ ထွက်ပြေးသွားခဲ့သည်။
“အခုမှ ထွက်ပြေးဖို့ စဉ်းစားနေရင်တော့ သိပ်နောက်ကျသွားပြီ”
ပေဟွမ်စစ်မှန်သောနတ်ဘုရား၏ နတ်ဘုရားအဆင့်နယ်ပယ်သည် တစ်နေရာလုံးကို လျင်မြန်စွာ ဖုံးလွှမ်းလိုက်သည်။ ထွက်ပြေးနိုင်တော့မည့် ဖီးနစ်စစ်မှန်သောနတ်ဘုရားသည်လည်း ပေဟွမ်၏ နယ်ပယ်အတွင်းတွင် တားဆီးခံလိုက်ရ၏။
“ဖီးနစ်နယ်မြေ”
ဖီးနစ်စစ်မှန်သောနတ်ဘုရားသည် ချက်ချင်းပင် အစွမ်းကုန်ထုတ်ကာ သူ၏နယ်မြေ ဖြန့်ကျက်လိုက်ပြီး ပေဟွမ်၏နယ်ပယ်ကို တားဆီးလိုက်သည်။
“ကောင်လေး၊ မင်းကို ငါ မကယ်ချင်တာမဟုတ်ပါဘူး ငါမကယ်နိုင်တာပါ” ဖီးနစ်စစ်မှန်သောနတ်ဘုရားက ရီထျန်ရှင်းအား ဝမ်းနည်းစွာပြောလိုက်သည်။
ရီထျန်ရှင်းအား ကယ်ရန်သာမက ကိုယ်တိုင် လွတ်မြောက်နိုင်ရန်အတွက် အလွန်ကြီးမားသော တန်ဖိုးကိုပေးဆပ်ရန်လိုလာလိမ့်မည်ကို သူသတိပြုမိသည်။
“ဖီးနစ်၊ ရီထျန်ရှင်းကို ငါ့ဆီအပ်ပြီး တာအိုနတ်ဘုရားရေစင်တစ်ထောင်ပေးရင် ငါမင်းအသက်ကို ချမ်းသာပေးမယ်”
“တာအိုနတ်ရေစင်တစ်ထောင် ဟုတ်လား”
ဖီးနစ်စစ်မှန်သောနတ်ဘုရား၏မျက်လုံးများသည် နီရဲလာသည်။ စစ်မှန်သောနတ်ဘုရား၏သွေးမျိုးဆက်မှ ထိုတာအိုနတ်ဘုရားရေစင်ကို ဖန်တီးရန်အတွက် အချိန်များစွာ လိုအပ်သည်။ ဥပမာဆိုလျှင် ဖီးနစ်စစ်မှန်သောနတ်ဘုရား ဖန်တီးနိုင်သော ထိုအရာသည် ဆေးဆရာများ၊ လက်နက်သန့်စင်သူများ နှင့် ကျင့်ကြံမှုများအတွက် အလွန်အဖိုးတန်သော ပစ္စည်းတစ်ခုဖြစ်သည်။
ဖီးနစ်မျိုးနွယ်စုတစ်ခုလုံး ပိုင်ဆိုင်သမျှကိုရောင်းချ၍ ထိုရေစင်ကို ပြုလုပ်မည်ဆိုလျှင်ပင် အနည်းငယ်သာရနိုင်သည်။ ထို့ကြောင့် ဖီးနစ်စစ်မှန်သောနတ်ဘုရားအား တာအိုနတ်ဘုရားရေစင်တစ်ထောင်ပေးရန် တောင်းဆိုခြင်းသည် သူ၏အသက်ကိုတောင်းခံခြင်းနှင့် တူညီနေသည်။
ထို့ကြောင့် ဖီးနစ်စစ်မှန်သောနတ်ဘုရားသည် ထိုတစ်ထောင်ကို ပေးမည့်အစား အသက်သေသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။ ၎င်းက သူ့အသက်ကို ယူချင်နေသဖြင့် သူသည်လည်း နောက်ဆုတ်တော့မည်မဟုတ်ပေ။
အချိန်တိုအတွင်း ဖီးနစ်စစ်မှန်သောနတ်ဘုရားသည် မူလပုံစံဖြစ်သည့် ဖီးနစ်နတ်ခန္ဓာကိုထုတ်လိုက်သောအခါ သူ၏ခန္ဓာကိုယ်သည် ကြယ်များကိုပင် အရည်ဖျော်နိုင်သော ဖီးနစ်စစ်မှန်သောမီးဖြင့် ခြုံလွှမ်းခံရပြီး ရောင်ဝါသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ပေဟွမ်စစ်မှန်သောနတ်ဘုရားသည် အကူအညီမဲ့နေသော ဖီးနစ်စစ်မှန်သောနတ်ဘုရားအား မထီမဲ့မြင်အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ နတ်သတ္တဝါ၏ သွေးမျိုးဆက်ရှိသော်လည်း ဖီးနစ်စစ်မှန်သောနတ်ဘုရားသည် အစောပိုင်းစစ်မှန်သောနတ်ဘုရားသာဖြစ်သဖြင့် သူ့အား ၎င်း၏လက်လှုပ်ရုံဖြင့် အနိုင်ယူနိုင်မည်ဟု ၎င်းထင်သည်။
၎င်းထက်စွမ်းအားကြီးသည့် ရွှေရောင်တောင်ပံရှိသောတာ့ဖန်သာ ၎င်းအဖွဲ့အတွင်းတွင်မရှိလျှင် ၎င်းသည် ဖီးနစ်စစ်မှန်သောနတ်ဘုရားအား ယနေ့ပင် သတ်ပစ်လိုက်မည်ဖြစ်သည်။
ထိုသို့ ဖီးနစ်စစ်မှန်သောနတ်ဘုရားကို သတ်၍မဖြစ်သော်လည်း နှစ်ပေါင်းများစွာ လေ့ကျင့်ထားသော ကျင့်ကြံမှုကို ဖျက်ဆီးကာ သူ့အား ခံစားရအောင်လုပ်မည်ဟု ၎င်းကကြံရွယ်ထားသည်။ဖီးနစ်စစ်မှန်သောနတ်ဘုရားကို မသတ်သရွေ့ တာ့ဖန်သည်လည်း ၎င်းအား အပြစ်ပေးမည်မဟုတ်ချေ။
ထို့နောက် ၎င်း၏စွမ်းအားဖြင့် နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းလိုက်ပြီး သူတို့နှစ်ဦးအား ဖမ်းဆီးထားလိုက်သည်။ အလွန်များပြာရသောစွမ်းအားများသည် လှောင်အိမ်သဖွယ်ဖြစ်လာကာ ရီထျန်ရှင်းနှင့် ဖီးနစ်စစ်မှန်သောနတ်ဘုရားတို့သည် ထိုလှောင်အိမ်အတွင်းမှ သားကောင်ငယ်လေးများသဖွယ် ဖြစ်သွားသည်။
“စစ်မှန်တဲ့ပျက်ဆီးခြင်းမီးလျှံ”
အားနည်းသည်ကိုမပြချင်သော ဖီးနစ်စစ်မှန်သောနတ်ဘုရားသည် မီးဖီးနစ်တစ်ကောင်ကို စွမ်းအင်လှောင်အိမ်သို့ ပစ်လွှတ်လိုက်သည်။
“ဖျက်ဆီးလိုက်”
ပေဟွမ်စစ်မှန်သောနတ်ဘုရားသည် လက်တစ်ဖက်ကို အသာအယာညှစ်၍ စွမ်းအင်လှောင်အိမ်ကို ချုံ့လိုက်သည်။ ထို့နောက် အော်သံတစ်ခုနှင့်အတူ မီးဖီးနစ်သည် ပျက်စီးသွားတော့သည်။ သို့သော် စွမ်းအင်လှောင်အိမ်သည် အားနည်းမှု တစ်စုံတစ်ရာမပြသဘဲ ဆက်လက်၍ ပိတ်ဆို့ချုပ်နှောင်ထားသည်။
ပိတ်လှောင်မိပြီးနောက်တွင် ဖီးနစ်စစ်မှန်သောနတ်ဘုရားသည်ပင် အချိန်တိုအတွင်း မလွတ်မြောက်နိုင်ဖြစ်နေသည်။
“ငါတို့တော့ အကြီးအကျယ် ဒုက္ခရောက်နေပြီ!”
ဖီးနစ်စစ်မှန်သောနတ်ဘုရားသည် ဒေါသများထွက်လာသည်နှင့်အတူ ပေဟွမ်စစ်မှန်သောနတ်ဘုရား၏ စွမ်းအားသည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်ကို သဘောပေါက်လိုက်သည်။ ဤစွမ်းအားအဆင့်သည် ငှက်မျိုးနွယ်စုအကြီးအကဲ ရွှေတောင်ပံတာ့ဖန်ထက် အနည်းငယ်သာ အားနည်းနေသည်။
ထို့အပြင် လန်ယာစစ်မှန်သောနတ်ဘုရားကြောင့် ထိခိုက်ဒဏ်ရာရပြီးနောက်တွင်ပင် ဤသို့စွမ်းအားကြီးနေသည့်အတွက် မထိခိုက်ခဲ့လျှင် ထိုထက်မကစွမ်းအားကြီးလိမ့်မည်ဟု စဉ်းစားမိနေသည်။ လူသားမျိုးနွယ်စုသည် ကောင်းကင်နှင့်မြေကြီးက ချစ်မြတ်နိုးခံရသူများဖြစ်ကာ အစွမ်းထက်ကျင့်ကြံသူများစွာကို ပိုင်ဆိုင်ထားသည်။
ထိုသို့ဖြစ်လာသောကြောင့် လန်ယာစစ်မှန်သောနတ်ဘုရားသည်ပင် ဒီတိုင်း ကြည့်မနေနိုင်တော့ချေ။ သူမသည် စစ်မှန်သောနတ်ဘုရားလေးဦး၏ပိတ်ဆို့မှုကို ဖျက်ဆီးရန် အကြိမ်များစွာ ကြိုးပမ်းခဲ့သော်လည်း မလွတ်မြောက်နိုင်ဖြစ်နေသည်။
ဤအခြေအနေကြောင့် မူလက ရီထျန်ရှင်းသည် အံ့ဩဖွယ်အရာတစ်ခု ဖန်တီးနိုင်မည်ဟု ယုံကြည်ခဲ့သော ကျင့်ကြံသူများသည် အလွန်အားမရဖြစ်နေသည်။ ဖြစ်နိုင်လျှင် ၎င်းတို့သည် ရီထျန်ရှင်းသည် ထူးခြားအံ့ဩမှုတစ်ခုကို ဖန်တီးနိုင်မည်ဟု ထပ်မံယုံကြည်ချင်နေသေးသည်။ ထိုမှသာ စွမ်းရည်က အင်အားကို အမှန်တကယ်အနိုင်ရနိုင်သည်ဟု ယုံကြည်နိုင်မည် ဖြစ်သည်။
သို့သော် ယခုအခါ ထိုမျှော်လင့်ချက်များအားလုံး ပျက်စီးခဲ့ပြီဖြစ်ကာ မည်သည့် အခွင့်အရေးမျှ မကျန်တော့ချေ။ စွမ်းအားအပြည့်ရှိသော ပေဟွမ်စစ်မှန်သောနတ်ဘုရားထံမှ ရီထျန်ရှင်း မလွတ်မြောက်နိုင်တော့ပေ။
ထိုစဉ် အုန်းကနဲ အသံနှင့်အတူ လေဟာနယ်တခွင် တုန်လှုပ်သွားသကဲ့သို့ ဖြစ်လာသည်။ ထို့နောက် စွမ်းအင်လှောင်အိမ်အောက်၌ မည်သူမှန်းမသိနိုင်သော အရိပ်တစ်ခု ပေါ်ထွက်လာသည်။